တွံတေးအမှု ခေါင်းဖြတ် သတ်ခဲ့သည့် တရားခံများအား ဖမ်းမိ

ပို့စ်တင်ချိန် - 7/23/2013 04:59:00 PM


ရန်ကုန်၊ ဇူလိုင် ၂၃

၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police