ဦးစိုးမြင့် (မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောင်း)၏ အိမ်ထောင်ရေး နောက်ဆက်တွဲ သတင်းများစွာ ထွက်ပေါ်

ပို့စ်တင်ချိန် - 8/10/2014 08:37:00 AM



“ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေတာတော့ တပည့်တော် ရင်နာတယ် ဘုရား” လူမှုရေး စာမျက်နှာ တစ်ခုမှ စတေးတပ်တစ်ခု


မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော် ဘ၀မှ လူဝတ်လဲကာ အိမ်ထောင်ပြုသွားသော ဦးစိုးမြင့်၏ အိမ်ထောင်ဘက်နှင့် ပတ်သတ်၍ နောက်ဆက်တွဲ ကောလဟာလများစွာ ပေါ်ထွက်လျက် ရှိနေကြောင်း သိရသည်။

အဆိုပါ ကောလဟာလများမှာ လူမှုရေး စာမျက်နှာ အချို့တွင် ပျံ့နှံ့လျှက်ရှိနေကာ ယင်းနှင့်ပတ်သတ်၍ ဦးစိုးမြင့်နှင့် ယင်း၏ မိသားစုဝင်များအား Tomorrowဂျာနယ်မှ ဆက်သွယ်သော်လည်း အဆက်သွယ် မရခဲ့ပေ။

“လူမှုရေး စာမျက်နှာတွေမှာ ပထမဆုံး တတ်လာတဲ့ စာသားက “ကလေးနှစ်ယောက်နဲ့ အိမ်ထောင်သည် တစ်ယောက်ဖြစ်နေလို့ တပည့်တော် ရင်နာတယ် ဘုရား”ဆိုတဲ့ စာသားပါ၊ အဲ့ဒီစကား မြင်ရတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်၊ အားလုံးလည်း ၀ိုင်းပြီး ပြောထားကြပါတယ်။ အဲ့ဒီ စတေးတပ် တင်သူဟာ ပရိုဖိုင်းပုံ အမှန်နဲ့ အမေရိကန်ကားမှာ နေထိုင်သူ ဖြစ်ပါတယ်”ဟု အဆိုပါ လူမှုရေး စာမျက်နှာအား တွေ့ရှိခဲ့သူ   အွန်လိုင်း အယ်ဒီတာ ကိုကျော်က ပြောကြားခဲ့သည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ အတည်ပြုနိုင်ခြင်း မရှိသေး သော်လည်းယင်း ကိစ္စများ မှာ လူမှုရေး စာမျက်နှာများတွင် လူသိရှင်ကြား ဖြစ်နေကြောင်း ယင်းကောလဟာလများတွင် ယနေ့ အချိန်ထိ အိမ်ထောင်ဘက် အမျိုးသမီးအား လူသိရှင်ကြား ထုတ်ဖော်မပြခြင်း စသည့် အကြောင်းအရာများ အပေါ်လည်း သံသယ အနေဖြင့် ရှိနေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။

ယင်းနှင့်ပတ်သတ်၍ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဘ၀တွင် ယုံကြည် ကိုးကွယ်ခဲ့သည့် တပည့် တစ်ဦးမှလည်း “ထူးဆန်းတယ်ပေါ့နော်၊ ကိုယ်တွေက ယုံကြည်ပြီး ကိုးကွယ်လာတာဆိုတော့ မယုံကြည်နိုင်ဘူး၊ ဒါပေမယ့် ပထမတုန်းက ပြောတာ လည်ချောင်း ပြဿနာ၊ ခါးပြဿနာတွေကြောင့် လူဝတ်လဲတယ်လို့ ကြားတယ်၊ သူများတွေက ပြောတယ် အိမ်ထောင်ပြုတယ်ဆိုတာ၊ ကိုယ်တွေ မယုံဘူး၊ အခုဆို ကြားရတာ အတော်လေး စိတ်ညစ်ရတယ်၊ ယူတဲ့ အမျိုးသမီးမှာ ကလေးနှစ်ယောက်နဲ့ ဆိုတော့ ဘာပြောရမှန်း မသိအောင်ကို နှမြောမိပါတယ်၊ ဒီသတင်း မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်”ဟု ပြောပြခဲ့သည်။

tomorrow