ဘဏ်စာရင်း ၅ ခုနှင့် ဒေါ်လာ ၁၁ ဘီလီယံကိစ္စ Jelson Garcia ရှင်းလင်း



အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင် ရောက်လာခြင်းနှင့်ပတ်သက်၍ မြန်မာမီဒီယာသတင်းသမားများ သိသင့်သိထိုက်သော သတင်းအချက်အလက်များ ဝေငှ ပညာပေးသည့် လုပ်ငန်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့ များက ၄၇ လမ်းနှင့် ကုန်သည်လမ်း ထောင့်ရှိ Myanmar Media Library ရုံးခန်း၌ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ (BurmaPartnership)နှင့် ဘဏ်လုပ် ငန်းဆိုင်ရာ သတင်းအချက်အလက်ဗဟို (Bank Information Center)တို့က ဦးဆောင် ဦးရွက်ပြုကျင်းပခဲ့ပြီး BIC မှ အာရှဒေသဆိုင်ရာ အစီအစဉ်မန်နေဂျာ Jelson Garcia က ဦးဆောင်ဆွေးနွေးကာ BP မှ ညှိနှိုင်းဆောင်ရွက်သူ မခင်ဥမ္မာက စကားပြန်အဖြစ် ကူညီပေးခဲ့ သည်။ Jelson Garcia သည် အပြည်ပြည်ဆိုင် ရာငွေကြေးအဖွဲ့အစည်း များ ရင်းနှီးကျွမ်းဝင်သူ၊ အတွေ့အကြုံရင့် ကျက်သည့် BIC ဝန်ထမ်းတစ်ဦး ဖြစ်သည်။

ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်များအရ မြန်မာနိုင်ငံနှင့် ပြန်လည်ချိတ်ဆက်ဆောင် ရွက်လာပြီဖြစ်သော ကမ္ဘာ့ဘဏ်(World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank)၊ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) အစရှိသော ငွေကြေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများ၊ ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်ဆင့်နှင့် လုပ်ငန်းသဘောတရားများအကြောင်းကို သတင်းသမားများအတွက် ခြုံငုံဆွေးနွေးပေးခြင်း ဖြစ်သည်။ အလွန်တရာ ရှုပ်ထွေးကျယ်ပြန့်လှသော ဘဏ်လုပ်ငန်းများအကြောင်းကို ၄ နာရီကျော်အချိန်တိုအတွင်း၌ရှင်းပြရသည့် အတွက် အပေါ်ယံသဘောသာ ဆွေးနွေး ပေးနိုင်ခဲ့သည်။ သို့သော် အရေးကြီးသော၊ သတင်းသမားများသိအပ်သော အချက် အလက်များကို အတိုင်းအတာတစ်ခုအထိ ကျေနပ်နိုင်လောက်အောင် မျှဝေပေးခဲ့ပါ သည်။

Bank Information Center သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ နိုင်ငံရေးအရ အသွင် ပြောင်းလဲနေသော နိုင်ငံများတွင် လူမှုရေး၊ စီးပွားရေးကဏ္ဍများ၌ တရားမျှ တမှုရှိစေရေး၊ အများပြည်သူအခွင့်အရေး ကို ကာကွယ်နိုင်ရေး၊ စီမံကိန်းများ လုပ် ကိုင်ဖော်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် ကမ္ဘာ့ဘဏ်နှင့် ဒေသ ဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်များ၏ လုပ်ငန်းဆောင်တာများကို စောင့်ကြည့်လေ့လာသည့် လွတ်လပ်သော၊ အကျိုးအမြတ်အ တွက်မဟုတ်သော NGO အဖွဲ့အစည်းဖြစ် သည်။ ဥပမာ- မြစ်ဆုံစီမံကိန်းကဲ့သို့ အများပြည်သူ ဒုက္ခရောက်စေနိုင်သော၊ သဘာဝပတ် ဝန်းကျင်ကို ဆိုးကျိုးသက် ရောက်စေနိုင်သော စီးပွားရေးလုပ်ငန်း၊ စီမံကိန်းများကို အစိုးရပိုင်း (သို့) ပုဂ္ဂလိကပိုင်းမှ ကုမ္ပဏီကြီးများက အဆိုပါဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများထံမှ ငွေချေးယူပြီး အကောင်အထည်ဖော်လုပ်ကိုင် သည်ဆိုပါက တားဆီးဟန့်တားနိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများအတွက် လိုအပ်သည့် သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်း၊ သက်ဆိုင်ရာ ငွေကြေး အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ရန်အတွက် ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း လှုပ်လှုပ်ရှား ရှားဖြစ်နေသော မြန်မာနိုင်ငံ၏ ကြွေးမြီ ပမာဏ၊ ဘဏ်စာရင်း ၅ ခုနှင့် ဒေါ်လာ ၁၁ ဘီလီယံကိစ္စကို အများပြည်သူတို့ ရှင်း လင်းစွာသိစေနိုင်ရန်အတွက် Jelson Garcia နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

“စက်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက် က လုပ်တဲ့ မြန်မာမီဒီယာများနှင့် တွေ့ဆုံ ပွဲရဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေအကြောင်း၊ အဲဒီ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည်ချိတ်ဆက်လုပ်ကိုင်လာ ကြပုံတွေကို ၄ နာရီ လောက် အချိန်အတွင်းမှာ သတင်းမီဒီယာသမားတွေ နားလည်လာအောင် မိတ်ဆက်ပေးတာပါ။ ကျွန်တော်တို့ဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ ရှည်ကြာစွာ ဆက်ဆံလာခဲ့တာရယ်၊ ၂၀၁၂ ခုနှစ်ကစ ပြီး ကမ္ဘာ့ဘဏ်နဲ့ မြန်မာနိုင်ငံတို့ တရားဝင် ပြန်လည်ဆက်ဆံလုပ်ကိုင်လာစဉ်ကနေ ယနေ့အထိသာမက၊ ဒီကာလတွေ မတိုင်မီ ကတည်းကလည်း ဒီငွေကြေးအဖွဲ့ အစည်းတွေကို ကျွန်တော်တို့က နှစ်ပေါင်းများစွာ အနီးကပ်စောင့်ကြည့်လာခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဖိတ်ခေါ်ချက် အရ အဲဒီတွေ့ဆုံပွဲကို ကျွန်တော်လာခဲ့တာ ပါ”

“ဒေါ်လာ ၁၁ ဘီလီယံအကြောင်းကို ကျွန်တော်က သေချာပေါက်သဘောမျိုးနဲ့ ယတိပြတ်ပြောခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်ပေးခဲ့တဲ့ သတင်းအချက် အလက်တွေက နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာတွေအပေါ်က နေရတာပါ။ ပြီးတော့လည်း အဲဒါတွေဟာ တရားဝင် (သို့မဟုတ်) တိကျသော ကိန်း ဂဏန်းများ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် အစောပိုင်းက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုး ရေး ဘဏ်တို့နဲ့တွေ့စဉ်က သူတို့ကိုယ်တိုင် က အတိအကျ မထုတ်ပြန်နိုင်ခဲ့ဘူး”
စက်တင်ဘာ ၁၂ရက်နေ့က ၎င်းသတင်းဖော်ပြချက်အပေါ် ကမ္ဘာ့ဘဏ်က ထုတ်ပြန်သော အဆိုတွင် `အစိုးရအဖွဲ့ အစည်းများအနေဖြင့် နိုင်ငံခြားဘဏ်များတွင် သက်ဆိုင်ရာတိုင်းပြည်အတွက် အရန်ငွေအပ်နှံထားခြင်းမှာ ထူးဆန်းသည့် အလေ့အထမဟုတ်´ဟု ရေးသားထားသည်။

ယင်းကိစ္စကို မြန်မာမီဒီယာတစ်ခု ၏ အရေးအသားနှင့်ပတ်သက်၍ Jelson Garcia က ဆက်လက်ရှင်းပြပါသည်။
“အဲဒီ သတင်းဆောင်းပါးမရေးမီ က ကျွန်တော့်ကို ဖုန်းနဲ့သော်လည်းကောင်း၊ အီးမေးလ်နဲ့သော်လည်းကောင်း၊ လူချင်း တွေ့ဆုံပြီးတော့သော်လည်းကောင်း၊ မေးမြန်းခြင်းတစ်စုံတစ်ရာ မရှိခဲ့ပါ။ မမေးဘဲ ရေးလိုက်တော့ အားလုံး ရှုပ်ယှက်ခတ်ကုန် တော့တာပေါ့။ ကျွန်တော်တို့ ဆွေးနွေးပွဲလုပ်တာ အဲဒီလိုဖြစ်သွားဖို့ လုံးဝမရည်ရွယ်ခဲ့ပါဘူး။ သူတို့ကို မီဒီယာကျင့်ဝတ်အကြောင်း သတိပေးသင့်တယ်။ ကျွန်တော် သူတို့ကို ဆက်သွယ်တော့ အယ်ဒီတာက အကြောင်းပြန်တယ်။ ဘဏ်စာရင်း ၅ ခုနဲ့ ဒေါ်လာ ၁၁ ဘီလီယံ ကိစ္စကို သူတို့အနေနဲ့ မဖော်ပြခဲ့ပါဘူးတဲ့။ ကျွန်တော် သူတို့ကို ရှင်းလင်းပြပြီးနောက် ကျွန်တော့်ကို ကမ္ဘာ့ဘဏ်ဝန်ထမ်းလို့ မှားယွင်းဖော်ပြခဲ့တာကို စက်တင်ဘာ ၁၃ ရက်မှာ ပြင်ဆင်ဖော်ပြပေးခဲ့တယ်လို့ ပြောပါတယ်”။

Jelson Garcia အနေဖြင့် ထပ်မံ ဖြည့်စွက်ပြောကြားစရာ ရှိပါသလားဆို သည့်အမေးကိုမူ “ကျွန်တော့်နာမည်ကို သုံးမယ်၊ ကျွန်တော့်စကားကို ကိုးကား မယ်ဆိုရင် ကျွန်တော်နဲ့အတည်ပြု၊ ခွင့်ပြုချက်ယူပြီးမှ လုပ်ပေါ့ဗျာ။ အဲဒီလိုမလုပ်ခဲ့လို့ အကုန်လုံးရှုပ်ကုန်တာ။ ကျွန်တော်တို့လုပ်တဲ့ ဆွေးနွေးပွဲက အသိပညာဝေမျှဖို့ပါ။ မီဒီယာကျင့်ဝတ်ကို မေ့မထားသင့်ဘူး။ တစ်ဖက်စောင်းနင်း မဖြစ်ရအောင် ကမ္ဘာ့ ဘဏ်နဲ့လည်း မေးမြန်းစုံစမ်းပြီးမှ ချိန်ဆပြီး လုပ်ခဲ့ဖို့ကောင်းတယ်။ မလိုလားအပ်တဲ့ ပြဿနာဖန်တီးတာ၊ လူအများရဲ့ ဂုဏ် သိက္ခာထိပါးစေနိုင်တဲ့ အရေးအသားမျိုး ဟာ တာဝန်မဲ့တဲ့ စာနယ်ဇင်းအလုပ်ပဲဖြစ် တယ်”ဟု ဖြေကြားခဲ့ပါသည်။

သတင်းမီဒီယာသမားများအနေဖြင့် သတင်းဦး၊ သတင်းထူးသည် အလွန်တရာမှ အရေးကြီးသည်မှန်သော်လည်း တိကျမှန်ကန်မှုကိုမူ မည်သည့်နည်းနှင့်မှ ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါ။ တိကျမှန်ကန်မှုသည် သတင်း၏အသက်ပင် ဖြစ်သည်။

သို့သော်လည်း ဤဘဏ်စာရင်း ၅ ခုနှင့် ဒေါ်လာ ၁၁ ဘီလီယံကိစ္စကို တာဝန်ရှိအစိုးရအဖွဲ့ အစည်းများက ပြည်သူလူထုထံသို့ ရှင်းလင်းပြတ်သားစွာ အသိပေးထုတ်ပြန်သင့်သည်။ လူမှုကွန်ယက်ဆိုင်များမှတစ်ဆင့် ငြင်းဆိုခြင်း၊ အတည်ပြုခြင်းတို့သည် တရားမဝင်ပါ။ နိုင်ငံပိုင် အရန်ငွေများကို နိုင်ငံခြားဘဏ်များ၌ အပ်နှံခြင်းသည် ထူး ဆန်းသည့်ကိစ္စမဟုတ်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသော်လည်း အကယ်၍ မြန်မာအစိုးရ အနေနှင့် ထိုကဲ့သို့ အပ်နှံထားပါက ပမာ ဏ မည်၍မည်မျှရှိကြောင်းကို ပြည်သူ၏လူထုအား တရားဝင် အသိပေးရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တိုင်းပြည်၏အရန်ငွေသည် တစ်ဦးတစ်ယောက်ပိုင် မဟုတ်ပါ။ တိုင်းပြည်၏အရန်ငွေသည် ပြည်သူပိုင်ဖြစ်သည်။ `သန့်ရှင်းသည့်အစိုးရ´ ဖြစ်ဖို့ရာတွင် အစိုးရဌာနများ၏ လုပ်ငန်းဆောင်တာများအား အများပြည်သူအလွယ်အကူ သိနိုင်ရန် ပွင့်လင်းမြင်သာမှုရှိရန်မှာ အဓိက လိုအပ်ချက်တစ်ခုဖြစ်သည်။ သို့ဖြစ်သောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ ဖြူ၏၊ မည်း၏ကို အစိုးရအနေဖြင့် တရားဝင် အသိပေးရှင်းလင်းပေးရန် လိုအပ်ပါသည်။

ဥက္ကာဦး
၁၉-၀၉-၂၀၁၃ နေ့ထွက် စောင့်ကြည့်သတင်းဂျာနယ် အတွဲ ၈၊ အမှတ် ၁၆
================

နောက်ဆက်တွဲသတင်း …

ဘဏ်စာရင်း ၅ ခု နှင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကိစ္စကို မိမိတို့အနေဖြင့် လုံးဝ မသိပါကြောင်း ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က အတိအလင်း ထုတ်ဖေါ်ပြောကြားလိုက်သည်။
၂၀.၉.၂၀၁၃ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမဆောင်တွင် ပြည်ထောင်စုဝန်ကြီးများ၊ဗဟိုဘဏ်တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပ သတင်းမီဒီယာတို့တွေ့ဆုံပွဲတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့အနေဖြင့် အဆိုပါကိစ္စကို လုံးဝမသိရှိကြောင်း။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားဘဏ်များတွက်အပ်နှံထားသော အရန်ငွေမှာ ၇ ဒသမ ၆ ဘီလီယံခန့်ရှိကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အရန်ငွေ ၁၁ ဘီလီယံရှိခြင်းကြောင့် ကမ္ဘာ့ဘဏ်က ၁ ဘီလီယံမပြည့်သည့်
နိုင်ငံတော်ကြွေးမြီကို မလျှော်ပေးခဲ့ဆိုသော သတင်းဖော်ပြချက်မှာ
လုံးဝမှန်ကုန်မှုမရှိကြောင်း၊ ခြတ်ခြုံကျနေသော ဥပမာ-
ပြည်တွင်းစစ်မီးများတောက်လောင်ပြီး ပြည်သူလူထုများ အတိဒုက္ခရောက်နေသော နိုင်ငံများကိုသာ ကြွေးမြီလျော်
ပေးလေ့ရှိကြောင်း၊ မိမိတို့ကိုယ်တိုင်က နိုင်ငံတော်ကြွေးမြီကို
အသက်သာဆုံးနည်းလမ်းဖြင့် ပေးချေနိုင်ရန်ကြိုးပမ်းလက်ရှိရာ
အလွယ်တကူ အကြွေးလျော်နိုင်မည့် မိမိတို့မသိသော နည်းလမ်းများရှိသည်ဆိုပါက
ပြသစေလိုကြောင်း ဘဏ္ဍာရေးဝန်ကြီးဦးဝင်းရှိန်က ဖြည့်စွက်ပြောကြားခဲ့သည်။

News Watch Weekly

ပန်းသေပန်းညှိုးခြင်း


ပန်းညှိုးပန်းသေခြင်း၏ရောဂါလက္ခဏာများပန်းညှိုးပန်းသေခြင်းသည်အတွေ့များဆုံးသောအမျိုးသားများ၏လိင်စွ မ်းအားကိုအဟန့်အတားဖစ်စေသည့်ရောဂါတစ်မျိုးဖြစ်ပါသည်။ထိုရောဂါသည်အမျိုးသားများ၏လိင်ဆက်ဆံခြင်းကိုအ လွန်ထိခိုက်စပါသည်။ပန်းညှိုးပန်းသေစဖြစ်သောလူနာ၏လိင်ဆက်ဆံမှုမှာယဘုယျအားဖြင့်ပုံမှန်ရှိပါသည်။ရွှေပိေ တာက်ဆေးရုံဆီးလမ်းကြောင်းအထူးကုပါရဂူ၏ရှင်းပြချက်အရပန်းညှိုးပန်းသေလက္ခဏာတွင်စိတ်အာရုံကြောင့်ပန်း ညှိုးပန်းသေခြင်းနှင့်လိင်အင်္ဂါအဖွဲ့အစည်းကြောင့်ပန်းညှိုးပန်းသေခြင်းစသောလက္ခဏာများပါဝင်သည်။ ပန်းညှိုးပန်းသေလက္ခဏာဖြစ်ပွားပါကဆေးရုံသို့အချိန်မီစစ်ဆေးကုသရမည်။ပန်းညှိုးပန်းသေခြင်း၏ရောဂါလက္ခဏာများ 1.စိတ်အာရုံကြောင့်ပန်းညှိုးပန်းသေခြင်းစဖြစ်သောလက္ခဏာများမှာ-ရာဂါလက္ခဏာမြန်ခြင်း၊လိင်တံအလိုအလျောက်ကြွခြင်း၊ညအိပ်ချိန်(သို့တရေးနိုးချိန်တွင်လက်နှင့်လုပ်ခြင်း (သို့)လိင်စိတ်ကြွစေမည့်အကြောင်းများတွေးချိန်၌ထောင်ခြင်း၊အမှန်တကယ်လိင်ဆက်ဆံသည့်အချိန်တွင်မထောင်နိုင်ြ ခင်း(သို့)လိင်တံသည်အမျိုးသမီးအင်္ဂါနှင့်ထိမိချိန်တွင်မာပြီးထောင်လာကာထိုးထည့်သောအခါတွင်ြပန်၍ပျော့သွားတတ် ပါသည်။ထို့အပြင်စိတ်လောခြင်း၊စိတ်ခြောက်ခြားခြင်း၊စိတ်ဂနာမငြိမ်ဖြစ်ခြင်းနှင့်အာရုံကြောအားနည်းခြင်းများဖြ စ်တတ်ပါသည်။အချို့သောလူများတွင်သုတ်လွှတ်မြန်ခြင်း(သို့)လိင်ဆက်ဆံချိန်တွင်သုတ်လွှတ်မြန်ခြင်းလည်းရှိပါသည်။ 2.လိင်အင်္ဂါအဖွဲ့အစည်းထိခိုက်မှုကြောင့်ပန်းညှိုးပန်းသေခြင်းစဖြစ်သောလက္ခဏာများမှာ- မည့်သည့်အခြေအနေတွင်ဖြစ်ဖြစ်လိင်တံမကြွနိုင်ခြင်း၊ရာဂါအခြေအနေအလွန်ဆိုးရွားခြင်းနှင့်အချို့သော လူများတွင်ဆီးချိုရောဂါများလည်းရှိနိုင်ပါသည်။

Credit to: Shwe Padauk Hospital Yangon

အစိုးရ အနေဖြင့် နိုင်ငံပိုင်ငွေများကို ပြည်ပ၌ အပ်နှံထားခြင်း လုံးဝမရှိဆိုသည်မှာ လျှို့ဝှက်အကောင့်များဖြင့် ထားရှိခြင်း မဟုတ်ကြောင်းကို ဆိုလိုဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြား




အစိုးရ အနေဖြင့် နိုင်ငံပိုင်ငွေများကို ပြည်ပ၌ အပ်နှံထားခြင်း လုံးဝမရှိ ဆိုသည်မှာ လျှို့ဝှက်အကောင့်များဖြင့် ထားရှိခြင်း မဟုတ်ကြောင်းကို ဆိုလိုကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးရဲထွဋ်က စက်တင်ဘာ ၁၂ ရက်တွင် ၎င်း၏ Facebook စာမျက်နှာ၌ အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကိစ္စနှင့် ဆက်စပ်ပြီး ပြောဆိုရာ၌ "အစိုးရ အနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလို ပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလျံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ" ဟု ရေးသားခဲ့သည့်အတွက် ထိုရေးသားချက်ကို အခြေခံပြီး The Daily Eleven သတင်းစာက မေးမြန်းခဲ့သော မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ဦးရဲထွဋ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ဖြေရှင်းချင်တာက ဒါကခင်ဗျားတို့ရဲ့ သတင်းအရ ဘာကိုပြောလဲဆိုတော့ Private အကောင့်ပေါ့နော်။ Private အကောင့်အနေနဲ့ နိုင်ငံတော် အစိုးရက အတိုးယူပြီးတော့မှ နည်းနည်းလေး သွားအပ်ထားတယ်။ ဒီဘက်မှာကျတော့ လေးရာခိုင်နှုန်းနဲ့ ချေးနေရတယ် ဆိုပြီးတော့ပြောလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ဒါဟာ Secret အကောင့်ပဲ ပြောပြော၊ အဲလိုမျိုး လျှို့ဝှက်အကောင့်ပဲ ပြောပြော၊ ပုဂ္ဂလိက အကောင့်ပဲပြောပြော ဒီလိုလုပ်ထားတာ မရှိဘူး။ ဒါကိုပြောတာ။ ခုနက ၀န်ကြီးတွေ ရှင်းပြသွားတဲ့ နိုင်ငံခြား အရန်ငွေဆိုတာက နိုင်ငံတစ်နိုင်ငံမှာ ငွေကြေးလည်ပတ်ဖို့အတွက် ဘယ်နိုင်ငံမဆို ထားရတယ်။ ဆိုလိုတာက ခင်ဗျားတို့ နိုင်ငံတစ်နိုင်ငံက ကုန်ပစ္စည်းတစ်ခုကို ရောင်းလိုက်လို့ အဲဒီက ငွေချေတဲ့အခါမှာ အဲဒီငွေထုပ်ကြီးကိုယူပြီး လာပို့တာမျိုး မရဘူး။ ကျွန်တော်တို့နဲ့ Correspondent ဘဏ်မှာရှိတဲ့ဟာက အဲဒီမှာတင် ငွေစာရင်းကိုအပေး ဒီလိုမျိုးနဲ့ လုပ်တဲ့စာရင်း။ နောက်တစ်ခါ ဘယ်လိုဟာမျိုးတွေ ရှိလဲဆိုတော့ နိုင်ငံခြားမှာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ သံရုံးတွေ ရှိတယ်။ သံရုံးတွေကို ကျွန်တော်တို့က ငွေပို့တယ်။ သံရုံးတွေက သူတို့ရတဲ့ ဗီဇာကြေးလို ဟာမျိုးကို ကျွန်တော်တို့ကို ပြန်သွင်းပေးတယ်။ ဒီလိုဟာမျိုးတွေ လုပ်တဲ့အကောင့်။ ဒါက နိုင်ငံခြား ရန်ပုံငွေနဲ့ လုပ်တဲ့အကောင့်။ ကျွန်တော်တို့ ငြင်းတယ်ဆိုတာက လျှို့ဝှက်အကောင့်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လျှို့ဝှက်ပြီးတော့ သွားထားထားတယ်ဆိုတဲ့ အကောင့်မျိုးကို မရှိဘူးလို့ ကျွန်တော်က ပြောတာ" ဟု ဦးရဲထွဋ်က ပြန်လည်ဖြေကြား ခဲ့ပါသည်။

၁၁ ဘီလျံကိစ္စနှင့် ပတ်သက်ပြီး ဒုဝန်ကြီး ဦးရဲထွဋ် ရှင်းလင်းနေစဉ်
Eleven Media Group

Android App များ သုံးနိုင်သော မိုဘိုင်း OS အသစ်တစ်မျိုးဖြင့် Jolla စမတ်ဖုန်း


Linux ကိုပဲ အခြေခံပြီး ရေးဆွဲထားတဲ့ မိုဘိုင်းဖုန်း OS တစ်မျိုးကို ဖန်တီးလိုက်ပါပြီ။ သူ့ကို Sailfish လို့ အမည်ပေး ထားပါတယ်။

ဥရောပ - ဖင်လန်နိုင်ငံအခြေဆိုက်Jolla အမည်ရ ကုမ္မဏီက ဖုန်းရော၊ စမတ်ဖုန်းပါ တွဲထုတ်ခြင်း ဖြစ်ပါတယ်။ ဖုန်းကိုလည်း Jolla လို့ပဲ အမည်ပေး ထးပါတယ်။ Nokia တို့ တစ်ချိန်တုန်းက Windows Phone OS ကို မထုတ်ခင် ဖန်တီးခဲ့ဖူးတဲ့ MeeGo OS ကိုမှ် ပိုထူးခြားသွာစေတာမျိုးလောက်ပဲ နည်းပညာသမားတို့ ဝေဖန် ထားပါတယ်။ Sailfish က Android လိုပဲ Open Source ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက Developer Commuity များကို Welcome လုပ်ထားခြင်း ဖြစ်ပါတယ်။ အဓိက ထူးခြားချက်ကတော့ လက်ရှိ Android OS platform က Application များကိုလည်း ရောနှော အသုံးပြုနိုင်မှုပါ။ ဒီတစ်ချက်ကြောင့် Android OS မှ Sailfish ကို Migrate လုပ်ဖို့ User တွေဝန်လေးတော့မှာ မဟုတ်ပါဘူး။

OS ပြီးတော့ ကင်မရာကတော့ ပထမဆုံး အလုံးမို့ Specification သိပ်အမြင့်နဲ့ ထုတ်မထားပါဘူး။ ၄.၅ လက်မ 960x540 resolution မျက်နှာပြင်ကို အသုံးပြုပြီး Processor က Dual-core Qualcomm Snapdragon 1.4 GHz ဖြစ်ပြီး RAM က 1GB ထဲပါ။ Storage က 16 GB ရှိပြီး MicrosoSD ကဒ်ထည့်နိုင်ပါသေးတယ်။ ကင်မရာက 8 megapixel Autofus ဖြစ်ပါတယ်။ LED flash ပါဝင်ပြီး ရှေ့ မှာလည်း 2MP ပါဝင်ပါသေးတယ်။ Jolla ဖုန်းတစ်လုံးဈေးနှုန်းက ဗြိတိန်ပေါင် ၃၃၇ ပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် ၅၄၀ ဒေါ်လာ ဝန်းကျင်ရှိပြီး မြန်မာကျပ် ၅ သိန်းဝန်းကျင်ပါ။ ဒီတော့ ဈေးအရ အနည်းငယ်များတဲ့အနေအထားတော့ ရှိပါတယ်။

Sailfish OS ပါဝင်တဲ့ Jolla စမတ်ဖုန်းများကို ၂၀၁၃ နှစ်ကုန်ပိုင်းအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint

အောင်ခမ်း (TSJ Team)
TechSpace Journal

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်





ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ်ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ်တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို (၁၉၆၄) ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။

ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားသည့် အနော်ရထာလမ်းအား စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Eleven Media Group

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။

လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။
The Voice Weekly

iPhone 5S နဲ့ 5C ယနေ့ စတင်ရောင်းပြီ





ယနေ့ iPhone အသစ်တွေကို နိုင်ငံအနှံ့မှာ စတင် ရောင်းချနေခဲ့ပြီ ဖြစ်ပါတယ်။ iDevice အသစ်ထွက်တိုင်း လမ်းဘေးမှာ အိပ်ပြီး နာရီပေါင်းများစွာ တန်းစီ စောင့်ကြရတဲ့ အလေ့အကျင့်ကြီးကလည်း ယနေ့လို ၂၁ရာစုကြီးမှာ UKလို နိုင်ငံကြီးမှာတောင် ရှိနေတာ အံ့အားသင့်ဖို့ တော်တော် ကောင်းပါတယ်။

Think Different ဆိုတဲ့ Slogan နဲ့ Steve ရဲ့ Brand ကို တည်ဆောာက် ထားခဲ့မှုဟာ လူများကို အရူးအမူး စွဲလမ်းစေနိုင်ခဲ့တော့ လုံးဝမငြင်းနိုင်ပါဘူး။

ယခုလည်း Supply မမျှတဲ့အတွက် လူပေါင်းများစွာ တန်းစီပြီး Stock ပျက်လပ်တဲ့အဖြစ်မျိုး နိုင်ငံအ၀ှမ်းမှာ ဖြစ်နေပါပြီ။

August Myanmar က Editor In Charge တွေကလည်း iPhone 5S Hand On ကို အစစ်အမှန် တကယ်ကိုင်ပြီး ဦးဦးဖျားဖျား ရေးနိုင်အောင်လို့ Order မှာထားလေတော့ ဘယ်တော့များ Package ရောက်လာမလဲလို့ ရင်ခုံစွာနဲ့ စောင့်နေကြပါသေးတယ်။

တကယ်တော့ iDevice တွေဟာ လူတိုင်းအတွက် မရှိမဖြစ် အသုံးဝင်တယ် မဟုတ်ပါဘူး။ သို့ပေမဲ့ လူတိုင်းလိုချင်ကြတာတော့ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အချက် တစ်ခုပါပဲ။
TechSpace Journal

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲတက်ရောက်





စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး Grace Fu နဲ့ ခရီးစဉ်ပထမနေ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်ရှည်လများကောင်းမွန်လာတဲ့ စင်ကာပူနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့်အကြောင်းနဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်ကာပူက ပံ့ပိုးကူညီမယ့်အကြောင်း ဒုဝန်ကြီး Grace Fu က ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီး Grace Fu တို့ဟာ မြန်မာ့ပြည်တွင်းရေး နောက်ဆုံးအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့လုပ်ငန်းတာဝန်တွေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအပေါ် ရှုမြင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

ဒုဝန်ကြီး Grace Fu က သူ့ facebook မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက ကောင်းမွန်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူလူထုအတွက်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။

စင်ကာပူကို ဒေါ်အောင်ဆန်းစုကြည် မနေ့က ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံသား ၂ဝဝ လောက်က Changi လေဆိပ်မှာ သောင်းသောင်းဖျဖျကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောကြားပါမယ်။ မနက်ဖြန်မှာတော့ စင်ကာပူရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
RFA Burmese

နေပြည်တော် ပုဗ္ဗသီရိမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား




နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့ ရဲတပ်ဖွဲ့တွေအခင်းဖြစ်ပြီး ရွာသားတချို့ တိမ်းရှောင်နေရသလို၊ ရဲတပ်ဖွဲ့ဝင်တချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အဲဒီဒေသမှာ လယ်သိမ်းခံထားရသူတွေဘက်ကကူညီနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဌ ကိုဇော်လတ်နဲ့ အခြားရွာသား ၃ ယောက်ကို ရဲတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၉ ရက်နေ့ ညသန်းခေါင်ကျော်မှာ ဝင်ရောက်ဖမ်းဆီးရာ ရွာသားတွေကရဲတွေကို ပြန်ပြီးဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ မနက်လင်းအားကြီးအချိန်မှာတော့ ရဲတပ်ဖွဲ့တွေထပ်ရောက်သွားပြီး ရွာထဲမှာအဖမ်းခံထားရတဲ့ ရဲတွေကိုခေါ်ထုတ်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့  ပုဗ္ဗသီရိမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့ နယ်ဥက္ကဌ ဦးအောင်က အခုလိုပြောပါတယ်။

“ရဲ ၈ဝ ကျော်က ရွာထဲကိုဝင်တယ်၊ အိမ်လေးအိမ်အတွက် ခွဲလိုက်တာတစ်အိမ်ကို ရဲ ၂ဝ ကျော်ပေါ့ဗျာ၊ အဲလိုခွဲပြီးတော့မှ ကိုဇော်လတ်အပါအဝင် အိမ်လေးအိမ်ကို ဝိုင်းပြီးတော့ ဝရမ်းလည်းမပါဘူး၊ အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်လည်းမရှိပဲနဲ့ ဝိုင်းပြီးတော့ဖမ်းကြတယ်၊ အဲဒီမှာ ကိုဇော်လတ်ရဲ့ အမျိုးသမီးကိုလည်း ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပြီးဖမ်းတယ်၊ သူ့ကလေးကိုလည်း ရိုက်နှက်ပြီးတော့ဖမ်းတယ်၊ အဲလိုဖမ်းတဲ့အခါကျတော့ ရွာသားတွေက ဝိုင်းပြီးတော့ ရဲ ၂၂ ယောက်ကို ဖမ်းပြီးတော့ ကြိုးနဲ့တုတ်ထားတယ်၊ မနက်ခင်းကျတော့ အဲ့ဒီရဲ ၂၂ ယောက်ကို ရဲအင်အား ၁၅ဝ လောက်နဲ့ လက်နက်ကိုယ်စီနဲ့ လာခေါ်သွားတယ်”

ဝဲကြီးရွာကိုသွားခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရွှေတွင်းကုန်းရဲစခန်းကလို့သိရပြီး၊ အဲဒီရဲစခန်းကို ဆက်သွယ်တဲ့အခါ တယ်လီဖုန်း အဆက်အသွယ်မရခဲ့ပါဘူး။ ဒါကြောင့် အဲဒီအနီးက ထုံးဖိုရဲစခန်းကိုဆက်သွယ်တဲ့အခါ သူတို့စခန်းက ရဲတပ်ဖွဲ့ဝင်တွေမပါတဲ့အတွက် ဖြစ်ရပ်ကို အသေးစိပ်တိတိကျကျ မသိရပေမဲ့ ရဲ ၄၊ ၅ ယောက်လောက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်လို့ ကြားရတဲ့အကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့  ပုဗ္ဗသီရိမြို့ နယ် NLD ဥက္ကဌ ဦးအောင်က သူတို့ရဲ့ပါတီဗဟိုကို အသေးစိတ် အစီရင်ခံစာတင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
RFA Burmese

အ၀တ်မပါဘဲ ၀န်ထမ်းတွေနဲ့ Official ဓါတ်ပုံရိုက်ယူမလား..





ဒါဟာ "တကယ် အလုပ်ဖြစ်တဲ့ ဒီဇိုင်း တစ်ခုပါတဲ့" အမျိုးသမီး ဒီဇိုင်နာ Walsh က ဆိုတယ်။

THA: TSJ Tech Team

Birthday Suite ဆိုတာကတော့ ကျွန်တော်တို့ မွေးတုန်းက ပါလာတဲ့ အမြဲတမ်း ၀တ်ထားတဲ့ ကိုယ်ပိုင်ဝတ်စုံလေ.. တော်ရုံတန်ရုံတော့ Public မှာ မ၀တ်ပြကြပါဘူး။

New York က Sagmeister & Walsh တို့နှစ်ယောက် တည်ထောင်ထားတဲ့ Design အဖွဲ့က Birthday Suite တွေ ၀တ်ပြီး တရားဝင် ဓါတ်ပုံတွေ ၀န်ထမ်းများနဲ့ ရိုက်ကူးလို့ အများကို ချပြခဲ့တဲ့ အဖြစ်ကြောင့် လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

Sagmeister ဆိုတဲ့ Designer ဟာ ပထမဦးဆုံး အလုပ်ကထွက်ပြီး ကိုယ်ပိုင် Design Company လေးတစ်ခု စပြီး လုပ်တဲ့အချိန်မှာ သူ့ရဲ့ ဖောက်သည်တွေကို Post Card တစ်စောင် ပို့ပေးခဲ့ပါတယ်။ အဲ့ဒီ Card မှာ လူအများရဲ့ အာရုံစိုက်မှုကို ခံရအောင် သူ ရိုက်ကူးပြီး ထည့်ပေးလိုက်တာက အ၀တ်မပါတဲ့ သူ့ရဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ Sagmeister Inc လို့ နာမည်ပေးခဲ့ပါတယ်။ သူ့မှာ Levis, Standard Charter လို Customer တွေ ရှိနေပါတယ်။

၂၀၁၂ ခုနှစ်မှာ သူဟာ အသက် ၂၅နှစ်ရှိတဲ့ Walsh ဆိုတဲ့ အမျိုးသမီး Partner နဲ့ပေါင်းပြီး Company ကို Sagmeister & Walsh လို့ နာမည်ပြောင်းခဲ့ပါတယ်။

၁၉ နှစ်လောက်ကြာလို့ Company ကို နာမည်ပြောင်းခဲ့တဲ့ အချိန်မှာလည်း သူဟာ ပထမဦးဆုံး သုံးခဲ့တဲ့ Style အတိုင်း Birthday Suite နဲ့ နှစ်ယောက် ပေါင်းပြီး ရိုက်လို့ email တွေ ပို့လိုက်ပြန်ပါတယ်။ လူတွေ အားလုံး မျက်လုံးတွေ ပြူးကုန်ကြပါတယ်။

Walsh က "In that aspect it was quite a functional piece of design," လို့ ရဲရဲကြီး ပြောပါတယ်။

အဲ့ဒီနောက်မှာလည်း ဟိုးအစကတည်းက Theme အတိုင်း ၀န်ထမ်းအားလုံးပါဝင်ပြီး Birthday Suite နဲ့ ထပ်မံရိုက်ကြပြန် ပါတယ်။

ဒါဟာ Designer တွေရဲ့ Creation များလား တကယ် အလုပ်ဖြစ်လား တရားဝင် လုပ်ဆောင်ကြတာဆိုတော့ ဘယ်လိုများ Comment ပေးရမှန်းတောင် မသိတော့ပါဘူး။ တစ်ခုရှိတာကတော့ ဒီသတင်းဟာ Design လောကနဲ့ Media တွေကြားမှာ ပြောစရာတွေ ဖြစ်စေခဲ့ပါတယ်။

ဘယ်လိုပုံတွေ ရိုက်ခဲ့သလဲဆိုတာ သိချင်တယ်ဆိုရင်တော့

http://www.businessinsider.com/why-this-new-york-design-agency-makes-its-employees-pose-naked-for-official-staff-photos-2013-5?op=1

TechSpace Journal

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး




၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။

၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။

၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။

၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။

၆။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ဂဏန်းသေးသေးကလေးကို ဂရုစိုက်ပါ.။ ရာခိုင်နှုန်းနဲ့တွက်ရင် ဒဿမမကအစ ဂရုစိုက်ပါ ။ ငွေဆိုရင် တစ်ကျပ် နှစ်ကျပ်က စတွက်ပါ။မပြောပလောက်ဘူးထင်တဲ့ အဲ့ဒီအသေးအဖွဲ့လေးတွေစုလိုက်ရင်ဧရာမငွေပမာဏဖြစ်လာနိုင်ပါတယ်။

၇။ ကလေးတွေအတွက် ကျောင်းစရိတ်ကတော့ သူတို့မွေးတဲ့နေ့မှာ စလုပ်တာအကောင်းဆုံးပါပဲ. မမွေးခင်လုပ်နိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။ ပညာကောင်းကောင်းပေးမယ်ဆိုရ် ငွေနည်းနည်းနဲ့ မရပါဘူး။ သူတို့ရဲ့
ကျောင်းစရိတ်ကို အမြန်ဆုံးစပြီးစာရင်းဖွင့်ပါ။

၈ ။ အ၀တ်စားဝတ်တဲ့နေရာမှာ လက်ရှိရာထူးအတွက် မ၀တ်ပါနဲ့။ ကိုယ်လိုချင်တဲ့ရာထူးအတွက် ၀တ်ပါ။

၉။ ကျွန်တော်အချိန်ယူလေ့လာထားတဲ့ငွေရအောင် လုပ်နည်းနဲ့ လူရိုသေ ရှင်ရိုသေဖြစ်အောင်လုပ်နည်းတစ်ချို့ကတော့-

(က) အချိန်မှီရောက်ပါစေ အချိန်မှန်ဖို့ သိပ်အရေးကြိးပါတယ်။ နောက်ကျတဲ့လူတွေကိုသည်းမခံပါနဲ့။ သတ်မှတ်ရက်ကျော်လွန်သွားတဲ့ လူတွေကိုလည်း သည်းမခံပါနဲ့။ကိုယ်ကိုယ်တိုင်နောက်ကျရင်လည်း အလားတူသဘောထားပါ။

(ခ) ကလေးတွေကျောင်းကပေးလိုက်တဲ့အိမ်စာလုပ်သလို၊ အိမ်မှာလုပ်စရာရှိတာလုပ်ပါ။ ကိုယ်ညံ့လို့ သူများတွေ ကိုယ့်အတွက် အချိန်ကုန်ရင် ဘယ်တော့မှ လူတွေလေးစားမှာမဟုတ်ဘူး။

(ဂ) လူတစ်ယောက်ချင်းအတွက် ခေါင်းထဲမှာ ကိုယ်ရေးဖိုင်တွဲတစ်ခုစီဖွင့်ထားပါ။ တွေ့ရမယ့်လူတွေကို မတွေ့ဘူးခင် သူတို့အကြောင်း သုတေသနလုပ်ထားပါ။သူတို့အလှူဒါနပြုခဲ့ကြတာကို ခင်ဗျားသိထား တယ်ဆိုရင် သူတို့ဝမ်းသာကြမှာပေါ့။ သူတို့လုပ်ခဲ့တဲ့လုပ်ငန်းအကြောင်း ခင်ဗျားသိနေတယ်ဆိုရင် သူတို့ခင်ဗျားကို ဖြုံကြမှာပါ။

(ဃ) လူတွေရဲ့နာမည်ကို မေ့တာဟာ အဆိုးဆုံးပဲ ဘယ်တော့မှ မမေ့ပါနဲ့.။သူတို့အကြောင်း အသေးစိတ်ကလေးကိုလည်း မမေ့ပါနဲ့။ စကားပြောရင်ဒါလေးတွေ လိုသလိုညှပ်ပြောပါ။ လူဆိုတာ သူတို့နာမည်ကို သူများခေါ်တာကြားချင်ကြပါတယ်။ သူတို့အကြောင်းပြောတာနားထောင်ချင်ကြပါတယ်။

(င) ရိုးသားပါ။ လူတော်တော်များများဟာ လိမ်ပြောရင်ချက်ချင်းမုသာဝါဒအနံ့ရတယ်။ ရိုးသားခြင်းကိုလူတိုင်း လေးစားတယ်။ သူတို့ကြားချင်တာနဲ့ထပ်တူမညီတောင် ရိုးသားရင် လေးစားမှာ အသေချာပါပဲ။

(စ) လူတွေစကားပြောပါစေ။ နားထောင်ပါ။ အလုပ်အကြောင်း ဆွေးနွေးတဲ့နေရာမှာမြေထိုးစက် ဂေါ်ပြားချပြီး မောင်းသွင်းတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့.နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ မလိုမချင်း အတွင်းအားတွေ ကိုသိမ်းထားပါ။

၁၀။ ဘယ်သူတွေ ခင်ဗျားအပေါ်ဘယ်လောက်သစ္စာရှိသလဲဆိုတာ စမ်းသပ်ချင်ရင် ခင်ဗျား မရှုနိုင်မကယ်နိုင်ဖြစ်နေတဲ့အချိန်ဟာ အကောင်းဆုံးပဲ။

၁၁။ လူတွေကို ဝေဖန်တာတော့ ရှောင်ရပါမယ်။ ချီးကျူးတာက ပိုကောင်းပါတယ်။ ရံခါမှာ ဝေဖန်တာထက် ဆိတ်ဆိတ်နေခြင်းက ပိုတန်ဖိုးရှိပါတယ်။

၁၂။ လက်ဆောင်ပေးရာမှာ လူတစ်ကာသုံးနေတဲ့ပစ္စည်းမျိုးကို အလွယ်တကူ ၀ယ်မပေးပါနဲ့။ ထူးထူးဆန်းဆန်းလေးတွေ စိတ်ကူးပြီးပေးရတဲ့လူနဲ့လိုက်ဖက်တာမျိုးဆိုရင် သူအမြတ်တနိုးရှိနေပါ လိမ့်မယ်။

၁၃။ အောင်မြင်တဲ့လူဖြစ်ချင်ရင် အောင်မြင်တဲ့လူ စဉ်းစားသလို စဉ်းစားရပါလိမ့်မယ်. ကြိုးစားကြည့်ပါ။ အံသြစရာတွေ့ရပါလိမ့်မယ်။

၁။ ကြီးကြီးကျယ်ကျယ်စဉ်းစားပါ။
၂။ အမြင်ကြည်လင်အောင်လုပ်ပါ။
၃။ ရူးသွပ်ပါ။
၎။ စွဲလန်းပါ။
၅။ ဘယ်တော့မှ အလျော့မပေးပါနဲ့။
၆။ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ။
Myawady News

မြန်မာ စင်္ကာပူ ဆက်ဆံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်


စင်ကာပူ ထိပ်သီးညီလာခံ ကို ကနေ့ မနက်မှာ တရားဝင် စတင် ဖွင့်လှစ်ပြီ ဖြစ်တဲ့ အတွက် ကမ္ဘာ့ စီးပွားရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့ အတူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက် မိန့်ခွန်း ပြောမှာပါ။

စင်ကာပူ ကုမ္ပဏီ တွေ ဟာ မြန်မာနိုင်ငံမှာ အရင်နှစ် စောစောပိုင်း တွေ ကတည်းက ရင်းနှီးမြှုပ်နှံမှု တွေ ပြုကြပေမယ့်၊ အခု မြန်မာနိုင်ငံ ပွင့်လင်းလာချိန် မှာ လျော့နည်း သွားတာနဲ့ ပတ်သက် လို့ စင်ကာပူ အခြေစိုက် သုတေသန ပညာရှင် အဖွဲ့ Singapore Institute of International Affairs မှ ဥက္ကဌ ပါမောက္ခ Simon Tay ကို အခုလို ဒေါ်အောင်ဆန်းစုကြည် စင်ကာပူ ထိပ်သီးညီလာခံ ကိုလာတက်တဲ့ အတွက် စင်ကာပူ က မြန်မာနိုင်ငံ မှာ ရင်းနှီးမှု တွေ ပိုမို လုပ်နိုင်မလား လို့မေး ရာမှာ စင်ကာပူ မှာ ဒေါ်အောင်ဆန်းစုကြည် ပထမ ဆုံး အကြိမ် လာရောက် မိန့်ခွန်း ပြောတဲ့ အတွက် အများရဲ့ အာရုံ စူးစိုက်မှု ခံရတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင်၊ ဒေါ်အောင်ဆန်းစုကြည် ဘာပြော မလည်း ဆိုတာ ကိုလည်း ညီလာခံ တက်ရောက်ကြတဲ့ စီးပွားရေးသမား၊ နိုင်ငံရေး သမား တွေ အပြင် လူအများ စိတ်ဝင်စား နေတဲ့ အကြောင်း၊ မြန်မာနိုင်ငံ မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ့် ကိစ္စ အပါအဝင်၊ အခြား အရေးတွေ မှာပါ စိမ်ခေါ်မှုတွေ အခက်အခဲ တွေ မရှိပါဘူး လို့ ပြောနေကြပေမယ့်၊ တကယ့် လက်တွေ့မှာ နိုင်ငံရေး နယ်ပယ်သာ မက၊ စီးပွားရေး ပေါ်လစီ တွေ မှာ ပါ တကယ်တန်း အပြောင်းအလဲ တွေ ရှိလာ ပါ့မလား ဆိုတာကို အသေအချာ ဆန်းစစ် ကြည့်ဖို့ လိုပုံ၊ ပါမောက္ခ Simon Tay က ရှင်းပြပါတယ်။

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံ တွေ က မြန်မာနိုင်ငံမှာ မျက်လုံး စုံမှိတ် ရင်းနှီးမြှုပ်နှံ ကြမှာ ဖြစ်ပေမယ့်၊ စင်ကာပူ တင်မက တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူတွေ ကတော့ မြန်မာနိုင်ငံ မှာ တကယ်တန်း ခိုင်မာတဲ့ ပြုပြင် ပြောင်းလဲမှု တွေ ရှိလာပြီလား ဆိုတာကို အနည်းဆုံး ၂ နှစ်ခန့် သတိကြီးကြီး နဲ့ စောင့်ကြည့် နေကြမယ် လို့ ထင်မြင်ပုံ ကိုလည်း ပါမောက္ခ Simon Tay က စင်ကာပူ ရောက် ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် ကို ရှင်းပြပါတယ်။
myanmarnewshub

ဝက်ခြံရှိတဲ့အသားအရေအတွက် အာဟာရဓာတ်များ


လူခန္ဓာကိုယ် ကျန်းမာဖို့အတွက်ရော အသားအရေလှပ ဖို့အတွက်ပါ လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့် ၀၀ရရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အာဟာရ မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေ ကို ပုံမှန်မလုပ်တော့ပဲ မူမမှန်တဲ့ အခြေ အနေတွေ ဖြစ်ပေါ်လာနိုင်တယ်လေ။ အဲဒီလို ခန္ဓာကိုယ် အတွက် အရေးပါလှတဲ့ အာဟာရဓာတ်တွေထဲကမှ ၀က်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် လိုအပ်တဲ့ အဟာရဓာတ်လေးတွေကို ပြောပြမယ်နော်။

Vitamin A
Vit A ဟာ ၀က်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအတွက် အရေးအကြီးဆုံး ဗီတာမင်ပါ။ အသားအရေရဲ့ အစိုဓာတ်ကို ကြာရှည်စွာထိန်းပေးခြင်း၊ အသားအရေကို ပြန် လည်ပြုပြင်ပေးခြင်း၊ ကော်လာဂျင် ဓာတ်ထုတ် လုပ်မှုကို အားပေးခြင်း၊ ခုခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ကြောင့် ၀က်ခြံတွေကို သက်သာပျောက် ကင်းအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် Vit A ကိုအလွန်အကျွံမသောက်သုံးသင့်ပါဘူး။ ကိုယ် ၀န်ဆောင် ချိန်မှာလည်း မသောက်သုံးသင့်ပါဘူး။

Vitamin C
Vit C ဟာအရေပြားကို တင်းရင်းစေပြီး အနာကျက်မြန်စေတဲ့ ကောလာဂျင်ထုတ်လုပ်ရာမှာ အရေးပါ လှပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီလိုနည်းတွေနဲ့ ၀က်ခြံတွေ ကို သက်သာလာစေတာပါ။

Zinc
ဇင့်ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ဟော်မုန်းတွေကို ပုံမှန်စေပါတယ်။ ဒါကြောင့် ၀က်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ မပေါက်ပွားအောင် မပွားများအောင် ကာကွယ်ပေးနိုင်ပါ တယ်။ ဟော် မုန်းတွေ ညီမျှလို့ ၀က်ခြံဖြစ်ပေါ်မှုကိုလည်း လျှော့နည်းစေပါတယ်။

Fish Oil
ငါးကြီးဆီမှာ အရောင်ကျစေတဲ့ အစွမ်းရှိပါတယ်။ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်နိုင်လို့ ၀က်ခြံတွေ ပိုးဝင်ရောင်ရမ်းတာကို သက်သာစေပါတယ်။

ဒီအာဟာရဓာတ်လေးတွေက သူငယ်ချင်းတို့ကို ကူညီပေးနိုင်မှာပါ။ တစ်ခုတော့ မှာချင်တယ်နော်..။ ဘယ် အရာမဆို တန်ဆေး လွန်ဘေးပဲလေ။ ဒါကြောင့် ဒီအာဟာရဓာတ်တွေရအောင်ဆိုပြီး အားဆေးတွေ အလွန်အကျွံဝယ်သောက်တာမျိုးလည်း မလုပ်ပါနဲ့။ တတ်နိုင်သလောက် သဘာဝအစားအစာတွေကိုပဲ စားပါ။ ဘယ်အစားအစာတွေမှာ ဘယ်လိုအာဟာရတွေပါတယ်ဆိုတာကိုတော့ သဘာဝရဲ့အာဟာရဆိုတဲ့ ပို့စ်လေး က ကူညီပေးပါလိမ့်မယ်။

Original up-loader

အလုပ်ခန့်လျှင် အလုပ်ရှင်-အလုပ်သမား သဘောတူ စာချုပ် မချုပ်က ထောင်ဒဏ်အထိ အရေးယူခံရတော့မည်



အလုပ်အကိုင်နှင့် ဖွံ့ဖြိုးတိုးတက် ရေး ဥပဒေသစ်အရ အလုပ်ရှင်မှ အ လုပ်သမားခန့်ထားလျှင် သဘောတူညီ ချက်စာချုပ်ကို မဖြစ်မနေချုပ် ဆိုသွားရ မည်ဖြစ်သည်။

”ဥပဒေကလည်း ထွက်ပြီးပြီ။ စာ ချုပ်က ချုပ်ကိုချုပ်ရမှာ။ မချုပ်လို့မရဘူး။ အဲဒါက အသက်ပဲ”ဟု အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းရှိန်က ပြောသည်။

အဆိုပါဥပဒေကို ယခုနှစ်သြဂုတ် လ ၃ဝ တွင်ပြဋ္ဌာန်းပြီး အောက်တိုဘာလ တွင် အာဏာတည်မည်ဖြစ်သောကြောင့် လက်ရှိအချိန်မှစတင်၍ အလုပ် ခန့်ထား ရာတွင် အလုပ်ရှင်အလုပ်သမားသဘော တူညီချက် စာချုပ်ကို မဖြစ်မနေ ချုပ်ဆို သွားရမည်ဟု ၄င်းက ဆက်ပြောသည်။

”ဒါက ဥပဒေနဲ့အညီ လုပ်ရမှာ။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကိုလည်း ဥပဒေနဲ့ အညီပေးရမယ်”ဟု ဦးဝင်းရှိန် က ပြောသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေမှာ ၁၉၆၄ ခုနှစ် ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်သည်။ ဥပဒေ အရ အလုပ်ခန့်ထား မှုဆိုင်ရာ သဘောတူညီ ချက်စာချုပ်တွင် အလုပ် သမားများ၏ လုပ်ငန်းခွင် စည်းကမ်းနှင့် အကျိုးခံစား ခွင့်များပါဝင်ပြီး ယင်းစာချုပ်ကို ချုပ်ဆိုပြီး ပါက အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ထံတွင် တစ်စုံစီ ထားရှိ ရမည်ဟု သိရသည်။

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ ဖြိုးတိုးတက်ရေး ဥပဒေအာဏာ တည် ချိန် အောက်တိုဘာမှစတင်၍ အဆိုပါ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီ ချက်စာချုပ်ကို မချုပ်ဆိုလျှင် အလုပ်ရှင် အား တစ်နှစ်ထက်မ ပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးနှင့်ဖြစ်စေ အရေးယူမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal

ဂျပန်မှ မန္တလေးသို့ တိုက်ရိုက်ခရီးစဉ် စင်းလုံးငှား လေယာဉ်ဖြင့် ယခုလအတွင်း သုံးခေါက်လာမည်


မန္တ လေးမြို့နှင့် အထက်မြန်မာပြည် ခရီးစဉ်များကို အလေးထားသွား ရောက်သည့် နိုင်ငံခြားသားခရီး သည် များလာရာ ယခုလအတွင်း ဂျပန်နိုင်ငံမှ မန္တလေးမြို့သို့ တိုက် ရိုက်လာရောက်မည့် လေယာဉ် ခရီးသည် သုံးခေါက်ပျံသန်းရမည် ဖြစ်ကြောင်း MAI Mandalay Station Incharge ဦးဇော်ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သတင်း စာသို့ ပြောသည်။

''ဒီလအတွင်း ဂျပန်ခရီးသည် တွေ မန္တလေးကို MAI နဲ့ တိုက် ရိုက်သုံးခေါက်လာပါ့မယ်။ 3208J 144 လေယာဉ်ကြီးနဲ့ စင်းလုံးငှား ခရီးစဉ်ပျံသန်းပေးတာပါ။ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ သီပေါ၊ ပုဂံညောင်ဦး စတဲ့ခရီးသွား ဇုန်တွေကို ပြည်တွင်းခရီးစဉ်အ ဖြစ် လေ့လာကြမှာပါ။ ဂျပန်နိုင်ငံ ကို ပျံတဲ့အခါ ရန်ကုန်လေဆိပ်က ပဲ MAI က ပို့ဆောင်ပေးရပါမယ်'' ဟု ယင်းကပြောသည်။

စက်တင်ဘာ၁၃ရက်က KUMA-MOTO မြို့မှ ဂျပန်ခရီး သည် ၈၈ဦး၊ ၁၈ရက်က KAGO- SHIMA မြို့မှ ဂျပန်ခရီးသည် ၉ရဦး ဂျပန်-မန္တလေးတိုက်ရိုက် ခရီးစဉ် စင်းလုံးငှားလေယာဉ်ဖြင့် လာရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၃ရက်တွင် NAGASAKIN မြို့ မှ ဂျပန်ခရီးသည်များကို MAI မှ တိုက်ရိုက်ပျံသန်းပေးမည်ဖြစ် သည်။ ယခုနှစ် ဧပြီလတွင် ဂျပန် နိုင်ငံမှ စင်းလုံးငှားခရီးသည်များ လေးခေါက်လာခဲ့ပြီးဖြစ်ရာ ဩဂုတ် လအထိ MAI လေကြောင်းလိုင်း မှ ဂျပန်-မန္တလေးတိုက်ရိုက်စင်း လုံးငှားခရီးစဉ် ခုနစ်ခေါက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
Yangon Media Group

မရမ်းကုန်း ဝင်းသူဇာ အရောင်းဆိုင် လေလံ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ မြေးဖြစ်သူ ဦးနေရွှေသွေးအောင် ရရှိ


စက်မှုဝန်ကြီးဌာနလက်အောက်ရှိ မ ရမ်းကုန်းမြို့နယ် ဝင်းသူဇာအ ရောင်းဆိုင်ကို တစ်လလျှင် ငှား ရမ်းခ ကျပ်၅၅သိန်းဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ(ငြိမ်း)၏မြေးဖြစ် သူ ဦးနေရွှေသွေးအောင်က လေ လံအောင်မြင်သွားကြောင်း သိ ရသည်။

တင်ဒါတင်သွင်းရန် ဖိတ် ခေါ်ထားသည့် ဝင်းသူဇာဆိုင် ၃၈ ဆိုင်အနက် လေးဆိုင်မှာ အဆို ပြုလွှာတင်သွင်းသူမရှိခြင်း၊ တခြား လေးဆိုင်မှာ ကြမ်းခင်းဈေးနှုန်း မမီခြင်း၊ နှစ်ဆိုင်မှာ အမြင့်ဆုံးဈေး နှုန်းတူညီနေခြင်းနှင့် (ရွာတော်) ဝင်းသူဇာ အရောင်း ဆိုင်မှာ ပြန် လည်စိစစ်ရန်လိုအပ်သောကြောင့် တင်ဒါအောင်မြင်သော ဝင်းသူဇာ အရောင်းဆိုင်စုစုပေါင်း ၂ရဆိုင် တွင် ဦးနေရွှေသွေးအောင် လေလံ အောင်သည့်ဆိုင်တစ်ဆိုင်ပါဝင်ခဲ့ ကြောင်း သိရသည်။

စက်မှုညွှန်ကြားရေး ဦးစီးဌာ နမှ ညွှန်ကြားရေးမှူးဦးသိန်းဆွေ က ''ဦးနေရွှေသွေးအောင်က ဗိုလ် ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ရဲ့ မြေး ဆိုတာတော့မသိဘူး။ ကျွန်တော် တို့ကတော့ သတ်မှတ်ထားတဲ့စည်း ကမ်းတွေနဲ့ ပြည့်စုံရင် လေလံအ အောင်ပေးတယ်'' ဟုပြောသည်။ လက်ရှိတွင် တင်ဒါအောင် မြင်သွားသည့် ဝင်းသူဇာအရောင်း ဆိုင် ၂ရဆိုင်တွင် မြစ်ကြီးနားရှိ ဝင်းသူဇာအရောင်းဆိုင်မှာ တစ် လလျှင် ငှားရမ်းခ ကျပ်သိန်း၁၆၀ ကျော်ဖြင့်လေလံအောင်မြင်ခဲ့ ကြောင်း ဖော်ပြ ထား သည်။

ယင်းမရမ်းကုန်းမြို့နယ်မှ ဝင်းသူဇာအရောင်းဆိုင်ကို အ ဆိုပြုလွှာတင်သူ ခြောက်ဦးရှိပြီး နောက်ဆုံးအဆင့်အနေဖြင့် သုံး ဦးအား ရွေးချယ်ခဲ့ကြောင်း သိ ရသည်။ ယင်းနောက်ဆုံးအဆင့် သုံး ဦးတွင် ဦးမောင်မောင်ထွေးနှင့် ဦးနိုင်ဝင်းတို့မှာ လေလံ ဈေးပေးမှု မှာ ဦးနေရွှေသွေးအောင်ထက် နည်းပါးနေခြင်းကြောင့် လေလံ အောင်မြင်ခြင်းမရှိဘဲ အများဆုံး လေလံဈေးပေးခဲ့သည့် ဦးနေရွှေ သွေးအောင်မှာ လေလံရရှိခဲ့ပြီး ယင်းနေရာတွင် စူပါမားကက်ဖွင့် ရန်စီစဉ်နေကြောင်း သိရ သည်။

စက်မှုဝန်ကြီးဌာနလက် အောက်ရှိ ဝင်းသူဇာအရောင်းဆိုင် များအား စားသောက်ဆိုင်များ နှင့်ဆက်နွှယ်သည့် လုပ်ငန်းများ လုပ်ကိုင်ခွင့်မပြုကြောင်း၊ အဆောက်အအုံကိုလည်း ပုံစံမ ပျက်စေရန်နှင့် အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင် မှုများ အား ပြုလုပ်နိုင်ပြီး ဆိုင်အမည်များကို လည်း လေလံအောင်သူစိတ်ကြိုက် ပေးနိုင်ကြောင်း စက်မှုညွှန်ကြား ရေး ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသိန်းဆွေက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။ တင်ဒါအောင် မြင်သူ များ သည် သက်ဆိုင်ရာဝင်းသူဇာဆိုင် များလွှဲပြောင်းခြင်းကို အောက်တို ဘာ ၁ရက်နောက်ဆုံးထား၍ စာ ချုပ်ချုပ်ဆိုလွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။ လာမည့် ၂၀၁၄ ခုနှစ်အ ကုန်တွင် အငှားသက်တမ်းပြည့် မည့် ဝင်းသူဇာ အရောင်း ဆိုင် ၁၃ ဆိုင်ကိုလည်း ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ ထပ်မံလေလံပစ်မည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

အောင်သူ (ဒေးဒရဲ)


Orchid Hotel မှ အထွေထွေမန်နေဂျာနှင့် ငွေစာရင်းကိုင်ချုပ်ကို သိန်း ၄၀၀၀ ကျော် စာရင်းကွာမှုဖြင့် အမှုထပ်ဖွင့်

ပုဇွန်တောင်မြို့နယ်၊ အနော်ရထာလမ်းတွင် ဖွင့်လှစ်ထားသော Orchid Hotel မှ အမေရိကန်ဒေါ်လာ တစ်သောင်းကျော် စာရင်းကွာဟမှုကြောင့် ပြီးခဲ့သော မတ်လက တရားစွဲဆိုခဲ့သူ လေးဦးထဲမှ အထွေထွေမန်နေဂျာနှင့် ငွေစာရင်းကိုင်ချုပ်ကို ကျပ်သိန်း ၄၀၀၀ ကျော် စာရင်းကွာဟမှုဖြင့် ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းတွင် စက်တင်ဘာလ ၁၇ ရက်နေ့က အမှုထပ်ဖွင့်ထားကြောင်း အဆိုပါ ဟိုတယ်မန်နေဂျာ ဦးသိန်းထိုက်က The Voice သို့ ပြောကြားသည်။

ဟိုတယ် အထွေထွေမန်နေဂျာ ရာထူးနှင့် ဟိုတယ်၏ ငွေစာရင်းဌာန အကြီးအမှူး တာဝန်ပူးတွဲ ထမ်းဆောင်သူ ဦးခင်မောင်လွင်နှင့် ငွေစာရင်းကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်တို့သည် ဘဏ်မှငွေထုတ်ယူခွင့်ရှိသော တာဝန်ရှိသူများဖြစ်ပြီး ကမ္ဘောဇဘဏ်မှ ထုတ်ယူငွေစာရင်း ကျပ်သိန်းတစ်သောင်းထဲမှ ကျပ်သိန်း ၄၃၀၀ ကျော် ကွာဟမှုကြောင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အထွေထွေမန်နေဂျာ ဆောင်ရွက်ခဲ့သည့် ငွေစာရင်းများ၊ လက်ကျန်ငွေ အပ်နှံမှုများနှင့် ပတ်သက်၍ ဟိုတယ်အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ပစာရင်းစစ်ကို တာဝန် ပေးအပ်ကာ စစ်ဆေးခဲ့ရာမှ ကမ္ဘောဇဘဏ်မှ ၂၀၁၂-၂၀၁၃ ခုနှစ် ထုတ်ယူငွေ သိန်းထောင်ချီ စာရင်းကွာဟမှုကို တွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရှိရသည်။

“ဟိုတယ်တစ်ခုလုံးရဲ့ ငွေစာရင်းကို သူတို့အဖွဲ့တွေပဲ ကိုင်ရတာ။ လက်ရှိကွာဟနေတဲ့ ငွေသိန်း ၄၃၀၀ ကျော်ကို အလွဲသုံးစား လုပ်သလား။ စာရင်းဇယား ရေးမှတ်တာဘဲ မှားသလားဆိုတာ သူတို့ပဲ သိမှာပါ။” ဟု ၎င်းက ဆိုသည်။

ယခုနှစ်မေလက ဒေါ်လာတစ်သောင်းကျော် စာရင်းကွာဟမှုဖြင့် တရားစွဲဆိုခြင်း ခံရသူ လေးဦးအနက်မှ ငွေစာရင်းကိုင် ဖြစ်သူက အထွေထွေမန်နေဂျာထံ ယခုနှစ်မေလ ၂ ရက်နေ့တွင် မီးခံသေတ္တာသော့နှင့် လက်ကျန်ငွေ အပ်နှံခဲ့မှုနှင့် ပတ်သက်၍ ဟိုတယ်အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြင်ပစာရင်းစစ်ကို တာဝန်ပေးအပ်ကာ စစ်ဆေးခဲ့ရာမှ ကမ္ဘောဇဘဏ်မှ ၂၀၁၂-၂၀၁၃ ခုနှစ် ထုတ်ယူငွေ သိန်း ၄၃၀၀ ကျော် စာရင်းကွာဟမှု ထပ်မံတွေ့ရှိခဲ့ကြောင်း ယင်းဟိုတယ်ထံမှ သိရှိရသည်။

ကျပ်သိန်း ၄၃၀၀ ကျော် ဘဏ်စာရင်း ကွာဟမှုကြောင့် ဟိုတယ် အထွေထွေမန်နေဂျာ ရာထူးနှင့် ငွေစာရင်းဌာန အကြီးအမှူး တာဝန် ပူးတွဲထမ်းဆောင်ခဲ့သူ ဦးခင်မောင်လွင်၊ ငွေစာရင်း ကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်တို့ကို (ပ) ၂၀၉/၁၃၊ ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယခုနှစ် ပထမလေးလအတွင်း ခရီးသွား ကုမ္ပဏီတစ်ခု ထံမှ ကောက်ယူထားသော အမေရိကန်ဒေါ်လာ တစ်သိန်းခြောက်ထောင်ထဲမှ ဒေါ်လာတစ်သောင်းနှစ်ထောင်ကျော် လျော့ နည်း ပျောက်ဆုံးခဲ့သဖြင့် ဟိုတယ်၏ အထွေထွေမန်နေဂျာ ရာထူးနှင့် ငွေစာရင်းဌာန အကြီးအမှူး တာဝန်ပူးတွဲ ထမ်းဆောင်သူ ဦးခင်မောင်လွင်၊ ငွေစာရင်းကိုင်ချုပ် ဒေါ်ခင်ဇာနည်ဇော်နှင့် ငွေစာရင်းကိုင် မနီနီထွန်း၊ မသီတာအေးတို့ကို မေလအတွင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှတ် ၁၃၈/၁၃၊ ပုဒ်မ ၄၀၈ ဖြင့် တရားရင်ဆိုင်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

၁၁ ဘီလျံ နောက်ဆက်တွဲ သတင်းစာ ရှင်းလင်းပွဲမှာ အစိုးရက ၇ ဘီလျံ ၀န်ခံ


လွန်ခဲ့တဲ့ ရက်ပိုင်းက တော်တော်လှုပ်လှုပ်ရှားရှား ဖြစ်သွားတဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံနဲ့ နိုင်ငံခြား ဘဏ်တွေမှာ အမည်မသိ ဘဏ်အကောင့် ၅ ခု ဆိုတဲ့ သတင်းရဲ့  နောက်ဆက်တွဲ အဖြစ် စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ အစိုးရက ၇ ဘီလျံ ရှိတယ်ဆိုတာ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ၀န်ခံ ပြောကြားလိုက်ပါတယ်။


ကျနော်တို့မှာ တရားဝင် အမေရိကန် ဒေါ်လာ ၇ ဒသမ ၆ ဘီလျံပဲ ရှိပါတယ်။ ၁၁ ဘီလျံရှိတယ် ဆိုပြီး 
ပြောနေတာက ကျနော်တို့ လည်း မသိပါဘူး။ ကျနော်တို့ရဲ့ Foreign Exchange Reserve ပါ။ နိုင်ငံတော်
ငွေ လည်း ပါပါ တယ်။ ပုဂ္ဂလိက ငွေလည်း ပါပါတယ်။ နိုင်ငံတကာဘဏ် တွေလည်း ထားပါတယ်။ သုံးစရာ ရှိရင် အဲဒီက ယူသုံးတယ်" လို့ သူက ပြောကြားပါတယ်။ 

အဲဒီ သတင်းစာ ရှင်းလင်းပွဲ ကိစ္စ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက အခုလို တင်ပြသွားပါတယ်။



အစိုးရ ၀န်ကြီးများရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘယ်သူတွေ ဘာတွေ ရှင်းလင်းပြသလဲ ဆိုတာ ဝေဖန် သုံးသပ်နိုင်ဖို့ ဖော်ပြပေးလိုက်တာပါ။

မြန်မာ့ရုပ်မြင်သံကြားသတင်းမှာ သတင်းထောက်တွေနဲ့ မေးမြန်းမှု၊ သက်ဆိုင်ရာ ၀န်ကြီးများရဲ့ ဖြေကြား မှု တွေတော့ မပါဝင်တာ တွေ့ရပါတယ်။



အိမ့်သံစဉ် ~

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ ကျင်းပမည့် (၉၁) ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်း များထွက်ပေါ် နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင်ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူတို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုး တွေတော့ ရှိတတ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံ ရေးလေ့လာသူ ဦးကျော်လင်းဦး က ''ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကိုကြည့်ရင် လက်နက် ကိုင်တပ်ဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေး ရတာဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိအ နေအထားနဲ့ကြည့်ရင်လဲ ငြိမ်းချမ်း ရေးအနေအထားက သူများနိုင်ငံ တွေထက် ပိုပြီးတော့မြန်မြန်ဖြစ် ထွန်းလာတာကိုတွေ့ရတယ်။ အခု လက်နက်ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့ လောက် နဲ့ ထိတွေ့ဆက်ဆံပြီးသွားပြီ။ အောက်တိုဘာမှာလုပ်မယ့် ငြိမ်း ချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ် ဆုရမယ့်လမ်းမှာ အများကြီးအ ထောက်အကူရနိုင်ပါတယ်''ဟု သုံးသပ်ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပဏာမအမည်စာရင်း တင်သွင်း မှုတွင် ပါဝင်ခဲ့သော်လည်း ရွေး ချယ်ရာတွင် ဥရောပကော်မရှင် သာ ရွေးချယ်ခံခဲ့ရသည်။  သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ်အတွင်းက နိုင်ငံအ တွင်းရှိ လက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ တွင် ၁ဝဖွဲ့နှင့် အပစ်အခတ်ရပ်စဲ ရေး လက်မှတ်ရေးထိုးနိုင်ခဲ့သူဖြစ် သည်။ သမ္မတဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုဘယ်ဆု မရရှိခဲ့သော်လည်း နယူးယော့ခ် အခြေစိုက် နိုင်ငံတ ကာ ပဋိပက္ခ များဖြေရှင်းရေးအဖွဲ့က ချီးမြှင့် သည့် ငြိမ်းချမ်းရေးကြိုးပမ်းမှုဆု ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရ သည်။

နိုဘယ်ဆုပေးပွဲသည် ၁၉၀၁ ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ဒေါ် အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ကြောင်း သိရသည်။

yangonmedia

Handset အသစ်ဝယ်လျှင် ထည့်သွင်းစဉ်းစားရမည့် အချက်



Handset အသစ်ဝယ်လျှင် ထည့်သွင်းစဉ်းစားရမည့် အချက်တို့ကို အိုင်တီ စာရေးဆရာ အတော်များများ ရေးခဲ့ကြဖူးပြီး ကျွန်မပင်လျှင် အချို့ အချက်အလက်များကို အထိုက်အလျောက် အလျဉ်းသင့်သလို ရေးခဲ့ဖူးသည်ဟု ထင်သည်။ သို့သော် ကျွန်မ အပါအဝင် စာရေးဆရာ အတော်များများ ရေးသည့် ဆောင်းပါးတို့သည် ပြည်တွင်းတွင် အမှန်တကယ် ဖြစ်ပျက်နေသော အခြေအနေကို အတိုင်းအတာ တစ်ခုသာ ထင်ဟပ်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုတလောတွင် မိတ်ဆွေအပေါင်းအသင်းအချို့ handset နှင့် tablet ဝယ်ရာတွင် လိုက်လံအကူအညီပေးရင်း ပြည်တွင်း မိုဘိုင်းပစ္စည်း အရောင်းဆိုင် တော်တော်များများ၏ အခြေအနေမှန်ကို မြင်တွေ့လာရသောကြောင့် ဖြစ်သည်။ နိုင်ငံတကာ ဈေးကွက်တွင် ရောင်းချနေသော နာမည်ကြီး handset မော်ဒယ်တို့သည် မြန်မာဈေးကွက်သို့ ရောက်လာသည့်အခါ အတွင်းမှာပါသော ကလီစာတို့သည် မျက်လှည့်ပြလိုက်သည့်အလား ထင်ရသည်။ အခြားအခြားသော ဖွံ့ဖြိုးပြီး တိုင်းပြည်များသို့ တင်ပို့ရန် ဖော်ပြထားသည့် အရည်အသွေး သတ်မှတ်ချက်တို့သည် များသောအားဖြင့် ပြည်တွင်းသို့ ရောက်လာသော အလားတူ ပစ္စည်းများ၏ အရည်အသွေး သတ်မှတ်ချက်နှင့် ကိုက်ညီလေ့ မရှိပါ။ ပြည်တွင်း ဈေးကွက်ကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားနေသော ကုမ္ပဏီကြီး အချို့သာလျှင် အရည်အသွေး ကွာဟချက် နည်းပါးအောင် ကြိုးစားလာကြသည်ကို တွေ့ရပါသည်။ သို့တိုင်အောင် ပထမတန်းစား ဒုတိယတန်းစားဟူ၍ ခွဲခြားပြီး တင်ပို့သူတို့လည်း ရှိကြပါသေးသည်။ ဤနိုင်ငံသို့ ဝင်ရောက်လာသော ပစ္စည်းများသည် ဒုတိယတန်းစားက အများစု ဖြစ်သည်မှာ ပြေးကြည့်ဖို့မလို တွေးကြည့်ရုံနှင့် သိသာသော အရာ ဖြစ်ပါသည်။ သို့ဖြစ်ရာ handset အသစ်ဝယ်သူတိုင်းသည် မည်သည့် ကုမ္ပဏီထုတ် မည်သည့် မော်ဒယ်ဟူ၍ သိရုံနှင့် မပြီးတော့၊ အတွင်းအပြင် ကျကျနန စစ်ဆေးရန် လိုအပ်လာပါသည်။ အဆွေသည် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာတို့ကို အချိန်ကြာမြင့်စွာကပင် သုံးစွဲလာပြီး ယင်းတို့၏ အတွင်းအပြင် သဘောသဘာဝကို အထူးစိတ်ဝင်စားသူ ဖြစ်ပါသလား။ ထိုသို့ စိတ်ဝင်စားသည့်အတိုင်း နည်းပညာ ရှုထောင့်မှနေ၍ ဆန်းစစ် လေ့လာဖူးပါသလား။ အိုင်တီနည်းပညာနှင့်ရော အထိုက်အလျောက် ကျွမ်းဝင်ရင်းနှီးပါသလား။ ဤမေးခွန်း သုံးမျိုး၏ အဖြေကို ဝေ့လည်ကြောင်ပတ် ဖြေနေရပြီဆိုလျှင် အခြေအနေ မဟန်တော့။ handset အသစ် ဝယ်ပြီဆိုလျှင် အင်တာနက်မှတဆင့် ကြိုတင်လေ့လာမှုများ၊ ပြည်တွင်းဈေးကွက်သို့ ဆင်း၍ ကြိုတင်လေ့လာမှုများအား အကြမ်းဖျဉ်းအားဖြင့် ပြုလုပ်ထားရတော့မည် ဖြစ်ပါသည်။ ယင်းနောက်တွင် handset နည်းပညာအကြောင်း အတော်အတန် နားလည်သူ၊ handset အမျိုးအစား အတော်များများကို ကိုင်တွယ်ဖူးသူဟူသော အရည်အသွေး နှစ်ချက်နှင့် ကိုက်ညီသူ တစ်ဦးဦးကို ပစ္စည်းအဝယ်ထွက်ရာတွင် ခေါ်ဆောင်ရတော့မည် ဖြစ်ပါသည်။ မိမိအားကိုး ခေါ်ဆောင်သူသည် မိမိထက် အသက်ငယ်ရွယ်သော ဆွေးမျိုးသားချင်း တစ်ဦးဦး၊ အိမ်နီးချင်း မိတ်ဆွေ တစ်ဦးဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းလူငယ်လူရွယ်တို့ကို အထင်မသေးသင့်ပါ။ လက်တွေ့ အသုံးပိုင်းကို သူတို့က ပို၍ ကျွမ်းကျင်တတ်သောကြောင့် ဖြစ်သည်။ handset ပြင်စားသည့် ပုဂ္ဂိုလ်တို့ကိုမူ အတွင်းသိ အစင်းသိ ဖြစ်ပါမှ ခေါ်ဆောင်သင့်သည်။ ထိုသူတွေနှင့် လက်ဝါးခြင်း ရိုက်ထားသော handset ဆိုင်တို့လည်း ရှိနိုင်သောကြောင့် ဖြစ်သည်။ မိမိက မအူမလည်ဆိုလျှင် နယ်စပ်သွင်း ပစ္စည်းသည် အာမခံရှိသော ကုမ္ပဏီပင်ရင်းဆိုင်ထွက် ပစ္စည်းဘဝသို့ ရောက်နိုင်သည်။ ရောင်းမစွံသော မော်ဒယ်တို့သည် အကောင်းဆုံး မော်ဒယ်ဘဝသို့ ကူးသွားနိုင်သည်။ တစ်သိန်းတန် ပစ္စည်းသည် တစ်သိန်းကျော်ကျော်တန်သော ပစ္စည်းလည်း ဖြစ်သွားနိုင်သည်။ ယနေ့ခေတ် မိုဘိုင်းပစ္စည်း အရောင်းလောကတွင် နားလှည့်ပါးလှည့် လုပ်ရပ်တို့က အတော်ပင် များလှ၍ ဖြစ်ပါသည်။ ဆင်းကတ်လောလောဆယ် မဲပေါက်ထားလျှင် handset ကို မဖြစ်မနေ ဝယ်ရတော့မည် မိမိကိုယ်ကို အရင်မေးပါ။ တစ်နှစ်လောက် ဖုန်းကောင်းကောင်း ပြောင်းရလျှင် တော်ပါပြီဟု သဘောထားနိုင်သည်လား၊ သို့တည်းမဟုတ် အရည်အသွေးကောင်း၊ ဈေးကောင်း ပစ္စည်းကို ၃ နှစ်ခန့် ရိုရိုသေသေ ကိုင်ချင်သည်လား၊ ဈေးလေးလည်း မဆိုး၊ အင်တာနက်လေး ဘာလေးလည်း သုံးနိုင်သော အလယ်အလတ် ချိုချိုချောင်ချောင် handset ကို လိုချင်သည်လား။ မိမိ၏ လိုအပ်ချက်သည် အဆိုပါ သုံးမျိုးထဲမှ တစ်မျိုးမျိုး ဖြစ်ပါလိမ့်မယ်။ ဈေးသက်သာဖို့ အဓိက၊ ဖုန်းကောင်းကောင်း ပြော၍ရလျှင် တော်ပါပြီဟု ဆိုသူများအတွက် ကျပ်နှစ်သောင်းအောက် အတန်းအစား အသီးသီး ရှိသော ဖုန်းအမျိုးမျိုး တံဆိပ် အမျိုးမျိုးကို တွေ့နိုင်သည်။ တရုတ်ဖုန်းလားဟု မေးနေရန်ပင် မလိုပါ။ handset တစ်လုံးကို ကျပ်ခြောက်ထောင်နှင့်ပင် ရအောင် ပေါလိုက်သည့် တရုတ်ဖုန်းတွေ၊ ဘယ်ဖုန်းက လိုင်းဆွဲအား ကောင်းသနည်း၊ အားလုံး ကောင်းပါသည်ဟု အရောင်းဆိုင်က ဖြေလိမ့်မည်။ ထိုစကားက နေရာမကျ။ မိမိရှေ့မှာ handset ဝယ်သုံးသည့် သက်တမ်း အထိုက်အလျောက်ရှိသော မိတ်ဆွေ လေးငါးဦးလောက်ကို မေးပါ။ သူတို့ ပြောသည်ကို သေချာစွာ နားထောင်ပါ။ လေ့လာပါ။ ဈေးကွက်ထဲရှိ handset တစ်မျိုးကောင်း မကောင်း တကယ်တမ်း သိသူများမှာ သုံးစွဲသူများသာ ဖြစ်သည်။ အခြားသော အီလက်ထရောနစ် ပစ္စည်းများတွင်လည်း ဤအတိုင်းသာ ဖြစ်သည်။ ကိုယ့်ရှေ့က သုံးစွဲသူများ၏ အခြေအနေကို လေ့လာပြီး ဝယ်ခြင်းက အမှန်ကန်ဆုံးဟု ဆိုချင်သည်။ ထိုသို့မေးဖို့ အခွင့်အလမ်းများများ မရခဲ့လျှင် ဈေးကွက်မှာ နေရာရချင်လွန်းသဖြင့် မိမိပစ္စည်းအကြောင်း အသေအချာ ပြောပြ၍ ကြေငြာသော၊ အာမခံချက် ပေးသော ကုမ္ပဏီက ကုမ္ပဏီထုတ် handset တို့ကို သတိထား လေ့လာပြီး ဝယ်ယူသင့်ပါသည်။ ငွေကျပ် ငါးသောင်းမှ အထက် ပေးလျှင် တို့ထိသုံးဖုန်း Touch ကို ရနိုင်သည်။ ထိုအခါတွင် Android တည်းဟူသော စက်လည်ပတ်မှု စတစ်နှင့် ကြုံပါမည်။ Android 2.1/2.2 တို့သည် ယနေ့ခေတ် စနစ် တော်တော်များများ မဟပ်စပ်တော့။ မိမိသုံးလိုသည့် နောက်ဆုံးပေါ် ဆော့ဖ်ဝဲ အတော်များများကို မသုံးနိုင်တော့။ ထိုစနစ်ပါသော handset များ ရောင်းနေပါသေးသလားဟု မေးသူက မေးနိုင်သည်။ ရောင်းနေပါသေးသည်ဟု ဆိုပါမည်။ အလွန်တရာ သက်သာသော ဈေးဖြင့် ရောင်းနေခြင်း ဖြစ်သည်။ ဝယ်ပြီးမှ သိလျှင် နောက်ကျနေပြီ။ သို့ဖြစ်ရာ အင်္ဂလိပ်စာ အတော်အတန်တတ်လျှင် Phone ၏ Setting ကို ဖွင့်ခိုင်းပြီး About Phone တွင် ဝင်ဖတ်သင့်သည်။ Android အမျိုးအစားတို့ကို ထိုနေရာတွင် မခြွင်းမချန် ဖော်ပြထားသည်။ မိမိဝယ်သော handset အသစ်သည် Android 2.3 လောက် အနည်းဆုံး ဖြစ်သင့်သည်။ ဤ version သည်ပင်လျှင် ၂၀၁၃ ခုနှစ် အကုန်တွင် များစွာ အသုံးတည့်တော့မည် မဟုတ်ပါ။ ထိုထက်ပိုပြီး ခံရနိုင်သည့် အပိုင်းမှာ စက်ပစ္စည်း အစိတ်အပိုင်း hardware ဖြစ်သည်။ အင်တာနက်ထဲသို့ ဝင့်လေ့လာထားသည်ကို အားကိုးလျှင် handset အသစ် ဝယ်သည့်အခါ ကွဲဖို့များသည်။ ဥပမာ ပြောရလျှင် Huawei G610 သည် နိုင်ငံတကာ ဈေးကွက်သို့ ပို့ရာ၌ မျက်နှာပြင် အရွယ်အစား ၅.၄ လက်မ၊ အတွင်း သိုလှောင်မှုစွမ်းအား 8GB ဖြစ်သည်။ မြန်မာ ဈေးကွက်ရှိ handset ဆိုင် အတော်များများသို့ သွားကြည့်ပါ။ ၅.၄ လက်မမှ နေ၍ ၅ လက်မ အရွယ်သို့ တိုဝင်သွားပြီး၊ အတွင်း သိုလှောင်မှု 4GB သာ ရှိသည့် G610 ကိုသာ အများဆုံး တွေ့ရပါလိမ့်မည်။ အချို့ဆိုင်များက နည်းနည်းတော်သည်။ ၅.၃ လက်မ မျက်နှာပြင် ရှိသည်။ သို့သော် အတွင်း သိုလှောင်မှုမှာ 8GB မရှိတော့။ Brand ဟုခေါ်သည့် handset များတွင် ဝိတ်လျှော့မှု အများဆုံးမှာ Huawei ဖြစ်သည်။ ကုမ္ပဏီကပင် လူလည်လုပ်သည်လော၊ မြန်မာ ကုန်သည်ကပင် လူလည်လုပ်သည်လော ဆိုသည်ကိုမူ အတွင်းကျကျ လူများသာ သိပေလိ့မ်မည်။ Huawei သည် မြို့နယ် အားလုံး နီးပါးတွင် ဆိုင်စေ့အောင် ထောင်ထားသော်လည်း huawei အပိုပစ္စည်းအစစ် ရောင်းသည်ကို မတွေ့ရပါ။ ဆိုင်နာမည်က တခြား၊ ရောင်းသည့် အပိုပစ္စည်းက တခြား ဖြစ်သည်။ ထီးလက်ဆောင်ပေးမည်၊ ဖိနပ်လက်ဆောင်ပေးမည်၊ Warranty ရှိသည်ဟု ဆိုသော်လည်း စစ်စစ်ပေါက်ပေါက် မေးသည့်အခါ ပစ္စည်းအစိတ်အပိုင်းကို လုံးဝ အာမခံချက် မပေးနိုင်ပါ။ ဝန်ဆောင်မှု အာမခံဟုသာ ဆိုသည်။ ပစ္စည်းအစိတ်အပိုင်း တစ်ခုခု ထိခိုက်ခဲ့လျှင် မူရင်းပစ္စည်း အစစ်အမှန်ဖြင့် အမှန်တကယ် ဝန်ဆောင်မှု ပေးနိုင်ပါမည်လား ဆိုသည်ကို သံသယ ရှိစရာ ကောင်းသည်။ မြန်မာနိုင်ငံတွင် ရောင်းသော handset ဆိုင် အတော်များများမှာ ပိန်မသာလိမ်မသာတွေ ဖြစ်သည်။ warranty တစ်နှစ်ဟု ခပ်ကျယ်ကျယ် အော်ကာ ပေးလိုက်သော warranty မှာ service warranty ဖြစ်ကောင်းဖြစ်နိုင်သည်။ ဆိုင်ကထွင်လုံးအနေနဲ့ ပေးလိုက်သော local warranty ဖြစ်ကောင်းဖြစ်နိုင်သည်။ တော်ရုံတန်ရုံ တီးမိခေါက်မိရှိလျှင် service warranty သည် အထင်ကြီးဖွယ်မရှိ။ အစိတ်အပိုင်း ထိခိုက်သည်ကို ရှာဖွေပေးပြီး၊ ပစ္စည်း အစစ်အမှန်ဖြင့် တာဝန်ယူ လဲလှယ်ပေးနိုင်မှသာ warranty အစစ်ဟု ဆိုနိုင်သည်။ စက်အတွင်း အစိတ်အပိုင်းအကြောင်း အထိုက်အလျောက် သိလိုပါက All-in-One toolbox တင်ပြီး ကြည့်ပါ။ CPU နှင့် Graphic card အကြောင်း အကြမ်းဖျဉ်း သိရပါလိမ့်မည်။ ပစ္စည်း အစိတ်အပိုင်း အာမခံနှင့် ပတ်သက်လျှင် Samsung မှာ အထိုက်အလျောက် နာမည်ကောင်း ရှိသည်။ သို့သော် ပင်ရင်း ကုမ္ပဏီက တင်သွင်းရောင်းချသော တန်ဖိုးကြီး handset နှင့် Tablet များကိုသာ အာမခံခြင်း ဖြစ်သည်။ လက်ခွဲဆိုင်များကို အာမခံပေးသည်၊ မပေးသည်ကို မသိနိုင်ပါ။ အချို့ဆိုင်များမှာ ပင်ရင်းဆိုင်နှင့် ဈေးနှုန်း ငါးသောင်းကျော်အထိ ကွာဟနေသဖြင့် သူ့ဟာသူ တင်သွင်းရောင်းချနေသလောဟု သံသယရှိစရာ ကောင်းသည်။ အာမခံခိုင်မာလိုလျှင် ဈေးကို မကြည့်ပါနှင့်။ အာမခံ သေချာသော ဆိုင်မှာ ဝယ်ပါ။ Samsung လို ကမ္ဘာကျော် ကုမ္ပဏီမှာပင် မြန်မာဆားဗစ်တက်ကနစ်ရှင်တွေက အတော်အတန် နေရာမကျသေးသည်ကို တွေ့ရသည်။ ပစ္စည်း ပြင်ဆင်ပြီးစီးသည့် ကာလအလွန်ကြာသည်။ Google Play Store ဆိုသည်မှာ အဘယ်နည်းဟု မေးသော အရောင်းဝန်ထမ်းတို့ကိုလည်း တွေ့နေရသေးသည်။ LG နှင့် Sony တံဆိပ်အဆင့်မြင့် handset တို့ကို မိမိ ပတ်ဝန်းကျင်တွင် အသုံးနည်းသဖြင့် သူတို့ အကြောင်းကို သေချာစွာ မသိရ၊ သို့သော် သုံးဖူးသူတို့ကို လေ့လာသည့်အခါတွင် ဝန်ဆောင်မှု ကောင်းလှသည်ဟု ပြောသံလည်း မကြားမိပါ။ မြန်မာပြည်ဖွား ရောင်းသည်ဟု ဆိုသော HTC ဖုန်းမှာ ဈေးတွေက မတော်မရော် ကြီးသဖြင့် လူတကာဝယ်ဖို့ အကြံမပေးရဲ။ အာမခံကာလ ၁၈ လကား မဆိုးဟု ဆိုနိုင်သည်။ သို့သော် Service warranty ဖြစ်လျှင် အသက်ရှုကြပ်ရဦးမည်။ HTC က မြန်မာစာ ကီးဘုတ်အကြောင်း အပြောများသည်။ သို့သော် Android 4.1 နှင့်အထက် handset အားလုံးနီးနီးမှာ မြန်မာစာနှင့် မြန်မာကီးဘုတ် အသင့်ထည့်ပေးထားသည်ဟု ဆိုသည်။ မြန်မာစာရိုက်သည့်အခါ စာလုံးအချို့က ကျွမ်းထိုးနေမြဲ။ ထို့ကြောင့် မဝယ်မီ မြန်မာစာ ရိုက်ကြည့်သင့်သည်။ နောက်ဆုံး ပြောစရာ အချက်တစ်ခု ရှိသည်။ ယင်းမှာ ဘက်ထရီ၊ နောက်ဆုံးပေါ် handset မော်ဒယ်များမှာ ဘက်ထရီအင်အား အလွန်ကြီးလာသည်။ ကုမ္ပဏီက တရားဝင် မတင်သွင်းလျှင် အပြင်မှာ ဝယ်ရန် မလွယ်ပါ။ အကြောင်းတစ်ခုခုကြောင့် ဘက်ထရီနာသွားခဲ့လျှင် ဒုက္ခရောက်နိုင်သည်။ ယင်းဘက်ထရီမျိုး နောက်ထပ် နှစ်မည်မျှကြာ ရောင်းချပေးဦးမည်ကိုလည်း စုံစမ်းလေ့လာထားသင့်သည်။ နောက်ထပ် ၂ နှစ်အကြာတွင် မိမိ၏ handset ကလည်း ကောင်းသေးသည်။ သို့သော် ဘက်ထရီ ဝယ်မရတော့ဟုဆိုလျှင် မခက်ပါလော။ ဧဧသက် (ဖြိုးဓန ဒစ်ဂျစ်တယ်ဓာတ်ပုံ)

News of Myanmar

လူရွှင်တော် 5 Stars အဖွဲ့ ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား

လူရွှင်တော် 5 Stars အဖွဲ့သည် ရန်ကုန်- နေပြည်တော် ၊ အမြန်လမ်း (၁၆) မိုင်တစ်ဖာလုံတွင် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၂ နာရီခွဲအချိန်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။ ပဲခူးတိုင်း၊ ကျောက်ကြီးဖျော်ဖြေပွဲ မှအပြန် လမ်းမပေါ်တွင် စက်ပျက်နေသည့် ယာဉ်တစ်စီးအား ၀င်ရောက်ကူညီနေစဉ် ယာဉ်တိုက်မှု ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း 5 Stars အဖွဲ့မှ အောင်သော်က မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့က ရန်ကုန်ဘက်နေပြီး တက်လာတဲ့ စူပါကာစတန်ကားက ဘတ္ထရီ မကောင်းဖြစ်နေလို့ ကူညီပြီး ပြင်ပေးနေတဲ့ အချိန်မှာ
အခုလိုဖြစ်တာပါ။ ကျွန်တော်တို့ အဖွဲ့ပိုင် ဟိုက်အေ့စ်ကားနဲ့ နှစ်ကား စလုံး ခေါင်းချင်းဆိုင် မီးထိုးပြီးပြင်နေတဲ့အချိန်မှာ ရန်ကုန်ဘက်က တက်လာတဲ့ ကားကဖြတ်ပြီး တိုက်လိုက်တာပါ။ ကျွန်တော်အဖွဲ့ထဲက နှစ်ယောက်က ကားပြင်နေတယ်ဆိုတာကို အချက်ပြနေတာပါ။ နောက်ပြီး ကျွန်တော်တို့ ကားတွေက ဘေးကို ချပြီး ပြင်နေကြတာပါ။ အဲဒီအချိန်မှာ ၀င်တိုက်သွားတာပါ၊ ကျွန်တော်တို့က ကျောက်ကြီးဖျော်ဖြေပွဲဖြစ်တဲ့ ရှင်ဥပဂုတ္တ မီးမျှောပူဇော်ပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ဘုရားပွဲကနေပြီး ပြန်လာတာပါ၊ တစ်ဖက်က အခုလိုထိခိုက်ပျက်စီးတာနဲ့ ပတ်သက်ပြီး၊ အဆင်ပြေအောင် ပြန်လည် လုပ်ပေးမယ်လို့ ပြောပါတယ်” ဟု အောင်သော်ကပြောသည်။

ယင်းဖြစ်စဉ်ကြောင့် လူရွှင်တော် 5 Stars အဖွဲ့ပိုင်ကားသည် ယာဉ်မောင်းဘက်အခြမ်းမှ ပျက်စီးခဲ့ပြီး ၎င်းတို့အဖွဲ့မှ ၀င်ရောက်ကူညီပေးနေသည့် ကားမှာ တံခါးပျက်စီးသွားခဲ့သည်။

“ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရတာတော့ မဖြစ်ခဲ့ပါဘူး။ ကိုကျင်ဝှက်ရဲ့သားက ပါးမှာ ဒဏ်ရာရသွားတယ်။ အောင်သော်ရဲ့ ညီနဲ့ ညီမကတော့ ခြေ၊ လက်တွေ ထိခိုက်သွားတယ်။ ၀င်တိုက်တဲ့ ကားမှာပါတဲ့ လူတွေကတော့ ညှပ်ရိုးကျိုးသူကျိုး၊ တင်ပါးဆုံရိုးကျိုးတဲ့လူ ကျိုးသွားပါတယ်” ဟု မျောက်ရှုံးက ဆိုသည်။

ယင်းထိခိုက်မှုကြောင့် 5 Stars အဖွဲ့မှ ဒဏ်ရာရသူများကို လှည်းကူးဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိသည်။ လူရွှင်တော် 5 Stars အဖွဲ့တွင် အောင်သော်၊ အောင်မော်၊ မျောက်ရှုံး၊ ကြာစိ၊ ကျင်ဝှက်တို့ပါဝင်ပြီး လူရွှင်တော်ရွှေဖလားပြိုင်ပွဲမှတစ်ဆင့် အနုပညာလောကအတွင်းသို့ ရောက်ရှိလာကြသူများဖြစ်သည်။
Mizzima - News in Burmese

ကယ်ရီငှားစီးသူခရီးသည်(၂)ဦးမှ ဆိုင်ကယ်အားလုယူသွားသည့်အမှု ဖော်ထုတ်ဖမ်းဆီးရမိ



၁၅.၉.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်ကျော်ခိုင်သည် သာကေတမြို့နယ်၊ဧရာဝဏ်လမ်းအ၀ိုင်းထိပ်
တွင် ဆိုင်ကယ်ကယ်ရီ ဂိတ်ထိုးထားချိန် အမျိုးသား(၂)ဦးမှ
သာကေတမြို့နယ်၊ လယ်ယာ(၆)လမ်းသို့ ငွေကျပ်(၈၀၀)ဖြင့်ငှားရမ်း၍
မောင်းနှင်ထွက်ခွါလာရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အဒေါ်ဖြစ်သူထံသွားလိုကြောင်းပြောဆိုကာပို့ပေးရန်ပြောသဖြင့် သာကေတမြို့နယ်၊ ရတနာလမ်းမှဆိပ်ကမ်းသာလမ်းဘက်သို့ချိုးကွေ့
မောင်းနှင်လာခဲ့စဉ် နောက်ဆုံး၌ထိုင်စီးလာသူမှ ထီးကျကျန်ခဲ့ကြောင်း
ပြော၍ ဆိုင်ကယ်အားရပ်ပေးခဲ့ပါသည်။

အဆိုပါသူ ထီးသွားကောက်ယူနေချိန်တွင် ကျန်တစ်ဦးမှဓါးထုတ်ပြပြီး ဆိုင်ကယ်ပေါ်မှဆင်းခိုင်းခဲ့ကာ ထီးသွားရောက်ကောက်ယူသူမှလည်း ချုပ်ကိုင်ထားရန်လှမ်းပြောသဖြင့် ကိုကျော်ကျော်ခိုင်မှာ၎င်းပိုင်
ဂျဲလမက် 125 အဖြူရောင်ဆိုင်ကယ်အားထားပြီးထွက်ပြေးခဲ့စဉ် ၎င်းတို့(၂)ဦးမှာ ဆိုင်ကယ်အားယူဆောင်ကာမောင်းနှင်သွားကြသဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းခဲ့၍ သာကေတနယ်မြေရဲစခန်း
(ပ)၆၆၈/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ သတင်းစုံစမ်း
ဖော်ထုတ်ခဲ့ရာ ပြောင်ကြီး(ခ)ကျော်ဌေးအောင်(ဘ)ဦးတင်လှ၊ (၁၆၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူနှင့် ကိုဖြိုး(ခ) သန့်ဇင်ဖြိုး၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတို့ (၂)ဦးမှကျူးလွန်ခဲ့ကြောင်းနှင့် လုယူခဲ့သည့်ဆိုင်ကယ်အား လိုက်လံရောင်းချနေကြောင်းစုံစမ်းရရှိသဖြင့် ၁၈.၉.၂၀၁၃ ရက်နေ့တွင် ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ အခင်းဖြစ်ချိန်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းအ၀ိုင်းထိပ်မှ ဆိုင်ကယ်ကယ်ရီတစ်စီးအားငှားရမ်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ သွားရောက်ခဲ့စဉ်
ဆိပ်ကမ်းသာလမ်းကွေ့ သို့အရောက် ဆိုင်ကယ်နောက်ဆုံးမှ စီးနင်းလာသည် ကျော်ဌေးအောင်၏ ထီးမှာပြုတ်ကျခဲ့၍ ဆိုင်ကယ်အား
ရပ်ခိုင်းပြီးဆင်းကောက်စဉ် ကယ်ရီမောင်းသူမှ ငွေကျပ်(၃၀၀၀)ပေးမှသာ
လိုက်ပို့နိုင်မည်ဖြစ်ကြောင်းပြောဆိုသဖြင့် စကားများကြပြီး
ကျော်ဌေးအောင်မှ ထီးအချွန်ဖြင့်ထိုးဟန်ပြုလိုက်စဉ် ကယ်ရီမောင်းသူမှာ ဆိုင်ကယ်သူခိုးဟုအော်ကာလာရာလမ်းအတိုင်းထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် ကျော်ဌေးအောင်နှင့်သန့်ဇင်ဖြိုးတို့မှ ဆိုင်ကယ်အား
မောင်းနှင်ယူဆောင်ခဲ့ကြကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ သန့်ဇင်ဖြိုး၏အစ်ကိုနေအိမ်ရှေ့သစ်ပင်များကြားတွင်ဝှက်ထားခဲ့ကြောင်း
ပေါ်ပေါက်သဖြင့်သိမ်းဆည်းပြီး အမှုဖြင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ရန်ကုန်မန္တလေးအမြန်လမ်းမကြီး(၁၁၅)မိုင်ယာဉ်ရပ်နားစခန်းရှိလမ်းဘေးဈေးသည်များဖျက်သိမ်းရမည်


ရန်ကုန်မန္တလေးအမြန်လမ်းမကြီး(၁၁၅)မိုင်ယာဉ်ရပ်နားစခန်းရှိလမ်းဘေးဈေးသည်များအားလုံခြုံရေးအတွက်
အန္တရာယ်ရှိခြင်းနှင့်သန့်ရှင်လှပရေးအတွက်ဟုဆိုကာစက်တင်ဘာ၂၄ရက်နောက်ဆုံးထား၍ဖျက်သိမ်းရမည်ဟုဖြူးမြို.နယ်အုပ်ချုပ်ရေးမှူး၏ထုတ်ပြန်ချက်အရသိရှိရသည်။

ယင်းနေရာ၌ဈေးရောင်း၍အသက်မွေးသောဒေါ်ဌေးက’’ကျွန်မတို.ကဒီဈေးဆိုင်လေးမှီခိုပြီးအသက်မွေးနေရတာပါအရင်ကချောင်းကမျောတဲ.ထင်းလေးဆယ်လိုက်တောထဲမျှစ်ချိုးမှိုရှာပြီးလုပ်ကိုင်စားသောက်လာတာပါအဲဒါတွေမလုပ်ရတော့လို့ဒီလိုဈေးရောင်းနေတာပါခုမရောင်းရရင်ဘာလုပ်စားရမလဲ“ဟုNews
Watchဂျာနယ်သို.စက်တင်ဘာ၂၀ကပြောကြားခဲ့သည်။

အဆိုပါဈေးသည်များသည်အမှိုက်သိမ်းစနစ်အတွက်မိမိသန့်ရှင်းရေးကိုမိမိဘာသာဖြေရှင်းခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းစေခဲ့ပြီး ယခုကဲ့သို့ဈေးမရောင်းချရပါကဈေးသည်အများစုအခက်အခဲများစွာဖြင်.ရင်ဆိုင်နေရမည်ဖြစ်ကြောင်းပြောပြခဲ့သည်။“ဒီဈေးတန်းမှာရောင်းချတဲ.ဈေးသည်နှစ်ရာလောက်ရှိတယ်သူတို့ကိုမှီခိုပြီးစား
သောက်နေရတဲ.မိသားစုတွေအကုန်ဒုက္ခရောက်ကုန်မယ်ကျနော်တို့ဈေးရောင်းလို့ဘယ်သူမှဒုက္ခမရောက်ပါဘူးသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်ရောင်းချတယ်ခရီးသွားတွေလည်းဈေးသက်သက်သာသာနဲ့စားလို့ရ
တယ်ဒါကိုဖယ်ခိုင်းတော.အကုန်ဒုက္ခရောက်ကုန်တယ်ကျနော်တို.ဘယ်သူ.ကိုအကူညီတောင်းရမယ်မသိလို့မီဒီယာကိုအကူညီတောင်းရတာပါ”ဟုယင်းဈေး၏ဥက္ကဌကပြောကြားခဲ့သည်။

အဆိုပါဈေးနေရာသည်သပ်ရပ်သန့်ရှင်းစွာရောင်းချပြီး ယင်းဈေးအားစံပြဈေးပုံစံသတ်မှတ်ပြီး ရန်ကုန်တွင်ရောင်းချပါက အဆင်ပြေနိုင်ကြောင်းအကြံပြုသူများရှိနေခဲ့ပြီး ယခုအခါဖျက်သိမ်းရမည်ဖြစ်သောကြောင့်ဈေးသည်နှင့်ခရီးသွားများပါဒုက္ခရောက်နိုင်ကြောင်းနှင့်ယခင်ကတစ်ရက်စည်ပင်ကြေး၃၀၀၀ကျပ်ပေးသွင်းရခြင်းအားလည်းယခုမကောက်တော့ကြောင်းပြောကြားခဲ့သည်။


ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အာဏာသိမ်းတဲ့ည



ကျွန်တော်နှင့် သူငယ်ချင်းတစ်ယောက်က ဆိုက္ကားကို အလိုက်သင့်တွန်း ပေးသည်။ သူငယ်ချင်းဖြစ်သူဇော်မြင့်က ဆိုက္ကားပေါ်တွင်တင်လာသော အသံချဲ့စက်ကို အသံချိန်ပေးသည်။ ကျွန်တော်တို့ဘေးမှာတော့ ရှေ့နေများသမဂ္ဂမှ ကိုခင်မောင် အေး(ခ)ကိုအေးသိန်းက မိုက်ခရိုဖုန်းကို ဟန်ပါပါခဲကာ ဒီမိုကရေစီမကြောက်တရား များ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၏ ဆိုးယုတ်ချက်များကို အာပေါင်အာရင်း သန်သန် လမ်းလျှောက်ရင်း ဟောပြော လာကြသည်။ ကျွန်တော်တို့ဘေးမှာတော့ လိုက်လံအားပေးကြည့်ရှုကြသော မြို့ခံပရိသတ်များ၊ ကလေးလူကြီး အရွယ်စုံကို တွေ့ရသည်။ ကျွန်တော်တို့ ရွေ့လျားဟောပြော ဆိုက္ကားယာဉ်ကြီးသည် ပြည်မြို့ စကားတောင်အရပ်ဆီသို့ ရောက်ရှိလာ၏။ နေ့ရက်ကား ၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်းဖြစ်သည်။ ထိုသို့ ချီတက်လာရင်း ညနေလေးနာခွဲလောက်တွင် ကျွန်တော်တို့ ရပ်ကွက်ထဲမှ လူတစ်ယောက်သည် မောကြီးပန်းကြီး ပြေးလိုက်လာကာ တရားဟောနေသော ကိုခင်မောင်အေးကို တစ်စုံတစ်ခု တီးတိုးပြောကြား လိုက်သည်။ ထိုသူ၏ စကားဆုံးသည်နှင့် ကိုခင်မောင်အေး မျက်နှာပျက်သွားသည်။ ခေတ္တတုံ့ဆိုင်းနေပြီးနောက် `စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့၊ မာရှယ်လော လည်းထုတ်လိုက်ပြီ၊ ငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိဘူးတဲ့´ဟု လေးတိလေးကန် ပြောလိုက်သည်။ ဖွင့်မပြောသော်လည်း ကျွန်တော်တို့ရှေ့ဆက်ဟောပြောလို့ မရ တော့ပြီဟု အားလုံးက နားလည်လိုက်ကြကာ ဆိုက္ကားကို ကျွန်တော်တို့ ရပ်ကွက်ရှိရာ ဆံတော်ရပ်သို့ ပြန်တွန်းလာခဲ့ကြတော့သည်။ ဤမြင်ကွင်းမှာ တပ်မတော် အာဏာသိမ်းခဲ့သော ညနေက ကျွန်တော့် မျက်စိထဲတွင်စွဲနေသော အဖြစ်အပျက် များဖြစ်သည်။ လွန်ခဲ့သော ၂၅ နှစ်ခန့်က အဖြစ်အပျက်များဖြစ်သည်။ ယနေ့ခေတ်တွင် အသက် ၂၅ နှစ်အောက် လူငယ်များမှာ ထိုနေ့ကို မျက်မြင်တွေ့မီလိုက်ခြင်းရှိမည် မဟုတ်ကြပေ။

ပြည်တစ်မြို့လုံးသည် ခေတ်ပျက်သလို ဖြစ်သွား၏။ (မြန်မာတစ်ပြည် လုံး ထိုသို့ဖြစ်သွားကြခြင်း ဖြစ်ပါသည်) ပြေးကြလွှားကြ သွားလာလှုပ်ရှားနေသူများ လမ်းပေါ်တွင် ပျားပန်းခတ်နေကြသည်။ မကြာခင် မြို့တွင်းသို့ စစ်တပ်ဝင်တော့ မည်မှာ သေချာနေလေပြီ။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရကို ဖျက်သိမ်း၍ ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ (State Law and Order Restoration Council) ကို ဖွဲ့စည်းလိုက် ပြီဖြစ်ကြောင်း၊ သပိတ်စခန်းများအားလုံးမှ ဖယ်ရှားကြဖို့နှင့် မဖယ်ရှားပါက တပ် မတော်မှ ဝင်ရောက်အင်အားသုံး ရှင်းလင်းဖယ်ရှားတော့မှာဖြစ်ကြောင်း ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ အထူးသတင်းအဖြစ် ကြေညာသွားပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်ဆန္ဒပြခဲ့ကြသော ဒီမိုကရေစီ တောင်း ဆိုပွဲအရေးတော်ပုံကြီးသည် ဤကဲ့သို့ နေ့ချင်းညချင်း နိဂုံးချုပ်ရတော့မည်ဆိုခြင်းကို အားလုံးက မယုံနိုင်အောင် ဖြစ်နေကြလေသည်။ ပြည်သူအားလုံးရင်ထဲဝယ် မဆလပါတီဘက်မှ အာဏာသိမ်းအဖွဲ့ ရပ်တည်လိုက်သည်ဟု ခံစားနေကြရသည်။

လူငယ်အချို့နှင့် သပိတ်စခန်းမှ ထွက်ခွာလာသူအချို့သည် ချက်ချင်းပင် မြို့၏ အဓိက အဝင်အထွက်လမ်းများကို ရရာပစ္စည်းများဖြင့် စစ်ကားများဝင်မလာ နိုင်အောင် ပိတ်ဆို့လိုက်ကြတော့သည်။ အများအားဖြင့် ကိုယ့်ရပ်ကွက်ထိပ်တွင် သစ်ပင်များကိုခုတ်၍ ကန့်လန့်ဖြတ်ပိတ် လိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်တို့ နေထိုင်ရာ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်းလမ်းကို နှစ်နေရာခွဲ၍ ပိတ်ဆို့လိုက်ကြသည်။ တစ်နေရာမှာ ကျွန်တော်တို့ အိမ်ရှေ့တည့်တည့်လောက်တွင် ဖြစ်သည် (ဦးလှဝါးဆိုင်နှင့် မျက်စောင်းထိုး လောက်တွင် ဖြစ်သည်) အနီးအနားရှိ ပြည်- တောင်တွင်း ကားဂိတ်မှ ရရာ ကုန် သေတ္တာပုံးများ၊ သစ်ပင်များကိုလှဲကာ ပိတ် ဆို့လိုက်ကြခြင်း ဖြစ်သည်။ နောက်တစ်နေရာမှာ ယခု မျိုးသုခပုဂ္ဂလိကဆေးရုံ အနားတွင်ရှိသော မီးရထားသံလမ်းကူး ဂိတ်တံခါးကြီးနားမှာ ဖြစ်သည်။ မီးရထား လာလျှင် ပိတ်သော သံဂိတ်တံခါးကြီးကို ပိတ်လိုက်ပြီး ထိုသံတံခါးအနောက်မှကပ်၍ ကုက္ကိုပင်ကြီးတစ်ပင်ကို ကန့်လန့်ဖြတ်ချ လိုက်ခြင်းဖြင့် သံတံခါးနှစ်ထပ် သစ်ပင် တစ်ထပ်ဖြစ်သောကြောင့် အတော်လုံခြုံ သောနေရာဖြစ်သည်။ ထို့ကြောင့်လည်း ထိုနေရာမှစုကာ မကျေနပ်မှုများကို လူစု လူဝေးဖြင့် တစ်ညလုံးအော်ဟစ်ဆန္ဒပြကြ ခြင်း ဖြစ်သည်။

တစ်မြို့လုံးသည် ပဒူအုံကို တုတ်ထိုး လိုက်သလို လူတို့သည် ဟိုမှသည်မှ ပြေး လွှားသွားလာကာ ယနေ့ညတွင် ဝင်လာ တော့မည့်စစ်တပ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရင်ဆိုင်ရန် ပြင်ဆင်နေကြလေသည်။ သပိတ်မှောက်တော်လှန်ရေးသမားများသည် အရပ်သားများဖြစ်ကြပြီး ကျွန်တော်တို့၏ အဓိကအားနည်းချက်မှာ အင်အားစု အကုန်လုံးကို အမိန့်ပေး ကွပ်ကွဲနိုင်သော ခေါင်းဆောင်မရှိခြင်းပင် ဖြစ်သည်။ မြို့သူ မြို့သားများတွင် လေးဂွ၊ ဂျင်ကလိစသော မဖြစ်စလောက်လက်နက်အနည်းငယ်မှ တစ်ပါး အခြားဘာလက်နက်မှလဲ မရှိပေ။ တစ်ယောက်တစ်မျိုး စိတ်ကူးပေါက်ရာများ ကိုသာ ကြံစည်လုပ်ကိုင်နေရခြင်း ဖြစ် သည်။ တစ်ယောက်က စစ်တပ်ဝင်လာ လျှင် အလွယ်တကူလာ၍ မရစေရန် လမ်းမီးများအားလုံးကို ခွဲပစ်ရမည်ဟု အကြံပေးသောကြောင့် လမ်းမီးတိုင်အားလုံး လေးခွစာမိသွားကြလေရာ နေဝင်ပြီး မကြာမီမှာပင် တစ်မြို့လုံး မှောင်နှင့်မည်းမည်း ဖြစ်သွားလေသည်။ စစ်ကားများ ဝင်လာလျှင် မြင်သူက သံချောင်းခေါက် အချက်ပေးဖို့လည်း သဘောတူထားကြ လေသည်။ တချို့ကလည်း မျိုးချစ်စိတ် ပြင်းထန်လွန်းကာ ဒီမိုကရေစီအတွက် အသက်စွန့်ရန် ပိုင်းဖြတ်ကြပြီး ပြည်မြို့ ဆင်စုရပ်ကွက် မိချောင်းရဲကျေးရွာထိပ်တွင် အုပ်စုလိုက် သရဏဂုံတင်ပွဲကြီးကိုပင် ကျင်းပကြလေသည်။

အစည်းကားဆုံးနေရာမှာကား ပြည်မြို့ မြောက်ဘက်စောင်းတန်းလမ်း ခြင်္သေ့ ကြီးနှစ်ကောင်အနီးနေရာနှင့် ပြည်မြို့ အနောက်ဘက်စောင်းတန်းလမ်း ဇောတိ ကာရုံပါဠိတက္ကသိုလ်ရှေ့ နေရာများတွင် လာ၍ စုမိကြခြင်း ဖြစ်ပါသည်။ ည ၁၀ နာရီခန့်တွင် သံချောင်းခေါက်သံများကို မြို့၏ ဟိုမှသည်မှ စတင်ကြားရပြီး တိတ် ဆိတ်မှုကို ဖြိုခွင်းသော သေနတ်သံများကိုလည်း ဒိန်းခနဲ၊ ဘောင်းခနဲစတင်ကြား လာရပါသည်။ အနောက်ဘက်စောင်းတန်းလမ်းတွင် နေထိုင်သော သူငယ်ချင်းဖြစ် သူက ပြောပြသည်မှာ `တို့တွေက တစ်ရပ်ကွက် လုံးရော တခြားက ရောက်လာကြတဲ့ အဖွဲ့တွေရောစုံပြီး တော်တော် အင်အား ကောင်းနေကြတယ်။ ဘာမှတော့ အကြမ်းဖက်တာမျိုး မရှိဘဲ ဒီမိုကရေစီရရှိရေး တို့အရေး၊ တို့ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ တို့ဘာတို့ ပေါ့လေ အဲဒါတွေကို အော်နေကြတာ။ အဲဒီအချိန်မှာ တပ်က ဝင်လာတယ်။ ဝင်လာတာက လှိုင်ဂါတ် လမ်းဘက်ကဝင် လာတာ။ ဝင်လာတာနဲ့ ဆန္ဒပြလူအုပ်ကို စပစ်တော့တာပဲ။ ပစ်တော့ အားလုံး ပြေးကြလွှားကြပေါ့။ ငါ့ အဒေါ်လည်း သေနတ်မှန်ပြီး ခွေကျသွားတယ်။ သူ့ကို အိမ်ထဲပွေ့သွင်းပြီး တံခါးပိတ်လိုက်တယ်။ မှန်တာက ရင်ဘတ်မှာမှန်တာ၊ ပခုံး အောက်နားမှာပေါ့။ ဒဏ်ရာကတော့ သေးပါတယ်။ သေမယ်တောင် မထင် ဘူး။ ဒါပေမဲ့ ချက်ချင်းပဲ ဆုံးသွားတယ်။ မနက်ကျမှ သေသေချာချာကြည့်လိုက် တော့ ကျောဘက်မှာ အပေါက်က အကြီးကြီးပဲ ကျည်ဆန်က ရှေ့ကဝင်ပြီး ချိုင်းအောက်ကထွက်သွားတာ အပေါက်က ဒီလောက်လောက်ကြီး၊ ကျွန်တော့် အိမ်က သုံးခန်းရှိတယ်။ ကျွန်တော်က ခေါင်းရင်းဘက်ခန်း၊ ကျွန်တော့်အဒေါ်က ခြေရင်းခန်း၊ သူ့အခန်းကို ပြန်မရွှေ့တော့ ဘူး။ ကျွန်တော့် အခန်းထဲမှာပဲ တစ်ည လုံး ထားလိုက်တော့တယ်။ ဆယ့်ငါးမိနစ် လောက်ကြာတော့ သေသွားတယ်။ သေသွားတော့ မနက်ကျတော့မှ သူ့အ ခန်းကိုရွှေ့မယ်ဆိုပြီး မလိုက်တော့မှ သွေး တွေက ပွက်ဆိုကျလာတာ၊ ကြည့်လိုက် တော့မှ ချိုင်းအောက်မှာ အပေါက်က အကြီးကြီးပဲ။ မှန်ကတည်းက စကားကို မေးလို့ မရတော့တာ။ သူ့ရဲ့ နောက်ဆုံး စကားက အမေ ကျွန်မကို မှန်သွားပြီလို့ ပြောပြီး ဘာစကားမှ မေးလို့မရတော့ဘူး။ သူကတော့ လက်နက်မဲ့ ဆန္ဒပြခဲ့တာပါ။ တို့အရေး၊ တို့အရေးလို့ အော်ရုံအော်ခဲ့ တာပဲ ရှိပါတယ်။ အဲဒီမှာ အော်တဲ့သူ တွေဘက်လှည့်ပြီး ပစ်လိုက်တာပဲ။ သေနတ်ကပစ်ရင် မီးမပွင့်ဘူးမထင်နဲ့ ပွင့် တယ်နော်။ ညမှောင်နေတဲ့အချိန်မှာ မီး ပွင့်ကလေးတွေ လက်သွားတာတောင် မြင်လိုက်ရတယ်။ သူတို့က ကျွန်တော်တို့ လမ်းထိပ်က ဓမ္မသုခဆိုတဲ့ ဘုန်းကြီး ကျောင်းရေစင်အောက်ကနေ အုတ် တံတိုင်းကို အကာအကွယ်ယူပြီးပစ်တာ၊ အတွဲလိုက်တွေ ဆွဲတာ၊ အဲဒီတုန်းက ကျွန်တော်တို့ အိမ်ရှေ့လမ်းက ဆန္ဒပြ အဖွဲ့တွေရဲ့ ဌာနချုပ်လိုဖြစ်နေတာကိုး၊ အားလုံးဆုံတဲ့နေရာ။ ကျွန်တော့်မှာလည်း အိမ်မှာ စာအုပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထား တယ်။ စာအုပ်ကလေးတွေကို ကျွန်တော်က ဒီလိုစီတာဗျ။ ဒီလိုထပ်ထပ်ပြီးတော့ စီတာ နောက်တော့ စာအုပ်တွေကြားမှာ ဒီလိုအထဲမှာ ကျည်ဖူးလေးဖူး၊ ထရံကြားမှာ ကျည်ဖူးနှစ်ဖူး တွေ့ရတယ်။ အခု ထက်ထိ သိမ်းထားတယ်။ ကျွန်တော်တို့ အိမ်ဘက်ကို အတွဲလိုက်ဆွဲတာ။ ကျွန်တော်တို့ အိမ်ကထွက်အော်တဲ့သူတွေလည်း နည်းနည်းများတယ်ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့်အဒေါ်လည်း ပွဲချင်းပြီး သွားတယ်။ ပြီးတော့ ဓမ္မသုခကျောင်းရှေ့ မှာ ဆိုင်းတီးတဲ့ ဦးချစ်တီးရဲ့ သားကတော့ ဆီးခုံကိုမှန်ပြီး ကားပေါ်ကိုဆွဲတင် သွားတာတွေ့လိုက်ရတယ်။ နောက် လေးယောက်လောက်ကတော့ ဒဏ်ရာ တွေရတယ်။ တစ်ယောက်ဆို ပခုံးကို မှန်တယ်။ ဒါပေမဲ့ နောက်တည့်တည့်ကို ဖောက်ထွက်သွားပြီးတော့ မသေဘူးကွာ။ နောက်ခြေသလုံးကိုမှန်တဲ့ကောင်နဲ့၊ လက်ကိုမှန်တဲ့ကောင်နဲ့ မနည်းပါဘူးဗျာ။ ကျွန်တော်တို့ လမ်းထိပ်မှာတင် လေး၊ ငါးယောက်လောက်တော့ သေတာပါပဲ။ ဒါပေမဲ့ သိသာတာက ကျွန်တော့် အဒေါ်တစ်ယောက်ပါပဲ။ ကျန်တာတွေ က ကားပေါ်ကောက်တင်သွားတဲ့သူ တွေဆို သပိတ်သာသွတ်လိုက်ရရော အလောင်းကိုပြန်မမြင်ရတော့ပါဘူး။ ခြေထောက်သေနတ်မှန်တဲ့ ကောင်လေး ကတော့ ရွှေဆံတော်ဘုရားပေါ်တက်ပြေး တာ၊ ဘုရားပေါ်ရောက်တော့ သူတောင်းစားတွေ၊ ကိုယ်ပျက်နေတဲ့လူတွေကြားထဲ ကို အတင်းဝင်အိပ်ပြီး ပုန်းနေရတာ၊ ဓာတ်မီးတွေနဲ့ လိုက်ရှာတဲ့သူက ရှိသေးတယ်။ ကံကောင်းလို့ လွတ်လာတဲ့ကောင် ပေါ့။ အဲဒီလူက ခုထက်ထိ ပြည်မှာရှိ သေးတယ်။ သူ့ကိုမေးကြည့်တော့ သေနတ်မှန်တော့ ဘယ်လိုနေတုန်းဆိုတော့ ပူခနဲဖြစ်သွားလို့ သေနတ်မှန်မှန်း တော့သိတယ်တဲ့။ ခုနက ဆီးခုံမှာ သေနတ်မှန်လို့ကားပေါ်ဆွဲတင်သွားတဲ့ လူကတော့ မပြေးနိုင်တော့လို့ ဓမ္မသုခ ကျောင်းဘက်ကို ဒရွတ်တိုက်သွားနေတုန်း ကားပေါ်ဆွဲတင်ခံလိုက်ရတာ ဒီနေ့အချိန် အထိ ပေါ်မလာတော့ပါဘူး။ မမြင်လိုက်ရ ဘဲနဲ့ သပိတ်သွတ်လိုက်ရတယ်´

ဤသည်မှာ ပြည်မြို့ အနောက်ဘက်စောင်းတန်းလမ်းမှ ဖြစ်ရပ်ဖြစ်သည်။ ကျွန်တော်တို့အိမ်ရှိရာ မြောက်ဘက်စောင်းတန်းလမ်းမှာလည်း တစ်ညလုံး သေနတ် သံများထွက်ပေါ်နေသည်။ စစ်တပ်သည် တစ်မြို့လုံးကို ဖြန့်ကျက်နေရာယူရသည့် အပြင် ကားဝင်၍မရသောကြောင့် လူအင် အားနည်းပါးဟန်တူသည်။ ကျွန်တော်တို့ အိမ်ရှေ့မှ လမ်းပိတ်ထားသော အတား အဆီးတွင် ဗိုလ်တစ်ယောက်နှင့် ရဲဘော် အနည်းငယ်သာရှိသည်။ သူတို့သည် မှောင်ကြီးမည်းမည်းတွင် ရှေ့သို့ မတက်ဘဲ အသံလာရာဘက်ကိုသာ သေနတ်နှင့် တဒိန်းဒိန်းပစ်နေသည်။ ကိုက်နှစ်ရာခန့်အ ကွာတွင်ရှိသော မီးရထားသံလမ်းဂိတ်နောက်မှ သစ်ပင်ကို အကာအကွယ်ပြုနေသော လူငယ်များကတော့ သူတို့၏ မကျေနပ်မှုအပေါင်းကို ပါးစပ်မှ အယုတ္တ၊ အနတ္တပေါင်းစုံကိုအော်ဟစ် ဆဲဆိုခြင်းဖြင့် လေလှိုင်းမှ တိုက်ခိုက်နေကြပါသည်။ အော်သံ၊ ဟစ်သံ၊ ဆဲသံ၊ သေနတ်သံများသည် တစ်ညလုံး ဆူညံ ပွက်နေကြပါသည်။ အချို့က ရေမြောင်း များထဲမှ မှောင်ရိပ်ခိုလာကာ အနီးအထိ ကပ်လာပြီး ဂျင်ကလိဖြင့် လာပစ်သူများ လည်း ရှိသေးသည်။

နံနက်လင်းသောအခါ ဘုရားကြီး ဈေး၊ ရွှေခေါင်းလောင်း လက်ဘက်ရည် ဆိုင်ဘေး ရေမြောင်းထဲတွင် လူတစ်ယောက်သေနေသည်ကို တွေ့ရပါသည်။ ထိုသူသည် ဘယ်သူမှန်းတော့ မသိပေ။ အရပ်သားတစ်ယောက် ဖြစ်သည်။ နဖူးတွင် ပိတ်စအနီကို စည်းထားကာ ငှက်ကြီးတောင်ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ထိုင်လျက်အနေအထားဖြင့် အသက်ပျောက်နေပါသည်။ သေနတ်မှန်ပြီး သေသွားသူဖြစ်ပေသည်။ ထိုနေ့ နံနက်စောစောက ဟိုမှသည်မှ သယ်လာကြသော အလောင်းများကို ထမ်းစင်ဖြင့် သယ်သွားကြတာ ဟိုမှသည်မှ နေရာအနှံ့ တွေ့ကြရာ မြို့သူမြို့သားများမှာ အထူးပင် ဝမ်းနည်းကြေကွဲခြင်းဖြစ်ရပါသည်။ လက် ဖက်ရည်ဆိုင်များသို့ ရဲဘော်များ လက် ဖက်ရည်လာဝယ်သောအခါ ရေနွေးမဆူ သေးလို့ လက်ဘက်ခြောက်မရှိလို့ စသည်ဖြင့် အကြောင်းပြကာ မည်သူကမျှ မရောင်းကြပါ။

ယခင်ကဆိုလျှင် ကျွန်တော်တို့ ပြည်မြို့သည် တပ်မတော်ကို အထူးချစ် ကြည်ခဲ့ကြသူများ ဖြစ်သည်။ နှစ်စဉ် ရှေ့တန်းထွက်၍ ပြန်ဝင်လာကြသော တပ်မ (၆၆)၊ ခလရ (၇၅)၊ (၉၁၁)စသော စစ်ကြောင်းများကို ရှေ့တန်းပြန် ကြိုဆိုပွဲ ဟုဆိုကာ တစ်မြို့လုံးက သောင်းသောင်းဖျဖျ ပန်းကုံးစွပ်၍ ကြိုဆိုကြသော အစဉ် အလာရှိခဲ့ပါသည်။ ထိုအစဉ်အလာသည် ၁၈-၉-၁၉၈၈ မှစကာ ချုပ်ငြိမ်းခဲ့ရလေ သည်။ စင်စစ် ထိုနေ့ ထိုညသည် မြန်မာ့ သမိုင်း၌ တပ်မတော်နှင့် ပြည်သူကြားတွင် အက်ကြောင်းကြီးတစ်ခုစတင်ပေါ်ပေါက်လာ ခဲ့သောနေ့ ဖြစ်ပါသည်။ တစ်ဦးအပေါ် တစ်ဦး သံသယများ စတင်ပေါ်ထွန်းလာခဲ့ သောည ဖြစ်ပါသည်။ ကျွန်တော်၏ ဦးလေးအရင်းဖြစ်သူ DSA အပတ်စဉ် (၁၆) ဆင်း ဗိုလ်မှူးသန်းဇော်(ကျဆုံး) ဆိုလျှင် ထိုစဉ် အရေးအခင်းပြီးကာစက အိမ်သို့လာလည်ရာ ကျွန်တော်တို့ တစ်အိမ်လုံးက စကားမပြောကြပါ။ ဆွေမျိုးအရင်း ထဲမှာပင် စိတ်ဝမ်းကွဲခဲ့ရပေသည်။ ထိုနေ့ည မတိုင်ခင်အထိ လူထုသည် တပ်မတော်ကို ချစ်ခဲ့ အားကိုခဲ့ကြပါသည်။

နောက် ၂ နှစ်အကြာတွင် တစ်ဖက်နှင့်တစ်ဖက် သံသယများ၊ အာဃာတများ သင်ပုန်းချေကင်းစင်တော့မည့် အခြေအနေကောင်းတစ်ခုသည် ဖြစ်လာခဲ့ပေ၏။ ၁၉၉၀ မေလ ၂၇ ရက်တွင် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ပါသည်။ ရွေးကောက်ပွဲအပြီး၌ အနိုင် ရသောပါတီကို အာဏာလွှဲပေးပြီး တပ်မတော်သည် စစ်တန်းလျားသို့ပြန်ကာ သူ၏ မူလတာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေးကိုသာ ဦးစားပေးလုပ်ကိုင်တော့မည်ဟု ဗိုလ်ချုပ်မှူးကြီးစောမောင် မှ မြန်မာသိ၊ ကမ္ဘာသိကြေညာခဲ့ခြင်းဖြင့် တပ်မတော်အပေါ် အမြင်မကြည်လင်မှုများ ရာခိုင်နှုန်းတော်တော်များများ ပျောက်ကွယ်သွားကာ ဂုဏ်သိက္ခာ ပြန် လည်မြင့်မားလာပါသည်။ သို့သော် ကံမကောင်းသော မြန်မာ့သမိုင်းဝယ် ဗိုလ်ချုပ် မှူးကြီးစောမောင်လည်း ရာထူးမှ အနားပေးခံရကာ သူပေးခဲ့သော ကတိများလည်း ဥပေက္ခာပြုခံရပါတော့သည်။ NLD ပါတီသည်လည်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပြီးမှ အစိုးရမဖွဲ့နိုင်ဘဲ ဖြစ်ခဲ့ရသည်။

မုန်တိုင်းကြားမှ ဖြတ်သန်းခဲ့ရသော မြန်မာ့နိုင်ငံရေးသည်လည်း အလူးလူး အလိမ့်လိမ့်ဖြင့် ခရီးလမ်းမျိုးစုံကို လျှောက်လှမ်းပြီးမှ ဤအခြေအနေသို့ ရောက်လာခဲ့ ရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ၁၉၆၂ တွင်တစ်ကြိမ်၊ ၁၉၈၈ တွင်တစ်ကြိမ် တပ် မတော်မှ အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ပါ သည်။ မည်သည့်အကြောင်းကြောင့် အာဏာသိမ်းရသည်ဖြစ်စေ၊ တကယ်တမ်း နစ်နာသည်မှာ မြန်မာပြည်သူလူထုနှင့် တပ်မတော်ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ယခုအခါ တပ်မတော်နှင့် ပြည်သူအကြား မှာ ကွာဟနေသောဒဏ်ရာဟောင်းသည် တဖြည်းဖြည်း အရင်ကလောက်တော့ မနက်ရှိုင်းတော့ဟု ပြောနိုင်ပါသည်။ ဒဏ်ရာဟောင်းကတော့ နှစ်ဘက်စလုံးတွင် ရှိနေပါသေးသည်။ အာဏာတစ်ခါသိမ်း တိုင်း တပ်မတော်နှင့် ပြည်သူ နှစ်ဘက် စလုံးအတိုင်းအတာတစ်ခုအထိ ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရာ နောက်ထပ် တတိယ အကြိမ် အာဏာသိမ်းယူမှုမျိုးတော့ နောင် အနာဂတ်တွင် မရှိစေချင်၊ မဖြစ်စေချင် တော့ပါ။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ ညက အဖြစ်အပျက်မျိုးကို နောင်လာမည့် မျိုးဆက်သစ်မြန်မာလူငယ်များသို့ လက်ဆင့် ကမ်းအမွေ မပေးခဲ့ချင်ပါ။ ထိုအဖြစ်ဆိုးမျိုး ဘယ်သောအခါမှ ထပ်မဖြစ်စေလိုတော့ပါ။

တတ်နိုင်လျှင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈(က) တွင် ဖော်ပြထားသလို အရေးပေါ် အခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းခွင့်ပြုထားသော စည်းမျဉ်းကို တပ်မတော်၏ အကျိုး၊ တိုင်းသူပြည် သားများ၏ အကျိုးအတွက် ပြန်လည်သုံးသပ်ပြင်ဆင်သင့်ပေသည်။ လွန်ခဲ့သော ၂၅ နှစ်ခန့်က ညတစ်ညသည် မြန်မာနိုင်ငံကို ကိုင်လှုပ်ခဲ့သော ညတစ်ညဖြစ်ခဲ့ပါသည်။ တတ်နိုင်လျှင် ထိုညမျိုး နောက်ထပ် ဘယ်သောအခါမှ ထပ်မံမတွေ့ပါရစေနှင့်တော့။

သရဝဏ်(ပြည်)
စောင့်ကြည့်သတင်းဂျာနယ်(၂၄-၀၉-၂၀၁၃) အတွဲ ၈၊ အမှတ် ၁၆