ဒဏ်ကြေဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် အမျိုးသမီးနှစ်ဦး အသားပုပ်၍ ဆေးရုံရောက်

ပို့စ်တင်ချိန် - 8/07/2014 10:03:00 AM



ရန်ကုန်၊ သြဂုတ် ၅

တိုင်းရင်းဒဏ်ကြေဆေး အလွန် အကျွံသုံးခြင်းကြောင့် ပဲခူးတိုင်းဒေသ ကြီး မိုးညိုမြို့နယ်အတွင်းရှိအမျိုးသမီး နှစ်ဦး အသားများ ပုပ်သွားကာ မြို့ နယ်ဆေးရုံသို့ တင်ထား လိုက်ရကြောင်း ဆေးရုံမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့်လ ၁၃ ရက်နေ့မှစကာ ယခုလ လဆန်းရက်အထိ ဒဏ်ကြေ လိမ်းဆေးကြောင့် ဆေးရုံသို့ အမျိုးသမီး နှစ်ဦး တက်ရောက်လာခဲ့ပြီး ယခုအချိန် အထိ ကုသ မှုပြုနေရဆဲဟု မိုးညှင်းမြို့ နယ် ဆေးရုံအုပ်ကြီးက Popular News သို့ ပြောသည်။

”လူနာကို တော်တော်ကြာကြာ ကု သမှု ပြုရမယ့် အခြေအနေ ရှိနေပါ တယ်” ဟု ၄င်းက ပြောသည်။

အမည်မသိ အကောင်ကိုက်ခြင်း ကို ဒဏ်ကြေဆေးလိမ်းရာမှ တစ်ဆင့် ယခုကဲ့သို့ အသားများ ပုပ်သွားခြင်းဟု ရောဂါဇစ်မြစ်ကို ပြောဆို၍ ရသော် လည်း အမှန်စင်စစ် တွင် ဒဏ်ကြေဆေး ကြောင့်သာ ဖြစ်သည်ဟု မိုးညှင်းပြည်သူ့ ဆေးရုံအုပ်ကြီးကမှတ်ချက်ပြုသည်။

”ပူရင် ကောင်းတာပဲလို့ တစ်လွဲထင် တဲ့ပြည်သူအချို့ကို အသိပညာရစေချင် တယ်။ ဘယ်ဆေးမဆို တန်ဆေး၊ လွန် ဘေးပဲ။ ကျေးလက်တွေမှာ ဒဏ်ကြေ ဆေးကို အလွန်အကျွံ လိမ်းရုံမက လိမ်း ထားတဲ့ နေရာကိုပါ ပတ်တီးတွေ စည်း လိုက်တော့ပိုဆိုးသွားတယ်” ဟု ၄င်းက ဆက်ပြောသည်။

ဆေးရုံ တက်ရောက်နေသည့် အသက် ၄ဝ ကျော်အရွယ် အမျိုးသမီး တစ်ဦးမှာ လက်မောင်းအလယ်မှစကာ လက်ဖမိုးအထိ အသားများ လောင်ကာ ပုပ်နေပြီးကျန်အ သက်  ၃ဝကျော်အရွယ် နောက်ထပ်အမျိုးသမီးတစ်ဦးမှာမူ ခြေ ဖမိုးအသား နှစ်လက်မကျော်ပုပ်နေ သည်ဟု ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံတက် လူနာတို့၏ ဆေးရုံ ထံပြောပြမှုအရ¤င်းတို့လိမ်းခဲ့သည့်ဆေး မှာ နာမည်ကြီးဒဏ်ကြေလမ်းဆေးများ ဖြစ်နေသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီး ဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသ) က ”တိုင်းရင်း ဆေး ဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ဆေးတွေမှာ ဒီလိုမျိုးပြဿနာတွေ ရှိ တာ နည်းပါတယ်။ မှတ်ပုံမတင်ထားတဲ့ ဆေးတွေကတော့အတိုင်းအဆမရှိ တော့ ပြဿနာဖြစ်ရင်လည်း ဖြစ်နိုင် တယ်” ဟု ပြောသည်။

သို့သော်မှတ်ပုံတင် ပြုလုပ်ထား သော်လည်းအလွန်အကျွံသုံးစွဲပြီး အချိန် ကြာမြင့်စွာ ပတ်တီးစီးမည်ဆိုပါလျှင် အသားလောင်သည့်ပြဿနာ ရှိလာနိုင် သည်ဟု ၄င်းက ပြော သည်။

”ဘာဆေးမှ မလိမ်းဘူး။ ဒီအတိုင်း ပတ်တီးတင်းနေအောင် စည်းထားရင် တောင် ကြာလာရင် ပြဿနာ ရှိလာနိုင် ပါတယ်” ဟု ၄င်းကပြောသည်။

ခြေဖမိုးပေါ်ရှိ အသားအချို့ ပုပ် ကာ ဆေးရုံတက်နေသည့် အမျိုးသမီး မှာလည်း ဆူးစူးမိသဖြင့် ဒဏ်ကြေဆေး လိမ်းပြီး ပတ်တီးစည်းရာမှ တစ်ဆင့် ဖြစ်ခဲ့သည် ဟု   ဆေးရုံမှတ်တမ်းများအရ သိရသည်။

မိုးညှင်းမြို့နယ် ဆေးရုံအုပ်ကြီးက တိုင်းရင်းဒဏ်ကြေလိမ်းဆေးများအနေ ဖြင့် သုံးစွဲနည်းကို ဆေးဘူးများပေါ်တွင် မြင်သာအောင်ရိုက်သင့်ကြောင်း ထောက် ပြပြော ဆိုသည်။

PN-051

popular journal