ဝိုင်းမော်မှာ ဘိန်းမဲနှင့် ဘိန်းဆီခဲများ ဖမ်းဆီးမိ

ပို့စ်တင်ချိန် - 7/23/2013 02:25:00 PM


မြစ်ကြီးနားခရိုင် ဝိုင်းမော်ရဲစခန်းမှ မြန်မာကျပ်ငွေတန်ဖိုး(၂၄၇၀၀၀၀)ကျန်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးဘိန်းမဲနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

( ၂၂-၇-၂၀၁၃ ) ရက်နေ့ ( ၁၀၃၀ ) အချိန်ခန့်် တွင် ၀ိုင်းမော်ရဲတပ်ဖွဲ့ စခန်း မှူးရဲအုပ်ကျော်ဝင်း ဦးစီး၍  နယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ် မျိုးဝင်းနိုင်တို့ အဖွဲ့သည် ကြိုတင် ရရှိထားသော မုးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ၀ိုင်းမော်မြို့ နယ်၊ အောင်မြေ ( ၁) ကျေးရွာ၊အိမ်အမှတ်
(၁၂၃) နေ ဦးဇောက်တာ၏ နေအိမ်အား မြို့ နယ်ရဲတပ်ဖွဲ့ မှူးရုံးဧ။် မူးယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့် ၀ရမ်းအမှတ် (၁၆/ ၂၀၁၃)ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှင်ဖြစ်သူ ဦးဇောက်တာအား ၄င်းဧ။် နေအိမ်မီးဖိုချောင် အခန်းတွင်း  အသင့်တွေ့ ရှိရပြီး ဆက်လက်ရှာဖွေရာ ၄င်းထိုင်နေသည့်နေရာအနီး
ဘိန်းဆီများပေကျံနေသည့် ကြေးဇွန်း(၁) ချောင်း နှင့် ၀ါးခတ်တံ(၂) ချောင်းတို့အား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ဦးဇောက်တာ၏ အနီး မီးဖိုတိုင်ခြေရင်း အဖြူရောင်ကော်ဗူးဖြင့် ထည့်လျှက်ဘိန်းမဲဟု ယူဆရသော အမဲရောင်အစေး အလေးချိန်(၁၀.၆၃) ဂရမ်ခန့် ပါတစ်ဗူး၊မီးဖိုချောင်အနီးထင်းပုံကြား အဖြူရောင် ပလပ်စတစ်ကြွပ်ကြွပ်အိတ်ဖြင့် ပတ်လျှက်ဘိန်းဆီခဲများဟု ယူဆရသော အမဲရောင်အစေး(ထုပ်ပိုးခွံပါ) အလေးချိန်(၂၅၀)ဂရမ်ခန့်ပါ (၁) ထုပ်၊ နေအိမ်ခြံဝန်းအတွင်းရှိ ထင်းပုံ ကြား အနက်ရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက် အမဲရောင်အစေးထုပ်ပိုးခွံပါ အလေးချိန်(၆၅၉.
၆) ဂရမ်ခန့်ပါတစ်ထုပ်၊ ထင်းပုံအနီးဝါးရုံပင်ခြေရင်း ပလပ်စတစ်အိတ်ဖြင့် ပတ်လျှက်ဘိန်းမဲဟု ယူဆရသောအမဲရောင်အစေးအလေးချိန် (၃၂.၆၆)ဂရမ်ခန့််ပါအထုပ်(၄)ထုပ်၊ အလေးချိန်(၁၃၀.၆၄)
ဂရမ်နှင့် အနီရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်လျှက်ဘိန်းမဲဟုယူဆရသော အမဲရောင်အစေး(ထုပ်ပိုးခွံပါ) အလေးချိန်(၁၆.၃၃) ဂရမ်ခန့်၊ စုစုပေါင်းဘိန်းမဲ အလေးချိန်(၈၁၇.၂) ဂရမ်ခန့်နှင့် ဘိန်းဆီခဲအလေးချိန်(၂၅၀)ဂရမ်ခန့်အား ဖမ်းဆီးရမိ ၍ ဝိုင်းမော်ရဲစခန်းတွင် မယ(ပ)၁၉၈/၂၀၁၃၊ မူး/စိတ်ပြောင်း ပုဒ်မ-၁၅/၁၉(က)ဖြင့် အမှူဖွင့်အရေးယူ ဆောင်ရွက်ထားရှိပါသည်။

by Myanmar News Now