ရင်သားကင်ဆာတွင်သုံးသည့်ဆေးက အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါခံစားနေရသည့် HIV ဝေဒနာရှင်များ၏ မျှော်လင့်ချက်ဖြစ်လာနိုင်

ပို့စ်တင်ချိန် - 2/24/2014 07:48:00 PM


နှစ်စဉ် HIV  ဝေဒနာရှင်များအား အဓိကသေဆုံးစေသော တရားခံမှာ Cryptococcosis  ဟုခေါ်သည့် မှိုရောဂါဖြစ်ပြီး ယင်းမှိုရောဂါအား ရင်သားကင်ဆာကုသရာ၌သုံးသည့် ဆေးကကုသနိုင်ကြောင်း သိရသည်။ University of Rochester  မှ လေ့လာသူများက ရင်သားကင်ဆာ ဝေဒနာရှင်များ၌သုံးသည့် Tomoxifen  ဆေးအား Cryptococcosis  ကြောင့် အဆုတ်ရောင်နမိုးနီးယားနှင့် ဦးနှောက်အမြှေးရောင်ရောဂါခံစားနေရသည့် ကြွက်များတွင် စမ်းသပ်ခဲ့ကြသည်။ ယင်းရောဂါနှစ်မျိုးမှာ တစ်နှစ်လျှင် HIV ဝေဒနာရှင် ၆၂၀၀၀၀ခန့်အား သေဆုံးစေနိုင်သော အကြောင်းရင်းဖြစ်ပြီး ခုခံအားကျနေသည့် ဝေဒနာရှင်များတွင် ယင်းဝေဒနာနှစ်မျိုးအား ပြန်လည် တိုက်ထုတ်ရန်ခက်ခဲပြီး အဆုံးသတ်မှာ အသက်ဆုံးရှုံးမှုသာ ကြုံတွေ့ရလေသည်။ ယင်းဝေဒနာခံစားနေရသော ကြွက်များတွင် Tamoxifen  ဆေးအားပေးခဲ့ရာ ယင်းမှိုပိုးအား သတ်ပစ်နိုင်ကြောင်း တွေ့ခဲ့ရသည်။ လေ့လာသူများက ဝေဒနာရှင်များအား ကုသသည့်နည်းသစ်တစ်ခု တွေ့ရှိပြီး ပို၍အခွင့်အလမ်းများ ရရှိရန် မျှော်လင့်နေသည်။

အ၀င်း
ref:Netdoctor.co.uk
Health Updates Journal