သံပုရာရည်ကို ဘာ့ကြောင့် နံက်တိုင်းသောက်သင့်တာလဲ


အဖြေကတော့သံပုရာသီးထဲမှာ လူသားတို့ ကျန်းမာရေးကိုကောင်းကျိုးပြုတဲ့ အာနိသင်တွေများပြားလို့ ပါဘဲ။ သံပုရာသီးထဲမှာ ကိုယ်တွင်း/ကိုယ်ပ ဗက်တီးရီးယားပိုးမွှားတွေကို သုတ်သင်နှိမ်နင်းပေးနိုင်တဲ့ antibacterial၊ ပြင်ပကူးစက်ဗိုင်း ရပ်စ်ပိုးတွေကို တားဆီးကာကွယ်ပေးတဲ့ antiviral၊ကိုယ်ခံစွမ်းအားတွေတိုးတက်ကောင်းမွန်စေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ ဆစ်ထရစ်အက်ဆစ်/ကယ်လ်စီယမ်/မဂနီစီယမ်/ဗီတာမင်စီတို့ လုံလောက်စွာပါရှိတာကြောင့် နံက်စာစားပြီးတိုင်း သံပုရာရည် တစ်ခွက်ပုံမှန်သောက်ပေးသင့်တယ်လို့  Daily Health Tips(ခေါ်)အင်တာနက်ကျန်းမာရေးသတင်းလွှာမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့ ဖော်ပြသွားခဲ့ပါတယ်။

(၁) အစာကျေစေခြင်း။

သံပုရာရည်က ခန္ဒာကိုယ်တွင်း အစာချေအင်္ဂါအဖွဲ့ အစည်းထဲမှ အဆိပ်အတောက်များကို နှင်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် အစာမ ကျေလေပွခြင်းကိုလည်း သက်သာလာစေပါတယ်။ အူသိမ်အူမများကို ကောင်းစွာအလုပ်လုပ်စေနိုင်လို့  အူကင်ဆာဝေဒနာသည် များကို သံပုရည်သောက်ရန် ဆရာဝန်များက အကြံပေးလေ့ရှိပါတယ်။

(၂) ကိုယ်တွင်းသန် စေ့ခြင်း။

သံပုရာသီးထဲရှိ ဆစ်ထရစ်အက်ဆစ်များက အင်ဇိုင်းအဖြစ်အထောက် အပံ့ဖြစ်စေပါတယ်။ နံက်ပိုင်း သံပုရာရည်သောက်ခြင်း အားဖြင့် တညတာအောင်းထားသော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ကုန် စင်အောင်စွန့် ထုတ်ပေးနိုင်ပါတယ်။

(၃) ကိုယ်ခံစွမ်းအားတိုးတက်ကောင်းမွန်စေခြင်း။

ဗီတာမင်စီနဲ့  ပိုတက်စီယမ်တို့  မြင့်မားစွာပါရှိကြလို့ ၊ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့ အစည်းများကို လှုံ့ ဆော်ပေးပါတယ်။သွေးတိုး ကျခြင်း၊ ရာသီဥတုပူပြင်း၍ ရေဓာတ်ဆုံးရှုံးမော ပန်းမှုဒဏ် ကို ပြေပျောက်ခြင်း၊ ပန်းနာရင်ကျပ်နဲ့  အသက်ရှုလမ်းကြောင်းပိတ် ဆို့ မှုပြသနာများကို ကောင်းကျိုးပြုပေးပါတယ်။ သံပုရာတစ်ခွက်ကို နံက်တိုင်းပုံမှန် သောက်သုံးပေးခြင်းဖြင့် အရိုးအဆစ်မြစ် များတွင် ယူရစ်အက်ဆစ်အနည်ကျခြင်းကို ကာကွယ်ပေးလို့  အဆစ်မြစ်ယောင် ရမ်း ဝေဒနာသည်များ၊ လေးဘက်နာရောဂါသည် များ၊ ဂေါက်ဝေဒနာ သည်များ မဖြစ်မနေသောက်သုံးသင့်ပါတယ်။ အရိုးနဲ့  အရိုးဆက်တစ်ရှုးများ ကြံ့ ခိုင်ကျန်းမာစေရန်အတွက် လည်း သံပုရာရည်က မရှိမဖြစ်ပါဘဲ။ ဒါ့ပြင် သံပုရာသီးထဲမှာပါရှိတဲ့ antimicrobial အစွမ်းက ရာသီ ကူးစက်ဖျား များဖြစ်ကြသော အအေးမိ၊ တုပ်ကွေးရောဂါတို့ ကို တိုက်ထုတ်ပေးနိုင် ပါတယ်။

(၄) အရေပြားသန့် စေခြင်း။

ကျန်းမာသောအသားအရေဖြစ်စေဖို့  ဗီတာမင်စီက အလိုအပ်ဆုံးအရာပါ။ သံပုရာသီးထဲရှိ ဗီတာမင်စီများက ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် စွမ်းဆောင်နိုင်၍၊ အသားအရေတွဲကျခြင်း၊ အရေပြားညစ်ကာမစို မပြေဖြစ်ခြင်း၊ အသားအရေနေလောင်ခြင်း တို့ ကို လျော့ပါးသက် သာစေပါတယ်။ ဒါ့ပြင် သံပုရာသီးထဲရှိ သဘာဝအယ်လ်ကာလီအစွမ်းက ၀က်ခြံဖြစ်စေတဲ့ ဗက်တီးရီးယားတို့ ကို သေစေပါတယ်။ အမာရွတ်နဲ့  မျက်နှာပေါ်ရှိအမည်းစက်များလျော့ပါးသက်သာလာစေဖို့ သံပုရာရည်ဖြင့် ယုံကြည်စိတ်ချစွာလိမ်း ပေးပါ။

(၅) စိတ်ခံစားမှုကောင်းမွန်စေခြင်း။

အစားအစာထဲရှိ မော်လီကျုးနဲ့ အက်တမ်များက လူသားတွေရဲ့  စိတ်ကိုခွန်အားဖြစ်စေပါတယ်။ သံပုရာသီးက စိတ်ခံစားမှု ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်တာကို စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ သံပုရာရနံ့ က လူကိုလန်ဆန်းတက်ကြွ စေသလို၊ သံပုရာရည်သောက်ခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်ခြင်း တို့ ကို လျော့ကျသွားပါတယ်။

(၆) ခံတွင်းကောင်းစေခြင်း။

နာတာရှည်နေမကောင်းဖြစ်သူများ၊ ခွဲစိတ်ကုသခံရသောလူနာများ သံပုရာရည်သောက်ခြင်းဖြင့် နာလန်ထခံတွင်းလိုက်လာ ကာ နှုတ်မြိန်စေ ပါတယ်။ သံပုရာရည်က သွားနဲ့ သွားဖုံးများ ရောင်ကိုင်းနာကျင်ခြင်းမှ သက်သာစေပြီး၊ ခံတွင်းရနံ့ ကိုလည်း ရှင်းသန့်  ကောင်းမွန်လာစေပါတယ်။ သို့ သော် သံပုရာရည်သောက်ပြီး (ချက်ချင်း) သွားမတိုက်ပါနဲ့ ။ သွားရဲ့ အပေါ်ယံကြွေသွားလွှာများ ပျက်စီးစေတတ်လို့ ၊ အနည်းဆုံး နာရီဝက်ကျော်ကြာမှ သွားတိုက်ပါ။

(၇) ကိုယ်အလေးချိန်ကျစေခြင်း။

ဆေးသုတေသီတွေရဲ့  ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ သံပုရာသီးထဲမှာပါရှိတဲ့ pectin အမျှင်ဓာတ်က အစားအစာတွေမကြာခဏ စားလိုစိတ်ကို ချိုးနှိမ်ပေးပါတယ်တဲ့။ ဒါ့ပြင် alkaline ဓာတ်ပါရှိလို့  ကိုယ်အလေး ချိန်မြန်မြန်ကျစေပါတယ်။ အထူးသဖြင့် နံက် အိပ်ယာထမှာ သံပုရာသီးခွံ ကို ပျော့သွားအောင်လှိမ့်ပြီး၊ ဓားနဲ့ ထက်ခြမ်းခြမ်းကာ ရေနွေးဖြူပူပူခွက်ထဲ သံပရာခွံမနွှာ အရည် မညှစ်ဘဲ အလုံးလိုက်စိမ်သောက်ပေးခြင်းဖြင့်၊ ၁-လအကြာမှာ သိသိသာသာ ကိုယ်အလေးချိန်ကျခြင်း၊ ခန္ဒာကိုယ်ထဲရှိ အဆီပို များကျခြင်း၊ သွေးတိုးကျခြင်း စသည့်ကောင်းကျိုးတွေ ခံစားရစေ ပါတယ်။

(၈) အထွေထွေရောဂါများ။

သလိပ်ခြောက်ချွဲကပ်ခြင်းအတွက်ပျားရည်နဲ့ သံပုရာရည်ဆတူရော၍သောက်ပါ။ လည်ချောင်းနားခြင်းအတွက် ရေနွေးပူထဲ သံပုရာရည်နဲ့ ပျားရည် ဆတူရောထဲ့၍ သောက်ပါ။ ၀မ်းဖောဝမ်းရောင်ခြင်းအတွက် သံပုရာရည် ၄ပဲ၊ ဆား ၂ပဲ၊ ထန်းလျက် ၁ကျပ်သား၊ ရေ ၅ကျပ်သားရောစပ်သောက် ပါ။ နှာခေါင်းသွေးယိုခြင်းအတွက် သံပုရာသီးလတ်လတ်ဆတ်ဆတ် အရည်ကို နှာခေါင်းထဲညှစ်ထဲ့ပါ(သို့ မဟုတ်)သံပုရာရည်ကို ဂျုံမှုန့် နဲ့ ရော၍ နှာတံပေါ်လိမ်းပေးပါ။ သံပုရာစေ့ကို ရေနဲ့ ကြိတ်ပြီး နေ့ စဉ် လိမ်းပေးခြင်းဖြင့် ဆံပင်များပြန်ပေါက်လာစေပါ တယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းအတွက် သံပုရာစေ့ကိုကြိတ်၍ နားသယ်လိမ်း ပေးပါ။


(ကိုးကား Internet News@Daily Health

အသက်မွေးဝမ်းကျောင်း ပညာတစ်ခု ပြန်လည်မွေးဖွားမယ်



ဟိုလိုလို၊ ဒီလိုလို၊ ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေသူများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု ပြောင်းလဲတော့မယ်ဆိုရင် ဘယ်လို ကြိုးစားဖန်တီးရမယ်ဆိုတာက Mashable မှာ ရေးသား ဖော်ပြ ပေး ထားပါတယ်။ အားလုံး သိရှိ နားလည်အောင် ဆီလျော်သလို ပြန်ရေး ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။


ဘာလုပ်ချင်လဲ ဆုံးဖြတ်ပါ

ဒါအရေးကြီးတယ်။ ဒီအဆင့်မှာ အားလုံး တစ်ကုန်ကြတာပါ။ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်လို့ ဘာလုပ်ချင်မှန်း မသိတဲ့သူတွေ မြန်မာပြည်မှာ အများကြီးမှ အများကြီးပါပဲ။ အဲဒါ ကာယကံရှင်ရဲ့  အပြစ်လည်း မဟုတ်ပါဘူး။ Survive ဖြစ်ဖို့ ရုန်းကန်ရင်း စားဝတ်နေရေးအတွက် အဆင်ပြေအောင် ရုန်းကန်ရင် Career Lost, Passion Lost တွေဖြစ်ကုန်တာ သဘာဝပါ။ ဒီတော့ ဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။ အချိန်ယူပါ။ စာဖတ်ပါ။


အချိန်ကာလတစ်ခု တည်ဆောက်ပါ

Timeframe တစ်ခုသတ်မှတ်ဖို့လိုပါတယ်။ ကိုယ်က ဆုံးဖြတ်ချက် ချပြီးပြီ သို့ပေမယ့် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို Timeframe တစ်ခုသာ သတ်မှတ်မထားရင် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ တစ်ရက် မှစသည် တစ်နှစ်မှ တစ်သက် အထိ ဘယ်နေ့၊ဘယ်လ၊ ဘယ်နှစ် မှာ ဘာတွေဖြစ်ရမယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားဖို့ လိုပါတယ်။ အနီးစပ်ဆုံးကို Detail ချပြီး အဝေးဆုံးဆို General Plan လောက်နဲ့ပြုလုပ် ထားလည်း အဆင်ပြေပါတယ်။ ဒါက အမြဲပြောင်းလဲနိုင်စွမ်းလည်း ရှိရပါမယ်။


လမ်းညွန်သူ ရှိပါစေ

ဂိုက်လိုင်းပေးမယ့်သူလည်း လိုအပ်ပါတယ်။ ကိုယ်က ဒီ ပညာရပ်၊ ဒီအသက်မွေးဝမ်းကျောင်းနဲ့ သွားဖို့ ဆုံးဖြတ်ပြီဆိုရင် အဲဒါနဲ့ ပက်သက်ပြီး ဂိုက်လိုင်းပေးမယ့် လူတစ်ယောက်လောက်ကတော့ အနည်းဆုံး လိုအပ် ပါတယ်။ ရှင်းရှင်းပြောရင် ဆရာပေါ့။ ကိုယ့်ထက် စီနီယာ ကျသူပဲ ဖြစ်ဖြစ်၊ အုပ်ထိန်းသူပဲ ဖြစ်ဖြစ်၊ ဆရာပဲ ဖြစ်ဖြစ် ချည်းကပ်ပြီး ညွန်ကြားပြသမှုကို လက်ခံရပါမယ်။


အရည်အချင်းမြင့်တက်ပါ

Building New Skill ပေါ့။ အဲဒီရွေးလိုက်တဲ့ Profession အတွက် ကိုယ်က skill မြင့်ရတော့မယ်။ Decide လုပ်ပြီးပြီ၊ Timeframe ဆောက်ပြီးပြီ၊ Guide လည်းရှိပြီဆိုရင် နောက်ဆုံးလုပ်ရမယ့် အလုပ်က ကိုယ်ကိုယ်တိုင် ကြိုးစားခြင်းပါ။ Skill သစ်ဖန်တီးတည်ဆောက်ခြင်းပါ။ ဒီမှာ အစွမ်းကုန်ကြိုးစားဖို့လိုပါတယ်။


စိတ်ရှည် သည်းခံပါ


အင်္ဂလိပ်လိုတော့ Be flexible လို့ဆိုထားပါတယ်။ ဘယ် အသက်မွေးဝမ်းကျောင်း ပညာရပ် အသစ်ဘက်ကို ကူးကူး အခက်အခဲဆိုတာကတော့ ရှိတာပဲ။ လစာလည်း အရင်ထက် နည်းရင်နည်းမယ်။ ပိုလည်း ပင်ပန်းရင် ပင်ပန်းမယ်။ ဒါတွေကို တစ်ချက်ချင်းစီ လိုက်ကြည့်ပြီး ငါမလုပ်နိုင်တော့ပါဘူးလေလို့ လက်လျော့လိုက်ရင် ထပ်ပြီးတော့ career lost ဖြစ်အုံးမှာပါ။

ပျော်အောင်နေပါ။ ဘဝကို အကောင်းမြင်ပေးပါ။ နားလည်မှုရှိပါ။ ရောင့်ရဲပါ။ စိတ်ရှည်ပါ။ သည်းခံပါ။ ဒါတွေ အားလုံး လူတိုင်းသိပါတယ်။ အားလုံး အသက်မွေးဝမ်းကျောင်း ပညာသစ်တစ်ခုမှာ အောင်မြင်စေဖို့ ရည်ရွယ် ရေးသား လိုက်ရပါတယ်။



အောင်ခမ်း (TSJ team)

ဘာကြောင့် ဟက်ကာတို့ Linux ကိုရွေးသလဲ


နိုင်ငံတကာက စစ်တမ်းကောက်ပြီး ပြောထားခြင်း ဖြစ် ပါတယ်တဲ့။ ရွေးစရာ အဖြစ် Windows နဲ့ Mac ရှိနေတာတောင် ဟက်ကာနဲ့ ပရိုဂမ်မာ အများစုက Linux OS ကိုပဲ ရွေးချယ်ကြသတဲ့။
အကြောင်းအရင်းကတော့ အောက်ပါအတိုင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။
- Linux ကို High Level OS ဟု လက်ခံခြင်း
- Hacker များအတွက် Comfortable ဖြစ်ခြင်း
- ၂၄ နာရီပတ်လုံး ဗိုင်းရက်စ်မဝင်နိုင်
- ပရိုဂမ်မာတို့ Software develop လုပ်ရန် အကောင်းဆုံး OS ဟု လက်ခံခြင်း
- Always Free ဖြစ်ခြင်း
-  Linux သည် OS အားလုံး၏ မွေးဖွားရာ မူလပထမ ဖြစ်ခြင်း
- Programming Hacking tools နှင့် အမျိုးအစား ပေါင်းစုံ ရှိနေခြင်း
- Server နှင့် Client Scripting တွင် Linux က နံပါတ် ၁ ဖြစ်ခြင်း
- Window သည် Base ဖြစ်၍ Linux သည် Race ဟု သတ်မှတ်ခြင်း
- Linux သည် Open source OS ဖြစ်ခြင်း
Ref: com. freak
ရိုးရာလေး နည်းပညာ

လန်ဒန်မြို့မှ နော့တင်ဟေးလ် ကာနေဗယ်လ်ပွဲတော်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့၊ ကန်ဆင်တန်နှင့် ချယ်လ်ဆီးအရပ်ရှိ လမ်းမများပေါ်တွင် နှစ်စဉ် ပြုလုပ်မြဲဖြစ်သည့် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို (၁၉၆၆)ခုနှစ် ကတည်းက ပုံမှန် ကျင်းပလာခြင်း ဖြစ်သည်။ နော့တင်ဟေးလ် ကာနေဗယ်လ်သည် လူအများ လမ်းပေါ်ထွက်လာကာ ကျင်းပကြသည့် ဥရောပ၏ အကြီးဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ ယခုနှစ်တွင်မူ (၂)ရက်ကြာ အချိန်သတ်မှတ် ကျင်းပခဲ့သည်။ ကာရေဘီယန် ဒေသတွင် ခေတ်စားသည့် ကာနေဗယ်လ် ပွဲတော်များကဲ့သို့ပင် လှပဆန်းကျယ်စွာ တောက်တောက်ပြောင်ပြောင် တန်ဆာဆင်ထားသော ဘီကနီများ၊ ငှက်မွှေးငှက်တောင်နှင့် အလှဆင်ထားသည့် ဖက်ရှင်များ၊ ထူးထူးဆန်းဆန်း ဝတ်စားဆင်ယင်ပုံများနှင့်အတူ လူအများအပြား လမ်းပေါ်လှည့်လည် ကပြကြသည်။

ထူးခြားသော အသွင်အပြင်နှင့် ယာဉ်ကြီးများကိုလည်း အလှဆင် ဖန်တီးပြီး လှည့်လည်ကြသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ် ပွဲတော်တွင် လုံခြုံရေး ဆောင်ရွက်ရင်း လူအများနှင့်အတူ ပျော်ရွှင်စွာ ဝင်ရောက်ကခုန်ခဲ့သည့် လန်ဒန်ရဲတပ်ဖွဲ့ဝင် အချို့၏ ဗီဒီယိုမှာ အင်တာနက်တွင် လူကြိုက်အများဆုံး ရယ်ရွှင်ဖွယ် မှတ်တမ်း တစ်ခုလည်း ဖြစ်လာခဲ့သည်။ ပွဲတော်တွင် အရက်သေစာ သောက်စားမှု၊ ရမ်းကားမှုကြောင့် လူပေါင်း (၁၆၀)ကျော်ကိုမူ ရဲများက ခေတ္တ ထိန်းသိမ်းခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် လန်ဒန် ကြက်ခြေနီ ရဲတပ်ဖွဲ့သည် ခိုက်ရန်ဖြစ်ပွားမှု ပြဿနာ အချို့ကြောင့် လူ(၃၀၀)ဝန်းကျင်ကို အသေးစား ကုသမှုများ ပြုလုပ်ပေးခဲ့ရကြောင်းလည်း ဆိုသည်။ ယခုနှစ် နော့တင်ဟေးလ် ကာနေဗယ်လ်တွင် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် လူ(၁)သန်းကျော် တက်ရောက်ခဲ့သည်ဟုလည်း သတင်းများက ခန့်မှန်း ဖော်ပြသွားသည်။

planet

သန္ဓေတားသောအခါ


သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သော အခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက် မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ် ရပါသည်။ သန္ဓေတားနည်း တစ်ခုခုကို ရွေးချယ် တော့မည်ဆိုလျှင် မိမိ ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိရဲ့လားဟု စတင် စဉ်းစားရပါမည်။

မိမိ ရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှ ကာ ကွယ်ပေးနိုင် မည်လဲ။ ဤအချက်ကို သိရှိရန် အတွက် မိမိရွေးချယ်မည့် သန္ဓေ တားနည်းကို အသုံးပြု လျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေ မည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိ သွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် များလျှင် သင်ရွေး ချယ်မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက် ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက် နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက် ချရပါမည်။

အကယ်၍ သင်တို့ စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိခြင်းကို လုံးဝ လက်မခံ နိုင်သော သူများ ဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတား နည်းလမ်းကို အသုံးပြု သင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန် ရရှိလာ ပါကလည်း ၀မ်းမြောက် ၀မ်းသာ လက်ခံနိုင် သည်ဆိုပါက ထိရောက်မှု နည်းပြီး သက်သောင့်သက်သာ ရှိသော သန္ဓေတား နည်းလမ်း ကို အသုံးပြု နိုင်ပါသည်။

မိမိ အသုံးပြု လိုသည့် သန္ဓေတား နည်းလမ်းသည် ထိရောက်မှု ရှိ/မရှိ ရွေးချယ် ဆုံးဖြတ် ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျ စရိတ်ကို စဉ်းစား ရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိ တတ်နိုင်သည့် ပမာဏ အတွင်း ရှိနေရန် လိုအပ် ပါသည်။ နောက်ထပ် စဉ်းစားရန် တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ် သောက်တတ်သူ အမျိုးသမီး ဖြစ်ပါက သန္ဓေတား သောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။

အမျိုးသား ဖြစ်သူ၏ အခြေအနေ ကိုလည်း ထည့်သွင်း စဉ်းစား ရပါမည်။ သင်၏ အမျိုးသားသည် သင်ရွေးချယ် သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူ ပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။

HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှု ရှိပါသည်။

အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။

သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)

၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)

၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။

၁။ အကာအကွယ် အသုံးပြုခြင်း

(က) ကွန်ဒုံး

ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီး ကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန် ညွှန်ကြားချက် မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူ ရရှိနိုင် ပါသည်။ အချို့ ဆေးခန်း များတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။

 (ခ) သားအိမ်ခေါင်းဖုံး

 သားအိမ် ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေ အဖုံးဖြစ်ပြီး အဖို သုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။

(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း

သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့် စိမ်ထား ပါသည်။ လိင် ဆက်ဆံခြင်း မပြုမီ သုတ်ပိုး သတ်သည့် ဂွမ်းကို စွတ်စိုအောင် ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။

 ၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း

 ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။

ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။

အရေပြား ပေါ်တွင် ကပ်ခွာ ပုံစံဖြင့် ကပ်ထား နိုင်သည့် သန္ဓေတား နည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက် စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်များကို အဆက်မပြတ် ထုတ်လွှတ် ပေးခြင်းဖြင့် သန္ဓေတားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများ ကဲ့သို့ပင် ကပ်ခွာ ပုံစံသည်လည်း ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြု ရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်း ဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင် ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။  အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။

Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတား ပစ္စည်း များလည်း ရှိပါသည်။ IUD သည် သေးငယ် သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါး ကိရိယာ တစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ် အတွင်းသို့ ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်း ပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင် ဟော်မုန်း ပမာဏ အနည်းငယ် ထုတ်လွှတ် ပေးအောင် ဖန်တီး ထားပါသည်။ IUD တစ်ကြိမ် ထည့်သွင်း ထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတား ပစ္စည်းအဖြစ် အသုံးပြု နိုင်ပါသည်။

IUD အသုံးပြု ခြင်းသည် ထိရောက်သော သန္ဓေတား နည်းတစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန် ရရှိနှုန်း တစ်နှစ် အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက် နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ် ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင် ပါသည်။ ပရိုဂျက်စတင် ဟော်မုန်း ထည့်သွင်း ထားသော IUD များသည် သားအိမ် အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန် မဟုတ်ဘဲ သွေး အနည်းငယ် ဆင်းနိုင် ပါသည်။ ၎င်းသန္ဓေ တားနည်း အသုံးပြုသူ အမျိုးသမီး ဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ် လိုက်လျှင် သွေးပေါ်ပါသည်။

၃။ သားကြောဖြတ်ခြင်း

 အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ နှစ်ဦး စလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေး မယူတော့ရန် သေချာ သောအခါ ဤနည်းလမ်းကို အသုံးပြု နိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ် အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ် နိုင်ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက် ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက် တစ်ချက်မှ သားဥ ပြွန်နှစ်ချောင်း ကို ဖြတ်တောက် ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေး မရစေရန် ပြုလုပ်နိုင်ပါသည်။

 ၄။ မမှန်ကန်သောနည်းလမ်းများ

တချို့ အမျိုးသား များသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ ရှိကြပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေး မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြ ပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသား အင်္ဂါမှ ထွက်သော အကျိအချွဲတွင် သုတ်ကောင် အနည်းငယ် ပါဝင် နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန် ရရှိစေ နိုင်ပါသည်။

တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီး အင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန် မရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀)အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီး ဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန် ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလ အတွင်း လိင်ဆက်ဆံလျှင် ကလေး မရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက် နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန် ရရှိ နိုင်ခြေ ရှိပါသည်။

ကလေး မလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆ များကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေ တားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေ တားသည့် နည်းလမ်းများ အကြောင်း ပိုမို သိရှိ လိုပါက တတ်ကျွမ်း နားလည်သည့် သားဖွား မီးယပ် အထူးကု ဆရာ ၀န်ကြီးများနှင့် ဆက်လက် တိုင်ပင် သင့်ပါသည်။


အကယ်၍ သင်သည် သန္ဓေတားနည်း တစ်မျိုးမျိုးကို အသုံး မပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိ လျှင်သော် လည်းကောင်း၊ ကွန်ဒုံး အသုံး ပြုသော်လည်း ကွန်ဒုံး ပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော် လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါ သည်။ စာဖတ် ပရိသတ်များ မှန်ကန်သော နည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။
mmforward

သခွားသီး၏ ကောင်းကျိုးများ


၁။ သခွားသီးဟာ နေ့တိုင်းလိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။ သခွားသီးတစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။

၂။ နေ့လည်နေ့ခင်း မောပန်းနွမ်းနယ်နေရင် ကဖင်းဓါတ်ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် လန်းဆန်းမှုကို မြန်မြန်ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီးနေပါသလား။ ဒါဆိုရင်တော့ သခွားသီးစိတ်လေးတွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ်ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီးကွင်းနဲ့ အဆီများတဲ့နေရာတွေကို မိနစ်အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါးစေပါတယ်။ ပါးရည်တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက်ဝေဒနာကို သက်သာလိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီးအနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့အခါမှာ ခေါင်းကိုက်သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတနေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

၇။ တံခါးပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွားပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျစေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံးသွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင်နည်းလမ်းကို ရှာဖွေနေပါသလား။ သခွားသီးနဲ့ ပွတ်သပ်ပေးလိုက်ပါ။ သန့်ရှင်းတောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်းတွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ်မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ရပါတယ်။

General Knowledge
mmforward

ရယ်မောခြင်း


ဟာသတွေ ရယ်စရာမောစရာတွေ တွေ့ကြုံရတဲ့အခါ ကျွန်တော်တို့ ရယ်မောတတ်ကြပါတယ်... တစ်ခါတစ် လေတော့လည်း အကြောင်းပြချက် ထူးထူးခြားခြားမရှိဘဲ ဟားတိုက် ရယ်မောတတ်ကြပြန်ပါတယ်... ရယ်မောခြင်းဟာ ကျွန်တော်တို့ လူသားတွေရဲ့ ဘဝအစိတ်အပိုင်း တစ်ရပ်လည်းဖြစ်ပါတယ်.... ရယ်မော ခြင်းနဲ့ ပတ်သက်ပြီး ထူးခြား တဲ့အချက်လေးတွေကို အခု ဖော်ထုတ်တင်ပြပေး ပါ့မယ်... လေ့လာကြည့် လိုက်ကြရအောင်...

၁) အလိုအလျောက်တုံ့ပြန်မှု
ရယ်မောခြင်းဟာ အလိုအလျောက်တုံ့ပြန်လုပ်ဆောင်တတ်တဲ့ အပြုအမူတစ်ရပ်ဖြစ်ပါတယ်... မတူညီတဲ့ ယဉ်ကျေးမှုစရိုက်အမျိုးမျိုးရှိကြတဲ့ မတူညီတဲ့ လူသားတွေအားလုံး ရယ်မောခြင်းကို လုပ်ဆောင်နိုင်ကြပြီး အပြန်အလှန်နားလည်နိုင်ကြပါတယ်...

၂) အူမြူးမှု
ရယ်မောခြင်းအများစုဟာ အူမြူးမှုကြောင့်မဟုတ်ပါဘူး... ဒါဟာ လူတွေကြားထဲက ခင်မင်ရင်းနီးမှုက နေဖြစ်လာတာပါ... ကျွန်တော်တို့ဟာ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ စာအုပ်တို့ကြောင့်မဟုတ်ရင် တစ်ယောက် ထဲရှိနေချိန်ထက် လူအများကြားမှာရှိနေချိန်မှာ အဆ ၃၀ လောက် ပိုရယ်တတ်ကြပါတယ်...

၃) ဟာသနဲ့စကား
စကားပြောဆိုရင်းနဲ့ မှတ်ချက်ပေးရင်း ရယ်မောဖြစ်တာက ဟာသတွေပြောပြလို့ ရယ်မောရတာထက် ပိုများ ပါတယ်...

၎) စကားပြောတဲ့သူ
စကားဝိုင်းကို ဦးဆောင်ပြောဆိုသူတွေဟာ နားထောင်တဲ့သူတွေထက် ပိုရယ်ဖြစ်ကြပါတယ်...

၅) အမျိုးသမီးများ
လူအုပ်စုတစ်စုမှာဆိုရင် မိန်းမတွေက ယောက်ျားတွေထက် ပိုရယ်ပါတယ်... ယောက်ျားတွေကို မိန်းမတွေ ကရယ်မောတာကလည်း မိန်းမတွေကို ယောက်ျားတွေက ရယ်မောတာထက် ပိုများပါတယ်...

၆) အမိန့်
လူအများစုဟာ အမိန့်ပေးပြီး ရယ်ခိုင်းလို့မရပါဘူး... ရယ်မောခြင်းဟာ ကျွန်တော်တို့ သတိထားမိနေတဲ့ အချိန်မှာ လုပ်ဆောင်လို့မရတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်...

၇) ရယ်သံ
ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် ရယ်သံဟာ ဟားဟား... ဟိုးဟိုး... ဟီးဟီး... စတာတွေလိုမျိုး တူညီတဲ့ စကားစု လေးတွေအဖြစ် ထွက်ပေါ်တတ်ပါတယ်... အဲ့ဒီအသံတွေဟာ တစ်စက္ကန့်ကို ငါးကြိမ်လောက် ဆက်တိုက် ထွက်နေပါလိမ့်မယ်...

၈) ကူးစက်မှု
ရယ်မောခြင်းဟာ ကူးစက်တတ်တဲ့သဘောရှိပါတယ်... ရယ်လိုက်တဲ့အသံဟာ တစ်ခါတစ်လေ တခြားသူ တွေလိုက်ရယ်အောင် လှုံ့ဆော်ပေးလိုက်သလိုပါပဲ...

၉) ပြီးမှရယ်
လူတွေ ရယ်မောကြတဲ့အခါ အများအားဖြင့် စကားပြောလို့ဆုံးမှပဲ ရယ်တတ်ကြပါတယ်... ပြောနေတုန်း ဖြတ်ရယ်လေ့ မရှိကြပါဘူး... ပြောတဲ့သူက ချောင်းဟန့်လိုက်တဲ့အချိန်.. အသက်ရှူနေတဲ့အချိန်လေး တွေမှာပဲ ကျွန်တော်တို့ ရယ်ဖြစ်ကြပါတယ်...

Ref: Delivering happiness
နှိုင်းရင့်နွေမှတင်ဆက်သည်...

လမ်းကြုံခေါ်တင်ခဲ့သည့် အမည်မသိအမျိုးသမီး(၂)ဦးမှငွေအိတ်အားခွဲကာ ငွေကျပ်(၁၀၇)သိန်းကို ခိုးယူသွားမှု

၃၀.၈.၂၀၁၃ရက်နေ့၂၀၀၀အချိန် ဓနုဖြူမြို့နယ်ရှိ ---- ပွဲရုံကိုယ်စားလှယ် ဦးမြင့်ကြိုင်သည် ပွဲရုံပိုင်ရှင်၏ ငွေကျပ်(၇၂၉)သိန်း(၄)သောင်းပါ ပီနံအိတ်
(၂)လုံးအား ယာဉ်မောင်းရဲလတ်ဝင်း မောင်းနှင်သည့် ပွဲရုံပိုင်၂ခ/--- 4D
အမျိုးအစား(၆)ဘီးယာဉ်၏ နောက်ခန်းတွင်တင်ဆောင်၍ ၎င်းမှ ယာဉ်နောက်လိုက် များဖြစ်ကြသော ပြည့်စုံ၊ လှဝင်းတို့နှင့်အတူယာဉ်၏
ရှေ့ခန်းတွင်စီနင်းခဲ့ပြီး လှိုင်သာယာမြို့နယ်၊ သမကုန်းအ၀ိုင်းအနီးမှ ဓနုဖြူမြို့သို့ ထွက်ခွာလာခဲ့ကြကြောင်း၊ ထိုသို့ ယာဉ်အားမောင်းနှင်
လာစဉ် ၂၀၄၅ အချိန်ခန့်၌ ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာကွေ့ အရောက် တွင်အမည်မသိ အမျိုးသမီး(၂)ဦးမှလမ်းကြုံလိုက်လိုသဖြင့်
ယာဉ်၏ ရှေ့ခန်းတွင်(၁) ယောက်၊ ငွေထုပ်ရှိရာယာဉ်နောက်ခန်းတွင်
(၁)ယောက် ခေါ်တင်ကာဆက်လက်မောင်းနှင်လာခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီး(၂)ဦးမှာ ထန်းတပင်မြို့နယ်၊ ပန်တိုင်ကျေးရွာအလွန်တွင် ဆင်းသွားခဲ့ကြကြောင်း၊ ၎င်းအမျိုးသမီး(၂)ဦး ဆင်းသွားပြီးနောက်
ငွေအိတ်အားကြည့်ရာ အိတ်မှာ(၂)ချက်ကွဲနေပြီး အတွင်းမှ
ငွေကျပ်(၁၀၇)သိန်းမှာ ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် အမျိုးသမီး(၂)ဦးအားစုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍
၁.၉.၂၀၁၃ ရက်နေ့တွင် တက်သစ်နယ်မြေရဲစခန်း(ပ) ၈၅/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)ဖြင့်အမှုဖွင့်လှစ်ခဲ့ပြီး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိ




ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်း(ခ) အုပ်စု၊ ပါခုပ် စစ်ဆေးရေး ဂိတ်၌ သြဂုတ် ၃၁ရက် ညနေ ၃ နာရီခွဲက တပ်မတော် သားများ၊ မူးယစ် (အထူး) တာချီလိတ်မှ တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က ဝှေလေလန် ကျေးရွာမှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း အိုက်အွမ် မောင်းနှင်လာသော တိုယိုတာ ဒိုင်နာ အမျိုး အစား အပြာရောင် ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဘက် ဘော်ဒီကြမ်းခင်း နှစ်ထပ် အံဝှက် အတွင်းမှ အဝါ ရောင် တိပ်ဖြင့် ပတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၆ဝဝဝ ပြားပါ ၁၆၄ ထုပ်၊ စုစုပေါင်း ၉၈၄ဝဝဝ ပြား ဒေသ ပေါက်ဈေး ကျပ်သိန်း ၁၉၆၈ဝ ဖမ်းဆီး ရမိခဲ့ပြီး မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံအား တာချီလိတ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Myawady

ကန့်ဘလူအကြမ်းဖက်မှုတွင် သံသယရှိသူ ၁၁ဦးကို ရွှေဘိုအကျဉ်းထောင်တွင် စတင်စစ်ဆေးပြီ

ကန့်ဘလူ အကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သူဟု သံသယရှိသူ ၁၁ဦး ကို ရွှေဘိုအကျဉ်းထောင်တွင် စ တင် စစ်ဆေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ဆေးနေသူ များထံမှ ထပ်မံသိရှိရသည့် အ ကြောင်းအရာများနှင့်ပတ်သက် ၍ ကျန်ရှိသည့် သင်္ကာမကင်းသူ များကို ထပ်မံဖမ်းဆီးသွားရန် အစီအစဉ်များရှိကြောင်းလည်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရဲတပ် ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦး က ''ကန့်ဘလူမြို့က လူတွေပါ။ အမျိုးသားတွေ ချည်းပဲ။ သူတို့ ကိုတော့ စစ်ဆေးနေတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့က သက်သေ အထောက်အထား ခိုင်လုံအောင် လုပ်ရသေးတယ်။ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်တဲ့သူတွေ လို့တော့ လောလောဆယ်ယူဆ လို့ ဖမ်းထားပြီး စစ်နေတာပါ''ဟုပြောသည်။
ယင်းကဲ့သို့ အကြမ်းဖက်မှု တွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက် ၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူက ''ကျွန်တော် တို့အနေနဲ့ကတော့ ဒီလိုအကြမ်း ဖက်မှု လုပ်ရပ်တွေ ထပ်မံမဖြစ် ပွားအောင် ကာကွယ်နေပါတယ်။ ဒီလောက်ပဲ ပြောလို့ရမယ်''ဟု ပြောသည်။
ဩဂုတ်၂၄ရက်က စစ်ကိုင်း တိုင်း ကန့်ဘလူအကြမ်းဖက်မှု ကြောင့် နေအိမ် ၃၉လုံး၊ ဈေး ဆိုင် သုံးခန်း၊ ကြက်ခြံတစ်ခြံ မီး လောင်ပျက်စီးပြီး နေအိမ်သုံး လုံး၊ ဈေးဆိုင် ၁၂ခန်း၊ ဆောက် လုပ်ရေးပစ္စည်းဆိုင် သုံးဆိုင်တို့ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။ ထို့နောက် ပုဒ်မ-၁၈၈ထုတ်ပြန် ကာ အခြေအနေကို ထိန်းသိမ်းခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြုလုပ်သင့်ပြီဟုဆို

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြားလိုက်သည်။
အမျိုးသမီးငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှုများပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က အမျိုးသမီးငယ်များအား အ သိပေးသင့်သည့်အကြောင်း အ ရာများကိုအသိမပေးခြင်းနှင့် တစ် ချက်လွှတ်အမိန့်ပေးခြင်းများ ကြောင့် ပိုမိုဖြစ်ပွားလာရခြင်းဖြစ် ကြောင်း သိရသည်။
''အမျိုးသမီးတွေဟာ အ ကြောင်းကြောင်းကြောင့် သူတို့ လိုချင်တာကို လိုက်ရင်းနဲ့ မလိုချင် တာကို ရကြတယ်။ အဲဒီအခါမှာ မကိုင်တွယ်မဖြေရှင်းတတ်တာတွေ ရှိတယ်။ လူငယ်အမျိုးသမီးတွေ မှာ ကိုယ်ဝန်ပျက်ကျတာအဖြစ် များလာတာက အထူးသဖြင့် သိ သင့်တာတွေကို ပေးမသိဘဲ မျက် စိပိတ်ထားလိုက်တာကြောင့်ပဲ။အဲဒီဒဏ်ကိုခံနေရတာပဲ။ ဘယ် သူတွေမှာ ဘယ်လောက်ထိခိုက် နေပြီလဲနဲ့ ဘယ်လိုလုပ်ဖို့လိုအပ် သလဲဆိုတာကိုသိဖို့အတွက် သု တေသနပြုလုပ်ဖို့လိုနေပါပြီ''ဟု ဒေါက်တာစစ်နိုင်က ပြောသည်။
ထို့ပြင် လူငယ်အမျိုးသမီး များ ယင်းကဲ့သို့ဖြစ်ပွားရခြင်း တွင် စိတ်ဓာတ်ကျနေသောကြောင့် ဖြစ်ချင်ရာဖြစ်ဟု ထင်ရာစိုင်းမိ ခြင်းနှင့် စိတ်ဓာတ်မကျသောသူ များတွင်မူ အစစအရာရာအောင် မြင်နေသည့်အတွက် မိမိတွင်အ ဆိုးမဖြစ်နိုင်ဟု ပေါ့ပေါ့ဆဆနေ မိခြင်းဟူ၍ အပိုင်းနှစ်ပိုင်းလုံးနှင့် ပတ်သက်မှုရှိကြောင်းလည်း သိ ရသည်။
''လူကြီးမိဘတွေ၊ ဆရာ၊ ဆရာမတွေက လူငယ်တွေကိုနေ ရာပေးပြီး ဆက်ဆံဖို့လိုတယ်။လူငယ်တွေကနေ ဘာတွေတင် ပြလာလာ၊ ဘာတွေပဲဖြစ်ဖြစ် ပယ်ချတာတွေ၊ ဆူပူတာတွေမ လုပ်ဘဲ နေရာပေးဖို့လိုတယ်။ မိ ဘတွေအနေနဲ့ ဒေါက်ထောက် ကြည့်နေတာမျိုးမလုပ်ရဘူး။တစေ့တစောင်းပဲ ကြည့်ရမယ်။သူတို့မှာဖြစ်လာနိုင်တဲ့ အန္တရာယ် တွေကိုသူတို့ အမြော်အမြင်ရှိလာ တဲ့အချိန်အထိ သူတို့ကိုယ်သူ တို့ ကျေကျေနပ်နပ်ကာကွယ်အောင် လုပ်ရမယ်''ဟု ယင်းကဆက်လက် အကြံပြုပြောကြားသည်

ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာက စီမံချက်များဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေ


ရထားသံလမ်းဘေးတွင် ရေသန့်ဘူးနှင့် ငွေကြေးလိုက်လံ တောင်းခံနေသည့် ကလေးများအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ တောင်းရမ်းစားသောက် သူများအား စီမံချက်များဖြင့် လိုက်လံဖမ်းဆီး ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ရန်ကုန်မြို့၌ တောင်းရမ်းစားသောက်သူများ များပြားလာခြင်းကြောင့် ပုံမှန်စီမံချက်များအပြင် အထူးစီမံချက်များဖြင့်ပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန ရဲတပ်ဖွဲ့ဝင်များက လိုက်လံထိန်းသိမ်း နေခြင်းဖြစ်ပြီး တွေ့ရှိပါက နာနတ်တော ထိန်းသိမ်းရေးစခန်းသို့ ဦးစွာပို့ဆောင်စေကြောင်း၊ နာနတ်တောစခန်းရောက်မှ စိစစ်ကာ အချို့ကလေးများအား မိဘများထံ ပြန်လည်အပ်နှံခြင်း၊ အချို့ကလေးများကို လူမှုဝန်ထမ်း ဦးစီးဌာန၊ သက်မွေးသင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်း၊ အသက် ၁၈ နှစ်အထက်များကို ၀ါးနက်ချောင်း ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းသို့ ပို့ဆောင်စေခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တောင်းရမ်းစားသောက်သူများတွင် စားဝတ်နေရေးအရ အလုပ်အကိုင်မရှိ၍ တောင်းရမ်းစားသောက် နေကြသူများလည်း ပါဝင်ပြီး ယင်းအထဲတွင် ကလေးများ၊ လူကြီးများ၊ အချို့ကျန်းမာရေး ချို့တဲ့သူများအပြင် ဒုက္ခိတ မသန်စွမ်းသူများလည်း ပါဝင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ခဲ့မှုများအရ သိရသည်။
သက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်သော အသက် ၁၈ နှစ်အထက် တောင်းရမ်းစားသောက် သူများအား နောင်ယခုကဲ့သို့ မပြုလုပ်ရန် နှစ်သိမ့်ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်ပေးသော်လည်း ၎င်းတို့အား အစိုးရမှ အလုပ်အကိုင်ပေးနိုင်မှု နည်းပါးနေကြောင်း သိရသည်။
ပြီးခဲ့သည့် လေးနှစ်ခန့် အတွင်းက ရန်ကုန်မြို့တွင်းရှိ ဖမ်းဆီးထိန်းသိမ်းခဲ့သော အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် တောင်းရမ်းစားသောက်သူ ၃၀ ကျော် ၄၀ ခန့်အား ရန်ကုန်မြို့တော်စ ည်ပင်သာယာရေး ကော်မတီတွင် သန့်ရှင်းရေး နေ့စားဝန်ထမ်းများအဖြစ် ခန့်အပ်ခဲ့ပြီး ယခုနောက်ပိုင်း၌ ခန့်အပ်မှု မရှိတော့ကြောင်း၊ အဆိုပါ ခန့်အပ်ခဲ့သူများမှာလည်း ယခုနောက်ပိုင်းတွင် လုပ်ငန်းခွင်မှ ထွက်ပြေးသွားခြင်းကြောင့် လက်ရှိမရှိတော့ကြောင်း သိရသည်။ ထို့အတူ လူမှုဝန်ထမ်း ဦးစီးဌာနရှိ သက်မွေးသင်တန်း ကျောင်းများတွင်လည်း ပညာသင်ကြားပေးမှုများသာရှိကာ ယင်းတို့အတွက် အလုပ်လုပ်ကိုင်ရန် စီစဉ်ပေးမှု နည်းပါးနေသည်ဟု သိရသည်။
ယခု ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်သူ များလာပြီး ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွင်လည်း ထိန်းသိမ်းထားရသူ ယခင်ထက် များလာခြင်းကြောင့် တောင်းရမ်းသူများအား ပထမအကြိမ် တွေ့ရှိပါက ထိန်းသိမ်းခေါ်ဆောင်ကာ ပြန်လွှတ်ပေးလိုက်ချိန်တွင် ဒုတိယအကြိမ် ထပ်မံတောင်းရမ်းခြင်းကို တွေ့ရှိပါက ဥပဒေအရ အရေးယူတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တောင်းရမ်းစားသောက်သူများအား ထိန်းသိမ်းပြီး ပြန်လွှတ်ပေးသော်လည်း စားဝတ်နေရေးအရ လုပ်စရာ အလုပ်အကိုင် မရှိခြင်းကြောင့် ယင်းအလုပ်သာ ပြန်လည်လုပ်ကိုင် နေရသည့် သူများအတွက်မူ ယင်းသို့အရေးယူရန် ထုတ်ပြန်ခြင်းက ဖိနှိပ်သည့် သဘောမျိုး ဖြစ်နေသည်ဟုလည်း လေ့လာသူအချို့က ပြောကြားသည်။

Eleven

လှိုင်သာယာတွင် အသက်မပြည့်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူ ရဲတစ်ဦးပါဝင်သည့် အဖွဲ့နှင့် ဆိုင်ကယ်ကယ်ရီသမား အဖွဲ့တို့ အပြန်အလှန် ရိုက်နှက်မှုဖြစ်ပွား


အခင်းဖြစ်ပွားခဲ့သော ရဲကင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
လှိုင်သာယာမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်တစ်ဦးပါ ရဲတပ်သားနှစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားပါ ငါးဦးတို့ အပြန်အလှန် ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် နံနက် ၂ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်၊ ဗိုလ်တေဇပတ်လမ်းနေ မ.....(၁၆) နှစ်သည် ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ပြီး နေအိမ်မှဆင်းကာ အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံသို့သွားရန် ဆိုင်ကယ်ကယ်ရီမောင်းသူ ကုလား (ခ) သန်းဝင်းအောင်၏ ဆိုင်ကယ်ကို ငှားရမ်းခဲ့ကြောင်း သိရသည်။
"အိမ်ပေါ်ကနေ ယောက်ျားနဲ့ စကားများပြီးတော့ တညင်းကုန်းလမ်းဆုံကို ဆိုင်ကယ်ငှားတယ်။ ဆိုင်ကယ်ကို ရွှေပြည်သာတံတား အရောက်မှာ ရဲတစ်ယောက်ကတားပြီး ဓာတ်မီးဝယ်ဖို့ အကူညီတောင်းတယ်။ ဆိုင်ကယ်ကလည်း အဲဒီအချိန်မှာ စက်နှိုးလို့ မရတော့ဘူး။ ရဲဝတ်စုံနဲ့ ဆိုင်ကယ်မောင်းတဲ့သူတို့ ဆိုင်ကယ်ပျက်တဲ့ ကိစ္စနဲ့ စကားများပြီး ရဲကသစ်သားပြားနဲ့ ရိုက်ခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ သူကလည်း ဆိုင်ကယ်တွန်းပြီး ပြန်သွားတယ်" ဟု မ.....က စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ထို့နေ့တွင် မ.....မှာ အရက်သောက်ပြီး အနည်းငယ်မူးနေကြောင်း သိရပြီး ဆိုင်ကယ်ကယ်ရီမောင်းသူ ထွက်သွားပြီးနောက် မ.......မှ တစ်ဦးတည်း ရဲကင်းတွင် ကျန်ခဲ့ကာ ရေဆာသဖြင့် ရဲကင်းထဲဝင်ကာ ဒုတပ်ကြပ်ဖြစ်သူ ၀င်းဌေးဆီမှ ရေတောင်းသောက်ခဲ့ကြောင်း၊ ထိုအချိန်တွင် မ.....အား ဒုတပ်ကြပ် ၀င်းဌေးမှ ရဲကင်းအောက်ထပ်တွင် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။
မ.....အား အဓမ္မပြုကျင့်နေစဉ် မ.....ကို တင်ဆောင်လာသော ဆိုင်ကယ်ကယ်ရီးသမား ပါဝင်သည့် အဖွဲ့တို့ ရောက်လာသံ ကြားရကြောင်း၊ အဓမ္မပြုကျင့်သူ ရဲဒုတပ်ကြပ်နှင့်ရဲနှစ်ဦး ထွက်သွားပြီး စကားပြောဆိုသံများ ကြားရပြီး အပြန်အလှန်ရိုက်နှက်သံများ ကြားရကြောင်း မ.....က ပြောကြားသည်။
၎င်းဖြစ်စဉ်ကြောင့် ကယ်ရီသမားပါ ငါးဦးအား လှိုင်သာယာမြို့မရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်းနှင့် ထို့အပြင် အဓမ္မပြုကျင့်ခဲ့သည့် ရဲဒုတပ်ကြပ် ဌေးဝင်းအား (ပ) ၉၈၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်ရဲတပ်သားနှစ်ဦးအား မြို့နယ်ရဲစခန်းသုံးခုမှ တာဝန်ရှိသူများ ခုံရုံးဖွဲ့ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven

မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း ဟစ်ဟော့ပါတီ ရှိုးပွဲအား လူငယ်အများအပြား တက်ရောက်အားပေး


ယမန်နေ့က ပြုလုပ်သော ဟစ်ဟော့ပါတီ ရှိုးပွဲတွင် အဆိုတော် မိစန္ဒီ ဖျော်ဖြေနေစဉ်
ယခုလက်ရှိ နာမည်ကျော်ကြားနေသော ဟစ်ဟော့အဆိုတော်များနှင့် အခြားသော တေးသံရှင် အများအပြား ပါဝင်သော ဟစ်ဟော့ပါတီ ရှိုးပွဲအား မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် စက်တင်ဘာ ၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက် လူငယ်အများအပြား အားပေးခဲ့သည်။ အဆိုပါ ဟစ်ဟော့ပါတီရှိုးပွဲ စတင်ကျင်းပချိန်တွင် မိုးရွာသွန်းမှုများ ရှိခဲ့သော်လည်း MCC ခန်းမအပြည့် ပရိသတ်များ တက်ရောက်အားပေး ခဲ့ကြသည်။
ဟစ်ဟော့ရှိုးပွဲအဖွင့် စတင်ဖျော်ဖြေမှုကို ဟစ်ဟော့အဆိုတော်များ ဖြစ်ကြသည့် ကျော်ထွဋ်ဆွေ၊ မိစန္ဒီ၊ သားသား၊ နိုင်းဝမ်း၊ ရဲရင့်အောင်၊ အိုင်ရင်းဇင်မာမြင့်၊ ယုန်လေးတို့က ၎င်းတို့၏ ကိုယ်ပိုင်သီချင်းများကို အခြားသော အဆိုတော်များဖြင့် တွဲဖက်ကာ လူငယ်များအကြိုက် ဖျော်ဖြေပေးခဲ့ကြသည်။
ဆက်လက်ပြီး စန္ဒီမြင့်လွင်၊ ဂျောက်ဂျက်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ Snare၊ လွှမ်းပိုင်၊ Bobby Soxer တို့က လက်ရှိလူငယ်များအကြား ရေပန်းစားလျက်ရှိသော တေးသီချင်းများဖြင့် နောင်ခံအက အဖွဲ့များ၏ တင်ဆက်မှုများနှင့်အတူ စည်းချက်ညီညီ ဖျော်ဖြေခဲ့သည်။
ဖျော်ဖြေပွဲ၌ ဟစ်ဟော့ရှိုးပွဲတွင် ပါဝင်နေကျ အဆိုတော် အများအပြား ပါဝင်ခဲ့ကြပြီး အဆိုတော်များက တွဲဖက်သီဆိုမှုများဖြင့် နှစ်ကျော့စီ သီဆိုခဲ့ကြသည်။
ဟစ်ဟော့ပါတီ ရှိုးပွဲတွင် လူငယ်များ အများစု လာရောက်ကြခြင်း ဖြစ်သောကြောင့် ရန်ပွဲအချို့ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ နေ့လယ်ပိုင်းတွင် ကျင်းပသော ဟစ်ဟော့ပါတီရှိုးပွဲသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်သည်။

Eleven