ဂိမ်းဆော့ဖို့ ကလေးကိုရောင်းစားခဲ့တဲ့ မိဘတွေ

ပို့စ်တင်ချိန် - 7/16/2014 12:25:00 PM



တရုတ်နိုင်ငံက အွန်လိုင်းဂိမ်းစွဲနေသူ ဇနီးမောင်နှံနှစ်ဦးဟာ ဂိမ်းအတွက် သူတို့ရင်သွေးကို ရောင်စားခဲ့ပါတယ်။

တရုတ်နိုင်ငံ Guangdong ပြည်နယ်က လူငယ်ဇနီးမောင်နှံ နှစ်ဦးဟာ ဂိမ်းဖိုးကုန်ကျစရိတ်အတွက် ၄င်းတို့ရဲ့ကလေးကို လူမှောင်ခိုသမားများထံရောင်းချခဲ့တာကြောင့် ရဲများက မကြာသေးခင်က ဖမ်းဆီးခဲ့ပါတယ်။

A-hui နဲ့ ၄င်းရဲ့လက်မထပ်ရသေးတဲ့ ဇနီး A-mie တို့ဟာ Fujian  ပြည်နယ်က လူမှောင်ခိုသမားများထံ သူတို့ရဲ့ကလေးကို နှစ်ကြိမ်တိတိ ရောင်းချခဲ့တာဖြစ်ပါတယ်။
တရုတ်ဝက်ဘ်ဆိုက်ဒ် Sina ရဲ့ဖော်ပြချက်အရ ဒီစုံတွဲဟာ ကလေးကို မမျှော်လင့်ဘဲရခဲ့ကြတာဖြစ်ပါတယ်။
ယခုနှစ် ဇန်နဝါရီလမှာမွေးဖွားခဲ့ပြီး မွေးပြီး လေးရက်အကြာမှာပဲ တရုတ်ငွေ ယွန်၂၀၀၀၀ လောက်နဲ့ မှောင်ခိုသမားတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

A-hui ရဲ့အဖေ(ကလေးရဲ့အဘိုး) ဟာ ဒါကိုသိသွားပြီး သူ့မြေးကို ယွန် ၃၀၀၀၀ ပေးကာ မှောင်ခိုသမားတွေလက်ထဲကနေ အချိန်မီလေး ပြန်ဝယ်လိုက်နိုင်ပါတယ်။
ဒီနှစ်မေလမှာတော့ ဒီစုံတွဲဟာ Dongshan မြို့ကို ရွှေ့လာကြပါတယ်။ A-hui ဟာ စားသောက်ဆိုင်တစ်ခုမှာ အလုပ်တစ်ခုရခဲ့ပြီး ဒီကရတဲ့လခနဲ့ ရပ်တည်ကြတယ်လို့ဆိုပါတယ်။

ပထမတော့ အဆင်ပြေပေမဲ့ A-hui ရဲ့ အွန်လိုင်းဂိမ်းစွဲလန်းမှုကြောင့် မိသားစု မလုံမလောက် ဖြစ်လာပါတယ်။ A-hui ဟာ အိမ်ပြန်မအိပ်ဘဲ ညတော်တော်များများကို ဂိမ်းဆိုင်မှာပဲနေနေတယ်လို့ဆိုပါတယ်။

သူတို့သားကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူးလို့ပြောပြီး မိန်းမဖြစ်သူက ငိုပါတယ်။ ကလေးကို ရောင်းစား ပစ်လိုက်တော့မယ်လို့ ပြောတဲ့အခါ ကလေးကိုကြိုက်တာလုပ် တာဝန်မယူဘူးလို့ A-hui က ပြောပါတယ်။ သူဂရုစိုက်တာက ဂိမ်းထဲမှာပါတဲ့ သူရဲ့လက်နက်ကိရိယာတွေပဲလို့ ဆိုပါတယ်။

ဇွန်လရောက်လို့ သူတို့အိမ်ရဲ့ ငွေကြေးပြဿနာ တော်တော်ဆိုးလာတဲ့အခါ  ဒီစုံတွဲဟာ Fujian  ပြည်နယ်မှာရှိတဲ့ ယခင်မှောင်ခိုဂိုဏ်းကိုပဲ ဆက်သွယ်ပြီး ကလေးကို ယွန်ငွေ ၁၆၀၀၀ နဲ့ရောင်းချခဲ့ပါတယ်။

ဒီသတင်းကိုကြားသွားတဲ့ သူ့အဖေဟာ ဒီတစ်ခါမှာတော့ ရဲကို သာ အကြောင်းကြားခဲ့ပါတယ်။
ယခု ရဲတွေက ဒီစုံတွဲကို ဖမ်းဆီးထားပြီး ကလေးကိစ္စကိုတော့ ဆက်လက်စုံစမ်းနေတယ် လို့ ဆိုပါတယ်။

Credit:phothutaw