လူသာမက ခွေးပါ Gym ကစားလို့ရပြီ

ပို့စ်တင်ချိန် - 7/28/2014 10:04:00 AM


အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ခွေးတွေအတွက် သီးသန့် ဖွင့်လှစ်ထားတဲ့ ကာယလေ့ကျင့်ရေးရုံတစ်ခု ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ခွေးတွေဟာ အ၀လွန်လာတာမို့ ဒီလိုကာယ လေ့ကျင့်ရေးရုံတွေကို ဖွင့်လှစ်လာခြင်း ဖြစ်ပါတယ်။ ကီဗင်နဲ့ ဂီလီယန်တို့ ဇနီးမောင်နှံဟာ သူတို့မှာရှိတဲ့ခွေးတွေကို အ၀လွန်မှုလျှော့ချဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဇနီး မောင်နှံဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ခွေးတွေ အတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ ကာယလေ့ကျင့်ရေးရုံတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ အလွန်ရှားပါးတာမို့ များစွာ အခက်တွေ့ခဲ့ရပါတယ်။ သူတို့လို မျိုး ပြဿနာမကြုံရဖို့ ရည်ရွယ်ပြီး ခွေးတွေအတွက် ကာယလေ့ကျင့်ခန်းရုံကို သီးသန့်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပါတယ်။ ခွေးတွေဟာ ကိုယ်ပိုင်လေ့ကျင့်ရေး အစီ အစဉ်တွေပြုလုပ်စေခြင်းဖြင့် အ၀လွန်မှုကို လျှော့ချစေပါတယ်။ အပြင်မှာရှိတဲ့ ကာယလေ့ကျင့်ရေးပုံစံအတိုင်း ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သတ် မှတ်ထားတဲ့အတိုင်း ပြုလုပ်စေဖို့ ခက်ခဲစွာကြိုးစားခဲ့ရပါတယ်။ ကာယလေ့ကျင့်ခန်း ပြုလုပ်လိုတဲ့ ခွေးတွေ အတွက် တစ်လစရိတ်က ဒေါ်လာ (၅၀) ဖြစ်ပြီး တစ်နှစ်စရိတ်ကတော့ ဒေါ်လာ (၆၀၀)အထိရှိမှာဖြစ်ပါတယ်။ ဗာဂျီးနီးယား မှာ ဖွင့်လှစ်ထားတဲ့ ခွေးတွေအတွက် ကာယလေ့ကျင့်ရေးရုံရဲ့ အကျယ်အ၀န်း က စတုရန်း ပေ(၄၈၀၀)အထိ ကျယ်ဝန်းတယ်လို့ သိရပါတယ်။

The Messenger