ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာဖွယ်ရှိသည့် ဒေးဗစ်ဘက်ဟမ်း


ဒေးဗစ်ဘက်ဟမ်း အနေဖြင့် ဘောလုံးလောကမှ အနားယူလိုက်ပြီးနောက် ရုပ်ရှင်လောကထဲ ဝင်ရောက်လာဖွယ် ရှိနေကြောင်း သိရသည်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝမှ အပြီးတိုင် အနားယူပြီဟု ယခုနှစ် အစောပိုင်းက ကြေညာထားသည့်နောက် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းသည် အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ မဆုံးဖြတ်ရသေးချေ။ သို့သော်လည်း ယခုအခါ ဘက်ဟမ်းသည် သရုပ်ဆောင် လောကထဲ ခြေချမှုအဖြစ် သူလျှို ဇာတ်လမ်းတစ်ခု၌ ပါဝင်ဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

The Secret Service ဟု အမည်ပေးထားသော ဇာတ်ကားတွင် ဘက်ဟမ်းပါဝင်လာနိုင်ကြောင်း နီးစပ်သူများက The Sun သို့ ပြောဆိုခဲ့သည်။ မက်သရူးဗော်ဂန်၏ ဇာတ်ကားသစ်တွင် ဘက်ဟမ်းသည် ဗီလိန်ဇာတ်ရုပ် တစ်နေရာမှ ပါဝင်ရန် စိတ်ဝင်တစား ရှိနေကြောင်းလည်း ခန့်မှန်းမှုများ အားကောင်းနေသည်။ ဘက်ဟမ်းကို မင်းသား ကိုလင်ဖာ့သ်က သရုပ်ဆောင်အဖြစ် ပါဝင်လိုစိတ် ရှိမရှိ မေးမြန်း စုံစမ်းခဲ့ပြီး ဘက်ဟမ်းကမူ မိမိအနေဖြင့် ယတိပြတ် မဆုံးဖြတ်နိုင်သေးဟု ပြန်ကြားခဲ့ကြောင်း ၎င်း၏ မိတ်ဆွေ အချို့က ပြောဆိုခဲ့သည်။

"ဘက်ဟမ်းက ရုပ်ရှင်တွေကို ကြိုက်ပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ထဲမှာ တစ်ခန်းတစ်လေလောက် ပါဝင်ရတာမျိုးကို သဘောကျတယ်။ ဒါပေမဲ့ အဲဒါက အချိန်ပြည့် နှစ်မြှုပ်ထားရတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အနေနဲ့တော့ မဟုတ်သေးဘူးလေ"ဟု ဘက်ဟမ်းနှင့် ရင်းနှီးသူများက The Sun သို့ ပြောကြားထားသည်။ ဗော်ဂန် အနေဖြင့် ဘက်ဟမ်းကို ယခုဇာတ်ကားတွင် အသုံးပြုခွင့်ရမည် ဆိုပါက ရုပ်ရှင်ဇာတ်ကား၏ ပုံရိပ်ကိုလည်း မြှင့်တင်ပြီး ဖြစ်စေမည်ဟု ယုံကြည်နေသည်။ ယခုဇာတ်ကားတွင် ဆမ်မြူရယ်လ် အယ်လ် ဂျက်ဆင်သည် ဗီလိန် ဇာတ်ရုပ်တစ်ခုအတွက် ပါဝင်ရန် သဘောတူညီထားပြီး ဖာ့သ်အပြင် မိုက်ကယ်ကိန်းလည်း သရုပ်ဆောင်သွားမည်ဟု သိရှိရသည်။

From: Planet Myanmar Network

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအား မုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား သေဒဏ်ချမှတ်


မန္တလေးတံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအားမုဒိမ်းကျင့် လုယက် သတ်ဖြတ် ခဲ့သူအား ကျောက်ဆည်ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ် မှာ အသက် ၇၀ကျော် မိခင်အား အကြော်ရောင်း ကျုံရာကျပန်းအလုပ်များဖြင့် လုပ်ကိုင်ကြွေး မွေးနေသော မစန်းစန်းဝင်း(ခ)မဂွတိုအား တရားခံ တပ်ပြေး အောင်စိုး သည် ၂၀၁၃ခုနှစ် မတ်လ ၈ရက် နေ့တွင် တံတားဦးမြို့မြင်းဝန်းသုသန်ထဲတွင် မုဒိမ်းကျင့်ကာ လူသတ်ခဲ့ပြီး အလောင်းမှ နားကပ်၊ လက်စွပ် တို့ အား ခိုးယူခဲ့ပြီး အဆိုပါတရားခံအား အဆိုပါနေ့တွင် မြို့သာမြို့အရှေ့ဘက် ရွာသစ်ကျေး ရွာတွင်ဖွင့် လှစ်ထား သည့် လက်ဖက်ရည်ဆိုင်တွင် သက်သေခံပစ္စည်းနှင့်အတူ နေ့တွင်းချင်းဖမ်းမိခဲ့သည်။

၎င်းမှာ တပ်မှ ထွက်ပြေးလာသော ဒုတပ်ကြပ်ကြီးတစ်ဦးဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာ တရားရုံး တွင် စစ်ဆေး မည်ကို မြို့ခံများက စိုးရိမ်သောကြောင့် အရပ်ဘက် တရားရုံးတွင်သာ စစ်ဆေးလိုကြောင်း စာတန်း များ၊ သေဒဏ်ပေးစေလိုသောစာတန်းများကို ကိုင်ဆိုင်ကာ တံတားဦးရဲစခန်းရှေ့တွင် မတ်လ အတွင်း က ဆန္ဒထုတ်ဖော်ခဲ့ကြသေးကြောင်းမြို့ခံတစ်ဦးကပြောသည်။

သေဆုံး သူ မစန်းစန်းမြင့်(ခ)မဂွတိုမှာ အသက်၇၀ကျော် မျက်မမြင်မိခင်အား လုပ်ကျွေးနေပြီး အတန်း ပညာကောင်း စွာ မရှိခြင်း၊ စကားမပီခြင်း ခေါင်းရွက်ဈေးသည်အဖြစ် ဈေးလှည့်လည်ရောင်းချကာ ကြုံရာ ကျပန်း အလုပ် လုပ်ကိုင် ခြင်းတို့ကြောင့် စာနာစိတ်ဖြင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦး ကဆိုသည်။

တံတားဦးမြို့နယ်ရဲစခန်းမှ တရားခံအောင်စိုး(၂၅)နှစ်အား (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉၂/၃၀၂/၃၇၆တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ကျောက်ဆည်ခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှု ကြီးအမှတ် ၇/၂၀၁၃ ပုဒ်မ ၃၀၂/၁၁(ဂ)အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖိုးလပြည့်
Popular Myanmar News Journal

မြောက်ဦးတွင် ရခိုင်ဒေသခံများအလိုမရှိသော ဈေးအရောင်းအ၀ယ်လုပ်သူ အမျိုးသားသစ္စာဖောက် တစ်ဦးအား ဖမ်းဆီးအပြစ်ပေး


မြောက်ဦးမြို.နယ် မြို.မဈေးအတွင်း ရခိုင်တိုင်းရင်းသားများအနှစ်သက်သည့် လုပ်ရပ်အား လုပ်ဆောင်သည့်
ဈေးဝယ်ရန်လာရောက်သူ ကုတိုးဆိပ်ကျေးရွာ မှ အသက် ၂၀ အရွယ် မဦးမြသန်းအား စိုးရိမ် ရသော ပစ္စည်းများ ၀ယ်ယူနေခြင်း အတွက်ဝယ်ယူနေသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကုလားလူမျိုးများနှင့်ရခိုင်လူမျိုးများအကြား ပြဿနာ များထပ်မံမဖြစ်ပွားစေရန်အတွက်ကုလားများနှင့် အရောင်းအ၀ယ်ပြုလုပ်ပြီး ကုလားများထံသို့ အသွားအလာများ မပြုလုပ်ကြရန် (ကုလားများက လွယ်လျင် လွယ်သလိုသတ်ဖြတ်တတ်သဖြင့်) လူမှုရေး အဖွဲ. များမှ တားမြစ်ထားပြီး ယခုကဲ့သို. ကုလားများအတွက်ဈေးရောင်းဈေးဝယ်ပြုလုပ် ပြီးကု လားများနေ ထိုင်ရာ သို့ သွားရောက် နေသည့်အတွက် ကုလား-ရခိုင် ပဋိပက္ခများထပ်မံဖြစ်ပွားနိုင်ခြင်းကြောင့် ဒေသခံ များမှ ပြောကြားသည်။

“အဓိက ကတော့ ပြဿနာတွေ မဖြစ်ပွားစေဖို.အတွက် အခုလို တားမြစ်ထား တာပါ…တားမြစ် ထားတဲ့ကြား ထဲကကို ဈေးရောင်းအ၀ယ်ပြုလုပ်နေကြ တဲ့အတွက် မကြာခဏ ရခိုင် လူမျိုးတွေ သတ်ဖြတ် ခံနေကြရ တယ်။ ဒီလိုသတ်ဖြတ်ခံရမှုတွေဖြစ်လာတော့ တစ်ဘက်က ဒေါသထွက်ပြီး ပြဿနာက ကြီးထွား လာနိုင် တယ်။ ဒါကြောင့်အခုလို တားဆီးထားတာပါ”ဟု မြောက်ဦးမြို့ စည်းကမ်းထိန်းသိမ်းရေး
ရဟန်းတော် များ အဖွဲ.မှ သံဃာတော် တပါးမှ မိန်.ကြားသည်။

ယခုဖမ်းဆီးရမိသည့် မဦးမြသန်း(ဘ)ဦးကျော်မြသောင်း ထံမှ သိမ်းဆည်းရမိသည့် ငွေကျပ် ၃၁၅၀၀၀ိ/ (သုံးသိန်း တစ်သောင်း ငါးထောင်ကျပ်)မှာ ကုလားများအတွက် ပစ္စည်းဝယ်ယူရန် လာခဲ့ခြင်း ဖြစ်ကြောင်း မဦးမြ သန်းမှ ၀န်ခံသည့်အတွက် ယင်းငွေများအား သက်ဆိုင်ရာမှတဆင့် ပြန်လည်ပေးအပ် သွားမည်ဖြစ် ကြောင်း လည်း သိရှိရပါသည်။

အရောင်းအ၀ယ်ပြုလုပ်သည်မှာအဓိက မဟုတ်ဘဲ ကုလားများက သတ်ဖြတ် ခြင်းများကို ပြုလုပ်ခြင်း များကြောင့် စိုးရိမ်သဖြင့် ပြဿနာမဖြစ် ရန် တားမြစ် ထားကြခြင်းဖြစ် သည်ဟု လည်းမြောက် ဦးမြို့ခံ တစ်ဦး က ပြောပါ သည်။

RSV

ခေါက်ပြီးသိမ်းနိုင်မည့် တစ်ယောက်စီး ဆိုင်ကယ်


တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မကတော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက် ရှိတော့ မယ်လို့ ဆိုပါတယ်။

ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ် ခါ အားသွင်းရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
ရိုးရာလေး

နှုတ်ခမ်းနီးဆိုးခြင်းကြောင့် ဥာဏ်ရည် ဥာဏ်သွေး ထိခိုက်နိုင်


နှုတ်ခမ်းနီ အမျိုးအစားပေါင်း ၂၂ မျိုးကို မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု အရ သူတို့ထဲမှ ၅၅ ရာခိုင်နှုန်း ဟာ စိတ်ကျန်းမာရေး အခြေအနေကို ထိခိုက်စေနိုင်တဲ့ ခဲပစ္စည်းတွေ အနည်းငယ် ပါဝင်နေ တယ်လို့ သိရပါ တယ်။ အဲဒီထဲမှာ နှုတ်ခမ်းနီထုတ်ကုန် ၁၂ ခုမှ နှစ်ခုရဲ့ နမူနာကို စမ်းသပ် စစ်ဆေးရာမှာ အဆိပ်သင့်စေတဲ့ ခဲပစ္စည်းဟာ ၃.၂၂ parts per million ထိ အမြင့်ဆုံးပါဝင်နေတာကို တွေ့ရှိခဲ့တယ်လို့ Daily Mail မှာ ဖော်ပြ ထားပါတယ်။ ခဲဓာတ်ကို ပမာဏအနည်းငယ်နဲ့ ထိ တွေ့မှုရှိရင်တောင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပြီး စိတ် ကျန်းမာရေးအတွက် ထိခိုက်မှုရှိတယ်လို့ ဘောစတွန်မှ ခဲအဆိပ်သင့် မှုကာကွယ်ရေး အစီအစဉ် မှ ဆေးပညာဆိုင်ရာ ဒါရိုက်တာ ဒေါက်တာရှောင်က ပြောပါတယ်။

ခဲဆိပ်ပမာဏ အနည်းငယ်နဲ့ ထိတွေ့ရင်တောင် ဥာဏ်ရည်ဥာဏ်သွေး၊ အပြုအမူနဲ့ သင်ယူနိုင် စွမ်း ရည်တွေ ထိခိုက်နိုင်တယ်လို့ သူကဆိုပါတယ်။ ခဲဆိပ်သင့်မှာ ကိုကြောက်ရင် နှုတ် ခမ်းနီတစ်မျိုးတည်းသာ မကပါဘူး။ ကလေးတွေ နေထိုင်ရာအရပ်ကိုလည်း ဂရုစိုက်ရပါမယ်။ အမှိုက်ပုံနားက နေရာမှာ နေတာ၊ အိမ်သုတ်ဆေးမှ အကြွင်းအကျန် အမှုန့်တွေကိုမျိုချမိတာ တွေမဖြစ်အောင် ရှောင်ကြဉ်ရပါမယ်။ နှုတ်ခမ်းနီ တိုင်းမှာ တော့ ရည်ရွယ်ချက်နဲ့ ခဲကိုထည့်သွင်း ထားတာမဟုတ်ပေမယ့် အရောင်တွေ ဟာ သတ္တုဓာတ်ကို အခြေခံတာမို့ ရေ၊ လေနဲ့ မြေမှာ သဘာဝအတိုင်း ပါဝင်တဲ့ ခဲပမာဏအနည်းငယ်တော့ ပါဝင်တတ်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref - Good Health

ခဏတစ်ဖြုတ် ကိစ္စ


တဏှာဆိုတဲ့ တပ်မက်ခြင်း မှာ အကြောင်းအရာ တွေများပြား လှပါတယ်။ စားချင်၊ ဝတ်ချင်၊ လှပချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်၊ ချမ်းသာချင်စသည့် တပ်မက်မှု တဏှာများစွာ တွေထဲက ကာမ တဏှာက လည်းအပါ အဝင်ဖြစ် ပါတယ်။ လူ့လောကမှာ အဖိုနဲ့ အမ နှစ်မျိုးရှိကြသလို တိရိစ္ဆာန် သတ္တဝါတွေ ထဲမှာ အဖိုနဲ့အမ သာ ရှိကြတာ သိကြပြီးသားပါ။ အဖို အမ ပေါင်းစပ်မှုကြောင့်သာ မွေး ဖွားပေါက်ဖွား လာခဲ့ကြတာပဲဖြစ် ပါတယ်။

အသိဉာဏ် ရှိသောလူသား တွေ အလုပ်အကိုင် ရှာဖွေစား သောက်ကြရာမှာ လုပ်ငန်းမျိုးစုံရှိ တဲ့အထဲက ကိုယ်ခန္ဓာကို ရင်းနှီး ရှာဖွေစားသောက် ကြရတဲ့ အမျိုး သမီးတွေ ရှိသလို အဲဒီမိန်းကလေး တွေကို စီမံအုပ်ချုပ် လုပ်ငန်းခွဲ ဝေ ဆက်သွယ် ဆောင်ရွက်ပေး ရတဲ့ 'ဂေါင်း'လည်း ရှိလာပြန်ပါ တယ်။ လူတွေဟာ ကာမတဏှာ နဲ့ပတ်သက်လာရင် အလွန်အမင်း ထက်သန်တဲ့ ယောကျာ်းတွေ မိန်းမတွေလည်း ရှိတတ်ကြ ပါသေး တယ်။ သံဝါသကိစ္စမှာ အလွန် ပျော်မွေ့ ပျော်ပိုက် တတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။

အနည်းငယ် ဖြတ်ပြီးပြော လိုက်ပါဦးမယ်။ လူတွေကို " ဒု၊ သ၊န၊သော"ရှောင်ဖို့ ဗုဒ္ဓဘုရားရဲ့ တရားတော်မှာ တိုက်တွန်းထား ပေမယ့် ကာမတဏှာ ကြောင့် မမျှော်လင့်သော အကြောင်းကိစ္စ တွေ ဖြစ်လာတတ် ကြပါ တယ်။ ဒါကြောင့်လည်း တရားဥပဒေမှာ လင်ခိုးမှု၊ မယားခိုးမှု ဆိုတဲ့ အမှု ကိစ္စတွေအတွက်ဥပဒေပုဒ်မတွေ ထားကြရတာပေါ့။ ကာမတဏှာ လွန်ကြူးလာတဲ့အခါ အသက် ကိုရန်ရှာဖို့ မကြောက်တော့တဲ့ အထိ စိတ်တွေပြောင်းလဲလာတတ် ကြပါတယ်။ ပြင်ပလောကမှာ လည်းဖြစ်တာပါပဲ။အစိုးရဝန်ထမ်း လောကထဲ မှာလည်းဖြစ်တတ်ကြ တာပါပဲ။ အပြင်လောကကြီးရဲ့ အမှုကိစ္စတွေကိုတော့ မှုခင်းဂျာ နယ် မဂ္ဂဇင်းတွေမှာ ဖတ်ရှုကြရ ပါလိမ့်မယ်။ဝန်ထမ်းလောကအမှု အခင်းတွေကိုတော့ကြားရုံသက် သက်မျှပါပဲ။မြန်မာတစ်နိုင် ငံလုံး မှာ နေ့စဉ်နဲအမျှဖြစ်ပေါ်နေတဲ့မှု ခင်းကိစ္စတွေကို ကြည့်ရင်ကာမ တဏှာကြောင့် ဖြစ်ကြတဲ့ အမှု ကိစ္စတွေ များစွာရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်တော်တော် များများက ပြင်ဦးလွင် လေ့ကျင့် ရေးတပ်မှာဖြစ်ခဲ့တဲ့လူသတ်မှုကို မန္တလေးပြင် ဦးလွင် အနီးတစ်ဝှိုက် ကသူတွေတော့သိခဲ့ရကြမှာပါ။ မိမိတို့ရဲ့ ဂုဏ်သိက္ခာ ရာထူးကို မေ့ပျောက်ပြီး ကာမတဏှာလွန်ကဲ ခဲ့ကြရာမှ ခင်ပွန်းဖြစ်သူကို လင် ငယ်နဲ့ပူးပေါင်းပြီးသတ်ဖြတ် အစ ဖျောက်ခဲ့တဲ့ အမှုကြီးပေါ့။ အတော် လေးကို လေ့လာစုံစမ်း ထောက် လှမ်းပြီးမှ အမှုမှန်ပေါ်လာခဲ့ရပါ တော့တယ်။ အရာရှိ ရဲ့ ဇနီးက အိမ်မှာ ယာဉ်မောင်းဖို့တာဝန်ယူ ထားတဲ့ ကားဒရိုင်ဘာနဲ့ဖောက် ပြားခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူက တဖြည်းဖြည်းရိပ်မိလာတော့ ခင် ပွန်းကိုသတ် အစဖျောက်ပြီး အ လောင်းကို အိမ်နောက် က ငှက် ပျောတောထဲမှာ သွားမြှုပ်ထား ခဲ့ကြတယ်။ ခင်ပွန်းဖြစ်သူ အမဲ လိုက်သွားတာ ပြန်မလာဘူးဆို ပြီး ပြောဆိုအသံလွှင့်ခဲ့တယ်။ တာဝန်ရှိသူတွေက တောပစ် တတ်တဲ့နေရာတွေကို လိုက်လံ စုံစမ်းထောက် လှမ်းတယ်။ မထူး ခြားဘူး။အိမ်ပေါ်မှာလည်းရှာဖွေ စစ်ဆေးကြပါတယ်။ သဲလွန်စ ဘာတွေ့သွားလဲဆိုတော့ သူမရဲ့ ခင်ပွန်းဟာ အသက်အရွယ် အရ မျက်မှန်မတပ်ခဲ့ရင် တောပစ်လို့ မရနိုင်ဘူးဆိုတာပါ။ခင်ပွန်းသည် တပ်နေကျ မျက်မှန်ကိုဘုရားစင် ပေါ်မှာသွားတွေ့တယ်။ မျက်မှန် ရှိနေတဲ့အတွက် တောပစ်သွား တာ မဟုတ်ဘူးဆိုတဲ့ အဖြေကို ရပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ရာကလူသတ်မှုကြီးဟာ ရှင်းရှင်း ဘွင်း ဘွင်းကြီးပေါ်ပေါက်လာခဲ့ရ ပါတော့တယ်။ ကာမတဏှာဟာ ဘယ်လောက်ကြောက်ဖို့ကောင်း ပါသလဲဗျာ။

နောက်ဖြစ်ရပ်လေးတစ်ခု ကတော့ကာမ တဏှာပေါ်စွဲလမ်း တပ်မက်တဲ့အပြင် အရွယ်နုနယ် မှုကို လိုလားတပ်မက်တဲ့ ဖြစ်ရပ် ပါ။ ဒီဖြစ်စဉ်က မိထ္ထီလာမြို့က တပ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။ တပ် ရဲ့ အကြီးအကဲ ဇနီးက ငယ်ရွယ် တဲ့ အရာရှိငယ်လေးနဲ့ ဖောက် ပြန်ခဲ့ကြတဲ့ ဇာတ်လမ်းပေါ့။ လူ့ ရဲ့ အသက်ကိုတော့ ရန်မရှာပါ ဘူး။ ခင်ပွန်းသည် ရှေ့တန်းသွား နေတုန်း လွန်ကြူးမိကြတဲ့သူတို့ ရဲ့ ဖြစ်စဉ်ကို စာတွေ ဆက် သွယ် ရာမှတဆင့် သိရှိသွားခဲ့ပြီးအရာ ရှိငယ် ထောင်ကျသွားခဲ့ရတဲ့အ ဖြစ်တစ်ခုပါ။ ကြာလည်းကြာခဲ့ ပါပြီ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကာမ တဏှာနောက်လိုက်မိရာကနေ ထောင်ကျခဲ့ရတဲ့ အဖြစ်ဆိုးကို သင်ခန်းစာယူစေ ချင်တာပါ။

ကောင်းပြီ။ ကာမတဏှာ သတ္တဝါကြီးအတွက် မသင့် တော်တာတွေမလုပ်ကြပဲဒီထက် အဆင်ပြေစေမယ့် ငွေပေးပြီး ပျော်ပါးနိုင်တဲ့ အပျော် မိန်းက ဘူးလားလို့ မေးစရာရှိပါတယ်။လူ တစ်ယောက်ကပြောဘူးပါ တယ်။ မလွတ်မလပ်သူတွေနဲ့ လူမှုရေး ဖောက်ပြန်မှုတွေပြုနေမယ့်အစား အနှီကိစ္စအတွက် ငွေပေးပြီးရနိုင် တဲ့နေရာတွေရှိနေပါတယ်။ကျုပ် တို့ကတော့ငွေပေးတဲ့စနစ်ပဲကျင့် သုံးတယ်ဆိုပဲ။ စာရေးသူတို့ ငယ် စဉ်အချိန်က အေကိုက်တယ် ဆိုတဲ့ ရောဂါဆိုးတွေမရှိသေး ပါဘူး။ ထိုစဉ်က ယနေ့တီဗီမှာ ကြော်ငြာေ ပးနေသော ' အဖော်' ဆိုတဲ့ပစ္စည်းကို မသုံးခဲ့ရင်လည်း ပြဿနာမရှိခဲ့ဘူး။ လူတွေအသုံး များတဲ့မိန်း ကေ လးတွေနဲ့ ဆက် ဆံမိရင်သာသူတို့မှာရှိနေတတ်တဲ့ ဆစ်ဖလစ်ပိုးကြောင့် ကိုဖိုးကြာ ဘွဲ့ကိုရ ယုံလောက် သာဖြစ်ခဲ့ကြ ပါတယ်။ ကိုဖိုးကြာရဲ့ အန္တရာယ် ကိုတော့ ပင်နယ်စလင် ၅သိန်း အား ခပ်ပြင်းပြင်းလေး ထိုးလိုက် တာနဲ့ ပျောက်သွားကြရပါတယ်။

ဒီဘက်ခေတ်မှာတော့ ရော ဂါပိုးဆန်းတွေရဲ့ အခြေအနေက ဌာနဆိုင်ရာတွေမှာ ရာထူးကြီး ကြီးပေးသလို ဗှီု ဆိုတဲ့ အ ဆင့်မြင့် ရောဂါပိုးကြီး ဖြစ်နေကြပါ ပြီ။ ကုရာနတ္ထိ ဆေးမရှိမို့ မည်သို့ ပင်ဖြစ်စေ ကာမတဏှာ အတွက် အပျော်မိန်းကလေးများနှင့် စခန်း သွားဖြေဖျောက်ရန်မသင့်တော့ပါ။ ဒါတောင် တစ်ယောက် ကပြော သေးတယ်။ မင်းတုန်းမင်းတြား ကြီးတောင် မိဖုရားတွေ၊မောင်းမ မိတ်သံတွေ များစွာရှိနေတဲ့ကြား က မကြေနပ်နိုင်သေးလို့ နန်းပြင် ကိုထွက်ပြီးတိတ်တဆိတ်ပျော် ပါးသေးတာပဲ၊ယောကျာ်းပဲကွာ၊ ကိုယ့် အတွက်နောင်ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်ပြီးသွား တာပေါ့လို့လည်းပြောတာကို ကြားခဲ့ရပါေ သးတယ်။

စာရေးသူရဲ့ တပည့်လေး တစ်ယောက်ငယ်ငယ် ရွယ်ရွယ် နဲ့ ဗကိုက်တဲ့ ရောဂါနဲ့သေတော့ ဘယ်လိုဖြစ်ရ တာလဲဆိုပြီး စုံစမ်း ကြည့်ပါတယ်။ တပည့်တွေက အဘရေ .... အရေးအခင်း ကာလပြီးတော့အချို့ မိန်းကလေး တွေက လုပ်ကိုင် ရှာဖွေ စား သောက်ရတာ ခက်တယ်ထင်ပါ တယ်။ ပေါလိုက်တဲ့ မိန်းမတွေ၊ မန္တလေးမြို့မှာ ဘယ်လောက်ထိ ဈေးပေါသလဲဆိုရင်၁၀/၂၀ကျပ် လောက်နဲ့လည်း အဲဒီကာလက အဆင်ပြေ ခဲ့ကြတာ။ အဲဒီအချိန် က ပတ်သက်ခဲ့တဲ့ အဖြစ်တွေ ကြောင့် ထိခဲ့ရတယ်လို့ ထင်ရ တာပါပဲတဲ့။

ယနေ့ကာလလည်း ပြည့် တန်ဆာတွေဆိုတာ ရှိနေဆဲလို့ သိနေရပါတယ်။ ရှိနေလို့လည်း အဖော်ဆိုတဲ့ ကွန်ဒုံးကိုတရားဝင် ကြော်ငြာပေးနေရပါတယ်။ ခုခံ အား ကျဆင်းမှု ရောဂါအတွက် ကာကွယ်ဖို့ နည်း လမ်းတွေကို လည်းဖြန့်ဝေပေးနေတာ မဟုတ် ပါလား။ ပြည့်တန်ဆာလုပ်ငန်း အတွက်အခြားနိုင်ငံတွေ လိုတရား ဝင်လုပ်ကိုင်ခွင့် မပေးတာပဲရှိပါ တယ်။ တရားဝင်လုပ်ကိုင်ခွင့်ပေး လိုက်ရင် ပြည့်တန်ဆာတွေ နဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ ပေါ်လာဦးမလား မပြောတတ်ပါ ဘူး။ တချို့က ပြည့်တန်ဆာဆို တာ တိုင်းပြည်ရဲ့ တန်ဆာတစ်ခု မို့ ရှိသင့်တယ်လို့ ဆိုနေကြတာ လည်း ကြားနေရပါတယ်။

ပြည့်တန်ဆာနဲ့ ပတ်သက် တဲ့အကြောင်းရေးဖို့ပတ်ဝန်းကျင် ကိုလေ့လာရင်း ဟိုမေးဒီမေးလုပ် ခဲ့ပါသေး တယ်။ လက်ရှိဝန်ထမ်း တစ်ယောက်က ကျွန်တော့်ဘဝ မှာလုံးဝကင်းရှင်းပါတယ်လို့အာမခံ ချက်ပေးပါ တယ်။ ဒါပေမယ့်သူ ငယ်စဉ်ကရာထူးတိုးစာမေးပွဲဖြေ ဖို့ အတွက် ပျော်ဘွယ်ကနေ မန္တလေးလာပြီး ၇၃လမ်းပေါ် က ' စိန်သိန်း' တည်းခိုခန်းမှာ ဆယ် ရက်လောက် စာကျက်နေရင်း တည်းခိုခဲ့တယ်တဲ့။ ရောက်စ တည်းခိုခန်းထဲ စာကျက်နေစဉ် မသိကျွမ်းဖူးတဲ့ မိန်းကလေးတစ် ယောက်က အခန်းတံခါးကိုလာ ခေါက်ပြီး မိတ်ဆက်လာတယ်။ တစ်ရက်မဟုတ်၊နှစ်ရက်သုံးရက် တံခါးလာခေါက်တော့ ငါက စာ မေးပွဲ ဖြေမလို့ စာကျက်နေတာ၊ ဒီကိစ္စတွေ စိတ်မဝင်စားဘူး၊ မနှောက်ယှက်ပါနဲ့၊ စာပဲစိတ်ဝင် စားတယ် လို့ပြောခဲ့ကြောင်း ပြော ပြပါတယ်။ ကံကောင်းချင်ပြန် တော့ စာမေးပွဲဖြေမယ့် ပြည်သူ့ ရဲတွေနောက် တစ်နေ့ လာတည်း ကြတဲ့အခါ အဲဒီ မိန်းကလေး လည်း တည်းခိုးခန်းမှာ အသံ တောင် မကြားရတော့ ပါဘူးလို့ လည်းထပ်ပြောပြတော့သူ့စကား ကိုယုံကြည်လိုက်ပါတယ်။

ဝန်ထမ်း၊ အရပ်သား၊အနု ပညာသမားများ၊ ကုမ္ပဏီတွေ ထဲမှာမိန်းမကိစ္စအတွက် မရှောင် နိုင်ကြတာတွေ အများကြီးပါ။ မိမိမှာ ကာမပိုင်ရှိရက်နဲ့ လုပ်ငန်း ခွင်မှာနီးစပ်မှုသံယောဇဉ်တွေဖြစ် ကြပြီး အိမ်ထောင်ရေး ပျက်စီး ကြတာတွေလည်းအများကြီးပါ။ ဇနီးကရှုပ်လို့ယောကျာ်းကတရား ဝင်ကွာရှင်းတာ၊ ယောကျာ်းက ဖောက်ပြန်လို့ဇနီးဖြစ်သူက ကွာ ရှင်းတာတွေသတင်းစာတွေထဲ မှာလည်း တွေ့တွေ့ နေကြရပါ တယ်။ အထူးသဖြင့်အမျိုးသမီး တွေက ယောကျာ်းတွေအပေါ် သောက်စားတတ်တာလောက် ကိုခွင့် လွတ်နို င်ကြပေ မယ့်ဖောက် ပြန်တဲ့ကိစ္စ၊ အပျော်မိန်းမလိုက် စားနေကြတဲ့ကိစ္စတွေကို လုံးဝ ခွင့် မလွတ် တတ်ကြပါဘူး။ မုန့် ကိုသာ ဝေစားနိုင်မယ် ဆိုတဲ့ စကားမျိုးလိုပါပဲ။

အချို့သော အရာရှိကြီး တွေက မိန်းမတွေနဲ့ ပျော်ပါးဖို့ တပည့်တွေကိုရှာဖွေခိုင်းပြီး ပျော် ပါးတတ်ကြတာကို လည်းတွေ့ရ ပါတယ်။ လုပ်ငန်းခွင်မှာ သိက္ခာ က အရေးကြီးပါတယ်။ အချို့က လုပ်ငန်းကိစ္စ အောင်မြင်အဆင် ပြေဖို့ မိန်းမနဲ့ မြူဆွယ်တတ်ကြ တာတွေလည်း ရှိတတ်ပါတယ်။ ကာမတဏှာနဲ့ပတ်သက်ပြီးထိမ်း သိမ်းရှောင်ရှားနိုင်ကြရင်အကောင်း ဆုံးပါပဲ။

မိန်းမနား မကပ်ရရင်မနေ နိုင်တဲ့ယောကျာ်းနဲ့ ယောကျာ်နဲ့ မဆက်ဆံရရင်မနေနိုင်တဲ့ ဟတ္ထနီ လို မိန်းမတွေ လည်း ရှိတတ်ပါ တယ်။ စာရေးသူ အရာရှိဘဝ ဗထူးရပ်စောက်မှာ ခွဲမှူးသင်တန်း တက်ရတော့ အချို့သင် တန်းသား အရာရှိတွေက မိန်းကလေးတွေနဲ့ ပျော်ပါးဖို့ အောင်ပန်းမြို့အထိ သွားတတ်ကြတယ်။ အောင်ပန်း ကပွင့်သစ်စ တည်းခိုခန်းမှာ မိန်း ကလေးတွေ ပေါတယ်လေ။ ဒါကို သိနေတဲ့ သင်တန်းမှူး ဗိုလ်မှူး သိန်းအောင်ကအရာရှိများ အသိ တရား၊သတိတရားနဲ့ဆင်ခြင်ပြီး နေထိုင်ကြပါ၊သွားကြလာကြပါ။ တကယ် လို့ မအောင့်နိုင်ဘူးမနေ နိုင်ဘူးဆိုရင်မိုးပေါ်သာ ထောင် ဖောက်လိုက်ကြပါလို့ ပြောခဲ့ပါ တယ်။ အစက သဘောမပေါက် ကြဘူး။နောက်မှစဉ်းစားရင်းတွေး ရင်းသဘောပေါက်မှဝါးကနဲရယ် ကြရပါတော့တယ်။

ထို့ကြောင့် ကာမတဏှာ ဘက် လွန်ကျွံတာ မကောင်းပါ ဘူး။မိမိကိုယ်မိမိထိန်းသိမ်းခြင်း ဖြင့် ဘာသာရေး၊ကျန်းမာရေး၊ လူမှုရေးများတွင် အားပြုနိုင်ကြပါစေ။ မကောင်းသောမိန်းမ ပြည့်တန်ဆာမှန်း သိရက်နှင့် မကောင်း မှုတွင်ပျော်မွေ့ပါက တခဏတာ ကောင်းခြင်းနဲ့သာ ကြုံတွေကြရ ပြီး ထာဝရအတွက် ဒုက္ခများစွာ တွေ့နိုင်ပါကြောင်းစေတနာထား ရေးသားလိုက်ရပါသည်။

စောအောင်(တီကျစ်)
SHADE JOURNAL

လှိုင်သာယာမှ သိန်း ကိုးရာကျော် ခိုးမှုအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၂)ရက်အတွင်း ဖော်ထုတ်ခဲ့


၎.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန်လှိုင်သာယာမြို့နယ်ရှိ အရှေ့တိုးတက်မှုအထည်ချုပ်ကုမ္ပဏီ ရုံးရှိ ငွေထိန်းခန်းအတွင်း၌ ကြွပ်ကြွပ်အိတ်များဖြင့် ထုတ်လျက် ဘီဒိုအတွင်း၌ ထည့်ထားသော ငွေကျပ်(၉၈၄၈၀၀၀၀)မှာ ခိုးယူခံရ၍ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် ၎င်းကုမ္ပဏီ၏ မန်နေဂျာ ဒေါ်မြမြ၀င်းမှ စုံစမ်းဖေါ်ထုတ် အရေးယူပေးပါရန် တိုင်တန်းသဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ) ၈၇၁/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးအထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ ၊ လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ၅.၈.၂၀၁၃ ရက်နေ့တွင် အမှုမှတရားခံ များဖြစ်သောကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၊ (ဘ)ဦးတင်ရွှေ၊ ကုမ္ပဏီစက်ပြင်ဝန်ထမ်း၊ တွံတေးမြို့နယ်နှင့် အောင်ကိုကို(ခ)သန်းလှိုင် (ဘ)ဦးမောင်စိုး၊ စက်ချုပ်ဝန်ထမ်း၊ စက်မှုဇုံ(၄)၊ လှိုင်သာယာမြို့နယ် နေသူတို့(၂)ဦးအား ဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။ တရားခံများအား စစ်ဆေးချက်များအရ ၎င်းတို့(၂)ဦးသည် ၃.၈.၂၀၁၃ ရက်နေ့ ညနေချိန်တွင် ကုမ္ပဏီမှ အပ်ချုပ်စက်တစ်လုံးပျက်၍ နှစ်ယောက်အတူပြင်နေစဉ် ငွေထိန်းခန်း၌ ထားရှိသောငွေများအား ခိုးယူရန်တိုင်ပင်ခဲ့ကြပြီး စက်ရုံဆင်းချိန်တွင် ထွက်ခွါခြင်းမပြုဘဲ ပုန်းအောင်နေထိုင်ခဲ့ကြကြောင်း၊ ၀က်အူလှည့်ဖြင့် တံခါးများအားဖွင့်ခဲ့ကာ ရုံးခန်းအပြင်တံခါး၌ တပ်ဆင်ထားသော CCTV အားအခြားတစ်ဖက်သို့ လှည့်ထားခဲ့ပြီး ငွေထိန်းခန်းအတွင်းမှငွေများအား ပီနံအိတ်(၂) လုံးဖြင့် ထည့်၍ခိုးယူခဲ့ကြောင်း၊လုံခြုံရေးအစောင့်မရှိသောဂိတ်မှတဆင့် အပြင်သို သယ်ယူကာ ကိုင်းတောအတွင်း၌၀ှက်ထားခဲ့ပြီး ဆိုင်ကယ်များဖြင့်ပြန် လာသယ်ယူ၍ တွံတေးမြို့နယ်ရှိ ကျော်ရဲလွင်(ခ)ကျော်ဇင်ဟိန်း၏နေအိမ်တွင် ၀ှက်သိမ်းထားရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။ အဆိုပါအမှုမှ ခိုးယူခံရသောငွေများအနက် ငွေသားကျပ်(၉၀၉၈၀၀၀၀) နှင့် ခိုးယူရရှိသည့် ငွေများဖြင့်ဝယ်ယူထားသော ရွှေဆွဲကြိုး(၂)ကုံး၊ ဆွဲသီး(၂)ခု၊ ဖုန်း(၂)လုံးတို့အားပြန်လည်သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။
 Yangon Police

အကောင်းဆုံး Online Backup Services (၅) ခု



ကွန်ပြူတာ စက်ပစ္စည်းတွေဟာ အချိန်မရွေး ပျက်ဆီးနိုင်တဲ့အတွက် သင့်ရဲ့အဖိုးတန် ဖိုင်တွေကို Backupလုပ်ထားသင့်ပါတယ်။External Storage Deviceတွေမှာ Backupလုပ်နိုင်သလို Online Backup Servicesတွေမှာလည်း Backupလုပ်နိုင်ပါတယ်။ အခုဆောင်းပါးမှာ အကောင်းဆုံး Online Backup Services(၅)ခုကိုဖော်ပြ ပေးလိုက်ပါတယ်။

Carbonite

Carbonite Client Applicationက သင့်ကွန်ပြူတာရဲ့ Backgroundမှာ Runနေမှာဖြစ်ပြီး သင့်ရဲ့documents, music, email, and other files တွေကို Automatically Backupလုပ်ပေးနေမှာ ဖြစ်ပါတယ်။ Videoဖိုင်တွေကိုတော့ Manually Backupလုပ်ရမှာပါ။ Carboniteကို Windows and OS Xမှာသုံးနိုင်ပြီး Home Plus and Home Premier plansအသုံးပြုသူတွေ အတွက်တော့ Windowsကိုပဲ Support ပေးပါတယ်။ ဖိုင်တွေကို Encrypt လုပ်ပေးမှာဖြစ်ပြီး Unlimited Storage ရရှိမှာပါ။ Home Plus plan အသုံးပြု သူတွေကတော့ ကွန်ပျူတာက ဖိုင်တွေအပြင် External Hard Drive ကဖိုင်တွေကိုပါ Backup လုပ်နိုင်ပါတယ်။ ဒါ့အပြင် Full System Image ကိုပါ Backup လုပ်ပေးနိုင်ပါတယ်။ Home Premier plan မှာအပေါ်က Featuresအပြင် Video ဖိုင်တွေကိုပါ Automatically Backupလုပ်ပေး နိုင်ပါတယ်။Carboniteကိုစမ်းသပ် အသုံးပြုချင်ရင် ၁၅ ရက် စမ်းသပ် သုံးနိုင်ပါတယ်။ Carboniteရဲ့ Plans & Pricingအသေးစိတ်ကို ဒီမှာဆက်ဖတ်ပါ။

Backblaze

Backblazeကတော့ နည်းပညာကို သိပ်နားမလည်သူတွေအတွက် သင့်တော်ပြီးအလွယ်တကူ Setupလုပ်နိုင်တယ်လို့ ဆိုပါတယ်။ Blackblazeက documents, music, video, external drivesစတာတွေကို Backupလုပ်ပေးနိုင်ပေမယ့် ဖိုင်အမျိုးအစားအားလုံးကို Backup လုပ်မပေးနိုင်ပါဘူး။ Backblazeက Backupမလုပ်ပေးနိုင်တဲ့ ဖိုင်အမျိုးအစားတွေကို ဒီPageမှာကြည့်ပါ။ Unlimited Storageရရှိမှာ ဖြစ်ပေမယ့် 4 gbထက်ကြီးတဲ့ ဖိုင်တွေကိုတော့ Backupလုပ်မပေးနိုင်ပါ။ Client Applicationက Backgroundမှာ Runပြီးအလိုလို Backupလုပ်ပေးနေမှာ ဖြစ်ပြီး Encryptလုပ်ပြီး Backupလုပ်ပေးမှာပါ။ Windows and OS Xမှာသုံးနိုင်ပြီး Incremental Backupလည်း လုပ်ပေးနိုင်ပါတယ်။Backblazeရဲ့ Pricingတွေကို ဒီPageမှာဖတ်ပါ။

CrashPlan

CrashPlanက သင့်ကွန်ပြူတာက ဖိုင်တွေကို Backupလုပ်ပေးနိုင်တဲ့အပြင် Networkတစ်ခုထဲက ကွန်ပြူတာတွေ၊ အင်တာနက်က တစ်ဆင့် တစ်ခြားကွန်ပြူတာက ဖိုင်တွေကိုပါ Backupလုပ်ပေးနိုင်ပါတယ်။ Backgroundမှာ Runပြီး Backupလုပ်ပေးနေမှာဖြစ်ပြီး Encryptလုပ်ပြီး သိမ်းပေးမှာပါ။ Differentials and Incrementals Backupလုပ်ပေးနိုင်ပါတယ်။ Backupလုပ်ထားတဲ့ ဖိုင်တွေကို Mobile Deviceတွေ ကနေလည်း ရယူအသုံးပြုနိုင်ပါတယ်။CrashPlanရဲ့ Featuresတွေကို ဒီPageမှာဆက်ဖတ်ပါ။ CrashPlanရဲ့ Plansကို ဒီPageမှာ အသေးစိတ် ဖတ်ရှုပါ။

SpiderOak

Privacyနဲ့ပတ်သက်ပြီး စိတ်ချချင်ရင်တော့ SpiderOakကိုသုံးပါ။ သူ့ရဲ့ “Zero Knowledge” Policyက သူ့Serverမှာ သင်ဘာဖိုင်တွေ သိမ်းထားလဲဆိုတာ သူတို့ကိုယ်တိုင်တောင် မသိရအောင် လုံခြုံစေပါတယ်။ သင့်ကွန်ပြူတာက desktop, documents, email, music, or movies တွေအပြင် external drives, network drivesတွေကဖိုင်တွေ အားလုံးကို သိမ်းပေးနိုင်ပါတယ်။ Windows, OS X, and Linuxမှာ သုံးနိုင်ပြီး IOS, Android Devicesတွေအတွက် Applicationတွေလည်း ရှိပါတယ်။ Incrementals Backupလည်း လုပ်ပေးနိုင်ပါတယ်။SpiderOak ရဲ့Plans အသေးစိတ်ကို ဒီPageမှာဖတ်ပါ။

Bitcasa Infinite Drive

Bitcasa Client Applicationကို Windows and OS Xမှာသုံးနိုင်ပြီး ဖိုင်တွေကို Backup And Syncလုပ်ပေးနိုင်ပါတယ်။ ဖိုင်တွေကို Encrypt လုပ်ပြီးသိမ်းပေးနိုင်ပြီး File History Featuresပါရှိတဲ့အတွက် ဖိုင်တစ်ခုရဲ့Older Version , Newer versionတွေကိုပါ သိမ်းပေးနိုင်ပါတယ်။Android ,IOS,Windows Phoneတွေအတွက် Applicationတွေ ရှိပါတယ်။ Bitcasaက Freeအသုံးပြုရင် 10 GB Storageရရှိမှာဖြစ်ပြီး Unlimited Storageရဖို့အတွက် တစ်လ 10 Dollar ဒါမှမဟုတ် တစ်နှစ် 99 Dollar၀ယ်ယူ အသုံးပြုရမှာပါ။ Pricingကို ဒီPageမှာ လေ့လာပါ။

Myanmar ICT

လယ်ခွန် ပြေစာအတုဟု ပြောသည့် မြေစာရင်းဌာနကို သမ္မတထံ တိုင်ကြားမည်ဟုဆို

ဧရာဝတီတိုင်းဒေသကြီးမှ ဆုံးရှုံး လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ သော လယ်သမားများ၏ လယ်ခွန် ပြေစာများ ကို မြေစာရင်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက အတုများ ဖြစ်သည် ဟု ပြောဆိုခဲ့သဖြင့် ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော် သမ္မတထံ သြဂုတ်လ ၅ ရက်နေ့တွင် တိုင်ကြားမည် ဖြစ်ကြောင်း လယ်သမားများအရေး ကူညီ ဆောင်ရွက်ပေး နေသည့် ဦးမောင်မောင်အေးက ဆိုသည်။

၁၉၉၃ ခုနှစ်ကတည်းက ဒေသ အာဏာပိုင်များနှင့် ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက အကြောင်း အမျိုးမျိုး ပြကာ သိမ်းယူထားသည့် လယ်ယာမြေများနှင့် ပတ်သက်၍ ကူညီ ဖြေရှင်းပေးရန် မော်လမြိုင်ကျွန်း မြို့နယ် မြေစာရင်း ဦးစီးဌာနသို့ တင်ပြရာ ယခု တောင်းဆိုသော လယ်မြေ များသည် မြေလွတ် မြေရိုင်းများ ဖြစ်သဖြင့် လယ်သမားများနှင့် မသက်ဆိုင် ဟု ဌာနက ပြောဆိုကြောင်း၊ ယင်းကြောင့် လယ်သမားများက လယ်ခွန် ပြေစာများ ထုတ်ပြခဲ့ရာ ပြေစာများမှာ အတု ဖြစ်သည် ဟု မြေစာရင်း ဦးစီးဌာနမှ တာဝန်ခံ ဖြစ်သူက ပြန်လည် ပြောဆိုခဲ့ကြောင်း လယ်သမားများက တညီတညွတ်တည်း ပြောကြားသည်။

မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ဘိုကလေးနှင့် ကျိုက်လတ် မြို့နယ်တို့မှ လယ်သမား ၃၀ ကျော် စုပေါင်း လက်မှတ် ရေးထိုးကာ သမ္မတထံ တိုင်ကြား မည် ဖြစ်ကြောင်း မြန်မာ သတင်းစာဆရာများ ကွန်ရက် ရုံးခန်းတွင် ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ် သည်။

မတရား သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ဇူလိုင်လ အတွင်းက လယ်သမား တစ်ထောင်ကျော် ဆန္ဒ ထုတ်ဖော်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲမှူး၊ မြေစာရင်း ဦးစီးမှူးနှင့် တရားသူကြီးတို့ က ဖြေရှင်းပေးရန် အချိန် သုံးလ စောင့်ပါဟု ပြောဆိုခဲ့သော်လည်း ယနေ့ အထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း မော်လမြိုင်ကျွန်း မြို့နယ် တံခွန်တိုင် ကျုံဝါးကျေးရွာမှ လယ်သမား တစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့မှာ ငွေလည်း မရှိ၊ ပညာလည်း မတတ်တော့ ကျွန်တော်တို့ ဘာပြောပြော သူတို့က အရေးယူ မပေးဘူး” ဟု ၎င်းက ဆိုသည်။

လယ်ယာမြေများအတွက် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီကို ကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် မြေတိုင်း စာရေး၊ လယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖ နှစ်ဦးတို့ဖြင့် အာဏာပိုင်များက ဖွဲ့စည်း ပေးရာတွင် ဒေသခံ လယ်သမားများ၏ အကျိုးကို ကိုယ်စား မပြုသူများ ပါဝင်နေကြောင်း လယ်သမားများက ပြောကြားသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့သည့် လယ်သမားများ ကို လယ်သိမ်းထားသူ များက ပြန်လည် တရား စွဲဆိုထားကြောင်း၊ မြို့နယ် တရားရုံးတွင် နေ့စဉ် လယ်သမား ၉၀ ဝန်းကျင်မှာ တရား ရင်ဆိုင်နေ ရကြောင်း၊ အမှုကို ထိရောက်စွာ မစစ်ဆေးဘဲ ရုံးချိန်းကို မကြာခဏ ချိန်းဆိုနေသဖြင့် စရိတ်စက များစွာ ကုန်ကြောင်း ၎င်းတို့က ဆက်လက် ပြောဆိုသည်။

အောင်မျိုးထက်

မြ၀တီ

Telenor ၏ ဆက်သွယ်ရေး ကွန်ရက်အတွက် Huawei ကို ရွေးချယ်


ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ရန် တင်ဒါ အောင်မြင် ထားသော နော်ဝေ ကုမ္ပဏီ Telenor အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် တရုတ် အခြေစိုက် Huawei ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး ကုမ္ပဏီများထံမှ စုံစမ်း သိရှိရသည်။

Telenor အနေဖြင့် နိုင်ငံတကာ အတွေ့အကြုံရှိပြီး Huawei က မြန်မာနိုင်ငံ ဈေးကွက်နှင့် ရေမြေ အနေအထားကို ကျွမ်းကျင်သည့် အတွက် ရှယ်ယာ ဝေစု အများဆုံးဖြင့် အဓိက လုပ်ကိုင်ခွင့် ရရှိခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေး လုပ်ငန်းအတွက် Huawei က အမေရိကန် ဒေါ်လာ တစ် ဘီလီယံ ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပြီး ကနဦး အသုံးစရိတ် ရင်းနှီးမြှုပ်နှံမှု ကာလ ငါးနှစ်နှင့် လုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ကာလ ရှစ်နှစ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

Huawei က ဆက်သွယ်ရေး တာဝါတိုင်များကို ရန်ကုန်မြို့ အပါအဝင် အချက်အချာကျသော နေရာ များတွင် တည်ဆောက်ခြင်း၊ ကြိုးမဲ့ (Wireless) စက်ပစ္စည်းများ တပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေး လုပ်ငန်းသုံး စက်ပစ္စည်းများ ပေးသွင်းခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လုပ်ငန်း သဘောတူ အချက်အလက်များအရ သိရသည်။

Huawei က အခြား ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Oredoo နှင့် လည်း ဆက်သွယ်ရေး ပစ္စည်း လက်လီ ရောင်းချသည့် လုပ်ငန်း ချိတ်ဆက် လုပ်ကိုင်ခွင့် ရရှိရန် ပြင်ဆင်နေသည်။

Huawei ကုမ္ပဏီသည် တစ်ကမ္ဘာလုံးရှိ ထိပ်တန်း အော်ပရေတာ ၅၀ တွင် ၄၅ ခုနှင့် ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်း များ ပေးသွင်းခြင်းလုပ်ငန်း ချိတ်ဆက် လုပ်ကိုင်နေပြီး ယင်းကုမ္ပဏီများ တွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းထံ၌ ဆက်သွယ်ရေး တင်ဒါ လိုင်စင် အတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကုမ္ပဏီ ၁၁ ခုလုံး ပါဝင်သည်။

Telenor ကုမ္ပဏီသည် ၂၀၀၆ ခုနှစ်မှ စတင်၍ Huawei နှင့် ပူးပေါင်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး Huawei သည် လက်ရှိ တယ်လီနော၏ အဓိက ဆက်သွယ်ရေးပစ္စည်း ထောက်ပံ့သူ ဖြစ်သည်။

Huawei ကုမ္ပဏီသည် အာရှနှင့် ဥရောပတွင် အောင်မြင်မှုများ ရရှိနေပြီး ဈေးကွက်ဝေစု အများစုအား ချုပ်ကိုင်ထားနိုင်သော်လည်း အမေရိကန်နိုင်ငံတွင်မူ တရုတ်အစိုးရနှင့် ဆက်နွှယ်မှု ရှိနေသည်ဟု စွပ်စွဲခြင်း ခံထားရပြီး လုပ်ငန်းချဲ့ထွင်ခြင်းအား လွှတ်တော်မှ တားမြစ်ထားသည်။
via Voice Daily

ထိုင်းနိုင်ငံတွင် နိုင်ငံရေး ကောလဟာလ Post အား Like လုပ်မှုအတွက် ထောင်ထဲပို့



ထူးခြားဖြစ်စဉ်ပါ။ ထိုင်းနိုင်ငံမှာ အစိုးရမှ Ban ထားတဲ့ နိုင်ငံရေး သတင်းဖော်ပြ Facebook Page တစ်ခု ရှိပါတယ်။ ယင်း Page မှ ထိုင်းနိုင်ငံ စစ်တပ်နဲ့ ဆက်စပ်တဲ့ မဟုတ်မမှန် သတင်း၊ကောလ ဟာလကို Post တင်ခဲ့ပြီး Like လုပ်သူ လေးယောက်ရှိခဲ့ ပါတယ်။

ယင်း Like လုပ်သူ ၄ ယောက်ကံဆိုးပါတယ်။ စစ်ဆေး ဖမ်းဆီးမှုကိုခံရပြီး အရေးယူခံရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ Social Media ပေါ် Like နဲ့ Share လုပ်ပြီး ကောလဟာလ ဖြန့်ဝေ မှု အတွက် ထောင်ချ၊ တရားစွဲမှုဟာ အထူးခြားဆုံး ဥပဒေ ဖြစ်လာကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့  ပြည်သူတို့ Social Media သုံးစွဲမှုအပေါ် များစွာ တုန့်လှုပ်ခြောက်ခြားစေခဲ့ ပါတယ်။ နိုင်ငံရေးနဲ့ သက်ဆိုင် တဲ့ Post ကိုပဲ ပြောထားသေးခြင်း ဖြစ်ပါတယ်။ တင်သူရော၊ Like လုပ်သူရော၊ Share သူကိုရော အရေးယူမှာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးထားတဲ့ လေးယောက်က လည်း စာနယ်ဇင်းလောက ကပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်နောင်လည်း ယင်းကဲ့သို့ အလား တူ ပြစ်မှုမျိုးများ အခြားသူတို့ မကျူးလွန်စေရန် ထိုင်း အာဏာပိုင် တို့က သတိပေးထားကြောင်း သိရပါတယ်။
.
Ref:nextweb
Aung Kham (TSJ team)


ကတုံးတုံးပြီး ကျောင်းလာလို့ ကျောင်းအုပ်က ဆံပင်တုဝတ်ခိုင်း





ကလေးငယ်များ ကင်ဆာဖောင်ဒေးရှင်းအတွက် မိမိ၏ဆံပင်များကို ကတုံးတုံးပြီး ရန်ပုံငွေရှာလိုတဲ့ စင်္ကာပူနိုင်ငံမှ အသက်(၁၅)နှစ်အရွယ် ကျောင်းသူကလေး(၅)ဦးသည် သူမတို့၏ ကျောင်းအုပ်ထံ ခွင့်တောင်း ရာ ကျောင်းအုပ်က ကတုံး တုံးပြီး ဆံပင်တုဝတ်ပါမည်ဟူသော ကတိပြုချက်ဖြင့် ၎င်းတို့အား ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ကျင်းပသော Hair for Hope ပွဲတွင် ၎င်းတို့က ကတုံးတုံးခဲ့ပြီး ကျောင်းပြန် တက်သည့် အခါတွင် ၎င်းတို့(၅)ဦးထဲမှ သုံးဦးသာ ပေးထားသည့် ကတိအတိုင်း ဆံပင်တု ဝတ်လာ၍ ကျန်နှစ်ဦးမှာ ကတုံးပြောင်နှင့် ကျောင်းလာခဲ့သောကြောင့် ကျောင်းအုပ်က ၎င်းတို့အား စာသင်ခန်း ထဲမှ ထွက်ခိုင်းခဲ့တာမို့ ကူညီသော အခြား ကျောင်းသားမိဘများနှင့်အတူ စင်္ကာပူဒေါ်လာ (၇၀)တန် ဆံပင် တုများကို သွားထွက်ဝယ်ခဲ့ရကြောင်း သိရသည်။

စင်္ကာပူနိုင်ငံရှိ ထိုကျောင်းစည်းကမ်းအရ ကျောင်းသူကလေးများသည် ပန့်ဆံပင် ပုံစံမျိုး ၊ မိန်းမ မဆန်သောဆံပင်ပုံစံမျိုး ၊ လျော့တိလျော့ရဲ မသေမသပ် ဆံပင်ပုံစံမျိုးမထားရကြောင်း သိရသည်။

အကယ်၍ ဆံပင်တုကြောင့် ခေါင်းတွင် အပူနာများ ဖြစ်ရကြောင်း ဆရာဝန်၏ထောက်ခံချက် ပါရှိပါကမူ ကတုံး ဆံပင်ဖြင့် စာသင်ခန်းတွင်း ဝင်ခွင့်ပြုကြောင်း သိရသည်။

Source : Straitstimes
Credit:  burmesehearts

မိမိကိုယ်ကို အကဲဖြတ်ဖို့ ပြည့်တန်ဆာများနှင့် ဆက်ဆံခဲ့သော ခေါင်းများအား ထောင် (၄) လချ




အောင်မြင်မှုအတွက် အသည်းကွဲ ဝေဒနာကိုကျော်ဖြတ်နိုင်ခဲ့သူ


ဆယ်ကျော်သက်ပျိုမေတို့ အသည်းစွဲ ဂျပ်စတင်ဘီဘာနဲ့ ပတ်သက်လို့ ဘယ်လိုပင်ကျရှုံးခဲ့ ရပေမယ့် သူမရဲ့အစွမ်းအစတွေ ကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့ပြီ ဆိုတာကို ဆယ်လီနာဂိုမက်က အလုပ်နဲ့သက်သေပြသွားပါတယ်။ အမေရိကန်နိုင်ငံ၊ကာလီ

ဖိုးနီးယား ရှိ ဆန်တာမော်နီတာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ဟောလိ ၀ုဒ်လူငယ်ထူးချွန်ဆုပေးပွဲမှာ သူမ က အဓိကဆုတွေကို ဆွတ်ခူးနိုင် ခဲ့တာပါ။ သြဂုတ်လ ၁ ရက် ကြာသာပတေးနေ့မှာ ကျင်းပခဲ့ တဲ့အဆိုပါဆုပေးပွဲမှာတော့ဆယ် လီနာဟာ ပရိသတ်ကြိုက်နှစ် သက်ဆုံး တေးအယ်လ်ဘမ်ဆုနှင့် ဆန်းသစ်တီထွင်နိုင်ဆုံးဖျော်ဖြေ ရေးဆုတွေကို ရရှိခဲ့တာပါ။ အဆို ပါဆုနှစ်မျိုးစလုံးကိုသူမရဲ့နောက် ဆုံးထွက် တေးအယ်လ်ဘမ်Star Dance ဖြင့် ရရှိခဲ့တာဖြစ်ပါတယ်။ အသည်းကွဲဝေဒနာတွေကိုအောင် မြင်မှုအတွက် ချနင်းနိုင်ခဲ့တဲ့ သူမ ရဲ့စိတ်ဓာတ်ကိုတော့ အများက လေးစားအတုယူဖွယ်ရာပါပဲ။

Ref : Gossip Centerခိုင်မာ

hot news weekly


ကျောက်စိမ်း အလွန်အကျွံ ဆက်၍တူးဖော် ထုတ်လုပ်နေလျှင် ဖားကန့်ဒေသ ရှိ မြို့ရွာများအားလုံး နှစ် ၃၀ မတိုင်မီ ပျောက်ကွယ်ဖွယ်ရှိကြောင်း ဒေသခံ များဆို



ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့ အပါအ၀င် ၎င်းမြို့အနီးရှိ ကျေးရွာအများစုမှာ လာမည့် နှစ် ၃၀ မတိုင်မီ ကျောက်စိမ်း အလွန်အကျွံ တူးဖော်ထုတ်လုပ်မှုကြောင့် ပျောက်ကွယ် ဆိတ်သုဉ်း တော့မည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

NLD ပါတီ ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆိုင်း (ဖားကန့်မြို့တွင် နှစ် ၄၀ ကြာ နေထိုင်ခဲ့သူ) က ''၂၀၀၉-၂၀၁၀ လိုသာ ဆက်လုပ်နေရင် နှစ် ၂၀ မကျော်နိုင်ဘူး။ အဲဒီအခြေအနေ ရောက်ရင် ကျောက်စိမ်းဟာ ရှားပါးပျောက်ကွယ် လာမယ်။ ကျောက်စိမ်းကို မှီခိုနေရတဲ့မြို့၊ ရွာတွေ ပျောက်ကွယ် ကုန်မှာပေါ့။ ဒီမှာ တူးခဲ့တာက တောင်တစ်တောင်က နှစ်လဆိုပျောက်ပြီ။ တောင်အလုံး ရေ ၅၀၊ ၆၀ ကျော်က ပျောက်သွားပြီ။ ကျောက်စိမ်း ထွက်နိုင်တဲ့ တောင်အစစ်က ၁၀ တောင်လောက်ပဲ ကျန်တော့တယ်။ ကချင်ပြည်နယ် တစ်ခုလုံးဟာ ကျောက်စိမ်းကို မှီပြီး နေကြတာ။ ကျောက်စိမ်းကုန်ရင် ပြည်နယ်တစ်ခုလုံး ဟန်ချက်ပျက်ပြီ။ ဒီလိုဖြစ်ကုန်တာ လုပ်ငန်းလုပ်ကြတဲ့ ဦးပိုင်ရော၊ အကျိုးတူရော လုံးဝထင်သာ မြင်သာမရှိလို့ ဒီလို ဖြစ်ကုန်တာ။ ဒီအချိန်မှာ မစဉ်းစားရင် မမီတော့ဘူး။ ခုလိုဖြစ်တာဟာ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ဘယ်နိုင်ငံမဆို ဖြစ်နိုင်တယ်။ အခု အရပ်သား အစိုးရ ရောက်ပြီဆိုတော့ ဒေသခံကိုတော့ ဥပေက္ခာ မပြုသင့်ဘူး။ ၂၀၃၀ ခုနောက်ပိုင်းဆိုရင် ဖားကန့်မြို့ဟာ ပျောက်ကွယ်တော့မယ်လို့ မှန်းတယ်။ ငါနဲ့မဆိုင်ဘူး လို့ထင်နေရင် ကျွန်တော်တို့အားလုံး မှားမှာပေါ့'' ဟု ပြောကြားသည်။

''ဒီလိုသာ ဆက်လုပ်ကြရင် နောင်ငါးနှစ်လောက် ဆိုရင်ပဲ ကျောက်စိမ်းဟာ ရှားပါးပစ္စည်း ဖြစ်လာမယ်။ ကုမ္ပဏီတွေကလည်း စွန့်ပစ်မြေစာတွေ စနစ်တကျ မပစ်ဘဲ မြစ်ကမ်းနံဘေးတွေမှာ စွန့်ပစ်ကြတယ်။ ချောင်းတွေ မြစ်တွေ တိမ်ကောလာတယ်။ သဘာဝ ဘေးအန္တရာယ်တွေ ခံရတာပေါ့'' ဟု ဖားကန့်မြို့တွင် ၂၈ နှစ်ကြာ နေထိုင်ခဲ့သူ ကိုဂန္ဓီ (လူမှုရေး လုပ်ငန်းလုပ်ရှားသူ) က ဆိုသည်။

မြို့မရပ်ကွက် ဥရုချောင်းဘေးတွင် နေထိုင်သူ ကိုယောကြီးက ''ကျွန်တော့်အိမ်ဆိုရင် အပေါ်မြှောက်ရတာ သုံးခါရှိပြီ။ အနည်းဆုံး ၁၂ ပေကျော်ပြီ။ ဒါလည်း ရေမြုပ်တုန်းပဲ ဒီလိုသာ ဆက်လုပ်ကြရင် နှစ်၂၀ မကျော်ခင်မှာပဲ ကျောက်စိမ်းရှားပါးလာပြီး ဒီဒေသလည်း ပျောက်ကွယ်လာမှာပဲ။ တချို့ချောင်းတွေက တိုတိုလေးပဲ ကျန်တော့တယ်။ စပေါ့ချောင်း၊ မျောက်ဖြူချောင်း ပျောက်ကွယ်သွားတယ်။ ရှရော်ခမှော်၊ မှော်မှောင်းလျန်တွေက မှော်နာမည်ပဲ ကျန်တယ်။ ဘေးမှာ တူးစရာနေရာ မရှိတော့ဘူး။ အောက် မနမှော်၊ အထက် မနမှော်တွေက ပျောက်ကွယ်သွားပြီ'' ဟု ဆိုသည်။

ဖားကန့်မြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌ ဦးဝါယာမ (သက်တော် ၆၅၊ ၀ါတော် ၄၄) က ''ဘုန်းကြီးငယ်ငယ်က ကေအိုင်အေ မထသေးဘူး။ ခုနှစ်တွေကိုတော့ မမှတ်မိဘူး။ ဒီဥရုမြစ်ဘေးကရွာတွေ ဘယ်ရွာမှ ရေတွင်းမရှိဘူး။ ဒီချောင်းရေပဲ သောက်ကြတာကိုး။ အရင်က နွေရာသီမှာ စောင်မလွတ်ဘူး။ ဒီလိုသာ လုပ်နေရင် နောင်နှစ် ၂၀ ဆိုရင် ကျောက်စိမ်း တွေ့ဖို့မလွယ်။ ဘုန်းကြီးတို့ ငယ်ငယ်ကနဲ့စာရင် ရှားပါးလာမှာ။ နောင်ဆိုရင် မိုးကုတ်လို ဖြစ်လာမှာ။ ရတနာတွေ ရှားလာတော့မယ်။ လူတွေပြောင်းကုန် ကြမှာလေ။ ဘုန်းကြီးကတော့ စက်ယန္တရားကြီးတွေနဲ့ လုပ်တာကို ဘ၀င်မကျဘူး။ သယံဇာတဆိုတာ အိမ်တွင်းပစ္စည်းလို တဖြည်းဖြည်း လုပ်စားရမယ် လို့တော့မြင်တယ်။ နောင်နှစ် ၅၀ မှာ ကျောက်စိမ်းကို မြင်ဖူးချင်ရင် တရုတ်ပြည်ကို သွားကြည့်ရမယ် ဆိုတာ မှန်နိုင်တယ်။ ဘုန်းကြီးကတော့ နိုင်ငံတော် အနေနဲ့ ဒီကိစ္စတွေကို ထိန်းချုပ်စေချင်တယ်။ အခု အရမ်းပူလာပြီ။ ပန်ကာ တစ်နေ့လုံး ဖွင့်ထားရတယ်။ အရင်လိုတော့ မဖြစ်နိုင်တော့ဘူး။ ဘုန်းကြီး မပြောလိုတာတွေလည်း အများကြီး ရှိသေးတယ်'' ဟု မိန့်ကြားသည်။

''ဒီမှာ ရာသီဥတု ပြောင်းတာက သဘာဝတော ဘာမှ မကျန်တော့ဘူးလေ။ ၁၉၉၀ ၀န်းကျင် ဆောင်းရာသီမှာ မွန်းတည့် ၁၂ နာရီ ၀န်းကျင်အထိ နှင်းကျတုန်း။ ၁၉၉၇ နောက်ပိုင်းမှာ ရာသီဥတု ပြောင်းတာ သိသာလာပြီ။ အခုမိုးမလင်းခင် နေရောင်မြင်နေရပြီ။ မျက်စိရှေ့တင် ပျောက်သွားတဲ့ ရွာတွေ တောင်တွေလဲ အများကြီးပဲ။ တောင်ဖြိုမိုင်ခွဲတာလဲ အကန့်အသတ်မှ မရှိတာကိုး။ ပျောက်သွားတဲ့ တောင်တွေလဲ မရေနိုင်တော့ဘူး။ ဖားကန့်ရပ်ကွက် တစ်ခုဖြစ်တဲ့ အေးမြသာယာ ရပ်ကွက်ကို ကုမ္ပဏီတွေက ၀ယ်နေပြီ။ ဘုန်းကြီးက အလုပ်မခံဘူး။ အေးမြသာယာ ရပ်ကွက်ပျောက်ရင် သူ့ဘေးက မြို့မရပ်ကွက် ပျောက်လာမယ်။ မြို့မရပ်ကွက် ပျောက်ရင် ဖားကန့်မြို့ဆိုတာ ဘယ်နေရာကို လက်ညှိုးထိုးမလဲ။ အခုဖားကန့်ကြီး မရှိတော့ဘူး။ ဒီဒေသမှာ ဒီလိုရတနာတွေသာ အဆမတန် ထုတ်နေပေမယ့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်း၊ ဘာမှကောင်းတာ မရှိဘူး။ ဒီလိုလုပ်ရင် နှစ် ၃၀ မကြာနိုင်ပါဘူး'' ဟု ဖားကန့် သာသနာဝင် ကျမ်းပြုစုသူ ဦးက၀ိသာရ (ဖားကန့်မြိုနယ် သံဃမဟာနာယက အတွင်းရေးမှူး) က မိန့်ကြားသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ခြင်း လုပ်ငန်းကို ရှေးမြန်မာမင်းများ လက်ထက်မှ စတင်၍ လုပ်ကိုင်ခဲ့ကြပြီး ကေအိုင်အိုနှင့် ငြိမ်ချမ်းရေးမယူမီ ၁၉၉၄ ခုနှစ်အထိ လက်မှုလုပ်ငန်း အဖြစ်သာ ရှိခဲ့ရာမှ ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင် စက်ကိရိယာများဖြင့် လုပ်ကိုင်လာကြရာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ကုမ္ပဏီ ၅၀၀ ကျော်က အကြီးစား စက်ယန္တရားပေါင်း များစွာဖြင့် နေ့ညမနား နှစ်လုံးပေါက် လုပ်လာခဲ့မှုကြောင့် သဘာဝ ပတ်ဝန်းကျင် အခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးလာခဲ့ကာ ယခုကဲ့သို့ မြို့ရွာများ ပျောက်ကွယ်လုနီးပါး ဖြစ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖားကန့်ဒေသ အတွင်းရှိ သဘာဝတောင် အလုံး ၅၀ လုံးခန့်နှင့် ချောင်းများ၊ ချောက်များမှာ ထိုကဲ့သို့ အလွန်အကျွံ ကျောက်စိမ်း တူးဖော်မှုကြောင့် ပျောက်ကွယ်ခဲ့ပြီး အဆိုပါ ဒေသတစ်ဝိုက်မှာ ယခုအခါ ရေကြီးခြင်း၊ အပူချိန် မြင့်မားလာခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ နှစ်စဉ်ကြုံတွေ့ လာရသည်ဟု ဒေသခံများက ပြောကြားသည်။ ဖားကန့်ကျေးရွာသည် ၁၉၉၅ ခုနှစ်မှ စတင်၍ မြို့ဖြစ်လာခြင်း ဖြစ်သည်။


ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များကို သြဂုတ်လဆန်းက တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)
Eleven Media Group

သုံးလအတွင်း ပင်လယ်ရေကြောင်းမှတစ်ဆင့် မှောင်ခိုတင်သွင်းသည့် ဟန်းဆက်အလုံးရေ တစ်သိန်းကျော်အထိ ရှိနေ


၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် ဟန်းဆက်အလုံးရေမှာ ၁၀၀၀၀၀ ကျော်အထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် နယ်စပ်တစ်လျှောက်တွင် မှောင်ခိုကုန်သွယ် နေမှုများအား ဖမ်းဆီးအရေးယူ နိုင်ရန်အတွက် ၂၀၁၂ ခုနှစ် နိုဝင် ဘာလမှစ၍ Mobile Team အဖွဲ့များဖြင့် စစ်ဆေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် ရှောင်ကွင်းလမ်း များမှတစ်ဆင့် တရားမ၀င် တင်သွင်းနေသည့် ဟန်းဆက် အလုံးရေ ၁၆၀၀ ကျော်အား ဖမ်းမိခဲ့ကြောင်း သိရသည်။

ယခုအခါ ပင်လယ်ရေကြောင်းမှ တစ်ဆင့် တရားမ၀င် ကုန်သွယ်မှုများကို ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ကမ်းရိုးတန်း ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းနယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန်မြစ်တစ်လျှောက် နယ်မြေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆိပ်ကမ်းများတွင် နယ်မြေခွဲခြား စစ်ဆေးသွားမည်ဟု သိရသည်။

ဟန်းဆက်တင်သွင်းရန် နှစ်စဉ်ကုမ္ပဏီများမှ လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီ၍ ရှိသော်လည်း အမှန်တကယ် အခွန်ဆောင် တင်သွင်းသည့် အလုံးရေမှာမူ သောင်းဂဏန်းသာ ရှိကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ချက်မည် ဆိုပါက ဟန်းဆက် လိုအပ်ချက် များပြားနေပြီး ကုန်သွယ်မှု စာရင်းများအရ တရားဝင် ကုန်သွယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ နည်းပါးနေပြီး လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်း များမှ တရားမ၀င် တင်သွင်းမှုမှာ များပြားနေကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ တစ်ဆင့် တရားမ၀င် တင်သွင်းလာသည့် ဟန်းဆက် အလုံးရေ ၅၀၀၀၀ ကျော်ရှိပြီး တန်ဖိုးအားဖြင့် တွက်ချက်ပါက အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ သန်းကျော် ဖိုးရှိကြောင်း သိရသည်။


ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်သေတ္တာတင် သင်္ဘောတစ်စင်းကို တွေ့ရစဉ်


Eleven Media Group

ရန်ကုန်မြို့တွင်း လမ်းများပေါ် စည်းကမ်းမဲ့ ရပ်တန့်ထားသည့် ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားရှင်းလင်းရန် ကရိန်းယာဉ်သုံးစီး ပြည်ပမှ ၀ယ်မည်


ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် စည်းကမ်းမဲ့ ရပ်တန့်ထားသည့် ယာဉ်များအား ကရိန်းဖြင့် သယ်ယူ ရှင်းလင်းရန်အတွက် ကရိန်းယာဉ် သုံးစီးအား ပြည်ပမှ ၀ယ်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ဝယ်ယူမည့် ကရိန်းယာဉ်များမှာ (Tow Turck) ယာဉ်များဖြစ်ပြီး စင်ကာပူနိုင်ငံတွင် အသုံးပြုနေသည့် ယာဉ်အမျိုးအစားများများ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင်း လမ်းပေါ်တွင် စည်းကမ်းမဲ့ ရပ်တန့်ထားသော ယာဉ်များကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားနေရခြင်းကြောင့် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအား ကရိန်းဖြင့် ရှင်းလင်းရန်အတွက် ကရိန်းယာဉ်များ ၀ယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူနိုင်ငံသို့လည်း သွားရောက် လေ့လာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လမ်းပေါ် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအပြင် ယာဉ်တိုက်မှု ဖြစ်ပွားသော ယာဉ်များနှင့် လမ်းပေါ်တွင် စက်ပျက်သည့် ယာဉ်များကိုလည်း ဖယ်ရှားရှင်းလင်း နိုင်မည်ဖြစ်သည်။

အဆိုပါယာဉ်များ ၀ယ်ယူရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ
အဖွဲ့ထံသို့ ခွင့်ပြုချက် တောင်းခံထားပြီး ယင်းကိစ္စကို ဖြေရှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို တာဝန်ပေးခဲ့ခြင်း
ဖြစ်သည်။

ကရိန်းဖြင့် သယ်ယူရှင်းလင်းရာတွင် ရှင်းလင်းရေး အဖွဲ့များ ဖွဲ့စည်း၍ လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ယာဉ်များအား သယ်ယူ၍ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အတွင်းရှိ မော်တော်ယာဉ်ဌာန ရုံးဝင်းအတွင်းသို့ ပို့ဆောင်ရှင်းလင်း သွားမည်ဖြစ်ပြီး ကရိန်းငှားရမ်းခနှင့် စက်သုံးဆီဖိုး ကုန်ကျငွေများကို ယာဉ်ရပ်ထားသူမှ ကျခံရမည် ဖြစ်ကြောင်း သိရသည်။

eleven media group

အင်ဒို ဗုဒ္ဓဘုရားကျောင်း ဗုံးကွဲမှု မြန်မာပြည်နဲ့ဆက်နွယ်


အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့ ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။

အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီးရှားနိုင်ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။

အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)


ဓာတ်ခွဲခန်းထုတ် ဘာဂါအသား စားလို့ရပြီ


၀၅.၀၈.၂၀၁၃ (တနင်္လာနေ့)

ဒတ်ခ်ျ ဓာတု ပညာရှင်တွေ ကနေ ပထမဆုံး ထုတ်လုပ် လိုက်တဲ့ ဓာတ်ခွဲခန်း ထုတ် ဘာဂါ ကို လန်ဒန်မြို့မှာ ပထမဆုံး အဖြစ် ချက်ပြီး စားပြ ခဲ့ပြီ ဖြစ်ပါတယ်။

နွားက ထုတ်တဲ့ ဆဲလ်တွေကို နယ်သာလန် ဓာတ်ခွဲခန်း တခုမှာ အမဲသား အမျှင် အကြော တွေ ဖြစ်လာအောင် လုပ်ပြီး ဒီဘာဂါ အသားကို ထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ဒီဘာဂါကို စားခဲ့တဲ့ အကဲဖြတ် တဦးက အသားနဲ့ အတော် ဆင်တယ် လို့ ပြောပါတယ်။ တခြားအကဲခတ် အတဦးကတော့ အရသာဟာ အမဲသားနဲ့ နည်းနည်း ကွာတယ်လို့ ဆိုပါတယ်။

ဒီဘာဂါ ဖြစ်လာဖို့ ကုန်ကျ စားရိတ်ကတော့ ဒေါ်လာ ၃ သိန်းလောက် ရှိခဲ့ပါတယ်။
BBC Burmese

အိမ်သုံး ဆေးဝါးများကို နွားနို့ ကော်ဖီ အချိုရည်တို့နှင့် တွဲဖက် တိုက်ကျွေးမှု ရှောင်ကြဉ်သင့်


ရန်ကုန်  သြဂုတ်  ၎

နေထိုင်မကောင်းသည့် ကလေး သူငယ်များနှင့် လူကြီးမိဘများကို နွားနို့၊ ကော်ဖီနှင့် အချိုရည်တို့ တွဲဖက်၍ ဆေးဝါး တိုက်ကျွေးခြင်းသည် မှားယွင်းသည့် အပြုအမူတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး စာစဉ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အိမ်သုံး ဆေးဝါးများကို ရေအေးနှင့် ရေနွေး တစ်ခုခုဖြင့်သာ တွဲဖက် တိုက်ကျွေးရမည် ဖြစ်ကာ နွားနို့သည် တချို့သော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းတတ်ပြီး ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်မှာ လည်း သွေး လည်ပတ်မှုကို လှုံ့ဆော်နိုင်သော သတ္တိရှိခြင်းကြောင့် ဆေးနှင့်တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မား သွားစေနိုင်သည်။ လိမ္မော်ရည်ကဲ့သို့ အချိုရည်မျိုးသည်လည်း ဆေးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အတွက် ယင်း သောက်သုံးစရာများနှင့် တွဲဖက်၍ ဆေး မတိုက်သင့်ကြောင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် အချို့သော ရာသီပေါ် ရောဂါများတွင်လည်း အထက်ပါ သောက်သုံးစရာ အရည်များကြောင့် ဖြစ်ပွားသည့် ရောဂါနှင့်ဆေး မမျှသော ဆေးကုသမှု မှားယွင်းနိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်သည်။ ဥပမာ- မိုးရာသီတွင် အများဆုံး ဖြစ်ပွား သည့် သွေးလွန်တုပ်ကွေး ရောဂါ၌ ပါဝင်သော ရောဂါလက္ခဏာ ပြသချက်တွင် ဖျားနေသည့် ကလေးငယ်က ကော်ဖီရောင် အန်ပါက ထိုရောဂါ ဖြစ်သည်ဟု သတ်မှတ်ခြင်း ရှိသည့် အတွက် ယင်းရောဂါ မရှိသော ကလေးကို အိမ်သုံးဆေးနှင့် ကော်ဖီ တွဲတိုက်ပြီး ကလေး အန်လျှင် ကော်ဖီရည်များ ပြန်ပါမည် ဖြစ်သဖြင့် ဖြစ်ပွားသည့် ရောဂါ သတ်မှတ်ချက် မှားယွင်းမည်ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်သုံး ပဋိဇီဝ ဆေးများသည် ဗက်တီးရီးယားများကိုသာ နှိမ်နင်းရန် အသုံးပြုခြင်းဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှား ကြောင့် ဖြစ်လာသော ရောဂါများကို မနှိမ်နင်းနိုင်ကြောင်း သေချာစွာ သိရှိခြင်း မရှိသည့် ပြည်သူများသည် ဆေးဆိုင်များက စပ်ပေးသော ဆေးများကို သောက်သုံးခြင်းသည် နားလည်သည့် ဆေးဝါး ကျွမ်းကျင်သူ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် သူနာပြု ကျွမ်းကျင်များနှင့်  ဆရာဝန်များ စပ်ပေးခြင်း မဟုတ်ပါက အနာနှင့်ဆေး တစ်လွဲဖြစ်ကာ ဓာတ်မတည့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရော ဂါ ဖြစ်ပွားခြင်းများကို ကြုံနိုင် ကြောင်း  သိရသည်။

Myawady News

ရွှေဂုံတိုင် တံတား စီမံကိန်းကြောင့် ယင်းလမ်းကို တစ်လခွဲခန့် ပိတ်မည်


နန်းမြင့် | အင်္ဂါနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၃၇ မိနစ်

လက်ရှိ တည်ဆောက်နေဆဲဖြစ်သည့် ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယင်းလမ်းကို တစ်လခွဲခန့် ပိတ်သွားမည်ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်ကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် ယင်းလုပ်ငန်းကို လုပ်ဆောင်သည့် ကုမ္ပဏီမှ သိရသည်။

လမ်းပိတ်ထားခြင်းကို ဩဂုတ် ၆ ရက်မှ စက်တင်ဘာ ၁၈ရက်အထိ ရက်သတ္တပတ် ခြောက်ပတ် ပိတ်ထားမည်ဖြစ်ပြီး ပိတ်ထားသည့် ကာလအတွင်း ကမ္ဘာအေးဘုရားလမ်းမှ ဖြတ်သန်းမည့်ယာဉ်များသည် အနောက် ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်းကြား တောရလမ်းများမှ ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ
သိရသည်။

ယင်းသို့ လမ်းပိတ်ထားသော်လည်း ယာဉ်ငယ်များသွားလာနိုင်မည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်များနှင့် အမြင့် ၁၀ ပေနှင့် အထက်ပိုသော ယာဉ်လတ်များ၊ ယာဉ်ကြီးများ အန္တရာယ်ကင်းစွာသွားလာနိုင်မည့် အမြင့်ကင်းလွတ်ချက် မရှိသောကြောင့် ယင်းယာဉ်များသည် ရှောင်ကွင်းလမ်းများက သွားလာကြရမည်ဖြစ်သည်။

ရွှေဂုံတိုင် လမ်းဆုံတည်ဆောက်ရေး စီမံကိန်းကြောင့် ရွှေဂုံတိုင်မီးပွိုင့် တောင်ဘက်ခြမ်း (မြန်မာ့အလင်း သတင်းစာတိုက်နေရာမှ မီးပွိုင့်အထိ) ရှိ တံတားတိုင် အမှတ် P4. P3. P2. P1. P200 နှင့် P100 တို့တွင် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက်
ခြောက်ပတ်ခန့်ပိတ်ထားမည်ဖြစ်သည်။

ယင်းသို့လမ်းပိတ်ထားခြင်းနှင့် ပတ်သက်ပြီး Capital Development ကုမ္ပဏီမှ ရွှေဂုံတိုင်ခုံးကျော်တံတားစီမံကိန်း ဒါရိုက်တာ
ဦးအေးသော်က “လမ်းကို ခြောက်ပတ်ကြာ ပိတ်သွားပါမယ်” ဟု ပြောသည်။

ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ပန္နက်တင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ တတိယအပတ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟုလည်း ဦးအေးသော်က ပြောကြားသည်။

ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှုအများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် လမ်းဆုံတို့ကို ခုံးကျော်တံတားများဆောက်လုပ်ခဲ့ပြီး လှည်းတန်း ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပန္နက်တင်၍ စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ယာဉ်များ စတင်သွားလာနိုင်ခဲ့သည်။

ဆောက်လုပ်ဆဲ ခုံးကျော်တံတားများမှာ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားတို့ ဖြစ်သည်။ ဘုရင့်နောင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင် တည်ဆောက်ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။
Mizzima - News in Burmese

ရဲလေးဦးကို လူသတ်မှုဖြင့် စခန်းမှူးက ပြန်တရားစွဲ


ပဲခူးတိုင်း ဖြူးမြို့နယ် ရဲစခန်းမှ ရဲလေးဦးကို လူသတ်မှုဖြင့် အဆိုပါ ရဲစခန်း၏ စခန်းမှူး အုန်းကျော်က တောင်ငူခရိုင် တရားရုံးတွင် တရားစွဲ ဆိုထားရာ သြဂုတ် ၂ ရက်တွင် ယင်းအမှုကို တရားသူကြီးက စွဲချက်တင်  လိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက အရက်သေစာ သောက်စား ထားသည့် ဖြူးမြို့မှ လူငယ်တစ်ဦးကို ရဲလေးဦးက ရဲစခန်းသို့ ခေါ်ဆောင်ထိန်းသိမ်းစဉ် သေဆုံးသွားမှုနှင့် ပတ်သက်ပြီး ၎င်းတို့ကို စွပ်စွဲကာ ယခုလို တရားစွဲဆို ထားခြင်း ဖြစ်သည်။

ရဲလေးဦးက စခန်းတွင်ခေါ်ဆောင် ထိန်းသိမ်းစဉ် သေဆုံးသွားခဲ့သူမှာ အသက် ၂၄ နှစ် အရွယ် ကိုလင်းလင်းထက် ဆိုသူဖြစ်ပြီး သူသည် သေဆုံးချိန်အထိပြစ်မှုကြောင်းအရ တစ်စုံတစ်ရာ အမှုဖွင့်ခံထားရခြင်းပင် မရှိသေးကြောင်း သေဆုံးသူ၏ အမဖြစ်သူက မဇ္ဈိမကိုပြောသည်။

ကိုလင်းလင်းထက် သေဆုံးသည့်အမှုနှင့်ပတ်သက်၍ စွပ်စွဲခံရသည့် ရဲလေးဦးကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ကနဦး အရေးယူခဲ့ရာ ဒုရဲအုပ်တစ်ဦးက ထောင်တစ်နှစ် ချမှတ်ခံခဲ့ရပြီး ကျန် ဒုရဲအုပ်တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကိုမူ ရာထူးလျှော့ချသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ကာယကံရှင် မိသားစုထံမှ စုံစမ်းရရှိသည်။

ထိုသို့ ရဲဥပေဒအရ အရေးယူပြီးသည့်အပြင် အရပ်ဖက်တရားရုံး၌ လူသတ်မှုဖြင့် စခန်းမှူးက ထပ်မံ တရားစွဲဆိုထားခြင်းဖြစ်ပြီး တရားသူကြီး သြဂုတ် ၂ ရက်တွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

သို့သော် တောင်ငူခရိုင်တရားသူကြီး၏ စွဲချက်ကို ရဲများက “အပြစ်မရှိပါဘူး၊ သက်သေရှိပါတယ်” ဟု ခုခံခဲ့ကြောင်း တရားခွင်၌ သွားရောက်လေ့လာခဲ့သော သေဆုံးသူ၏ အမဖြစ်သူ မမြင့်ခက်ခက်မွန်က မဇ္ဈိမကို ပြောသည်။

ယခုအမှုကို သြဂုတ် ၁၄ ရက်တွင် ထပ်မံစစ်ဆေးရန် တရားသူကြီးက ချိန်းဆိုလိုက်ကြောင်း သေဆုံးသူ၏ ဖခင် ဦးလှမြင့်က ပြောသည်။

လူသတ်မှုဖြင့် တရားစွဲခံထားရသော ဖြူးမြို့နယ်ရဲစခန်းမှ ရဲများမှာ ဒုရဲအုပ် သူရိန်စန်း၊ ဒုရဲအုပ် ၀င်းတင့်၊ တပ်ကြပ်ကြီး ဖိုးစီ၊ တပ်သား မင်းကိုလတ်တို့ဖြစ်ကြကြောင်း သေဆုံးသူ ကိုလင်းလင်းထက်၏ မိသားစုဝင်များက အတည်ပြုပြောကြားသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အသက် မပြည့်သည့် မိန်းကလေးကို အဓမ္မကျင့်သူအား ထောင်ဒဏ် ၈ နှစ်ချမှတ်


နန်းဆိုင်နွမ်| August 5, 2013

အခြိမ်းခြောက်ခံခဲ့ရသည့် မိန်းကလေး (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက် အဓမ္မ ကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသော စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်အား ယနေ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးမှ ထောင်ဒဏ် ၈ နှစ် ချလိုက်ကြောင်း သိရသည်။

ဆိုင်ရှင် အမျိုးသားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းတွင် ချုပ်ထားကာ (ပ) နံပါတ် ၃၅/ ၁၃/ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ တိုင်ကြားစွဲဆိုခဲ့သည့် အမှုအား ထောင်ဒဏ် ချလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

“အသက်မပြည့်တဲ့ ကလေးငယ်ကို အဓမ္မကျင့်ပြီး ဆေးတွေတိုက်တယ်။ ပြီးတော့ ကလေးမကို ဟိုပို့ဒီပို့ လုပ်တယ်။ အဲဒါကို ကြည့်ပြီးတော့ ထောင်ဒဏ် ၈ နှစ်ပဲချတယ်ဆိုတာ ပိုဆိုးပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ။ ကျမ သိသလောက်ဆိုရင်တော့ တရားခံကို ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ်၂၀ အနည်းဆုံး ချနိုင်တယ်” ဟု ဒေါ်လေးလေးက ဆိုသည်။

အရွယ် မရောက်သေးသည့် ကလေးတဦးကို အဓမ္မကျင့်ကာ ထောင်ဒဏ် နှစ်အနည်းငယ် ချလိုက်သည့် အတွက် မထိုက်တန်ကြောင်း၊ ယခု ကလေး၏ ဘ၀ ရပ်တည်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ရှင်သန်ရန် အချိန်များစွာ ယူရမည်ဖြစ်ကြောင်း၊ အဓမ္မကျင့်ပြီး ဆေးများစွာ တိုက်ကျွေးခဲ့သဖြင့် ကလေး၏ ကျန်းမာရေးမှာ မကောင်းနိုင်တော့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော့်ရဲ့ တူမက အခုဆိုရင် နေ့တိုင်းလိုလို ဗိုက်အောင့်နေတယ်။ ကျန်းမာရေး မကောင်းတဲ့ ကြားကနေ တရားရုံးကိုသွား ရတယ်။ အသက်အရွယ်နဲ့ မလိုက် အနိုင်ကျင့်ခံရပြီး တရားခံကို အမိန့်ချတော့ ထောင်ဒဏ် ၈ နှစ်ဆိုတာ အရမ်းနည်းတယ်။သူ့ဘ၀ ရပ်တည်ဖို့အတွက် တော်တော် ရှက်နေတယ်” ဟု ကလေး၏ အုပ်ထိန်းသူ ဦးတင်ဌေးက ဧရာဝတီသို့ ပြောသည်။

ရန်ကုန် မြောက်ဥက္ကလာပရှိ ချယ်ရီ စားသောက်ဆိုင်တွင် ၂၀၁၀ ပြည့်နှစ်က လုပ်အားခ တလ ကျပ် ၁ သောင်းခွဲဖြင့် အလုပ်လုပ်ရန် မိဘများက အပ်နှံခဲ့ကြောင်း၊ ၎င်းကို ဆိုင်ရှင် အမျိုးသားက ၆ ကြိမ်တိုင်တိုင် အဓမ္မ ပြုကျင့်ခဲ့ပြီး ဆိုင်ရှင်၏ ဇနီး သိရှိသွားသည့် နောက်ပိုင်းတွင် ပြဿနာ တစုံတရာ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဆိုင်ရှင်အမျိုးသား၏ အစ်မအိမ်သို့ တလခန့် ပို့ထားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် မြောက်ဥက္ကလာပ ရောင်ခြည်သစ် လ္ဘက်ရည်ဆိုင်သို့ ပို့ထားခဲ့ပြီး ၎င်းနေရာတွင် မလုံခြုံဟု ယူဆကာ လာရောက်ခေါ်ယူ၍ အောင်မင်္ဂလာ ကားဝင်းရှိ သန့်စင်ခန်းတွင် ၃ လခန့် သွားရောက် ကူညီလုပ်ကိုင်စေခဲ့ကြောင်း၊ ယင်းနေရာတွင် မကြာခဏ လာရောက် ခြိမ်းခြောက်ကြကြောင်း၊ ၎င်းနောက်တွင်မှ နေအိမ်သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရှာတွေ့ကာ ဆက်သွယ်ခဲ့ရကြောင်း မိန်းကလေးက ၎င်း အဖမ်းမခံရမီ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဧရာဝတီကို ရှင်းပြခဲ့သည်။

အဓမ္မမှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင် ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့ကြောင်း ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး (ပ) နံပါတ် ၁၀၄/ ၁၃ ပုဒ်မ ၃၈၁ ဖြင့် ပြန်လည်တရားစွဲဆိုထားကာ ရန်ကုန်
နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ၂၄ ရက်နေ့က ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မိန်းကလေးဘက်မှ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကွန်ရက်မှ ဦးအောင်သိန်းက “တကယ်ဆိုရင် ခရိုင် တရားရုံးကနေပြီးတော့ ဒီလိုအမှုကို ၁၀ နှစ်ကနေ တသက်တကျွန်းအထိ စီရင်ပိုင်ခွင့်ရှိပါတယ်။အခုတော့ ထောင်ဒဏ် ၈ နှစ်ဆိုတော့ ကျနော်တို့ အနေနဲ့ များတယ် နည်းတယ်ဆိုတာ မပြောချင်တော့ပါဘူး။ တချို့ ကလေးသူငယ် အမှုတွေတောင် ကျနော်တို့ မဖော်ထုတ် နိုင်တာတွေ ရှိခဲ့တာပဲလေ။ ကလေး အမှုတွေက ပျောက်သွားတာ များပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ တံတားဦးမြို့နယ်တွင် ၂၀၁၃ ခုနစ်မတ်လ ၈ ရက်နေ့က အကြော်ရောင်းသည့် အသက် ၃၄ နှစ် အရွယ် အမျိုးသမီးအား အဓမ္မကျင့် ပစ္စည်းယူလူသတ်ခဲ့သူကို (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉/ ၃၀၂/ ၃၇၆ ဖြင့် စွဲချက်တင်ပြီး ကျောက်ဆည် ခရိုင်တရားရုံးက ဇူလိုင် ၃၀ ရက်နေ့က သေဒဏ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ရောက်မှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးများ ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

ဧရာဝတီ


မြ၀တီမြို့ မှာ ရေကျပြီးပေမယ့် အကူအညီတွေ လိုအပ်နေဆဲ

မြ၀တီမြို့ မှာ ရေကျပြီးပေမယ့် မြို့သန့်ရှင်းရေးတွေ ဆက်လုပ်နေရဆဲဖြစ်သလို အကူအညီတွေလဲ လိုအပ်နေဆဲပါ။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ် ။ ရိုက်ကူး ဖိုးစီ


အလုံ အကယ်ဒမီဆေးခန်းရှေ့ လုယက်မှုမှ တရားခံ(၃)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၄)ရက်အတွင်းဖော်ထုတ်ဖမ်းဆီး


ရန်ကုန်၊ သြဂုတ် ၅

၃၁.၇.၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန်ခန့်တွင် ကိုမြင့်ကျော်သန်း (ဘ)ဦးကျော်ညွှန့်၊ မင်္ဂလာဒုံမြို့နယ်နေသူသည် အစ်ကိုဖြစ်သူတို့နှင့်
အတူ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အကယ်ဒမီဆေးခန်းတွင် သူငယ်ချင်းဖြစ်သူ မီးဖွားနေ၍သတင်း သွားရောက်မေးမြန်းစဉ် ၎င်းတစ်ဦးတည်း ၃င/---၊SWIFTယာဉ်အတွင်း
ကျန်နေခဲ့ချိန် အမည်မသိ အမျိုးသား(၃)ဦးမှ ယာဉ်အတွင်း
ဝင်ရောက်လာကာ ဓါးဖြင့်ထောက်၍ ယာဉ်နှင့်အတူခေါ်ဆောင်သွား ပြီးနောက် ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ချထားခဲ့ကာ ယာဉ်နှင့်
အတွင်းမှ Laptop (၁)လုံး၊ Apple Mini Ipad (၁)လုံး၊ Auto
အမျိုးအစား SIM ကဒ်ပါဖုန်း(၁)လုံးတို့ကို ယူဆောင်မောင်းနှင်
ထွက်ပြေး သွားသဖြင့် အရေးယူပေးပါရန် အလုံမြို့မရဲစခန်းသို့
တိုင်တန်းခဲ့၍ (ပ)၁၇၉/၂၀၁၃၊ ပုဒ်မ ၃၉၂ ဖြင့်အရေးယူ
စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်စဉ် ပါဆုံးသွားသည့်
ယာဉ်အား ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ရပ်ထားသည်ကိုပြန်လည်တွေ့ရှိခဲ့ပါသည်။

အမှုမှတရားခံများနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကွမ်းရွဲလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ အမှတ်(---)နေအိမ်မှ
တရားခံ ညီညီမင်းရှင်(ခ)ဇင်မင်းဦး (ဘ)ဦးဇော်မင်းသူ၊ ကန်အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်သို့ တိမ်းရှောင်ရန်ထွက်ခွာသွားသူ ဥာဏ်လင်းထက်(ခ)ကေတီ (ဘ)ဦးဝင်းတင်၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်နေသူအား အောင်မင်္ဂလာအဝေးပြေးဝင်းမှလည်းကောင်း၊ ကုဋေကျော် (ဘ)ဦးမောင်မောင်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် နေသူအား လမ်းမတော်မြို့နယ်ရှိ ပုလဲမေ တည်းခိုခန်းမှလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတရားခံများ၏စစ်ဆေးချက်များအရ ၃၁.၇.၂၀၁၃ ရက်နေ့
၁၇၀၀ အချိန်ခန့်တွင် ကုဋေကျော်၏ နေအိမ်တွင်တွေ့ဆုံကြစဉ် လုယက်မှုတစ်ခုခုကျူးလွန်ရန်တိုင်ပင်ခဲ့ကြပြီး ဓါး(၂)ချောင်းအား ၀ယ်ယူခဲ့ကြကာ ဆင်မင်းဈေးမှတ်တိုင်၌ လမ်းလျှောက်၍ လုယက်မည့်လူနှင့်ကားတို့အား ရှာဖွေနေစဉ် အကယ်ဒမီဆေးခန်းရှေ့
အရောက် ၃င/---- ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးတည်း IPad ဖြင့် ဂိမ်းကစား နေသည်ကိုတွေ့ရှိရ၍ ၎င်းတို့(၃)ဦးမှ ယာဉ်အတွင်း
ဝင်ရောက်ကာ အဆိုပါအမျိုးသားအား ဓါဖြင့်ထောက်ပြီး ယာဉ်အားမောင်းနှင်ယူဆောင်ခဲ့ကြောင်း၊ ချော်တွင်းကုန်းမီးပွိုင့်
အနီးတွင် ယာဉ်ပေါ်ပါ အမျိုးသားအား ထားရစ်ခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်းသို့
ရောက်ရှိစဉ် ယာဉ်အားထားခဲ့ပြီး ယာဉ်ပေါ်ပါ Laptop (၁)လုံး၊
IPad (၁)လုံး၊ ဟန်းဆက် (၁)လုံးနှင့် ငွေကျပ် (၁၀၀၀၀)တို့အား ယူဆောင်လာခဲ့ကြကြောင်း၊ နောက်ရက်များတွင် Laptop ၊ IPad တို့အား ရောင်းချကာခွဲဝေသုံးစွဲခဲ့ကြောင်း၊ ဖုန်းအတွင်းမှ
SIM ကဒ်အားလွှင့်ပစ်ခဲ့ပြီး ဟန်းဆက်အား ဥာဏ်လင်းထက်မှ ကိုင်ဆောင်အသုံးပြုလျက်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါစစ်ဆေးချက်များအရ အမှုမှပါဆုံးသက်သေခံ
ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်း တရားခံ(၃)ဦးအား အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိ ပါသည်။
Yangon Police

Avatar ဇာတ်ကားများ ဆက်တိုက် ထွက်ရှိလာမည်


ကင်မရွန်က Avatar၏ နောက်ဆက်တွဲ ဇာတ်ကား (၃)ကားကို လာမည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် တစ်ကားနှုန်းဖြင့် ဆက်တိုက် ရိုက်ကူးသွားမည်ဟု ကြေညာခဲ့သည်။

ဟောလီးဝုဒ်၏ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် အကြီးအကျယ် အောင်မြင်ခဲ့ပြီးနောက် အတန်ငယ် အသံတိတ်သွားသည့် Avatar၏ အနာဂတ်ကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ထုတ်ဖော် ပြောဆိုလိုက်ပြီ ဖြစ်သည်။ ကင်မရွန်က Avatar၏ နောက်ဆက်တွဲ ဇာတ်ကား (၃)ကားကို လာမည့်နှစ်မှ စတင်ကာ တစ်နှစ်လျှင် တစ်ကားနှုန်းဖြင့် ဆက်တိုက် ရိုက်ကူးသွားမည်ဟု ကြေညာခဲ့သည်။ အသက်(၅၈)နှစ် ရှိပြီဖြစ်ပြီး Titanic ဇာတ်ကားတွင်လည်း ဒါရိုက်တာအဖြစ် လက်စွမ်းပြဖူးသည့် ကင်မရွန်သည် အဆိုပါ ဇာတ်ကားများအတွက် ဇာတ်ညွှန်းကို ဂျော့ရှ်ဖရိုက်ဒ်မန်း၊ ရှိန်းဆလာနို၊ ရစ်ခ်ဂျက်ဖာနှင့် အမန်ဒါ ဆေးလ်ဗားတို့အား တာဝန်ပေးထားလိုက်ကြောင်းလည်း သိရသည်။



20 Century Fox ကုမ္ပဏီသည် အဆိုပါ ဇာတ်ကားများအနက် ပထမဆုံး ဇာတ်ကားကို (၂၀၁၆)ခုနှစ်တွင် အစောဆုံး စတင် ရုံတင်ရန် ရည်ရွယ်ထားသည်။ အချို့သတင်း ဌာနများကလည်း (၂၀၁၇)မှ စတင်ရုံတင်ဖွယ် ရှိကြောင်း ဖော်ပြထားသည်။ ကင်မရွန်က ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာတွင် "Avatarနဲ့အတူ ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ ကမ္ဘာသစ်တစ်ခုဟာ ရှားပါပြီး မယုံနိုင်လောက်စရာ အံ့ဩမှုမျိုး ကြုံတွေ့စေခဲ့ပါတယ်။ ခုတော့ ကျွန်တော်တို့ ဇာတ်ကားသစ်တွေအတွက် ဇာတ်ညွှန်း စရေးနေပါပြီ။ Avatarရဲ့ သီးခြားလောက၊ ဇာတ်လမ်းနဲ့ ဇာတ်ရုပ်တွေကို ကျွန်တော် အလေးအနက် ပုံဖော်ဖို့ ရည်စူးပါတယ်။ ဇာတ်လမ်း နှစ်ခုလောက်ဟာ လုံလောက်မလားလို့ ကျွန်တော် တွေးတယ်။ ဒါပေမဲ့ ကျွန်တော် ဖန်တီးစိတ်ကူးထားတဲ့ လောကသစ်ကို ပြည့်ပြည့်စုံစုံ ပြသနိုင်ဖို့ တကယ်တမ်းကျတော့ မလုံလောက်ဘူး"ဟု ပြောကြားခဲ့သည်။



၎င်းက "ဇာတ်ညွှန်းအတွက် အမန်ဒါ၊ ရစ်ခ်၊ ရှိန်းနဲ့ ဂျော့ရှ်တို့ဆီက အကူအညီ ယူခွင့်ရတာ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ သူတို့နဲ့အတူ စကြာဝဠာကို ကျွန်တော်တို့ ထပ်ပြီး ဖြန့်ကျက်လို့ ရလာပါပြီ"ဟုလည်း ဆိုသည်။ ကင်မရွန်သည် မကြာသေးမီက ၎င်းအနေဖြင့် ဒါရိုက်တာ ဘဝ၏ သက်တမ်းလက်ကျန်တွင် Avatar ဇာတ်ကားသစ်များအတွက် မြှုပ်နှံ အချိန်ကုန်သွားနိုင်ကြောင်း ဝန်ခံခဲ့ဖူးသည်။ (၂၀၁၀)ပြည့်နှစ်က ကင်မရွန်သည် နောက်ထပ် Avatar ဇာတ်လမ်းအဆက် အနည်းဆုံး (၂)ကားမျှ ရိုက်ကူးဖွယ် ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ပရိသတ်များက စောင့်မျှော်ခဲ့ကြသည်။ (၂၀၀၉)ခုနှစ်က ရုံတင်သော Avatar ဇာတ်ကားသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာ (၂)ဘီလျံကျော် ရုံဝင်ကြေး ရရှိခဲ့သည်။ အဆိုပါ ဇာတ်ကားသည် အော်စကာဆုအတွက် ဆု(၉)ခုစာ အမည်စာရင်း တင်သွင်းခံရပြီး ဆု(၃)ခု ဆွတ်ခူးနိုင်ခဲ့သည်။
Planet Myanmar Network