အရင်တုန်းက ဦးသိန်းစိန် လေသံ (တစ်မိနစ်စာ ရုပ်/သံ)





ပုသိမ်တွင် လက်ပံတောင်းအရေး လှုပ်ရှားသူ ၃ ဦး တရားစွဲခံရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ဆန္ဒပြ တောင်းဆို သူများကို ဒီဇင်ဘာ ၁၀ ရက်နေ့က ပုသိမ်မြို့တွင် တွေ့ရစဉ်(ဓာတ်ပုံ – ဆလိုင်းသန့်စင် / ဧရာဝတီ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ လှုပ်ရှားခဲ့သည့် ပုသိမ်မြို့မှ တက်ကြွလှုပ်ရှားသူ ၃ ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဖြင့် ရဲက တရားလိုပြုလုပ်ကာ ရုံးတင်တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပေးရန် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များနှင့် လူထုအား မီးလောင်ဒဏ်ရာ ရသည်အထိ ဖြိုခွင်းခဲ့သည့် အစိုးရ၏လုပ်ရပ်အား ရှုတ်ချပွဲနှင့် စီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုပွဲကို ပုသိမ်မြို့ရှိ တက်ကြွလှုပ်ရှားသူများက ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ယင်းဆန္ဒပြပွဲကို ဦးဆောင်သူ ၃ ဦးဖြစ်သည့် တက်ကြွလှုပ်ရှားသူ ကိုကျော်စွာ၊ ဦးဇင်းနိုင်ကြီးနှင့် ကိုမြင့်အောင်တို့အား ပုသိမ်မြို့ အသည်ကြီးရဲစခန်း စခန်းမှူး ရဲအုပ် တင်မောင်သက်က တရားလို ပြုလုပ်ကာ ပုဒ်မ ၁၈ ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းက အမှုဖွင့်ထားခဲ့ပြီး ၇ လအကြာ ဇူလိုင်လ ၁၅ ရက် နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ ရုံးတင် တရားစွဲဆိုခြင်း ဖြစ်သည်။

“ကျနော်တို့က ဥပဒေဘောင်ထဲက စာတင်ပြီး လုပ်ခဲ့တယ်။ သူတို့ ခွင့်မပြုတာတော့ မတတ်နိုင်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးအရ ဥပဒေဘောင်ထဲက လုပ်တယ်လို့ပဲ ခံယူတယ်။ ဒါကြောင့် ကျနော်တို့မှာ အပြစ်မရှိဘူးလို့ပဲ ခံယူတယ်” ဟု တရားစွဲဆိုခြင်း ခံထားရသည့် ကိုကျော်စွာက ဧရာဝတီသို့ ပြောသည်။

ဇူလိုင် ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် တရားခွင်သို့ တရားလိုဖြစ်သည့် ရဲအုပ် တင်မောင်သက် လာရောက်ခြင်းမရှိဘဲ ၎င်းအစား အသည်ကြီး ရဲစခန်းမှ ဒု ရဲအုပ် မောင်မောင်ရွှေ လာရောက်ခဲ့ပြီး မည်သည့်ကြားနာမှုမှ မပြုလုပ်ခဲ့ဘဲ စွပ်စွဲခံထားရသူ ၃ ဦးက အာမခံယူကာ ပြန်လာခဲ့ကြသည်။ ၎င်းတို့အား ဇူလိုင်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်မည်ဟု သိရသည်။

တရားစွဲသည့်ကိစ္စနှင့် ပတ်သတ်၍ ပုသိမ်မြို့ အသည်ကြီး ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက“ ကျနော်တို့ဆီမှာ
အမှုတွဲတွေ ကျန်နေတဲ့အတွက် ကိုယ့်လုပ်ဆောင်ရမယ့် တာဝန်ရှိတဲ့အတိုင်း ဥပဒေအကြံပေးတောင်းပြီး တရားရုံး တင်တဲ့သဘောပါ။ ကျန်တဲ့ ပုဒ်မ ၁၈ အမှုတွေလည်း ဥပဒေအကြံပေး တောင်းထားပါတယ်။ ကျလာရင် ရုံးတင်မှာပါ” ဟု ပြောသည်။

လက်ရှိတွင် လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သတ်၍ သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ပြင်ဆင် ချုပ်ဆိုခဲ့သည့် စာချုပ်အသစ်အား ဒေသခံ ပြည်သူများထံ ရှင်းလင်းပြောဆိုရန်၊ ဖမ်းထားသူများ ပြန်လွှတ်ပေးရန်၊ ဖမ်းဝရမ်းထုတ်ထားမူများ ရုတ်သိမ်းပေးရန် လက်ပံတောင်း ဒေသခံများက ဇူလိုင်လ ၂၁ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်းအရေး လုပ်ဆောင်နေသည့် ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ရွှေဘိုခရိုင်တရားရုံးက ပုဒ်မ ၁၄ ခုနှင့် ထောင်ဒဏ် ၁၁ နှစ်ခွဲ၊ ဒေသခံ လယ်သမား ကိုစိုးသူနှင့် ကိုမောင်ဆန်းတို့ကို ထောင်ဒဏ် ၂ နှစ်ခွဲစီ ချမှတ်ထားသည်။

“အခု ကျနော်တို့ကို တရားစွဲတဲ့ကိစ္စက ဟိုလက်ပံတောင်းတောင် ဒေသမှာ ဖိအားပေးခံရတော့ တခြားဒေသမှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားလိုက်ပေးတာလို့ မြင်မိတယ်” ဟု ကိုကျော်စွာက ပြောသည်။

လက်ပံတောင်းတောင်အရေး လှုပ်ရှားသူ ၃ ဦး တရားရင်ဆိုင် နေရစဉ်မှာပင် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ပုသိမ်မြို့မှ ကချင်လွပ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ချီတက်လမ်းလျှောက်ရန ကြိုးပမ်းခဲ့သူ ၅ ဦးအား အသည်ကြီး ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး  ရုံးတင်တရားစွဲဆိုရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ချီတက်လမ်းလျှောက်ရန် ကြိုးစားခဲ့သည့် ပုသိမ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဘိုးတော် ၀င်းနိုင်၊ ဦးကျော့မောင်၊ ဦးဇင်းနိုင်ကြီး၊ ဦးမြင့်အောင်နှင့် ဦးလှမြင့်တို့အား အသည်ကြီးစခန်းမှူး ရဲအုပ် တင်မောင်သက်ကပင်တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အမှုဖွင့် ခံထားရသည့် ဘိုးတော် ၀င်းနိုင်က ပြောသည်။

“ကျနော်တို့နိုင်ငံမှာ ပြည်တွင်းစစ်ကြီး ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ပြည်သူလူထု အေးအေးချမ်းချမ်းနဲ့ နေတာကို မြင်ချင်တယ်။ ဒါကြောင့် ကျနော်တို့တိုင်းပြည်ကြီး ငြိမ်းချမ်းရေးရပြီး အေးချမ်းစေလိုတဲ့သဘောနဲ့ လမ်းလျှောက်ဖို့စီစဉ်တာပါ။ ခုလို ငြိမ်းချမ်းရေးအတွက် လုပ်တဲ့ကိစ္စကို အမှုဖွင့် အရေးယူတယ်ဆိုတော့ ဒါဟာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားဘူးလို့ပဲ ယူဆပါတယ်” ဟု သူက ပြောသည်။

ချီတက်လမ်းလျှောက်မည့် အဖွဲ့သည် ပုသိမ်မှ ရန်ကုန်၊ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ မြစ်ကြီးနား၊ မြစ်ကြီးနားမှတဆင့် လိုင်ဇာသို့ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

“ကျနော်တို့က လမ်းလျှောက်ဖို့ အစီအစဉ်နဲ့ တကောင်းဘုရားမှာ စုဝေးနေတုန်း အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး ဆွေးနွေးတော့မယ် ဆိုတဲ့အကြောင်း၊ နောက်ဆုံးသတင်းပေါ့နော်၊ မိတ်ဆွေတယောက်က လာပြောတယ်။ အဲဒါနဲ့ အစီအစဉ်ကို ဖျက်လိုက်ပြီး ဘုရားရှေ့ကနေပဲ အိမ်ပြန်လာခဲ့တယ်။ အဲသလို လမ်းမလျှောက်ဖြစ်တဲ့ ဟာကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာ” ဟု ဘိုးတော် ၀င်းနိုင်က ပြောသည်။

ပုသိမ်မြို့ရှိ လက်ပံတောင်းအရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားသူများအပြင် လယ်သမားအရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများလည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။

ပုသိမ်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လယ်သမားများ ဆန္ဒပြပွဲကို ဦးဆောင်မှုဖြင့် လယ်သမားအရေး ကူညီပေးနေသူ ကိုထွန်းထွန်းဦးနှင့် အမျိုးသားဒီမိုကရေစီ ကွန်ရက် (NDN) မှ ဦးသန်းဝင်းတို့အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားသည်။

“ပုဒ်မ ၁၈ ဆိုတာ ကျနော်တို့ ခေတ်အခါနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး။ ကျားသနားမှ နွားချမ်းသာမယ့် ဒီမိုကရေစီမျိုးဆိုတာ ပုဒ်မ ၁၈ က ဖော်ပြနေပါတယ်။ ပြည်သူတွေ ငတ်မွတ်နေတဲ့ ဒီမိုကရေစီကို အဲဒီပုဒ်မ ၁၈ က ပါးစပ်ထဲရောက်မယ့် ထမင်းလုပ်ကို ပုတ်ချသလို ဖြစ်နေတယ်။ ကျနော်တို့တော့ အမှုဖွင့်ရုံမက ဖမ်းပြီးထောင်ချလည်း လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးတွေက ဆက်လုပ်နေမှာပါပဲ” ဟု ဦးသန်းဝင်းက ပြောသည်။

ဧရာဝတီ

ပြည်သူ့စကား နားထောင်တယ်



မိသားစုအရေး စိတ်ဖိစီးမှုများ၍ ကလေးသုံးဦးမိခင်ဖြစ်သူ မိမိကိုယ်ကို ကြိုးဆွဲချသေ


ကယားပြည်နယ် လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ ကလေးသုံးဦးမိခင်ဖြစ်သူ ဒေါ်ခင်ချိုသင်း ဆိုသူသည် မိသားစုအရေး စိတ်ဖိစီးမှုတွေ အဆင်မပြေမှုတွေ များလာ၍ မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့တယ်လို့ နွားလ၀ိုးကျေးလက် ကျန်းမာရေးဌါနခွဲမှ သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဖြစ်စဉ်မှာ လင်မယားနှစ်ဦး အမြဲတမ်း ရန်တွေ့ စကားများကြ၍ တစ်အိမ်ထဲ အတူနေသော်လည်း အခန်းခွဲနေကြတာဖြစ်ပြီး မိသားစု အားလုံး အိပ်မောကျနေချိန်မှာ မိခင်ဖြစ်သူက ၁၂ ရက်နေ့ည ၉ နာရီခွဲဝန်းကျင်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“သူကတော့ သူ့အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ တော်တော့်ကို စိတ်ဆင်းရဲနေတာပေါ့နော်။ ကျန်တဲ့အကြောင်းအရာကတော့ ဘာမှမရှိပါဘူး။ သူအိမ်ထောင်ရေးမသာယာတဲ့ အပေါ်မှာ မူတည်ပြီးတော့ သူ့တစ်ယောက်ထဲ ရုန်းကန်ရတာများတော့ ဘ၀ကိုလေ။ ရုန်းကန်ရတာများလာတဲ့ အခါကျတော့ ကြာတော့ သူ့ရဲ့စိတ်က မခံနိုင်တော့ဘူး" လို့ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်ချိုဝင်းက ပြောပါတယ်။

ဒေါ်ခင်ချိုသင်း၏ အမျိုးသားဖြစ်သူမှာ အမြဲတမ်း အရက်သောက် မူးယစ်ကာ မယားဖြစ်သူကို အနိုင်ကျင့် နှိမ့်စက်လျက်ရှိကြောင်း၊ မိသားစုဝမ်းရေးအတွက် သားသမီး သုံးဦးကို မိခင်ဖြစ်သူ တဦးတည်းသာ ကြုံရာကျပန်းလုပ်ငန်းဖြင့် လုပ်ကျွေးပြုစုနေရတာဖြစ်တယ်လို့ သိရပါတယ်။

ထိုအလောင်းကို ရဲ၊ ဆရာဝန် များ စစ်ဆေးချက်အရ သေဆုံးသူမှာ မိမိကိုယ်ကို သေကြောင်းကြံခြင်း ခိုင်လှုံကြောင်း ဆိုပါတယ်။

သေဆုံးသူမှာ အရင်က မိမိကိုယ်ကို သေကြောင်းကြံဖူးခဲ့တယ်လို့ ၎င်းနီးစပ်ရာ အိမ်နီးနားချင်းမှ ဒေသခံတွေက ပြောပါတယ်။

နွားလ၀ိုးကျေးရွာနေ အိမ်အမှတ် န/၂၀ တွင်နေထိုင်တဲ့ သေဆုံးသူ ဒေါ်ခင်ချိုသင်းမှာ အသက် (၃၁) နှစ်ရှိပြီး အမျိုးသားဖြစ်သူမှာ ဦးဝေဖြိုး အသက် (၃၈) ရှိသူဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရစ်သူသားသမီးသုံးဦးမှာ သမီးကြီး ဝေနှင်းဖြူ အသက်(၉)နှစ် စတုတ္ထတန်း၊ သား အောင်မင်းဝေ (၆) နှစ် ပထမတန်း နှင့် (၂)နှစ် သမီး ချမ်းဇာဖြူတို့ ဖြစ်ကြပါတယ်။

ဖြိုးဝေအောင် - ကန္တရ၀တီတိုင်းမ်

မိုးကောင်းမြို့ မှာ သံဃာအတုအယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ မိုးကောင်း ဘူတာတွင် (22.7.2013) ည(113း0) အချိန်၌
သံဃာအတု အယောင် နှစ်ပါးထံမှ မှုးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိပါသည်။

မိုးကောင်းမြို့ သံဃာ့ စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ့နှင့် မိုးကောင်း ရဲတပ်ဖွဲ့(စခန်းမှူး/နယ်ထိန်း) ဘူတာ မီးရထား ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးရာ ဦးမာဓ၀ (ဦးမျိုးသန့်)အသက်(၄၀)နှစ် ၅/စကန(သ)၀၀၇၉၂၅ အဘဦးချစ်စိန်၊ အမိ-ဒေါ်ဝင်းကြည်၊ ဦးသူရိယ (ကိုသန်းအောင်) အသက်(၃၅)နှစ်
၅/စကန(သ)၀၀၆၇၈၃ အဖ-ဦးတိုးရီ အမိဒေါ်စန်း တို့ ကို မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးမိခြင်း ဖြစ်သည်။

ထိုသံဃာနှစ်ပါးကို စစ်ဆေးရာ မူးယစ် စိတ်ကိုပြောင်းလဲ စေတတ်သော ဘိန်းဖြူဟု ယူဆရသော တိုက်ငါးလုံး တံဆိပ် အိတ်များကို မက်ကလောင် ဆေးဘူး(၄)ဘူးတွင် ထည့်ပြီး ယူဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ သံဃာတု နှစ်ပါးအား မူးယစ် ဥပဒေနှင့် အရေးယူရန် မိုးကောင်းမြို့ မ ရဲစခန်းမှ ဆက်လက် ဆောင်ရွက်နေ ကြောင်း သိရသည်။

နယ်သားလေး

by Myanmar News Now

ဦးဝီရသူ တရားပွဲအနီး ဗုံးကွဲမှု မသင်္ကာသူများကို စစ်ဆေး


မန္တလေး၊ ဇူလိုင်၂၂

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက မျိုးစောင့်ဥပဒေ ဦးဆောင် ရေးဆွဲသည့် ဦးဝီရသူ တရားဟောကြားသည့် တရားပွဲအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် မသင်္ကာဖွယ်ရာ အခြေအနေ ရှိသူများကို စုံစမ်း စစ်ဆေးလျက်ရှိပြီး စစ်ဆေးနေသည့် လူအရေအတွက် ကိုမူ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး စိုးငြိမ်းက ပြောကြားသည်။

ယင်းအပြင် မန္တလေးမြို့ အဝင်၊ အထွက် ထူးခြားမှုများကိုလည်း စောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိ အနောက် ရပ်ကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဆရာတော် ဝီရသူ တရားဟောနေစဉ် သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ် ဗုံး ပေါက်ကွဲခဲ့မှုကြောင့် ငါးဦး ဒဏ်ရာရခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဘာသာရေးအသွင်ဆန်ဆန် အကြမ်းဖက်မှုများ မဖြစ်ပွားစေလိုကြောင်း မန္တလေးမြို့တွင် ဖြစ်ပွားသော ပဋိပက္ခ ကာကွယ် တားဆီးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်နေသူ တစ်ဦးက ပြောကြား သည်။

“ည ၈ နာရီခွဲ ကျော်ကျော်လောက်မှာ တရားဟောနေတဲ့ ပလ္လင်အောက် ကနေ မီးခိုးတွေနဲ့ အသံ ထွက်လာတာ။ ဗုံးပေါက်ပြီးစတုန်းက မူးသွားတာ။ အခုဗုံးစ ခွဲထုတ်ရမှာ။ နောက်မှ အရိုးဆေးရုံကြီးကို ပြောင်းရမှာ” ဟု ယင်းဗုံးပေါက်ကွဲမှုကြောင့် ဝဲဘက် ခြေသလုံးတွင် ဒဏ်ရာ ရရှိသဖြင့် မန္တလေး ဆေးရုံကြီး ပြင်ပလူနာ ဌာန၌ တက်ရောက် ကုသနေသော ဒေါ်အေးအေးခင်က ပြောကြားသည်။

ဗုံးကွဲမှုကြောင့် ဒဏ်ရာရသူများကို ဝီရသူက တစ်ဦးလျှင် ကျပ်ငါးသောင်း ထောက်ပံ့ပေးခဲ့ကြောင်း ဆရာတော် ဝီရသူက မိန့်ကြား သည်။

မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ (၈၄ x ၈၅) လမ်းကြား၊ အေးမေတ္တာ ဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာ တင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်က ဗြောက်အိုး ကွဲသံကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ယာဘက် ဘီးတို့ ဘီးပေါက်ခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး မှတ်တမ်းများအရ သိရသည်။

အထက်ပါ ယာဉ်အနီးမှ သံကြွပ်စငယ် လေးခု၊ ယာဉ်၏ ယာဘက် နောက် တံခါးတွင် အစငယ်အချို့ ထိမှန်ထားသော အရာ လေးချက်ခန့် တွေ့ရှိရပြီး အစ ထိမှန်ခြင်းကြောင့် ယာဉ်အောက်ရှိ ဆီတိုင်ကီ အနည်းငယ်ပေါက်ကာ ဆီယိုစိမ့်ခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာ အနီးတွင် ရှိနေသူများက ဆိုသည်။

“ပေါက်သံ ကြားလိုက်တော့မှ ထွက်ကြည့်တာ။ မီးခိုးငွေ့တွေ မြင်ရတယ်။ လူတွေ စိတ်ပူမှာစိုးလို့ ကား ဘီးပေါက်တယ်လို့ ပြောရတယ်” ဟု ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်က ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု နေရာနှင့် ကိုက် ၂၀ အကွာတွင် ပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ကျင်းပသည့် တရားပွဲတွင် ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူသည် ည ၈ နာရီ ၄၅ မိနစ်တွင် စ၍ တရား ဟောကြားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင် ပြီးဆုံးခဲ့သည်။

ဦးဝီရသူသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် တစ်ပါးဖြစ်ပြီး ၂၀၁၃ ဇူလိုင်လ ၁ ရက်ထုတ် တိုင်းမ် မဂ္ဂဇင်းက ဗုဒ္ဓဘာသာဝင်များ ဆိုးသွမ်းနေသောအခါဟု အဓိပ္ပာယ်ရသည့် ဆောင်းပါးကို ဦးဝီရသူ မျက်နှာဖုံး ပုံတင်၍ The Face of Buddhist Terror ဟု ဖော်ပြခြင်းခံရသည့် သံဃာတစ်ပါး ဖြစ်သည်။ ယင်းသို့ ဖော်ပြခြင်းအတွက် နိုင်ငံတော် သမ္မတရုံး အပါအဝင် ပြည်တွင်း ဘာသာရေး အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ခဲ့ကြသည်။

ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာ၌ ဗုံးကိုးလုံး ဆက်တိုက် ပေါက်ကွဲမှု ကြောင့် မြန်မာ သံဃာ တစ်ပါး အပါအဝင် ငါးဦး ဒဏ်ရာ ရရှိပြီး နောက်ပိုင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ လူအများအပြား လာရောက်သည့် ဘုရား စေတီများတွင် လုံခြုံရေး အစီအစဉ်များ တိုးမြှင့်ပြီး ယင်းနေရာများ အပါအဝင် လုံခြုံရေး တိုးမြှင့်မှုများ ပြုလုပ်ထားသည်။

The Voice Weekly

ထမင်းဆိုင်တွင် အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ ပြည့်တန်ဆာအဖြစ် စေခိုင်းသူများအား ဖမ်းဆီး


စစ်တွေ   ဇူလိုင်   ၂၂

ဇူလိုင် ၁ဝရက် ညနေ ၆နာရီက စစ်တွေမြို့မရဲစခန်းသို့ ဧရာဝတီတိုင်းဒေသ ကြီး ကျောင်းကုန်းမြို့နယ်နေ မ... (၂ဝ နှစ်)ရောက်ရှိလာပြီး ၎င်းအား မတ် ၂၅ ရက် ညနေက  ပိန်းခရမ်းကျေးရွာနေ  စန်းစန်း(ခ) ညိုညိုစန်း(၃၅နှစ်)က စစ်တွေမြို့ရှိ ထမင်းဆိုင်တွင် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ် ၅ဝဝဝဝ ရမည် ဟုခေါ်သဖြင့် မတ် ၂၈ရက်တွင် စန်းစန်း(ခ) ညိုညိုစန်းနှင့် လိုက်ပါခဲ့ကြောင်း၊ စစ်တွေမြို့သို့ရောက်ရှိစဉ် ထမင်းဆိုင်သို့ ခေါ်မသွားဘဲ အဝေးပြေးကားဂိတ်အနီးရှိ ကန်တော်ကြီးရပ်ကွက်နေ  တင်စိုးဝင်း (၄၃ နှစ်)နှင့်  ဇနီးဖြစ်သူ  ဝေဝေနိုင်  တို့နှင့်တွေ့ဆုံပြီး ၄င်းကို နေအိမ်အပေါ်ထပ်တွင် လှောင်ပိတ်ကာ အမျိုးသားများ နှင့်ပျော်ပါးရန်  အတင်းအဓမ္မခိုင်းခဲ့ကြောင်း၊  ၄င်းကို လိုက်ပါပို့ဆောင်သူ စန်းစန်းသည် ပွဲစားခငွေကျပ် ၅ဝဝဝဝ ယူပြီး  ပြန်သွားခဲ့ကြောင်း၊ ၄င်းမှာ ပြည့်တန်ဆာအဖြစ် သုံးလခန့်လုပ်ကိုင်ခဲ့ရကြောင်း၊ အဆိုပါ အိမ်တွင် ၄င်းကဲ့သို့ အမျိုးသမီးခြောက်ဦးသည်လည်း ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံရကြောင်း နှင့် အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း မြို့နယ် ပိန်းခရမ်းကျေးရွာနေ စန်းစန်း(ခ)ညိုညိုစန်း၊ စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်နေ တင်စိုးဝင်းနှင့်  ဝေဝေနိုင်တို့ သုံးဦးကို  စစ်တွေမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း  သိရသည်။                

ကိုကိုရူပ (မြန်မာ့အလင်း)

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲကာ အိမ်ရှင်အဖိုးအိုအား အိမ်အကူက အမှုဖွင့်


အိမ်ရှင်အဖိုးအိုတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲကာ အိမ်အကူအမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို သင်္ကန်းကျွန်း ရဲစခန်းက ဇူလိုင် ၂၁ ရက်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်း ရရှိသည်။

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သင်္ကန်းကျွန်းမြို့နယ်တွင် အိမ်အကူအဖြစ် အသက်မွေးသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

၎င်းသည် နေအိမ်အပေါ်ထပ်ရှိ ကြမ်းပြင်တွင် ခြင်ထောင်ထောင်၍ ညအိပ်နေစဉ် အိမ်ရှင်ဖြစ်သည့် အသက် ၆၈ နှစ်အရွယ် အဖိုးအိုက ပြောစရာရှိ၍ဆိုကာ ခြင်ထောင်ထဲသို့ ၀င်ရောက်ခဲ့သည်ဟု ကာယကံရှင်က ရဲကို ထွက်ဆိုထားသည်။

ထို့နောက် သူမကို အဖိုးအိုက အဓမ္မကျင့်ခဲ့ကြောင်း ထိုအဖြစ်အပျက်သည် ဇူလိုင် ၁၈ ရက် ညသန်းခေါင် အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရဲကို တိုင်တန်းရာတွင် စွပ်စွဲထွက် ဆိုထားသည်။

သူမထိုသို့ အဓမ္မကျင့်ခံရသဖြင့် နောက်နေ့တွင် တာမွေရှိ အဒေါ်ထံ သွားရောက်ကာ ပြောပြခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ရဲစခန်း၌ လာရောက်တိုင်တန်းခြင်း ဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူမှာ ဦးရွှေမောင်ဦးဆိုသူဖြစ်ပြီး ရဲကသူ့ကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အမှုအမှတ် (ပ)၃၀၈/၁၃ ဖြင့်လည်း အမှုဖွင့်ထားသည်ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲခံရနိုင်ချေရှိသည်ဟုလည်း ရဲဌာနက ဆိုသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

အဖျက်သိမ်းခံရသော ထင်ရှူးမြိုင် ဘုန်းကြီးကျောင်း၊ ကျောင်းထိုင် ဆရာတော်အား ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်


တောင်ကြီး။ ၂၃-၇-၂၀၁၃။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊သစ်တောဂိတ်၊ အနီးရှိ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးကဝိစာရ(ဦးကျော်မွှေး) အား တောင်ကြီးမြို့ နယ်တရားရုံးမှ ၊ ပုဒ်မ၂၉၅၊ သာသနာ ညှိုးနွးမ်းမှုဖြင့်၊ ယနေ့  ဇူလိုင်လ (၂၃)ရက်နေ့ တွင် ထောင်ဒဏ်၁-နှစ်နှင့်၆လ (ချုပ်ရက် အပါအဝင်) အပြစ်ဒဏ် ချမှတ်လိုက်ကြောင်း ဆွေမျိုးဖြစ်သူ မသင်းယုမှ ပြောပြသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ထွက်၊ သစ်တောဂိတ်အနီးရှိ ထင်းရှုးမြိုင် ဘုန်းတော်ကြီးကျောင်း မြေနေရာအား KBZ FC ဘောလုံးအသင်း လေ့ကျင့်ရေးကွင်း ပြုလုပ်ရန် ဖယ်ရှားခိုင်းခဲ့ ပြီး၊ ဆရာတော်မှ နေရာ အစားပေးရန်နှင့် စေတီတော်နေရာအား ချန်ထားပေးရန် ပြောဆို ညှိနှိုင်းခဲ့ သော်လည်း ပြေလည်မှုမရှိခဲ့ ဟုသိရသည်။

ထို သို့ ဘုန်းတော်ကြီးကျောင်း မြေနေရာမှာ မသိမ်းယူခင်ကတည်းက ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် စေတီပုထိုးများ ဆောက်လုပ်ထားခဲ့ သော မြေနေရာဖြစ်သည်ဟု သိရသည်။

ထိုနောက် တစ်ဖန် ထိုနေရာအား တောင်ကြီး ဆေးတက္ကသိုလ် တည်ဆောက်ရန် မြေနေရာအဖြစ် သတ်မှတ်ပြီး၊ ကျောင်းထိုင်ဆရာတော်အား၊ လူဝတ်လဲစေပြီး၊ ယခုကဲသို့ တရားစွဲဆို ထောင်ချလိုက်ခြင်းဖြစ်သည်။

ကျောင်းမြေနေရာရှိ သံဃိက အဆောက်အဦးများကိုလဲ ညတွင်းချင်း ဖျက်ဆီးခဲ သည်ဟု သိရှိရသည်။

အမှုစွဲဆိုရာတွင် ပထမတွင်၊ အများပြည်သူပိုင် လမ်းတွင် အလှူခံမှုဖြင့် စွဲဆိုခဲ့ ပြီး၊ သံဃာအနေဖြင့် အလှူခံခွင့် မရှိဘူးလား ဟု ပြန်လည်ချေပခဲ့သဖြင့် ၊ အမှုပြောင်းပြီး၊ သံဃာတော်များကို စော်ကားမှုဖြင့်ထပ်မံပြောင်းလဲစွဲဆိုပြီး၊ ယခုကဲ့ သို့ ထောင်ချ လိုက်ခြင်းဖြစ်သည်ဟု မသင်းယုမှ ပြောပြသည်။

ကျောင်းကိုလာရောက် ဖျက်ဆီးစဉ်၊ ဘုရားရုပ်တုတော်များအား မြေပြင်တွင် ပစ်ချထားမှုကြောင့်
လာရောက်ဖျက်ဆီးသူများအား၊ သူခိုးတွေ၊ ဓမြတွေဟု ပြောဆိုပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့သို့  စာရေးတင်ခဲ့ သောကြောင့် ယခုကဲ့ သို့ သာသနာတော် ညှိုးနွမ်းမှုဖြင့် တရားစွဲဆို ထောင်ချခြင်းဖြစ်သည်ဟု မသင်းယုကပြောပြသည်။

အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်ပေးခဲ့ သောရှေ့ နေ ဦးသိန်းရွှေမှလည်း အမှုကို အယူခံဝင်မည်ဟု ပြောပြသည်။

လေးကြီး-(ရှမ်းပြည်)

by Myanmar News Now

phone တွေ message ပို့ပြီး အင်တာနက် လျှောက်လို့ရပြီ

 
လာမယ့်လ ၁ ရက်နေ့ကစပြီး GSM, WCDMA ဖုန်းတွေ မက်ဆေ့စ်ပို့ပြီး အင်တာနက်လျှောက်လို့ရပါပြီ။

အရင်က ဖုန်းနဲ့အင်တာနက်သုံးဖို့ ဆိုရင် လူကိုယ်တိုင်သွားရောက်လျှောက်ထားဖို့ လိုပါတယ်။
ကိုယ်တိုင်မလျှောက်ချင်တဲ့သူတွေကတော့ကြားပွဲစားဖုန်းဆိုင်တွေကတစ်ဆင့်လျှောက်ကြပါတယ်။

ဒီ့အတွက်ဝန် ဆောင်ခတွေဘာတွေ ကုန်ရပါတယ်။
အခုလို မက်ဆေ့စ်ပို့ပြီး လျှောက်ထားနိုင်ပြီ ဆိုရင်တော့ ကြားပွဲစားခပေးစရာမလိုဘဲ ဆောင်ရွက်နိုင်ပါပြီ။

၁,၅၀၀ တန် လို့ ခေါ်တဲ့ တသိန်းနီးပါးပေးမှ ၀ယ်လို့ရနိုင်တဲ့ ဖုန်းတွေကတော့  ဒီအစီအစဉ်ထဲ ပါဖို့ မလွယ်သေးပါဘူး။ ဒီအကြောင်း မိုဘိုင်းဖုန်းမှ အင်တာနက် လျှောက်ထားမှု ၁၅၀၀ တန်ဖုန်းများ ပါရန် မသေချာပါ

လိုရင်း ပြန်ဆက်ရရင် ...
အခုစနစ်အရ အင်တာနက်လျှောက်မယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ ကျပ်ငွေ ၁၀,၀၀၀ ကို အရင်ဖြည့် သွင်းထားရပါမယ်။
ပြီးရင် 1331 ကိုနှိပြီး SMS ပို့ရမှာပါ။

“လျှောက်ထားတာမှာက 133 ကို သတ်မှတ်ထားတဲ့ Short message ပို့ပေးရပါမယ်။ ပို့ရမှာက Order data service ဆိုတဲ့ စာရေးပေးရမယ်။ အဲဒီမှာ မက်ဆေ့ခ်ျတခု ပြန်ဝင်လာပြီဆို သုံးလို့ရပါပြီ။ ၁၅ သိန်းတန်၊ ၅ သိန်းတန်၊ ၂ သိန်း၊ ၂ သိန်းခွဲ တန်တွေ လျှောက်လို့ရမယ်။ ၇၃ တွေက အင်တာနက်လိုင်း ပြည့်သွားလို့ ပိတ်ထားသေးတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။

အင်တာနက် အသုံးပြုမည့်ဖုန်းသည် အင်တာနက်ဆိုင်ရာ Setting ချိန်ညှိထားရန် လိုအပ်ကြောင်း၊ ထိုသို့ချိန်ညှိရန် လိုအပ်ပါက နီးစပ်ရာဖုန်းဆိုင် သို့မဟုတ် ရွှေဂုံတိုင် မိုဘိုင်းဆက်သွယ်ရေးရုံးတွင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။ လက်ရှိဖုန်းမှတဆင့် ဖုန်းအင်တာနက် သုံးစွဲမှု လျှောက်ထားနိုင်မည့် ဖုန်းအမျိုးအစားမှာ GSM နှင့် WCDMA တို့သာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကနဦး လျှောက်ထားမှုအတွက် ယခင် အင်တာနက် လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တသောင်း ကျသင့်မှာ ဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တသောင်းရှိဖို့ လိုပါတယ်။ မက်ဆေ့ခ်ျအနေနဲ့ ‘You have order data service successfully’ ဆိုပြီး မက်ဆေ့ခ်ျ ပြန်ပို့ပေးလာခဲ့ရင် အင်တာနက် လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သက်က ပြောသည်။

အင်တာနက် အသုံးပြုခမှာ GSM နှင့် WCDMA ဖုန်းများအတွက် တမိနစ်လျှင် ၂ ကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

“စနစ်ကတော့ တော်တော်ကောင်းပါတယ်။ စာရွက်စာတမ်းယူပြီး လူကိုယ်တိုင် လာတာတွေ မလိုတော့ဘူး။ အချိန်ကုန် သက်သာတယ်။ စနစ်က ဘာ Error တွေ တက်မလဲတော့ မသိသေးဘူး။ မရှိခဲ့ရင်တော့ တော်တော်လေး အဆင်ပြေနိုင်မှာပါ” ဟု  GSMဖုန်း အသုံးပြုသူတဦးက ပြောသည်။

လက်ရှိတွင် ဖုန်းအင်တာနက်သုံးစွဲမှုမှာ ၂၀၁၂/ ၂၀၁၃ ဘဏ္ဍာနှစ်အတွင်း သုံစွဲသူ စုစုပေါင်း ၇ သိန်းကျော် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး၏ ထုတ်ပြန်ထားချက်အရ သိရသည်။

 “You have order data service successfully” ဆိုတဲ့စာကို ပြန်ရပြီဆိုရင်  အင်တာနက်ကို စပြီးအသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဖုန်းထဲမှာ ထည့်ထားတဲ့ငွေထဲက ၁၀,၀၀၀ ကို ဖြတ်ယူသွားမှာပါ။

မိုဘိုင်းဖုန်းသုံးပြီး အွန်လိုင်းတက်ဖို့ စဉ်းစားနေသူများအတွက်တော့ ဒါ သတင်းကောင်း ဖြစ်ပါလိမ့်မယ်။

ဧရာဝတီ

နယူးယော့ခ်ရှိ လာဂွာဒီရာလေဆိပ်တွင် ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်


အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့တွင် ခရီးသည်တင် လေယာဉ်တစ်စင်းသည် အဆင်းဂီယာ ချွတ်ယွင်းမှုကြောင့် ပြဿနာကြုံခဲ့ပြီး လူ(၁၀)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ လေယာဉ်သည် နယူးယော့ခ်ရှိ လာဂွာဒီရာ လေဆိပ်သို့ ဆင်းသက်စဉ် ရှေ့ဘက် ဘီးချရာ၌ လဲကျသွားခဲ့ခြင်းဟု အာဏာပိုင်များက ဆိုသည်။ နက်ရှ်ဗီးလ်မှ ပျံသန်းလာသည့် အနောက်တောင် လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် (၃၄၅)လေယာဉ်သည် အရှိန်ဖြင့် တရွတ်ဆွဲသွားပြီး ပြေးလမ်းမှ ချော်ထွက်သွားခဲ့ကြောင်း လေဆိပ်မန်နေဂျာ တွမ်ဘော့စ်ကိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

တနင်္လာနေ့က လေယာဉ် မတော်တဆမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရခဲ့သူများအနက် (၆)ဦးကို ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်းလည်း ဘော့စ်ကိုက ဆိုသည်။ လေယာဉ် အဆင်းလမ်းကြောင်း ချော်ထွက်သွားသည့်နောက် အရေးပေါ် အခြေအနေအတွက် ကယ်ဆယ်ရေး ယာဉ်များသည် ချက်ချင်းလိုလို လေယာဉ်ဘေးသို့ စုရုံးခဲ့ကြသည်။ လေယာဉ်ပေါ်တွင် ခရီးသည် (၁၄၃)ဦးနှင့် အမှုထမ်း(၆)ဦး လိုက်ပါလာသည်။ ဖြစ်စဉ်ကြောင့် တနင်္လာနေ့ ညပိုင်းတွင် လေဆိပ်ကို ခေတ္တပိတ်လိုက်သော်လည်း မကြာမီတွင် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

ဘော့စ်ကိုက လေယာဉ်အဆင်းတွင် ရှေ့ဘီးချချိန်၌ လဲကျသွားခြင်းဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။ "ကျွန်တော်တို့ အနေနဲ့ လေယာဉ်ကြောင့် ပြေးလမ်းပိုင်းမှာ ထိခိုက်သွားတဲ့ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တွေကို ပြန်စီစစ် သုံးသပ်နေပါတယ်။ အင်္ဂါနေ့ မနက်ပိုင်းလောက်မှာ အားလုံး အဆင်ပြေပြေနဲ့ လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်"ဟု ၎င်းက ဆိုသည်။ လေဆိပ် တာဝန်ရှိသူ တစ်ဦးဖြစ်သော လီဆာ မက်စပါဒန်က လေယာဉ် အဆင်းတွင် ဆောင့်မိသဖြင့် လည်ပင်းနှင့် ကျောဘက်၌ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်အမှုထမ်းများကိုလည်း ဆေးစစ်မှု ခံယူရန် ဆေးရုံသို့ ပို့ပေးခဲ့ရသည်။

အမေရိကန် လေကြောင်း ပျံသန်းမှု စီမံရေးဌာနနှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံမှု ဘုတ်အဖွဲ့တို့သည် ယခုဖြစ်စဉ်အတွက် စုံစမ်းမှုများ ပြုလုပ်နေသည်။ ခရီးသည် တစ်ဦးဖြစ်သော ကေသီဘိုးလ်က "အရှိန်နဲ့ အောက်ကို ဆောင့်ချပြီး ပြန်ကန်တက်လာသလိုမျိုး ခံစားလိုက်ရပါတယ်။ ပြီးတော့ ဘရိတ်ကို အရှိန်နဲ့ ဆောင့်နင်းလိုက်ပုံ ရတယ်။ တရွတ်ဆွဲသွားတာကိုလည်း ကျွန်မတို့ လေယာဉ်ပေါ်ကနေ ခံစားမိနေတယ်"ဟု CNNသို့ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးများသည် အကြောက်လွန်ပြီး တုန်လှုပ်နေသူ (၄)ဦးကိုလည်း နှစ်သိမ့် ကုသပေးရသည်။ ဒဲလက်စ်အခြေစိုက် အနောက်တောင် လေကြောင်းလိုင်း ကုမ္ပဏီက ခရီးသည်များ အားလုံးကို လေယာဉ်ပေါ်မှ ဆင်းသက်စေကာ ဥမင်ထဲသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၊ လေကြောင်းလိုင်း အနေဖြင့် ဖြစ်စဉ်အပေါ် ဒေသဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း စုံစမ်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

 Planet Myanmar Network

တေးသံရှင် ဆိုတေး သတိပြန်ရ


မန္တလေး၊ ဇူလိုင်၂၂

မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်တွင် သတိကောင်းစွာ ရနေပြီဖြစ်ကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲအောင်မြင့်က ပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ သတိပြန်လည် ရရှိနေပြီ ဖြစ်သည့်အတွက် မျက်လုံး ဖွင့်ပိတ် လုပ်ခြင်းများ ရှိသော်လည်း စကား မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ဆက်လက် ခံယူနေမည်ဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန် မဆုံးဖြတ်ရသေးကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ဆိုသည်။

ဆိုတေး၏ မိသားစုများသည် နိုင်ငံခြားသို့ သွားရောက် ကုသရန် ဆေးရုံသို့ တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း၊ မိသားစုမှ သွားရောက် ကုသရန် ပြောဆိုလာပါက ဆေးရုံမှလည်း ခွင့်ပြုမည့် သဘောထားရှိကြောင်း မန္တလေး ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာစဉ် ရန်ကုန်မှ မန္တလေး တောင်သာ ဘက်သို့ အသွား မိုင်တိုင် အမှတ် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်း မှောက်မှု ဖြစ်ခဲ့ခြင်းကြောင့် ဇနီးဖြစ်သူ မချောချော (မဝင့်ကုဋေသူ) ကွယ်လွန်ခဲ့သည်။

တေးသံရှင် ဆိုတေး၏ ယာဉ်တိုက်မှု သတင်း ထွက်ပေါ်လာပြီးနောက်တွင် ဆိုတေး၏ ဇနီး ဖြစ်သည် ဟုဆိုကာ မချိုချိုနှင့် ဆိုတေးတို့ တွဲရိုက်ထားသော ဓာတ်ပုံများ အွန်လိုင်း မီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် ဆိုတေး၏ ဖခင် ဦးတင်မြင့်မှ နေ၍ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် တေးသံရှင် ဆိုတေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ကွယ်လွန်သွားခဲ့သော မချောချော (မဝင့်ကုဋေသူ) ၏ တရားဝင်ခင်ပွန်းဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ဖက် မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်း၏ ရှေ့မှောက်တွင် နှစ်ဦး သဘောတူ လတ်မှတ်ရေးထိုးပြီး လင်မယားအရာ မြောက်ခဲ့ကာ လက်ရှိတွင် အမှတ် ၈၊ ပထမအလွှာ၊ သပြေညိုလမ်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက် ရှိသည် ဟု ဇူလိုင် ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းသို့ ဖော်ပြပြီး တစ်ရက်အကြာတွင် ဇူလိုင်လ၂၀ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချိုက သတိလစ် မေ့မြောနေသော တေးသံရှင် ဆိုတေး သတိ ပြန်လည်၍ စကား ပြန်ပြောနိုင်လာသော အခါတွင် မိမိကို ၎င်း၏ ဇနီး မဟုတ်ဟု ငြင်းဆန်ပါက တေးသံရှင် ဆိုတေးကို ကာမ လိမ်လည် ရယူမှု နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် နေထိုင်သူ မချိုချို (စီဆူးဒါး ထိုင်းမိုင်) က ပြောကြားသည်။

တေးသံရှင် ဆိုတေးနှင့်၎င်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် လင်မယားအရာ မြောက်ခဲ့ပြီး တေးသံရှင် ဆိုတေး၏ သီချင်းများကို ကြိုက်နှစ်သက်၍ တစ်ကိုယ်တည်း နားဆင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆိုတေးကို အခကြေးငွေဖြင့် ငှားရမ်းခဲ့ပြီးသည့် နောက်တွင် တေးသံရှင် ဆိုတေးမှ မိမိနှင့် သမီးရည်းစား ဖြစ်ချင်သည်ဟု ဆိုသောကြောင့် မြန်မာ အမျိုးသား တစ်ယောက်ကို ရည်းစားတော်ဖူးသော ခံစားချက်ကို သိချင်၍ ရည်းစား ဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ရက်နေ့ တွင် လင်မယားအရာ မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အတူ နေထိုင်ခဲ့ ကြကြောင်း၊ တရားဝင် ဇနီးဟု လက်မှတ် မရေးထိုးထားသော်လည်း အသိ သက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

The Voice Weekly

ကမ္ဘာ့စွဲဆောင်မှု အရှိဆုံး ကွန်ပြူတာ ပရိုဂမ်မာ


World Sexiest Programmer လို့ အသိအမှတ်ပြုထားကြတဲ့ ပရိုဂမ်မာ ဖြစ်ပါတယ်။ သူ့ရဲ့  ပရော်ဖက်ရှင်နယ်ကို တိတိကျကျ ပြောရရင် ဗီဒီယိုဂိမ်း ဒီဇိုင်နာ၊ ပရိုဂမ်မာ ဖြစ်ပါတယ်။

Jade Raymond လို့ အမည်ရပါတယ်။ အသက် ၃၇နှစ် ရှိပါပြီ။ ကနေဒါနိုင်ငံမှာ ဖွားပြီး McGill University တက္ကသိုလ်ကနေ ကွန်ပြူတာ သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့တုန်းက ၁၉၉၈ ခုနှစ်ပါ။ ယနေ့မှာတော့ သူမဟာ ကမ္ဘာ့အအောင်မြင်ဆုံး ဂိမ်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုဖြစ်သော Ubisoft Publisher မှာ မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်နေပါပြီ။ အရင်တုန်းက Sony မှာ ဂိမ်းပရိုဂမ်မာအနေနဲ့ လုပ်ကိုင်ခဲ့တာပါ။ နောက်တော့ Ubisoft မှာ အကြီးဆုံး ရထူးရရှိလို့ အလုပ်ပြောင်းခဲ့ပါတယ်။

အကြီးမားဆုံး အောင်မြင်မှုထဲမှာ Assassin's Creed ပါဝင်ပါတယ်။ သူမ ဦးဆောင် ပါဝင်ပြီး ဖန်တီးခဲ့တဲ့ ဂိမ်းပါ။ Assassin's Creed နဲ့ Assassin's Creed II မှာ ပရိုဂျူဆာပါ။ အခြားသော နာမည်ကြီးဂိမ်းအတော် များများ ကိုလည်း ရေးဆွဲ ဖန်တီးခဲ့ပါတယ်။

အသက်နဲ့ မလိုက်အောင် နုနယ်ပြီး ထူးချွန်ထက်မြတ်တဲ့ သူမကို ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး ပရိုဂမ်မာ တစ်ဦးအဖြစ် အများက သတ်မှတ် ထားကြောင်း သိရပါတယ်။
.
Ref: wiki
Aung Kham (TSJ team)

တွံတေးအမှု ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ


ရန်ကုန်၊ ဇူလိုင် ၂၃

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားနှင့် ကုန်တင်ကား တိုက်မိသဖြင့် လူ ၁၉ ဦး သေဆုံး


အင်္ဂါနေ့ အစောပိုင်းက နှစ်ထပ် Tourဘတ်စ်ကားကြီး တစ်စင်းသည် ဘန်ကောက်မှ ထွက်ခွာလာပြီးနောက် အရှေ့မြောက်ဘက်ရှိ ရွိုင်အတ်သို့ ဦးတည်စဉ် ဆာရာဘူရီတွင် ယာဉ်တိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်
Posted on Jul 23 13 - 01:54 PM | Hits : 23

ထိုင်းနိုင်ငံ အလယ်ပိုင်း ဒေသတွင် ဆိုးရွားသော ယာဉ်တိုက်မှု တစ်ခုအတွင်း လူ(၁၉)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့ နံနက် အစောပိုင်းက ဘတ်စ်ကားတစ်စင်းနှင့် လော်ရီကားကြီး တစ်စင်းတို့ တိုက်မိပြီး အသေအပျောက် များပြားခဲ့ခြင်းဟု ဒေသဆိုင်ရာ သတင်းဌာနများက ကြေညာသည်။ အဆိုပါ မတော်တဆမှုအတွင်း လူပေါင်း (၂၀)ကျော်မှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့ အစောပိုင်းက နှစ်ထပ် Tour ဘတ်စ်ကားကြီး တစ်စင်းသည် ဘန်ကောက်မှ ထွက်ခွာလာပြီးနောက် အရှေ့မြောက်ဘက်ရှိ ရွိုင်အတ်သို့ ဦးတည်စဉ် ဆာရာဘူရီတွင် ယာဉ်တိုက်မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ကားနှစ်စင်း တိုက်မိပြီးနောက် မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ ဘတ်စ်ကားပေါ်တွင် လူပေါင်းမည်မျှ လိုက်ပါလာသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ယခုအခါ ရဲတပ်ဖွဲ့သည် ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်နေပြီ ဖြစ်သည်။ ထိုင်းသတင်းစာ Nationက သေဆုံးသူ အားလုံးသည် ဘတ်စ်ကားပေါ် လိုက်ပါလာသူများ ဖြစ်ကြောင်း ဆိုသည်။ အခင်းဖြစ်မှုတွင် ဒေသစံတော်ချိန် နံနက် (၅)နာရီခန့်၌ လော်ရီကားကြီးက လမ်းကို ကန့်လန့် ဖြတ်ကွေ့ရာမှ ဘတ်စ်ကားကို တိုက်မိခြင်းဟု ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြခဲ့သည်။ လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့သည် လော်ရီကား ယာဉ်မောင်းအား ဖမ်းဆီးထားကြောင်းလည်း သိရှိရသည်။
Planet Myanmar Network

ပဲခူးတွင် လေပွေတိုက်ခတ်


Browse › Home › မြန်မာ့သတင်း » ပဲခူးတွင် လေပွေတိုက်ခတ်
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့တွင်(၂၂.၇.၂၀၁၃)နေ့ ညနေ(၅း၂၀)အချိန်ခန့်
က လေပွေတစ်ခုတိုက်ခတ်ခဲ့ရာ ပဲခူးမြို့၊ရုံးကြီးရပ်ကွက်၊ရွှေမော်ဓောဘုရား
လမ်း အ ထ က(၁)ကျောင်းဝန်းအတွင်းရှိ ဘုရင့်နောင်အဆောင်ရှိ
ဆဌမတန်း A B C D အပေါ်ထပ်ရှိအမိုးသွပ်ချပ်များ ပျက်စီးသွားခဲ့သည်။
ပျက်စီးသွားမှုကြောင့် သွပ်ချပ်ပေါင်း(၂၅၀)ခန့်နှင့် စုစုပေါင်းကာလတန်ဖိုး
ငွေ သိန်း(၂၀)ခန့်ဆုံးရှုံးသွားပြီး လူနှင့်တိရိ စ္ဆာန်များ ထိခိုက်ဒဏ်ရာမရရှိ
ကြောင်းသိရသည်။

Thant Zin

သိပ်မညစ်ရှာပါဘူး (ဟာသ၊ ရုပ်/သံ)



ဝယ်ခွန်နှုန်း မပြောင်း၍ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်အေး



ရန်ကုန်၊ ဇူလိုင် ၂၂

ဝယ်ယူခွန် လျှော့ပေါ့မည်ဟု မျှော်လင့်ချက်များဖြင့် အရောင်းအဝယ် သွက်ခဲ့သည့် အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနက ယခင်အတိုင်း ဆက်လက်ကောက်ခံမည်ဟု ဇူလိုင်လ ၂၀ ရက်နေ့က ကြေညာလိုက်သဖြင့် အရောင်းအဝယ် ပြန်လည် အေးစက် သွားကြောင်း ရန်ကုန် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။

အခွန်နှုန်းထား လျှော့ချပေးရန် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ ပေးပို့သည့် အကြံပြုချက်အပေါ် အခွန်နှုန်း နည်းပါးပါက အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ကုန်စည်သဖွယ် သိုလှောင် ရောင်းချနေကြသဖြင့် ဈေးနှုန်းအဆမတန် မြင့်မားစေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြန်လည် ကြေညာခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ လပိုင်းတွေကတော့ အခွန်လျှော့မယ်ထင်ပြီး ဝယ်တာတွေရှိလို့ အရောင်းအဝယ်များ နေရာကနေ အခုအခွန်မလျှော့ဘူးဆိုတော့ နည်းနည်းအေးသွားတယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူခွန် ယာယီလျှော့ပေါ့ပေးသည့် ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အခွန်နည်းပါး၍ အိမ်၊ ခြံ၊ မြေ များကို စုဆောင်းဝယ်ယူသူများ ရှိလာပြီး ဈေးနှုန်း မြင့်မားမှုကို ဖြစ်စေသောကြောင့် ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ ဝယ်ယူခွန် ၃၀ ရာခိုင်နှုန်းသို့ ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ပေးဆောင်ရမည့် ဝယ်ယူခွန် ၃၀ ရာခိုင်နှုန်းမှာ ဝင်ငွေရလမ်း မတင်ပြနိုင်မှသာ ပေးဆောင်ရမည်ဖြစ်ပြီး ဝင်ငွေရလမ်း တင်ပြနိုင်ပါက တည်ဆဲ အခွန်ဥပဒေများဖြင့်သာ ပေးဆောင်ရမည်ဖြစ်ကာ အခွန်ရှောင်ခြင်းများကို လျော့ကျစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ကြေညာသည်။

အိမ်၊ ခြံ၊ မြေ ဝယ်ယူခွန်များ ယာယီလျှော့ပေါ့ပေးသည့် ငါးနှစ်တာကာလ အတွင်းတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ငွေပိုငွေလျှံ ရှိသူများ၏ ဝယ်ယူ စုဆောင်းမှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ စတင်မြင့်မားလာပြီး ယခုအချိန်တွင် အာရှ၏ မြေဈေးနှုန်း အမြင့်မားဆုံး နိုင်ငံများတွင် ပါဝင်နေပြီ ဖြစ်သည်။

The Voice Weekly

ဝိုင်းမော်မှာ ဘိန်းမဲနှင့် ဘိန်းဆီခဲများ ဖမ်းဆီးမိ


မြစ်ကြီးနားခရိုင် ဝိုင်းမော်ရဲစခန်းမှ မြန်မာကျပ်ငွေတန်ဖိုး(၂၄၇၀၀၀၀)ကျန်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးဘိန်းမဲနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

( ၂၂-၇-၂၀၁၃ ) ရက်နေ့ ( ၁၀၃၀ ) အချိန်ခန့်် တွင် ၀ိုင်းမော်ရဲတပ်ဖွဲ့ စခန်း မှူးရဲအုပ်ကျော်ဝင်း ဦးစီး၍  နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် မျိုးဝင်းနိုင်တို့ အဖွဲ့သည် ကြိုတင် ရရှိထားသော မုးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ၀ိုင်းမော်မြို့ နယ်၊ အောင်မြေ ( ၁) ကျေးရွာ၊အိမ်အမှတ်
(၁၂၃) နေ ဦးဇောက်တာ၏ နေအိမ်အား မြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံးဧ။် မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၆/ ၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးဇောက်တာအား ၄င်းဧ။် နေအိမ်မီးဖိုချောင် အခန်းတွင်း  အသင့်တွေ့ ရှိရပြီး ဆက်လက်ရှာဖွေရာ ၄င်းထိုင်နေသည့်နေရာအနီး
ဘိန်းဆီများပေကျံနေသည့် ကြေးဇွန်း(၁) ချောင်း နှင့် ၀ါးခတ်တံ(၂) ချောင်းတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ဦးဇောက်တာ၏ အနီး မီးဖိုတိုင်ခြေရင်း အဖြူရောင်ကော်ဗူးဖြင့် ထည့်လျှက်ဘိန်းမဲဟု ယူဆရသော အမဲရောင်အစေး အလေးချိန်(၁၀.၆၃) ဂရမ်ခန့် ပါတစ်ဗူး၊မီးဖိုချောင်အနီးထင်းပုံကြား အဖြူရောင် ပလပ်စတစ်ကြွပ်ကြွပ်အိတ်ဖြင့် ပတ်လျှက်ဘိန်းဆီခဲများဟု ယူဆရသော အမဲရောင်အစေး(ထုပ်ပိုးခွံပါ) အလေးချိန်(၂၅၀)ဂရမ်ခန့်ပါ (၁) ထုပ်၊ နေအိမ်ခြံဝန်းအတွင်းရှိ ထင်းပုံ ကြား အနက်ရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက် အမဲရောင်အစေးထုပ်ပိုးခွံပါ အလေးချိန်(၆၅၉.
၆) ဂရမ်ခန့်ပါတစ်ထုပ်၊ ထင်းပုံအနီးဝါးရုံပင်ခြေရင်း ပလပ်စတစ်အိတ်ဖြင့် ပတ်လျှက်ဘိန်းမဲဟု ယူဆရသောအမဲရောင်အစေးအလေးချိန် (၃၂.၆၆)ဂရမ်ခန့််ပါအထုပ်(၄)ထုပ်၊ အလေးချိန်(၁၃၀.၆၄)
ဂရမ်နှင့် အနီရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက်ဘိန်းမဲဟုယူဆရသော အမဲရောင်အစေး(ထုပ်ပိုးခွံပါ) အလေးချိန်(၁၆.၃၃) ဂရမ်ခန့်၊ စုစုပေါင်းဘိန်းမဲ အလေးချိန်(၈၁၇.၂) ဂရမ်ခန့်နှင့် ဘိန်းဆီခဲအလေးချိန်(၂၅၀)ဂရမ်ခန့်အား ဖမ်းဆီးရမိ ၍ ဝိုင်းမော်ရဲစခန်းတွင် မယ(ပ)၁၉၈/၂၀၁၃၊ မူး/စိတ်ပြောင်း ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှူဖွင့်အရေးယူ ဆောင်ရွက်ထားရှိပါသည်။

by Myanmar News Now

အင်တာဗျူး (ဟာသ)


အလုပ် အင်တာဗျူး တစ်ခုတွင် ဖြစ်သည်။ ကုမ္ပဏီ ပိုင်ရှင်သူဌေးကြီး ဦးပွ တစ်ယောက် အတွင်းရေးမှူး အသစ်ခန့်ရန် အတွက် အင်တာဗျူးနေလေသည်။ ပထမဆုံး တစ်ယောက်စ၀င်လာလေသည်။

“ နာမည်ပြောပါ”

“ မယ်မျိုး”

“ အလုပ်အကိုင်”

“ နတ်ကတော်”

“ ငင် နတ်ကတော်က ဒီကို ဘာလာလုပ်တာတုန်း”

“ အို သူတို့ပဲ အတွင်းရေးမှူး အလိုရှိသည်ဆိုလို့ လာတာပဲဟာကို ဟွန့်”

“ အွန် ဟုတ်ပါပြီ ဟုတ်ပါပြီ ပညာအရည်အချင်းနဲ့ ရခဲ့တဲ့ ဘွဲ့လေးတွေ တစ်ချက် ပြောပါအုံး”

“ ရေကျော်မှာ အသေပျော် မင်္ဂလာဒုံမှာ ဖင်ခါတုန် မြေနီကုန်းမှာ အသေအပီကြုံး လမ်းမတော်မှာ နှုတ်ခမ်းထော် ဥက္ကလာမှာ ဆပ်စလူးခါ ရွှေပြည်သာမှာ နေခြည်ဖြာ ဘောက်ထော်မှာ အခြောက်ကျော် ဥက္ကံမှာ မဟုတ်မခံ ဒဂုံတောင်မှာ လုံချည်ပေါင် ရွာသာကြီးမှာ ခါလာကြီး သုံးခွမှာ တစ်ဆုံးရွ ကျောက်တန်းမှာ အခြောက်ကြမ်း စတဲ့ဘွဲ့တွေ ရခဲ့ပါတယ်ရှင်”

“ အလို ဘုရားဘုရား နဲတဲ့ ဘွဲ့တွေလား”

“ အဟင်း ဒါတောင် တချို့ဟာတွေ မေ့နေလို့”

“ ငင် ကျန်သေးတာလား ဟုတ်ပါပြီ ဟုတ်ပါပြီ ဒီအလုပ်လာလျှောက်တဲ့ရည်ရွယ်ချက်က”

“ သူဌေးကတော် ဖြစ်ချင်လို့”

“ ငင် နင့်ဟာက ကတော်တွေချည်းပါပဲလား အစတုန်းက နတ်ကတော် အခုတော့ သူဌေးကတော် အမငီး”

“ သမီးက ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ပါချင်”

“ ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါဆို ဗဟုသုတမေးခွန်းလေးမေးကြည့်ရအောင် ဟိုတလောက မြန်မာပြည်ကိုလာတဲ့ အမေရိကန် သမ္မတ နာမည်လေး ပြောပါအုံး”

“ တွံတေးသိန်းတန်”

“ ငင် အဲ့ဒါ မြန်မာအဆိုတော်နာမည်ကြီးလေ ဒါဆို သမ္မတ စီးခဲ့တဲ့လေယာဉ်မှာ နာမည်ရှိတယ် သိလား“

“ စကိုင်းနက်”

“ ငွန့် ဘာလို့အဲ့လောက်တော်ရလဲ သမီးရယ်”

“ ဒါတောင်လျှော့ဖြေထားတာ”

“ ငွင် ဟုတ်လား ဟုတ်ပါပြီ ဒါဆို နောက်ဆုံး တစ်ခု အနေနဲ့ သမီးဘ၀မှာ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိရင် ပြောပြပါလား”

“ သဘောကောင်းတယ် သွားကြားထိုးပက်စက်တယ်”

“ ငင် ဘီလိုကြီးတုန်း ရပါပြီ သမီးရယ် ရပါပြီ အလုပ်ခန့် ဖြစ်ရင် အကြောင်းကြားလိုက်ပါ့မယ်ညော် ကဲ နောက်တစ်ယောက်ခေါ်ပါဟေ့”

“ နာမည်လေးပြောပြပါ”

“ စိန်မိုခ”

“ အမယ် ဇာတ်မင်းသားလား ဘာအလုပ်လုပ်လဲ”

“ နတ်ကတော်အောက်ဆွဲ”

“ ဖွီး ဘာကြီးတုန်း တစ်ခါမှ မကြားဖူးပါလား”

“ နတ်ကတော်တွေ နတ်ကန္နားပေးလို့ နတ်ကနေတုန်း သူ့ကိုယ်ပေါ်ကအောက်ပြုတ်ကျလာတဲ့ ပိုက်ဆံတွေကို ပြေးဆွဲတာလေ”

“ တယ်ကောင်းတဲ့ အလုပ်ပါလား ပညာအရည်အချင်းနဲ့ ဘွဲ့လေးပြောပြပါအုံး”

“ မျှော်တော်ယောင်မိုခ “

“ အော် မျှော်တော်ယောင်သီချင်းဆိုလွန်းလို့လား”

“ မဟုတ်ဘူး ပိုက်ဆံ ပြုတ်ကျလာတာကို မျှော်ရလွန်းလို့ ကျန်သေးတယ် ဇာဘော်လီမိုခ”

“ ငင် ဇာဘော်လီရောင်းလို့လား”

“ မဟုတ်ဘူး ပိုက်ဆံ ပြုတ်မကျလာလို့ စိတ်မရှည်ဘဲ နတ်ကတော်ရင်ဘတ်က ချိတ်ထားတဲ့ ပိုက်ဆံပြေးလုတာ ဇာဘော်လီကြီးပါ ပါလာလို့”

“ အင်း လူစွမ်းကောင်းပေပဲ”

“ ကျန်သေးတယ် ဗုံးမိုခ”

“ ဘုရား ဘုရား သောင်းကျန်းသူ အဖွဲ့ကလားငင်”

“ မဟုတ်ပါဘူးဗျာ ၀မ်းခဏ ခဏ ချုပ်လွန်းလို့ ၀မ်းချူဗုံး ထည့်ရလွန်းလို့ပါ”

“ ငင် ဟုတ်ကဲ့ပါ ဒါဆို ဗဟုသုတ မေးခွန်းလေးမေးရအောင် ဟိုတလောက ခရစ်ယာန်ဘုရားကျောင်းထဲမှာ ပြဿနာတက်တဲ့ မင်းသားကိုသိလား”

“ ဗြဲတိုက်”

“ ငင် အဲ့လိုကြီးတော့ မဟုတ်သေးဘူးလေ အဲ့ဒါက အရင်ခေတ်က မြို့ရိုးတွေမှာ ရှိတဲ့ဟာ အခုဟာက တစ်လုံးမှန်တယ် စဉ်းစားကြည့်ပါအုံး”

“ မီးပြတိုက်”

“ မဟုတ်သေးဘူး အဲ့လိုပဲ အဆောက်အအုံ အကြီးကြီးလေ”

“ ကန်ထရိုက်တိုက် လား မဟုတ်သေးဘူး အုတ်တိုက် အီး”

“ အဲ နီးစပ်လာပြီ နီးစပ်လာပြီ”

“ ရေခဲတိုက် လား”

“ ငင် ဒီလောက်ဆိုရပါပြီ နောက်ဆုံးအနေနဲ့ လက်ကိုင်ထားတဲ့ဆောင်ပုဒ်လေးရှိရင် ပြောပြပါအုံး”

“ မင်းတို့လက်တွေလေထဲကိုမြှောက်ထားလိုက်”

“ ငင် ဒါကြီးက ဆောင်ပုဒ်လား”

“ ဟုတ်တယ်လေ ဒါမှ ပိုက်ဆံကျလာရင် အတော်ဖြစ်မှာ”

“ ငွန့် ကဲ နောက်တစ်ယောက်သွင်းပါဟေ့”

“ နာမည်လေးပြောပါ”

“ မောင်ရွဲ”

“ အလုပ်အကိုင်”

“ ကူလီဇက်ကြောဆွဲ”

“ ငင် လုပ်ပြန်ပြီ အဲ့ဒါ ဘာအလုပ်ကြီးတုန်း”

“ အော် ကုန်ထမ်းတဲ့ကူလီတွေ ညောင်းလာရင် ဇက်ကြောဆွဲပေးတာပါ အမယ် အထင်မသေးနဲ့ ကိုက်တယ်နော်”

“ ဟုတ်လား ဒါနဲ့ ဘာဘွဲ့တွေ ရဖူးတုန်းဗျ”

“ ပထ၀ီမောင်ရွဲ”

“ ပထ၀ီ ဂုဏ်ထူးထွက်တယ်ပေါ့လေ”

“ မဟုတ်ဘူး ပထ၀ီကြော ကိုင်တာ ကျွမ်းလို့တဲ့မယုံရင် ကိုင်ပြမယ် မှောက်လိုက်”

“ ဟုတ်ကဲ့ မှောက်ပြီ ငင် မဟုတ်သေးပါဘူး ဘာလို့မှောက်ရမှာလဲ”

“ မယုံမှာ စိုးလို့ပါဗျာ”

“ ထားပါတော့ ထားပါတော့ ဗဟုသုတလေးမေးရအောင် ကိုလိုနီ လက်အောက်မရောက်ခင် မြန်မာနိုင်ငံရဲ့ နောက်ဆုံး မင်းက ဘယ်သူလဲဗျ”

“ နေမင်း “

“ ငင် အဲ့ဒါက မင်းသားကြီးလေ အဲ့မင်းနာမည်က ရှမ်းပြည်က မြို့တစ်မြို့နာမည်လေ”

“ တောင်ကြီးမင်း”

“ ငင် မဟုတ်ဘူး အောက်နဲနဲ ဆက်ဆင်း”

“ အောက်ဆင်းမင်း”

“ အာ အဲ့လိုပြောတာ မဟုတ်ဘူးလေ မြို့ကို အောက်နဲနဲ ဆက်ဆင်းလို့ပြောတာ”

“ လောက်ကိုင်မင်း တာချီလိတ်မင်း “

“ အဟင့် အဲ့မင်းတွေ ဘယ်တုန်းက တက်သွားမှန်းတောင် မသိလိုက်ရပါလား”

“ အော် သိပြီ သိပြီ”

“ ဟေ ဟုတ်လား ပြောလိုက်စမ်း ရဲရဲကြီး”

“ ရာဇာမင်း”

“ ငင် အဲ့ဒါက ကားလိုင်းနာမည်ကြီးလေ ရပါပြီ ရပါပြီ နောက်ဆုံး အနေနဲ့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးပြောပြပါလား”

“ တစ်မျိုးသားလုံး၏ စိတ်ဓါတ်နှင့် အကျင့်စာရိတ္တမြင့်မားရေး”

“ ငင် အမလေး ငါ့ကို သွေးကျဆေး သွေးကျဆေးပေးကြပါ”

“ ဆရာ ဆရာ ဆရာ”

____________________________________
Reference and Credit to -ကိုပွ

အိန္ဒိယက ကျောင်းတစ်ကျောင်းတွင် ကလေးများ နေ့လယ်စာ၌ ပိုးသတ်ဆေးများ ပါဝင်


နယူးဒေလီ၊ ဇူလိုင် ၂၀

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ကျောင်းသား ၂၃ ဦး ကျောင်းတွင်း နေ့လယ်စာ စားသုံးပြီး သေဆုံးသွားရာ အဆိုပါ ကျောင်းတွင်း နေ့လယ်စာတွင် ပိုးသတ်ဆေးများ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘီဟာပြည်နယ်ရှိ ကျောင်း တစ်ကျောင်းမှ အခမဲ့ ကျွေးသော ထမင်းနှင့် ပဲနို့ သောက်သုံးပြီးနောက် ကလေးငယ် ၄၇ ဦး ဖျားနာခဲ့သည်။

အဆိုပါ ကျောင်း နေ့လယ်စာကို ဓာတ်ခွဲ စမ်းသပ်ရာ အလွန် အဆိပ် ပြင်းထန်သည့် မိုနိုခရိုတိုဖိုး ပိုးသတ်ဆေးများ ပါဝင်နေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြား သွားသည်။

အစားအစာများ ချက်ပြုတ်ရာတွင် သုံးသော ဟင်းသီးဟင်းရွက်ဆီမှာ အလွန် ညစ်ညမ်းနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

“အစားအစာတွေထဲမှာ မိုနိုခရိုတိုဖိုး ပမာဏ အများကြီး ပါနေပါတယ်။ အဲဒီ ပမာဏက ကလေးတွေ သေစေနိုင်ပါတယ်” ဟု ဘီယာပြည်နယ် ရဲတပ်ဖွဲ့ အရာရှိ ရာဗင်ဒရာကူးမားက ပြောကြားသွားသည်။

ချက်ပြုတ်ရာတွင် အသုံးပြုသည့် ဆီကို မှုခင်း ဆေးပညာဆိုင်ရာ ဓာတ်ခွဲခန်း တွင် စစ်ဆေးပြီးနောက် ယင်းကဲ့သို့ တရားဝင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပိုးသတ်ဆေး သိုလှောင်ရန် အသုံးပြုခဲ့သည့် ပုံးတွင်း ထည့်သွင်းထားသည့် ဟင်းသီးဟင်းရွက် ဆီများ ကို သံသယရှိကြောင်း ပြီးခဲ့သည့် သောကြာနေ့က ရဲတပ်ဖွဲ့ဝင်များက ပြောကြားသွားသည်။

ဟင်းရွက်ဆီများ စိတ်မချရသည့် အခြေအနေတွင် ရှိနေပြီး အနံ့လည်း ဆိုးရွားနေကြောင်း ထမင်းချက် မာဂျုးဒေဗီက ကျောင်းအုပ်ဆရာကြီး ကူမာရီကို ပြောကြားခဲ့သော်လည်း ကျောင်းအုပ်ဆရာက ချက်ပြုတ်ရာတွင် အသုံးပြုရန် ဖိအားပေးခဲ့ကြောင်း ကျောင်း ထမင်းချက်က စွပ်စွဲထားသည်။

ကျောင်းအုပ်ဆရာ ကူမာရီမှာ လက်ရှိအချိန်ထိ ထွက်ပြေး လွတ်မြောက်နေ ပြီး ၎င်းကို ရာဇဝတ်မှု ဖြစ်ပေါ်စေလောက်အောင် ပေါ့လျော့မှုဖြင့် တရားရေး အာဏာပိုင်များက အလိုရှိနေသည်။

အသက် ၅ နှစ်မှ ၁၂ နှစ် အသီးသီးရှိသည့် သေဆုံးသွားသော ကျောင်းသား များကို ဂန်ဒမန်ရွာ ကျောင်းအနီးတွင် မြှုပ်နှံခဲ့ပြီး နိုင်ငံတော်၏ လျစ်လျူရှု မှုကြောင့် ကျောင်းသားများ သေဆုံးခဲ့သည်ကို အဆိုပါ သင်္ချိုင်းဖြင့် အသိပေး ဖော်ပြလိုကြောင်း ဒေါသထွက်နေသော မိဘများက ပြောကြား ထားသည်။

ဆာလောင် မွတ်သိပ်မှု တိုက်ဖျက်ရန်နှင့် ကျောင်းတက်နှုန်း မြှင့်တင်ရန် ရည်ရွယ်ပြီး ကျောင်းတွင်း နေ့လယ်စာ စားသုံးရေး အစီအစဉ်ကို ၁၉၂၅ ခုနစ်တွင် အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ (မဒရတ်မြို့) ၌ စတင် အကောင်အထည် ဖော်ခဲ့သည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ တစ်ဝန်းရှိ ကျောင်းပေါင်း ၁ ဒသမ ၂ သန်းရှိ ကလေးငယ်ပေါင်း သန်း ၁၂၀ သည် ကျောင်းတွင်း နေ့လယ်စာ စားသုံးရေး အစီအစဉ်တွင် ပါဝင်နေကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း ကျောင်းတွင်း နေ့လယ်စာများသည် ကျန်းမာရေးနှင့် ညီညွတ်မှု မရှိကြောင်း တိုင်တန်းမှုများ မကြာခဏ ပေါ်ပေါက်ခဲ့သည်။
The Voice Weekly

သူငယ်တန်း ကျောင်းသူ အဓမ္မပြုခံရမှု အတန်းဖော်များ စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ဟု မိဘများဆို


ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာရှိ သူငယ်တန်း ကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ အတန်းဖော် သူငယ်တန်း ကျောင်းသားများကို ခေါ်ယူ စစ်ဆေးခွင့် လုံးဝ မပြုနိုင်ဟု ယင်းကလေးငယ်များ၏ မိဘများက The Voice သို့ ပြောကြား သည်။

ဇူလိုင်လ ၂၀ ရက်နေ့က ယင်း ကလေးများ၏ မိဘ ၁၀ ဦးကို ကျောက်တန်း မြို့နယ် ရဲစခန်းက ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်သို့ ခေါ်ယူ တွေ့ဆုံခဲ့ပြီး ကလေးများကို စစ်ဆေး မေးမြန်းခွင့် ပြု မပြု မေးမြန်းရာတွင် ကလေးငယ် များ၏ အနာဂတ် အစွန်းအထင်းဖြစ်မည် စိုးသဖြင့် စစ်ဆေး မေးမြန်းခွင့် မပြုနိုင်ကြောင်း ပြန်လည် ဖြေဆိုခဲ့ပြီး၊ ထိုသို့ ခွင့်မပြုနိုင်ကြောင်းကို လက်မှတ် ထိုးခဲ့ရသည်ဟု ကျောင်းသား မိဘ တစ်ဦးက ဆိုသည်။

“အထက်ကို တင်ပြပါဦးမယ်လို့ သူတို့က ပြောတယ်။ ဒီလိုအရွယ်လေးတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကလေးတွေကို ခေါ်စစ်မယ့်အရေး တွေးပြီး ညတွေမှာ အိပ်လို့တောင် မရဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သူငယ်တန်း ကျောင်းသူ အပါအဝင် ပအို့ဝ် တိုင်းရင်းသူ သုံးဦးကို ဗဟန်းမြို့နယ်၊ တောင်ကြီး ကျောင်းတိုက်ရှိ သံဃာ တစ်ပါးထံမှ ရွှေမင်းသမီး တည်းခိုခန်းပိုင်ရှင်က ခေါ်ယူမွေးစားထားခြင်းဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်နေ့ တွင် ကျောက်တန်းမြို့နယ် ဆေးရုံသို့ တည်းခိုခန်း မန်နေဂျာနှင့် အလုပ်သမား တစ်ဦးတို့က မိန်းကလေးငယ်၏ ဒဏ်ရာများကို လာရောက် ပြသရာ သာမန်ဒဏ်ရာ မဟုတ်ဘဲ အဓမ္မ ပြုကျင့်ခံထားရသည့် ဒဏ်ရာများ ဖြစ်နေသည်ကို တွေ့ရှိသောကြောင့် ရဲစခန်းသို့ အကြောင်းကြား ခဲ့ပြီး အမျိုးသမီး ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

အဓမ္မပြုကျင့်ခံရသည့် ကျောင်းသူမှာ ၄င်းနေထိုင်ရာ ရွှေမင်းသမီး တည်းခိုခန်းရှိ ကောက်ရိုးပုံတွင် လူကြီး တစ်ဦးက သုံးကြိမ် တိုင်တိုင် ပြုကျင့်ခဲ့သည်ဟု ပထမအကြိမ်တွင် ထွက်ဆိုခဲ့ပြီး၊ တစ်ပတ်ခန့် အကြာ ဒုတိယ အကြိမ် ထွက်ဆိုရာတွင် သူငယ်တန်း ကျောင်းသား တစ်ဦးက ကျောင်းဝင်းထဲတွင် အဓမ္မ ပြုကျင့်ပါသည်ဟု ပြင်ဆင် ထွက်ဆို ခဲ့ကြောင်း ရွှေပျောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါ ကျောင်းသူသည် ပအို့ဝ် တိုင်းရင်းသူ တစ်ဦးဖြစ်ပြီး မြန်မာစကားကို “ဟုတ်ကဲ့” တစ်လုံးတည်း သာ ပြောဆိုတတ်ကြောင်း၊ တစ်စုံတစ်ရာ အရေးအကြောင်း ရှိပါက အခြား ပအို့ဝ် တိုင်းရင်းသူ သူငယ်တန်း ကလေး နှစ်ဦးမှ တစ်ဆင့် ဆရာ၊ ဆရာမများကို ခွင့်တောင်းရကြောင်းဟု အဆိုပါ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးအေးသောင်းက ဆိုသည်။

“ရေသောက်သွားတာ၊ အိမ်သာသွားတာကအစ စကားပြန် ကလေးတွေ အမြဲတမ်း အဖော်ပါတယ်၊ ပြီးတော့ ခလုတ်တိုက်တာ၊ ခဲတံနဲ့ ထိုးမိတာက အစ ဆရာ၊ ဆရာမတွေကို တိုင်ကြတယ်၊ အခုလို ကိစ္စမျိုးကို ကျူးလွန်ဖို့ ဆိုတာ ကျောင်းဝင်းထဲမှာ မဖြစ်နိုင်ပါဘူး၊ ၉၉ ရာခိုင်နှုန်း အာမခံ ပါတယ်၊ ကျောင်းဝင်းထဲမှာ ကလေးငယ်တွေ ခေါ်စစ်မှာကိုလည်း ခွင့်မပြုနိုင် ပါဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် မှုခင်း ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဗဟို အမျိုးသမီး ဆေးရုံမှ သားဖွားမီးယပ် ဆရာဝန်များ၏ စစ်ဆေးချက်အရ ယင်း သူငယ်တန်း ကျောင်းသူမှာ အဓမ္မ ပြုကျင့်ခံရကြောင်း၊ သို့သော် ကလေးချင်း ကျူးလွန်ခြင်း မဖြစ်နိုင်ကြောင်းကို ဆေးပညာအရ သိနိုင်ကြောင်း ကျောက်တန်း မြို့နယ် ဆေးရုံမှ လက်ထောက် ဆရာဝန် တစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းသူငယ်တန်း ကျောင်းသူ အဓမ္မ ပြုကျင့်ခံရမှုကို ကျောက်တန်းမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူး ခင်စိုးမှ တရားလိုပြု တိုင်ကြားထားပြီး၊ (ပ)၂၀၅/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆၊ ၃၇၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ယင်း ရဲစခန်းကို ဇူလိုင်လ ညနေ ၄ နာရီခန့်က The Voice မှ သွားရောက် မေးမြန်းသော်လည်း စခန်းမှူး မရှိကြောင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

အောင်မျိုးထက်၊ ဟိန်းသွင်ထက်
The Voice Weekly

မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၉ ချက်

 ၁။ကန်စွန်းဥစားပါ
ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။

အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။

၃။ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချနိုင်တယ်လို့သိရပါတယ်။

၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ

ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင်ပေးပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။

၅။ မွှေးရနံ့ ရှူပါ

စံပယ်ပန်းရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။

ဒေါက်တာခင်မိုးမိုး
MWD

ဖမ်းမိလိုင်စင်မဲ့ကားအချို့ အစိုးရဌာနများတွင် ပြန်အသုံးပြု


ရန်ကုန်- ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဌာနများတွင် ပြန်လည်အသုံးချမှုများရှိကြောင်းသတင်းရရှိသည်။

“ဖမ်းတာက ရဲတပ်ဖွဲ့ကဖမ်းတယ်။ ဖမ်းမိတဲ့ကားအပေါ်မှာ မူတည်ပြီး ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတို့ ခွဲဝေယူရတာတွေရှိတယ်”ဟု ကရင်ပြည်နယ် စီးပွားရေးနှင့် စီမံခန့်ခွဲရေးဝန်ကြီး ဦးမင်းစိုးသိမ်းက ပြောကြားသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းမိပါက ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ အချိုးကျခွဲဝေရန် သတ်မှတ်ချက်များရှိသည်။ ထို့အပြင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ပတ်သက်၍ သတင်းပေးများကိုလည်း ခွဲဝေပေးရမှုများရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့များ၏ လိုအပ်ချက်များအတွက်လည်း ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ရပါက သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးအတွင်း အသုံးပြုရန် ခွဲချထားပေးခြင်းများလည်းရှိသည်ဟု သိရသည်။

ဇူလိုင် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဇွန် ၁၄ ရက်မှ ယနေ့ထိ လိုင်စင်မဲ့ မော်တော်ယာဉ်များ စုစုပေါင်း ၁၄ စီး သိမ်းဆည်းမိကြောင်း သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် မွန်ပြည်နယ် အစိုးရအဖွဲ့မှာလည်း ဇွန်လအတွင်း ဖမ်းဆီးထားသည့် မော်တော်ယာဉ်ပေါင်း ၁၅၀ ကျော် ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“လိုင်စင်မဲ့ကားတွေက အရမ်း အန္တရာယ်များတယ်။ ဒီမှာဆို ၀င်းထဲမှာပြည့်နေတာပဲ”ဟု မူဆယ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မူဆယ်၊ လားရှိုး စသည့် မြို့များတွင် လိုင်စင်မဲ့ကားများကို ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက နံပါတ်ပြားများပြုလုပ်၍ တရားဝင်ကားကဲ့သို့ အသုံးပြုမှုများရှိကြောင်း သိရသည်။

ထို့အပြင် ယခင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေးစနစ် မပြုလုပ်သော လိုင်စင်မဲ့ကားများကို ရန်ကုန်သို့ ပို့ဆောင်ရာတွင် မြ၀တီ၊ ရန်ကုန်ခရီးစဉ်တစ်လျှောက်တွင် ကားတစ်စီးလျှင် ကျပ်သိန်း ၅၀ ၀န်းကျင် ကုန်ကျကြောင်း ရန်ကုန်မြို့မှ ကားပွဲစားတစ်ဦးကဆိုသည်။ ကားတစ်စီး၏မူလတန်ဖိုးမှာ ကျပ် ၃၀၊ ၄၀ ၀န်းကျင်သာ ရှိသဖြင့် လိုင်စင်မဲ့ကားများစွာ ၀င်ရောက်လာခဲ့သည်။ အဝေးပြေးဘတ်စ်ကားယာဉ်ကြီးများကိုလည်း ခရီးသည် ငွေပေးလိုက်ပါစေသည့် ခရီးသည်အတုများကိုတင်ဆောင်ကာ လိမ်လည်တင်သွင်းမှုများလည်းရှိခဲ့သည်။
7Day News Journal

"လပွတ္တာမြို့၊ အနိုင်ကျင့်ခံရသော မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရ"


လပွတ္တာမြို့တွင် ယ္ခုလ (၁၅)ရက်နေ့က အလုပ်သမားခေါင်း ကိုရှဖီး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော အလုပ်သမလေး မိငယ်(ခ)မဌေးဌေးမြိုင် ဆေးရုံပြန်တက်ရကြောင်းနှင့် အကူအညီလိုအပ်နေကြောင်း၊ အမျိုးသမီးချင်း စာနာတတ်သူများ၊ လူသားချင်း စာနာတတ်သူများမှ အကူအညီပေးစေလိုကြောင်း၊ အင်းစိန်ရွာမ ဗဟိုအဖွဲ့မှ ငွေကျပ်တစ်သိန်း ထောက်ပံ့မှု ရှိခဲ့သော်လည်း များစွာလိုအပ်နေသေးကြောင်း သိရပါသည်။
လပွတ္တာမြို့မှ ပေးပို့သော ဌေးဌေးမြိုင် သတင်းကို ပူးတွဲ ဖော်ပြလိုက်ပါသည်။

သို့
ဆရာတော်
လပွတ္တာမြို့နယ်တွင် (15-7-2013)နေ့တွင် ဖြစ်ပွားခဲ့သော
မြန်မာဗုဒ္ဒဘာသာဝင်အမျိုးသမီး မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား အစ္စလာမ်ဘာသာဝင်
ရှလ်ဖီး(စ်) (ခေါ်) မောင်သက်ပိုင်စိုး မှ အဓမ္မပြုကျင့်ခဲ့ပါသည်။
ထို့အတွက်ကြောင့် မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား လပွတ္တာခရိုင်၊
(3)မိုင်မြို့သစ်သို့ ဆေးကုမှုခံယူခဲ့ပါသည်။ (18-7-2013)နေ့တွင်
ဆရာဝန်များမှ ဒဏ်ရာသက်သာသည်ဟုဆိုကာ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါသည်။
(19-7-2013)နေ့တွင် ကိုဇော်တိုးနှင့်အဖွဲ့မှ မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် အား
ထောက်ပံ့ငွေများ ကျေးရွာလူကြီးများရှေ့မှောက်တွင်
သွားရောက်ပံ့ပိုးခဲ့ပါသည်။

(21-7-2013)ရက်နေ့တွင် မိုးများသည်းထန်စွာရွာသွန်းသဖြင့်
မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် တို့ကျေးရွာတွင် နေအိမ်များ
ရေနစ်မြှုပ်လျက်ရှိပါသည်။ မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် နေအိမ်လည်း
ရေများနစ်မြှုပ်လျက်ရှိပါသည်။ (22-7-2013)နေ့တွင်
ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျွန်တော်ကိုဇော်တိုးအား
ဖုန်းဆက်အကြောင်းကြားကာ ရေကြီးနေမှန်းသိရပါသည်။ ထို့အတွက်ကြောင့်
လိုအပ်သည့်ပံ့ပိုးမှုများပေးရန် ကျေးရွာသို့အမြန်ဆုံးသွားရောက်ခဲ့ပါသည်။

ရွာသို့ရောက်သောအခါ မိငယ်(ခ)မဋ္ဌေးဋ္ဌေးမြိုင် ၏ ဒဏ်ရာမှာမသက်သာဘဲ
သွေးများပြန်ဆင်းနေသဖြင့် လပွတ္တာ(3)မိုင်ဆေးရုံသို့
အမြန်ဆုံးပြန်လည်ပို့ဆောင်ရန်အတွက် နေ့လည်(1)နာရီတွင်
နှလုံးသား(အခမဲ့)မော်တော်ယာဉ်ဖြင့် သွားရောက်ပို့ဆောင်ပြီး လိုအပ်သည့်
ပံ့ပိုးကူညီမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ အားလုံးလည်း
ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည် . . . .။

ကိုဇော်တိုး
ဆက်သွယ်ရန်- 09.422484102 (ကိုဇော်တိုး)

ရှောင်စေချင်သည် တညင်းသီး


အဆိပ်တွေနဲ့ အသီးအားလုံး သိကြတဲ့ အသီးပါပဲ။ ကြိုက်တဲ. လူလည်း တော်တော်များမယ် ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေ ဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ တညင်းသီးပါ။

တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကို အကျိုးပြုတဲ. ဗီတာမင် ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာ ကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ် ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ. အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိ ပါဝင် ပါတယ်။ တညင်းသီးဟာ အဆိပ်သင်. တတ်တဲ. အစားအစာ တစ်ခု ဖြစ်ပါတယ်။ တညင်းသီး အဆိပ်သင်.တာကို Djenkilismလို. ခေါ်ပါတယ်။ အဆိုးရွားဆုံး ကတော. ကျောက်ကပ် နှစ်ခုစလုံး တစ်ပြိုင်နက် ပျက်စီးပြီး အသက် ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီး ဒေသတွေမှာ တညင်းသီး အဆိပ်သင်.မှု အများဆုံး တွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်. မှုကြောင်. အသက်ဆုံးရှုံး မှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက် ရောက်ပြီး စနစ်တကျ ကုသမှု မခံယူရင် သေဆုံးဖို.လမ်းပိုများတယ်လို. ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီး အဆိပ်ရဲ. ဖွဲ.စည်းပုံ မော်လီကျုး ကတော. အပ်ချောင်း ပုံလေးတွေကို ပုတီးသီသလို သီထားတဲ. ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ. တစ်ခု အလွယ်တကူ ချိတ်တွယ် နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေ ၀င်လာရင် အသည်းက ပျက်ပြယ်အောင် လုပ်ပေး ပါတယ်။ ကျောက်ကပ် ကတော. ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန်.ထုတ် ပေးပါတယ်။ တညင်းသီး စားလိုက်ရင် ပါဝင်တဲ. အဆိပ်တွေဟာ သွေးထဲကို အရင်ရောက် သွားပါတယ်။ ပြီးတဲ.အခါ အသည်းကို ရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို ပျက်ပြယ်အောင် လုပ်ပေး နိုင်ပေမယ့် တညင်းသီးမှာ ပါတဲ. အဆိပ်ကိုတော. ပျက်ပြယ်အောင် မလုပ်နိုင်ဘူးလို. ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေ စွန်.ထုတ်ဖို. ကြိုးစား ရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို. တတ်ပါတယ်။ နောက်ပြီး အပ်ချောင်းပုံ အဆိပ် မော်လီကျုးတွေက ထိုးလို. သွေးကြောလေးတွေ ပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွား နည်းတာတွေ ဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ. အခါ ဆီးလမ်းကြောင်း ပိတ်ပြီး ဆီးလုံးဝ သွားလို.မရ ဖြစ်လာပါမယ်။ ကျောက်ကပ် နှစ်ခုစလုံးက ဆီးမထွက်နိုင်လို. တင်းလာပြီး မခံမရပ် နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေ များလာပြီး ဆေးရုံကို အချိန်မီ တက်ရောက် ကုသမှုမခံယူရင် အသက် သေဆုံး နိုင်ပါတယ်။ ဒါကို ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း (Acuterenal failure)လို. ခေါ်ပါတယ်။ ကျောက်ကပ် သန်.စင်စက် (Renal dialysis) နဲ. အချိန်မီကုသ နိုင်မှသာ အမြန်ဆုံး သက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာ ပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာ အနည်းငယ်သာ ပျော်ဝင်တဲ. အဆိပ်မျိုး ဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာ ဖြစ်ပါတယ်။ တညင်းသီးကို ပြုတ်လိုက်ရင် အဆိပ်ဓာတ် နည်းနည်းသာ ပျော်ဝင်ပြီး ပြည်.၀ သွားတဲ. အတွက် အဆိပ်တွေ ထပ်ပြီး မပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါ တစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ ရေများများနဲ. ပြုတ်ရမှာ ဖြစ်ပါ တယ်။ ပြုတ်ပြီ တဲ. ရေတွေကိုလည်း သွန်ပစ်ပြီး ရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ် တော်တော် လျော.သွားမှာပါ။ တညင်းသီး အဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ် ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်. ဘယ်လိုမှ ဓာတ်မပြယ် နိုင်ပါဘူး။ တကယ်လို.များ မီးဖုတ်ပြီး စားရင် အဆိပ်တွေဟာ ဓာတ်လည်း မပြယ်၊ အပြင်လည်း မရောက်တော. 100% ခန္ဓာကိုယ်ထဲ ရောက်ပြီး ဒုက္ခပေးမှာ ဖြစ်ပါတယ်။ တညင်းသီးကို ဆားရည်မှာ ကြာကြာစိမ်ပြီး စာရင်တော. အဆိပ်တွေ တော်တော်လေး လျော.နည်း သွားတယ် လို.ဆိုပါတယ်။

တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူ ပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ ပျော်ဝင်မှု Solubility များ လေလေ ဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီး စားပြီးတဲ.အခါ ပါးစပ်မှာ နံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine (1978) စသဖြင်. ထုတ်ပြန် ရေးသား ထားတာတွေလည်း ရှိပါတယ်လို. ဆိုတယ်။ ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ. ဒီလိုအသီးကို တတ်နိုင် သမျှတော့ မစားသင့်ဘူးလို့ ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်)

မြ၀တီ

ကမ္ဘာကျော်ဦးမယ့် လွှတ်တော်



သုံးမိနစ်ပဲစောင့် ပေါက်ဖော်



နေရာချင်းများ လဲထားသလား



ဥပမာ အပေးကောင်းတဲ့ လှတောသား လင်မယား



အကျင့်ပျက်တာ မကြိုက်ဘူး



ဘာတွေ ပြင်သင့်လဲ



ကျပ် ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း ဇူလိုင် ၂၅ စရောင်းမည်


ရန်ကုန်၊ ဇူလိုင် ၂၁

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကျပ် ၁၅၀၀ တန် CDMA ဆင်းကတ်များ ကို သုံးလ ဆက်တိုက် ရောင်းချနေရာမှ GSM မိုဘိုင်းလ် ဆင်းကတ် နှစ်သိန်း ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ စတင် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာသည်။

ဧပြီလမှ စတင်၍ CDMA ဆင်းကတ် သုံးသိန်း ငါးသောင်းကို လစဉ် ခွဲဝေ ရောင်းချခဲ့ပြီး ဇူလိုင်လတွင် CDMA တစ်သိန်း ငါးသောင်းနှင့် GSM နှစ်သိန်း စုစုပေါင်း သုံးသိန်း ငါးသောင်းကို ယခင် စနစ်များ အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ခွဲဝေ ရောင်းချပေးမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

GSM ဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ခွဲဝေ ချထားရာ တွင် လိုင်း တပ်ဆင်အား ပေါ် မူတည်ကာ အရေအတွက် ခွဲဝေမည်ဖြစ်ပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် လိုင်း တပ်ဆင်အား မလုံလောက် သည့်အတွက် အရေအတွက် လျှော့၍ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။

“ကျွန်တော်တို့ တိုင်းအတွက် GSM အလုံး တစ်သောင်းပဲ ရတယ်လို့ ပြော တယ်။ ဂဏန်းတွေက ၀၉ ၂၅ ကနေ ၀၉ ၂၉ အထိ ရှိတယ်လို့ ကြားတယ်” ဟု မကွေးတိုင်းဒေသကြီး မြို့နယ် ဆက်သွယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။

ကျပ် ၁၅၀၀ တန် WCDMA ဆင်းကတ်များကို မြန်မာ့ဆက်သွယ်ရေးက ချင်းပြည်နယ်အတွက် ချထားပေးသည်ဆိုသော်လည်း အဆိုပါ နံပါတ်များ ဖုန်းဈေးကွက်အတွင်း ရောက်ရှိခြင်း မရှိကြောင်း၊ GSM ဆင်းကတ်များ စတင် ချထားပေးသည့်အတွက် ဟန်းဆက် ဈေးကွက်အပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်ကြောင်း မန္တလေးမြို့တော်မှ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် တာဝန်ခံ တစ်ဦးက ဆိုသည်။

ဇူလိုင်လအတွက် မိုဘိုင်းလ်ဖုန်း ခွဲဝေ ချထားမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းသော် လည်း ရုံးပိတ်ရက်အတွင်း ဆက်သွယ်ရေးက ကြေညာသည် ဖြစ်၍ အသေးစိတ် မသိရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။

စတင် ချထားပေးမည့် ကျပ် ၁၅၀၀ တန် GSM ဆင်းကတ်များတွင် ယခင် CDMA ဆင်းကတ်များကဲ့သို့ ပင် ကြိုတင် ငွေကျပ် သုံးရာ ဖြည့်သွင်းထားပြီး ၁၅ ရက် အတွင်း စတင် အသုံးပြုရန် လိုအပ်ကာ တစ်လလျှင် အနည်းဆုံး ဖုန်းပြောဆိုခ ကျပ် ၂၅၀၀ အသုံးပြုရမည် ဖြစ်သည်။

The Voice Weekly

နာမည်ကြီးပြည်ပအချိုရည်အများစု ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နေသော်လည်း မြန်မာကမမှု


အမေရိကန်အခြေစိုက် Coca Cola ကုမ္ပဏီအပြင် ပြည်ပနာမည်ကြီးအမှတ်တံဆိပ် အချိုရည်အများစု ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု များရှိလာခြင်းကြောင့် ပြည်တွင်းအချိုရည် စက်ရုံများ ဈေးကွက်ပျောက်ဆုံးနိုင်သည်ဟု သုံးသပ်မှုများရှိနေသော်လည်း Blue Mountain အမှတ်တံဆိပ် ပြည်တွင်းအချိုရည်စက်ရုံမှ ထပ်မံအင်အားတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအချိုရည်ထုတ်လုပ်သည့် လွယ်ဟိန်းကုမ္ပဏီလုပ်ငန်းစု ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆန်ထွန်းက မဇ္ဈိမသို့ ထုတ်ဖော်ပြောသည်။

Blue Mountain အမှတ်တံဆိပ်အချိုရည် စက်ရုံခွဲတစ်ခုအား ယခုနှစ်အတွင်း မန္တလေးမြို့၌ ထပ်မံတည်ဆောက်၍ လာမည့်နှစ်တွင်
ထုတ်လုပ်မှုတိုးချဲ့သွားမည်ဖြစ်ကာ ပြည်ပကုမ္ပဏီများအနေဖြင့် အရှိန်အဟုန်မြှင့် အင်အားတိုးချဲ့ဆောင်ရွက်မှုမပြုမီ ဈေးကွက်လက်
ဦးမှု ရယူဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ပြောသည်။

ဒေါက်တာစိုင်းဆန်ထွန်းက “ပြည်ပ နာမည်ကြီးအချိုရည်အများစု ဝင်လာတော့ ပြည်တွင်းကကုမ္ပဏီတွေ အခက်အခဲဖြစ်နိုင်တယ်လို့ ဝိုင်းပြီးသုံးသပ်ပေးကြတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သူတို့(ပြည်ပအချိုရည် စက်ရုံ)တွေအနေနဲ့က စွမ်းအားရှိသလောက်
ပီပီပြင်ပြင်မလုပ်သေးတော့ ထင်သလောက် ရောင်းအားမကျသွားပါဘူး။ ဒီနှစ်ရောင်းအားက မနှစ်ကထက်တောင် ပိုလာသေးတယ်။
ဈေးကွက်ယှဉ်ပြိုင်မှုဖြစ်လာနိုင်တာရှိပေမယ့် ထုတ်လုပ်မှုကို အင်အားထပ်ချဲ့ပြီး မန္တလေးမှာ အချိုရည်စက်ရုံတစ်ရုံ ထပ်မံတည်ဆောက်
သွားဖို့ စီစဉ်နေပါတယ်” ဟု ပြောသည်။

Blue Mountain အမှတ်တံဆိပ်အချိုရည် စက်ရုံအနေဖြင့် ယခုနှစ်ဈေးကွက်ဝယ်လိုအား အခြေအနေသည် ယခင်နှစ် ဇန်နဝါရီမှ ဇွန်
အထိ ခြောက်လကာလတူရောင်းအားများနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းပင် တိုးတက်လာခြင်းဖြစ်ရာ ထိုသို့ဈေးကွက်တိုးချဲ့ရန် ပြင်
ဆင်နေခြင်းဖြစ်ကြောင်း ယင်းကဆိုသည်။

ပြည်ပအချိုရည်စက်ရုံအများစု ပြည်တွင်းသို့ ဝင်ရောက်လာခြင်းများကြောင့် လိုအပ်ပါက ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကိုပါ အစုရှယ်ယာ
ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းနိုင်ရန်အတွက် ဂျပန်၊ စင်ကာပူ စသည့်ပြည်ပလုပ်ငန်းရှင်များနှင့် ပြောဆိုထားခြင်းများရှိကြောင်းလည်း
ယင်းက ဆိုသည်။

ဆက်လက်၍ ယင်းက ဈေးကွက်ယှဉ်ပြိုင်မှုများဖြစ်လာနိုင်၍ ကြိုတင်ပြင်ဆင်ထားကြောင်းနှင့် ပူးပေါင်းပြီး လုပ်ငန်းများတိုးချဲ့ လိုသော ဂျပန်၊ စင်ကာပူနိုင်ငံများနှင့်လည်း ဆွေးနွေးမှုများပြုလုပ်ထားကြောင်း ပြောသည်။

အဆိုပါ Blue Mountain အမှတ်တံဆိပ် အချိုရည်စက်ရုံအား တိုးချဲ့တည်ဆောက်ခြင်းသည် မန္တလေးမြို့မှ ဒေသခံလုပ်သားဦးရေ
၇၀ဝ နီးပါး အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်သည့်အနေအထားအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းက ဆိုသည်။

လက်ရှိအချိန်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနေဖြင့် Coca Cola၊ Pepsi၊ 100 Plus စသည့်အချိုရည်များသည် ဈေးကွက်အင်အားကြီး အချိုရည်များအဖြစ် ရပ်တည်နေခြင်းဖြစ်ပြီး အခြားသော လူကြိုက်များသည့် နာမည်ကြီးအချိုရည်များကိုလည်း ပြည်တွင်းလုပ်ငန်းရှင်များက ကိုယ်စားလှယ်ယူကာ တင်သွင်း ရောင်းချနေလျက်ရှိသည်။
===========================================
ပုံစာအညွှန်း - Blue Mountain အမှတ်တံဆိပ် ပြည်တွင်းအချိုရည်စက်ရုံတွင် Blue Mountain အချိုရည်ဗူးများ ထုပ်ပိုးမှုပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - လွယ်ဟိန်း)
Mizzima - News in Burmese