အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်

ပို့စ်တင်ချိန် - 11/29/2013 12:19:00 PM


မအူပင် ၊ နိုဝင်ဘာ ၂၈

မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ သိုက်ကုန်းကျေးရွာအုပ်စု အတွင်းရှိ ပြည်သူ များသည် ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်သည့် ဆန္ဒဖော်ထုတ်ပွဲကို မအူပင်မြို့တွင် နိုဝင်ဘာလ (၂၈)ရက် နံနက်(၁၀)နာရီ အချိန် က ဆောင်ရွက်ခဲ့သည်။

အဆိုပါဆန္ဒဖော်ထုတ်သည့်ပွဲတွင် သိုက်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကို မြို့နယ်အုပ် ချုပ်ရေးမှူးမှ ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်အား ရုပ်သိမ်းခဲ့ပြီး ယာယီအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ပေးခဲ့သဖြင့် သိုက်ကုန်းကျေးရွာအုပ်စုအတွင်း ရှိ ပြည်သူ အများစုက ကျေးရွာ အုပ်ချုပ်သည့် အုပ်ချုပ်ရေးမှူးအား ဦးသိန်းဇော်ကိုသာ အလိုရှိကြောင်းနှင့် ယာယီအုပ်ချုပ်ရေးမှူး ဦးကျော် မြင့်အား အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရှိရသည်။

MOI Webportal Myanmar