သူမရဲ့စိတ်ကူး အိပ်မက်အတိုင်း လက်ထပ်ပွဲကို ကျင်းနိုင်ခဲ့တဲ့ လိင်ပြောင်းအမျိုးသမီး

ပို့စ်တင်ချိန် - 7/25/2014 06:54:00 PM


အမျိုးသမီးအ၀တ်အစားဝတ်ဖျော်ဖြေရပြီး အသွင်ပြင်အရ ခန္ဓာကိုယ်အချိုးအစား မမှန်ကန်ပုံရတဲ့ Alexis Nicole Whitney အဖြစ်လူတွေသိကြတဲ့ Alexis Valerio ဆိုသူဟာ ပြီးခဲ့စနေနေ့က လက်ထပ်ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။


Texas ပြည်နယ် San Antonio ဒေသခံတစ်ဦးဖြစ်တဲ့ Valerio ဟာ သူမအဖေတစ်ယောက်လိုမှတ်ယူထားသူဖြစ်တဲ့ Chris Wilson ရဲ့လက်ကိုစွဲကိုင်ပြီး ဘုရားရှိခိုးကျောင်းရဲ့အလယ်လျှောက်လမ်းအတိုင်း သတို့သားလောင်းရှိရာကို လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။

‘ဒါဟာ ကျွန်မထုတ်ဖေါ်ပြောတုန်းက (gay ဖြစ်ကြောင်း) ကျွန်မကိုတကယ့်ကို အကူအညီပေးခဲ့တဲ့သူပါ’ လို့အဲဒီ့ လိင်ပြောင်းအမျိုးသမီး Valerio က သူမ San Antonio အထက်တန်းကျောင်းသား ဘ၀တုန်းကအကြောင်းကိုပြောပါတယ်။ Texas ရဲ့အမျိုးသမီးအ၀တ်အစားနဲ့ ရှေးခေတ်သမိုင်းဝင်အ၀တ်အစားဝတ်ဆင်ပြီး ဖျော်ဖြေတဲ့လောကမှာ ပုံမှန်ဖျော်ဖြေသူအဖြစ် နှစ်ပေါင်း ၂၀ နီးပါးကျင်လည်ခဲ့တဲ့ Valerio ဟာသူမရဲ့သူတို့သား Frank Davis နဲ့တွေ့ဆုံခဲ့တဲ့ Houston မြို့မှာလက်ရှိနေထိုင်နေတာဖြစ်ပါတယ်။

‘လက်ထပ်ပွဲတွေရဲ့တစ်ဝက်က gay လက်ထပ်ပွဲတွေပါ’ လို့ Grace Lutheran ဘုရားရှိခိုးကျောင်းရဲ့ သင်းအုပ် Rev. Lura Groen ကသူမတာဝန်ယူဆောင်ရွက်ရတဲ့ လက်ထပ်ပွဲတွေအကြောင်းပြောပါတယ်။ ‘နောက်တစ်ဝက်ကတော့ gay လက်ထပ်ပွဲတွေကျင်းပတဲ့ ဘုရားရှိခိုးကျောင်းမှာ လက်ထပ်ချင်လို့ရောက်လာကြတဲ့ ပုံမှန် စုံတွဲတွေဖြစ်ပါတယ်’ လို့ Groen ကပြောပါတယ်။ ‘Grace Lutheran ဘုရားရှိခိုးကျောင်းဟာ လိင်အမျိုးအစားအမျိုးမျိုးရှိတဲ့သူတွေကိုလက်ခံပါတယ်။ ကျွန်မတို့အတွက်တော့ဒါဟာ ချီးကျူးဂုဏ်ပြုရမယ့်အကြောင်းပြချက်တစ်ခုဖြစ်ပြီး ဒါဟာ ကျွန်မတို့ကို ဘုရားသခင်ရဲ့ပုံစံအတိုင်းဘယ်လိုဖန်တီးထားတဲ့ဆိုတာ ပြသပေးပါတယ်’ လို့ Groen ကပြောသွားပါတယ်။

သူတို့သားအရံနဲ့သူတို့သမီးအရံပေါင်း ၁၅ ရောက်ရဲ့ရှေ့မှာရပ်ပြီး ရိုးရာလက်ထမ်ထိမ်းမြားမှုကတိက၀တ်တွေကို သူတို့နှစ်ဦးဆိုခဲ့ကြပါတယ်။

‘ဒါဟာကျွန်မ ကလေးဘ၀ကအိပ်မက်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဒါဟာကျွန်မအိပ်မက်မက်ပြီးလိုချင်ခဲ့တဲ့အရာပါ’ လို့ Valerio ကပြောပါတယ်။

Trend Myanmar