သင့်ရဲ့ ဝှေးစေ့များကို အကန်ခံရပါက ဘာကြောင့် ဗိုက်နာရပါသလဲ

ပို့စ်တင်ချိန် - 7/11/2014 09:22:00 AM



ဝှေးစေ့တွေဟာ အစာအိမ်ရယ် ကျောက်ကပ်တွေရယ် နဲ့ ကပ်ရက် ၀မ်းဗိုက်ပိုင်းမှာ သဘာဝအလျှောက် ဖြစ်တည်နေတာပါ။ ဝှေးစေ့ဟာ တွဲလောင်းကျနေပေမယ့်လည်း ယင်းအပိုင်းမှာ သွေးကြောတွေနဲ့ အာရုံကြောတွေ ဟာ တွဲဆက် ထားလျှက်ရှိပါတယ်။ဒါကြောင့် ယောကျာင်္းတစ်ယောက်ဟာ သူရဲ့ ဝှေးစေ့အကန်ခံရပြီဆိုပါက ဒါမှမဟုတ် လက်နဲ့  အညှစ်ခံရပြီဆိုပါက နာကျင်မှုဟာ ဝှေးစေ့ရဲ့ မူလအရင်းခံ အာရုံခံ နာဗ်ကြောတွေ ဖြစ်ကြတဲ့ သုတ်ပိုးအိမ် အာရုံခံ နာဗ်ကြောတွေ တွေကနေတဆင့် ဝှေးစေ့များကနေ ၀မ်းဗိုက်ခေါင်းထဲထိ တက်သွားပြီး ယင်း နာကျင်မှုဟာ ကျောရိုးထိ ဆက်ရောက်သွားပါတယ်။

လူတော်တော်များများဟာ အစာအိမ်နေရာတစ်ဝိုက် နာကျင်မှုအပြင် ပြင်းထန်တဲ့ ပျို့ အန်ချင်စိတ်ပါ ခံစားရနိုင်ပါတယ်။ ယင်းခံစားရမှုဟာ အလိုလျောက် လုပ်ဆောင်အာရုံကြောစနစ်မှ အာရုံခံမှုဆိုင်ရာ သတင်းအချက်အလက်များ ရုတ်တရက် အစုလိုက်အပြုံလိုက် ထုတ်လွှတ်မှုကြောင့်ဖြစ်ပါတယ်။ ယင်းကဲ့သို့ အစုလိုက်အပြုံလိုက် အလျင်အမြန်ထုတ်လွှတ်မှုကို ခန္ဓာကိုယ်အတွင်းမှ ခံစားနိုင်မှု အတိုင်းအတာက ယောကျာင်္းတစ်ယောက် ဝှေးစေ့ကို အကန်ခံရတဲ့အခါ ပျို့ အန်နိုင်သလား မပျို့  အန်နိုင်သလားဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ အခြေခံအားဖြင့်ကတော့ ဝှေးစေ့ကို အကန်ခံရပါက ဝှေးစေ့များမှာ နာကျင်ခြင်း ၊ ၀မ်းဗိုက်ထဲမှာ နာကျင်ခံစားရခြင်း၊ မူးဝေခြင်းပျို့ တက်ခြင်းနဲ့  ပျို့ အန်ခြင်းများ ဖြစ်နိုင်ပါတယ်။

Ref:.todayifoundout.com


Credit: Trend Myanmar