တားမြစ်ဆေးကိုစအိုထဲထည့်၍ အင်းစိန်ထောင်ထဲသို့ သယ်ဆောင်သူအမှုဖွင့်ခံရ

ပို့စ်တင်ချိန် - 8/01/2013 01:53:00 PM


တားမြစ်ထားသော ဆေးဝါးများကို စအိုတွင်းသို့ထည့်ပြီး အင်းစိန်ထောင်အတွင်းသို့ သယ်ဆောင်ရန် ကြိုး ပမ်းသူ အချုပ်သားတစ်ဦးကို ဇူလိုင် ၂၉ ရက်တွင် အကျဉ်းထောင်ဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း ရန်ကုန် တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

တရားစွဲခံရသူသည် ဦးဝေထွန်းပိုင်ဆိုသူဖြစ်ပြီး ၎င်းမှာသင်္ဃန်းကျွန်းမြို့နယ် တရားရုံး၌ တရားရင်ဆိုင်နေ သူဖြစ်သဖြင့် ဇူလိုင် ၂၄ ရက်က ရုံးထုတ်ရာ ထိုနေ့ကအချုပ်ယာဉ်ဖြင့် ညနေ ၆ နာရီခန့်တွင် အင်းစိန်ထောင် သို့ပြန်ရောက်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သူ့ကို ထောင်စည်းကမ်း ထိန်းသိမ်းရေးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်ကြီးနှင့် အဖွဲ့က ရှာဖွေစစ်ဆေးခဲ့ ကြရာထောင်တွင်း၌ တားမြစ်ထားသောဆေးဝါးဖြစ်သည့် “သခွားစေ့”ဟု ခေါ်ဝေါ်သော ချောင်းဆိုးပျောက် ဆေး ၄၀၀ လုံးကို စအိုအတွင်းဝှက်၍ သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြ သည်ဟု ရဲဌာနက ဆိုသည်။

ထို့ကြောင့် ကိုဝေထွန်းပိုင်သည် လက်ရှိတရားစွဲခံထားရသည့် အမှုအပြင်အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူး ဦးသိန်းနိုင်က တရားလိုပြုလုပ်တိုင်တန်းတရားစွဲဆိုသည့် ထောင်ဥပဒေဖြင့်ပါ ထပ်မံတရားစွဲခံရတော့ မည် ဖြစ်သည်ဟု ရဲဌာနကထုတ်ပြန်သည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese