WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီး ရမိ

ပို့စ်တင်ချိန် - 9/02/2013 09:28:00 AM




ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် မိုင်းဖုန်း(ခ) အုပ်စု၊ ပါခုပ် စစ်ဆေးရေး ဂိတ်၌ သြဂုတ် ၃၁ရက် ညနေ ၃ နာရီခွဲက တပ်မတော် သားများ၊ မူးယစ် (အထူး) တာချီလိတ်မှ တပ်ဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့က ဝှေလေလန် ကျေးရွာမှ ဝမ်ပုံဘက်သို့ ယာဉ်မောင်း အိုက်အွမ် မောင်းနှင်လာသော တိုယိုတာ ဒိုင်နာ အမျိုး အစား အပြာရောင် ယာဉ်အား စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဘက် ဘော်ဒီကြမ်းခင်း နှစ်ထပ် အံဝှက် အတွင်းမှ အဝါ ရောင် တိပ်ဖြင့် ပတ်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထုပ်လျှင် ၆ဝဝဝ ပြားပါ ၁၆၄ ထုပ်၊ စုစုပေါင်း ၉၈၄ဝဝဝ ပြား ဒေသ ပေါက်ဈေး ကျပ်သိန်း ၁၉၆၈ဝ ဖမ်းဆီး ရမိခဲ့ပြီး မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိ တရားခံအား တာချီလိတ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Myawady