မင်းသမီးဖြစ်ချင်တဲ့ သမီးဖြစ်သူအတွက် နိုင်ငံသစ်ရှာဖွေ ပေးခဲ့တဲ့ဖခင်



အေသင်အောင်

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယား ပြည်နယ်မှာ နေထိုင်တဲ့ ဟေတန်ဟာ သမီးဖြစ်သူရဲ့ ဆန္ဒကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဟေတန်ရဲ့ သမီးဖြစ်သူ အသက်ခုနစ်နှစ် အရွယ်ရှိ အီမီလီဟာ မင်းသမီးတစ်ဦး ဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့ပါတယ်။ ဟေတန်ဟာ ကလေးသုံးဦးရဲ့ ဖခင်တစ်ဦးဖြစ်ပြီး သမီးဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံသစ်တစ်နိုင်ငံ ရှာဖွေမှု ပြုလုပ်ခဲ့ပါတယ်။ ဟေတန်ဟာ အီဂျစ်နဲ့ ဆူဒန် ကြားထဲမှာရှိတဲ့ Bir Tawil အရပ်ဒေသမှာ နိုင်ငံသစ်တစ်ခု တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီဒေသမှာ တောင်တန်းတွေနဲ့ ကန္တာရတွေကလွဲပြီး ဘာမှမရှိတဲ့အပြင် အကျယ်အ၀န်းကလည်း စတုရန်းမိုင် (၈၀၀) သာရှိပါတယ်။ ဒီနေရာကို အီဂျစ်နဲ့ ဆူဒန်တို့ ပိုင်ဆိုင်ခြင်းမရှိဘဲ နှစ်ပေါင်း (၁၀၀) ကျော်နီးပါး အချုပ်အခြာအာဏာ ကင်းမဲ့နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီနေရာကို ဟေတန်က သွားရောက်ခဲ့ပြီး ကိုယ်ပိုင်အလံနဲ့ နိုင်ငံသစ်တစ်ခု တည်ထောင်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ကိုယ်ပိုင်အလံကို ဟေတန်ရဲ့ မိသားစုဝင်တွေက ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။ ဟေတန်ဟာ ယခုလအစောပိုင်း သမီးဖြစ်သူရဲ့မွေးနေ့မှာ မင်းသမီးတစ်ဦး ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပြုခဲ့တဲ့အတိုင်း သူ့ရဲ့အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါတယ်။ ဟေတန်ဟာ အီဂျစ် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကိုရယူပြီး အဲဒီဒေသကို သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ ဟေတန်ရဲ့အပြုအမူဟာ တရားဝင်မှုမရှိဘဲ ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေး ပြောဆိုခဲ့ပါတယ်။ ဟေတန်ကတော့ သူ့ရဲ့က လေးတွေ အတွက် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Messenger

Glamour မဂ္ဂဇင်းမှာ အပေါ်ပိုင်းဗလာနဲ့ဓာတ်ပုံရိုက်ခံခဲ့တဲ့ Katie Holmes



   
မင်းသမီး Katie Holmes တစ်ယောက် Glamour မဂ္ဂဇင်းရဲ့နောက်ဆုံးထုတ် issue အတွက် ဂျင်းဘောင်းဘီကိုဝတ်ထားပြီး သူမရဲ့ရင်သားနေရာကို လက်နဲ့ဖုံးအုပ်ပြီးဓာတ်ပုံရိုက်ခံခဲ့ပါတယ်။ ကြယ်သီးပြုတ်နေတဲ့ ဂျင်းရှပ်အင်္ကျီနဲ့လိင်အသားပေးဆန်ဆန် ဓာတ်ပုံကလည်း မျက်နှာဖုံးမှာလဲပါဝင်လာခဲ့တာဖြစ်ပါတယ်။

၉၀ ခုနှစ်ကျော်ကာလတွေက Dawson’s Creek အမည်ရှိ ရုပ်သံစီးရီးတွေနဲ့ ငွေကြယ့်ပွင့်ဖြစ်လာခဲ့တဲ့ Holmes ဟာ ၂၀၀၀ ခုနှစ်ရုပ်ရှင် The Gift ကနေစပြီး လူသိရှင်ကြား ၀တ်လစ်စလစ်ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ သူမရဲ့စိတ်ထဲမှာအများဆုံးနေရာယူထားတာကတော့ သမီးဖြစ်သူ Suri ဖြစ်ပါတယ်။ သူမက အမေတစ်ယောက်ဖြစ်ရတာဘယ်လိုကောင်းတဲ့အကြောင်း Glamour မဂ္ဂဇင်းကိုပြောပြပါတယ်။

‘အမေတစ်ယောက်ဖြစ်ရတာဟာအကောင်းမွန်ဆုံး ဆုလဒ်တစ်ခုပါ။ ကျွန်မအမေတစ်ယောက်ဖြစ်လာတော့ ကျွန်မဘ၀ကလုံးဝပြောင်းလဲသွားတယ်။ ဒါပေမယ့် အကြီးဆုံးအပြောင်းအလဲကဘာလဲဟုတ်လား။ ရှင်မသိဘူးလို့ ကျွန်မထင်တယ်။ ကျွန်မမှာရှိတဲ့ ချစ်မေတ္တာဘယ်လောက်လဲဆိုတာကျွန်မမသိခဲ့ဘူး။ ဒါအလွန်ပဲစွမ်းအားကြီးပါတယ်။ နေ့တိုင်းကျွန်မကိုအမေတစ်ယောက်ဖြစ်စေတဲ့ ဒီချစ်စရာလူသားတစ်ဦးရဲ့အကြောင်းပိုပြီးသိမြင်လာပါတယ်’ လို့ Holmes ကပြောပါတယ်။

Suri ရဲ့ဖခင်ဖြစ်သူ Tom Cruise နဲ့ Holmes တို့ဟာ ၂၀၁၂ ခုမှာကွာရှင်းခဲ့တာဖြစ်ပါတယ်။

Holmes ဟာမကြာခင်ထွက်ရှိတော့မှာဖြစ်ပြီးနောက်လမှာရုံတင်ပြသမယ့် ရုပ်ရှင် The Giver မှာသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။





Ref:starpulse.com
Trend Myanmar

အမေ့အတွက် သားလိမ္မာ ဖြစ်စေဖို့


ကလေးအရွယ်တုန်းကတော့ သားကိုချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောင်္ကျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ  အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေ ရှုပ်၊ စိတ်တွေရှုပ်လာတဲ့အချိန် အမေ့ကိုပါ  အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊ ကိုယ့်သားသမီးက ပြန်ပြောဆိုတာခံရလို့၊ အော်ငေါက်တာခံရလို့ စိတ်မကောင်းဖြစ်ကြရတဲ့ အမေတွေ အများကြီးပါ။ သူတို့မှာ လိုအပ်နေတာ ငွေကြေးဆိုတာထက် သားသမီးတွေရဲ့ မေတ္တာတွေပါ။ အသက်ကြီးလို့ အားငယ်လာတတ်ကြတဲ့ မိခင်အတွက် သားလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုအချက်ကလေးတွေ ဖြည့်ဆည်းပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။

အချိန်အားတိုင်း အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ သူလိုအပ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း သူ့ကိုချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ့်သူ့ကိုချစ်တယ်ဆိုတာ ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးလုပ်ပေးပါ။ ကော်ဖီအတူတူ သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။

အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။

ကိုယ်က အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည၁၀နာရီနောက်ဆုံး ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။ မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင်ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။

စကားပြော ဆင်ခြင်ပါ။

အမေကလည်း ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့် စကားမျိုးမပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း အမေ့ရဲ့ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။

အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါ။

အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ အိမ်မှာပဲနေရတဲ့အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ်ဆိုတာမျိုး သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည်သင်ပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ။

အမေက အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။

တစ်ပတ်မှာတစ်ခါ၊ ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက် အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။

ဂရုစိုက်စောင့်ရှောက်ပါ။

အမေဆိုတာ သားသမီးတွေအတွက် ၂၄နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အဆင်သင့်ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။ သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊ အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။

အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။

သူနားမလည်ပဲ ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။ အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကိုဟာသလုပ်တာမျိုးက ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ ပြောဆိုတာမျိုးဆိုရင်တော့ သူစိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။

Ref:mensxp.com
Trend Myanmar

ဘယ်လို မျက်နှာခြယ်သမှုမျိုးတွေက သင့်ကို ရှိရင်းစွဲထက် ပိုအရွယ်ရင့်သွားစေလိမ့်မလဲ (အပိုင်း-၂)


တစ်ခါတစ်လေ မျက်နှာကို မိတ်ကပ်လိမ်း၊ ပြင်ဆင်ခြယ်သပြီးလို့ ကိုယ့်ဘာသာကိုယ် မှန်မှာကြည့်လိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲအသက်ထက်ကို ရင့်သွားသလို ခံစားရဖူးမှာပါ။ ဒါ့ကြောင့် ပင်ကိုယ်ထက် ပိုမိုရင့်သွားတဲ့ အပြင်အဆင်မျိုးတွေကို သိထားနိုင်မယ်ဆိုရင် နုပျိုလန်းဆန်းပြီး ချစ်စရာကောင်းတဲ့ သွင်ပြင်လေး ရနိုင်ပြီပေါ့။ ဘယ်လို အလှပြင်ဆင်ခြယ်သနည်းတွေက သင့်ကို အသက်ကြီးတဲ့ပုံပေါက်နေစေသလဲဆိုတာ အပိုင်း(၁)မှာလည်း အချက်တစ်ချို့ကို ဖော်ပြခဲ့ပြီးပြီမို့ အပိုင်း(၂)မှာ ဘယ်လိုအချက်တွေ ပါဝင်နေဦးမလဲဆိုတာ ကြည့်ကြရအောင်။

၆။ မျက်ခုံးမွှေးရိတ်ထားတာ အလွန်သေးသွယ်ခြင်း

မျက်ခုံးမွှေး ခပ်ပါးပါးနဲ့ သေးသွယ်ပြီး ရိတ်ထားတယ်ဆိုရင်တော့ သင်ပိုပြီး အသက်ကြီးတဲ့ ပုံပေါက်နိုင်ပါတယ်။ ပြီးတော့ မျက်လုံးနဲ့ မျက်ခုံးမွှေးကြားကိုလည်း အရောင်ချယ်ပေးရတဲ့နေရာမှာ ပိုပြီးသတိထားရပါလိမ့်မယ်။

၇။ မျက်ခုံးမွှေးကို အရောင်ထူထူချယ်ထားခြင်း

ဆံပင်ရောင်အတိုင်း မျက်ခုံးမွှေးကို အရောင်ခပ်ထူထူဆွဲထားခြင်းက သင့်အရွယ်နဲ့ မလိုက်အောင် ပိုပြီး အိုသွားစေနိုင်ပါတယ်။ မျက်ခွံအားချယ်ထားတဲ့အရောင်ထက် ပိုပြီး ခပ်ဖျောဖျော့အရောင် လိမ်းထားသင့် ပါတယ်။

၈။ Eyelinerအနက်ရောင်အသုံးပြုခြင်းကို ရှောင်ပါ

Eyeliner အရောင်ရွေးတဲ့အချိန်မှာ အညှိရောင်ဖျော့ဖျော့လေးကို အနက်ရောင်အစား ရွေးချယ်သင့်ပါတယ်။ သင့်အသားအရေနဲ့ အနက်ရောင် Mascara ကြားမှာ ပိုပြီးသဘာဝဆန်ဆန်ဖြစ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

၉။ အောက်မျက်တောင်မွှေးကို Mascara လိမ်းပေးခြင်း

မျက်လုံးအနီးတဝှက် မဲမှောင်စေပြီး မျက်နှာရင့်သွားစေနိုင်ပါတယ်။ အပေါ်မျက်တောင်မွှေးကိုပဲ အနက်ရောင် လိမ်းထားပေးတယ်ဆိုရင်တော့ သင့်ရဲ့ မျက်ကြည်လွှာအဖြူရောင်ကို ပိုပြီးထင်ရှားစေပြီးတော့ ပိုပြီး လန်းဆန်းတဲ့ပုံစံ ဖြစ်သွားစေနိုင်ပါတယ်။

၁၀။ ပါးနီ

ပါးနီကို မျက်နှာအလယ်မှာ ခပ်ထူထူလိမ်းထားတယ်ဆိုရင် သင့်မျက်နှာအပြင်အဆင် ရင့်သွားစေနိုင်ပါတယ်။ နှခေါင်းနားမှာ ကပ်ပြီး မလိမ်းသင့်ပါဘူး။ ပါးရိုးကနေ အပေါ်ဘက်ကို ဆွဲပြီး လိမ်းသင့်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့အချက်တွေကို သတိထားပြီး အလှပြင်မယ်ဆို နုပျိုလန်းဆန်းတဲ့အလှအပကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref:en.amerikanki.com
Trend Myanmar

ယောင်္ကျားတွေ ကိုယ့်ခန္ဓာကိုယ်ဖွဲ့စည်းမှုအပေါ် ရှက်ရခြင်း အကြောင်းပြချက် (၅) မျိုး


ယောင်္ကျားတွေအနေနဲ့လည်း သူတို့ခန္ဓာကိုယ်ဖွဲ့စည်းမှု တစ်ခုခုကြောင့် လူကြားထဲ ရှက်တတ်ကြပါတယ်။ တချို့အကြောင်းပြချက်တွေကတော့

၁။ ထိပ်ပြောင်ခြင်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ထပ်ပြောင်နေတယ်ဆိုရင် ဆံပင်နဲ့ မရမက ဖုံးထားတတ်ကြပါတယ်။ အကြောင်းပြချက်ကတော့ တစ်ယောက်နဲ့တစ်ယောက်ကွဲပါလိမ့်မယ်။ ဒါပေမယ့် ရှက်နေကြတာတော့ အမှန်ပါပဲ။

၂။ နောက်ကျော အမွှေးထူခြင်း
တချို့ယောင်္ကျားတွေရဲ့ အယူအဆဆိုရင်တော့ အမွှေးရှိမယ့်နေရာမှာ ခပ်ထူထူရှိနိုင်တယ်။ မရှိမယ့်နေရာမှာ ကျပြန်တော့လည်း ပြောင်နေတာမျိုး ဖြစ်တယ်ဆိုပြီး ထင်ကြပါတယ်။ အဲဒါကြောင့် သူတို့ အနောက်က အင်္ကျံကော်လန်ကို လှန်လိုက်ပြီဆိုတာနဲ့ နောက်ကျောမှာ အမွှေးတွေ ထူနေတယ်ဆိုရင် ရှက်ကြပါတယ်။

၃။ နေလောင်ထားတဲ့ အသားအရေ
မတရားရာတော့ကျလိမ့်မယ်… ဒါပေမယ့် တချို့ယောင်္ကျားတွေကတော့ ရှက်ကြတာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အရေပြားတွေ နီညှိပြီးတော့ နေလောင်ခံထားတဲ့ အကွက်တွေများနေရင် အလုပ်ကြမ်းလုပ်ရင်း ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေကြတယ်ဆိုတဲ့ သဘောဆောင်သလိုဖြစ်သွားလို့ပါပဲ။

၎။ လိင်တံအရွယ်အစား
ယောင်္ကျားလေးတွေဟာ သူတို့ရဲ့လိင်တံအရွယ်အစား သေးနေရင် ဖြစ်ဖြစ် ပုံမှန်ထက်ကြီးနေရင်ပဲဖြစ်ဖြစ် ရှက်တတ်ကြပါတယ်။

၅။ အရပ်အနိမ့်အမြင့်
ကလပ်သွားချင်တဲ့ယောင်္ကျားတွေအတွက်ဆိုရင် ဒါပြဿနာရှိနိုင်ပါတယ်။ အရပ်ပုနေတဲ့ယောင်္ကျားတွေဟာ စိတ်ညစ်ပြီး ရှက်နေတတ်ကြပါတယ်။ အရပ်က အဖော်တွေနဲ့ကွာနေပြန်ရင်လည်း လူတွေစနောက်ခံရမှာ စိုးရိမ်နေကြပြန်ပါတယ်။


Credit : Trend Myanmar

ရေမြောင်းထဲတွင် ၁၀ ရက်တိတိ ညအိပ်ခဲ့ရသည့် မောင်နှမ ၂ ဦးကို ကယ်တင်နိုင်ခဲ့


ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါဟုဆိုသောမိဘနှစ်ဦးတို့မှာတာချီလိတ်မြိ့၊မြို့မသင်္ချိင်းနားမှာ
တဲအိမ်ငယ်တစ်လုံးဆောက်ပြီး(၁၀)နှစ်အရွယ်သမီးလေးမေသဇင်နှင့်(၆)နှစ်အရွယ်
သားလေးမောင်သတိုးစောတို့နှစ်ဦးနှင့်အတူတူနေထိုင်ကြသည်ဟုသိရပါသည်၊

(၁-၇-၂၀၁၄)ရက်နေတွင်ဦးအောင်ဇော်လတ်နှင့် ဒေါ်ဝါတို့မှာလင်မယားနှစ်ယောက်လုံးကျန်းမာရေး
မကောင်း၍မယ်ဆိုင် ဆေးရုံသွားတက်မည်ဟုပြောသွားပြီး အဖေနဲ့အမေသေသွားခဲ့ပါက ဘယ်မှမသွားနဲ့အိမ်မှာပဲနေလို့သမီးကြီးကိုပြောထားခဲ့တယ်ကြောင်းသမီးကြီးမမေသဇင်မှပြောပြပါသည်၊

မိဘတွေပြန်မလာတော့ကလေးနှစ်ယောက်မှာဘုန်းကြီးကျောင်းတွေသွားပြီးထမင်းတောင်းစားတယ်၊
ညပိုင်းအိပ်ချိန်ရောက်တော့ ရွှေတိဂုံဘုရားကုန်းတော်ခြေရင်းရေမြောင်းထဲတွင်အိပ်နေရတာခုဆိုရင်(၁၀)
ရက်ရှိပါပြီ၊

မိုးရွာလာရင်တော့ မောင်နှမနှစ်ယောက်ဘုရားကုန်းတော်ပေါ်တက်အိပ်ရတယ်နက်ဖြန်ဝါဆိုလပြည့်နေ့
ဆိုတော့ယနေ့ညဘုရားကုန်းတော်မှာအစောကြီးပိတ်လိုက်လို့ယာမြေကုန်းရပ်ကွက်ထဲကိုရောက်လာကာ
 ဈေးဆိုင်တစ်ဆိုင်တွင် တီဗွီဝင်ကြည့်နေကြတာပါည(၉)နာရီ(၃၀)မီးနစ်လောက်မှာဆိုင်ရှင်မှကလေး
နှစ်ယောက်အားသတိထားမိသွား၍မေးကြည့်ရွာားလာနေထိုင်စရာမရှိကြောင်းသိလိုက်ရသည့်အခါ ရပ်ကွက်တွင်းမှလူများဝိုင်းအုံလာကာ ဟိုလူကမွေးစားမယ်ဒီလူကမွေးစားမယ်နဲ့ မျိုးစုံပြောဆိုနေကြချိန်မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုးကျော်အောင် ရောက်ရှိလာပြီးမဇ္ဈိမလူမှုကူညီရေး
အသင်းအတွင်းရေးမှူဒေါ်သန်းသန်းဋ္ဌေးထံ အကူအညီတောင်းလာပါသဖြင့်ဒေါ်သန်းသန်းဋ္ဌေးမှ
ချက်ချင်းသွားရောက်ကြည့်ရှုကာမဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးတင့်ဆွေထံ
သတင်းပို့အကြောင်းကြားလိုက်ပါသည်၊

ဦးတင့်ဆွေနှင့်ဦးနေမျိုးတို့ချက်ချင်းရောက်ရှိလာပါ၍မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်
မဇ္ဈိမလူမှုကူညီရေးအသင်းအတွင်းရေးမှူဒေါ်သန်းသန်းဋ္ဌေးတို့မှအကြောင်းစုံရှင်းပြကြပါသည်၊

ထို့နောက်ကလေးနှစ်ယောက်အားဦးတင့်ဆွေမှသေသေချာချာမေးမြန်းကြည့်ပြီး
သောအခါ မကာဟိုခမ်းရပ်ကွက်အဖွဲ့ဝင်ဦးစိုင်ကျော်အောင်နှင့်တိုင်ပင်ကာ
မဇ္ဈိမလူမှုကူညီရေးအသင်းရုံးခန်းသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။


Credit : mizzima

မိုးကြိုး အပစ်ခံရပေမယ့် အသက်ရှင်ခဲ့တဲ့ သားအမိ




ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက သူ့အလိုအလျောက် ဆံပင် ထောင်နေခြင်း ဖြစ် ပါတယ်။ ယမန်နှစ် ဇူလိုင်လက မိခင် ဖြစ်သူဟာ သမီးငယ်ကို ကိုယ်ဝန် လွယ်ထားစဉ် အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီမြို့မှာ မိုးကြိုး အပစ်ခံရ ပါတယ်။

နေ့ခင်း မိုးကြီး မုန်တိုင်း တိုက်နေချိန် အပြင်မှာ ရှိနေတဲ့ ကိုယ်ဝန်သည်ကို မိုးကြိုး ပစ်ခဲ့ ပါတယ်။ ကံကောင်းထောက်မ စွာပဲ သူမဟာ အသက်ရှင်ခဲ့ ပါတယ်။ နောက်ထပ် ကြီးမားတဲ့ ကံကတော့ သူမ လွယ်ထားတဲ့ ကိုယ်ဝန် ထဲက ကလေးငယ်ဟာ လည်း အသက်ရှင်ခဲ့ ပါတယ်။ မွေးဖွား ပြီးတော့ ယနေ့ အချိန် အထိ ထူးခြား တာ ကတော့ ပုံမှာ မြင်တွေ့ ရသလိုပဲ ဆံပင်ထောင်နေခြင်း ဖြစ် ပါတယ်။ တဖြည်းဖြည်း နဲ့တော့ ယင်း ထောင်နေတဲ့ ဆံပင်ဟာ ပြန်ကျ လာပြီ ဖြစ်ကြောင်း ဆိုပါတယ်။

ကမ္ဘာမှာ ၁၁ ဦးတည်းသော ကိုယ်ဝန်သည် များဟာ မိုးကြိုး အပစ်ခံ ရ သေးပြီး အသက်ရှင်သူ နည်းပါတယ်။ ယင်း ၁၁ ဦးထဲမှာ ၅ ဦး ကသာ ကလေးကို အသက်မသေပဲ မွေးဖွား ပေးနိုင်ခဲ့ တာမို့ ကမ္ဘာ့ ရှားပါး ဖြစ်စဉ် တစ်ခု အဖြစ် မှတ်တမ်း တင်ခဲ့ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)

မော်ဒယ်သူဇာမောင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု နေဒွေးမှရှင်းလင်း



ဇူလိုင် ၁၃ ရက်ထုတ် အိုအေစစ်ဂျာနယ်တွင် မော်ဒယ်လ် သူဇာမောင်၏ အင်တာဗျူးနှင့် တွဲဖက်အသုံးပြုထားသည့် ဓာတ်ပုံများကြောင့် သရုပ်ဆောင်နေဒွေးနှင့် မော်ဒယ်သူဇာမောင်တို့ကို အထင်လွဲမှားစရာကိစ္စဖြစ်ခဲ့သည်ဟု သရုပ်ဆောင်နေဒွေးကပြောသည်။၎င်းတို့နှစ်ဦးသည် အနုပညာမောင်နှမသာဖြစ်ပြီး မည်သို့မျှမသက်ဆိုင်ကြောင်း နေဒွေးကထပ်မံပြောကြားသည်။


“ ကျွန်တော်တို့နှစ်ယောက်စလုံးက အရမ်းခင်တဲ့သူငယ်ချင်းတွေပါ။ အခုလိုမျိုးပါလာတာ နှစ်ယောက်စလုံးအတွက် မကောင်းပါဘူး။ ဂျာနယ်ဘက်ကလည်း အကြောင်းတစ်ခုခုကြောင့် ကျွန်တော့်ပုံထည့်လိုက်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အပြစ်ပြောလို့မရပါဘူး။ ပရိတ်သတ်တွေ အထင်မလွဲစေချင်တဲ့အတွက် ကျွန်တော်ကဖြေရှင်းတာပါ။ အဲဒီမွေးနေ့ပွဲကိုလည်း ကျွန်တော်တစ်ယောက်တည်း လာတာမဟုတ်ပါဘူး။ တခြားသရုပ်ဆောင် မင်းသားတွေလည်း လာပါတယ်။” ဟု ၎င်းကပြောသည်။

ဇူလိုင် ၇ ရက်က M3 ၌ကျင်းပပြုလုပ်သည့် မော်ဒယ်သူဇာမောင်၏ မွေးနေ့ပွဲတွင် အိုအေစစ်ဂျာနယ်မှ မေးမြန်းခဲ့သည့် မေးခွန်းတစ်ချို့၌ သူဇာမောင်သည် ၎င်း၏မွေးနေ့ပွဲသို့ တက်ရောက်စေချင်သည့် သူလည်းလာသည်။
သူ့ကိုကိတ်မုန့်လည်း ခွံ့ကျွေးလိုက်သည်ဟု ဖြေကြားထားသည့် အင်တာဗျူးအောက်တွင် သရုပ်ဆောင်နေဒွေးပုံကို ထည့်သွင်းထားခြင်းကြောင့် ပရိသတ်များနှင့် အနုပညာ အသိုင်းအဝိုင်းများ၏ စိတ်ဝင်စားခြင်းကို ခံရသည်။

မော်ဒယ်သူဇာမောင်၏ မွေးနေ့ပွဲတွင် နေဒွေး ၊ သတ္တိ ၊ နေယံစသည့်အမျိုးသားသရုပ်ဆောင် များနှင့် အမျိုးသမီးသရုပ်ဆောင်များ အပါအဝင် မော်ဒယ်များစွာလည်း တတ်ရောက်ခဲ့ကြသည်။

Mizzima Burmese

ငရဲ ဆိုတာ တကယ်ရှိပါတယ်လို့ သိပ္ပံနည်းကျ သက်သေလိုချင်ရင် ဖတ်ကြည့်ပါ။



မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။
ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်

အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။
ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီး
အသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။

ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။
ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။
ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်
်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။
သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။
တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက
1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။

အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။

ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက်
ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့စာပါပဲ။
သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။

စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ
နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။

ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် သွားမိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ
အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။


မှတ်ချက်( ၂၀၁၀ တုန်းက ဖော်ပြခဲ့တာပါ။ မဖတ်မိ၊ မမှတ်မိတဲ့သူတွေ အတွက်ပါ၊ ယုံကြည်ခြင်း မယုံကြည်ခြင်းက မိမိကိုယ်တိုင်နှင့် သာ သက်ဆိုင်ပါကြောင်း)


မူရင်း သတင်းကို ဖော်ပြထားတာတွေက

http://www.truthorfiction.com/rumors/d/drilltohellfacts.htm#.U8PD-kC8GSo


http://isrlabs.net/rants/hellsounds.html



http://ammenusastia.blogspot.com/2010/03/sounds-from-hell-real-or-hoax.html

Express Times

လူရွှင်တော် ဇာဂနာ နိုင်ငံရေးဗေဒင်ဟောမယ်


ထိမိတဲ့ ပြက်လုံးတွေနဲ့ အမြင်မတော်တာတွေ ပြည်သူကိုမီးမောင်းထိုးပြတဲ့ ဘာမထီလူရွှင်တော် ဇာဂနာတစ်ယောက်တစ်ယောက် နိုင်ငံရေးဗေဒင် ဟောပါတော့မယ်။ မဟာသန္တိသုခလိုကိစ္စ၊ မန္တလေး အကြမ်းဖက်မှုလို နိုင်ငံရေးအဖြစ်အပျက်တွေကို ဇာဂနာတစ်ယောက် ဘယ်လိုဟောမှာလဲ။
ကွက်စိပ်ဆိုတဲ့ ရုပ်သံအစီအစဉ်တစ်ခုကို စတင်ရိုက်ကူးနေတဲ့ လူရွှင်တော် ဇာဂနာက “ကျနော်တို့ ဒီဖက်ခေတ်မှာ ကွပ်စိပ်တွေ ပျောက်နေတယ်လေ။ ကွက်စိပ်ဆိုတာ နိုင်ငံတကာရဲ့ မူအရတော့ မတ်တပ်ရပ်ပြီး ပြောတာပေါ့။ မြန်မာကွက်စိပ်ကတော့ ထိုင်ပြောတယ်။ ဒီဟာကြီး ပျောက်သွားမှာစိုးလို့ ကွက်စိပ်ကို မော်ဒန်ဖြစ်အောင် ခေတ်ပေါ်ပုံစံပြန်ပြောင်းပြီး (TV)ရိုက်ကူးနေပါတယ်” လို့ ပြောပါတယ်။
ဇာဂနာရဲ့ ကွက်စိပ်ဟာ လွန်ခဲ့တဲ့ နှစ်၅ဝလောက်က ရေဒီယိုကနေ ထုတ်လွှင့်ခဲ့တဲ့ ဒဂုန်ဆရာတင်တို့ ကွက်စိပ်မျိုးမဟုတ်ဘဲ ရှေးတုန်းက ပုံပြင်တွေ၊ အဖြစ်အပျက်တွေကို အခြေခံပြီး လတ်တလော အကြောင်းအရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးမှာဖြစ်တယ်လို့ ဆိုပါတယ်။ အထက်မြန်မာပြည်က လူရွှင်တော်ကြီးတွေလည်း ဒီအစီအစဉ်မှာ ပါဝင်မယ်လို့ ပြောပါတယ်။
“မန္တလေးက လူရွှင်တော်ကြီးတွေဖြစ်တဲ့ ဦးချစ်စရာတို့၊ ဦးသပြေဂျာအေးတို့၊ ဦးပြုံးချိုတို့၊ ဦးပေါ်လေးတို့ ပါဝင်ပါမယ်။ ဒီဆရာကြီးတွေနဲ့ရော ရန်ကုန်က လူရွှင်တော်တွေနဲ့ရော မရိုက်ခင်မှာ အရင်ဆုံး တိုင်ပင်ပါတယ်။ မန္တလေးက လူရွှင်တော်ကြီးတွေကတော့ သမားစဉ်ကို အလေးထားပြီး ရိုက်ကူးကြမှာဖြစ်ပါတယ်” လို့ ဇာဂနာက ပြောပါတယ်။
“ကျနော်တို့အခုရိုက်ကူးမယ့်အကြောင်းအရာတွေကတော့ ဥပမာ သန္တိသုခအကြောင်း၊ မန္တလေးအကြမ်းဖက်မှုလို ဟာမျိုးတွေ ပါမယ်။ စသဖြင့်ပေါ့ဗျာ။ အဲဒါမျိုးတွေကို ရယ်စရာဖြစ်အောင် ပြောတယ်။ အခုဆိုရင် သီးလေးသီး ရိုက်ပြီးသွားပြီ။ သီးလေးသီး၊ မြန်မာပြည်စတား၊ ဒီစတား၊ ဟားငါးကောင်တို့၊ ကိုကျော်ထူးတို့ ရိုက်ပြီးသွားပြီ။ မန္တလေးက ဦးချစ်စရာ၊ ဦးပြုံးချို၊ ဦးပေါ်လေးတို့ ရိုက်ကူးပြီးသွားပြီ။ အားလုံး ၂၄ပိုင်း ရိုက်ကူးပြီးသွားပြီ။ စက်တင်ဘာလမှာ Channel 9 ကနေ စတင်ထုတ်လွှင့်ပါတော့မယ်။ ဗီဒီယိုခွေတွေ ထွက်မှာ မဟုတ်ပါဘူး။ အဲဒီအတွက်တော့ ခိုးကူးသမားတွေက တာဝန်ယူလုပ်ကိုင်သွားပါလိမ့်မယ်”
(ရွှေညာခိုင်စိုး)

Kamayut Media

ပိုက်ဆံလည်းချမ်းသာ လှလည်းလှတဲ့ မော်လ်ဒယ်များရဲ့ ရင်သပ်ရှုမောဖွယ်ဘီကီနီအလှများ(ဓာတ်ပုံ ၁၀ ပုံ)



မော်ဒယ်တစ်ဦး၏ ပရော်ဖက်ရှင်နယ် ဘဝတွင် အမြင့်ဆုံး မျှော်လင့်ချက်မှာ ကမ္ဘာ့အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နိုင်ရေးသာ ဖြစ်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အောင်မြင်ထင်ရှားလာသည့် စူပါမော်ဒယ်တစ်ဦး ဖြစ်လာရန်မှာ လွယ်ကူသော အခြေအနေတစ်ရပ် မဟုတ်ချေ။

ကမ္ဘာကျော် စူပါမော်ဒယ်တစ်ဦးဖြစ်လာပါက သန်းကြွယ်သူဌေး တစ်ဦးအဖြစ် ရပ်တည်နိုင်လောက်အောင် ဝင်ငွေကောင်းလာသည်မှာလည်း အဆန်းတကြယ် မဟုတ်ချေ။ ကမ္ဘာပေါ်တွင် အချမ်းသာဆုံး စူပါမော်ဒယ် ၁၀ ဦးကို ကောက်နုတ်ဖော်ပြအပ်ပါသည်။ ထူးခြားမှုမှာ အဆိုပါ စာရင်းဝင်အများစုသည် Victoria’s Secret အမျိုးသမီး အတွင်းခံ ဖက်ရှင်အမှတ်တံဆိပ်၏ လက်ရွေးစင်အလှမယ်အဖြစ် ရပ်တည်ခဲ့ကြဖူးခြင်း ဖြစ်သည်။

၁၀။ ဒေါ့တ်ဇန်ခရိုးစ်


Victoria’s Secret ကို ကိုယ်စားပြုခဲ့ဖူးသည့် ခရိုးစ်သည် ဒေါ်လာ ၁၀ သန်းမျှ ကြွယ်ဝနေသူ တစ်ဦးဖြစ်သည်။ နယ်သာလန် နိုင်ငံမှ အသက်(၂၉)နှစ်အရွယ် မော်ဒယ်သည် ၂၀၀၈ ခုနှစ်က စတင်ကာ Victoria’s Secretနှင့် လက်တွဲလာခဲ့သည်။ ၎င်းသည် L’Oreal နှင့်လည်း စာချုပ်ချုပ်ထားခြင်းကြောင့် ယခုထက် ပိုမိုကြွယ်ဝလာမည့် အလားအလာရှိနေသည်။

၉။ ကန်ဒိုက်စ်ဆွမ်နီပိုးလ်


တောင်အာဖရိက နိုင်ငံ၏ ဂုဏ်အယူရဆုံး အလှမယ်တစ်ဦးဖြစ်ပြီး Victoria’s Secret ၏ အတောက်ပဆုံး မော်ဒယ်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ယခင်က ဒေါ်လာသုံးသန်းမျှသာ ပိုင်ဆိုင်မှုရှိခဲ့သော်လည်း Victoria’s Secretနှင့် စာချုပ်ချုပ်ပြီးနောက် ဒေါ်လာ ၁၀ သန်း အထက်ထိ ကြွယ်ဝလာသည်။ ဆွမ်နီပိုးလ်နှင့် ပတ်သက်၍ အမှတ်တရ ညွှန်းဆိုစရာ အခြေအနေ တစ်ခုမှာ ပြီးခဲ့သည့်နှစ် Victoria’s Secret အထူးဖက်ရှင်ပွဲတွင် ဒေါ်လာ ၁၀ သန်းတန် Fantasy ဘရာစီယာကို ဝတ်ဆင်၍ ကိုယ်ဟန်ပြခွင့် ရခဲ့ခြင်း ဖြစ်သည်။

၈။ ကာရိုလင်းမာဖီ


အမေရိကန် ပီသလွန်းသည့် မျက်နှာကျမျိုး ပိုင်ဆိုင်ထားကြောင်း ချီးကျူးခံရလေ့ရှိသည့် အမေရိကန် မော်ဒယ်သည် Calvin Klein၏ Contradiction ရေမွှေးအတွက် ကိုယ်စားပြု ကြော်ငြာပေးဖူးသလို ကာလသားကြိုက် Sports Illustrated မဂ္ဂဇင်း၏ ဘီကီနီမော်ဒယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။ မာဖီသည် Liberty Heights ဇာတ်ကားတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယခုအခါ ဒေါ်လာ ၁၅ သန်းမျှထိ ကြွယ်ဝနေပြီ ဖြစ်သည်။

၇။ ဘားရာဖယ်လီ


လက်ရှိ အစ္စရေးနိုင်ငံ၏ အလှဆုံး အမျိုးသမီး နှစ်ဦးအဖြစ် ရာဖယ်လီနှင့် ဟောလိဝုဒ်မင်းသမီး နာတာလီပို့တ်မန်းတို့ကို ညွှန်းဆိုလေ့ ရှိကြသည်။ အသက်(၁၅)နှစ် အရွယ်ကတည်းက မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်လာသည့် ရာဖယ်လီသည် နောက်ထပ် ၁၄ နှစ် အကြာတွင် ကမ္ဘာ့အကျော်ကြားဆုံး စာရင်းဝင် စူပါမော်ဒယ်တစ်ဦး ဖြစ်နေခဲ့သည်။ ၎င်းသည် Vogue၊ Chanel၊ GQ၊ Samsung အစရှိသည့် အမှတ်တံဆိပ် များစွာအတွက် ကိုယ်ဟန်ပြပေးခဲ့ဖူးသည်။ ရာဖယ်လီ၏ လက်ရှိ ပိုင်ဆိုင်မှု ဥစ္စာဓန တန်ဖိုးသည် ဒေါ်လာ သန်း ၂၀ မျှ ရှိနေပြီ ဖြစ်သည်။

၆။ မီရန်ဒါကားရ်


Victoria’s Secret ကို ကိုယ်စားပြုဖူးသည့် နောက်ထပ် လူသိထင်ရှား စူပါမော်ဒယ်တစ်ဦးအဖြစ် ကားရ်ကို ညွှန်းဆိုရမည် ဖြစ်သည်။ ဟောလိဝုဒ်မင်းသား အော်လန်ဒိုဘလွမ်းနှင့် လက်ထပ်ပြီးမှ ပြန်လည် ကွာရှင်းခဲ့ခြင်းကလည်း ဩစတြေးလျ စူပါမော်ဒယ်ကို ပိုမိုလူသိများ ထင်ရှားလာစေသည်။ ၂၀၀၇ ခုနှစ်က Victoria’s Secret ၏ မော်ဒယ် ဖြစ်လာသည့်နောက် ကားရ်သည် ဩစတြေးလျ နိုင်ငံသူ တစ်ဦးအနက် အဆိုပါ အမှတ်တံဆိပ်ကို ပထမဆုံး ကိုယ်စားပြုခွင့် ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

၅။ အလက်ဇန္ဒရာအမ်ဘရိုစီယို


ဒေါ်လာသန်း ၄၀ မျှ ကြွယ်ဝချမ်းသာသည့် ဘရာဇီး စူပါမော်ဒယ်သည် Victoria’s Secret၏ အစောဆုံး ရွေးချယ်ခဲ့သူများအနက် တစ်ဦးဖြစ်သည်။ Victoria’s Secretက Pinkဟု အမည်ပေးထားသည့် ပထမဆုံး Collectionကို မိတ်ဆက်ရာတွင် အမ်ဘရိုစီယိုကို ၎င်းတို့၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး (ကိုယ်စားလှယ်)အဖြစ် ရွေးချယ်ခဲ့သည်။ အမ်ဘရိုစီယိုသည် Casino Royale ရုပ်ရှင်တွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည်။

၎။ နာအိုမီကမ့်ဘဲလ်


ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းစူပါမော်ဒယ် ၁၀ ဦးအနက် တစ်ဦးတည်းသော အာဖရိကန်နွယ်ဖွားမှာ ကမ့်ဘဲလ်ဖြစ်သည်။ ဂျမေကာနွယ်ဖွား ဗြိတိသျှမော်ဒယ်သည် ပြင်သစ်နှင့် အင်္ဂလန်တို့တွင် ထုတ်ဝေသည့် Vogue မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင် ဖြစ်ခွင့်ရသည့် ပထမဆုံး အာဖရိကန်နွယ်ဖွား မော်ဒယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ဖူးသည်။ ကမ့်ဘဲလ်သည် လက်ဝှေ့ကျော် မိုက်ခ်တိုင်ဆင်၊ မင်းသား ရောဘတ်ဒီနီရိုး အစရှိသည့် နာမည်ကျော်ပုဂ္ဂိုလ်များနှင့် အချစ်ရေး ဆက်နွှယ်မှုများ ရှိခဲ့ခြင်းကြောင့်လည်း ပိုမိုလူသိများသည်။ ၎င်းသည် ယခုအခါ ဒေါ်လာ ၄၈ သန်းမျှ ချမ်းသာနေပြီ ဖြစ်သည်။

၃။ အက်ဒရီယာနာလီမာ


၂၀၁၃ ခုနှစ်၊ တစ်နှစ်အတွင်းမှာပင် ဒေါ်လာ ၇ ဒသမ ၃ သန်း ဝင်ငွေတိုးပွားလာသည့် လီမာသည်လည်း Victoria’s Secretနှင့် မကင်းသူ တစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အချမ်းသာဆုံး စူပါမော်ဒယ်လ် ၁၀ ဦးတွင် ပါဝင်သည့် ဘရာဇီးသူ သုံးဦးအနက် တစ်ဦးလည်း ဖြစ်နေသည်။ အသက်(၁၅)နှစ် အရွယ်ကတည်းက ဖက်ရှင်မော်ဒယ် တစ်ဦးအဖြစ် စတင်ရပ်တည်ခဲ့သည့် လီမာသည် ယခုအခါ ဒေါ်လာ သန်း(၅၀)ကျော် စုဆောင်းပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ယင်းသည် Maybelline၏ ကိုယ်စားပြု မော်ဒယ်အဖြစ် တာဝန်ယူဖူးသလို Mango၊ Qantas၊ Lipton၊ David Jonesတို့နှင့် စာချုပ်ချုပ်ထားသောကြောင့် ယခုထက် ပိုမို၍ ကြွယ်ဝချမ်းသာလာမည့် သဘောမျိုး ရှိနေသည်။

၂။ အီရင်ဟီသာတန်


အသက်(၂၅)နှစ်သာ ရှိသေးသော်လည်း အမေရိကန်မော်ဒယ် ဟီသာတန်သည် ဒေါ်လာ ၁၄၅ သန်းမျှထိ ကြွယ်ဝနေပြီ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၁၂ လတာ ကာလအတွင်းမှာပင် ဒေါ်လာ ၄၆ သန်းမျှ ဝင်ငွေရှိခဲ့သူ ဖြစ်သည်။ ဂျူးသွေးစပ်သည့် ဟီသာတန်သည် Oscar de la Renta၊ Shaitzy Chenနှင့် Tommy Hilfiger အစရှိသည့် ဖက်ရှင်အမှတ်တံဆိပ်များစွာအတွက် ကိုယ်စားပြုခဲ့ဖူးသည်။ ၎င်းသည်လည်း အခြားသော နာမည်ကျော် မော်ဒယ်များနည်းတူ Victoria’s Secret၏ သိမ်းသွင်းမှုနှင့် ကင်းခဲ့သူ မဟုတ်ချေ။ ဟီသာတန်သည် The League ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ဖူးပြီး ၂၀၁၃ ခုနှစ်က ရုံတင်သည့် Grown Ups 2 တွင်လည်း ပါဝင်ခဲ့သည်။

၁။ ဂျီဇီလ်ဘန်ချန်


ကမ္ဘာ့ဖက်ရှင် သမိုင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး စူပါမော်ဒယ်အဖြစ် ဘရာဇီးနိုင်ငံသူ ဘန်ချန်ကို ညွှန်းဆိုရမည် ဖြစ်သည်။ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဒေါ်လာ ၄၂ သန်းမျှ ဝင်ငွေရှိခဲ့သည့်နောက် Victoria’s Secret အလှမယ်၏ စုစုပေါင်း ကြွယ်ဝမှုသည် ဒေါ်လာသန်းပေါင်း ၂၉၀ မျှထိ ရှိလာပြီ ဖြစ်သည်။ ၎င်းသည် မကြာသေးမီက ဘီယွန်းစ်နေရာတွင် H&M အမှတ်တံဆိပ်အတွက် အစားထိုး ကိုယ်စားပြုခွင့် ရရှိထားသည်။ ထို့အပြင် David Yurman၏ ကိုယ်စားပြု မော်ဒယ်အဖြစ် ကိတ်မော့စ်ကို ဆက်ခံခဲ့သလို Chanelကလည်း ရီဟာနာနှင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ဘန်ချန်ကို အစားထိုး၍ စာချုပ်ချုပ်ထားသည်။ အသက်(၃၃)နှစ်ရှိ ဘန်ချန်သည် ကုလသမဂ္ဂ အဖွဲ့ကြီးတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သံတမန် တစ်ဦးအဖြစ်လည်း တာဝန်ယူထားသည်။

_Richestlifestyle

7Day Daily

ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ (ဟာသ)



၁။ ရုပ်ရှင်ရုံတွင် -

အတန်းစီနေချိန် “သယ်ရင်း. မင်းဘာလုပ်နေလဲ” ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ – “အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ”

၂။ ဘတ်စ်ကားပေါ်တွင် -

အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး “ဆောရီးနော်. နာသွားလာဟင်” ဟု မေးသော အခါ အကောင်းဆုံး အဖြေ – ” ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထက်နင်းပါအုံး”

၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -

သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး “ဆောရီး..။ အိပ်ပျော်နေတာလား” ဟု မေးသောအခါ အကောင်းဆုံး အဖြေ “ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ မအိပ်ပဲ Research လုပ်နေတာ”

၎။ ဆံပင် အတိုညပ် ထားသော အခါ -

သူငယ်ချင်းက ” သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား” ဟု လာမေးလျှင် အကောင်းဆုံး အဖြေ ” ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ”

၅။ အိမ်ကြိုးဖုန်းတွင် -

သူငယ်ချင်းက “သယ်ရင်း မင်းဘယ်တွေရောက်နေလဲ” ဟု မေးသော အခါ အကောင်းဆုံး အဖြေက “အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်”

၆။ ကားရေဆေးနေသော အခါ -

အိမ်နီးချင်းမိတ်ဆွေက “မိတ်ဆွေ ကားရေဆေးနေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ – “ဟင့်အင်း ကားကို ရေလောင်းပေးတော့ ဘော်ဒီများ ပိုကြီးလာမလားလို့ပါ

၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -

သူငယ်ချင်းက ရောက်လာပြီး “မင်း တီဗီကြည့်နေတာလား” ဟုမေးသော အခါ အကောင်းဆုံး အဖြေ “ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ”

အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ …

Ref: everjokes

အောင်ခမ်း ( ရိုးရာလေး )