ဘဝမျိုးစုံကျင်လည်ခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာကောက်ကြောင်း(၂)

ပို့စ်တင်ချိန် - 7/16/2014 12:27:00 PM


ဘဝမျိုးစုံကို ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းရဲ့ အနုပညာကောက် ကြောင်းကိုပြီးခဲ့တဲ့အပတ်ထုတ် ပေါ်ပြူလာဂျာနယ်မှာ အပိုင်း(၁) အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒီအပတ် မှာတော့   တေးရေး၊တေးဆို လင်း လင်းဆိုပြီး ဖြစ်လာဖို့ ဒီလောက ထဲကိုဝင်လာခဲ့တဲ့ပထမခြေလှမ်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။
ကားစပယ်ယာဘဝရော၊ ဈေး သည်ဘဝကိုပါ ဖြတ်သန်းခဲ့ဖူးတဲ့ လင်းလင်းက သူ့ရဲ့ဈေးသည်ဘဝ အတွေ့အကြုံကိုလည်း အခုလိုပဲ ပြောပြပါသေးတယ်။
“ဆူးလေရဲ့ဟိုဘက်ခြမ်း၊ ဖရေ ဇာဘက်ခြမ်းပေါ့။အဲ့ဒီမှာအဆောင် က သူငယ်ချင်းတစ်ယောက်နဲ့မိုး ကာ စတွေခင်းပြီး တရားခွေတွေ၊ ဖန်စီ ပစ္စည်းတွေစည်ပင်ကြေးေ ပးပြီး ရောင်းတယ်။လိုက်ဖမ်းတဲ့လူနဲ့တွေ့ တော့လည်းပြေးရတာပေါ့။မိုးကာစကိုခင်းတာကစည်ပင်ကြေးပေး ထားပေမယ့်လည်း ဖမ်းတဲ့အုပ်စုတွေ လာပြီဆိုရင်ကျွန်တော် တို့က မိုးကာ စရဲ့ အခင်းနှစ်စကို ဟိုဘက်၊ဒီဘက် ကောက်ချည်ပြီးပုခုံးပေါ်တင်ပြေး တာပဲ။အဲ့ဒီအချိန်ကတော့ တော် တော်လည်း ပျော်စရာကောင်းသလို၊ အခက်အခဲတွေ လည်း ရှိတာပေါ့။ ဘဝကိုအကူအညီမပါဘဲနဲ့ တစ် ယောက်တည်း လက်တွေ့ရင်ဆိုင်ရ တဲ့ အချိန်ကာလပေါ့။ အကူအညီမပါ ဘဲနဲ့ဆိုတဲ့စကားသုံးရတာကအဲ့ဒီ တုန်းက ဒီမှာ ကျောထောက်နောက် ခံလည်းမရှိ။ နေဖို့ ထိုင်ဖို့ အိပ်ဖို့၊စားဖို့ ဘာမှမရှိဘဲအစိမ်းသက်သက်ကြီး ရောက်လာပြီးလက်တွေ့ကျကျ ရင် ဆိုင်ရတဲ့အချိန် ဆိုတော့ ဒုက္ခ လည်း များသလိုပျော်စရာတွေလည်း အ များ ကြီးရှိခဲ့တယ်” လို့ ပြောပြခဲ့တယ်။ လင်းလင်းကမုန်တိုင်းထန်ကာလတွေ ကို ဖြတ်သန်းနေရပေမယ့်လည်း သူ့ရဲ့ ဂီတအပေါ် ရူးသွပ်မှုကတော့ အရှိန် အဟုန်ကောင်းဆဲပဲဖြစ်ပါတယ်။
“အဆောင်ကို ဂစ်တာယူလာ တော့ သီချင်းကိုတော့ ရေးဖြစ်တယ်။ အခန်းဖော်တွေကလည်းသဘော ကောင်းတော့နားလည်ပေးကြတယ်။ အဲဒီကာလက ၂ဝဝ၂ ဝန်း ကျင်မှာ ကိုအယ်ဖြူ မဆုံးခင်ပေါ့။ ကိုအယ်ဖြူ နဲ့အတူ သူခေါ်ခေါ်သွားလို့ စတူဒီယို တွေကို လိုက်လိုက်သွားတယ်။သူတို့ သီချင်းသွင်းတာတွေကို လိုက်ကြည့် တယ်။ ၂ဝဝ၃မှာ ကိုအယ်ဖြူက ဆုံး သွား တယ်။အဲ့ဒီမှာနည်းနည်းအဆက် ပြတ်သွားပြီးစားဝတ်နေရေး အတွက် အလုပ်တွေ လုပ်ရတယ်။ ကိုလေးတို့နဲ့ မတွေ့ခင်ပေါ့။ ရန်ကုန်ရဲ့ လူနေမှု စရိုက်မှာစီးမျောတဲ့ အချိန်တွေပေါ့။ အဲ့ဒီကြားမှာ ဆေးကုမ္ပဏီတွေမှာ လည်း ဝင်လုပ်တော့ ကျောက်မြောင်း ဘက်ရောက်ရင်ကိုဇော်လတ်တို့ဆီ ဝင်ပြီးအဲ့ဒီမှာမသိ တာတွေကို ကိုဇော် လတ်ကိုမေး တယ်။ အဲ့လိုနဲ့ နေလာခဲ့ တာ ၂ဝဝ၄ ရောက်တော့ တစ်ခုစဉ်း စားမိတယ်။ကိုယ်လုပ်ချင်တဲ့ ဝါသနာ နဲ့ပတ်သက်ပြီး တစ်ခုခုအစပြုမှ ရမယ် ဆိုပြီးကျွန်တော့်မှာရှိတဲ့သီချင်း လေးတွေကို ကက်ဆက်နဲ့အသံဖမ်းပြီး ဂစ်တာနဲ့တီးဆိုပြီး ကက်ဆက်အခွေ အကြမ်း လေးလုပ်ထားတယ်။ အဲ့ဒါနဲ့PTL ဖုန်းနံပါတ်ကို စုံစမ်းပြီး ဖုန်း ဆက်တယ်။ အဲ့ဒီ ဖုန်းနံပါတ်လေးအခု ထိမှတ်မိတယ်။အဲ့ဒီအချိန်မှာ အဲ့ဒီဖုန်း နံပါတ်က မေ့လို့မဖြစ်ဘူး။အဲ့ဒါနဲ့ ဖုန်းဆက်ပြီး သီချင်းလေးတွေ ပြချင် လို့ပါဆိုေ တာ့ဆက်တဲ့အချိန်မှာပဲ ကိုလေး(လေးဖြူ)တို့ကလည်း သီချင်း သွင်းဖို့ရောက်နေတယ်ဆိုတော့ အဲ့ဒီအခွေကိုင်ပြီးတစ်ခါတည်းသွား တယ်။ကိုလေးနဲ့တွေ့တော့ ကိုလေး ကျွန်တော်လင်းလင်းပါပေါ့။ ကိုယ်ပိုင် သံစဉ်သီချင်းလေးတွေ ပြချင်လို့ပါ ဆိုတော့ ကိုလေးကထားခဲ့ပါ။ မင်းကို ပြန်ဆက်ရမယ့် ဖုန်းနံပါတ်ရေးပေး ခဲ့ပါဆိုတော့ကျွန်တော် ကအဆောင် ဖုန်းနံပါတ်ကိုရေးပေးခဲ့တယ်။သူနဲ့ အဆင်ပြေမယ်ဆိုရင်ဆက်လိုက် မယ် ပေါ့နော်။ အဲ့ဒါနဲ့ ကျွန်တော် နေ့တိုင်း ဖုန်းထိုင်စောင့်တယ်။အလုပ်လည်း မ သွားဖြစ် ဘူး။ ဖုန်းလာခဲ့ရင်လွတ် သွားမှာစိုးလို့ သီချင်း ပြပြီးကတည်းက အဆောင်မှာပဲစောင့်နေခဲ့တယ်”။မိမိကိုယ်ကိုယ်ယုံကြည်မှုအ ပြည့်နဲ့မြန်မာပြည်ရဲ့နာမည်ကျော်အဆိုတော် ကြီးတစ်ဦးဆီမှာ သီချင်းတွေ ပြသခဲ့တဲ့ လင်းလင်းရဲ့လမ်းကြောင်း ကသူပြခဲ့တဲ့ကက်ဆက်ခွေလေးက တစ်ဆင့်ပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ ဖုန်း ရှေ့မှာတစ်ချိန်လုံး ထိုင်စောင့် ခဲ့တဲ့ လင်းလင်းဆီကိုတစ်ရက်မှာတော့ ဖုန်းဝင်လာခဲ့ပါတယ်။
“ကိုလေး(လေးဖြူ)ဆီကဆက် တာ။သီချင်းတွေ စိတ်ဝင်စားတယ်။ တွေ့ ချင်တယ်ဆိုပြီးပြောတယ်။ အဲ့ဒီ အချိန်မှာ လိပ်ပြာကလည်း ထွက်ပြီး စဆိုတော့ နောက်တစ်ခွေ ကိုလည်းOwn Tune တည်ဖို့ ကိုလေးတို့က စီစဉ်နေတယ်။ အဲ့ဒီမှာစပြီးကိုလေး တို့နဲ့ ခဏလေးများမှာ ပါဝင်ဖြစ်ခဲ့ တယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲ့ဒီ အချိန်တုန်းက ကက်ဆက်ခွေလေးနဲ့ ပြခဲ့တဲ့ကိုလေးကြိုက်တဲ့သီချင်းတွေ က ခုထိမထွက်ဖြစ်သေးဘူး။ ကိုလေး က စိတ်ဝင်စားတယ်ဆိုတဲ့အချိန်မှာပျော်ပြီးတော့ထပ်ရေးတဲ့သီချင်းတွေ က ‘ခဏလေးများ’မှာပါသွားတယ်။
ဆက်လက်ဖော်ပြပါမည်
ရဲရဲ
Popular Myanmar