တိုင်း/ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့များအတွက် ဥပဒေလိုတယ်လို့ပြော

ပို့စ်တင်ချိန် - 8/20/2013 08:41:00 AM


သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာ တာဝန်ထမ်းဆောင်နိုင်မယ့် အရည်အချင်းတွေကို ဥပဒေပြဌာန်းထားတာမရှိခြင်းဟာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ဥပဒေအရ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပေမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်ကနေ မြို့နယ်အထိ ဥပဒေလိုအပ်နေသေးတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့တာပါ။

ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ သူကထောက်ပြခဲ့ပါတယ်။
RFA Burmese