ကယ်ရီငှားစီးသူခရီးသည်(၂)ဦးမှ ဆိုင်ကယ်အားလုယူသွားသည့်အမှု ဖော်ထုတ်ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 9/21/2013 02:47:00 PM



၁၅.၉.၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်ကျော်ခိုင်သည် သာကေတမြို့နယ်၊ဧရာဝဏ်လမ်းအ၀ိုင်းထိပ်
တွင် ဆိုင်ကယ်ကယ်ရီ ဂိတ်ထိုးထားချိန် အမျိုးသား(၂)ဦးမှ
သာကေတမြို့နယ်၊ လယ်ယာ(၆)လမ်းသို့ ငွေကျပ်(၈၀၀)ဖြင့်ငှားရမ်း၍
မောင်းနှင်ထွက်ခွါလာရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အဒေါ်ဖြစ်သူထံသွားလိုကြောင်းပြောဆိုကာပို့ပေးရန်ပြောသဖြင့် သာကေတမြို့နယ်၊ ရတနာလမ်းမှဆိပ်ကမ်းသာလမ်းဘက်သို့ချိုးကွေ့
မောင်းနှင်လာခဲ့စဉ် နောက်ဆုံး၌ထိုင်စီးလာသူမှ ထီးကျကျန်ခဲ့ကြောင်း
ပြော၍ ဆိုင်ကယ်အားရပ်ပေးခဲ့ပါသည်။

အဆိုပါသူ ထီးသွားကောက်ယူနေချိန်တွင် ကျန်တစ်ဦးမှဓါးထုတ်ပြပြီး ဆိုင်ကယ်ပေါ်မှဆင်းခိုင်းခဲ့ကာ ထီးသွားရောက်ကောက်ယူသူမှလည်း ချုပ်ကိုင်ထားရန်လှမ်းပြောသဖြင့် ကိုကျော်ကျော်ခိုင်မှာ၎င်းပိုင်
ဂျဲလမက် 125 အဖြူရောင်ဆိုင်ကယ်အားထားပြီးထွက်ပြေးခဲ့စဉ် ၎င်းတို့(၂)ဦးမှာ ဆိုင်ကယ်အားယူဆောင်ကာမောင်းနှင်သွားကြသဖြင့် စုံစမ်းအရေးယူပေးရန်တိုင်တန်းခဲ့၍ သာကေတနယ်မြေရဲစခန်း
(ပ)၆၆၈/၂၀၁၃၊ ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်း၍ သတင်းစုံစမ်း
ဖော်ထုတ်ခဲ့ရာ ပြောင်ကြီး(ခ)ကျော်ဌေးအောင်(ဘ)ဦးတင်လှ၊ (၁၆၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူနှင့် ကိုဖြိုး(ခ) သန့်ဇင်ဖြိုး၊ (၁၀၄)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတို့ (၂)ဦးမှကျူးလွန်ခဲ့ကြောင်းနှင့် လုယူခဲ့သည့်ဆိုင်ကယ်အား လိုက်လံရောင်းချနေကြောင်းစုံစမ်းရရှိသဖြင့် ၁၈.၉.၂၀၁၃ ရက်နေ့တွင် ၎င်းတို့(၂)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးအားစစ်ဆေးရာ အခင်းဖြစ်ချိန်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းအ၀ိုင်းထိပ်မှ ဆိုင်ကယ်ကယ်ရီတစ်စီးအားငှားရမ်း၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ သွားရောက်ခဲ့စဉ်
ဆိပ်ကမ်းသာလမ်းကွေ့ သို့အရောက် ဆိုင်ကယ်နောက်ဆုံးမှ စီးနင်းလာသည် ကျော်ဌေးအောင်၏ ထီးမှာပြုတ်ကျခဲ့၍ ဆိုင်ကယ်အား
ရပ်ခိုင်းပြီးဆင်းကောက်စဉ် ကယ်ရီမောင်းသူမှ ငွေကျပ်(၃၀၀၀)ပေးမှသာ
လိုက်ပို့နိုင်မည်ဖြစ်ကြောင်းပြောဆိုသဖြင့် စကားများကြပြီး
ကျော်ဌေးအောင်မှ ထီးအချွန်ဖြင့်ထိုးဟန်ပြုလိုက်စဉ် ကယ်ရီမောင်းသူမှာ ဆိုင်ကယ်သူခိုးဟုအော်ကာလာရာလမ်းအတိုင်းထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် ကျော်ဌေးအောင်နှင့်သန့်ဇင်ဖြိုးတို့မှ ဆိုင်ကယ်အား
မောင်းနှင်ယူဆောင်ခဲ့ကြကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ သန့်ဇင်ဖြိုး၏အစ်ကိုနေအိမ်ရှေ့သစ်ပင်များကြားတွင်ဝှက်ထားခဲ့ကြောင်း
ပေါ်ပေါက်သဖြင့်သိမ်းဆည်းပြီး အမှုဖြင့်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police