ပရိသတ်တွေနဲ့ မွေးနေ့ဖြတ်သန်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်

ပို့စ်တင်ချိန် - 8/11/2014 03:11:00 PM



သြဂုတ် ၁၀ ရက်တွင် ကျရောက်ခဲ့သော ၀တ်မှုန်ရွှေရည် ၏ မွေးနေ့တွင် ၎င်း၏ ပရိသတ် များဖြစ်သည့် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့်အတူ အမျိုးသမီးလူမှုဖူလုံရေး ကျောင်း၌ တစ်ရက်စာ အာဟာရ နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပြီး မွေးနေ့ကို ပရိသတ် များနှင့် ဖြတ်သန်းခဲ့ရသောကြောင့် ပျော်ရွှင်ခဲ့ရကြောင်း ၎င်းကပြော သည်။

‘‘ဘ၀မှာ  မွေးနေ့ကို  ပရိ သတ်တွေနဲ့ ဖြတ်သန်းတာ ပထမ ဆုံးပဲ။ ကစ်အတွက် အမှတ်တရ ဖြစ်သလို ပျော်လည်းပျော်ပါ တယ်’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။

မွေးနေ့နံနက်တွင် မှော်ဘီ၊ အောင်ဇမ္ဗူတောရကျောင်း၌ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး We Love Wut Hmone Shwe Yi အဖွဲ့သားများနှင့် အမျိုးသမီး လူ မှုဖူလုံရေးကျောင်းတွင် တစ်ရက် စာ အာဟာရအလှူနှင့် အသုံးအ ဆောင်ပစ္စည်းများ    လှူဒါန်းခဲ့ သည်။

ထို့နောက် We Love Wut Hmone Shwe Yi အဖွဲ့သားများ နှင့် Escape Gastero Bar တွင် မွေးနေ့ပွဲ   ဆက်လက်ကျင်းပခဲ့ ပြီး ပရိသတ်များက လက်ဆောင် များပေးခဲ့သလို ပရိသတ်များကို လည်း ၎င်း၏ ပုံပါသော ခေါင်းအုံး လေးများကို အမှတ်တရအနေဖြင့်  ပြန်လည်ပေးခဲ့သည်။

‘‘ပရိသတ်တွေကို ပေးခဲ့တဲ့ ခေါင်းအုံးလေးတွေက ကစ်အ မှတ်တရ Collection အနေနဲ့ ထုတ်ရောင်းဖို့  စီစဉ်ထားတာပါ။ အခုလောလောဆယ်ကတော့ ကြော်ငြာထားရုံပဲ ရှိသေးတယ်။ ဘယ်အချိန်ရောင်းမယ်ဆိုတာကို လည်း ပြန်ပြီး ပြောပေးပါမယ်။ ဒီနေ့ကတော့ ပရိသတ်တွေကို အ မှတ်တရအနေနဲ့ ပေးဖြစ်တာ’’ ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။

၎င်း၏ ပရိသတ်များအတွက် အမှတ်တရပစ္စည်းများကို Limited Edition အနေဖြင့် ရောင်းချသွား ရန် အစီအစဉ်ရှိပြီး ပထမဆုံးအ နေဖြင့် ၎င်း၏ ပုံပါသော ခေါင်း အုံးများကို စတင်ထုတ်လုပ် ရောင်းချသွားမည်ဟု ၎င်းက ဆို သည်။

7day daily