ထောက်ကြန့်လမ်းဆုံကားမှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 8/17/2013 06:18:00 AM

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်
ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရ၍
ဖြစ်စဉ်အားစုံစမ်းမေးမြန်းရာ ညီဖြစ်သူနှင့်သူငယ်ချင်းတို့သည်လှိုင်သာယာ
မြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက်အလှဆင်လုပ်ငန်း
လုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်- မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါအရက်မူးနေသူအသက် (၂၃)နှစ်ခန့်ရှိခရီးသည်အမျိုးသား
တစ်ဦးနှင့် ညီဖြစ်သူ၏သူငယ်ချင်းဖြိုးဝေအောင်တို့စကားများ
ခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍
ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသောဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူပြည့်စုံထွန်းမှာ ဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိခဲ့ရသဖြင့် ဓါးဖြင့်ထိုးခဲ့သူအမည်မသိအမျိုးသားအား စုံစမ်းအရေးယူပေးရန် ဦးသူရိန်ထွန်းမှတိုင်ကြားခဲ့၍
ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်အထူး
မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည်ပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့ နယ်၊ ဆက်သွားတောကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးဟန်ထွန်းမှ
ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သဖြင့် ၎င်းအား ၁၄.၈.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
မြ၀တီ