အလုံ အကယ်ဒမီဆေးခန်းရှေ့ လုယက်မှုမှ တရားခံ(၃)ဦးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၄)ရက်အတွင်းဖော်ထုတ်ဖမ်းဆီး

ပို့စ်တင်ချိန် - 8/06/2013 09:03:00 AM


ရန်ကုန်၊ သြဂုတ် ၅

၃၁.၇.၂၀၁၃ ရက်နေ့ ၂၀၄၅ အချိန်ခန့်တွင် ကိုမြင့်ကျော်သန်း (ဘ)ဦးကျော်ညွှန့်၊ မင်္ဂလာဒုံမြို့နယ်နေသူသည် အစ်ကိုဖြစ်သူတို့နှင့်
အတူ အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အကယ်ဒမီဆေးခန်းတွင် သူငယ်ချင်းဖြစ်သူ မီးဖွားနေ၍သတင်း သွားရောက်မေးမြန်းစဉ် ၎င်းတစ်ဦးတည်း ၃င/---၊SWIFTယာဉ်အတွင်း
ကျန်နေခဲ့ချိန် အမည်မသိ အမျိုးသား(၃)ဦးမှ ယာဉ်အတွင်း
ဝင်ရောက်လာကာ ဓါးဖြင့်ထောက်၍ ယာဉ်နှင့်အတူခေါ်ဆောင်သွား ပြီးနောက် ချော်တွင်းကုန်းမီးပွိုင့်အနီးတွင်ချထားခဲ့ကာ ယာဉ်နှင့်
အတွင်းမှ Laptop (၁)လုံး၊ Apple Mini Ipad (၁)လုံး၊ Auto
အမျိုးအစား SIM ကဒ်ပါဖုန်း(၁)လုံးတို့ကို ယူဆောင်မောင်းနှင်
ထွက်ပြေး သွားသဖြင့် အရေးယူပေးပါရန် အလုံမြို့မရဲစခန်းသို့
တိုင်တန်းခဲ့၍ (ပ)၁၇၉/၂၀၁၃၊ ပုဒ်မ ၃၉၂ ဖြင့်အရေးယူ
စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည် စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်စဉ် ပါဆုံးသွားသည့်
ယာဉ်အား ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် ရပ်ထားသည်ကိုပြန်လည်တွေ့ရှိခဲ့ပါသည်။

အမှုမှတရားခံများနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကွမ်းရွဲလမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ အမှတ်(---)နေအိမ်မှ
တရားခံ ညီညီမင်းရှင်(ခ)ဇင်မင်းဦး (ဘ)ဦးဇော်မင်းသူ၊ ကန်အနောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်သို့ တိမ်းရှောင်ရန်ထွက်ခွာသွားသူ ဥာဏ်လင်းထက်(ခ)ကေတီ (ဘ)ဦးဝင်းတင်၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်နေသူအား အောင်မင်္ဂလာအဝေးပြေးဝင်းမှလည်းကောင်း၊ ကုဋေကျော် (ဘ)ဦးမောင်မောင်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ် နေသူအား လမ်းမတော်မြို့နယ်ရှိ ပုလဲမေ တည်းခိုခန်းမှလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတရားခံများ၏စစ်ဆေးချက်များအရ ၃၁.၇.၂၀၁၃ ရက်နေ့
၁၇၀၀ အချိန်ခန့်တွင် ကုဋေကျော်၏ နေအိမ်တွင်တွေ့ဆုံကြစဉ် လုယက်မှုတစ်ခုခုကျူးလွန်ရန်တိုင်ပင်ခဲ့ကြပြီး ဓါး(၂)ချောင်းအား ၀ယ်ယူခဲ့ကြကာ ဆင်မင်းဈေးမှတ်တိုင်၌ လမ်းလျှောက်၍ လုယက်မည့်လူနှင့်ကားတို့အား ရှာဖွေနေစဉ် အကယ်ဒမီဆေးခန်းရှေ့
အရောက် ၃င/---- ယာဉ်ပေါ်၌ အမျိုးသားတစ်ဦးတည်း IPad ဖြင့် ဂိမ်းကစား နေသည်ကိုတွေ့ရှိရ၍ ၎င်းတို့(၃)ဦးမှ ယာဉ်အတွင်း
ဝင်ရောက်ကာ အဆိုပါအမျိုးသားအား ဓါဖြင့်ထောက်ပြီး ယာဉ်အားမောင်းနှင်ယူဆောင်ခဲ့ကြောင်း၊ ချော်တွင်းကုန်းမီးပွိုင့်
အနီးတွင် ယာဉ်ပေါ်ပါ အမျိုးသားအား ထားရစ်ခဲ့ပြီး ဆက်လက်မောင်းနှင်ခဲ့ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်းသို့
ရောက်ရှိစဉ် ယာဉ်အားထားခဲ့ပြီး ယာဉ်ပေါ်ပါ Laptop (၁)လုံး၊
IPad (၁)လုံး၊ ဟန်းဆက် (၁)လုံးနှင့် ငွေကျပ် (၁၀၀၀၀)တို့အား ယူဆောင်လာခဲ့ကြကြောင်း၊ နောက်ရက်များတွင် Laptop ၊ IPad တို့အား ရောင်းချကာခွဲဝေသုံးစွဲခဲ့ကြောင်း၊ ဖုန်းအတွင်းမှ
SIM ကဒ်အားလွှင့်ပစ်ခဲ့ပြီး ဟန်းဆက်အား ဥာဏ်လင်းထက်မှ ကိုင်ဆောင်အသုံးပြုလျက်ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါစစ်ဆေးချက်များအရ အမှုမှပါဆုံးသက်သေခံ
ပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ၎င်း တရားခံ(၃)ဦးအား အမှုဖြင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိ ပါသည်။
Yangon Police