သဘာဝပုဇွန်ချဉ် လုပ်နည်း

ပို့စ်တင်ချိန် - 6/21/2014 06:41:00 PM


** သဘာဝ ပုဇွန်ချဉ် အတွက် လိုအပ်တာလေးတွေ…

ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ် – 250 g
ထောင်းထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၂ ဇွန်း (သို့) ၁ ဇွန်းခွဲ
မပျော့လွန်း၊ မမာလွန်းသော ကောက်ညင်း – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်

ခေါင်းဖြုတ်ပြီး အခွံမခွါထားသော ပုဇွန်ဆိတ်လေးများ ကို ရေဆေး ၊ ရေစစ်ပြီးလျှင် tissue towel များဖြင့် ဖွဖွလေးဖိကာ ရေတတ်နိုင်သမျှခြောက်အောင် လုပ်ထားပါ။ (ရေခြောက်ဖို့လိုပါတယ်။)

ပုဇွန်များရေခြောက်လျှင် ကောက်ညင်း၊ ကြက်သွန်ဖြူ နှင့် ဆားကိုထည့်ကာ အိပြီးစီးလာအောင် ၇ မိနစ်ခန့် ရေဆေးပြီးခြောက်အောင်သုပ်ထားသော လက်ဖြင့် ဖိဆုပ်ပြီး နာနာနယ်ပေးပါ။ (စီးစီးလေးဖြစ်ဖို့ပြောသလို နယ်ပေးစေချင်ပါတယ်။)

အိပြီးစီးလာလျှင် သန့်ပြန်သော ပလတ်စတစ်ဗူးထဲ ဖိပြီးထည့်ကာ အဖုံးလုံအောင်ဖုံးပြီး အခန်းအပူရှိန်အများဆုံးနေရာဖြစ်သော မီးဖိုချောင်ထဲတွင် ၃ ရက်ထားပါ။ (နေပူမလှမ်းပါနှင့်။)

တစ်ရက်ပြည့်ပြီးနောက် အရောင်စပြောင်းကာ၊ အရည်အနည်းငယ် ထွက်လာပါမယ်။

၃ ရက်မြောက်နေ့မှာတော့ အနှံ့မွှေးလာတဲ့ ပုဇွန်ချဉ်လေးတွေထဲမှ ထွက်လာသော အရည်အနည်းငယ်ကို ဇွန်းဖြင့်ဖိ၍ သွန်ပစ်ပြီး ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။ (ချက်ချင်းမစားနိုင်သေးလျှင် အရည်သွန်ပြီးနောက် အဖုံး ဖုံးကာ ရေခဲသေတ္တာထဲ ၅ ရက်ခန့် သိမ်းထားနိုင်ပါတယ်။)

Excellent- Foods Corner မှ အစားအစာဝါသနာရှင်များအတွက် ပြန်လည်မျှဝေပါသည်။

Credit to Chaw Su’s Food Friends