ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ရက်တွင် စတင်ဆယ်ယူမည်

ပို့စ်တင်ချိန် - 7/26/2014 02:49:00 PM



ရန်ကုန်၊ ဇူလိုင် ၂၅- ကမ္ဘာ့အကြီး ဆုံးဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်၉ရက်တွင် စတင်တူးဖော်မည် ဖြစ်ကြောင်း ဦးဆောင်တူးဖော်မည့် ဦးစံလင်း(ဓမ္မစေတီစံလင်း)က ပြော သည်။

ခေါင်းလောင်းတော်ကို ၁၉၉၈ ခုနှစ်သြဂုတ် ၁၁ရက်ကရေအောက် ၂၇ပေ၊ မြေအောက်၂၅ ပေစုစုပေါင်း၅၂ပေတွင်တွေ့ရှိခဲ့ပြီး ခေါင်းလောင်း တော်ပေါ်တွင် ဂျပန်ခေတ်က နစ်မြုပ် ခဲ့သော သံသင်္ဘောကိုဖယ်ရှားပြီးမှ သာ ခေါင်းလောင်းတော်ကိုဆယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ဓမ္မစေတီခေါင်းလောင်းကို တွေ့ထားပြီးပြီ။ ဘယ်နေရာမှာဆို တာကတော့ ဝစီပိတ်ထားလို့ပြောပြလို့မရဘူး။ဝါခေါင်လဆန်း၁၃ရက်မှာဘုရားအနေကဇာတင်မယ်။ ၁၄ ရက်မှာစပြီးတူးဖော်မယ်။ အောင်မြင် မယ်၊ မအောင်မြင်ဘူး ဆိုတာတော့ ပြောလို့မရဘူး။ နဂါးအကူအညီ ယူပြီး ဆယ်ယူရမယ်'' ဟု ဦးစံလင်း က ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာ့နည်း၊ မြန်မာ့ဟန်မြန်မာ့အဆင့် နည်းပညာများဖြင့် ပြန်လည်ဆယ်ယူ မည်ဖြစ်ကာ နိုင်ငံတော်အကူအညီ နှင့် ခုနှစ်ရက်သားသမီးတို့၏လှူဒါန်း ငွေများဖြင့် ဆယ်ယူခြင်းလုပ်ငန်းများ ကိုလုပ်ဆောင်ရမည်ဟု အဘအောင် မင်းခေါင်မှ ပြောကြားထားကြောင်း ဦးစံလင်းက ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် ကော့သောင်းမှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်ဖြင့် ဆယ်ယူမည်ဖြစ် ပြီး ငွေကျပ် သိန်း(၁၈ဝဝ)ခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း ခေါင်း လောင်းတူးဖော်ရာတွင်ပါဝင်မည့် ဦးဝင်းမြင့်(ရွှေအုန်းပင်စားသောက် ဆိုင်ပိုင်ရှင်)က ပြောသည်။

''ကျွန်တော်ခေါင်းလောင်းဆယ် တဲ့အဖွဲ့နဲ့ပါဖူးတယ်။ ခေါင်းလောင်း ကိုမရရအောင် ဖော်ထုတ်မယ်။ ပြည် သူတစ်ယောက်အနေနဲ့ တာဝန်သိ၊ တာဝန်ရှိတယ်လို့ ယူဆတယ်။ အောင် မြင်မအောင်မြင်ကတော့ ပြောလို့မရ ဘူး။ ခေါင်းလောင်းတော်ကြီးရဲ့ အလေးချိန်ကွဲပြားနေမှုကိုလဲ ကျွန် တော်တို့အတည်မပြုနိုင်ဘူး။ ဆယ်ယူ ပြီးမှပဲသိနိုင်မယ်။ ဓမ္မစေတီခေါင်း လောင်းကြီးပေါ်ရင် ဘုရားအဆူ တစ်ထောင် တည်တာနဲ့ညီမျှတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းမှာ ရွှေ၊ ငွေ၊ ကြေး၊ ဘော်သတ္တုလေးမျိုး ထည့် သွင်းကာသွန်းလောင်းထားပြီး၎င်းတို့ဓာတ်ပြုမှုကြောင့် ခေါင်းလောင်း တော်ကြီး၏ကွင်း(ပုစွန်တုပ်ကွေး)မရှိသည့်အတွက်ကြိုးချည်ရန်မရှိဘဲ ခေါင်းလောင်း တော်ကြီးကွင်းမှာ အောက်သို့ ၄၅ဒီဂရီစောင်းကာ အဝမှာ အပေါ်သို့ရောက်ရှိနေပြီး Buffer စနစ်ဖြင့် Buoyancy လုပ်ပြီး ကုန်းပေါ်သို့ အရောက် တင်မည်ဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူပြီးပါက ခေါင်းလောင်းတွင် ကပ်ငြိလျက်ရှိ သောချေးများကို အသေးစိတ်ရှင်း လင်းနိုင်ရန်အတွက် ဧရာဝတီရေ တပ်စခန်းဌာနချုပ် အမြောက်ကြီး နေရာမှ စတင်ကာစစ်ရေးပြအဆောင် တွင်သုံးလခန့်အချိန်ယူ၍ ရှင်းလင်း ရမည်ဖြစ်ပြီး ဦးစံလင်းကိုယ်တိုင် ရေငုပ်ဆယ်ယူ၍ နှစ်ပတ်အတွင်းကုန်း ပေါ်သို့ ရောက်ရှိရန်လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကို ဟံသာဝတီဘုရင်ဓမ္မစေတီမင်း ကြီးက ၁၄၈၄ခုနှစ်တွင်စတင်သွန်း လုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ လှူ ဒါန်းခဲ့ကာ စပိန်နိုင်ငံသားငဇင်ကာမှစပိန်နိုင်ငံတွင် ပြယုဂ်တစ်ခုအဖြစ် ပြသနိုင်ရန် ရွှေတိဂုံစေတီပေါ်မှယူ ဆောင်သွားခြင်းဖြစ်ပြီး ဒေါပုံမြစ် ထဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေထဲတွင် နစ်မြုပ်နေသည်မှာနှစ် ပေါင်း ၄ဝဝ ကျော်ခန့်ရှိပြီဖြစ်ကြောင်း ဦးစံလင်း၏ပြောကြားချက်အရ သိရ သည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို တူးဖော်ကာ ရွှေတိဂုံကုန်းတော်ပေါ် သို့ပြန်လည်တင်လှူမည်ဖြစ်ပြီး လော ကီအရ တူးဖော်ပါက မပေါ်လာနိုင် ကြောင်း၊ လောကုတ္တရာအမြင်နှင့်သာ ရရှိနိုင်ကြောင်း၊ မည်သည့်နည်းလမ်း များဖြင့် တူးဖော်မည်ဆိုသည်ပြော ပြ၍မရကြောင်း ဦးစံလင်းကဆိုသည်။

ဦးစံလင်းမှ ခေါင်းလောင်းကြီး ကိုဆယ်ယူနိုင်ရန် (၁၉၉၇)မှစတင် ခဲ့ပြီးသက်ဆိုင်ရာသို့(၁၁)ကြိမ်မြောက် စာတင်ပြီးမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သလို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယခု နှစ်ဇူလိုင်(၁၄)ရက်တွင် ခွင့်ပြုမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းဆယ်ယူခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ဇူလိုင် ၂၅ရက်က Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

MTZ

#Democracytoday

Yangon Media Group