ပုဇွန်တောင်တံတားအား နှစ်လမ်းသွား လေးလမ်းသွား မြစ်ကူးတံတားအဖြစ် ဂျပန်က ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 8/17/2013 06:31:00 AM



သာကေ တ ဒေါပုံမြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်အားဆက်သွယ်ပေးထား သည့် ပုဇွန်တောင်နှစ်လမ်းသွား မြစ်ကူးတံတားအား လေးလမ်းသွား တံတားအဖြစ် ဂျပန်နိုင်ငံ JICA ၏အကူအညီဖြင့် လာမည့်နှစ်တွင် အဆင့်မြှင့်တင်တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။
ယင်းတံတားအား တန်ချိန် ၆၀ ခံတံတားအဖြစ် အသစ်ပြန် လည်တည်ဆောက်သွားမည်ဖြစ် ပြီး လက်ရှိတွင် တံတားမြေနေ ရာများအတွက် သုတေသနလုပ် ငန်းများကို ဂျပန်စက်မှုဝန်ကြီးမှ လာရောက် လေ့လာရေးဆွဲအကြံ ပြုချက်များ ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးဆောက် လုပ်ရေးဝန်ကြီးဌာန အထူးစီမံကိန်း ကြီး(၄)မှ အင်ဂျင်နီယာမှူးကြီး ဦးစိုးမင်းက ပြောသည်။
ဦးစိုးမင်းက ''ပုဇွန်တောင် တံတားကို အဆင့်မြှင့်တင်ဆောက် လုပ်ဖို့အတွက် မြေစမ်း၊ မြေတိုင်း အကြိုအင်ဂျင်နီယာလုပ်ငန်းတွေ ကို ဂျပန်က MMTT ဝန်ကြီးကိုယ် တိုင်လာရောက်ပြုလုပ်သွားတာ ပါ။ တံတားဆောက်လုပ်ရေးလုပ် ငန်းတွေကို ဒီနှစ်ကုန်ပိုင်းမှာ စမှာ ပါ''ဟု ပြောသည်။
လက်ရှိ အဆိုပါပုဇွန်တောင် နှစ်လမ်းသွားတံတားသည် တန် ချိန် ၃ဝသာခံသောတံတားဖြစ် ပြီး အဆင့်မြှင့်တင်တည်ဆောက် ပြီးပါက သန်လျင်မြို့နယ်ဘက် တွင် ဂျပန်နိုင်ငံမှ တည်ဆောက် မည့် စီပွားရေးဇုန်အတွက် သယ် ယူပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။
ဦးစိုးမင်းက ''တံတားတည် ဆောက်ပြီးရင် လက်ရှိယာဉ်ကြော ကျပ်နေတာတွေကို ဖြေရှင်းပေး နိုင်မယ့်အပြင် သန်လျင်မှာတည် ဆောက်မယ့် ဂျပန်စက်မှုဇုန်အ တွက်လဲ ပို့ဆောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ်။ လက်ရှိတံ တားကိုပဲ အဆင့်မြှင့်ပြီး တည် ဆောက်သင့်သလား။ တံတားအ သစ်တည်ဆောက်လိုက်ရင် ပတ် ဝန်းကျင်ထိခိုက်မှုရှိနိုင်မလားဆို တာတွေကို လေ့လာနေကြပါတယ်'' ဟုပြောသည်။
လက်ရှိရန်ကုန်မြို့အတွင်း ရှိ မြစ်ကူး၊ ချောင်းကူးတံတားများ အား ပြုပြင်ရသည်များကို အဆင့် မြှင့်တင်ပြုပြင်၍မရသည့်တံတား များအား အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိ ဒလမြို့ နယ်နှင့် ရန်ကုန်ဆိပ်ကမ်းအား ဆက်သွယ်ပေးမည့် မြစ်ကူးတံတား အား တောင်ကိုရီးယားနိုင်ငံမှတည် ဆောက်ပေးသွားမည်ဖြစ်ပြီး ဒလ တွင် စက်မှုဇုန်တစ်ခုတည်ထောင် သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ