ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစားအစာထဲသို့ ပိုးသတ်ဆေးထည့်ခဲ့သူ တရုတ်အလုပ်သမားအား ရုံးတင်စစ်ဆေး

ပို့စ်တင်ချိန် - 8/01/2013 01:53:00 PM


၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုး သတ်ဆေးထည့်သည်ဆိုသော စွဲချက် ဖြင့် တရုတ်စက်ရုံလုပ်သား တစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါ အပြု အမူကြောင့် ဂျပန်လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။

စက်ရုံလုပ်သား လုယွဲ့တင်သည် ပေါင်မုန့်လုံးထဲသို့အင်း ဆက်ပိုး သတ် ဆေးထည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၄င်းမုန့် များအား ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း စင်ဟွာသတင်းအေဂျင်စီကဖော် ပြသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝဝ၈ ခု နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းကိစ္စ ရပ် ကြောင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တင်းမာခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ဂျပန်ဝန်ကြီးတစ်ဦး တရုတ်နိုင်ငံသို့လာရောက် လည်ပတ် သည့်အထိမ်းအမှတ်အနေဖြင့် ၄င်းကိစ္စ အားရုံးတင်စစ်ဆေးခြင်းဖြစ်သည်။

လုယွဲ့တင်သည် ဟီပေးပြည်နယ် ရှိ ထျန်းယန်အစားအသောက် ကုမ္ပဏီ ၌ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုပ်အားခ မကျေနပ်မှုများနှင့် လုပ်ဖော်ကိုင်ဖက် များနှင့်အဆင်မပြေမှု များကြောင့် အစာ သွပ်ပေါင်မုန့်အတွင်းသို့ ဆေးထိုးပြွန်သုံး ၍ ပိုးသတ်ဆေးထည့်ခဲ့ခြင်းဖြစ်သည်။

၎င်း၏လုပ်ရပ်ကြောင့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလအတွက် အဆိုပါ ပေါင် မုန့်စားသုံးမိသူ အနည်းဆုံး ၁ဝ ဦး နာမကျန်းဖြစ်ခဲ့ကာ အသက် ၅ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးမှာ အ ပြင်းဖျားခဲ့ပြီးဆေးရုံတက်ခဲ့ရသည်။ ၄င်း ပေါင်မုန့်ထဲ၌ အန္တရာယ်မြင့်မားသည့် ပိုးသတ်ဆေးများပါဝင်ကြောင်း စုံစမ်း စစ်ဆေးသူများက ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် ၄င်းအား ၂ဝ၁ဝ ခုနှစ် က ဖမ်းဆီးခဲ့ကာ ဇူလိုင် ၃ဝ ရက်တွင် စတင်၍ ဟီပေးပြည်နယ်ရှီးကျားကျွမ်း မြို့၌ ရုံးတင်စစ်ဆေး ခဲ့သည်။

Ref:BBC
သိင်္ဂီဝင်း