လယ်သမားတစ်ယောက်၏ ၉ လာကျော်ကြာ ပျောက်ဆုံးသွားတဲ့ iPhone က မိုင် ၇ ထောင်ကျော်ကနေ ပိုင်ရှင်ထံ ပြန်လည် ဆက်သွယ်လာခဲ့

ပို့စ်တင်ချိန် - 7/11/2014 09:28:00 AM



iPhone တွေဟာ လက်ကနေ ပြုတ်ကျရင်တောင်မှ မတော်တဆအနေနဲ့ မှန်တွေကွဲကြခြင်းဖြစ်တက်ပါတယ်။ ဒါပေမယ့် ပေါင်၂ သိန်း ၈ သောင်းကျော် အလေးချိန်အောက်မှာ ရောက်နေခဲ့တဲ့ iPhone ကတော့ ကမ္ဘာတစ်ပတ်သွားခဲ့တယ်လို့ ဆိုရပါမယ်။

အိုကလာဟိုးမား ပြည်နယ်မှာနေပြီး Kevin Whitney အမည်ရတဲ့ လယ်သမားတစ်ယောက်ရဲ့ iPhone ဟာ သူရဲ့ မိုးစပါးသိုလှောင်မှုတွေ ပြုလုပ်နေရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ Kevin Whitney ရဲ့ အပြောအရတော့ " ကျွန်တော်ဖုန်းကို အိတ်ကပ်ထဲမှာ ထည့်ထားခဲ့တာပါ။ အိတ်ကပ်ထဲကနေ မျိုးစေ့သိုလှောင်တဲ့ အထဲကို ပြုတ်ကျခဲ့တယ် ထင်ပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

သူရဲ့ ပျောက်ဆုံးသွားတဲ့ ဖုန်းဟာ ၉ လကျော် ကြာမြင့်သွားခဲ့ပါတယ်။ ၉ လကျော် ကြာမြင့်ပြီးနောက်မှာတော့ အဲဒီ လယ်သမားရဲ့ iPhone ကနေ သူထံကို ဖုန်းဆက်သွယ်လာပါတယ်။ " ဒါဟာ Kevin Whitney လားခင်ဗျာ ၊ ခင်ဗျား ဖုန်းတွေဘာတွေ ပျောက်ဘူးသေးလား " ဆိုပြီး ဂျပန်နိုင်ငံရဲ့ ကာရှီမားမြို့ကနေ ဆက်သွယ်လာခြင်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ စက်ရုံလုပ်သားတစ်ယောက်ဖြစ်တဲ့ သူတစ်ဦးက Whitney ရဲ့ ဖုန်းကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်းဟာ lock မလုပ်ထားတဲ့ အတွက် အထဲမှာရှိတဲ့ လိပ်စာတွေ ၊ ဖုန်းနံပါတ်တွေကို ကြည့်ပြီး Whitney ရဲ့ ဖုန်းမှန်းသိလို့ ဖုန်းဆက်သွယ်လာခြင်းဖြစ်ပါတယ်။

အဲဒီဖုန်းဟာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိပဲ လယ်သမားကြီး Whitney ရဲ့ လက်ထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ KFOR ဗီဒီယိုတစ်ခုရဲ့ အဆိုအရတော့ Whitney ရဲ့ ဖုန်းထဲမှာ အလွန်ကို အဖိုးထိုက်တန်တဲ့ သူသမီးရဲ့ မင်္ဂလာဆောင်တုန်းက ဓာတ်ပုံတွေကို သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Whitney ကတော့ သူ့ရဲ့ ဖုန်းဟာ ဘာကြောင့် မပျက်ဆီးပဲ ရှိနေတာလဲဆိုတာ သေချာမသိပါဘူးလို့ ဆိုပေမယ့် ကျွမ်းကျင်သူများကတော့ ဖုန်းကို ကာဗာအဖြစ်အသုံးပြုထားတဲ့ case ကြောင့် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Ref : Mashable
==========================================
#YangonMediaGroup | #MZK