စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ


ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထားပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။

Friday(Malay)
Myanmar Daily News

မိန်းကလေးများ ဖြစ်တတ်သော မိန်းမကိုယ်ဆိုင်ရာရောဂါများ(အမျိုးသမီးများဖတ်ရန်)


ဆီးစပ်နာကျင်တာ၊ ရာသီသွေး ပုံမမှန်တာ၊ အဖြူဆင်းတာ၊ မိန်းမကိုယ် ယားယံတာ စတဲ့ ဝေဒနာတွေက အမျိုးသမီးအများစု ခံစားရနိုင်တာတွေ ဖြစ်တာကြောင့် သိရှိထားဖို့ လိုအပ်ပါတယ်။

ဆီးစပ်နာကျင်ခြင်း
မိန်းကလေးတွေဟာ ဓမ္မတာမလာမီနဲ့ ဓမ္မတာစက်ဝန်း အလယ် သားဥြွေကချိန်တွေ ဆီးစပ်နာကျင်တာကို ခံစားရတတ်ပါတယ်။ တစ်ဦးနဲ့တစ်ဦးမတူဘဲတခိျု့တွေမှာ ဆီးစပ်နာကျင်တာကို သိသိသာသာ ခံစားရပြီး တခိျု့တွေကတော့ သိသိသာသာ နာကျင်မှု မရှိတာကို တွေ့ရပါတယ်။

ဆရာဝန်နှင့် ပြသပါ
တကယ်လို့ ဆီးစပ်နာကျင်မှုက နာတာရှည် ဖြစ်နေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်က သင်ရဲ့ မျိုးပွားအင်္ဂါမှာ ကင်ဆာမဟုတ်တဲ့ အလုံးအဖုနဲ့ အသားလုံးရှိ၊ မရှိ စစ်ဆေးပါလိမ့်မယ်။ ဆီးစပ်နာကျင်မှု အပြင် ယောနိလမ်းကြောင်းမှ ပုံမမှန် အရည်ဆင်းတာနဲ့ အဖျားတက်တာတွေ ရှိနေပါက မျိုးပွားအင်္ဂါတွေ ရောင်ရမ်းမှု ရှိ၊ မရှိကိုပါ စစ်ဆေးပေးပါလိမ့်မယ်။
ဖြစ်နိုင်ခြေ များသော ရောဂါများ
ဝမ်းဗိုက် အလွန်အမင်း နာကျင်တာ ဒါမှမဟုတ် ဆီးစပ် အလွန်အမင်း နာကျင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင် သားဥအိမ်မှာ ဖြစ်ပေါ်နေတဲ့ အရည်အိတ်ပေါက်သွားတာ၊ သွေးထွက်တာတွေ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးစပ်တစ်လျှောက် အလွန်နာကျင်ပြီး သွေးဆင်းတာပါ ဖြစ်ပေါ်ခဲ့ရင် နေရာလွဲမှား သန္ဓေသားကို သန္ဓေဆောင်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆီးစပ်နာကျင်မှု ခံစားရတာ၊ လေပွတာ၊ ဆီးစပ်တစ်လျှောက် တင်းသလို ခံစားနေရတာ၊ မကြာခဏ ဆီးသွားတာတွေ နှစ်ပတ်နဲ့ အထက် ခံစားနေရပါက သားဥအိမ်ကင်ဆာနဲ့လည်း ဆက်စပ်မှု ရှိနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

ပုံမမှန် သွေးဆင်းခြင်း
ပဋိသန္ဓေတားဆေး သောက်သုံးတာ၊ ထိုးဆေး အသုံးပြုတာ စတဲ့ ပဋိသန္ဓေတားနည်းတွေကို အသုံးပြုတာကြောင့် ရာသီသွေးဆင်းမှု ပုံမမှန်တာ ဖြစ်တတ်ပါတယ်။စိုးရိမ်စရာ မရှိပါဘူး။ လိုအပ်ပါက ပဋိသန္ဓေတားနည်းကို ပြောင်းလဲအသုံးပြုဖို့ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ ပုံမမှန် သွေးဆင်းမှုဆိုသည်မှာ ပုံမမှန် သွေးဆင်းတာက ခါတိုင်း ရာသီသွေးဆင်းတဲ့ ရက်ထက် ကျော်လွန်ပြီး သွေးဆင်းနေတာ၊ တစ်လနဲ့ တစ်လကြားမှာ နောက်တစ်ကြိမ် သွေးဆင်းတာ၊ တစ်လထဲကို ရာသီသွေး နှစ်ကြိမ်ဆင်းတာ၊ လိင်ဆက်ဆံပြီးချိန်မှာ သွေးဆင်းတာနဲ့ တခြား မူမမှန် သွေးဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများသော အကြောင်းများ
မူမမှန် သွေးဆင်းရတဲ့ အကြောင်းအချက်တွေ များစွာရှိပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေ၊ သားဥြွပန်အတွင်း သွေးလုံးတည်တာ၊ အသားလုံးတည်တာ၊ သိုင်းရွိုက်အကျိတ်မှာ ရောဂါရှိတာ စတာတွေကြောင့် ရာသီသွေးဆင်းတာ ပုံမမှန်ဖြစ်တတ်ပါတယ်။ နို့တိုက်မိခင်တွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေမှာ ယောနိလမ်းကြောင်း ခြောက်သွေ့တာကြောင့် လိင်ဆက်ဆံတဲ့အခါ သွေးထွက်ပြီး နာကျင်မှု ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများသော ရောဂါများ
လိင်ဆက်ဆံပြီးတဲ့ အခါတိုင်းမှာ သွေးဆင်းတာ၊ သားအိမ်ခေါင်းက အထိမခံနိုင်လောက်အောင် နာကျင်တာတွေ ဖြစ်ခဲ့ရင် ဂနို၊ ကလန်မိုင်ဒီးယား စတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီး အမျိုးသမီးတွေ ရာသီသွေး ဆင်းလာခဲ့ရင် သားအိမ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ စောစောစီးစီး သိရှိပါက ရောဂါ ပျောက်ကင်းအောင် ကုသနိုင်တာကြောင့် သွေးဆင်းတဲ့ လက္ခဏာ ပြသပါက ပေါ့ဆမနေဘဲ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူပါ။

ပုံမမှန် အဖြူဆင်းခြင်း
အမျိုးသမီးတွေက ကိုယ်ရဲ့ ခန္ဓာဗေဒကို ကောင်းစွာ သိရှိပါတယ်။ အထူးသဖြင့် မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်တွေနဲ့ ပတ်သက်ပြီးလည်း ကိုယ့်ကိုယ်ကိုယ် သိရှိကြပါတယ်။ ပုံမှန်အရောင်အဆင်း၊ အနံ့အသက်တွေကိုလည်း သိရှိထားကြပါတယ်။
ပုံမမှန် အဖြူဆင်းခြင်းဆိုသည်မှာ မိန်းမကိုယ်က ထွက်ရှိတဲ့ အရည်ရဲ့ အနံ့အသက်က ဆိုးဆိုးရွားရွား နံလာတာ၊ အဖြူတွေ အများကြီးဆင်းတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာနဲ့ ပုံမမှန်တဲ့ အရောင်အဆင်း ဖြစ်နေတာတွေပါ။

ဖြစ်နိုင်ခြေများသော အကြောင်းများ
ပုံမမှန် အဖြူဆင်းတာ ဖြစ်ရတဲ့အကြောင်းက မှိုစွဲတာ၊ ဘက်တီးရီးယားပိုး ၀င်တာတွေကြောင့် အဖြစ်များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးမွှားတွေကြောင့်လည်း မူမမှန် အဖြူဆင်းတာကို ဖြစ်စေတာကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးဖို့ လိုပါတယ်။
ဖြစ်နိုင်ခြေများသော ရောဂါ
အဖြူဆင်းတာက ရေလိုပဲ အရောင်မရှိတဲ့ ကြည်ကြည်အရည်တွေ ကြာရှည်ဆင်းနေတာက သားဥြွပန်ကင်ဆာ ဖြစ်နိုင်ပေမယ့် တွေ့ရခဲတဲ့ ရောဂါတစ်ခုပါ။ယားယံခြင်း
ယောနိလမ်းကြောင်းကနေ အဖြူဆင်းတာ၊ သွေးဆင်းတာတွေ မရှိဘဲ မကြာခဏ မိန်းမကိုယ် ယားယံတာတွေ ဖြစ်တတ်ပါသလား။

ဖြစ်နိုင်ခြေများသော အကြောင်းများ
သန့်စင်လွန်းတာကြောင့် မိန်းမကိုယ် ယားယံတာ ဖြစ်တတ်ပါတယ်။ အမွှေးနံ့ပါတဲ့ ဆပ်ပြာ၊ မိန်းမကိုယ် သန့်စင်ဆေးရည်တွေ အလွန်အကျွံ သုံးစွဲပြီး သန့်စင်တာကြောင့် ထိခိုက်လွယ်သူတွေမှာ မိန်းမကိုယ် ယားယံတာတွေ ဖြစ်လာနိုင်ပါတယ်။
ဆရာဝန်နှင့် ပြသပါ
မိန်းမကိုယ် ယားယံတာကို နေရထိုင်ရ ခက်လောက်အောင် ခံစားနေရင်၊ မိန်းမကိုယ် ယားယံတာအပြင် အသားအရောင် ပြောင်းလဲတာတွေပါ ဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အလေးထားသင့်သော ဖြစ်လေ့ရှိ လက္ခဏာရပ်များ ( သတိမမှု ဂူ မမြင် သလို ပါ )


ဗိုက်ပူ၊ နွမ်းလျ၊ ခါးနာစတဲ့ လက္ခဏာရပ်တွေဟာ ဖြစ်လေ့ရှိတဲ့ လက္ခဏာရပ်တွေ ဖြစ်တာကြောင့် ကျွန်မတို့ဟာ သိပ်ပြီး အလေးမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ဒီလက္ခဏာရပ်တွေက ကျွန်မတို့ ထင်သလောက် အန္တရာယ်မကင်းတာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။


ဗိုက်ပူခြင်း

ဘာသိသင့်သလဲ
ဝမ်းဗိုက်မှာ အဆီစုတာဟာ ခန္ဓာကိုယ် တခြားနေရာမှာ အဆီစုတာထက် ပိုပြီး အန္တရာယ်ရှိပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပိန်မဝ ခန္ဓာကိုယ်အလေးချိန် ရှိနေရင်တောင် ခါးတုတ်ဗိုက်ပူနေပါက မကောင်းတဲ့ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း၊ အမျိုးအစား (၂) ဆီးချိုရောဂါ၊ လေဖြန်းခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
သင်ရဲ့ ကိုယ်အလေးချိန်နဲ့ BMI (အရပ်နဲ့ ကိုယ်အလေးချိန်အချိုး) ကို သိသင့်ဖို့လိုသလို ခါးအချိုးအစားကို သိဖို့လည်း အရေးကြီးပါတယ်။ အမျိုးသမီး တစ်ယောက်မှာ ခါး ၈၀ စင်တီမီတာ (၃၁ လက်မခွဲ) နဲ့ အမျိုးသား တစ်ယောက်မှာ ခါး ၉၄ စင်တီမီတာ (၃၇ လက်မ) ထက် ပိုများနေပါက ခါးသေး ဗိုက်ချပ်အောင် လုပ်ဖို့ အချိန်တန်နေပါပြီ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ အရက်လျှော့သောက်ပါ။ အဆီလုံးဝ မစားပါနဲ့။

ခုတလော အလွန်ပင်ပန်းခြင်း

ဘာသိသင့်သလဲ
အကြောင်းပြချက် အထင်အရှားမရှိဘဲ ပင်ပန်းနွမ်းလျလွန်းနေပါက သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့ လည်ပင်းကြီးရောဂါ (Hypothyroidism) ကြောင့် ဖြစ်နေနိုင်ပါတယ်။ လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေဟာ အင်အားဖြစ်စေတဲ့ သိုင်းရောဆင်း (Thyroxine) ဟော်မုန်းတွေ ထွက်ရှိစေပါတယ်။ သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တဲ့အခါ ဒီဟော်မုန်းတွေ ထွက်ရှိမှု လျော့နည်းတာကြောင့် အားနည်းပြီး ပင်ပန်းရတာပဲဖြစ်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ ကိုယ်အလေးချိန်တိုးခြင်း၊ အမေ့ထူခြင်း၊ မှတ်ဉာဏ်မကောင်းခြင်း၊ အသားအရေနဲ့ ဆံပင်သား ခြောက်သွေ့ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
သိုင်းရွိုက်ကောင်းစွာ အလုပ်မလုပ်တာဟာ အိုင်အိုဒင်း ချို့တဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်း ပါဝင်မှုများတဲ့ ပင်လယ်စာ၊ ကြက်ဥနဲ့ နို့ထွက်ပစ္စည်းတွေ စားပေးပါ။ အရေးကြီးတဲ့ အချက်ကတော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီပြပြီး သိုင်းရွိုက်ကို ကောင်းစွာ စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

အတူနေစဉ် နာကျင်ခြင်း

ဘာသိသင့်သလဲ
လင်မယား နှစ်ယောက်အတူ ဆက်ဆံခြင်းဟာ အသက်ကြီးလာတာနဲ့အမျှ တစ်ခါတစ်ရံ နာကျင်တတ်ပါတယ်။ အထူးသဖြင့် မီးယပ်သွေးဆုံးပြီးနောက် အမျိုးသမီးလိင်အင်္ဂါ ယောနိပိုပြီး ခြောက်သွေ့ပါးလွှာကာ ကျုံ့သွားတတ်တာကြောင့်ပါ။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ အတူဆက်ဆံစဉ် နာကျင်ခြင်းဟာ သားအိမ်ရောဂါတွေနဲ့ မမျိုးဥအိမ် ရေအိတ်တည်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလိုအခြေအနေတွေဟာ အရေးကြီးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

ဘာလုပ်နိုင်သလဲ
သားဖွားနဲ့ မီးယပ်ဆရာဝန်ကြီးတွေကို သွားပြပါ။ အမျိုးသမီးအင်္ဂါ ခြောက်သွေ့တဲ့ ပြဿနာဆိုပါက ဟော်မုန်းခရင်မ်တွေ၊ ချောဆီတွေ သုံးပေးနိုင်ပါတယ်။ တချို့ကိစ္စတွေမှာ လိင်အင်္ဂါကို ချဲ့ပေးနိုင်ပါတယ်။ ရာသီလာစဉ် နာကျင်တာ၊ သွေးအဆင်းများတာတို့ပါ ဖြစ်ပါက သန္ဓေတားဆေး ဒါမှမဟုတ် သားအိမ်တွင်းထည့် ပစ္စည်း (IUD) တို့ကို ထည့်ပေးနိုင်ပါတယ်။ ပရိုဂျက်စ်တိုဂျင် ဟော်မုန်းကို မပြတ်ထုတ်ပေးတာကြောင့် ဓမ္မတာရာသီကို ပုံမှန် ဖြစ်စေနိုင်ပါတယ်။

အမြဲတစေ ခါးနာခြင်း

ဘာသိသင့်သလဲ
ခြောက်လနဲ့အထက် တစ်ရက်မပျက် ခါးနာနေပါက သင့်ဦးနှောက်ရှိ တချို့ နေရာတွေ ကျုံ့နေနိုင်ပါတယ်။ ဦးနှောက် ပမာဏ လျော့နည်းခြင်းက ပုံမှန်သက်တမ်းရဲ့ နှစ်နှစ်ဆယ်နဲ့ ညီမျှနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်က အဆက်မပြတ် ခါးနာခြင်းကို ရင်ဆိုင်ရပါက နာကျင်မှုကို လက်ခံတဲ့ ပုံစံတွေ ပြောင်းလဲသွားနိုင်တာကြောင့်ပါ။ နောက်ပြီး ခါးနာခြင်းဟာ စိုးရိမ်ပူပန်ခြင်းကိုလည်း ဖြစ်စေပြီး ကြွက်သား ပရိုတင်းကို ထိခိုက်စေ၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေကာ မလိုအပ်တဲ့ အဆီစုစေနိုင်တဲ့ ဟော်မုန်းတွေကို ထွက်ရှိစေပါတယ်။

ဘာလုပ်နိုင်သလဲ
ခါးနာတဲ့သူတွေဟာ လေ့ကျင့်ခန်း လုပ်လေ့ မရှိသူတွေဖြစ်တာကြောင့် ကျန်းမာဖျတ်လတ်နေဖို့ လိုပါတယ်။ တစ်နေ့ကို ခြေလှမ်း ၁၀၀၀၀ လှမ်းပေးခြင်းနဲ့ စတင်ကာ နောက်ပိုင်း လေ့ကျင့်ခန်းတိုး လုပ်ပေးပါ။ ခြောက်ပတ်နဲ့ အထက် ခါးနာမှု မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

သွားဖုံးသွေးထွက်ခြင်း

ဘာသိသင့်သလဲ
သွားဖုံး သွေးထွက်ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယားပိုးတွေ စုနေတာကြောင့် သွားဖုံးရောင်လာကာ သွားဖုံးရောင်ရောဂါ ဖြစ်လာခြင်းကြောင့်ပါ။ ဒါကို အလေးမထားဘဲ မနေသင့်ပါဘူး။ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါနဲ့ လေဖြန်းခြင်းတို့နဲ့ ဆက်စပ်မှု ရှိတာကြောင့် ဖြစ်ပါတယ်။

ဘာလုပ်နိုင်သလဲ
ခုချက်ချင်း ဆေးလိပ်ဖြတ်ပါ။ သွားဖုံးအရောင် လျော့သွားပါလိမ့်မယ်။ သွားနဲ့ ခံတွင်းသန့်ရှင်းဖို့ အရေးကြီးသလို သွားကျောက်တည်ခြင်း၊ ကြေးတင်ခြင်း မဖြစ်အောင် သွားဆရာဝန်ထံ သွားသန့်ရှင်းရေး ပြုလုပ်သင့်ပါတယ်။ သွားဆရာဝန်ထံ ပုံမှန်ပြသ အစစ်ဆေးခံပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ ဆီးချိုရောဂါသည်တွေဟာ သွားဖုံးရောဂါ အဖြစ်များလို့ အစစ်ဆေးခံသင့်ပါတယ်။

အိပ်နေစဉ်ဟောက်ခြင်း

ဘာသိသင့်သလဲ
အိပ်နေစဉ် ဟောက်ခြင်းဟာ Sleep Apnoea (အိပ်နေစဉ် အသက်ရှူရပ်ခြင်း) ဖြစ်နိုင်ခြေ များတတ်ပါတယ်။ အိပ်နေစဉ် အသက်ရှူရပ်တဲ့ ရောဂါဟာ လည်ချောင်း အနောက်ဘက်ရှိ တစ်သျှူးပျော့လေးတွေ လျော့ရဲပြီး အသက်ရှူလမ်းကြောင်း အပေါ်ဘက်ကို ပိတ်ဆို့တာကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ တစ်နာရီမှာ အကြိမ် ၁၀၀ လောက် ပိတ်ဆို့တတ်ပါတယ်။ အသက်ရှူမဝခြင်းကြောင့် အောက်ဆီဂျင် လျော့နည်းခြင်း၊ အိပ်ရေး ကောင်းစွာမဝခြင်းတို့ဟာ သွေးတိုးခြင်း၊ လေဖြန်းခြင်း၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ နေ့ဘက် အိပ်ငိုက်ခြင်းနဲ့ ယာဉ်တိုက်မှု ဖြစ်ခြင်းတို့တောင် ဖြစ်နိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
ဆရာဝန်နဲ့ ပြသပြီး Sleep Apnoea ရှိမရှိ အစစ်ဆေးခံပါ။ ကိုယ်အလေးချိန် လျှော့ခြင်းက အိပ်နေစဉ် ဟောက်ခြင်းနဲ့ Apnoea တို့ကို လျှော့ချနိုင်သလို ဘေးတစောင်း အိပ်ခြင်းကလည်း လျှော့ချနိုင်ပါတယ်။ အရက်နဲ့ အိပ်ဆေးရှောင်ပါ။ နှစ်မျိုးစလုံးက ကြွက်သားတွေကို ဖြေလျှော့ပေးတာကြောင့် ပြဿနာပိုဆိုးနိုင်ပါတယ်။

နံရိုးအောက် နာကျင်ခြင်း

ဘာသိသင့်သလဲ
ရင်ဘတ်အောက် အထူးသဖြင့် ညာဘက်ခြမ်းမှာ အောင့်ပါက သည်းခြေကျောက်ကြောင့် ဖြစ်နိုင်ပါတယ်။ အသက် ၂၀ မှ ၆၀ ကြားအရွယ်မှာ ဖြစ်တတ်ကာ အမျိုးသမီးတွေက အမျိုးသားတွေထက် ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကို ပိတ်စေနိုင်ကာ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သည်းခြေကျောက်ဆိုတာဟာ တကယ်တော့ ကိုလက်စထရောတွေ မာကျောကာ ခဲသွားခြင်း ဖြစ်ပြီး လေးစင်တီမီတာ အရွယ်လောက်ထိ ကြီးနေနိုင်ပါတယ်။

ဘာလုပ်နိုင်သလဲ
မျိုးရိုးလိုက်ခြင်းကြောင့် အများဆုံး ဖြစ်နိုင်ကာ မျိုးရိုးမှာ ဒီရောဂါရှိပါက ကာကွယ်နိုင်တဲ့နည်းလမ်း သိပ်မရှိပါ။ ဆရာဝန်နဲ့ ပြသကာ Ultrasound ရိုက်ကြည့်ပါ။ ရင်ပြည့်ခြင်း၊ ပျို့ခြင်း၊ အစာမကြေခြင်းတို့ပါတွဲပြီး ဖြစ်နေရင်ပေါ့။ အဝလွန်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဝိတ်လျှော့ပါ။ ဒါပေမဲ့ ဖြည်းဖြည်းနဲ့ မှန်မှန်သာလျှော့ပါ။ ရုတ်တရက် စိတ်ပျော့သွားပါက အသည်းကနေ ကိုလက်စထရောတွေ အထွက်များပြီး သည်းခြေကျောက် ဖြစ်စေနိုင်တာကြောင့်ပါ။

ဒေါက်တာနုမြတ်

သင့်အမျိုးသားကို ကျွေးသင့်သော အစာ ၁၀ မျိုး


စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုးသားတွေရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့်အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁) ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှသာ နှလုံးရောဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂) ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးမှာ ရောင်ရမ်းမှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေအတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄) ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅) သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရိုတီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင်တာကြောင့် သွေးတိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင်နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲမှုနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၆) သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့အပြင် နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျ စေပါတယ်။

(၈) အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

(၉) ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၁၀) လက်ဖက်စိမ်း လက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်
GOOD HEALTH

VIPခရီးစဉ်အတွက် ဆက်သွယ်ရေးအင်တာနာပြင်စဉ် သုံးဘီးသမားများ တစ်ဦး ဓာတ်လိုက်သေဆုံး




ယမန်နေ့နေ့လည် ၁း၂၀နာရီ အချိန်တွင် လားရှိုးယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးဝန်း အတွင်း၌ လျှပ်စစ်ဓါတ်လိုက် သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။

လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့ ဌာနသည် VIP-ခရီးစဉ်အတွက် ဆက်သွယ်ရေး အင်တာနာတိုင်အား ပြင်ဆင်ရန် နဂိုမူလ တပ်ဆင်ထားသော ဆက်သွယ်ရေး
အင်တာနာ သံပိုက်လုံးအား ဖြုတ်ကာ အသစ်တိုးချဲ့ တပ်ဆင်ရန်အတွက်
သုံးဘီးယာဉ်မောင်း သမားများကို အခကြေးငွေပေး၍ အကူအညီတောင်းခံ
ပြုလုပ်ခိုင်းရာမှ ယခုကဲ့သို့ ဓါတ်လိုက်သေဆုံး ရခြင်းဖြစ်ကြောင်းသိရသည်။

ပေလေးဆယ်ကျော်မြင့်သော ဆက်သွယ်ရေး အင်တာနာတိုင်သည် ၎င်းယာဉ်ထိန်းရုံးဝန်းတွင်းရှိ သရက်ပင် အနီးတွင် ရှိပြီး အများပြည်သူသွား ကားလမ်းဘေးရှိ ဗို့အားမြင့် လျှပ်စစ်ကြိုးတန်းနှင့်လည်း ကပ်လျှက်
ရှိနေခြင်း ဖြစ်သည်။ သုံးဘီးယာဉ်မောင်းသမား (၃)ဦးသည် ခါးလည်၌ သံပိုက်ဆက် မူလီနပ်ကိုဖြုတ်ရင်း တစ်ဦးက ပိုက်လုံးကို ဆွဲချွတ်ရာ အားမနိုင်ဘဲ လမ်းဘေးအနီးရှိ ဗို့အားမြင့်ဓါတ်ကြိုးတန်းပေါ်သို့ လှဲကျ ဓါတ်လိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ဦးမှာ အောက်သို့ ပြုတ်ကျ၍ သိတိမေ့သွားကြောင်း၊ ယာဉ်ထိန်းရဲမှ EPC-ဌာနသို့ ဖုန်းဆက် အကြောင်းကြားကာ EPC-မှ အချိန်မီ မီး ဖြတ်ပေး၍ ဓါတ်လိုက်နေသူ ဝေယံမင်း ဆိုသူမှာ အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအား အရေးပေါ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသသော်လည်း
သေဆုံးသွားကြောင်း၊ ကျန်နှစ်ဦးမှာ ခေါင်း၊ ခြေ၊ လက်ဒဏ်ရာများ ရသွားကြောင်း အသက်မစိုးရိမ်ရ အနေအထားရှိကြောင်း လားရှိုး ပြည်သူ့
ဆေးရုံမှ သိရသည်။

သေဆုံးသူသည် အသက်(၂၄)နှစ်ရှိပြီး လားရှိုးမြို့ ရပ်ကွက်(၉)၊ နယ်မြေ
(၁၁)တွင် နေထိုင်သူဖြစ်ပြီး ကျန်နှစ်ဦးအနက် ဒဏ်ရာရ အောင်ကိုဝင်းမှာ အသက်(၃၂)နှစ်၊ ရပ်ကွက်(၄)၊ နယ်မြေ(၁၆)မှဖြစ်ပြီး ကျန်ဒဏ်ရာရသူ
တစ်ဦး ဇော်လတ်ဆိုသူမှာ ရပ်ကွက်(၁)တွင် နေသူဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။

သေဆုံးသူနှင့် ပတ်သက်၍ လားရှိုးယာဉ်ထိန်းတပ်ဖွဲ့မှ သင်္ဂြိုလ်စရိတ်များ အကုန်အကျခံကာကူညီပေးကြောင်း၊သေဆုံးသူ၏ ဆွေမျိုးများကိုလည်း
ထောက်ပံ့ ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ ဒဏ်ရာရ ကျန်နှစ်ဦးကို
လည်းဆေးရုံတက်ရောက် ကုသခွင့် စရိတ်များကို ၎င်းယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ယူခဲ့ကြောင်း၊ သေဆုံးသူနှင့် ဒဏ်ရာရ ကာယကံရှင်များဘက်မှ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မ ရဲစခန်းမှ သေမှုသေခင်းအရ (ပ)၁၁/၂၀၁၃ဖြင့် အမှုဖွင့် ထားကြောင်း ၎င်းရဲစခန်းမှ သိရသည်။

ထွန်းထွန်း
The Myanma Age

ဘုရားခြေတော်ရာ ပျောက်ဆုံး

ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ရှားတောအုပ်စု ဘုရားသုံးဆူ အရှေ့ကျောင်းတိုက် အထက်စက်တော်ရာစေတီမှ ဘုရားခြေတော်ရာမှာ သြဂုတ်လ ၁၄ ရက်နေ့က ပျောက်ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အထက်စက်တော်ရာစေတီ၏ အနောက်မြောက်ထောင့် ရာဟုထောင့်ရှိ အလျားရှစ်ပေခွဲ၊ အနံရှစ်ပေခွဲ၊ အမြင့်ငါးပေ ဆယ်လက်မ ကျောင်းဆောင် အတွင်း အုတ်အင်္ဂတေဖြင့် ငုံလျက် ပူဇော်ထားရှိသည့် ခြေတော်ရာ ပျောက်ဆုံးခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က မြေကြီးအတွင်းမှ တူးဖော်ရရှိခဲ့သည့် အဆိုပါခြေတော်ရာမှာ အလျား ငါးပေ၊ အနံ ခြေဖဝါးတော် သုံးပေ၊ ခြေဖနောင့်တော် နှစ်ပေခွဲခန့် ရှိကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကျောက်သားအား ထွင်းထုထားသော ဝဲဘက်ခြေတော်ရာပုံဖြစ်ပြီး အုတ်အင်္ဂတေမှခွာ၍ ခိုးယူခြင်း ဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆိုသည်။

ယင်းအမှုကို (ပ) ၇၆/၂၀၁၃၊ ပုဒ်မ ၃၈၀/၂၉၅ ဖြင့် အမှုဖွင့်ထားကြောင်း မြန်အောင် မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

သေချင်ပေမယ့် အချိန်မကျသေး၍ မသေ


တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားတဲ့ မိန်းကလေး ကို ရဲတပ်ဖွဲ့က ကယ်ဆယ်ခဲ့ပါတယ်။

ဖြစ်ပုံက တိုက်ပေါ်ကနေ ခုန်ချပေမယ့် အောက်မရောက်ပဲ ကြော်ငြာဘေဘုတ်မှာ ငြိနေတုန်း ရဲတပ်ဖွဲ့က သူမကို ဖျောင်းဖျပြီး ကယ်ဆယ်ခဲ့တာ ဖြစ်ပါတယ်။

News of Myanmar

ရင်သားကင်ဆာကို တားဆီးနိုင်သောကြက်ဟင်းခါးသီး(အမျိုးသမီးများအတွက်)


ကြက်ဟင်းခါးသီးတွင် ပါဝင် သောဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီး နိုင်သည့် အစွမ်းရှိကြောင်း အမေရိ ကန်မှ သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။
ကြက်ဟင်းခါးသီးတွင် ပါဝင် သည့်ဓာတ်ပစ္စည်းများသည် ရင်သား ကင်ဆာဖြစ်ပွားတိုးတက်စေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေ မှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို သေဆုံးစေရန်လည်း လှုံ့ဆော်ပေး နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးပြီး တိရစ္ဆာန် တွင် ပထမဆုံးစမ်းသပ်ကာ ယင်း နောက် လူသားတွင်လည်း စမ်းသပ် ရန် လိုအပ်နေသေးကြောင်း ကင်ဆာ သုတေသနဂျာနယ်တွင်ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေ ရိကန်နိုင်ငံကော်လိုရာဒိုတက္ကသို
လ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။ကြက်ဟင်းခါးသီးအမြောက် အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေ ပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။ ကြက်ဟင်းခါးပင်များမှာ အာရှ၊ အာ ဖရိကနှင့် တောင်အမေရိကတွင် ပေါက်ရောက်သည်။ ယခင်ကတည်း က ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ် သည်။ ကြက်ဟင်းခါးသီးမှထုတ်ယူ သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က ”ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက အနည်းငယ်က ပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ ဝေဒနာရှင်တွေအတွက် အကျိုးရှိသ လား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်”ဟု သုံးသပ်ခဲ့သည်။
မြ၀တီ

မျက်ကွင်းညိုနေပါသလား


အမျိုးသားများထက် အမျိုးသမီးများတွင် မျက်ကွင်းညိုတတ်ကြပြီး၊ အမှတ်တမဲ့ကြည့်ပါက နေမကောင်း၍ နုံးချိအားနည်းနေပုံ ပေါ်စေပါတယ်။ မျက်ကွင်းညိုခြင်းကို မိက်ကပ်ဖြင့်ဖုံးဖိမရသလို၊ ဆေးသိပ္ပံနည်းများဖြင့် အရေပြားခွဲစိပ်ပြုပြင်ဘို့ လည်း အင်မတန် မှ ခက်ခဲလှပါတယ်။ မွေးရာပါ (သို့ မဟုတ်) မျိုးရိုးဗီဇကြောင့် မျက်ကွင်းညိုခြင်းကို ယနေ့ အချိန်ထိ ရိုးရာကုထုံးရော၊ သိပ္ပံဆေးဝါး များဖြင့် ထိထိရောက်ရောက် ကုသနိုင်ခြင်းမရှိသေးပါ။ သို့ သော် နေထိုင်စားသောက်ပုံ မမှန်ခြင်းကြောင့်လည်း ရံဖန်ရံခါ မျက် ကွင်းညိုတတ်ပေရာ၊ အောက် ပါ ဆောင်ရန်ရှောင်ရန်နည်းများဖြင့် ညိုသူဖြူ၍ ပြုံးပျော်နိုင်ကြပါစေရန် မျှဝေလိုက်ရပါတယ်။

၁။ အာလူးကို အခွံနွှာကြိတ်ချေပြီးရလာသော အနှစ်ကိုမျက်ကွင်းတ၀ိုက် လိမ်း အိပ်ပါ။ ဤနည်းဖြင့် ရက်သတ္တ ၁-ပတ်လျှင် ၃-ကြိမ်လုပ်ပေးပါ။

၂။ သခွားသီပါးပါးလှီးပြီး၊ မျက်ခွံနှင့်မျက်လုံးတ၀ိုက် ၁၅-မိနစ်လောက်ကပ်ထားပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေသည့် အပြင်၊ ဖောင်းအစ်၍ မျက်လုံးပင်ပန်းနွမ်းနယ်မှုကိုပါ သက်သာစေပါတယ်။

၃။ နံက်အိပ်ယာထ ၁၀-မိနစ်လောက် လဲလျောင်းပြီး၊ အေးမြသော လ္ဘက်ခြောက်ထုပ်(green tea bag) ၂-ထုပ်ကို မျက်လုံး ရဲ့  တစ်ဖက်စီပေါ်တင်ပေးပါ။ လ္ဘက်စိမ်းထဲတွင် ပါရှိသော tannin ဓာတ်က အရေပြားကို အားသစ်လောင်း လန်းဆန်း စေပြီး၊ မျက်ကွင်းညြိုခင်းကို သက်သာလာစေပါတယ်။

၎။ ဗာဒံစေ့အဆီကို မျက်ကွင်းတ၀ိုက်လိမ်း၍အိပ်ပါ။ ရက်သတ္တ ၂-ပတ်တိတိ ညစဉ်လိမ်းပေးပါက အကျိုးထူးခံစားရပါလိမ့် မယ်။

၅။ စိတ်ဖိစီးခြင်းကလည်း မျက်ကွင်းကိုညိုစေတတ်၏။ ယောဂ ကျင့်စဉ်မှ pranayama (ခေါ်) အသက်ရှုလေ့ကျင့်ခဏ်း သည် စိတ်ဖိစီးမှုများကို ထိန်းချုပ်ပေးနိုင်သဖြင့် တစ်နေ့ လျှင်အနည်းဆုံး ၅ မိနစ်မျှ လေ့ကျင့်ခဏ်းလုပ်ပါ။

၆။ ချေထားသော ပူဒီနာရွက်(ပူစီနံရွက်) ကို မျက်လုံးတ၀ိုက်ကပ်ပေးပါ။ ပူစီနံ ရဲ့  အေးမြတဲ့အစွမ်းက မျက်လုံးပင်ပန်းမှုကို ဖြေလျော့ပေး ပါတယ်။

၇။ ရေဓာတ်အလုံအလောက်ရရှိခြင်းကလည်း မျက်ကွင်းညိုခြင်းကို သက် သာစေ လို့  ရေများများသောက်ပေးပါ။

၈။ အထူးသဖြင့် ဗီတာမင်ကေ နှင့် ဗီတာမင် B12 ပါသော လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များများစား ပေးပါ။

၉။ လုံလောက်စွာ မအိပ်စက်နိုင်ခြင်းက သွေးလည်ပတ်မှုမကောင်းစေတော့ဘဲ၊ မျက်လုံးတ၀ိုက်ညိုလာစေတတ်၍ အိပ်ရေး ၀၀ အိပ်ပါ။ အထူးသဖြင့် မကြာခဏမျက်ကွင်းညိုသူများ တစ်ညလျှင် ၇ နာရီမှ ၉ နာရီအထိ အိပ်စက်သင့်ပါတယ်။

၁၀။ ခရမ်းချဉ်သီးအနှစ်တွင် သံပုရာရည်ရောစပ်ပြီး၊ မျက်ကွင်းတ၀ိုက် တစ်နေ့ ၂ ကြိမ်မျှ လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရော အနှောများ မ၀င်အောင်သတိထားပါ)

၁၁။ အချို့ သောသူများမှာ အစားအစာတွင်ဓာတ်မတည့်မှုဖြစ်ပြီး၊ မျက်ကွင်းညိုလာတတ်၍ သတိဖြင့်ဆင်ခြင်သုံးသပ်ပါ။ ကျန်း မာရေးကြောင့် အသုံးပြုရသော ပိဋိဇီဝဆေးအချို့ ဖြင့် ဓာတ်မတည့်ခြင်းအတွက် မျက်ကွင်းညိုလာတဲ့အခါ ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်ပါ။ လိုအပ်လျှင် အရေပြားရောဂါအထူးကဆရာဝန်ဖြင့် ကုသမှုခံယူပါ။

၁၂။ မျက်ကွင်းညိုခြင်းကို ကောင်းကျိုးပြုစေသော ပျားရည်၊ ထောပတ်သီး၊ jojoba အဆီ၊ သိုးထောပတ်ဆီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ စသည်တို့ ဖြင့် ပြုလုပ်ထားသည့် မျက်လုံးတ၀ိုက်လိမ်းရသော ကရင်မ်များကိုရွေးချယ်ပါ။

၁၃။ ဆေးလိပ်သောက်ခြင်းသည် ကျမ္မာရေးထိခိုက်စေရုံသာမက၊ ခန္ဓာကိုယ်ထဲ ဗီတာမင်စီဆုံးရှုံးစေပြီး အရေပြားအိုမင်းကာ၊ အရေပြားအောက်ရှိ သွေးလွှတ်ကြောများ အပြာရောင်ဘက်သန်း၍ မျက်ကွင်းညိုစေလာပါတယ်။ ဒါ့ပြင် စီးကရက်မီးခိုး ငွေ့များဟာ မျက်လုံးသွေးခြေဥရောင်ကိုင်းစေတတ်သဖြင့် မျက်ကွင်းညိုသူများ ဆေးလိပ်ဖြတ်ပါ။ (သို့ မဟုတ်) ဆေး လိပ်သောက်သူ နှင့် ဝေးဝေးနေပါ။

၁၄။ နာနတ်သီးအနှစ်ကို နနွင်းနည်းနည်းထဲ့ပြီး မျက်ကွင်းတ၀ိုက်လိမ်းပေးပါ။ (မျက်လုံးထဲ ထိုအရော အနှောများ မ၀င်အောင်သတိ ထားပါ)

၁၅။ နေရောင်ခြည်ထဲမှ ပါလာသော ခရမ်းလွန်ရောင်ခြည်များဟာ အရေပြားတွန့် ပြီး မျက်နှာပေါ်အမဲစက်ပြောက်များ ဖြစ် စေကာ၊ ထိုအမဲစက်များပြန့် နှံ့ လာပြီး မျက်ကွင်းညိုစေပါတယ်။ နေရောင်ခြည်တိုက်ရိုက်မထိတွေ့ နိုင်အောင် နေကာ မျက်မှန်တပ်ပြီး၊ SPF 30 (သို့ မဟုတ်) ၄င်းထက်ပိုသော နေရောင်ခံမျက်နာလိမ်းကရင်မ် လိမ်းပြီးမှ နေပူထဲတွက်ပါ။

၁၆။ စိတ်ဖိစီးမှုများခြင်း နှင့် စိတ်ဝေဒနာများကလည်း မျက်ကွင်းညိုစေတတ်ပါတယ်။ ရေကူးခြင်း၊ မျက်စေ့မှိတ် လဲလျောင်းပြီး သီချင်းနားထောင်ခြင်း (သို့ မဟုတ်) သီချင်းဆိုခြင်းဖြင့်  စိတ်ဖိစီးမှုကို ဖြေဖျောက်ပါ။

၁၇။ မျက်ကွင်းညိုခြင်းရဲ့ အဓိကတရားခံဟာ ဆား စားသုံးမှုလွန်ကဲခြင်းကြောင့်လို့ ဆိုပါတယ်။ ဆား (၀ါ) ဆိုဒီယမ် ကြွယ်ဝ သော အစားအစာများ လျော့စားပေးပါ။

(ပေါက်ပေါက်…မျှဝေသည်)
မြ၀တီ

ရှေးအာမေးနီးယန်းအုတ်ဂူများ လင်ဇင်းကုန်းသုသာန်တွင်တွေ့

မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်ခန့် ကတည်းက ရှိခဲ့သည့်ဟု ယူဆရသည့် အာမေးနီးယန်း လူမျိုးများ၏ ရှေးကျသော အုတ်ဂူများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ လင်ဇင်းကုန်းသုသာန် အနောက်မြောက်ဘက်တွင် တွေ့ရှိကြောင်း မြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က The Voice သို့ ပြောကြားသည်။

လွန်ခဲ့သော နှစ် ၇၀ ခန့်က အဆိုပါ နေရာတွင် ရှေးကျသော အာမေးနီးယန်း လူမျိုးများ၏ အုတ်ဂူ ၁၁ ဂူခန့် ရှိခဲ့သည်ကို သမိုင်းဆိုင်ရာ အထောက်အထား အချို့အရ သိရကြောင်း၊ လက်ရှိအဆိုပါ လင်ဇင်းကုန်းသုသာန် မြေနေရာ များကို ပြောင်းရွှေ့ခိုင်းသည့် အချိန်တွင်လည်း အာမေးနီးယန်း လူမျိုး ရှေးအုတ်ဂူများ တွေ့ရှိရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ချုံတွေနဲ့ ဖုံးနေတော့ အုတ်ဂူ ဘယ်နှလုံး ရှိလဲမသိဘူး။ ဒီအတိုင်း မြင်နေရတာကတော့ ရှေးအုတ်ဂူ နှစ်လုံးပဲ မြင်သာတယ်” ဟု တမ္ပဝတီ ဦးဝင်းမောင်က ဆိုသည်။

အဆိုပါ လင်ဇင်းကုန်းသုသာန် အနီးရှိ ရှေးကျသော အာမေးနီးယန်း လူမျိုးများ၏ အုတ်ဂူများကို ကမ္ပည်းကျောက်စာများ အခိုင်အမာ ရှိသဖြင့် မပြောင်းရွှေ့ဘဲ ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေး ဌာနခွဲ) မှ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာ ကုန်းဘောင်မင်းဆက်များ ဖြစ်သော သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း လက်ထက်တို့၌ ခရစ်ယာန် ဘာသာဝင် အာရှနွယ်ဖွား အာမေးနီးယန်း လူမျိုးများက မြန်မာဘုရင်များထံ ခစားကာ အလုပ်လုပ်ခဲ့ကြကြောင်း၊ အဆိုပါ အုတ်ဂူများသည် ရှေးကျသော အုတ်ဂူများဖြစ်ပြီး မြန်မာဘုရင်များထံ ခစားခဲ့သည့် အာမေးနီးယန်း လူမျိုးများ ရှိခဲ့သည့် အထောက်အထား ဖြစ်နိုင်ကြောင်း တမ္ပဝတီ ဦးဝင်းမောင်က ထပ်လောင်းပြောကြားသည်။

The Voice

ဟက်ကာတွေရဲ့ လက်ချက်ကြောင့် လေဒီဂါဂါ၏ Applause သီချင်းကို ကတိုက်ကရိုက် ဖြန့်ချိ


နိုဝင်ဘာလမှာ ဖြန့်ချိမယ့် လေဒီ ဂါဂါရဲ့ ARTPOP အယ်လ်ဘမ်ထဲက Applause တေးသီချင်းသည် ဟက် ကာများ၏ လက်ချက်ကြောင့် အွန်လိုင်း မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဂါဂါက ၄င်းသီချင်း ကို သတ်မှတ် ရက်ထက်စောပြီး ဖြန့်ချိခဲ့ ကြောင်း သိရသည်။

Applause သီချင်းကို အမေရိကရှိ ရေဒီယိုများတွင် နားဆင် ခံစားနိုင်ပြီ ဖြစ် သည်။

”ဟက်ကာတွေကြောင့် ကျွန်မ သီချင်းက ပျံ့နှံ့နေတာကြောင့် သတ်မှတ် ရက်ထက်စောပြီး ကတိုက်ကရိုက် ဖြန့်ချိ လိုက်ရတယ်။ ဒါ့အပြင် Applause သီချင်းကို Apple Stores တွေမှာ ဝယ်လို့ ရပါတယ်”ဟု ၄င်းက တွစ်တာ စာမျက်နှာပေါ်၌ ရေးသားထားသည်။

Born This Way အယ်(လ်)ဘမ် ဖြန့်ချိခဲ့ပြီး နှစ်နှစ်နောက်ပိုင်း မှ ARTPOP ကို ဖြန့်ချိရန် စီစဉ်ခြင်းဖြစ် သည်။ ARTPOP အယ်လ်ဘမ်ကို နိုဝင်ဘာ ၁၁ ရက်မှာ ဖြန့် ချိဖြစ်ပြီး သတ်မှတ်ရက် ထက်စော၍ ဖြန့်ချိရန် အစီအစဉ် မရှိသေးကြောင်း ဂါဂါက ပြောကြားသည်။

သိင်္ဂီဝင်း
Ref: E! Online
Popular Myanmar News Journal

လိင်တူပေါင်းဖက်ခြင်းနှင့် ဘာသာတရား ရိုးရာယဉ်ကျေးမှု


FB မှာ ဆွေးနွေးကြရင်းနဲ့ ကိစ္စတစ်ခု ပြောစရာရလာပြန်ပြီ။ အဲဒါကတော့ In English HOMO and In Burmese A Chauk အခြောက် ပြဿနာပါ။ ကျွန်မ expert ဖြစ်လို့တော့ မဟုတ်ပါ။ မြင်မိတာလေးတွေ ပေါ့။ ဒီကိစ္စက ကျွန်မတို့ နိုင်ငံလို ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးရောထွေး နေတဲ့ တိုင်းပြည်မျိုးမှာ အပြစ် တစ်ခု ရှက်စရာ ကိစ္စတစ်ခုအဖြစ် ခံယူနေကြတုန်းပါ။ ငါးပါးသီလ ထဲက ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မိ တဲ့သူဟာ နောက်ဘဝ လူပြန်ဖြစ်ရင်တောင် မိန်းမလျာအ ဖြစ် အခြောက် အဖြစ် မွေးဖွားလာမယ်ရယ်လို့ ပြင်းပြင်းထန်ထန် ယူဆကြတာကိုး။

တကယ်တော့ ဒါဟာ မျိုးရိုးဗီဇနဲ့ပဲ ဆိုင်ပါ တယ်။ အခြောက်ဖြစ်ရတာက ဘယ်သူဇာတ်သွင်း လို့မှမဟုတ်ဘဲ အခြောက်ဖြစ်ဖို့ပဲ မွေးဖွားလာ လို့ပါ။ ဒါကို အတ္တကြီးတဲ့ မိဘတွေက သူတို့မျိုးရိုး ဗီဇကြောင့်လို့ လက်မခံဘဲ ကလေးကို အတင်း အဓမ္မ ယောက်ျားဇာတ်သွင်းကြတော့တာပါပဲ။ အဲဒီမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ကုန် ပါပြီ။ ကျွန်မသူငယ်ချင်း အခြောက်ကလေးတချို့ ရဲ့ မိဘတွေဆို သူများတွေက ဟေ့ကောင် မင်း သမီးနဲ့တွေ့ခဲ့တယ်၊ ဘာညာ လမ်းမှာအစခံရရင် အိမ်ပြန်ရောက်တာနဲ့ ကလေးကို အသေဆော် တော့တာ ပဲ။ မိဘရော သားမှာပါ နာကြည်းရပါ တယ်။ ဒီကိစ္စကို ကျွန်မ ဧည့်သည် Homo တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ကလေးကတော့ တစ်သက် လုံး ပြောင်းမှာမဟုတ်တော့ပါ။

မိဘရဲ့ စိတ်ကိုပဲ ပြောင်းရမှာပါတဲ့။ နာတော့ နာကျင်ရတာပေါ့။ ဗုဒ္ဓဘာသာမှာ သားရှင်ပြုရတာ အမြတ်ဆုံးလို့ ယူဆကြ တာ ကိုး။ ဖြစ်ချင်သလို မဖြစ်နိုင်တဲ့ လောကကြီးမှာ ဖြစ်လာတာကိုပဲ အသင့်အတင့် နှလုံးသွင်းရတော့မှာပဲနော်။ မြန်မာပြည်က မိဘ တွေရဲ့ ကိုယ့်ကိုယ်ကိုယ် ညာနည်းတစ်မျိုးကတော့ ငါ့သားက နူးညံ့ညင်သာတာပါ၊ အချိန်တန် မိန်းမပေးစားလိုက်ရင် စိတ်ပြောင်းသွားမှာဆိုပြီး ကိုယ့်ပြဿနာထဲ မဆီမဆိုင် တခြားမိန်းကလေး ကိုပါ ဆွဲသွင်းပါတော့တယ်။ မြန်မာပြည်က မိန်း ကလေး တော်တော်များများဟာ Homo တွေကို Homo လို့ မသိကြပါဘူးရှင်။

Sex ကိစ္စမှာလည်း ဒီနိုင်ငံက သိပ်စိတ် ပါတာမျိုးမဟုတ်တော့ ကိုယ့် ယောက်ျား ကိုယ့်နား သိပ်မကပ်လှ ရင်တောင် သက်သာတယ်လို့ ယူဆကြပါတယ်။ တစ်ခါ ယောက်ျားက တခြားမိန်းမနဲ့တွဲရင်တော့ နောင် ဂျိန်ပလေးမှာ အသေအချာဖြစ်ပြီး ယောက်ျား လေးတွေ တရုန်းရုန်းနဲ့နေရင်တော့ ယောက်ျား ချင်းဆိုပြီး အကြီးကျယ် သဘောခွေ့နေတော့ တာပါ။

တစ်ခါတလေများ ကျွန်မတို့မှာ ဘေးကနေ မြင်နေတယ်၊ သိနေတယ်။ သွားပြောရင်မယုံမယ့် အပြင် သူ့ယောက်ျားစော်ကားရပါမလားဆိုပြီး ပါးရိုက်လိုက်မှာကြောင့် အူကလိကလိနေအောင် ယားသော်လည်း သွားမပြောဝံ့ကြောင်းပါ။

တကယ် တမ်းဆိုရင်တော့ နှစ်ဦးနှစ်ဖက်နစ်နာလှပါတယ်။ မြန်မာပြည်ရဲ့ အမြင်က အခြောက်ဆိုရင် မိတ် ကပ်တွေလိမ်း ပန်းတွေပန် ရှောက်သီးဆေးပြား ရောင်းတဲ့ပုံပဲ မြင်တာဟာ သူတို့ရဲ့ အမှားပါပဲ။ ကျွန်မတို့ ကျတော့လည်း အလုပ်သဘာဝအရ ခဏခဏ Homo ဧည့်သည်တွေ တစ်ခါတရံဆို Homo လင်မယား တွေနဲ့ ခရီးသွားနေရလို့ သူတို့ ရဲ့သဘောသဘာဝတွေကို သိနေပါပြီ။

ဒီမှာဆို လည်း ဘယ်လောက်ပဲ ယောက်ျား ဟန်ဆောင်ထား ပစေ ခဏစကားပြောကြည့်လိုက်တာနဲ့ သူရဲ့ဝတ် စားဆင်ယင်ပုံ အသုံးပြုတဲ့ ပစ္စည်းလေးတွေကြည့် လိုက်တာနဲ့ Homo မှန်း သိသာပါတယ်။

တစ်ခါတလေတော့လည်း ကျွန်မတို့လို Guide တွေတောင် မျက်စိလည်သွားရတဲ့အဖြစ် မျိုး တွေ့ရပါတယ်။ ဒီကိစ္စက ကျွန်မတို့ကြားထဲ တင်ဖြစ်သွားတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်လောက်တုန်း က ထင်ပါရဲ့။ ကျွန်မတို့ သူငယ်ချင်းတွေ ပုဂံကို သွားလည်ကြပါတယ်။ Tour ပါးတဲ့အချိန်ပါ။ ရောက်ပြီး နှစ်ရက်လောက်နေတော့ ကျွန်မတို့ သူငယ်ချင်း(ထားပါတော့ Homo )က သူ့ချစ်သူ (အမျိုးသား)ကိုလည်း ခေါ်ချင်တယ်လို့ ပြောပါ တယ်။ သူ့ပိုက်ဆံနဲ့ခေါ်တာပဲ ခေါ်ပေါ့။

ဒါနဲ့ Air Bagan ကို ဖုန်းဆက်၊ လေယာဉ်လက်မှတ် ပုဂံကလှမ်းပို့ပြီး နောက်နေ့ လိုက်လာခိုင်းပါတယ်။ နောက်တစ်နေ့ကျ ကျွန်မတို့ပါ လေယာဉ်ကွင်း လိုက်သွားပြီး စောင့်ကြတာပေါ့။ ဖုန်းလည်းရပြီး ပါပြီ။ လေယာဉ်လည်းဆိုက်ရော သူ့အမျိုးသား ပါမလာဘူး။ ကျွန်မ သူငယ်ချင်း တကယ်ကိုဆပ်ပြာသည် လင်ပျောက်တာပဲ။ ဖုန်းကလည်း အဲဒီအချိန်က ဟဲဟိုးဆက်ဖို့ လွယ်တာမဟုတ်ဘူး။ သူလည်း မျက်ရည် တွေဘာတွေတောင် လည် နေပြီ။

တိုတိုပြောရရင် အောင်မြင်စွာဆုတ်ခွာခဲ့ ကြသည်ပေါ့။ တစ်ညလုံးဖုန်းဆက်၊ ကျွန်မသူငယ် ချင်းမအိပ်ဘူး။ သူအဲလိုဖြစ်နေတော့ ကျွန်မတို့ လည်း ဘယ်လိုလုပ်ပျော်နိုင်မှာလဲ။ နောက်နေ့မှ သတင်းရတာက သူ့အမျိုး သားက လှေနံနှစ်ဖက် နင်းနေတာလေ။ သူ့မှာ တခြား Homo ချစ်သူ တစ်ယောက်ရှိပါသေးသတဲ့။ အဲဒီ ချစ်သူနဲ့က ညီအစ်ကိုဝမ်းကွဲယောင်ဆောင်ပြီး တိတ်တိတ် ချစ်ကြိုးသွယ်နေကြတာ။ ရုပ်ရှင်ထဲ ဆိုရင်တော့ တတိယလူဆိုတာ ဗီလိန်ပေါ့။

ဗီလိန်မှာ မိန်းမ ရှိပါတယ်။ သနားစရာကောင်းတာက မိန်းမက ဒီ ကိစ္စတွေ လုံးဝမသိရှာပါ။ ကျွန်မသူငယ် ချင်းချစ် သူက ပုဂံမလာခင်ညမှာ သူ့လူဆီ ဖုန်းဆက်သတဲ့။ ပုဂံခဏသွားဦးမယ်လို့။ အဲဒါကို ရန်ကုန် ကလူ က မသွားပါနဲ့လို့ တောင်းပန်တယ်။ မရ တော့ နောက်တစ်နေ့ go show လက်မှတ်ဝယ် လာပြီး ပုဂံလေ ယာဉ်ပေါ် မတက်ခင် ငိုပြီးသူနဲ့ပဲ လိုက်ခဲ့ဖို့အတင်းခေါ်တာနဲ့ တခြားမြို့ကို ပါသွား ရော။

တိုတိုပြောရရင် ကျွန်မသူငယ်ချင်းလည်း စိတ်တောင် တော်တော် ထိခိုက်သွားလို့ မနည်းပြန်ထိန်း ယူရပါ တယ်။ နောက်ဆက်တွဲအနေနဲ့ တစ်ရက်တော့ ကျွန်မ သူငယ်ချင်း ရယ်၊ သူ့ရည်း စားလုတဲ့ ဗီလိန် ကောင်ရယ်၊ ကျွန်မရယ် တစ်နေရာမှာ ဆုံကြပါလေရော။ တိုက်တိုက်ဆိုင်ဆိုင် ပြောပါတယ်။ သူငယ်ချင်းက လက်ထဲမှာ ကြိမ်တုတ်လို တုတ်တစ်ချောင်းနဲ့ ဟေ့မိအမရာ ယောက်ျားယောင်ဆောင်နေတဲ့ အခြောက်မကို မမြင်ဖူးရင် မြင်ဖူးအောင်ကြည့်ထားလိုက်ဟေ့၊ သူပဲဆိုပြီး အော်ပြောပါတယ်။ ကျွန်မလည်း အတော်လန့် သွားတာ။

ဟိုတစ်ယောက်လည်း လန့်သွားတယ်။ သူငယ်ချင်းက သူ့ကို ချောင်းနေတာကြာပြီ။ ခုမှ တွေ့တာ တကယ်ကိုလုပ်မလို့ဘဲ။ အနားမှာရှိနေတဲ့ လုံခြုံရေးလည်း ရောက်လာတယ်။

ဟိုကောင်က အကြံပိုင်တယ်။ ရုတ်တရက် ခပ်သွက်သွက်လစ်ထွက်သွားတော့ လိုက်ချလို့ မရတော့ဘူးပေါ့။ အဲဒီတော့ ပြောချင်တာက သဘာဝအရဖြစ်တဲ့ ကိစ္စမျိုးတွေကို လိုက်ဟန့် တားခြင်းဖြင့် မလိုအပ်တဲ့ အကျိုးဆက်တွေ ဖြစ် ကုန်တာဆိုတာပါ။ ဘာသာတရားက ခွင့်မပြုဘူး။ ဒါပေမဲ့ ပြောင်းလဲလို့လည်း မရတဲ့အတူတူတော့ သာမန်လူတွေအနေနဲ့ အမြင်လေး နည်းနည်း ပြောင်းပေးကြရအောင်ပါ။

သူတို့လည်း Homo ဖြစ်ရတာကို ပျော်ရွှင်ပြီး ဂုဏ်ယူမနေကြပါဘူးရှင်။ ဒီမှာ ကျွန်မရဲ့ ခံစားမှုလေး တစ်ခုပြောရရင်တော့ ဘယ်သူ့ကိုမှ မလိမ်မညာဘဲ သတ္တိရှိရှိ ငါ Homo ဟေ့လို့ ကြွေးကြော်ရဲတဲ့သူတွေကို မိမိကိုယ်ကိုလည်းလိမ်၊ ပတ်ဝန်းကျင်ကို လည်း လိမ်၊ အဆိုးဆုံးက ယောက်ျားဖြစ်ကြောင်း အလီဘိုင်ပြတဲ့ အနေနဲ့ မိန်းမတစ်ယောက်ကောက်ယူပြီး အိမ်ကမိန်းမကို ပါ အကြီးအကျယ်လိမ်၊ သစ္စာဖောက်နေတဲ့ သူမျိုး တွေထက် ပိုကျေနပ်တယ်ဆိုတာပါပဲရှင် ဒီမှာ အားလုံးနားလည်သလို အခြောက်လို့ သုံးနှုန်းလိုက်ရတာ ခွင့်လွတ်ပါ။

အမရာ (ရူပ)
Popular Myanmar News Journal

ပေါက်ကွဲမှုကြောင့် နစ်မြုပ်ခဲ့သည့် အိန္ဒိယ ရေငုပ်သင်္ဘောမှ အလောင်းများ စတင်တွေ့ရှိ


အိန္ဒိယ ရေတပ်၏ ရေငုပ်သမားများသည် ပေါက်ကွဲမှု ဖြစ်ပွားပြီး နစ်မြုပ်သွားသည့် ရေငုပ်သင်္ဘောမှ အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီ ဖြစ်သည်။ ယခုသီတင်းပတ်အတွင်း မွမ်ဘိုင်းရှိ သင်္ဘောကျင်း တစ်ခုတွင် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားပြီး နစ်မြုပ်နေခဲ့သည့် သင်္ဘောအတွင်း အနည်းဆုံး ရေတပ်သား (၁၈)ဦးမျှ ပိတ်မိနေမည်ဟု ရေတပ်က အစောပိုင်းက ကြေညာထားသည်။ ယခုအခါ အလောင်း(၃)လောင်းကို စတင်တွေ့ရှိခဲ့ပြီး ကျန်ရေတပ်သားများ၏ အသက်ရှင်ခွင့်အတွက်လည်း မျှော်လင့်ချက် နည်းပါးနေကြောင်း သိရှိရသည်။ "အလောင်း(၃)လောင်းတော့ ပြန်ရှာတွေ့ထားပါပြီ။ တော်တော်လေးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်။ ဘယ်သူဘယ်ဝါ ဆိုတာကို မှန်းဆလို့ မရလောက်အောင် မီးလောင်မှုတွေ ရှိနေတယ်"ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "လက်ရှိမှာတော့ ရှာဖွေရေးတွေ ဆက်လုပ်နေပါတယ်။ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့ရှိဖို့တော့ ဖြစ်နိုင်ခြေ နည်းသွားပါပြီ"ဟုလည်း ဝန်ခံခဲ့သည်။ ယမန်နေ့မှ စတင်ကာ ပျောက်ဆုံးသူ (၁၈)ဦး၏ မိသားစုများသည် မွမ်ဘိုင်းတွင် လာရောက် စုရုံးနေပြီ ဖြစ်သည်။ လက်ရှိ အချိန်ထိ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကိုလည်း တိတိကျကျ မဖော်ထုတ်နိုင်သေးချေ။ ထို့အပြင် INS ဆင်ဟာရက်ရှက် ရေငုပ်သင်္ဘော တည်ဆောက်ပုံအရ အတွင်းမှ ပိတ်ထားသော တံခါးများကို ဖျက်ဆီးဝင်ရောက်ရန် ခက်ခဲနေဆဲဖြစ်ပြီး ရှာဖွေရေးလုပ်ငန်းများ ကြံ့ကြာနေကြောင်း သိရှိရသည်။

ရေငုပ်သမားများသည် (၃၆)နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ အပြီးတွင် မှန်ပြောင်းကြည့် မျှော်စင်အတွင်းဘက် ဒုတိယအခန်းထိသာ ရောက်ရှိနိုင်သေးသည်။ လတ်တလောတွင် ဆယ်ယူတွေ့ရှိသော အလောင်းများကို DNA စစ်ဆေးမှု ပြုလုပ်ရန် ရေတပ် ဆေးရုံသို့ ပို့ဆောင်ထားသည်။ ရေတပ်သည် ကြာသပတေးနေ့က ပျောက်ဆုံးနေသည့် ရေတပ်သား (၁၈)ဦး၏ အမည်များကို ကြေညာခဲ့ပြီး အရာရှိ (၃)ဦးနှင့် တပ်သားအဆင့် (၁၅)ဦး ပါဝင်သည်။ အဆိုပါ ရေငုပ်သင်္ဘောကို ရုရှားထံမှ (၂၀၀၀)ပြည့်လွန်နှစ်များ မတိုင်မီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ လက်နက်အဆင့် မြှင့်တင်မှုများ၊ တော်ပီဒို တပ်ဆင်မှုများကို ဒေါ်လာ သန်း(၈၀) အကုန်အကျခံ မွမ်းမံထားသည်။

Planet 

ပုဇွန်တောင်တံတားအား နှစ်လမ်းသွား လေးလမ်းသွား မြစ်ကူးတံတားအဖြစ် ဂျပန်က ဆောင်ရွက်မည်



သာကေ တ ဒေါပုံမြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်အားဆက်သွယ်ပေးထား သည့် ပုဇွန်တောင်နှစ်လမ်းသွား မြစ်ကူးတံတားအား လေးလမ်းသွား တံတားအဖြစ် ဂျပန်နိုင်ငံ JICA ၏အကူအညီဖြင့် လာမည့်နှစ်တွင် အဆင့်မြှင့်တင်တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။
ယင်းတံတားအား တန်ချိန် ၆၀ ခံတံတားအဖြစ် အသစ်ပြန် လည်တည်ဆောက်သွားမည်ဖြစ် ပြီး လက်ရှိတွင် တံတားမြေနေ ရာများအတွက် သုတေသနလုပ် ငန်းများကို ဂျပန်စက်မှုဝန်ကြီးမှ လာရောက် လေ့လာရေးဆွဲအကြံ ပြုချက်များ ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဆောက် လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်း ကြီး(၄)မှ အင်ဂျင်နီယာမှူးကြီး ဦးစိုးမင်းက ပြောသည်။
ဦးစိုးမင်းက ''ပုဇွန်တောင် တံတားကို အဆင့်မြှင့်တင်ဆောက် လုပ်ဖို့အတွက် မြေစမ်း၊ မြေတိုင်း အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ ကို ဂျပန်က MMTT ဝန်ကြီးကိုယ် တိုင်လာရောက်ပြုလုပ်သွားတာ ပါ။ တံတားဆောက်လုပ်ရေးလုပ် ငန်းတွေကို ဒီနှစ်ကုန်ပိုင်းမှာ စမှာ ပါ''ဟု ပြောသည်။
လက်ရှိ အဆိုပါပုဇွန်တောင် နှစ်လမ်းသွားတံတားသည် တန် ချိန် ၃ဝသာခံသောတံတားဖြစ် ပြီး အဆင့်မြှင့်တင်တည်ဆောက် ပြီးပါက သန်လျင်မြို့နယ်ဘက် တွင် ဂျပန်နိုင်ငံမှ တည်ဆောက် မည့် စီပွားရေးဇုန်အတွက် သယ် ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ဦးစိုးမင်းက ''တံတားတည် ဆောက်ပြီးရင် လက်ရှိယာဉ်ကြော ကျပ်နေတာတွေကို ဖြေရှင်းပေး နိုင်မယ့်အပြင် သန်လျင်မှာတည် ဆောက်မယ့် ဂျပန်စက်မှုဇုန်အ တွက်လဲ ပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်။ လက်ရှိတံ တားကိုပဲ အဆင့်မြှင့်ပြီး တည် ဆောက်သင့်သလား။ တံတားအ သစ်တည်ဆောက်လိုက်ရင် ပတ် ဝန်းကျင်ထိခိုက်မှုရှိနိုင်မလားဆို တာတွေကို လေ့လာနေကြပါတယ်'' ဟုပြောသည်။
လက်ရှိရန်ကုန်မြို့အတွင်း ရှိ မြစ်ကူး၊ ချောင်းကူးတံတားများ အား ပြုပြင်ရသည်များကို အဆင့် မြှင့်တင်ပြုပြင်၍မရသည့်တံတား များအား အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိ ဒလမြို့ နယ်နှင့် ရန်ကုန်ဆိပ်ကမ်းအား ဆက်သွယ်ပေးမည့် မြစ်ကူးတံတား အား တောင်ကိုရီးယားနိုင်ငံမှတည် ဆောက်ပေးသွားမည်ဖြစ်ပြီး ဒလ တွင် စက်မှုဇုန်တစ်ခုတည်ထောင် သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

ပန်လည် ပြင်ဆင် မွမ်းမံထားသည့် Windows 8.1 အသစ် အောက်တိုဘာ ၁၇ တွင် ထွက်မည်



ယခင် Windows 8 တွင် အဆင်မပြေမှုများကို ပြန်လည် ပြုပြင်ပြီးနောက် Version အသစ်ဖြစ်သည့် Windows 8.1 ကို လာမည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် ထုတ်မည်ဖြစ်ပြီး၊ လက်ရှိ သုံးစွဲနေသူ များသည် အွန်လိုင်းမှ တစ်ဆင့် အခမဲ့ Update လုပ်နိုင်ကြောင်း Microsoft ကုမ္ပဏီက ကြေညာထားသည်။
Microsoft သည် Version ကို Windows 8 ထုတ်ပြီးနောက် တစ်နှစ်ကြာ အချိန်ယူ ပြင်ဆင် မွမ်းမံခဲ့ခြင်း ဖြစ်သည်။ ထုံးစံအရ Microsoft သည် Windows တစ်ခု ထုတ်ပြီးတိုင်း သုံးနှစ်ခန့်ကြာမှ ပြုပြင် ပြောင်းလဲမှု ရှိသော်လည်း ယခု ပြန်လည် ပြင်ဆင်ထားသည် version သည် အခြေအနေအရ ထပ်ဆင့် မွမ်းမံပေးခဲ့ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။

Windows 8 သည် touchscreen ကို အဓိက အထောက်အပံ့ပေးရန် စီစဉ်ထားပြီး၊ Windows 8 ကို မိုဘိုင်းလ်နှင့် စမတ်ဖုန်းများတွင် အများစု သုံးနိုင်စေရန်နှင့် ဈေးကွက် ရရှိစေရန် ဖြစ်ကြောင်း World Street Journal က ဝေဖန်ထားသည်။

The Voice

iPhone သည် ရေခဲသေတ္တာထက် စွမ်းအင် ပိုသုံးဟုဆို


သာမန် iPhone တစ်လုံးသည် အလယ်အလတ် ရေခဲသေတ္တာ တစ်လုံး အသုံးပြုသည့် ပါဝါထက် ပိုပြီး စွမ်းအင်ကို အသုံးပြုနိုင်ကြောင်း Digital Power Group စီအီးအိုဖြစ်သူ မာ့ခ်မီးလ်က ပြောကြားသည်။

အလယ်အလတ် အရွယ်အစား ရေခဲသေတ္တာ တစ်လုံးဖြစ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သီးသန့် ထုတ်သော Energy Star ရေခဲသေတ္တာ တစ်လုံးသည်ပင် တစ်နှစ်လျှင် 322 KW ကို သုံးစွဲနိုင် သည်။ iPhone ဖြင့် Wireless အသုံးပြုလျှင် တစ်နှစ် 361 KW အထိ စွမ်းအားကို သုံးစွဲကြောင်း မီးလ်က ဆိုသည်။

ဖုန်း တစ်လုံးတွင် စွမ်းအင် အသုံးပြုမှုသည် အိမ်သုံးပစ္စည်းများ စွမ်းအင်သုံးသည့် ပုံစံနှင့် မတူကြောင်း၊ အိမ်သုံး လျှပ်စစ်ပစ္စည်းများကို အသုံးပြုနိုင်ရန် လျှပ်စစ်ဓာတ်အားကို တစ်နေကုန် ပေးထားရသဖြင့် ကုန်ကျသည့် စွမ်းအားထက်၊ Wireless အသုံးပြုနိုင်ရန် ကွန်ပျူတာနှင့် အခြားပစ္စည်းများကို အထောက်အကူပြုနေရသော Server ကွန်ပျူတာကြီးများကို စွမ်းအင် မပြတ်စေရန် ပေးထားရခြင်းက ပိုပြီး စွမ်းအင် ကုန်ကြောင်း၊ ယခုအခါ Cloud နည်းပညာကို လူတိုင်း သုံးစွဲနေကြသဖြင့် ထိုစနစ်ကို သုံးနိုင်ရန်အတွက် စွမ်းအင် တောက်လျှောက် ပေးထားရခြင်းကြောင့် စွမ်းအင် သုံးစွဲမှု ပိုပြီး မြင့်မားနိုင်ကြောင်း ScienceTime သတင်းတွင် ဘရိုင်ယန်ဝေါ့ရှ် ဆိုသူကလည်း ရေးသားထားသည်။

ရုပ်ရှင်ဇာတ်ကား တစ်ကားကို သာမန် DVD စက်ဖြင့် ကြည့်ခြင်းထက် HD စနစ်ဖြင့် ကြည့်ခြင်းက စွမ်းအင် ပိုမို ကုန်စေနိုင်ကြောင်းကိုလည်း မာ့ခ်က ထောက်ပြထားသည်။

The Voice

ညီအစ်မချင်း အချင်းများရာမှ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၁ လမ်းတွင် ညီအစ်မချင်း စကားများရာမှ ၎င်းတို့၏ ခင်ပွန်းနှစ်ဦး အပြန်အလှန် ဓားဖြင့် ခုတ်ကြရာ တစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းမှ သိရှိရသည်။

သြဂုတ်လ ၉ ရက် နံနက် ၇ နာရီခန့်က ညီအစ်မချင်း စကားများရာ အစ်မဖြစ်သူ ဒေါ်တင်တင်ဌေး၏ ခင်ပွန်း ဦးမြင့်အောင်က ခယ်မဖြစ်သူ ဒေါ်ခင်ခင်အေးကို အရိုး ငါးလက်မ၊ အသွား ၁၂ လက်မရှိ ဓားရှည်ဖြင့် ခုတ်ခဲ့ရာ ဒေါ်ခင်ခင်အေး၏ ညာဘက် လက်ခလယ်နှင့် လက်သူကြွယ်လက် နှစ်ဆစ်ခန့် ပြတ်သွားပြီး ယင်းအချိန်တွင် အနီးသို့ ရောက်ရှိလာသည့် ၎င်း၏ခင်ပွန်း ဦးရဲလွင်အောင်ကို ဦးမြင့်အောင်က ဓားဖြင့် ဆက်လက်ခုတ်ခဲ့ရာ ဦးရဲလွင်အောင်၏ ဘယ်ဘက်ရင်ဘတ်တွင် ဓားဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ မြို့မရဲစခန်း၏ အမှုစစ်ဒုရဲအုပ် ဌေးဝင်းက ပြောကြားသည်။

ယင်းနောက် ဦးရဲလွင်အောင်က ဦးမြင့်အောင်ကို အရိုး ငါးလက်မ အသွား ၁၂ လက်မဓားရှည်ဖြင့် လည်ပင်းကို ခုတ်ရာ ဦးမြင့်အောင်သည် လည်ပင်း ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ အချင်းများရာမှ ဦးရဲလွင်အောင် ရင်ဘတ်ဒဏ်ရာရရှိပြီး ဒေါ်ခင်ခင်အေး လက်အဆစ်ပြတ်ဒဏ်ရာ ရရှိကာ ဒေါ်တင်တင်ဌေး ဦးခေါင်းဒဏ်ရာ ရရှိ၍ ၎င်းတို့ သုံးဦးကို ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါအမှုစစ်က ဖြည့်စွက် ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဦးရဲလွင်အောင်ကို ပခုက္ကူမြို့ မြို့မရဲစခန်းတွင် ပ၂၃၉/၂၀၁၃ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်

The Voice Weekly

ထောက်ကြန့်လမ်းဆုံကားမှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်
ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရ၍
ဖြစ်စဉ်အားစုံစမ်းမေးမြန်းရာ ညီဖြစ်သူနှင့်သူငယ်ချင်းတို့သည်လှိုင်သာယာ
မြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက်အလှဆင်လုပ်ငန်း
လုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်- မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါအရက်မူးနေသူအသက် (၂၃)နှစ်ခန့်ရှိခရီးသည်အမျိုးသား
တစ်ဦးနှင့် ညီဖြစ်သူ၏သူငယ်ချင်းဖြိုးဝေအောင်တို့စကားများ
ခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍
ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသောဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူပြည့်စုံထွန်းမှာ ဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိခဲ့ရသဖြင့် ဓါးဖြင့်ထိုးခဲ့သူအမည်မသိအမျိုးသားအား စုံစမ်းအရေးယူပေးရန် ဦးသူရိန်ထွန်းမှတိုင်ကြားခဲ့၍
ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်အထူး
မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည်ပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့ နယ်၊ ဆက်သွားတောကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးဟန်ထွန်းမှ
ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သဖြင့် ၎င်းအား ၁၄.၈.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
မြ၀တီ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် မီးလောင်ကျွမ်းနေသည်ကို သြဂုတ် ၁၆ ရက် ည ၁၂ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက် ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် သြဂုတ် ၁၆ ရက် ည ၁၂ နာရီတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀ ၀န်းကျင်ခန့် မီးလောင်ကျွမ်းသွားပြီး မီးသတ်ကား အစီး ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ သြဂုတ် ၁၇ ရက် နံနက် ၀၀း၃၀ ခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ ကနဦး စစ်ဆေးချက်များအရ အိမ်နံပါတ် ၈၂ မှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံးမှု တန်ဖိုးမှာ လတ်တလော ခန့်မှန်း၍ မရသေးကြောင်း မီးလောင်ကျွမ်း နေသည်ကို လာရောက်ကြီးကြပ် ငြှိမ်းသတ်နေသည့် မီးသတ်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
''မီးက ၁၂ နာရီမှာ စပြီး လောင်တာပါ။ မိုးဖွားကျနေတဲ့ အချိန်မို့ ဘယ်သူကမှ သတိမထားမိပါဘူး။ မီးလောင်တဲ့ အခါကျတော့ အိမ်တွေက ပူးကပ်နေတယ်။ ပြီးတော့ ၀ါးထရံတွေ ဖြစ်တဲ့အတွက် လောင်ကျွမ်းမှု ပိုကောင်းသွားတယ်။ ကျွန်တော်က အိပ်နေတာ။ ညှော်နံ့ရလို့ ထွက်ကြည့်တော့ မီးတောက်က အတော်ကြီးနေပြီ'' ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် အနီးရှိ ရပ်ကွက်များသို့ လျှပ်စစ်မီး ဖြတ်တောက်ထားမှုများ ပြုလုပ်ထားပြီး ယာယီကယ်ဆယ်ရေး စခန်းလည်း ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

eleven

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား


အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့
မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသော
ကြောင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်များတွင်နိုင်ငံတကာ မှ သတင်းများ၏ ခေါင်းကြီးပိုင်း
တွင် သူ့အကြောင်းကို ဖော်ပြခဲ့ကြရာတွင် သူသည် scrotal lympledene ဟု
ခေါ်သော ရောဂါခံစားနေသူဖြစ်သည်ဟု သိရှိရသည်။

ကံကောင်းထောက်မစွာ သူ၏အခက်ခဲကို ကူညီဖို့ စိတ်ဆန္ဒရှိသူ
ကယ်လီဖိုးနီးယားမှ ခွဲစိတ်ဆရာဝန်တဦးက အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။

စက္ကန့် (၃၀) လောက်လမ်းလျှောက်ပြီးတိုင်း ခေတ္တနားနေရသော
ကြောင့် ကလေးလိုပဲလို့ သူကဆိုပါတယ်။

(၁၃) နာရီကြာမယ့် ဒီခွဲစိတ်မူအတွက် အောင်မြင်ပြီးဆုံးချိန်တွင်
သူသည် ဝှေးစေ့ မရှိသော အမျိုးသားတန်ဆာဖြင့် ကောင်းမွန်ပြည့်စုံသော
အိမ်ထောင်သုခ မရမှာကို သူစိုးရွံ့နေသည်။

ကျွန်တော် ဒီအခွင့်အရေးရဖို့ ebay မှာ ကျွန်တော့ဝှေးစေ့ကို
လေလံတင်ခဲ့ကြောင်း၊ အများမှ အားပေးသော e-mail များ မှာလည်းသူ့
အတွက်အားဖြစ်ရပါကြောင်း နှင့် အမှောင်ဖုံးနေသော လိုင်ခေါင်းတွင်းမှ
အစွန်းတဖက်က အလင်းရောင်ကိုမြင်နေရပါပြီ ...သို့ပေမဲ့ ဗျာ ကျွန်တော်
လိုင်ခေါင်းထဲမှာပဲရှိပါသေးတယ်လို့ သူကပြောခဲ့ပါကြောင်း တင်ဆက်လိုက်
ပါတယ်။

ref:dailymail
Hau Sian Siam ( MM Social Sky)

ရွှေဆွဲကြိုး(၁)ကုံးနှင့်အတူ မသင်္ကာသူများအား ဖမ်းဆီး



၁၅.၈.၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန်ခန့်တွင် ကျောက်တံတားမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည်
နယ်မြေအတွင်းလှည့်ကင်းဆောင်ရွက်စဉ် (၃၅)လမ်းအတွင်း၌
ရွှေဆွဲကြိုး(၁)ကုံးအားမသင်္ကာဖွယ် လိုက်လံရောင်းချနေသော သာကေတမြို့နယ်၊ (၁)ရပ်ကွက်နေသူများဖြစ်သည့် ငြိမ်းချမ်းအောင် (ခ)မုန်တိုင်း (ဘ)ဦးမျိုးမျိုးနှင့် သန်းထိုက်လင်း(ခ)သာအေး
(ဘ)ဦးမျိုးညွှန့်တို့ (၂)ဦးအားတွေ့ရှိ၍စစ်မေးရာ ရွှေဆွဲကြိုးအား ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသောအထောက်အထားတစ်စုံတစ်ရာ
ပြောဆိုပြသနိုင်ခြင်းမရှိ၍ တစ်နေရာရာမှခိုးယူလာကြောင်းမသင်္ကာသဖြင့် အလေးချိန် ၁၅ပဲ၊ ၆ရွေးရှိ ရွှေဆွဲကြိုးအားသိမ်းဆည်းခဲ့ပြီး
ကျောက်တံတားမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
မြ၀တီ

လေယာဉ်ပေါ်တွင် မူးပြီးရမ်းသဖြင့် မြန်မာတစ်ဦး အမှုဖွင့်ခံရ

စင်္ကာပူမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသော လေယာဉ်ပေါ်တွင် မူးယစ်ရမ်းကားသဖြင့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို သြဂုတ် ၁၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းဖြစ်ရပ်သည် ယင်းနေ့ မွန်းလွဲပိုင်းက MAI ၏ စင်ကာပူ - မြန်မာပျံသန်းသော လေကြောင်းခရီးစဉ် အမှတ် 8M – 232 တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

မူးယစ်ရမ်းကားသူအဖြစ် စွပ်စွဲကာအမှု ဖွင့်ခံထားရသူမှာ စင်ကာပူနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ကိုကျော်ဝင်းစိန်ဖြစ်သည်ဟုလည်း ရဲများက အတည်ပြု ထားသည်။

၎င်းသည် အရက်သေစာသောက်စားပြီး လေယာဉ်အမှုထမ်းများဖြစ်သည့် ကိုတေဇာတင်ထွဋ်နှင့် မမြင့်မြင့်ဇင်တို့ထံ ၀ိုင်အရက်တောင်းသောက်ရာ ၀န်ထမ်းများက၎င်းကို အရက်မူးနေသဖြင့် မပေးနိုင်တော့ကြောင်းပြောသဖြင့် ရန်ပြုခဲ့သည်ဟုလည်း ရဲများက မှတ်တမ်းတင်ထားသည်။

ထို့ပြင် အခြားခရီးသည်များကိုလည်း စိတ်အနှောင့်အယှက်ဖြစ်သည်အထိ ရမ်းကားမှုများ ပြုလုပ်ခဲ့သဖြင့် လေယာဉ်ပေါ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် လိုက်ပါလာသော ရဲအုပ်နေယုနှင့် လေဆိပ်လုံခြုံ ရေးသတင်းတပ်ဖွဲ့မှ ဒုရဲအုပ်အောင်ကိုထွဋ်တို့က လေယာဉ်မြေပြင်သို့ ဆိုက်ကပ်ချိန်အထိ ၎င်းကို တားဆီးထိန်းသိမ်းခဲ့သည်ဟုလည်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိအချိန်တွင် ကိုကျော်ဝင်းစိန်ကို ဒုရဲအုပ်နေယုက တရားလိုပြုလုပ် တိုင်တန်းထားပြီး မင်္ဂလာဒုံ ရဲစခန်း၌ အမှုအမှတ် (ပ) ၅၀၈/၂၀၁၃ဖြင့် အမှုဖွင့်ထားကာ ၎င်းကိုရဲအက်ဥပဒေပုဒ်မ ၄၂/၁၄ဖြင့် တရားစွဲမည်ဟု သတင်းထုတ်ပြန်သည်။

ကိုကျော်ဝင်းစိန်ကို စစ်ဆေးရန် မင်္ဂလာဒုံ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

ဆီးဂိမ်းအတွက် အင်တာနက် မြန်နှုန်း ဂျပန်ကူ

ဆီးဂိမ်ပြိုင်ပွဲအတွက် လိုအပ်သည့် အင် တာနက်မြန်နှုန်းကို ဂျပန် ကူညီပေးထားသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

''ဆီးဂိမ်းပြိုင်ပွဲအတွက် Government to Government (G to G) စနစ်နဲ့ ကူညီပေးတာ ပါ။ အခုစက်ပစ္စည်းတွေ ရောက်နေပါပြီ။ တပ်ဆင်ဖို့ပဲ လိုတော့တယ်။ အောက်တိုဘာလ ကုန်မှာတော့ စမ်းသပ် ထုတ်လွှတ် သွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အရာရှိတစ်ဦး က ပြောသည်။

အင်တာနက် မြန်နှုန်းတိုးမြှင့် ဆောင်ရွက် ခြင်းကို ဂျိုက်ကာ မှ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၄င်းက ဆက်လက်ပြောသည်။

''မိုဘိုင်း အင်တာနက်စနစ်မျိုး ပုံစံပါ။ Broadband သုံးလို့ရတဲ့Long Time စနစ်ပေါ့။ နိုင်ငံတကာအသုံးပြုမှုပုံစံအတိုင်းအင်တာနက် မြန်နှုန်းေ တွ ကောင်းမွန်မှာပါ''ဟု ၄င်းက ဆက် ပြောသည်။

ယင်းစနစ်စတင် တပ်ဆင်ပြီးပါက ဆီးဂိမ်း ကျင်းပမည့် မြို့များဖြစ်ေ သာ ရန်ကုန်၊ နေပြည် တော်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် အသုံးပြု ခွင့်ပေးသွားမည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆက်သွယ်ရေးကော်မတီတစ်ခု အပြစ် ပါဝင်ဆောင်ရွက်လျက်ရှိပြီး မိုဘိုင်းဖုန်း စနစ်နှင့် အင်တာနက် သုံးစွဲမှုစနစ်ကို အဓိကထား ဆောင်ရွက်ပေးနေကြောင်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်းပွဲတော်ကျင်းပရန် ရက်ပေါင်း ၁ဝဝ ကျော်သာ ကျန်ရှိသော်လည်း ပြည်တွင်းအင်တာနက်မြန်နှုန်းမှာ ကောင်းမွန်မှု မရှိသေးကြောင်း အင်တာနက်သုံးစွဲသူများထံမှ သိရသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင် ဘာလ ၁၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။

အောင်ဇော်

တစ်လကျော်ကြာဆေးကုသခံနေသည့် ဆိုတေး ခေါင်းငြိမ့်ခေါင်းခါဖြင့်သာ ပြန်လည်ဖြေနေရဆဲဖြစ်


ယာဉ်မတော်မဆမှုဖြင့် မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်မှာ အဆိုတော်ဆိုတေးမှာ ယခု အခါတွင် တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း စကားပြန်လည်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ မိသားစုဝင်များ၏ မေးမြန်း ချက် အချို့ကို ခေါင်းငြိမ့်ခေါင်းခါအမူအရာဖြင့် ပြန်လည်ဖြေကြားလျက်ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ချိုချို က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

“ကျန်းမာရေးအခြေအနေက တော်တော်လေးတော့ တိုးတက်လာပါပြီ။ အရင်ကဆို မျက်လုံးတွေရောင်နေတာ။ အခုတော့ အရောင်ကျသွားပါပြီ။ ဖွင့်တော့ မဖွင့်သေးပါဘူး။ အသိတော့ ၀င်နေပါပြီ။ ပြန်ပြောဆိုတာ မလုပ်နိုင်
ပေမယ့် မိသားစုတွေ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ခေါင်းအမူအရာနဲ့ ပြန်ဖြေပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

ယင်းသို့ယာဉ်တိုက်မှုကြောင့် ဆိုတေး၏ လုပ်ကိုင်လက်စအလုပ်များ၊ လုပ်ကိုင်ရန် သဘောတူပြီး အလုပ်များနှင့် ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “သူ့ရဲ့သီချင်း ဒုတိယအခွေကို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ ထွက်ဖို့ စီစဉ်ထားတာ။ အကုန်တော့ ပြီးခါနီးပြီ။ သူ့အလုပ်တွေ လက်ခံထားတာက ဖုန်းထဲက note ထဲမှာပါ။ ဖုန်းကလည်း ပျက်စီးသွားတော့ မရတော့ဘူး။ အလုပ်တွေ လက်ခံထားတာ သူ့ ဟာသူပဲ သိမှာပါ”ဟု ဆိုသည်။

ဆိုတေးအား ယခင်ကဘန်ကောက်သို့ခေါ်ဆောင်ကာ ဆေးကုသရန် ကြံရွယ်ခဲ့သော်လည်း မန္တလေးမှ ဆရာဝန်ကြီးများ၏ အထူးကြပ်မတ်ကုသမှုကြောင့် ၎င်းဆေးရုံတွင်သာ ဆက်လက်ကုသခံယူလျက် ရှိသည်။

Mizzima - News in Burmese

လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်


၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်ပွါးရာသို့ အမှတ်(၂)ပြည်နယ်/တိုင်းမီးသတ်ရုံးများကွပ်ကဲရေးရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ပါသည်။

မီးလောင်မှုကြောင့်တန်ဘိုးငွေကျပ်(၂၁၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ သန်းနိုင်စိုးအားလှိုင်သာယာမြို့မရဲစခန်း (ပ)၉၂၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
မြ၀တီ