မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်

ပို့စ်တင်ချိန် - 8/01/2013 11:41:00 AM


မိခင်ဖြစ်ခွင့် အိပ်မက်ကို ထိခိုက်စေနိုင်သည့် အချက်သုံးရပ်အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေး မွေးဖွားနိုင်မယ့် မိခင်ဖြစ်ခွင့် အိပ်မက်ကို ခြိမ်း ခြောက်နေတဲ့ အရာသုံးမျိုးကို သတိပြုဆင်ခြင်သင့် ပါတယ်။

အိမ်တွင်း လေထုညစ်ညမ်းမှု

အိမ်တွင်း လေထုညစ်ညမ်းမှု များတာဟာ အမျိုးသမီးတွေရဲ့ သွေးလှည့်ပတ်မှု စနစ်၊ ကိုခံ စွမ်းအားစနစ်၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ ဇီဝကမ္မ ဆိုင်ရာ လုပ်ငန်းဆောင်တာတို့အပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိ ခိုက်စေနိုင်ပါတယ်။

ဆေးလိပ်ငွေ့

ဆးရွက်ကြီးမှာ အဆိပ်ဖြစ်စေတဲ့ ဒြပ်အများ အပြားပါဝင်ပြီး သန္ဓေသားဖွံ့ဖြိုးမှုကို ထိခိုက်စေ နိုင်ပါတယ်။ ဆေးလိပ်မသောက်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက် တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျတာ၊ လမ စေ့ ကလေးမွေးဖွားတာနဲ့ ကလေးအသေမွေးတာ တို့ ဖြစ်နိုင်ခြေများပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေအနေနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက် မှုလည်း ရှိတတ်ပါတယ်။

အဖြူရောင် ကောက်နှံစာ အများအပြား

အခွံချွတ်ထားတဲ့ ကောက်နှံစာတွေဟာ အခွံ ချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ပေါင်မုန့်၊ ခေါက်ဆွဲညိုစတာတွေလောက် ကျန်းမာရေးနဲ့ မညီညွတ်နိုင်ပါဘူး။ အခွံချွတ်ထားတဲ့ ထမင်းဖြူ၊ ခေါက်ဆွဲဖြူ စတာတွေကို များများ စားတာကြောင့် အမျိုးသမီးဟော်မုန်း ဟန်ချက်ညီမျှမှုကို အဟန့် အတားဖြစ်စေပြီး မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေ နိုင်ပါတယ်။

ဇွန်

By Good Health