အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ


တစ်ချိန်က ကုရာနတ်္ထိဆေးမရှိခဲ့သော အေအိုင်ဒီအက်စ်ကို လာမည့် နှစ်ပိုင်းများအတွင်း တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲတင်းတင်း ပြောနိုင် သည့် အခြေအနေရောက် လာပြီ။ အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အေအိုင်ဒီအက်စ်ရောဂါကို ၂၀၃၀ ပြည့်နှစ်မှာ အပြည့်အ၀ထိန်းချုပ်နိုင် မည်ဟု နိုင်ငံတကာ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများက ရဲရဲတင်းတင်း ပြောလိုက်ပြီ။ ယခင်က ကုရာနတ်္ထိ ဆေးမရှိ၊ ယခုလည်း အမြစ် ပြတ်ကုစရာ ဆေးမရှိသေးသည့်တိုင် အပြည့်အ၀ ထိန်းချုပ်နိုင်မည်ဟု ဆိုလိုက်ခြင်းမှာ ယုတ်္တိမရှိဟု ထင်စရာရှိသည်။ မည်သည့် နည်းလမ်းများဖြင့် ထိန်းချုပ်ကြပါမည်နည်း။

၂၀၃၀ မှာ အေအိုင်ဒီအက်စ် အမြစ်ပြတ် ဆေးပေါ်ပြီး အားလုံးကို ကုသပေးနိုင်မည်ဟု မဆိုလို။ သို့သော် လက်ရှိပေါ်နေပြီဖြစ်သော အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးဖြင့်ပင် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်သူ မရှိအောင် ၂၀၃၀ ခန့်တွင် ထိန်းချုပ်နိုင်တော့မည်။ ထိုအခါ အိပ်ခ်ျအိုင်ဗွီကြောင့်ဖြစ် သည့် အေအိုင် ဒီအက်စ်ဖြစ်ပွားသူ ပမာဏကိုလည်း ထိန်းချုပ်နိုင်တော့မည်။ အသစ်ကူးစက်၊ အသစ် ဖြစ်ပွားသူ မရှိအောင် ထိန်းနိုင်ပြီဆိုလျှင် အမြစ်ပြတ် တိုက်ဖျက်နိုင်ရေး လွန်စွာ နီးစပ်သွားပြီဖြစ်သည်။ လက်ရှိမှာပင် အေအာဗွီဆေးဖြင့် ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံထားရသူ (၁၃) သန်းကျော်ကို လူ့သက်တမ်းစေ့နေနိုင်အောင် စောင့်ရှောက်ထားနိုင်ပြီ။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီကို အသေမသတ်နိုင် သော်လည်း ခန္ဓာကိုယ်ထဲ ၀င်နေသော အိပ်ခ်ျ အိုင်ဗွီကို မလှုပ်နိုင်အောင်၊ ဆက်မပျံ့ပွားနိုင်အောင် ထိန်းပေးထားသည်။ ထိုသို့ ထိန်းလိုက်သဖြင့် အိပ်ခ်ျအိုင်ဗွီပိုးသည် ခန္ဓာကိုယ် ခုခံအားစနစ်ကို ဒုက္ခ မပေးနိုင်တော့။ ထိုအခါ ခုခံအားကျဆင်းသည့် အေအိုင်ဒီအက်စ်ရောဂါ အဆင့်သို့ မရောက်ရှိတော့ဘဲ ပိုးရှိလျက်နှင့်ပင် သက်တမ်းစေ့နေနိုင်သွားသည်။

အိပ်ခ်ျအိုင်ဗွီပိုးရှိသူ တစ်ဦးထံမှ ထပ်ဆင့်ကူးစက်ခံရသည့် နှုန်းကို တစ်ယောက်ထက် နည်းအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ အိပ်ခ်ျအိုင်ဗွီ ရှိသူ (၁၀) ဦးရှိသည်ဆိုပါက ထိုလူများက တစ်ဆင့် ထပ်ကူးခံရသူ ပမာဏသည် (၁၀) ဦးအောက်သာ ရှိအောင် ထိန်းချုပ်သွားမည်။ ထိုသို့ ထိန်းချုပ်သွားခြင်းဖြင့် အချိန်တို အတွင်းမှာပင် အိပ်ခ်ျအိုင်ဗွီဖြင့် နေထိုင်ရသူ ပမာဏသည် ကျပြီးရင်း ကျဆင်းသွားမည်။ အိပ်ခ်ျအိုင်ဗွီကို သိပ္ပံပညာက စတွေ့သည်မှာ (၃၃)နှစ်လောက်သာရှိ သေးသည်။ ထိုကာလတို အတွင်း အိပ်ခ်ျအိုင်ဗွီကို နိုင်နင်းအောင် ထိန်းချုပ်နိုင်သည့် အခြေအနေမျိုးရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုကြီးဖြစ်သည်။သိပ္ပံသုတေသနပိုင်းကလည်း အားကောင်းသလို၊ နိုင်ငံရေးပိုင်းကလည်း အိပ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ်တိုက်ဖျက် ရေးအား တက်သရောရှိခြင်းကြောင့် ယခုကဲ့သို့ အောင်မြင်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအဖွဲ့ကြီး UNAIDS ၏ စာရင်းအရ ပြီးခဲ့သည့်တစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း အေအိုင်ဒီအက်စ် ဖြင့် လူ (၁ ဒသမ ၅)သန်း သေဆုံးကြောင်း သိရသည်။ သေဆုံးနှုန်း အများဆုံးဖြစ်ခဲ့သော ၂၀၀၅ ခုနှစ်က (၂ ဒသမ ၄) သန်းထက်သိသာစွာ လျော့ကျ လာပြီဖြစ်သည်။ သေဆုံးနှုန်းလျော့ကျလာသလို အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်ခံရသူနှုန်း ကလည်း တစ်နှစ်ပြီးတစ်နှစ် လျော့ကျလာနေပြီကို တွေ့ရသည်။ သို့ဖြစ်ရာ ၂၀၃၀ ပြည့်နှစ်ရောက်သည့်အခါ အိပ်ခ်ျအိုင်ဗွီ အသစ်ကူးစက်မှု လုံးဝထိန်းချုပ်နိုင်ရမည်ဟူသော ရည်မှန်းချက်မှာ အဓိပ္ပာယ်ရှိ၍ ဖြစ်နိုင်သော ရည်မှန်းချက်ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ရေး၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လက်နက်ကောင်းများကို ပြီးခဲ့သည့် အပတ်က သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ ကျင်းပခဲ့သောအကြိမ် (၂၀)မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာမှ ပညာရှင်များ တင်ပြခဲ့ကြသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစည်းအဝေးတက်ရန် လာသည့် ကိုယ်စားလှယ် ခြောက်ဦးသည် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း၌ မလေးရှား လေယာဉ် MH 17 ပျက်ကျမှုတွင် ကွယ်လွန်ခဲ့ရသည်။ ၎င်း တို့အနက် တစ်ဦးမှာ နိုင်ငံတကာ အေအိုင်ဒီအက်စ် အဖွဲ့ကြီး (International AIDS Society) ၏ ဥက္ကဋ္ဌ ဟောင်းဂျိုးလန်း ဖြစ်သည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးလှုပ်ရှားမှု၏ မီးရှူးတန်ဆောင်တစ်ဦး အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ မည်သို့ပင် ဆိုစေ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လှုပ်ရှားမှုများကား အင်အားကောင်းကောင်း ဆက်ချီတက်မည်ဖြစ်သည်။

ကူးစက်မှု ဘရိတ်အုပ်

အိပ်ခ်ျအိုင်ဗွီ ကူးစက်မှု ထိန်းချုပ်နိုင်မည့် နည်းလမ်းများစွာလည်း ရှိနေပြီဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသော တောင်အာဖရိ က အေအိုင်ဒီအက်စ် သုတေသနစင်တာမှ စလင်းအဗ္ဗဒူးကာရင်မ်က ပြောသည်။ အိပ်ခ်ျအိုင်ဗွီ ရှိသူများကို ဆွေးနွေး ပညာပေးခြင်းနည်း၊ ကွန်ဒုံးသုံးခြင်း နည်း၊ အေအာဗွီ ကဲ့သို့ အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးများပေးခြင်းနည်းများသည် လွန်စွာ ထိရောက် သောနည်းလမ်းများ ဖြစ်လာပြီ။ ထိရောက် သောနည်းလမ်း များထဲမှ ပို၍ထိရောက်သော နည်းလမ်းကား အေအာဗွီဆေး ဖြစ်သည်။ အေအာဗွီသည် အိပ်ခ်ျအိုင်ဗွီရှိသူ ခန္ဓာကိုယ်ထဲက ပိုးကိုသိသိသာသာ ထိန်းချုပ် ပေးနိုင်ရာ ထိုသူမှတစ်ဆင့် အခြားသူများသို့ ကူးနိုင်ခြေ အလွန်နည်းသွားသည်အထိ ထိန်းချုပ်ပေးနိုင်ကြောင်း တွေ့ရသည်။

လေ့လာမှုတစ်ရပ်အရ ဇနီးခင်ပွန်း တစ်ဦးဦး၌ အိပ်ခ်ျအိုင်ဗွီရှိနေသော အိမ်ထောင်သည် စုံတွဲများတွင် ပိုးရှိသူကို အေအာဗွီဆေးသုံးစေပါက ကူးစက်မှု (၉၆) ရာခိုင်နှုန်းထိ လျှော့ချနိုင်ကြောင်း တွေ့ရသည်။ ပုံမှန် နေ့စဉ်ဘ၀ လူပေါင်းစုံထဲတွင် ကူးစက်မှု လျှော့ချ ပေးနိုင်စွမ်းကိုလည်း လေ့လာမှု စစ်တမ်း တစ်ရပ်ပြုစုထားသည်။ တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတယ် တက္ကသိုလ်က စစ်တမ်းပြုစုခြင်း ဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၀)မှ (၄၀)ရာ ခိုင်နှုန်းထိကို အေအာဗွီဆေး တိုက်ကျွေးထားနိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများနှင့် အေအာဗွီ ဆေး (၁၀) ရာခိုင်နှုန်းခန့်သာ တိုက် ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါ မရှိသူများကို ယှဉ်ကြည့်သည်။ ထိုအခါ အေအာဗွီဆေး ရာခိုင်နှုန်း များများ တိုက်ကျွေးထား နိုင်သော ဒေသများတွင် နေထိုင်သော ရောဂါမရှိသူများသည် အိပ်ခ်ျအိုင်ဗွီကူးစက်ခံ ရနိုင်ခြေ (၃၈)ရာခိုင်နှုန်းထိ နည်းပါးကြောင်း တွေ့ခဲ့ရသည်။

အိပ်ခ်ျအိုင်ဗွီရှိသူများကို အေအာဗွီဆေးဖြင့် ထိန်းပေးနိုင်သလို အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ရနိုင်ခြေများသည့် ပတ်ဝန်းကျင်တွင် နေထိုင်သော လူကောင်းများအတွက်လည်း Truvada ကဲ့သို့အိပ်ခ်ျအိုင်ဗွီ ကာကွယ်ဆေးများရှိသေးသည်။ ဆန်ဖရန်စစ်္စကိုရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ရောဘတ် ဂရန့်သည် Truvada ဆေးကို အစဦး စမ်းသပ်တီထွင်သူများထဲတွင် ပါဝင်သည်။ မဲလ်ဘုန်းမြို့ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် မစ္စတာ ဂရန့်က ကမ္ဘာ့ တိုက်ကြီးလေးခုရှိ နေရာ (၁၁) နေရာတွင် ပြုလုပ်ခဲ့သော ၎င်း တို့၏ သုတေသနများအကြောင်း ဆွေးနွေးတင်ပြသွားသည်။

Truvada သည် အိပ်ခ်ျအိုင်ဗွီ ကူးစက် မခံရအောင် (၉၀)ရာခိုင်နှုန်းထိ ကာကွယ် ပေးနိုင်ကြောင်း မစ္စတာ ဂရန့်က ပြောသည်။ နေ့တိုင်း သောက်ဖို့လည်း မလို။ တစ်ပတ် လေးကြိမ်သောက်လျှင် စိတ်ချရသည်။ နေ့တိုင်းဆေးသောက်ဖို့ မေ့တတ်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။ သို့သော် Truvada သည် ဈေးကြီးလွန်းနေသေးသည်။ ဆေးတစ်လစာကို ဒေါ်လာ(၁၃၀၀) လောက်ကျသင့်သည်။ ဈေးကြီးလွန်းခြင်းက Truvada ၏ တွင်ကျယ်မှုကို အတားအဆီး ဖြစ်စေလျက်ရှိသည်။

အိပ်ခ်ျအိုင်ဗွီ ထိန်းချုပ်ဖို့ လက်နက် ကောင်း တော်တော်များများရှိလာပြီ။ သို့သော် Truvada ဥပမာကဲ့သို့ပင် ဈေးကြီးနေ သေးခြင်းသည် အတားအဆီး ဖြစ်နေသည်။ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး အတွက် နိုင်ငံရေးပိုင်း၏ စိတ်အားထက်သန်စွာ အားပေးမှုအရှိန်မသေဖို့လည်း လိုသေး သည်။ ၂၀၀၀ ပြည့်နှစ်တွင် စတင်ချမှတ် အကောင် အထည်ဖော်ခဲ့သော ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များထဲတွင် အေအိုင် ဒီအက်စ် တိုက်ဖျက်ရေးကို အဓိက လုပ်ငန်း စဉ်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများသည်လည်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည်။ သို့သော် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်များသည် ၂၀၁၅ တွင် သက်တမ်းကုန်ဆုံးတော့မည်။ ၂၀၁၅ လွန်ရည်မှန်းချက် မူကြမ်းများထဲတွင် ကား အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးကို အဓိကအသားပေး ဖော်ပြထားသည်မျိုး မတွေ့ရသေးရာ နိုင်ငံရေးပိုင်းက စိတ်အား ထက်သန်မှုကျဆင်းသွားမှာ စိုးရိမ်ရသည်။ စိုးရိမ်မည်ဆိုလည်း စိုးရိမ်စရာဖြစ်သည်။ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ် ရေးနှင့် ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ တစ်ဝန်း တစ်နှစ်ကို ဒေါ်လာ(၁၉) ဘီလီယံ လိုအပ်ရာ ရှေ့လာမည့် နှစ်ပိုင်းများတွင် ပြည့်မီအောင် ကောက်ခံမရနိုင်မည့် အလားအလာများတွေ့နေရပြီ။ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လှုပ်ရှားသူများ ငွေနည်းနည်း နဲ့ အလုပ်များများတွင်အောင် လုပ်နိုင်မည့် နည်းလမ်းများ ရှာဖွေကြရမည်။

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီးနောက် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း အေအာဗွီဆေး သောက်သုံးနိုင်လျှင် အိပ်ခ်ျအိုင်ဗွီဆိုးကျိုး ခံစားရမှု အနည်း ဆုံးဖြစ်မည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောသည်။ သို့သော် မည်သူသည် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရပြီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ဖို့က မလွယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း အိပ်ခ်ျအိုင်ဗွီပိုးရှိသူ (၃၅) သန်းရှိသည်။ ၎င်းတို့အနက်(၁၉) သန်းခန့် သည် အိပ်ခ်ျအိုင်ဗွီပိုး ရှိကြောင်း ကျန်းမာရေးအဖွဲ့များက ဖော်ထုတ်မှတ်တမ်းတင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ဖော်ထုတ်သိရှိခြင်း မရှိသည့်အတွက် ထိုလူများကို အိပ်ခ်ျအိုင်ဗွီ ထိန်းဆေးပေးဖို့ မဖြစ်နိုင်သေးသလို၊ ထိုသူများထံကတစ်ဆင့် အခြားသူများထံ မကူးစက်အောင် ပညာပေး ဆွေးနွေးခြင်းမျိုးလည်း မလုပ် နိုင်ဘဲ ဖြစ်နေသည်။ ထိုလူများ ကျန်ရှိနေသမျှ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ဖို့က ခက်နေဦးမည်ဖြစ်သည်။ အေအိုင်ဒီအက်စ် အဆုံးသတ်ပစ်ဖို့ ဝေးနေဦးမည်။ ထိန်းချုပ်ရေးအပြင် ကျန်ရှိနေသေးသူ (၃၅) သန်းခန့်ကို ပျောက်အောင် ကုပေးနိုင်အောင်လည်း ထပ်တိုး ကြိုးပမ်းကြရမည်။

လွန်ခဲ့သည့် နှစ်နှစ်က ၀ါရှင်တန်တွင် ကျင်းပသော (၁၉)ကြိမ်မြောက် နိုင်ငံတကာ အေအိုင်ဒီအက်စ်အရေး ဆွေးနွေးပွဲတွင် တင်ပြဆွေးနွေးမှု များထဲ၌ ကုသနိုင်မည့် မျှော်လင့်ချက်များလည်း ပါသည်။ အမေရိကန် နိုင်ငံ မစ်္စစ်္စပီပြည်နယ်မှ ကလေးငယ် မိန်းကလေး တစ်ဦးကို မွေးပြီးပြီးချင်းမှာပင် အေအာ ဗွီဆေးပေး၍ ကုသခဲ့သည်။ ကလေးငယ် သည် မိခင်ထံမှ အိပ်ခ်ျအိုင်ဗွီ ကူးစက်လာ ခြင်းဖြစ်သည်။ ကလေးငယ်ကို (၁၈) လသားအထိ အေအာဗွီဆေးပေးကာ အိပ်ခ်ျအိုင်ဗွီကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့နောက် မိခင်ဖြစ်သူသည် နေရပ်ပြောင်းသွားရာ ကလေးကိုလည်း အေအာဗွီဆေး ဆက်တိုက်ကျွေးနိုင်ခြင်း မရှိဘဲ အဆက်ပြတ်သွားခဲ့သည်။ ကလေးနှင့် ပြန်ဆက်သွယ်နိုင်သည့် အချိန်တွင် စစ်ဆေးကြည့်ရာကလေးတွင် အိပ်ခ်ျအိုင်ဗွီပိုး လုံးဝမရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ထိုအတိုင်းမှန်လျှင် ကလေး၏ အိပ်ခ်ျအိုင်ဗွီကို ပျောက်အောင် ကုလိုက်နိုင်ပြီဟု ဆိုနိုင်သည်။ ဆရာဝန်များသည် ကလေးကို အေအာဗွီဆေး ဆက်မတိုက်ဘဲ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။ ယခု ဇူလိုင်လ ဆန်းပိုင်းတွင် ကလေးမှာ အိပ်ခ်ျအိုင်ဗွီ ပြန်ပေါ်လာ သည်။ ဆေးဖြတ်လိုက်ပြီး ၂၇ လအကြာတွင် အိပ်ခ်ျအိုင်ဗွီ တစ်ကျော့ပြန် ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ယောက်ကား ဂျာမနီနိုင်ငံ ဘာလင်မြို့မှ တင်မိုသီ ဘရောင်းဖြစ်သည်။ ဘရောင်းသည် အိပ်ခ်ျအိုင်ဗွီ ရှိပြီး သွေးကင်ဆာဒဏ် လည်း ခံစားနေရသဖြင့် သွေးကင်ဆာကုထုံးအဖြစ် ၎င်း ကို ရိုးတွင်းခြင်ဆီ လဲလှယ်ခဲ့သည်။ ၎င်း ထံ လဲလှယ် ထည့်သွင်းခဲ့သော ရိုးတွင်းခြင်ဆီသည် မျိုး ဗီဇအရ အိပ်ခ်ျအိုင်ဗွီဒဏ်ခံနိုင်သူတစ်ဦးထံမှ ဖြစ်ရာ ရိုးတွင်းခြင်ဆီ လဲလှယ်ပြီးနောက် ဘရောင်းတွင် အိပ်ခ်ျအိုင်ဗွီပိုး မရှိတော့ကြောင်း တွေ့ခဲ့ရသည်။ ယခုအချိန်ထိ ဘရောင်းသည် ပထမဆုံးသော အိပ်ခ်ျအိုင်ဗွီ ကုသပျောက်ကင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ဘရောင်းကို ကုသခဲ့သော နည်းမျိုးသည် လူတိုင်းကို လုပ်ပေးနိုင်သော နည်းကားမဟုတ်။

သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။ ယခု ထိတော့ တိုက်ရိုက်ကုဆေး မရှိသေး။ သို့ဖြစ်ရာ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ထားရသူများ လက်ရှိမှာ လုပ်ရန်ကား အကျိန်းသေဆုံးနည်းဖြစ်သည့် အေအာဗွီ ဆေး ပုံမှန်သောက်သုံးကြဖို့ ဖြစ်သည်။

Ref: The 20th International AIDS Conference _ Is the end in sight? (The Economist)
messengernewsjournal

သစ်ခုတ်သမား ပုံပြင်သစ်



သစ်ခုတ်သမားသည် သူ့လှည်းပေါ်မှ ဆင်းကာလေညှင်းခံနေစဉ် လှည်းကို ကုန်းဆင်းတွင် ထားမိ၍ မြစ်အတွင်းသို့ ကျလေ၏။
ထိုအခါ ကျယ်လောင်စွာ ငိုယိုအော်ဟစ်နေသောကြောင့် မြစ်စောင့်နတ်သည် ဘွားကနဲပေါ်လာ၏။ မြစ်စောင့်နတ်သည်
ချက်ချင်းမြစ်အတွင်းမှနေ၍ မော်တော်ကားတစ်စီးနှင့်အတူပြန် ပေါ်လာ၏။

” ဒါ သင့် ပစ္စည်းလား..”
” ဟုတ်ပါတယ် ဟုတ်ပါတယ်…ဒါကျနော့်ပစ္စည်း…ဒါ….ဒါကျနော့်ဟာ အစစ်ပါ ”
ထိုအခါ မြစ်စောင့်နတ်လည်းအရမ်းဒေါသထွက်သွား၏။
” မင်းဟာတကယ်တော့ လူလိမ်လူညာပဲ။ ဒါ တရုတ်ထုတ် ချယ်ရီ ၀က်စစ်ဂွန်ကားကွ။
မင်းပစ္စည်းမဟုတ်ဘူး”
ထိုအခါ သစ်ခုတ်သမားမှ တောင်းပန်စကားဆိုလေ၏။
” အိုမြစ်စောင့်နတ်မင်း၊ ကျနော့်အား ခွင့်လွှတ်တော်မူပါ။ တကယ်လို့
ကျနော်က မဟုတ်ဘူးလို့ပြောရင် အသင်နတ်မင်းက နောက်ထပ်ရွာမ သံရည်ကြိုစက်ရုံမှ
ခိုးရောင်းသော သိန်းနှစ်ဆယ်တန် ( without) လိုင်စင်မဲ့ ကားကို
ပြပါလိမ့်မယ်။ ဒါကိုမှ ထပ်ငြင်းရင် အရှင်က ကျနော့် လှည်း အဟောင်းကြီး ကို
ပြန်ဆယ်လာမှာ သေချာပါတယ်။ ဒီလိုဆယ်လာမှ အဲဒါ ကျနော့်
လှည်းပါလို့ပြောလိုက်ရင် နိုင်ငံတော်ပေါ်လစီအရ နှစ် ၃၀ အထက်ဖြစ်နေတဲ့
ကျနော့်လှည်းဟာ စလစ်နဲ့ နောက်တစ်စီး ၀ယ်ရပါလိမ့်မယ်။ ဒါကြောင့် ပထမ
ချယ်ရီကားမှာကတည်းက ဟုတ်ပါတယ်လို့ ပြောလိုက်မိ တာပါခင်ဗျာ ”

ရဲစတိုင်း
The Myanma Age

‘မြန်မာနိုင်ငံကို အများကြီးပေးဆပ်သွားချင်လို့ ဆုတစ်ခုတော့ရအောင် ယူလာခဲ့မယ်’


ကမ္ဘာ့ထိပ်တန်းအလှမယ် ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်ရန် မယ်စကြ၀ဠာ  မြန်မာအလှမယ် အဖြစ် အသက် (၂၀) အရွယ် သျှားထွဋ်အိန္ဒြာ   ရွေးချယ်ခံခဲ့ရ သည်။ နှစ်ပေါင်း ၅၀ ကျော် ကြာမှ မြန်မာနိုင်ငံမှ ပြန်လည်ယှဉ်ပြိုင်မှုအနေဖြင့် ၂၀၁၃ ခုနှစ်၌ မိုးစက်ဝိုင်က ရုရှားနိုင်ငံတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်မူ ဒုတိယမြောက်ပြန်လည်ယှဉ် ပြိုင်မှုအဖြစ် အမေရိကန်နိုင်ငံ တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မမျှော်လင့်ဘဲ မယ်စကြ၀ဠာ (မြန်မာ)သရဖူကို ရခဲ့သည်ဆို သော သျှားထွဋ်အိန္ဒြာနှင့် တွေ့ဆုံ ကာ သူမ၏ ရင်ခုန်သံများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

တစ်ကမ္ဘာလုံးမှာ အကြီးဆုံး အလှ မယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ မယ်စကြ ၀ဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ခွင့်ရခဲ့ပြီဆို တော့ ကိုယ့်ကိုယ်ကိုယ်ဘယ် လောက်ယုံကြည်ထားလဲ။

ညီမပြိုင်ပွဲနဲ့ ပတ်သက်ပြီး ယုံကြည်မှုအပြည့်အ၀ထည့်ထား ပါတယ်။ နောက်ပြီးညီမကို နောက်ကနေ ကူညီပံ့ပိုးပေးတဲ့ ညီမရဲ့ မိ သားစု၊ Organization နဲ့ ပူးပေါင်းပြီး အစစအရာရာလိုလေသေးမရှိ အောင်၊ အဆင်ပြေအောင် ညီမ တို့နိုင်ငံရဲ့ သယံဇာတတွေ၊ ယဉ် ကျေးမှုအမွေအနှစ်တွေကို ဖော် ထုတ်နိုင်အောင် ပြင်ဆင်ထား ပါတယ်။

ဒီနှစ်ကို ပြီးခဲ့တဲ့နှစ်က သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ်မိုးစက် ၀ိုင်နဲ့ နှိုင်းယှဉ်ပြီး အားမရဘူးဆို တဲ့ ဝေဖန်မှုတွေရှိခဲ့တာဆိုတော့ ပရိသတ်တွေရဲ့ အမြင်နဲ့ ပတ် သက်ပြီး ဘယ်လိုဖြေရှင်းချက် ပေးချင်လဲ။

ညီမခုချိန်ထိ Perfect မဖြစ် သေးဘူး။ အဲဒါကြောင့် ညီမကို အကြံပေးနိုင်ပါတယ်။ ဝေဖန် ပြောဆိုနိုင်ကြပါတယ်။ အဲဒီအကြံဉာဏ်တွေကို လက်ခံပြီး လိုအပ် ချက်တွေကို ဖြည့်ဆည်းသွား မယ်။ နောက်ပြီးဟိုမှာ သွားပြိုင် ရင်လည်း တခြားနိုင်ငံက အလှ မယ်တွေထက် မသာရင်တောင်မှ မနိမ့်အောင် အကောင်းဆုံးယှဉ် ပြိုင်သွားပါမယ်။

သွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ကြီးမှာရော ပြီးခဲ့တဲ့နှစ်က ယှဉ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် မိုးစက်ဝိုင်ရဲ့ ဘယ်လိုအားနည်းချက်၊ ဘယ်လို အားသာချက်တွေကို အတုယူပြီး အကောင်းဆုံးပြင်ဆင်သွားမလဲ။

အစ်မ(မိုးစက်ဝိုင်)ကလည်း ညီမကို သင်ကြားပြသပေးတယ်။ အစ်မမှာကတော့ အားနည်းချက် ဆိုတာ မရှိပါဘူး။ သူက အရမ်း Perfect ဖြစ်တယ်။ ဒါပေမဲ့ ပြဿနာလေးတွေ ကြုံခဲ့ရတာဆို တော့ အဲဒီလိုပြဿနာတွေမကြုံ ရအောင် ကြိုးစားသွားပါမယ်။

မိုးစက်ဝိုင်တုန်းက ပြိုင်ပွဲမှာ လမ်း လျှောက်တာနဲ့ ပတ်သက်ပြီး အားနည်းချက်ရှိတယ်လို့ ထောက်ပြတာတွေရှိတော့ ညီမအတွက် ရော အဓိကလိုအပ်ချက်က ဘာ ဖြစ်မယ်လို့ထင်လဲ။

အဓိကလိုအပ်ချက်အနေနဲ့ ကတော့ အရပ်ကလေးဒီထက်ပို ထွက်ချင်တယ်။

မယ်စကြ၀ဠာပြိုင်ပွဲဆိုတာ ကမ္ဘာ မှာလည်း အကြီးဆုံးပြိုင်ပွဲတစ်ခု ဖြစ်တယ်။ လာရောက်ယှဉ်ပြိုင် မယ့်နိုင်ငံတွေကလည်း အများ ကြီးဆိုတော့ ညီမအတွက် ဘယ် လောက်စိန်ခေါ်မှုရှိတဲ့ ပြိုင်ပွဲတစ် ခုလို့ ပြောလို့ရလဲ။

ဒီပြိုင်ပွဲကြီးကို သွားပြိုင်ဖို့ အများကြီးမှန်းထားတယ်။ ညီမရဲ့  စိန်ခေါ်မှုအနေနဲ့ကတော့ ညီမရဲ့ အောင်မြင်မှုလမ်းကြောင်း တစ်ခု အနေနဲ့ မြန်မာနိုင်ငံကို အများကြီး ပေးဆပ်သွားချင်တယ်။ အဲဒီအ တွက် ဆုတစ်ခုတော့ ရအောင် ယူလာခဲ့မယ်။ တကယ်ကို ကြိုး ကြိုးစားစားနဲ့ သွားပြီး လိုလေသေးမရှိအောင် ယှဉ်ပြိုင်သွားမယ်။

မယ်စကြ၀ဠာစင်မြင့်က ညီမရဲ့ ငယ်ဘ၀အိပ်မက်တစ်ခုလို့ရော ပြောလို့ရနိုင်မလား။ ကိုယ့်ကိုယ် ကိုယ်ရော ဒီလိုပြိုင်ပွဲကြီးမှာပါဝင် ခွင့်ရမယ်လို့ စိတ်ကူးယဉ်ခဲ့တာ မျိုးရှိလား။

ပြောလို့ရပါတယ်။ ငယ်ငယ် ကတည်းက ကိုယ့်နိုင်ငံကို ကိုယ် စားပြုပြီး ပြိုင်တဲ့ ကိုယ့်နိုင်ငံအ တွက် ပြန်ပေးဆပ်နိုင်တဲ့ အလှ မယ်တစ်ယောက်ဖြစ်ချင်ခဲ့တာ ပါ။ အဲဒါကြောင့် ညီမရဲ့ရည်မှန်း ချက်တွေကို ဖော်ထုတ်ခွင့်ရတဲ့ အတွက်လည်း ကျေးဇူးတင် တယ်။

အခုနောက်ပိုင်းမှာ အလှမယ်တွေ နဲ့ ပွဲကျင်းပတဲ့ အဖွဲ့အစည်းတွေ ကြားထဲမှာ မပြေလည်မှုတွေ ကြားနေရတယ်။ ညီမပြိုင်ရမှာက ပရိသတ်အားပေးမှုအများဆုံးရရှိ နေတဲ့ မယ်စကြ၀ဠာပြိုင်ပွဲရဲ့ နိုင်ငံကိုယ်စားပြု    အလှမယ်တစ် ယောက်ဖြစ်တဲ့အတွက် အနေအ ထိုင်အပြုအမူတွေကို ဘယ်လိုနေ ထိုင်သွားမယ်လို့ ဆုံးဖြတ်ထား လဲ။

ညီမတို့ Miss တွေကိုမွေး ထုတ်ပေးတဲ့ Organization က ညီမတို့ရဲ့ ကျေးဇူးရှင်ပါ။ အဲဒီ ကျေးဇူးရှင်တွေနဲ့ အစစ၊အရာရာလက်တွဲသွားမယ်။ ကျေးဇူးရှင် ကိုပြန်ပြီး ကျေးဇူးဆပ်သွားမယ်။ အခုချိန်မှာ ညီမကနိုင်ငံကိုယ်စား ပြုအလှမယ်တစ်ယောက်ဖြစ်တဲ့ အတွက် အစစ၊အရာရာအသွား အလာ၊ အနေအထိုင်တွေ ဆင် ခြင်သွားပါမယ်။

ပြည်ပမှာ သွားပြိုင်ရမှာဆိုတော့ ဘာသာစကားပိုင်းနဲ့ ပတ်သက် ပြီး ဘယ်လိုပြင်ဆင်ထားလဲ။

ဘာသာစကားပိုင်းနဲ့ ပတ်သက်ပြီး တော့လည်း လက်ရှိအခြေအနေ ထက်ကောင်းအောင် လေ့လာ နေပါတယ်။ General Know-ledge (အထွေထွေဗဟုသုတ) ကောင်းအောင်လည်း လေ့လာနေပါတယ်။

မယ်စကြ၀ဠာဆုရခဲ့ပေမယ့် ပရိ သတ်ရဲ့ အားပေးမှုအပြည့်အ၀မရ သေးဘူးဆိုတော့ ပြိုင်ပွဲကြီးသွား ပြိုင်တဲ့အခါ ပရိသတ်တွေရဲ့အား ပေးမှုအပြည့်အ၀ရရှိဖို့ ဘယ်လို ကြိုးစားသွားမလဲ။

ညီမကို ဘယ်လိုပဲပြောပြော လက်ခံနိုင်ပါတယ်။ ညီမကို ဝေ ဖန်ပေးကြပါ။ အကြံပေးနိုင်ပါ တယ်။ ပရိသတ်တွေ လက်ခံနိုင် တဲ့ အလှမယ်ဖြစ်အောင်လည်း ကြိုးစားသွားပါမယ်။

အလှမယ်နဲ့ ပရဟိတက ဆက်စပ် နေတာဆိုတော့ ဆုရတဲ့ဆု ကြေးထဲကနေ ပရဟိတအလှူ လုပ်သွားဖို့ရော အစီအစဉ်ရှိလား။

ပရဟိတကို ညီမ Miss ဖြစ်မှလုပ်မှာ မဟုတ်ပါဘူး။ အရင်က တည်းကလည်း လုပ်ဖြစ်ပါတယ်။ အခုတော့ Organization နဲ့ လက် တွဲပြီး ပရဟိတလုပ်ငန်းတွေ လုပ် သွားဖို့ရှိပါတယ်။ ဆုရတဲ့ ဆုကြေးထဲကလည်း လိုအပ်တဲ့နေရာ တွေကို လိုက်ပြီး ဖြည့်ဆည်းသွား ဖို့အစီအစဉ်ရှိပါတယ်။

7daydaily

ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ



မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China  National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့်  ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။

ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။

အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက်ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ်ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။

စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့်တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။

ထိုသို့ဆောင်ရွက်လာရာ တွင် စီစီအိုအီးစီ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများ နှင့် ပြောင်းပြန်ဖြစ်၏။

အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။

ဥပမာဆိုရလျှင် အကြမ်း ဖက်မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံတည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံများက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထားအားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက်ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။

ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အား ကောင်းလာသည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ ယီမင်တွင် ရေနံအနည်းငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။

ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်းမီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။

ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။

လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။

7daydaily

အောင်မင်္ဂလာကားဝင်းအတွင်းတွေ့သည့် အမျိုးသမီးအလောင်းကို စစ်ဆေးနေ




အောင်မင်္ဂလာအဝေး ပြေးကားဝင်းအတွင်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရသည့် အနေအထားဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၇ ရက် နံနက်ကအောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ဆိုင်ခန်းလွတ်တစ်ခုတွင် လည်ပင်းညှစ်ခံထားရသည့် လက္ခဏာဖြင့် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။
အဆိုပါ အမျိုးသမီးသည် ပဲခူးတိုင်း၊ အုတ်ဖိုမြို့ဇာတိဖြစ်ပြီး အသက် (၂၀) ခန့်ရှိကာ ခင်ပွန်း သည်နှင့်အတူ ကားဂိတ်များအ တွက် ခရီးသည်ခေါ်သည့်အလုပ် အတူတူလုပ်နေသူဖြစ်သည်။

‘‘တိုကျိုလက်ဖက်ရည်ဆိုင် ဖွင့်ခဲ့တဲ့နေရာပဲ။ ဆိုင်ပိတ်ထား တာ အခန်းမလုံတော့ အနောက် ဘက်က တံခါးကို ဖျက်ဝင်ကြပြီး ကြုံရာကျပန်းတွေ ၀င်အိပ်နေ တတ်တာ။ သေတဲ့သူနဲ့ သူ့ခင်ပွန်းက ကားဂိတ်တွေကို ခရီးသည်ခေါ်ပေးတဲ့ အလုပ်လုပ်ကြတာ’’ဟု အောင်မင်္ဂလာအဝေးပြေးဝင်းရှိ အမျိုးသားတစ်ဦးက ပြောသည်။

အမျိုးသမီးသေဆုံးနေ ကြောင်း လူငယ်တစ်ဦးက တွေ့ရှိ ရာမှ ကားဝင်းအတွင်းရှိ တာဝန် ရှိသူများသို့ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။ ထို့နောက်ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးပြီး သေ ဆုံးသူ၏ ခင်ပွန်းကို လိုက်လံဖမ်း ဆီးရာ နေ့လယ်တွင် ဖမ်းမိခဲ့ ကြောင်း စုံစမ်းသိရှိရသည်။

‘‘သေတာတော့ဟုတ်တယ်။ ရဲလုပ်ငန်းတွေ လုပ်နေသေးတာ မပြီးသေးလို့ ကျွန်တော်တို့တွေ မပြောနိုင်သေးဘူး။ လုပ်နေတဲ့ ကာလအတွင်းမှာ  အခက်အခဲတွေရှိနေလို့ လူသတ်တာလား၊  လူသေတာလားဆိုတာ မပြောနိုင်သေးဘူး။ အလောင်းကိုတော့ ဆေးရုံကို သယ်သွားပါပြီ။ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပါ’’ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

7daydaily

ဂျူးစံသာနေရာတွင် အစားထိုးရန် မသေချာသေးဟုဆို



သရဖူအသိမ်းခံရသော အလှမယ်ဂျူးစံသာနေရာတွင် အလှမယ်သစ်တစ်ဦး ထပ်မံ အစားထိုးပြီး Miss Globe International ပြိုင်ပွဲသို့စေလွှတ် ရန် မသေချာသေးကြောင်း Miss Globe Myanmar မှ ဒေါ်လှနုထွန်းက ပြောသည်။

‘‘လှနုပို့ဖြစ်ချင်မှလည်းပို့ဖြစ် တော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ လှနုတို့ဘက်က ပွဲလည်းလုပ်ခဲ့ တယ်။ ထရိန်နင်တွေလည်း ပေးခဲ့ တယ်လေ။ ဒါပေမဲ့ ရလဒ်ကောင်း ကထွက်မလာဘူး။ ကိုယ့်လူက မလိမ်မာတဲ့အခါကျတော့ ဘာမှ လုပ်လို့မရဘူးရှင့်။ လှနုလည်း တော်တော်စိတ်ပျက်နေတယ်။ အဲဒါကြောင့်မို့ နောက်လူကို ပို့ဖြစ်မယ်၊ မပို့ဖြစ်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး’’ဟု ၎င်း က ပြောသည်။

အလှမယ်ဂျူးစံသာနှင့် ပြန်လည်ဆွေးနွေးရန်မှာမူ အစီအစဉ် လုံးဝ မရှိတော့ကြောင်း ဒေါ်လှနု ထွန်းက ပြောသည်။

အလှမယ် ဂျူးစံသာထံမှ သရဖူသိမ်းလိုက်ပြီး ပြိုင်ပွဲသို့ မလွှတ်ရန် Miss Globe International Organization နှင့် သဘောတူညီမှုရယူထားပြီး နောက်ထပ်စေ လွှတ်မည့် အလှ မယ်၏ အရပ်သည် ၁၇၃ စင်တီမီတာ (၅ ပေ ၈ လက်မ)အနည်းဆုံးရှိရမည်ဟု ၎င်းတို့ ဘက်မှ တောင်းဆိုထားကြောင်း ဒေါ်လှနုထွန်းက ဆက်လက်ပြော သည်။

စည်းကမ်းမလိုက်နာသော ကြောင့် အလှမယ်ဂျူးစံသာထံမှ သရဖူသိမ်း လိုက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် ဖေ့စ်ဘွတ်ခ်မှတစ် ဆင့်ကြေညာခဲ့ပြီး နောက်တစ် ရက်တွင် ဂျူးစံသာဘက်မှ သတင်း စာရှင်းလင်းပွဲပြုလုပ်ကာ ပြန်လည်ရှင်းလင်းခဲ့သော်လည်း ဂျူးစံသာသည် ဩဂုတ်လအတွင်း အဇာဘိုင် ဂျန်နိုင်ငံ၌ ပြုလုပ်မည့် Miss Globe International 2014 ပြိုင်ပွဲသို့ သွားရောက် ယှဉ် ပြိုင်ခွင့်မရရှိတော့ပေ။

မတ်လက ကရဝိက်နန်း တော်၌ ပြုလုပ်ခဲ့သော Miss Globe Myanmar 2014 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် စေလွှတ်ရန် ဂျူးစံသာအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Credit : 7Day News Journal


နှစ်ပေါင်း ၅၀ ကျော်အတွင်း သမ္မတပညာသင်ဆု ပြန်ပေးမည်


နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ရောက်ပညာသင်လိုသူတွေအတွက် နိုင်ငံတော်သမ္မတရဲ့ ပညာသင်ဆုပေးမယ်လို့ ဇူလိုင် ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါ တယ်။

ဘွဲ့ကြိုတန်းနဲ့ ဘွဲ့လွန်တန်းတွေအတွက် ပညာသင်ဆုပေးမှာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်ကြတယ်လို့ ကြော်ငြာထည့်သွင်း ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

prသတ်မှတ်ချက်တွေ စည်းကမ်းချက်တွေ အပြည့်အစုံဖော်ပြထားပေမယ့် ကျောင်းသား ဘယ်နှယ်ယောက်ကို တနှစ် ဘယ်လောက်ငွေကြေး ထောက်ပံ့သွားမယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

စာရေးဆရာ ဘိုးလှိုင် ခေါ် ဒေါက်တာတင်လှိုင်ကတော့ အခုလို သမ္မတရဲ့ ပညာသင်ဆုပေးမှာကို ကြိုဆိုလိုက်ပြီး ဒါဟာ မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အစိုးရပညာတော်သင်ဆု ပြန်ပေးဖို့ လုပ်တာလို့ ဆိုပါတယ်။

ပညာတော်သင်ဆုပေးတာနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ဆက်လုပ်ဖို့သင့်တာတွေကိုလည်း ဒေါက်တာတင်လှိုင်က ခုလို ပြောပါတယ်။

“ဘာလုပ်စေချင်တုန်းဆိုတော့ဗျာ အစိုးရ အေဂျင်စီဖွဲ့ပြီးတော့ ပြည်ပကို ကိုယ့်အစီအစဉ်နဲ့ သွားချင်တဲ့ ကလေးတွေကို ကူညီပေးရမယ်။ ကူညီပေးတယ်ဆိုတာ ဒီမှာ အခြေခံပညာ လိုအပ်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးမလဲ။ နောက်ပြီးတော့ ဟိုသွားတဲ့အခါ ဘယ်ကိုသွားရင် ကောင်းမလဲ။ ဘာလုပ်ရင် ကောင်းမလဲ။ မိဘက ဘယ်လောက်ပဲ ထောက်ပံ့နိုင် မင်းဘာသာမင်း အလုပ်လုပ်ပြီးတော့ ဘယ်လိုရှာရလိမ့်မယ်။ အဲဒါတွေကို အခုတောင် ပုဂ္ဂလိက ကုမ္ပဏီတွေက လုပ်နေတယ်။ အဲဒါ ငွေကြေးအမြတ်စွန်းနဲ့ လုပ်ကြတာတွေက များတယ်။ ကုသိုလ်ဖြစ် လုပ်တာ နည်းတယ်။ အဲဒါကို အစိုးရက အဖွဲ့အစည်းကြီး ဖွဲ့ပြီးတော့ တွင်တွင်ကျယ်ကျယ် လုပ်စေချင်တယ်။”

သမ္မတရဲ့ နိုင်ငံခြားပညာသင်ဆု ရလိုသူတွေဟာ ဘွဲ့ကြိုအတွက် ဆယ်တန်းအောင်မှတ် ၅၀၀ အထက် ရှိထားသူတွေဖြစ်ရမယ်။ ဘွဲ့လွန်အတွက် မဟာတန်းတက်ဖို့ အဆင့်မီသူဖြစ်ရမယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ Tofel တို့လို ဖြေဆိုအောင်မြင်ထားရင် ပူးတွဲတင်ပြရမယ် စသဖြင့် ဖော်ပြထားပြီး နောက်လကုန် နောက်ဆုံးထား လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။

ပညာသင်ဆုနဲ့ ဘွဲ့ရပြီးရင် နိုင်ငံတော်ကပေးအပ်တဲ့ အလုပ်တာဝန်ကို ပညာတော်သင်ကာလရဲ့ ၂ဆ ပြန်လုပ်ပေးရမှာဖြစ်ပြီး လုပ်မပေးရင် ပညာသင်ကုန်ကျစရိတ်ရဲ့ ၃ ဆ ပြန်လျော်ရမယ်ဆိုတဲ့ စည်းကမ်းချက်လည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။

ပညာသင်ဆုကို ပြင်ပပညာရှင်တွေပါဝင်ဖွဲ့စည်းထားတဲ့ ကော်မတီတရပ်က အပြီးသတ် စိစစ်ရွေးချယ်ချီးမြှင့်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ အင်္ဂလိပ်အစိုးရခေတ်ကစလို့ အစိုးရပညာတော်သင်ဆုတွေ ပေးအပ်ခဲ့ပြီး ၁၉၆၃ ခုနှစ်ကစလို့ အစိုးရပညာတော်သင်ဆုပေးတာကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

DVb Burmese

မ မြင် ဖူး သော ချစ် မိတ် ဆွေ များ


ပါဠိတွင် ” အဒိဌ သဟာယ ” ဟူသော စကားတစ်ရပ် ရှိသည် ။
မမြင်ရသော မိတ်ဆွေ ၊ တစ်ဦးနှင့်တစ်ဦး မမြင်ဖူးသေးဘဲ နှင့် စာဖြင့်သော်လည်းကောင်း၊ သတင်းစကားဖြင့်သော်လည်းကောင်း၊
ခင်မင်ရင်းနှီးသော မိတ်ဆွေကို ဆိုလိုသည် ။

သူသူငါငါတို့တွင် ယင်းသို့သော မိတ်ဆွေများ ရှိကြသည် ။ ထိုမိတ်ဆွေစာရင်းတွင် ဘုရားရှင်သည် ထိပ်ဆုံးမှ ဖြစ်ပေသည် ။ ဘုရားရှင်ဟူသည်
သူသူငါငါတို့ဧ။် အသည်းနှလုံးတွင် မမြင်ဖူး မတွေ့ဖူးပါဘဲ နှင့် စွဲစွဲထင်ထင် တည်ရှိနေသော မိတ်ဆွေကြီးပင်ဖြစ်သည် ။

အဒိဌ သဟာယ မိတ်ဆွေများသည် ခင်မင်ချစ်ကြည်မှု ပို၍သန့်ရှင်းကြည်လင်တတ်သည် ။ အကြောင်းမူကား အချင်းချင်း တွေ့ဆုံ ဆက်ဆံရသော
မိတ်ဆွေများအဖို့ ရှုပ်ထွေးပွေလီသော လောကီကိစ္စများဖြင့် ၊ တစ်ကြောင်းမဟုတ် တစ်ကြောင်း ၊ တစ်နည်းမဟုတ် တစ်နည်း ငြိစွန်းအပြစ်မြင်၍
လာတတ်ကြပေရာ ၊ ချစ်ကြည်မှုတွင် အဖုအထစ်ကလေးများ အစွန်းကလေးများ ရှိတတ်သောကြောင့် မသန့်ရှင်း မကြည်လင် ဖြစ်တတ်ကြသည် ။
မမြင်ဖူး မတွေ့ဖူးသော မိတ်ဆွေတွင်မူကား ယင်းအငြိအစွန်း မရှိဘဲ မေတ္တာစင်စင် ကြည်ကြည်လင်လင် ဖြင့်သာ ခင်မင်ကြခြင်းဖြစ်သည် ။

သို့အတွက် ဤအခြေအနေကို ဆက်လက်ထိန်သိမ်းထားရန် လိုအပ်ပါသည် ။ လူ့သဘာဝ တစ်ဦးနှင့် တစ်ဦး အမြင်ချင်း သဘောထားချင်း ထပ်တူကျဖို့
ဆိုသည်မှာ ရှားရှားပါးပါးပင်ဖြစ်သည် ။ တစ်ယောက်ဧ။် ခံယူထင်မြင်ချက်ကို ဖေါ်ပြထားရာတွင် အခြားတစ်ယောက်က ကြိုက်နှစ်သက်ခြင်း၊ ထောက်ခံအားပေးခြင်း
မပြုခဲ့လျှင် သိတ်ပြီး ဘဝင်မကျ ဖြစ်တတ်သည် ။ အမှန်အားဖြင့် မိမိဧ။် ထင်မြင်ယူဆချက်သည် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ရင်း မဖြစ်ဖို့လိုသည် ။
ဓမ္မ ဟူသည့် သဘာဝတရားကို အရင်းတည်ပြီး ဖြစ်တတ်ပျက်တတ်သော သဘောအမြင်ကို ရည်ညွှန်းလျက် ၊ အတုယူရန်, ဆင်ခြင်တတ်ရန်, သင်ခန်းစာရစေရန်
အတွက် လူ့အသိုင်းအဝိုင်း( ဘာသာဝါဒ တူသည်ဖြစ်စေ မတူသည်ဖြစ်စေ) အတွင်း၌ စိတ်ရင်း စေတနာမှန်ဖြင့် တင်ပြဆွေးနွေးနိုင်ဖို့ လိုအပ်ပေသည် ။

” အဒိဌ သဟာယ ” မမြင်ဖူးသော မိတ်ဆွေစစ်ဖြစ်သော ဘုရားရှင်ဧ။် တရားတော်များသည် လူသားတိုင်းအတွက် လိုက်နာကျင့်ကြံသင့်သော အမှန်ကန်ဆုံး
အယူအဆ မူဝါဒများ ဖြစ်သည် ။ ထို့ကြောင့် ဗုဒ္ဓတရားတော်များကို အခြေခံ၍ ရေးသား ဆွေးနွေး မေးမြန်းကြရင်းဖြင့် ကြည်လင်သန့်စင်သော ခင်မင်မှုကို
မပျက်ပြယ်ရန် ထိန်သိမ်းထားသင့်ပေသည် ။

ဂေါတမ ဘုရားရှင် မပွင့်ပေါ်မီ အချိန်လေးမှာ ဗိမ္ဗိသာရ ဘုရင်နှင့် ပက္ကုသာတိ ဘုရင်တို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် သဘောထားမေးမြန်းဆွေးနွေးကြရင်းဖြင့်
‘ အဒိဌ သဟာယ ‘ မမြင်ဖူးသောမိတ်ဆွေများ ဖြစ်သွားကြသည် ။ ဘုရားရှင်ပွင့်တော်မူပြီး ဗိမ္ဗိသာရ ဘုရင်သည် ဘုရားရှင်ဧ။် တရားတော်ကို ကြားနာရ၍ ဘုရားဒါယကာ,
ကျောင်းဒါယကာကြီး ဖြစ်လာသောအခါ ၊ ပက္ကုသာတိ ဘုရင်ထံသို့ အမွန်မြတ်ဆုံးဖြစ်သော ရတနာသုံးပါးဂုဏ်ရည်တို့ကို အနက်အဓိပ္ပာယ်နှင့်အတူ ရတနာရွှေကြုတ်နှင့်ထည့်၍
ပို့ပေးလိုက်သော် ၊ ရတနာလက်ဆောင်ရသည်နှင့် မမြင်ဖူးသော မိတ်ဆွေကြီးကို မြင်ဖူးသောမိတ်ဆွေကြီးအဖြစ် တွေ့ဆုံရန်လည်းကောင်း၊ ရတနာသုံးပါးကို ကိုယ်တိုင်ကိုယ်ကြပ်
တွေ့ဆုံဖူးမျှော်ရန်လည်းကောင်း ၊ နေ့မဆိုင်း ညမဆိုင်း ရာဇဂြိုဟ်ပြည်သို့ ကြွချီလာသည် ။ ယင်းသည့်နောက် အလွန်ချစ်ကြည်ရင်းနှီးသော ဓမ္မမိတ်ဆွေများအဖြစ် သက်ဆုံးတိုင်
ချစ်ချစ်ခင်ခင် နေထိုင်သွားကြရလေသည် ။ ထို့ကြောင့် မမြင်ဖူးသော မိတ်ဆွေစစ်ကြီးဖြစ်သည့် ဘုရားရှင်ကို အကြောင်းပြု၍ ဆက်သွယ်မေးမြန်း ရေးသားဆွေးနွေးကြမည်ဆိုလျှင်
အချင်းချင်းသည်လည်း မိတ်ဆွေစစ်များအဖြစ် ရောက်ရှိကြကာ နှစ်ဦးနှစ်ဖက် အကျိုးများကြရပေလိမ့်မည် ဖြစ်သည် ။

ယဉ်ကျေးသော လူ့လောက စတင်သည်မှ အစပြု၍ ငယ်စဉ်တွင် ပညာရှာခြင်း၊ ကြီးလာလျှင် ဥစ္စာရှာခြင်းတို့မှာ အစဉ်အလာ သိမှတ်လိုက်နာချက်များဖြစ်သည် ။ သို့ရာတွင် အတတ်ပညာနှင့်
ဥစ္စာအပြင်၊ တရားရှာ အသိရှာခြင်းမှာကား အကြင်သူတစ်ဦးဧ။် အသိပညာကြီးမှ ဖြစ်နိုင်သည် ။ အသိပညာ အခြေခံ မကြီးလျှင် ရအပ်သော စီးပွားဥစ္စာ၊ ရာထူးဂုဏ်သိန်တို့တွင်သာ သေသည်အထိ
သာယာနစ်မြော မွေ့ထုံနေသွားတတ်သည် ။ ရာထူးဂုဏ်သိန်နှင့် ပြည့်စုံနေသေးသမျှ တရားရှာ အသိရှာဖို့ကို သတိမရပေ၊ ရာထူးဂုဏ်သိန် လျောကျသည့်အခါမျိုးမှာသာ တရားစာပေဘက် ,
တရားအလုပ်ဘက်ကို ရောက်လာတတ်သည် ။ ထိုအခါမျိုးတွင် ထင်သလောက် ခရီးမတွင်နိုင် ဖြစ်ရတတ်သည် ။

သို့ရာတွင် အကြင်သူတစ်ဦး၌ ဆန္ဒတစ်ရပ်ထက်သန်လာပြီဆိုလျှင် ယင်းဆန္ဒကို ဖြစ်မြောက်အောင်မြင်ရန် နှိုးဆွ ပင့်မြှောက်ပေးသော အကြောင်းအချက်တစ်ရပ်ရပ်သည် မမျှော်လင့်သော
တစ်နေရာရာမှ ပေါ်ပေါက်လာတတ်သည် ။ ဤသည်တို့ကို အဒိဌ သဟာယ မိတ်ဆွေတို့မှ ရရှိနိုင်သလို မိမိကိုယ်တိုင်လည်း စာပေကျမ်းဂန်တို့ကို ဆည်းပူးလေ့လာခြင်းဖြင့်ရရှိနိုင်ပေသည် ။
တရားဆန္ဒ တရားအခြေခံ ရှိသော ပုဂ္ဂိုလ်များတွင် ယေဘူယျအားဖြင့် ဤလောကဧ။် ဆင်းရဲမှု၊ မမြဲမှု၊ ဤခန္ဓာကိုယ်ဧ။် အနှစ်သာရမရှိမှု စသော အခြေခံ အတွေးအသိများ ရှိနေကြပေသည် ။
ယင်းအခြေခံ အသိတရားတို့ကို ဥစ္စာဓန ပျက်ပြားမှ ၊ ရာထူးဂုဏ်သိန် လျောကျမှ ၊ သက်ကြီးရွယ်အို ဘဝ ရောက်မှ ရရှိလာပါက အလွန်နောက်ကျနေပေလိမ့်မည် ။ ပညာရှာစဉ် , ဥစ္စာရှာစဉ်မှာပင်
တရားသဘာဝ အယူအဆတို့ကို လုံ့လပြု အချိန်ပေး၍ ရှာဖွေလေ့လာ မှတ်သားထားကြရပေလိမ့်မည် ။ သူ့အသိ သူ့ဆန္ဒကို နှိုးဆွပေးသော အကြောင်းအချက်ကလေးများက လှုံ့ဆော်ပေးလိုက်သည့်
အခါတွင် တရားသံဝေဂဘက်သို့ ရုတ်ခြည်း ကူးပြောင်းလာတတ်သည် ။ တရားဧ။် အကျိုးအမြတ်သည် ဆွေးနွေးရုံမျှ ၊ ဖတ်ရှုကြားနာရုံမျှ ဖြင့် မသိနိုင် မရနိုင် ၊ ကျင့်သုံးဆောက်တည်ပါမှ သိနိုင် ရနိင်
မည်ဆိုသည်ကို ကောင်းစွာ နားလည် သဘောပေါက် ထားရန်လည်း လိုအပ်လှပေသည် ။

တရားသမားတို့ဧ။် ဘဝ၌ နေနိုင်ခဲ့ပါသော် ဧကစာ တစ်ယောက်တည်းသာနေခြင်းသည် အကောင်းဆုံးဖြစ်ဧ။် ၊ သို့သော် အဖေါ်ဖြစ်လာခဲ့လျှင်လည်း မိမိထက်သာသောအဖေါ်၊ မိမိနှင့်ရည်တူသောအဖေါ်ကို
ရနိုင်သော် ကောင်းဧ။် ။ ယုတ်ညံ့သောအဖေါ်ကိုကား အဖေါ်လိုသည့် အကြောင်းပြချက်တစ်ခုမျှဖြင့် မပေါင်းလေနှင့် ၊ တစ်ယောက်တည်းနေသည်က အကောင်းဆုံးဖြစ်သည် ဟူ၍ ဘုရားရှင်ဟောတော်မူဧ။် ။

သိဒ္ဓတ္တ မင်သားသည် တစ်ပါးတည်းတောထွက်တော်မူသည် ။ ဖဝါးခြေထပ် ကပ်၍ လိုက်ပါလိုသော ငယ်ဖေါ်မောင်ဆန်ကို လက်မခံခဲ့ပေ၊ အကြောင်းကား မောင်ဆန်သည် ကျိုးနွံသော်လည်း တရားအဖေါ်
ဓမ္မအဖေါ်မိတ်ဆွေ မဖြစ်နိုင်သောကြောင့်ဖြစ်သည် ။ တရားအကျိုး တိုးတိုးဖေါ်မျှ မဖြစ်နိုင်ကြောင်း ရှေးမဆွကပင် မြင်သိခဲ့ဧ။် ။ မှန်ပါသည် ၊ ခက်ထန် မာန်ကြီးသော မောင်ဆန်ခေါ် အရှင်ဆန္ဒသည် ဘုရားရှင်
ပရိနိဗ္ဗာန် စံယူတော်မူပြီးသည့်နောက်မှသာ အကျွတ်တရားရခဲ့သူဖြစ်သည် ။ သို့သော် အရည်တူ ပဉ္စဝဂ္ဂီ တို့ရောက်လာသောအခါတွင်မူ အဖေါ်အဖြစ် လက်ခံတော်မူခဲ့သည် ။

ယင်းသို့ဖြင့် တောထွက်သည်ဆိုသော်လည်း ဧကစာ တစ်ပါးတည်း လွတ်လွတ်ကျွတ်ကျွတ် မဟုတ်ဘဲ သဘောတူရာတူရာ ဓမ္မမိတ်ဆွေအဖြစ်ပူးပေါင်း၍ နှစ်ပါးစု၊ သုံးပါးစု၊ ငါးပါးစု(ပဉ္စဝဂ္ဂီ) အစ၊ လေးငါးရာထိ
စုပေါင်းတောထွက်ကြသည်များလည်း ရှိခဲ့ဖူးသည် ။ သို့သော် လက်ကောက် နှစ်ရံ ဆင့်ထားလျှင် ထိခိုက်တတ်သည်ကို မဟာဇနက ဇာတ်တော်လာ စကားကဲ့သို့ အဖေါ်ကြောင့် အကျိုးထွက်သကဲ့သို့ အဖေါ်ကြောင့်
အကျိုးပျက် ပြဿနာတက် ရသည်များလည်း ရှိလာတတ်လေသည် ။

မိတ်ဆွေအပေါင်းအသင်းဟူ၍ ဖြစ်လာခဲ့သော် ၊ ဝေဖန် ပြစ်တင် , ဆိုဆုံးမမှုတို့ကို စိတ်ရင်းစေတနာဖြင့် ပြုမူတတ်ကြသည် ။ လူသည် ယဉ်ကျေးမှုအရ သာမန်အားဖြင့် ကြီးသူက ငယ်သူအား ဆိုဆုံးမခွင့်၊ အပြစ်နှင့်
ကြုံလာလျှင် ပြစ်တင်ဝေဖန်နိုင်ခွင့် ရှိသယောင် ယူဆကြရဧ။် ။ ငယ်သူက ကြီးသူဧ။် အဆုံးအမကို လေးစားနာယူရမယောင် ရှိတတ်ဧ။် ။ သို့သော် သိမှတ် ခံယူပြီးသော ဆရာနှင့်တပည့်၊ မိဘနှင့်သားသမီးမဟုတ်ခဲ့သော်
ကျိုးနွံနာခံဖို့ရာမှာ လွယ်မယောင်နှင့် ခက်သည် ။ ယခုခေတ်၌ ဆရာ,မိဘ စကားကိုပင် လေလေးစားစား နာယူတတ်သောအကျင့်တို့ နည်ပါးလျက်ရှိချေပြီ ။ အကြောင်းမူကား ဝေဖန်ဆုံးမမှုဟူသည် အကြောင်းပင်
မှန်စေဦးတော့ , အကြင်သူတစ်ဦးဧ။် မာန နှင့် အတ္တ ကို ထိခိုက်လာတတ်သောကြောင့် ဖြစ်ပေသည် ။ ဆုံးမဝေဖန်ခံရသောအခါ အကြောင်းသင့်သော ဆုံးမမှုပင်ဖြစ်သော်လည်း အတ္တမာနအခံကြောင့် ကြောင်းကျိုးကို
မဆင်ခြင်နိုင်တော့သဖြင့် ပြန်လှန် တုန့်ပြန်တတ်ကြခြင်း ဖြစ်သည် ။

ဆုံးမခံယူမည့်သူကို သူ့အားတိုက်ရိုက် မရည်ညွှန်းဘဲ နီတိကျမ်းဂန်များဖြင့် ဥပမာပြ ဆုံးမခဲ့သော် နားဝင်နိုင်လောက်ပေသည် ။ သို့ရာတွင် နာယူသူမှ စိတ်ဝင်တစားဖြင့် အာရုံစိုက် ကြားနာရန် လိုအပ်ပေသည် ။
အပြစ်ကြုံလာသဖြင့် မိမိဧ။် ကိုယ်ပိုင်အသိ ကိုယ်တိုင်စကားတို့ဖြင့် ဆုံးမဝေဖန်ခဲ့သော် လျှောလျှောလျူလျူ နာခံဖို့မှာ ယခုခေတ်၌ မရှိသလောက် ရှားလှပေတော့သည် ။

အရှင်သာရိပုတ္တရာသည်လည်းကောင်း၊ အရှင်ရာဟုလာသည်လည်းကောင်း၊ ဆုံးမလိုသူတို့ဧ။် အဆုံးအမစကားကို မပြတ်ခံယူလိုပါသည် ဆိုခြင်းမှာ ထိုအရှင်တို့သည် အတ္တ မာန ကင်းပြတ်ပြီးသော ရဟန္တာအရှင်တို့
ဖြစ်သောကြောင့်ဖြစ်ပေသည် ။ ပုထုဇဉ်တို့ နယ်ပယ်တွင်မူကား ဆုံးမဝေဖန်မှုကို ထားပါဦး အလွန်ချစ်ပါသည်ဆိုသော မိတ်ဆွေချင်းပင်လျှင် စကားအယူအဆ အဆင်မပြေလျှင် အဖုအထစ် ကတောက်ကဆဖြစ်တတ်သည်။
သို့အတွက် မိတ်ဆွေအချင်းချင်း သဘောထား၊ အယူအဆ၊ အတွေးအမြင် တို့ကို ရေးသားဆွေးနွေးရသည်ရှိသော် ဓမ္မဓိဌာန် ကျကျ ရှုမြင်သုံးသပ်တတ်ဖို့လိုသည် ၊ အတ္တ မာန ကင်းဖို့လိုသည် ၊ မေတ္တာအစေး မပြယ်ရန်
အမြဲသတိဖြင့် နှလုံးသွင်း ဆင်ခြင်တတ်ဖို့လိုပေသည် ။

ဘုရားလောင်းနှင့် အရှင်အာနန္ဒာလောင်းတို့သည် တစ်ချိန်တုန်းအခါက ‘ အဒိဌ သဟာယ ‘ မမြင်ဖူးသော မိတ်ဆွေ ဘုရင် နှစ်ပါး ဖြစ်ခဲ့ဖူးသည် ။ နောက်တွင် နှစ်ဦးသဘောတူ နန်းစွန့်ကာ ရသေ့ပြုလျက် တောတွင်
အတူတကွ တရားအားထုတ်ကြသည် ။ တစ်နေ့ ဆွမ်းခံပြန်လာပြီး ဆွမ်းဝိုင်းတွင် ဆားထုပ်ကို တွေ့ရသောအခါ ဘုရားလောင်းရသေ့(ဂန္ဓာရ ရသေ့)က အရှင်အာနန္ဒာလောင်းရသေ့(ဝေဒေဟ ရသေ့)ကို စကားဆိုလိုက်သည် ။

” အရှင်ဘုရား , ဆားရလာသကိုး ”
” မရခဲ့ပါ ၊ မနေ့ကရသောဆားကို သိမ်းထားခဲ့ခြင်း ဖြစ်ပါသည်ဘုရား ”
” အလို အံ့ဖွယ်ရာပါတကား ”
” အဘယ်ပုံ အံ့ဖွယ်ဖြစ်ပါသနည်း အရှင် ”
” အရှင်ဘုရားသည် သုံး၍ပင်မကုန်နိုင်သော ရွှေငွေ ရတနာ စည်းစိမ်ဥစ္စာများ နှင့်အတူ တိုင်းပြည်ကြီး တစ်ခုလုံးကို စွန့်လွှတ်ခဲ့သူဖြစ်ပါလျှက်
ယခုတော့ ဆားကလေးအပေါ်၌ သံယောဇဉ်ထားနေသည်မှာ အံ့ဖွယ်ရာဟု ဆိုရပေသည် ”
” အရှင်ဘုရားက တယ်ပြီး ဆရာလုပ်ချင်သူပါတကား ၊ ဆရာလုပ်ချင်လျှင် ကိုယ့်ဘာသာကိုယ်လုပ်ပေါ့၊ ဆရာမလုပ်ချင်လို့ တောထွက်လာခဲ့ကြတာမဟုတ်လား ၊
သို့ပါလျက် တပည့်တော်အပေါ်မှာ ဆရာလုပ်ချင်သေးသကိုး ”

ဝေဒေဟ ရသေ့သည်လည်း ပုထုဇဉ်မျှသာဖြစ်ပြီး ဘုရင်ဘဝက လာခဲ့သူ ဖြစ်သည့်အလျောက် မှန်ကန်သည့် ဆုံးမစကားပင်ဖြစ်သော်လည်း မနာယူနိုင်ဘဲ နှုတ်လှန် ပြန်ထိုးမိခြင်းဖြစ်သည် ။
( သူတော်ကောင်း ရသေ့ ရဟန်း ဟူသည် ရသတဏှာဖြင့် အစာအာဟာရကို မသိမ်းဆည်းကောင်း၊ နောင်အခါ သာသနာတော်၌ ရဟန်းများအဖို့ မသိမ်းဆည်းကောင်းသော အာဟာရများကို သိက္ခာပုဒ် ပညတ်ထားသည် )။

” ငါ့ရှင် ဝေဒေဟ , ဆုံးမဖွယ်ရာကြုံလာ၍ ဆုံးမစကားပြောကြားခြင်းသည်ကား ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာတို့ဧ။် အစဉ်အလာပေတည်း။ ထို့ကြောင့်ငါသည် ဓမ္မလမ်းကြောင်းအတိုင်းသာ ပြောဆိုခြင်းဖြစ်ဧ။်။
သို့ရာတွင် တရားစကားပင်ဖြစ်စေကာမူ လူမိုက်တို့သည်ကား မခံယူနိုင်ကြပေကုန် ”
” အရှင်ဘုရား , ဆိုဆုံးမသင့်သည် မှန်ပါဧ။်။ တရားနှင့်လည်းလျော်ပါဧ။်။ သို့ရာတွင် အရှင်ဧ။် ဆုံးမစကားသည် သူတစ်ပါးကို ထိပါးပုတ်ခတ်သော ဆုံးမချက်ဖြစ်နေသည်။ ပညာရှိဟူသည် သူတစ်ပါးကို မထိခိုက်စေအပ်၊
ယခုမူကား အရှင်ဧ။် ဆုံးမစကားမှာ ဓားတုံးကြီးဖြင့် ခေါင်းရိတ်ပေးသကဲ့သို့ ဖြစ်နေတော့သည် ”
” ငါ့ရှင်ဝေဒေဟ , အဆုံးအမတရားစကားဟူသည် ဆုံးမခွင့်ကြုံ၍ ဆုံးမတော့မည်ဆိုလျှင် ခံယူသောသူအား နာလိုခံခက် အမျက်ထွက်သည်မူလည်းဖြစ်စေ၊ ကျေကျေနပ်နပ် နှစ်သက်အပ်သည်မူလည်းဖြစ်စေ ၊
မခံလိုသောကြောင့် ဖွဲပြာအလား လွင့်စင်သွားမူလည်းဖြစ်စေ ၊ ဆုံးမအပ်သည်သာတည်း ”

ဝေဒေဟ ရသေ့ငြိမ်သွားသည် ၊ ခံပက်ဖို့အကွက်မရှိသောကြောင့်ဖြစ်သည် ။ တစ်ကြောင်းမှာလည်း မေတ္တာဓာတ်အပြည့်ပါသော ဂန္ဓာရ ရသေ့ဧ။် စကားသံ တရားသံမှာ သူ့ဒေါသကို ပြေလျှောကွယ်ပျောက်စေသည် ။
ယင်းသို့ဖြင့် သူတော်ကောင်း ဓာတ်ခံ ရှိပြီးသော ဝေဒေဟ ရသေ့သည် ကိုယ်ဟန်ပါ ပြေလျော့သွားသည် ။ ထို့ကြောင့် ဂန္ဓာရ ရသေ့က ဆက်၍ တရားဟောလေသည် ။

” ငါ့ရှင်ဝေဒေဟ , အဆုံးအမကို ခံယူနိုင်ခြင်းသည် သောဝစ္စဿတာ မင်္ဂလာနှင့် ပြည့်စုံသည်မည်ဧ။်။ ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမဟူသည် ခံယူရခဲဘိသည်။ အဆုံးအမကို ခံယူနိုင်အောင်ပင် ကြိုးစားယူရသည်။
အဆုံးအမကို ခံယူခြင်းဖြင့် ပညာရှာရသည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူသည် ပညာလည်းမရှိ၊ အဆုံးအမကိုလည်းမခံယူ၊ ထိုသူသည် မာနတည်းဟူသော ဦးချိုသာရှိ၍၊ ပညာတည်းဟူသော မျက်စိမရှိသော ကျွဲကန်းကြီးဖြင့် တူလှစွာဧ။် ။ အကြောင်းမူကား
ကျွဲကန်းကြီးသည် အကြောင်းကြုံလာလျှင် မဆင်ခြင် မနှိုင်းဆနိုင်ဘဲ မာနတည်းဟူသော ဦးချိုဖြင့်သာ ယမ်း၍ ခတ်တော့သည် ”
” ငါ့ရှင်ဝေဒေဟ , အကြင်သူတို့သည်ကား ဆရာသူတော်ကောင်းတို့ဧ။် အဆုံးအမကို နာခံကုန်ဧ။် ။ ထိုသူတို့သည် မတိမ်းမစောင်း ကောင်းစွာ ကျင့်ကြံနိုင်ကြကုန်သည်ဖြစ်၍ နိဗ္ဗန်သို့တိုင် သွားရောက်နိုင်ကြကုန်ဧ။် ”
” တပည့်တော်ဧ။် အပြစ်ကို သည်းခံတော်မူပါဘုရား၊ ယနေ့မှစ၍ အရှင်ဧ။် အဆုံးအမကို ဦးလည်မသုံ နာခံပါတော့မည်ဘုရား၊ ဆုံးမဖွယ် တွေ့မြင်တိုင်း ဆုံးမတော်မူပါ အရှင်ဘုရား ”

ဤသို့ ပါရမီရှင်ကြီးများပင် နုစဉ်အခါက တစ်ဦးနှင့်တစ်ဦး မိတ်ဆွေချင်း အချေအတင် ဖြစ်ခဲ့ဖူးရာ ပါရမီဖြည့်ဖက်ချင်း ဖြစ်၍သာ စည်းနှောင်လာခဲ့သော မေတ္တာနှောင်ကြိုး မြောက်မြားစွာရှိနေသောကြောင့် ပြေလည်သွားရဧ။်။
ယနေ့ခေတ်၌ တရားဓမ္မများဖြင့် ဝေးကွာနေသူတို့အဖို့မူ အမြဲပင် သတိဖြင့် ဆင်ခြင်ကာ စိတ်လိုက်မာန်ပါ မပြုမူ မပြောဆို မရေးသားကြရန် နှင့် မိမိအပြစ်နှင့် တိုက်ဆိုင်ခဲ့လျှင်လည်း အတ္တမာန ကင်းစွာဖြင့် လက်ခံပြုပြင်
ကြမည်ဆိုလျှင် အများသူငါ အချင်းချင်း မိတ်မပျက် မေတ္တာမပြယ်ဘဲ အေးချမ်းသာယာသော ဘဝအခြေများရရှိကာ လူဖြစ်လာရကျိုးနပ်ကြမည် ဟူလို ။ ။

Credit: & Thanks : Wara DarYee


မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်

ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ်ရမည်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာအမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီ အစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့်အလှမယ်မှာ လည်း ပရိသတ်အားပေးမှုနှင့်လွဲ ချော်ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။အလှမယ်ပြိုင်ပွဲ အများစု တွင် ဆန်ခါတင်ဆယ်ဦးရွေးချယ် ခြင်းကိုနောက်ဆုံးယှဉ်ပြိုင်မှုဖြစ် သည့် ညနေခင်းဝတ်စုံယှဉ်ပြိုင်ပြီး ချိန်မှသာ ရွေးချယ်ပေးလေ့ရှိ သော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့ သောကြောင့် ရွေးချယ်သည့်ဒိုင် များအနေဖြင့် အချိန်အနည်းငယ် အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့ သည်ကို သိလိုကြောင်း မယ်စကြ ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ် တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ် ဦးကဆိုသည်။
ထို့အပြင် အကဲဖြတ်အဖွဲ့ ၀င်များ၌ ယိုးဒယားမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင် ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှအ လှမယ်ထက်သာသည့်သူကို ရွေး ချယ်မည်လားဆိုသည့်အကြောင်း ကို သိလိုသလို နောက်ဆုံးဆန်ခါ တင်ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့ သောကြောင့် အဆိုပါဒိုင်များအ နေဖြင့် မည်ကဲ့သို့မှတ်ချက်ပေးခဲ့ သည်ကိုသိချင်ကြောင်းယင်းပြိုင် ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။အစ် မတို့အဖွဲ့အစည်းလုပ်တာကိုင် တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူး တင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲ ၀င်များကို ပရိသတ်မျာအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာဝေဖန် မှုများရှိခဲ့သလို ပရိသတ်အားပေး မှုအများဆုံးအလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့်ဝေ ဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာ သည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည် ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေးချယ်ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသော ကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကိုကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက် တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ် သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံ ရေးတည်ဆောက်နိုင်တယ်။ Ele-gantဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင် ကြတယ်။ ဒါက သူ့ရဲ့အားသာ ချက်တွေပါ။ သျှားထွဋ်ကကျ တော့လည်းတက်ကြွတယ်။ ယုံ ကြည်မှုရှိတယ်။ Activeဖြစ်တယ်။ တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက်၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုး စက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှ သာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ် သောကြောင့်သျှားထွဋ်အိန္ဒြာကို လည်း ချစ်ခင်အားပေးသည့်ပရိ သတ်များလာမည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင်သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ ၀ဠာပြိုင်ပွဲသည်ပြင်ဆင်ချိန်နည်း ခဲ့သောကြောင့် လိုအပ်ချက်များ စွာရှိခဲ့သော်လည်း ယခုနှစ်တွင် မူ ပြင်ဆင်ချိန် လုံလုံလောက် လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ် ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာ တွေ ကမ္ဘာမှာလည်း နောက်ထပ် Tasteအသစ်တစ်မျိုးပေးနိုင်မယ် လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့် မှုများနှင့်ပတ်သက်၍လည်း မြန် မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွား ရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။


7Day Daily

လူသာမက ခွေးပါ Gym ကစားလို့ရပြီ


အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်မှာ ခွေးတွေအတွက် သီးသန့် ဖွင့်လှစ်ထားတဲ့ ကာယလေ့ကျင့်ရေးရုံတစ်ခု ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ခွေးတွေဟာ အ၀လွန်လာတာမို့ ဒီလိုကာယ လေ့ကျင့်ရေးရုံတွေကို ဖွင့်လှစ်လာခြင်း ဖြစ်ပါတယ်။ ကီဗင်နဲ့ ဂီလီယန်တို့ ဇနီးမောင်နှံဟာ သူတို့မှာရှိတဲ့ခွေးတွေကို အ၀လွန်မှုလျှော့ချဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့ဇနီး မောင်နှံဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ခွေးတွေ အတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ ကာယလေ့ကျင့်ရေးရုံတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမဲ့ အလွန်ရှားပါးတာမို့ များစွာ အခက်တွေ့ခဲ့ရပါတယ်။ သူတို့လို မျိုး ပြဿနာမကြုံရဖို့ ရည်ရွယ်ပြီး ခွေးတွေအတွက် ကာယလေ့ကျင့်ခန်းရုံကို သီးသန့်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပါတယ်။ ခွေးတွေဟာ ကိုယ်ပိုင်လေ့ကျင့်ရေး အစီ အစဉ်တွေပြုလုပ်စေခြင်းဖြင့် အ၀လွန်မှုကို လျှော့ချစေပါတယ်။ အပြင်မှာရှိတဲ့ ကာယလေ့ကျင့်ရေးပုံစံအတိုင်း ပြုလုပ်စေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သတ် မှတ်ထားတဲ့အတိုင်း ပြုလုပ်စေဖို့ ခက်ခဲစွာကြိုးစားခဲ့ရပါတယ်။ ကာယလေ့ကျင့်ခန်း ပြုလုပ်လိုတဲ့ ခွေးတွေ အတွက် တစ်လစရိတ်က ဒေါ်လာ (၅၀) ဖြစ်ပြီး တစ်နှစ်စရိတ်ကတော့ ဒေါ်လာ (၆၀၀)အထိရှိမှာဖြစ်ပါတယ်။ ဗာဂျီးနီးယား မှာ ဖွင့်လှစ်ထားတဲ့ ခွေးတွေအတွက် ကာယလေ့ကျင့်ရေးရုံရဲ့ အကျယ်အ၀န်း က စတုရန်း ပေ(၄၈၀၀)အထိ ကျယ်ဝန်းတယ်လို့ သိရပါတယ်။

The Messenger

အူအတက်ရောင် ရောဂါ (ဒေါက်တာအောင်ခင်ဆင့်)


ဗိုက်နာတာ၊ ဗိုက်အောင့်တာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်း Right Iliacfossa ဆိုတဲ့နေရာမှာ ဗိုက်နာရင်၊ အောင့်ရင်တော့ ယေဘုယျ အားဖြင့် Acute Appendicitis အူအတက်ရောင်ရောဂါလို့ ခေါ်ပါတယ်။ လူအများခေါ်ဝေါ်ကြတာကတော့ အူအတက်ပေါက်ရောဂါလို့ အများက ခေါ်ကြပါ...တယ်။

ဗိုက်ညာဘက်နာတာအပြင် ဗိုက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေလည်း တွေ့ရတယ်။ Sign of Peritonitisလို့ခေါ်ပါတယ်။ အဲဒီ လက္ခဏာတွေကတော့ -

(၁) ဗိုက်ညာဘက်နာတယ် (PAIN)
(၂) အဖျားဝင်လာတယ် (FEVER)
(၃) နာတဲ့နေရာထိလိုက်ရင် ပိုနာတယ်၊ TENDERNESS လို့ခေါ်တယ်။
(၄) နာတဲ့နေရာကို အသာလေးဖိလိုက်ပြီး ရုတ်တရက်ဖိထားတာကို လွှတ်လိုက်ရင် ပိုနာလာလို့ လူနာက 'အမယ်လေးဗျ'လို့ အော်တော့ တာပါပဲ။ ဒီလိုနာတာမျိုးကို REBOUND TENDERNESS လို့ ခေါ်ပါတယ်။
(၅) ဗိုက်ဘယ်ဘက်က တင်းမနေဘဲ ညာဘက်က တင်းမာနေတယ်၊ RIGIDITY လို့ခေါ်ပါတယ်။
(၆) ဆရာဝန် လူနာနားကပ်လိုက်ရင်ကိုပဲ မျက်နှာက နာတဲ့ပုံသဏ္ဌာန် ပြလိုက်ပါတယ်။ CONSCIOUS PAIN လို့ခေါ်ပါတယ်။ GUARDING လို့လည်း ပြောကြပါတယ်။
အထက်ပါ လက္ခဏာတွေအားလုံးဟာ အူအတက်ရောင်(အူအတက်ပေါက်) နာတွေရဲ့ လက္ခဏာတွေဖြစ်ကြောင်း တင်ပြလိုက်ပါရစေ။

တိတိကျကျ ပြောလို့မရပါ
အူအတက်ရောင်ရောဂါ ဟုတ် ၊ မဟုတ်ကို တိတိကျကျ ပြောလို့မရပါဘူး။ အကြောင်းရင်းကတော့ -
(၁) အထက်ပါလက္ခဏာတွေအားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘဲ အမျိုးမျိုးခြားနားကြလို့ဖြစ်တဲ့ရောဂါဟာလည်း အူအတက်ပေါက်ရောဂါလို့ တိတိကျကျ မပြောနိုင်ပါဘူး။
(၂) အူအတက်ရောင်ရောဂါက အူသိမ်နေရာ(ILEUM)နဲ့ အူမကြီး (CAEUM) တို့ တွေ့ဆုံဆက်တဲ့နေရာမှာရှိလို့ ဗိုက်ရှေ့ပိုင်းမှာလည်း ရှိတတ်တယ်။ ရှေ့မှာဆိုရင် ဗိုက်ရှေ့က သိပ်နာတတ်ပါတယ်။ နောက်မှာရောက်နေခဲ့ရင် ဗိုက်ရှေ့မှာ မနာမအောင့်ဘဲ နောက်ဘက်မှာ နာတတ်အောင့်တတ်ပါတယ်။ ဗိုက်နောက်ပိုင်းမှာ အောင့်ရင်၊ နာရင် အူအတက်နာအောင့်တယ်လို့မထင်ဘဲ သည်းခြေအိတ်ထဲ ကျောက် တည်တဲ့ရောဂါကြောင့် အောင့်တယ်ထင်တတ်တာရယ်၊ ကျောက်ကပ်ထဲက ကျောက်ကပ်ရောဂါ၊ ကျောက်ကပ်ကျောက်ရောဂါတို့နဲ့ အူ အတက်ပေါက်ရောဂါတို့ မှားယွင်းကုသတတ်တဲ့အကြောင်း ဆေးပညာမှာ ဆိုရိုးစကားရှိပါတယ်။

ဗိုက်ခွဲပြီးမှ အူအတက်ပေါက်တာ မတွေ့လို့၊ မဟုတ်လို့ မထူးပါဘူးဆိုပြီး အခြေအနေကောင်းရင် အူအတက်ကို ဖြတ်တောက်လိုက် တတ်ကြပါတယ်။

အူအတက်ပေါက်တာဟုတ်၊ မဟုတ်ကိုတော့ အခုစမ်းသပ်စစ်ဆေးတဲ့ (FACILITY) စက်တွေ ပေါ်နေပါပြီ။ ဥပမာ - ULTRASOUND စမ်းသပ်စက်တို့ဖြစ်ပါတယ်။

အဲဒီလို အာထရာဆောင်းစက်ဖြင့် ဖိစမ်းသပ်လိုက်တဲ့အခါမှာ လူနာက နာတယ်နာတယ် လို့ထအော်တတ်ပါတယ်။ စက်ကလည်း ကောင်းမယ်၊ စမ်းသပ်တဲ့ဆရာဝန်ကလည်း တော်မယ်ဆိုလို့ရှိရင် အူအတက်ရောင်တာ၊ ပေါက်နေတာတို့ကို ကောင်းကောင်း မြင်ရ တယ်လို့ ပြောပါတယ်။ အဲဒီလို အူအတက်ပေါက်ခြင်း သိသိသာသာ သိသာရင်တော့ ခွဲစိတ်ဖို့ကို ခွဲစိတ်အထူးကုဆရာဝန်ကြီးတို့က လုပ်ပေးကြပါတယ်။

အူအတက်မခွဲရင် ဘာဖြစ်တတ်သလဲ
အူအတက်ရောင်တာကို မခွဲစိတ်ဘူးဆိုပါရင် နောက်ထပ် ဘာတွေဖြစ်နိုင်ပါသလဲဆိုတာကို ကျွန်တော်ပြောပြရပါတော့မယ်။
အူအတက်ရောင်တာကို မခွဲရင် ကောင်းတာလည်းဖြစ်နိုင်တယ်။ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။ တချို့အူအတက်ရောင်တာမှာ လည်း Type တွေက အမျိုးမျိုးရှိတယ်။

(၁) Catarnal Type မှာတော့ နည်းနည်းလေးရောင်ပြီး အနည်းငယ် Partially ပိတ်နေပါတယ်။ Catarnal နာတာလည်း သိပ်အဆိုးကြီး မဟုတ်ပါဘူး။ Type အနေနဲ့ မပိတ်ဆို့နေတဲ့ Non Obstructive အမျိုးအစားဖြစ်လာတယ်။
(၂) Obstructed Type မှာတော့ ပိတ်တဲ့ဟာတွေက Faeces တို့၊ စမြင်းတုံးတွေ၊ နောက် မာလကာသီးအစေ့တွေ၊ ဆီးစေ့တွေဖြစ်ပါ တယ်။ ဒါတွေနဲ့ မပိတ်ရင်တောင်မှ အဲဒီ Appendix မှာရှိတဲ့ Lyphoid Follicles ကြီးလာပြီး ပိတ်တတ်ပါတယ်။
အဲဒီတော့ အူအတက်ကြွက်သားတွေက ညှစ်ရတယ်။ ညှစ်ရတဲ့အခါကျတော့ တစ်ချက်တစ်ချက် ပိုနာပြီး Complication တွေလည်း ဖြစ် တတ်တယ်။ ကံကောင်းတဲ့လူနာတွေမှာ သူ့ဘာသာ Resolve ဖြစ်ပြီး သူ့ဟာသူပျောက်သွားတယ်။ တကယ်လို့ ရောင်ပြီးပိတ်နေရင် တော့ ဒီရောင်တဲ့ဟာက ပိုပိုကြီးလာပြီး အူအတက်ကိုသွားတဲ့ သွေးကြောလေးတွေပါရောင်ပြီးတော့ သွေးခဲနဲ့ ပိတ်သွားပါတယ်။
အဲဒီသွေးမစီးတဲ့အခါကျတော့ ရောင်နေတဲ့အူအတက်က ပုပ်သွားတယ်။ ပုတ်ပြီးတော့မှာ ပေါက်ထွက်သွားတယ်။ Burst Appendix ပေါ့။
အဲဒါဆိုရင် အူအတက်ထဲမှာရှိတဲ့ ပိုးတွေ၊ မစင်တွေက ၀မ်းဗိုက်ခေါင်းထဲပျံ့နှံ့ပြီး Peritonium ၀မ်းဗိုက်အမြှေးပါးပါ ရောင်ရမ်းကာ ပိုးတွေ က ထုတ်ပေးတဲ့ အဆိပ်တွေကြောင့် သွေးဆိပ်တတ်လာပြီး ဒုက္ခရောက်တတ်ပါတယ်။

လူနာက Resistant ကိုယ်ခံအားကောင်းတယ်၊ ရောင်တဲ့အချိန်မှာ ဘေးနားကအူတွေနဲ့ Omentum လို့ခေါ်တဲ့ ၀မ်းတွင်းအဆီပြင်တွေက လာရောက်ဖုံးအုပ်တဲ့အခါကျတော့ Appendicular Mass ဖြစ်သွားပါတယ်။

Appendicular Mass ကနေပြီးတော့မှ ဆေးတွေပေးတဲ့အခါမှာ ရောဂါပျောက်ကင်းပြီး Resolve ရနိုင်တယ်။ တချို့ကျတော့ Appendicular Mass ကနေတစ်ဆင့် ပေါက်ထွက်ပြီးတော့မှ ပြည်တည်နာ ဖြစ်သွားတယ်။

ပြည်တည်တာ ဖြစ်လာပြီဆိုရင်တော့ အဖျားကလည်း ပိုတက်လာတယ်။ Mass ကလည်းပဲ ပိုပြီးတော့နာလာတယ်။ အဲဒီအခါမှာ သမားတော်အနေနဲ့ လူနာရဲ့အခြေအနေကို ကြည့်ရပါတယ်။

ဒီမှာလည်း ကျွန်တော်တို့က Two Schools of Thought ပေါ့။ အယူအဆနှစ်မျိုးရှိတယ်။ မခွဲသင့်သေးတဲ့ အခြေအနေနဲ့ ခွဲသင့်ပြီဆိုတဲ့ အခြေအနေ နှစ်မျိုးပါပဲ။

Caurse and Complication ရောဂါအခြေအနေနဲ့ ပြောမယ်ဆိုရင် -
နံပါတ်(၁)က ရောဂါပျောက်ကင်းပြီး ကောင်းသွားနိုင်တယ်။
နံပါတ်(၂)က ပေါက်ကွဲ Burst ဖြစ်သွားနိုင်တယ်။
နံပါတ်(၃)က Mass အလုံးအကျိတ် ဖြစ်သွားနိုင်တယ်။
နံပါတ်(၄)က Abscess ပြည်တည်နာဖြစ်နိုင်တယ်။
နံပါတ်(၅) ကတော့ လူကို ဒုက္ခအများကြီးပေးနိုင်တဲ့ အခြေအနေလို့ပဲပြောလိုက်ပါရစေ။
ဒါကြောင့် စောစီးစွာ ခွဲစိတ်ကုသလိုက်တာ အကောင်းဆုံးပါပဲလို့ ပြောလိုပါတယ်။

ကျွန်တော်ပြောချင်တာ နောက်တစ်မျိုးကတော့ မာလကာစေ့တွေ၊ ခရမ်းချဉ်သီးအစေ့၊ ငရုတ်သီးခြောက်အစေ့ ဒါတွေကြောင့် Appendicitis ဖြစ်တတ်တယ်ဆိုတာကိုတော့ ကျွန်တော် ပြောပါရစေဦး။
Appendicitis မဖြစ်အောင်တော့ ထူးခြားတဲ့ ကာကွယ်နည်း သီးသန့်မရှိပါဘူး။ ၀မ်းချုပ်မခံဘူး။ အစေ့ပါတဲ့ မာလကာသီး၊ ဆီးသီး စတာတွေကို မစားရဘူး။

Viral Infection ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ထိထိရောက်ရောက် ကုသပေးရင်တော့ ထိုက်သင့်သလောက် အဖြစ်နှုန်း လျော့သွားနိုင်ပါတယ်။

Appendicitis မဖြစ်အောင် အခုနတုန်းက မာလကာသီးက အစေ့တွေ၊ ဆီးစေ့တွေပါအောင် မစားတော့ဘူးဆိုရင်တော့ အဲဒီဟာတွေ ကြောင့်ဖြစ်မယ့် လူနာတွေအတွက်တော့ ကာကွယ်လို့ရမှာဖြစ်ပါတယ်။
တချို့ Viral Infection ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ (Dengue Virus) ဆိုတာတွေမှာလည်း အူအတက် အနည်းငယ်ရောင်နေတတ် ပါတယ်။ သတိထားသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲ။

လူတွေအများဆုံးသိလိုတဲ့ အကြောင်းတစ်ရပ်ကတော့ Appendix က ခန္ဓာကိုယ်အတွ့် သိပ်မလိုအပ်ဘူး။ အဲဒါကြောင့် Appendicitis မဖြစ်ခင် တချို့ကလည်း ကြိုပြီးတော့ ခွဲသင့်တယ်ပေါ့။ အခုနောက်ပိုင်းကျတော့လည်း Appendix ကမလိုအပ်ဘူးရယ် မဟုတ်ဘူးပေါ့။ သူက Micro Organism တွေ ခိုအောင်းလို့ရတယ်။ ဒီ Organism တွေက အူလမ်းကြောင်းအတွက် အကျိုးပြုတယ်။ နောက်ပြီးတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတစ်ခုအနေနဲ့ဖြစ်လာတော့ ကျွန်တော့်အနေနဲ့ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် Appendix က သိပ်ပြီးတော့ Essential တော့မဟုတ်ပါဘူး။ လူတွေမှာလည်း (၁၀၀)မှာ Appendicitis က ဖြစ်မယ်ဆိုရင်လည်း လေး၊ငါးယောက်ပေါ့။ လေး၊ငါးယောက်အတွက် ကျန်ခဲ့တဲ့ (၉၀)ကျော်က ခွဲခံရမယ်ဆိုရင်တော့ မသင့်ဘူးလို့ ထင်တယ်လေ။

ဘယ်လိုလူမျိုးတွေမှာ အကြံပြုနိုင်မလဲဆိုရင် ဥပမာ တချို့ခရီးဝေးသွားရမယ်။ Medical Facility ကမရှိဘူး။ တောတွေဘာတွေမှာ အလုပ်သွားလုပ်ရတယ်။ မိုင်းတွေဘာတွေ သွားရှာရတဲ့ မိုင်းလုပ်တဲ့လူတွေက သွားရေးလာရေး ခက်ခဲတယ်။ ဒီဟာမျိုးတွေမှာတော့ လူနာရဲ့ဆန္ဒရှိရင်တော့ လုပ်ပေး၊ ခွဲပေးသင့်ပါတယ်။

စာဖတ်ပရိသတ်တွေကို အကြံပြုပြောကြားချင်တာကတော့ Acute Abdomen ဆိုတာဟာ လူတွေ့ရဲ့အသက်ကိုပါ အန္တရာယ်ပေးနိုင် ပါတယ်။ ဒါနံပါတ်(၁)အချက်ပေါ့။ နံပါတ်(၂)ကတော့ Acute Abdomen ဖြစ်နိုင်တဲ့ Causes တွေကလည်း အများကြီးရှိတာကြောင့် တိတိကျကျ ဘာကြောင့်နာတယ်ဆိုတာ မပြောနိုင်ပါဘူး။ ရောဂါအဆင့်ဆင့် အခြေအနေနဲ့ စမ်းသပ်ပုံကို ပြောပါရစေ။

(၁) ဗိုက်နာတဲ့အခါ အသာဖိကြည့်ပါ။ ဖိကြည့်လိုက်လို့ နာတာက အဖိကိုခံနိုင်တယ်၊ ဖိထားရင် သက်သာတယ်ဆိုရင် သိပ်အရေးမကြီး ပါဘူး။

(၂) ဒါပေမဲ့ ဗိုက်နာခြင်းက ပြင်းထန်မယ်၊ စဉ်ဆက်မပြတ် နာကျင်မှုဖြစ်မယ်၊ အသက်ရှူရင် လူနာက ရင်ဘတ်နဲ့ရှူပြီး ၀မ်းဗိုက်မှာ တင်း မာမယ်၊ အသက်ရှူတဲ့အခါ ဗိုက်က မလှုပ်ရှားဘူး၊ ဗိုက်ကို လက်ဖ၀ါးနဲ့စမ်းသပ်ရင် အထိမခံနိုင်ဘဲ နာကျင်မယ်ဆိုပါက ဖြစ်နိုင်ရင် ဆေးရုံ ကို အမြန်ပြဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် အူအတက်ရောင်ရောဂါအကြောင်း ပြောကြားခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။

ဒေါက်တာ အောင်ခင်ဆင့်
The Express Times