လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ


လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်မှာ သြဂုတ် ၂၈ ရက် ည ၈ နာရီခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက အတည်ပြုထားသည်။

ထိုနေ့က သူ့သမီးငယ်လေးကို တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦးက လမ်းကြားတစ်ခုအတွင်းသို့ ခေါ်ဆောင် သွားကြောင်း ရပ်ကွက်အတွင်းမှ ကလေးများက လာရောက်ပြောပြခဲ့ကြောင်း ကလေးမိခင် က ရဲစခန်းတွင် ထွက်ဆို ထားသည်။

ထို့ကြောင့် သူသမီးကို သွားရောက်ရှာဖွေရာ ကလေးငယ်မှာ ယင်းလမ်းအတွင်းမှ ငို၍ ပြေးထွက်လာသဖြင့် မိတ်ဆွေအမျိုးသမီးနှင့်အတူ ချော့မော့၍ မေးမြန်းရာ ကလေးကသူ့ကိုမဖွယ်မရာ ပြုလုပ်ရန် ကြံစည်ခံရကြောင်း ပြန်လည်ပြောပြခဲ့သည်ဟုလည်း မိခင်ဖြစ်သူက ရဲကိုတိုင်တန်းရာတွင် ပြောကြားခဲ့သည်။

ကလေးကို လမ်းကြားအတွင်းသို့ ခေါ်ဆောင်သွားသူက ဘောင်းဘီချွတ်၍ မဖွယ်မရာပြုလုပ်ရန် ကြံစည်ခဲ့သည်ဟု ပြန်လည် ပြောကြားကြောင်း ကလေးမိခင်က ဆိုထားသည်။

ထို့ကြောင့် သူ့သမီးအား မဖွယ်မရာပြုလုပ်သူကို အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားခဲ့သဖြင့် ရဲစခန်းက အမှုအမှတ် (ပ)၃၆၀/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲတိုင်တန်းခံထားရသည့် အမျိုးသားအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်းနှင့် ထိုအမျိုးသားကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ တို့ဖြင့် တရားစွဲဆိုမည်ဟုလည်း တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
Mizzima 

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲမေ ၁၇ ဦး ပုဂံဇုန်၌ စတင်တာဝန် ထမ်းဆောင်

၂၀၁၃ - ၂၀၁၄ ခုနှစ် ကမ္ဘာလှည့် ခရီးသွား ရာသီအတွက် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့် ချထား ပေးလျက်ရှိရာ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်လိုက် ခြင်းဖြင့် ကမ္ဘာလှည့် ခရီးသွား များအား ပိုမို လုံခြုံ စေနိုင်သည်ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်း ၊ ပုဂံဇုန် မှ သိရသည်။

ယခင် ပုဂံဒေသ၌ ဖြစ်ပွားခဲ့သည့် လုယက်မှု အများစုမှာ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီးများ ကိုသာ ဦးတည်သည့် အတွက် ယခုကဲ့သို့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင် များအတွင်း အမျိုးသမီး ရဲမေအင်အား တိုးမြှင့် လိုက်ခြင်းကြောင့် အဆိုပါ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီး များ၏ လုံခြုံမှု ပိုမို ပေးစွမ်း နိုင်ခြင်း ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသွားများ လုံခြုံရေး အတွက် ထပ်မံ တိုးချဲ့ ထားသည့် ရဲတပ်ဖွဲ့ဝင် အင်အား ၆၄ ဦးအနက် ၁၇ ဦးမှာ ရဲမေများ ဖြစ်ကြပြီး ၄င်းတို့မှာ ခရီးသွားများ အဓိက သွားလာနိုင်မည့် နေရာများ နှင့် တန်ခိုးကြီး ဘုရားများ အနီး၌ အဓိက တာဝန်ယူ ဆောင်ရွက် နေသည်ဟု သိရှိရသည်။

myanmarnewsupdates

Facebook ကိုမှီ၍ ဈေးဆိုင်ခင်းသူများကြောင့် ကန်ဒေါ်လာ သန်း ၂၀၀ နှစ်နာ



ပွဲဈေးထဲမှာ အခွန်မဆောင်ပဲ မြေနေရာတစ်ခုမှာ ဈေးဆိုင်ခင်းသလိုပါပဲ။ Facebook ဆီကနေ တရားဝင် ခွင့်ပြုချက် မယူပဲ ကြော်ငြာဇွတ်ထိုးတဲ့ Spam တွေကြောင့် Facebook ရဲ့  စီးပွားရေးကို တစ်နှစ် သန်း ၂၀၀ ထိခိုက်စေကြောင်း သိရပါတယ်။

ဘာလို့လဲဆို ယင်း Spam တို့ရဲ့  ဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ တောင်ရှိပါတယ်။ အားလုံးလည်း မြင်မှာပါ။ Wow, Cool, Join, Click here ဘာညာနဲ့ Facebook ပေါ်မှာ ကြဲလိုက်တဲ့ Spam တွေ မြင်တောင်မကောင်းပါဘူး။ Sexy ကျကျဓာတ်ပုံလေးတွေနဲ့ စာသားတွေနဲ့ ရှဲထားတော့ မသိတဲ့ သူများက သွားနှိပ်မိပါတယ်။ ယင်းသို့ နှိပ်မိပြီး Browser ရဲ့  Adds on ထဲကို အလိုလို ဝင်တော့ ကိုယ်လည်း ဘာမှ မလုပ်ရပဲနဲ့ ကြော်ငြာတွေ ဇွတ်ထိုးပါတော့တယ်။

အဲဒါ Underground Developer များပြုလုပ်တာပါ။ Underground ဆိုတာ Facebook နဲ့ တရားဝင် အသိအမှတ် ပြု သဘောတူညီမှု မယူပဲ ကြော်ငြာ App, Virus တွေ ရေးစားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကြော်ငြာ တစ်ခုကို ၁၈ ဒေါ်လာမှ ၃၅ ဒေါ်လာအထိ ကောက်ယူပြီး Website Traffic တိုးအောင်၊ ကုန်စည် လူသိများ အောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ အချို့  ဆိုရင် ကုမ္မဏီတွေ ဘာတွေတောင် ထောင်ပြီး တော့ တောင် ကြော်ငြာကုဒ်တွေပဲ တစ်နေ့တစ်နေ့ရေးလို့ Facebook Page ကနေ ကြဲကြဲနေတာ မြန်မာပြည် Facebook အထိတောင် ရောက်လာတယ် ဆိုပါတော့။

ဒါကြောင့် ယင်းစီးပွားရေးက ရုပ်ရှင်ရုံမှာ မှောင်ခိုလက်မှတ်ရောင်းတာနဲ့လည်း မတူဘူး။ ပွဲဆိုင်ဈေးခင်းမှာ အခွန်မဆောင်ပဲ ဖျာခင်းဈေးရောင်းတာနဲ့ တူသလိုရှိနေလို့ပါ။ Personal Account များရဲ့  လုံခြုံရေးကိုလည်း အထိနာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ တစ်နေ့တစ်နေ့ Facebook မှ Spam များကို ဖွဲ့ဖို့ အင်ဂျင်နီယာ တစ်ဖွဲ့ကို သီးသန့်ထားပြီး Facebook က ထိုင်ဖျက်ပေးပါတယ်။ သို့ပေမယ့် မလွယ်ပါဘူး။ ကမ္ဘာမှာ ရှိတဲ့ Facebook Page က သန်းနဲ့ချီနေတာမို့ Track လုပ်ဖို့အတွက် အဆင့်မြင့်နည်းပညာများ လိုအပ် နေသေးတယ် လို့ ဆိုပါတယ်။
သို့ပေမယ့် အနာဂတ်မှာ ယင်းကဲ့သို့ Facebook မှတစ်ဆင့် Spam ကြဲသူများကို Ban ပြီး တားဆီး နှိမ်နှင်းသွား မယ်လို့ ဇူဘာဘတ်မှ ပြောဆိုခဲ့ပါတယ်။
.
Ref: mashable
အောင်ခမ်း (TSJ team)
techspace

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ



၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊(၄၆)နှစ်၊(ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ
မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြို ရန် ဆိုက္ကားဖြင့်သွားစဉ်
ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးမှ ဆိုက္ကား အားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ်ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့်
အရေးယူကာစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ
တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊(၁၀)တောင်၊ သာကေတမြို့နယ်၊
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊(ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း
ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ
လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်
တို့အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ လှတိုးနှင့်
ဟိန်းမင်းလတ်(ခ)အောင်အောင်တို့မှ ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်း
မပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအားထပ်မံခိုင်းစေခဲ့သဖြင့် အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့တွင်
ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ လှဌေးမှ ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးမှ
ငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား
ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ
တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စ နှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်
သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

ဂျိုဟိုး ulu tiram ရှိ စက်မှု့ဇုံတွင် ယနေ့ည စတင်ဖမ်းဆီး ။



ယနေ့ညနေ 6 နာရီင်္ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုး ulu tiram ၊ Taman Perindustrian Cemerlang ရှိ Permenpronic Technologies Sdn. Bhd စက်ရုံအား ဝင်ရောက်ဖမ်းစီးမှုစတင်ကြောင်း စက်ရုံရှိ ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား တစ်ဦး၏ ပြောပြသတင်းပေးချက်အရ သိရသည် ။

ကမ္ဘောဒီးယား နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသား စုစုပေါင်း 70 ကျော်ကိုဖမ်းဆီးသွားခဲ့ပြီး စက်ရုံရှိ တာဝန်ရှိသူများ နှင့် သူဌေးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိသည် ။

ုပြီးခဲ့သည့် 28.8.2013 စတားသတင်းစာမှ ကြော်ငြာချက်အရ လာမည့် တနင်္ဂနွေနေ့တွင်သာ စတင်ဖမ်းဆီးမည်ဟုကြော်ငြာထားခဲ့သော်လည်း ယခု ဂျိုဟိုးတွင် ညနေပိုင်းအတွင်း စက်ရုံများကို စတင်စစ်ဆေးသွားကြောင်းသိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများအတွက် အိမ်ပြန်ခွင့် ၊ ဟန်းဖုန်းများယူဆောင်ခွင့်ကိုပင်မပေးပဲ တရားဝင်စစ်ဆေးပြီးသည်နှင့် ကားဖြင့်တင်ဆောင်သွားကြောင်းကို ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား၏ ပြောပြချက်အရ သိရှိရသည် ။

ယခုမလေးရှားအစိုးရ၏ ကြော်ငြာချက်အရ တရားမဝင်အလုပ်သများများ ရှိမည့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆိုင်များကို ဝင်ရောက်ဖမ်းဆီးမည့် 3 လကြာ အော်ပရေးရင်းအား မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရမည့်ကာလဖြစ်သည် ။

မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက သတင်းရရှိသည်နှင့် တင်ဆက်ပေးနေမည်ဖြစ်ပြီး အခြားမည်သည့်နေရာဒေသမဆို ထူးခြားဖြစ်စဉ်များရှိခဲ့ပါက

www.facebook.com/mmrinmy (မလေးရှားရောက်မြန်မာများ) Facenook စာမျက်နှာတွင် လာရောက် အသိပေးကြပါရန် နှင့် ကျွန်တော်တို့မှ ဆက်လက် မျှဝေ ပေးသွားမည်ဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများသိရှိစေရန် ရေးသားတင်ဆက်ပေးရပါသည် ။

www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ Facebook
www.edinooyin.com
မလေးရှာရောက် ဘဝခရီးသည်

Credit : Aung Myo Oo (Johor)

မူရင်းအတိုင်းမျှဝေလိုက်ပါတယ်။

30.8.2013

လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟု ကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင် လက်နက်ခဲယမ်းများလျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရသည်။
ယင်းကဲ့သို့စစ်ဆေးမှုများ ကို လုံခြုံရေးဆိုင်ရာရဲတပ်ဖွဲ့ဝင် များနှင့်အတူ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အမာခံသ တင်းပေးများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ပြီး တရားမဝင်လက်နက် ကိုင်ဆောင်မှုများတွေ့ရှိပါက လက်နက်ကိုင်ဆောင်မှုဥပဒေ ဖြင့် ထိရောက်စွာအရေးယူသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့်အ ရာရှိတစ်ဦးက ပြောသည်။
ယင်းနှင့်ပတ်သက်၍''ကန့် ဘလူအကြမ်းဖက်မှုဖြစ်ရပ်မှာ စုံစမ်းတွေ့ရှိတာတွေအရ ဓား၊ ဂျင်ကလိ၊ တုတ်နဲ့ အခြားသေစေ နိုင်တဲ့လက်နက်စုဆောင်းထားမှု တွေရှိတယ်။ တခြားမြို့နယ်ဒေသ တွေမှာလဲ ဒီလိုကြိုတင်စီမံထားတာတွေမ ရှိဘူးလို့ မပြောနိုင်ဘူး။ ဒါ့ကြောင့် ရှာဖွေမှုတွေပြုလုပ်ရမယ်။ လာ မယ့်ရက်ပိုင်းအတွင်း လုပ်ဆောင် သွားမှာပါ''ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင်လည်း ယင်းကဲ့သို့အကြမ်းဖက်မှုများဖြစ် ပွားနေစဉ်အချိန်တွင် လက်နက်ခဲ ယမ်းများစုဆောင်းခြင်းမပြုရန်၊ သုံး ရက်အတွင်းပြန်အပ်ရန် စသဖြင့် ညွှန်ကြားချက်များပြုလုပ်ခဲ့ပြီး ညွှန် ကြားချက်မလိုက်နာသည့်သူများ ကို တရားမဝင်လက်နက်ကိုင်ဆောင် မှုဖြင့် အရေးယူဆောင်ရွက်ခဲ့သည့် ဖြစ်ရပ်များရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ''ကျွန်တော် တို့ရခိုင်ပြည်နယ်မှာတော့ အဲဒီလို လုပ်တာ ထိရောက်မှုရှိတယ်။ အ မာခံသတင်းပေးတဲ့သူတွေနဲ့ စုံစမ်း ပြီး တစ်အိမ်ဆင်းတစ်အိမ်တက်လိုက်ရှာတာ။ မရှာခင် အရင်ကြေ ညာတယ်။ သုံးရက်အချိန်ပေး တယ်။ ပြီးတော့မှ ရှာလို့လက်နက် တွေတွေ့ရင် အရေးယူတယ်''ဟု ပြောသည်။
အကြမ်းဖက်ပဋိပက္ခများ မှာ မြန်မာနိုင်ငံတွင်ပြီးဆုံးခြင်းမရှိသေးဘဲ မကြာခဏဖြစ်ပွား နေသေးကြောင်း သိရသည်။

Yangon Times

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း


MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေးခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေမှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲလာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏ သူငယ်ချင်းများကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

planet

ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး နောင်တရ


ဘ၀တွင် ပထမဆုံးရိုက်ကူးသည့် အပြာကားဇာတ်ဝင်ခန်းများ၌ ဇာတ်လိုက်မင်းသားနှင့် ကွန်ဒုံး
မသုံးဘဲကာမစပ်ယှက်ခဲ့မှုကို နောင်တကြီးစွာ ရမိကြောင်းနှင့် အပြာကားထုတ်လုပ်ရေးလုပ်ငန်း
တွင် ကွန်ဒုံးမသုံးမနေရဟူသော စည်းမျဉ်းအကောင်အထည် ပေါ်လာအောင် တိုက်တွန်းဆော်
ဩသွားမည်ဖြစ်ကြောင်းအမေရိကန်အပြာမင်းသမီး ဆစ်ဒနီလယ်သာက ဩဂုတ်လ၂၈ရက်နေ့
တွင် ပြောကြားသည်။

အပြာရုပ်ရှင်ထုတ်လုပ်သူ သူဌေးနှင့် တယ်လီဖုန်းမှတစ်ဆင့် ရာဂမွှန် စာတိုများ အပြန်အလှည်
ပေးပို့ရာမှ ချစ်ကြိုက်မိကြပြီး လယ်သာသည် ၎င်း၏ ပထဆုံးအပြာကားဖြစ်သော Weiner & Me
ကို ဇာတ်လိုက် မင်းသား ဇင်ဒါကိုဗတ်စ်နှင့် ကွန်ဒုံးမသုံးဘဲ ရိုက်ကူးဖြစ်ခဲ့သည်။

သို့ရာတွင် လယ်သာနှင့် မရိုက်ကူးမီ ဇင်ဒါကိုဗတ်စ်က အခြားအပြာကား ဇာတ်ဝင်ခန်းတစ်ခု၌
ကွန်ဒုံးမသုံးဘဲ ကာမစပ်ယှက်ခဲ့သည့် အပြာ မင်းသမီး ကင်မရွန်းဘေးမှာအိပ်ခ်ျအိုင်ဗီပိုးကူးစက်
ခံရပြီဖြစ်ကြောင်း ဩဂုတ်လလယ်တွင် အဆိုပါ မင်းသမီးကိုယ်တိုင် ထုတ်ဖေါ်ပြောကြားခဲ့ရာ
လယ်သာမှာ အကြီးအကျယ် တုန်လှုပ်သွားရုံမျှမက ထိုသတင်းကြောင့် အပြာကား ထုတ်လုပ်
ရေးလုပ်ငန်းကိုလည်း အာဏာပိုင်များက ချက်ချင်းရပ်ဆိုင်းလိုက်သည်။

အဆင့်မြင့်ဆေးခန်းများတွင် လယ်သာက မိမိတွင် ရောဂါပိုးကူးစက်ခံ ထားရခြင်းရှိမရှိအပူ
တပြင်းသွားရောက်စစ်ဆေးခဲ့ရာ အိပ်ခ်ျအိုင်ဗီပိုး မတွေ့ရကြောင်း အဖြေထွက်လာသည့်အခါမှ
လယ်သာမှာ သက်ပြင်းချနိုင်ခဲ့သည်။လယ်သာက မိမိအနေဖြင့် အပြာရုပ်ရှင်လောကကို
စွန့်ခွာမည် မဟုတ်သော် လည်း နောင်ရိုက်ကူးမည့် ဇာတ်ကားများတွင် ကွန်ဒုံးသုံးမှရိုက်ကူး
တော့မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်အတော်များများတွင် အပြာကားထုတ်လုပ်ရေး လုပ်ငန်း၌ ဇာတ်
ဝင်ခန်းများ ကို ကွန်ဒုံးသုံးရိုက်ကူးရမည်ဟု ညွှန်ကြားချက်ထုတ်ပြန် ထားသော်လည်း ထုတ်
လုပ်သူနှင့်မင်းသားမင်းသမီးများက မိမိတို့သည် ပုံမှန်ဆေးစစ်မှုခံယူသူများဖြစ်သဖြင့် ထိုသို
့ညွှန်ကြားရန်မလိုကြောင်း၊ ကွန်ဒုံး အသုံးပြုပါကရုပ်ရှင်ကြည့်ပရိသတ်ကို ကျေနပ်မှုအပြည့်
ပေးနိုင်လိမ့်မည်မဟုတ်ဟုဆိုကာ ဝေဖန်လျှက်ရှိသည်။

အင်ဝိုင်ဒေးလီး
oppositeEye

ကင်ညာတွင် အမျိုးသမီးတစ်ဦးက အမျိုးသားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်

ကင်ညာနိုင်ငံတွင် အမျိုးသမီး (၁)ဦးကို အမျိုးသား (၂)ဦးက ခွဲဝေ လက်ထပ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ အမျိုးသမီးသည် အမျိုးသား (၂)ဦးလုံးနှင့် (၄)နှစ်ကျော်ကြာအောင် ချစ်ကြိုက်နေခဲ့ခြင်း ဖြစ်ပြီး ယင်းတို့အနက်မှ တစ်ဦးဦးကို အရွေးခက်နေကြောင်း ဖွင့်ဟခဲ့သည်။ နောက်ဆုံးတွင်မူ အမျိုးသား (၂)ဦးဖြစ်သော ဆီလ်ဗက်စတာ အမ်ဝမ်ဝါနှင့် အီလီဂျာ ကီမာနီတို့ နှစ်ဦး သဘောတူ ညှိနှိုင်းကာ အမျိုးသမီးနှင့် တစ်အိမ်တည်း အတူနေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် အမျိုးသမီး၏ ကလေးများကိုလည်း နှစ်ဦးအတူ ပျိုးထောင်သွားရန် ၎င်းတို့ချင်း သဘောတူညီမှု ရရှိသွားခဲ့သည်။

ရှေ့နေများက အဆိုပါ လက်ထပ် ထိမ်းမြားမှုသည် ပါဝင်ပတ်သက်သူ အားလုံးက ဥပဒေကြောင်းအရ အသိအမှတ်ပြု လက်ခံလျှင် တရားဝင်ကြောင်း ပြောကြားခဲ့သည်။ သတင်းများက အမည်ဖော်မပြသော အမျိုးသမီးသည် အီလီဂျာရော၊ ဆီလ်ဗက်စတာနှင့်ပါ (၄)နှစ်ကျော်ကြာ ချစ်သူအဖြစ် နေထိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦး အမျိုးသမီးအတွက် ရန်ဖြစ် သတ်ပုတ်ခဲ့ကြသည့်နောက် မွမ်ဘာဆာခရိုင် ရဲမှူးဖြစ်သူ အက်ဒ်ဟာလာ အက်ဘ်ဒူရာမန်က နှစ်ဦးအတူ လက်ထပ်ကြရန် အကြံပြုခဲ့ပြီး ယင်းကိစ္စက လက်တွေ့ ဖြစ်မြောက်သွားခြင်းဟု သိရသည်။

"ကျွန်တော်တို့ ဇနီးနဲ့ ပတ်သက်ပြီး အပြန်အလှန် ခြိမ်းခြောက်တာမျိုး မပြုလုပ်ဖို့၊ သဝန်မတိုဖို့ အချင်းချင်း သဘောတူညီမှု ယူခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဇနီးကလည်း တစ်ယောက်ယောက်ကို အတည်တကျ ရွေးဖို့အတွက် သူအဆင်သင့် မဖြစ်နိုင်ဘူးလို့ ဝန်ခံထားခဲ့ပါတယ်"ဟု ၎င်းတို့ နှစ်ဦးက ကင်ညာ၏ NTV သတင်းဌာနသို့ ပြောကြားခဲ့သည်။ ဆီလ်ဗက်စတာက "ကျွန်တော်တို့ချင်း တစ်ယောက်ရဲ့ အခွင့်အရေးကို တစ်ယောက် လေးစားရပါမယ်။ ချစ်ချင်ခင်ခင်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူနေထိုင်ရပါမယ်။ ဒီသဘောတူညီမှုအတွက် ဘယ်သူကမှ ကျွန်တော်တို့ကို အတင်းအကျပ် ဖိအားပေးခဲ့တာ မဟုတ်ပါဘူး"ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

မုဆိုးမ တစ်ဦးဖြစ်ပြီး ကလေးနှစ်ဦး မွေးဖွားထားသည်။ သူမ၏ ဆန္ဒအရ သတင်းများက အမျိုးသမီး၏ အမည်ကို ဖော်ပြမှု မပြုခဲ့ချေ။ ကင်ညာမိသားစုရေးရာ ဥပဒေ အကြံပေး ဂျူဒီသွန်ဂိုရီက ဥပဒေ သတ်မှတ်ချက်တွင် အမျိုးသမီး တစ်ဦးကို ခင်ပွန်းတစ်ဦးထက် အပြိုင်ယူထားရန် တိတိကျကျ တားမြစ်ထားမှု မရှိကြောင်း ပြောကြားခဲ့သည်။ "ဒီကဏ္ဍကို ကင်ညာ ဥပဒေမှာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ မရှိပါဘူး။ ဒါဟာ သီးခြား သဘောတူညီမှုနဲ့ လက်ထပ်တဲ့ အခြေအနေအဖြစ် မှတ်ယူနိုင်ပါတယ်။ ခုချိန်မှာ တကယ့်မေးခွန်းက ဒီအမျိုးသား နှစ်ယောက်ဟာ အမျိုးသမီးရဲ့ အပြိုင်ခင်ပွန်းလင် ဘဝကို ဘယ်လို အသားတကျ ဖြတ်သန်းမလဲ ဆိုတာပါပဲ"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ ကင်ညာတွင် ယောက်ျားတစ်ဦးက အမျိုးသမီးများကို အပြိုင်လက်ထပ်သည့် ကိစ္စမျိုးမှာ ရှားပါးသော အခြေအနေ မဟုတ်သော်လည်း အမျိုးသမီး တစ်ဦးက ယောက်ျားနှစ်ဦးကို တစ်ပြိုင်တည်း လက်ထပ်ခြင်းသည် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့် သတင်းမျိုး ဖြစ်လာကြောင်း သိရှိရသည်။

Planet

Phone တစ်လုံးမှာဘာအလိုအပ်ဆုံးလဲ ?



Phoneတစ်လုံးမှာမြန်မာစာမှန်ပြီးတည့်တည့်ရဘို့ကအရေးကြီးဆုံးဘာဘဲ။ဘာကိုပြောတာလဲဆိုတာ Android
Jelly Bean User များအသိဆုံးဘာဘဲ။ထိုနည်းတူ
iOS မှာလဲ မြန်မာ Font ရဘို့က အဓိကဘာဘဲ။
အရေးကြီးဆုံးအချက်က မြန်မာစာ ရဘို့ဆိုတာကို Phone တစ်လုံးမဝယ်ခင် အစဉ်းစားသင့်ဆုံး ဘာဘဲ။
Brand Phone တွေမှာ Language ရွေးချယ် စရာထဲမှာအိမ်နီးချင်းနိုင်ငံတွေရဲ့ဘာသာ fontအကုန်ပါပေမဲ့ မြန်မာစာဘဲမပါတာပါ။နောင်နှစ်အနည်းငယ်အတွင်းမှာ ပါလာနိုင်တယ်ဆိုပေမဲ့
အခုဖြစ်နေတဲ့ အခြေအနေကို သိစေချင်ပြီး ရွေးချယ်နိုင်အောင် ပြောပြနေခြင်းဖြစ်ပါတယ်။
ပြောချင်တာ Phone ဝယ်တော့မယ်ဆိုရင် အဓိက မြန်မာစာရမရ ရရင် စာတည့်မတည့်မေးပြီးဝယ်ပါ
ပြောသာပြောနေရတာ Jelly Bean မှာမတည့်ဘာဘူး။လူတွေက Brand အစွဲအလန်းကလဲရှိတော့
ဘာဝယ်ဘာလို့မပြောချင်ပေမဲ့ ခုလတ်တလောအဆင်ပြေတာကတော့ HTC ဘာဘဲ Built In မြန်မာစာ ပါတော့ ဘာမှကိုပြောစရာမလိုတာ။
ဖြစ်နေတာက နာမည်ကြီးဖုန်းတော့ကိုင်ပါရဲ့ မြန်မာစာက Root လုပ်မှ လုပ်တော့ကော စာတွေကမတည့်။iPhone 5တော့ကိုင်ဘာရဲ့ 6.1.4မှာ J B မရ မရတော့ ဘာဖြစ်လဲ facebook
သုံးချင်ရင် LikeBookရှိတယ်မိုးကုတ် Browser ရှိရင် မြန်မာစာ တွေ့ရတယ်ဆိုပေမဲ့ Like Bookက
updateလဲမပေးBrowserကလဲပြန်ထွက်ရင်ဟိုးတမလွန်ဘဝကိုပြန်ရောက်သွားသလိုဘာဘဲ
ဘာမှ အဆင်မပြေဘူး။

တွေ့ရတာ China ဘတ်ဂျက် Ph တွေက မြန်မာစာ ဝေဝေဆာဆာပါဝင်ပြီး High End Ph တွေမှာ
မြန်မာစာမပါတာဟာ ကိုယ့်နိုင်ငံရဲ့အားနည်းချက်သာဖြစ်ပြီး User များကို ကိုယ်အသုံးပြုတဲ့ငွေကြေး
နဲ့ အဆင်ပြေစေချင်တဲ့ စေတနာနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုရင်းပြီး userတွေရဲ့အချိန်တွေ မကုန်စေချင်လို့တင်ပြလိုက်ရ
ပါတယ်။

တန်ဖိုးကြီးတဲ့ Handset ဝယ်ပြီးမှ Note လေး တည့်အောင်မှတ်လို့မရ Contact မှာ အဆင်ပြေ
အောင် မှတ်မရရင်ဘာလုပ်တော့မှာလဲ။

Handset များစွာ လက်တွေ့သုံးပြီး အများအဆင်ပြေစေရန် အကြံပြုလိုက်ပါသည်။

Lin Htet Win
Myanmar it Group

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ


ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါတယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။
ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါတယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham  စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။
Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်--
http://en.wikipedia.org/wiki/Mortar_boards
-
အောင်ခမ်း ( ရိုးရာလေး )

အက်စ်အက်စ်အေ (ရွက်ဆစ်) အဖွဲ့ ဆက်ကြေး တာဝန်ခံအား ဖမ်းဆီးရမိ ……….


ရှမ်းပြည်နယ် ကျောက်မဲ မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းမှ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် သြဂုတ် ၂၇ရက် နံနက် ၁ဝနာရီ မိနစ် ၅ဝချိန်ခန့်က အက်စ်အက်စ်အေ (ရွက်ဆစ်)အဖွဲ့မှ ဆက်ကြေး တာဝန်ခံ စိုင်းစံမြ (ဘ) ဦးအားစိန်လာအား လမ်းလျှောက် စကားပြော စက်နှစ်လုံး၊ ဆက်ကြေး တောင်းခံသည့် စာရွက်စာတမ်းများ နှင့်အတူ စေတီ မြောက်ရွာ အနီး၌ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်

မြ၀တီ

ဒေသခံ နှစ်ဦး လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှု တုံရပ်ကွက်နေ ဦးရှမ်း(ခ)ဦးအိုက်ထွန်း နှင့် မြောက်ရပ်ကွက်နေ ဦးကျော်မင်းလွင် တို့နှစ်ဦးသည် သြဂုတ် ၂၇ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က ကြူကုတ်မှ ဈေးရောင်း၍ ဆိုင်ကယ်ဖြင့် မူဆယ်သို့ ပြန်လာစဉ် ကြူကုတ်၊ ပန်ဆိုင်းမြို့နယ်ခွဲ၊ ကျင်စန်းကျော့ ကျေး ရွာ အနီး၌ အရပ်ဝတ် ဝတ်ဆင်ထားသူ နှစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ်များအား မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဦးရှမ်း(ခ) ဦးအိုက်ထွန်းမှာ လက်နက်ငယ် ထိမှန် သေဆုံး ခဲ့ပြီး ဦးကျော်မင်းလွင်၏ ယာဘက်ပေါင်  လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။



Myawady

မကြီး ထွားရတဲ့အကြောင်းရင်းက ?

Yangontimes

သီချင်းခွေဝယ်ဖို့ ပိုက်ဆံ ရှိပေမယ့် အင်တာနက် Download ဆွဲခြင်းကို စိတ်မကောင်းဘူး ဆိုသူ ဖော်ကာ


တေးသီချင်း အခွေဝယ်ရန် အဆင် မပြေ၍ အင်တာနက် မှ Download ဆွဲခြင်းကို ပြောစရာ မရှိသော်လည်း ပိုက်ဆံ ရှိပြီး Download ဆွဲခြင်းမျိုး ကို စိတ် မကောင်းကြောင်း အဆိုတော် ဖော်ကာက ပြောသည်။
Wanted အဖွဲ့ရဲ့ ‘တစ်ယောက် တစ်နေရာမှ’ ဆိုတဲ့ စီးရီးက စီးရီးထွက် ပြီးပြီးချင်းမှာပဲ အွန်လိုင်းမှာလည်း Download ပြုလုပ်နားဆင်ရန် လင့်ခ် များလည်း တက်လာ ခဲ့ပြီး အခွေ ဝယ်ဖို့ အဆင်မပြေတဲ့ သူများ အတွက်လည်း ဒီ လင့်ခ်တွေက တစ်ဆင့် နားဆင် ကြတာ လည်း တွေ့ ရပါတယ်။ ခုလို ဖရီး Download လင့်ခ်တွေအပေါ်မှာ လည်း ဖော်ကာ က ”အခွေ ဝယ်ဖို့ အဆင်မပြေ တဲ့ သူတွေ အတွက်တော့ ဒီလင့်ခ်တွေက အဆင်ပြေတာပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာ အထိ အခွေတွေ အစုံ ရောက် ဖို့ နောက်ကျတယ် ဆိုတာက လည်း အခွေတွေ အများကြီး အလွန်အကျွံ မကူးရဲတာလည်း ပါတယ်။ ကူးထား တာကတော့ လက်ရှိ အရေအတွက် အ များဆုံး ကူးတယ် ဆိုတဲ့ အထိတော့ ကူး ထားတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ကျတော့လည်း အများကြီး ကူးရမှာ လက်တွန့်တာပေါ့။ ရှေ့မှာက လည်း ခိုးကူးတွေက ပေါခဲ့တာ ဆိုတော့ ကူးရ မှာ လက်တွန့်တာပေါ့။ ပိုက်ဆံလည်း ရှိပြီး အခွေလည်း ဝယ်ဖို့ အဆင်ပြေရဲ့ သားနဲ့ Download လုပ်တာမျိုးကို တော့ စိတ်မကောင်းဘူး” ဟု ဖော်ကာ က ပြောသည်။
ဖော်ကာက ”ကျွန်တော် လုပ်နိုင် သလောက် အားနဲ့ အကောင်းဆုံးတော့ လုပ်ခဲ့တာပါပဲ။ ရှိုးတွေမှာ ပိုအားစိုက်ရမယ် ဆိုတာကလည်း သိပါတယ်။ ဒါပေမဲ့ ကိုယ့်သီချင်း ကိုယ် ဆိုတာ ဖြစ်တဲ့ အတွက် အရမ်းတော့ မခက် ခဲနိုင်ပါဘူး။ ပိုတော့ ပင်ပန်းမှာပေါ့။ ပင်ပန်းတာ နဲ့ အညီ ပရိသတ်တွေ လည်း ပိုပျော်တယ် ဆိုရင် ကျေနပ်ပါပြီ” ဟု ပြော သည်။ ၂ဝဝ၄ ခုနှစ်ခန့်မှာ ရောင်ခြည် အခွေကို စတင် ထွက်ရှိခဲ့သူ ဖော်ကာ Wanted အနေနဲ့ လက်ရှိ ၉ နှစ်အတွင်း တစ်ကိုယ်တော် အခွေ ထွက်ရှိ ထားနိုင်ခဲ့ ပြီး ၂ဝ၁၃ ဒီဇင်ဘာလ အတွင်း Wanted အဖွဲ့၏ One Band Show ကို တောင်ကြီးမြို့တွင် စတင်ပြုလုပ် တော့မည်ဟု သိရသည်။”
တောင်ကြီး၊ မန္တလေး၊ ရန်ကုန် ၃ ပွဲဆက်တိုက် လုပ်ဖြစ်မယ်။ ၂ ပတ်ခြား စီလောက် လုပ်ဖြစ်မယ် ထင်တယ်။ ဒီဇင်ဘာ နဲ့ ဇန်နဝါရီ နှစ်လမှာ ဆက် တိုက် လုပ်ဖြစ်မယ်။ တခြား Band အသစ်တွေလည်း ပါမှာပါ”။ ”အခွေ ထွက်တာဆို ၉ နှစ် ရှိပြီ။ Band သက်တမ်း ဆိုလည်း ၁ဝ နှစ် ကျော်ပြီ။ ပေါက်သည်ဖြစ်စေ၊ မပေါက် သည်ဖြစ်စေ နှစ်တွေ အများကြီး လုပ်လာခဲ့ပြီး တစ်ခါတလေ ကျရင် ကိုယ့်ရဲ့ ပရိသတ်ကို သီချင်းတွေ အများကြီးဆို ပြချင်တယ်။ ကိုယ့်ကို ချစ်တဲ့ သူတွေကို လည်း မြင်ချင်လို့ပါ” ဟု ဖော်ကာ က ပြောသည်။

Popular News

ဆေးလိပ်ဖြတ်ခြင်း အကျိုး (၁၀) ပါး



၁)အသက်ရှုလို့ ကောင်းလာပြီး ကျန်းမာရွှင်လန်းလာမယ်။

ဆေးလိပ်ဖြတ်ပြီး ရင်...........

က) မိနစ်နှစ်ဆယ်အတွင်းမှာကို Blood Pressure သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်သွားနိုင်တယ်။

ခ) ၈ နာရီအတွင်းမှာ Nicotine နီကိုတင်းဓာတ်နဲ့ CO ကာဘွန်မိုနောက်ဆိုက် ဓာတ်တွေက တစ်ဝက်ကျသွားမယ်။ Oxygen အောက်စီဂျင်ကပုံမှန် ပြန်ဖြစ်သွားမယ်။

ဂ) ၄၈ နာရီအတွင်းမှာ Nicotine နီကိုတင်း ဓာတ်တွေ ကိုယ်ထဲက ရှင်းသွားမယ်။

ဃ) ၇၂ နာရီအတွင်းမှာ အဆုတ်ပြွန်တွေ တောင့်တင်းတာလျော့သွားပြီး အသက်ရှူလို့ ကောင်းလာမယ်။

င) ၂ ပါတ်ကနေ ၁၂ ပါတ်ကြာရင် သွေားလှည့်ပတ်မှုက ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။

စ) ၃၉ ပါတ်ကြာရင် Cough ချောင်းဆိုး၊ Wheeze ရင်ကြပ်တာတွေ ကောင်းလာပြီး အဆုပ်ရဲ့  ၁၀%ပိုကေင်းလာမယ်။

ဆ) ၅ နှစ်နေရင် ဆေးလိပ်သောက်တဲ့ သူတွေထက် နှလုံးသွေးကြော ပိတ်တဲ့ နှုန်းက တစ်ဝက်ကျသွား လိမ့်မယ်။

ဇ) ၁၀ နှစ်နေရင် Lung Cancer အဆုပ်ကင်ဆာ ဖြစ်တဲ့နှုန်းက ဆက်သောက် သူတွေ ထက် ထက်ဝက်ကျသွားမယ်။

၂) သွေးလေလှည့်ပတ်တာ မကောင်းတဲ့ ရောဂါကြောင့် ခြေလက် ပုပ်တာ၊ ဖြတ်ရတာတွေ နည်းသွားမယ်။

၃) ကိုယ်နဲ့ အတူနေထိုင်တဲ့ သူတွေကို ဆေးလိပ်ပြာတွေ၊ မီးခိုးတွေကတစ်ဆင့် အန္တရာယ်ဖြစ်စေတာတွေကို နည်းသွားစေမယ်။ ဆေးလိပ်ပြာတွေ၊ မီးခိုး တွေထဲမှာ Arsenic အာဆင်းနစ်ဓာတ်၊ Benzene ဘင်ဇင်းဓာတ် နဲ့ Cyanide ဆိုင်ယာနိုက်ဓာတ် တွေပါတယ်။ Arsenic အာဆင်းနစ်ဓာတ် နဲ့ Benzene ဘင်ဇင်းဓာတ် တွေက ကင်ဆာဖြစ်စေတတ်တယ်။

၎) ကိုယ့်ရဲ့  ရင်သွေးတွေ Bronchitis အဆုတ်ပြွန်ရောင်၊ Pneumonia အဆုတ် အအေးမိ၊ Asthma ပန်းနာရောဂါ၊ Meningitis ဦးဏှောက် အမှေးရောင် ရောဂါနဲ့ Ear Infection နားပြည်ယိုတာတွေ နည်းသွားစေမယ်။

၅) ကလေးလိုချင်တဲ့ သူတွေ ကလေးမြုံတာ နည်းသွားပြီး ကိုယ်ဝန်ဆောင် ရင်လည်း ရင်သွေးက ကျန်းမာမယ်။

၆) အဆုပ်ကင်ဆာ၊ နှလုံးနဲ့ အဆုပ်ရောဂါ တွေကြောင့်ဖြစ်မဲ့ မကျန်းမာမှု၊ သေဆုံးမှုတွေ နည်းသွားမယ်။

ရ) ငွေကြေးကုန်ကျတာ နည်းသွားမယ်။

ဂ) အသားအရည် စိုပြေလာပြီး သွားတွေလည်း ပိုလှလာမယ်။ ဆေးလိပ် သောက်တဲ့ သူတွေက ရုပ်ရင့်တယ်။

၉ ) လျှာက အရသာခံနိုင်တာ ပိုကောင်းလာလို့ အစားအသောက်တွေစားတာ ပိုပြီး အရသာရှိလာမယ်။

၁၀) ကိုယ်စီးတဲ့ကားနဲ့ မိမိအိမ် အနံ့အသက်တွေ ကောင်းလာပြီး မီးဘေး အန္တရာယ်ကလည်း နည်းသွားမယ်။

myawady

နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ပေါ်ရှိ ငါးထပ်တိုက် သုံးလွှာတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိပ်ခန်း အတွင်းရှိ ရွှေထည်နှင့်ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာတစ်လုံး ခိုးယူခံရကြောင်း အခန်းပိုင်ရှင် ဦးကျော်စိန်က The Voice သို့ ပြောကြားသည်။

ယင်းနေ့ နံနက် ၉ နာရီကျော်က သမီးဖြစ်သူကို ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ လိုက်ပို့ပြီး အပြန်တွင် အခန်းတံခါးကို ခတ်ထားခဲ့သည့် သော့သုံးလုံးကို ဖျက်ဆီးခံထားရပြီး အိပ်ခန်းအတွင်း ထားရှိသော LEECO အမျိုးအစား မီးခံသေတ္တာ ပျောက်ဆုံးနေကြောင်း၊ မီးခံသေတ္တာအတွင်းတွင် စုစုပေါင်း အလေးချိန် ၂၃ ကျပ်သားရှိ အကယ်ဒမီအခေါက်ရွှေ လေးတုံးအပါအဝင် ကျပ် ၁၅ သိန်း၊ စင်ကာပူ ဒေါ်လာ ၅၀ တန် အရွက် ၂၀ ၊ ရွှေနားကပ် သုံးရန်နှင့် နိုင်ငံကူးလက်မှတ်စာအုပ်ပါ ပျောက်ဆုံးလျက်ရှိ ကြောင်း ၄င်းက ပြောကြားသည်။

"သော့သုံးလုံးကို ရွှေဖြတ်တဲ့ ကတ်ကြေး (Cutter) နဲ့ ဖြတ်ထားတဲ့ လက္ခဏာ တွေ့ရတယ်လို့ ရဲတွေက ပြောတယ်။ အဲဒီမီးခံသေတ္တာက ဝယ်တုန်းကတောင် လူလေးယောက်မ သယ်ရတယ်။ သူတို့တွေ သေတ္တာကို လှေကားကနေချပြီး ကားပေါ်တင်တာကို တချို့လူတွေ မြင်ကြပေမယ့် ခိုးခဲ့တာလို့ မထင်မိကြဘူးတဲ့" ဟု ဦးကျော်စိန်၏ သမီးဖြစ်သူကဆိုသည်။

မီးခံသေတ္တာကို လူသုံးဦးက ကားတစ်စီးပေါ်သို့ တင်နေသည်ကို မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် ဖုန်းအရောင်း ဆိုင်၏ လုံခြုံရေးကင်မရာမှ မြင်တွေ့ရသော်လည်း မည်သူမည်ဝါများ ဖြစ်သည်ကို သဲကွဲစွာမသိရကြောင်း ဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တယ်လီဖုန်းအရောင်းဆိုင်၏ လုံခြုံရေးကင်မရာ မှတ်တမ်းများအရ မီးခံသေတ္တာ တင်ဆောင်သည့်ယာဉ်မှာ Probox အမျိုးအစားဖြစ်ပြီး လူသုံးဦးအနက် တစ်ဦးမှာ တိုက်အနီးရှိ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းမှ လူငယ်တစ်ဦး ပါဝင်ကြောင်း၊ ၄င်းလူငယ်ကို ခေါ်ယူစစ်ဆေးရာ ၄င်းကို အကူအညီတောင်းသဖြင့် အိမ်လှေကားမှ ဝိုင်းဝန်းကူညီ သယ်ဆောင်ပေးခဲ့ရာ မီးခံသေတ္တာ သယ်သူများက ၄င်းကို ၁၅၀၀ ကျပ်ပေးခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း မီးခံသေတ္တာပိုင်ရှင် ဦးကျော်စိုးက ပြောကြားသည်။

"မသင်္ကာတဲ့ လူတစ်ယောက်ကိုတော့ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရတယ်။ ဒီရပ်ကွက်မှာ အရင်က ဒါမျိုးမဖြစ်ဖူးခဲ့ပါဘူး" ဟု အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးခံသေတ္တာ အလုံးလိုက်ပျောက်ဆုံးမှုကို လှိုင်မြို့နယ်ရဲစခန်းက (ပ) ၃၆၂/၁၃၊ ပြစ်မှုပုဒ်မ၊ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice

လက်ပံတောင်းဆန္ဒပြ ဒေါ်နော်အုန်းလှ ထောင်နှစ်နှစ်၊ မိတ္ထီလာ ဗလီမီးရှို့သူ ထောင်နှစ်နှစ်


မိတ္ထီလာအကြမ်းဖက်မှု ဖြစ်စဉ်များအတွင်း မီးလောင်ပျက်စီးခဲ့သော ဗလီတစ်ခု
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် မုံရွာမြို့တွင် ခွင့်ပြုချက် မရဘဲ ဆန္ဒပြခဲ့သူ ရန်ကုန်တိုင်း ဒေသကြီးမှ ဒေါ်နော်အုန်းလှအား စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တရာရုံးက သြဂုတ် ၂၉ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ရာ လွန်ခဲ့သော မတ်လအတွင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက် မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့ သူများအား အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်သာ ချမှတ်ခဲ့ရာ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။
ဒေါ်နော်အုန်းလှသည် မုံရွာမြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လက်ပံတောင်းတောင် စီမံကိန်း လုံးဝဖျက်သိမ်းရေး၊ လက်ပံတောင်းတောင် အရေးနှင့် ပတ်သက်၍ လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှထွန်း အလိုမရှိ၊ ပြည်သူကို ညှဉ်းပန်း နှိပ်စက်သောရဲများ အရေးယူပေးရေး စသည့် အချက်လေးချက်ဖြင့် ဆန္ဒပြခွင့်ရရန် ခွင့်ပြုမိန့် တောင်းခံခဲ့သည်။ သို့သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက သြဂုတ် ၁၂ ရက်တွင် အဆိုပါ တောင်းဆိုမှုကို ပယ်ချခဲ့ကာ သြဂုတ် ၁၃ ရက်တွင် ဒေါ်နော်အုန်းလှနှင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်ပံတောင်းတောင် ဒေသမှ မုံရွာမြို့ဘက်သို့ ကူးအလာတွင် ဒေါ်နော်အုန်းလှကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဒေါ်နော်အုန်းလှနှင့်အဖွဲ့ အနေနှင့် မုံရွာမြို့အတွင်း ဆန္ဒပြ အော်ဟစ်ခြင်း၊ အလံပိုစတာ စသည်တို့ ကိုင်ဆောင်ခြင်း မရှိဘဲ လမ်းလျှောက်ရုံ သက်သက်ဖြင့်သာ ရဲတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု မျက်မြင်သက်သေဖြစ်သော မုံရွာမြို့ခံများက ဆိုကြသည်။ ဒေါ်နော်အုန်းလှအား မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး မြို့နယ်ရဲစခန်းက မှတ်ပုံတင်အမှတ် ၂၅၊ စာအမှတ် ၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၅၀၅ (ခ) ပြစ်မှုကြီးအမှတ် ၉၅၅၃ ဖြင့် အမှုဖွင့်ခဲ့ ပြီး သြဂုတ် ၂၇ ရက်တွင် စတင် စစ်ဆေးခဲ့သည်။
ပုဒ်မ ၅၀၅ (ခ) ဆိုသည်မှာ ''မည်သူမဆို ဖော်ပြချက်ကိုဖြစ်စေ ကောလာဟလကို ဖြစ်စေ သတင်းကိုဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန် ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကိုဖြစ်စေ နိုင်ငံတော် ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက် သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် သို့တည်းမဟုတ် လူအမျိုးအစား အချင်းချင်း ဖြစ်စေ လူမျိုးစု အချင်းချင်းဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန် အကြံရှိလျှင် သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း'' ပြဋ္ဌာန်းထားသည့် ပုဒ်မဖြစ်သည်။

မုံရွာမြို့နယ် ရဲစခန်းအတွင်းရှိ အချုပ်ခန်းအတွင်း၌ တွေ့မြင်ရသော ဒေါ်နော်အုန်းလှ
ဒေါ်နော်အုန်းလှ၏ အမှုကို သုံးသပ်ကြည့်မည်ဆိုလျှင် ဥပဒေ၏ အမြင့်ဆုံး စီရင်ခွင့်ဖြစ်သော ထောင်ဒဏ်နှစ်နှစ်ကို ချမှတ်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားအမှု တစ်ခုဖြစ်သော မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက် မှုများ၌ တရားခံ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ တို့ဖြင့် အမှု ဖွင့် တရားစွဲဆိုပြီး ပြစ်မှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်၊ ပြစ်မှုနှစ်ရပ်စလုံး အတွက် တစ်ပေါင်းတည်း ကျခံစေရန် စီရင်ချက် ချခဲ့သည်ကို တွေ့ရသည်။
''မည်သူမဆို ကိုးကွယ်ဝတ်ပြုသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ နေအိမ်အဖြစ်ဖြင့် သော်လည်းကောင်း၊ ပစ္စည်းများ သိုလှောင် ထိန်းသိမ်းသော နေရာအဖြစ်ဖြင့် သော်လည်းကောင်း၊ သာမန်အားဖြင့် အသုံးပြုသော အဆောက်အအုံကို ဖျက်ဆီးရန် အကြံဖြင့်ဖြစ်စေ မိမိက ထိုသို့ ပျက်စီးစေမည် ဖြစ်တန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ မီးဖြင့် သို့တည်းမဟုတ် ပေါက်ကွဲတက်သော အရာဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း'' ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရသည်။
မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများ၌ အစ္စလာမ် ဘာသာရေး အဆောက်အအုံကို ဖျက်ဆီးခဲ့သူ နှစ်ဦးအား အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တို့ဖြင့်သာ အရေးယူ ခဲ့သည်ကို တွေ့ရသည်။ ပုဒ်မ ၄၂၇ ၏ ပြဋ္ဌာန်းမှုမှာ ''မည်သူမဆို အကျိုးဖျက်ဆီးမှုကို ကျူးလွန်၍ ထိုသို့ ကျူးလွန်ခြင်းဖြင့် အဘိုးငွေ ငါးဆယ်အောက် မနည်း ပျက်စီးနစ်နာစေလျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်'' ဟု ပြဋ္ဌာန်းထားသည်။ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁ တွင် ''မည်သူမဆို ထောင်ဒဏ်ထိုက်သည့် ပြစ်မှုကို ကျူးလွန်ရန် အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်လျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ခုနစ်နှစ်တိုး၍ ချမှတ်နိုင်သည်'' ဟု ပြဋ္ဌာန်းထားသည်။
မိတ္ထီလာ အကြမ်းဖက်မှုအတွင်း ဘာသာရေး အဆောက်အအုံများကို ဖျက်ဆီးခဲ့သူများအား စွဲဆိုထားသည့် ဥပဒေပုဒ်မအရ အမြင့်ဆုံး စီရင်ပိုင်ခွင့် ရှိသည့်အတိုင်း စီရင်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်သော်လည်း ဗလီကို မီးရှို့ဖျက်ဆီးသူ ထောင်ဒဏ်နှစ်နှစ်၊ ဆန္ဒထုတ်ဖော်ခွင့် တောင်းခံထားသည့် မြို့နယ်သို့ လက်ပံတောင်းတောင် ဒေသခံများနှင့်အတူ လာရောက်ခဲ့သည့် ဒေါ်နော်အုန်းလှအပေါ် အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ဆိုသည့် စီရင်ချက်မှာကား...။

Eleven

ဘန်နီဖြိုး၏ လူပျိုလှည့်တေးစီးရီး နိုဝင်ဘာတွင် ထွက်မည်



အလွမ်းပြေအနမ်း၊ နှစ်ပတ်လည် စတဲ့သီချင်းတွေနဲ့ လူငယ်ပရိသတ် အားပေးမှုရခဲ့တဲ့ တေးသံရှင်ဘန်နီဖြိုးက သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ လူပျိုလှည့် တေးစီးရီးကို နိုဝင်ဘာလအတွင်း ဖြန့်ချိပေးသွားတော့မှာပါလို့ The Voice ကိုပြောပါတယ်။

"ဒီစီးရီးက ကျွန်တော့်ရဲ့ ပထမတစ်ကိုယ်တော်စီးရီး “ချစ်တယ်ဟုတ်” ထဲက Music ပုံစံတွေနဲ့ နည်းနည်းကွဲလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ဆိုနေကျ သီချင်းပုံစံလည်း မပျောက်အောင် နောက်ထပ် Level တစ်ခုလည်းရောက်အောင် ကြိုးစားထားပါတယ်။ သီချင်းပုဒ်ရေကတော့ ၁၂ ပုဒ် ပါမယ်။ သီချင်းတွေ အကုန်လုံးကို ကျွန်တော်ကိုယ်တိုင် ရေးထားတယ်။ Featuring ဆိုပေးတဲ့ Rapper တွေကတော့ သူတို့ဆိုတဲ့အပိုဒ်ကို ကိုယ်တိုင်ရေးထားကြတယ်။ သီချင်း အကြောင်းအရာတွေ ကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို ဖွဲ့ထားတာ ပါသလို၊ သူငယ်ချင်းတွေရဲ့ ခံစားချက်တွေကို ကိုယ်စားခံစားပြီး ရေးထားတာတွေလည်း ပါမယ်" လို့ ဘန်နီဖြိုးက ပြောပါတယ်။

လူပျိုလှည့် တေးစီးရီးမှာ Featuring သီဆိုသူများ အဖြစ် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ ကိကိနဲ့ Underground မှာ ကျင်လည်နေတဲ့ သူငယ်ချင်းများ ပါဝင်မှာဖြစ်ပြီး အရင်ထွက်ရှိခဲ့တဲ့ စီးရီးများနဲ့ မတူတဲ့ ရသမျိုးကို ပေးနိုင်အောင် ကြိုးစားထားတဲ့အတွက် ပရိသတ်များကို အားပေးစေချင် ပါတယ်လို့ သူက ဆိုပါသေးတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု ကတော့ We Can Do It ဆိုတဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး သီချင်းတစ်ပုဒ်ကို တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေတို့နဲ့ ရိုက်ကူးထားပြီး အဖွဲ့လိုက် တေးစီးရီးများလည်း ထွက်လာဖို့ရှိတယ်လို့ ဘန်နီဖြိုးက ပြောပါတယ်။

The Voice

၁၀တန်းကျောင်းသားလေး အုပ်စုဖွဲ့ရိုက်ခံရ၍ သေဆုံးမှု့ဖြစ်ပွား။



၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် ၊

အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင့်ပြန်လာစဉ် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်ခဲ့ ကြပါသည်။ည ၁၁

နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ဆေးကုသခဲ့ပါသည်။ ထိုနောက် ၂၃.၈.၂၀၁၂ မနက် ၁၀ နာရီ အချိန်တွင်

မန်းဒလေး ဆေးရုံကြီးသို့ ဆက်လက်ဆေးကုသခံယူသော်လည်း ညနေ ၇ နာ၇ီ ၄၅ မိနစ် အချိန်တွင် ရိုက်နှက်မှု့ဒဏ်ရာ နှင့်

သေဆုံးခဲ့ကြောင်းသိရပါသည်။ လတ်တလော အချိန်တွင် တရာခံပာု ယူဆရသော လူ(၃)ဦး အား ခေါ်ယူစစ်ဆေးနေပြီး ပုဒ်မ ၁၈၇ မှ ပုဒ်မ ၃၀၂

ဖြင့် အမှု့ဖွင့် အရေးယူထားကြောင်း သိရပါသည်။ ယခု သေဆုံးမှု့နှင့်ပက်သက်ပြီး အမည်အဖေါ်လိုသူ ဆရာမ တစ်ဦးပြောကြားချက်အရ ယခုလို တောင်ကြီးတွင် အုပ်စုလိုက်ဝိုင်းရိုက်မှု့များ

ယခင်ကလည်း ခဏခဏ ဖြစ်ပွားလျှက်ရှိသည်ပာုပြောပြပါသည်။ သေဆုံးသူ မိသားစုဘက်မှ အမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်လျှက်ရှိပြီး

နောက်နောင် ဒီလို အုပ်စုလိုက်ရိုက်နှက်မှု့ မဖြစ်ပေါ်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း

ကျောင်းသားမိဘတစ်ဦးမှ ပြောပြပါသည်။

နေလင်းသိုက်