ပြေးနေတဲ့အချိန် ဘာကြောင့် လက်ရမ်းသင့်သလဲ

ပို့စ်တင်ချိန် - 7/24/2014 09:21:00 AM


့ကျွန်တော်တို့ပြေးတဲ့အခါ များသောအားဖြင့် လက်ကိုဝှေ့ရမ်းကြပါတယ်။ ဟုတ်ပြီ ဒါဆို ဘာကြောင့်လဲ။


လှုပ်ရှားမှုနဲ့ ပတ်သက်လို့ စက်ကိရိယာတွေရဲ့ အကျိုးသက်ရောက်မှုအကြောင်း သိပ္ပံပညာရှင်တွေ သိရှိထားတာရှိပါတယ်။ ခြေထောက်ရဲ့လှုပ်ရှားမှု အရှိန်အဟုန်နဲ့ ချိန်ညှိပြီး လက်မောင်းဝှေ့ယမ်းတာက ပြေးနေတဲ့သူကို မြဲမြံစေပါတယ်။ ဒီလိုလှုပ်ရှားပေးတာက အကျိုးသက်ရောက်မှုဖြစ်စေသလား မဖြစ်ဘူးလားဆိုတဲ့အဖြေက ထွက်ပေါ်လာခဲ့ပါတယ်။ လေ့လာချက် အသစ်တစ်ရပ်မှာ မတူညီတဲ့အနေအထား (၄) မျိုးနဲ့ ပြေးလွှားရာကနေ အားအင်ကုန်ခန်းမှုကို နှိုင်းယှဉ်ထားပါတယ်။ စမ်းသပ်မှုမှာ လူပေါင်း (၁၃) ယောက်ရဲ့ ပြေးလွှားရာမှာ အောက်ဆီဂျင်ရှုသွင်းနှုန်း နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုကို လေ့လာခဲ့ပါတယ်။ ဒီတစ်ပတ် The Journal fo Experimental Biology ထဲမှာ အစီရင်ခံစာအရ လက်နှစ်ချောင်းကို နောက်ပစ်ထားတာထက် လက်ကိုဝှေ့ရမ်းပေးခြင်းက အားကုန်မှု ၃% ရာခိုင်နှုန်း၊ လက်ပိုက်နေရင် ၉%ရာခိုင်နှုန်း နှင့် ခေါင်းပေါ်လက်မြောက်ထားရင် ၁၃%ရာခိုင်နှုန်း အားကုန်သက်သာစေပါတယ်။ ပြေးနေတဲ့အချိန်အတွင်း လက်ကို အမျိုးမျိုးပြောင်းထားလိုက်ခြင်းကလည်း အားအင်ပိုမိုကုန်ခန်းစေပါတယ် လို့ လေ့လာချက်အရသိရှိရပါတယ်။

Trend Myanmar