ဘောလီးဝုဒ် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် Chennai Express ဦးဆောင်

ပို့စ်တင်ချိန် - 8/20/2013 08:51:00 AM


ဟင်ဒီရိုးရာဟန် လွှမ်းသော အိန္ဒိယ ရုပ်ရှင်နယ်ပယ်တွင် အထူးတလည် လူကြိုက်များခဲ့သော ဇာတ်ကားသည် တမီးလ်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထင်ဟပ်စေသည့် ဖန်တီးမှု တစ်ခုလည်း ဖြစ်သည်။

ဘောလီးဝုဒ် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် Chennai Express ဦးဆောင်
Chennai Express ဇာတ်ကားသည် ယခုအခါ အိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အောင်မြင်မှု အကြီးအကျယ် ရရှိနေပြီ ဖြစ်သည်။ ဟင်ဒီရိုးရာဟန် လွှမ်းသော အိန္ဒိယ ရုပ်ရှင်နယ်ပယ်တွင် အထူးတလည် လူကြိုက်များခဲ့သော ဇာတ်ကားသည် တမီးလ်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထင်ဟပ်စေသည့် ဖန်တီးမှု တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် ဘောလီးဝုဒ်၏ အကောင်းဆုံး ဇာတ်ကား တစ်ခုအဖြစ်လည်း သုံးသပ်ခံထားရသည်။ အဆိုပါ ဇာတ်ကားသည် (၅)ရက်အတွင်း အိန္ဒိယတွင် ဒေါ်လာ (၂၅)သန်းအထက် ရုံဝင်ကြေး ရရှိခဲ့ပြီး ဘောလီးဝုဒ်ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ဦးဆောင်နေသည်။ ဇာတ်ကားကို ရိုက်ကူးရာတွင် ဒေါ်လာ (၁၃)သန်းသာ ကုန်ကျခဲ့သည်။

နာမည်ကျော်မင်းသား ရှာရွတ်ခန် ဦးဆောင် ပါဝင်သော ဇာတ်ကားသည် အဖိုးဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရသူ တစ်ဦး၏ ဖြတ်သန်းမှုများကို အခြေခံ ဖော်ကျူးထားသည်။ ထို့နောက်တွင် တမီးလ် တိုင်းရင်းသူ တစ်ဦးနှင့် တွေ့ဆုံခဲ့ပုံကို ဇာတ်လမ်းဆင်ထားခြင်း ဖြစ်သည်။ ခန်က "ဇာတ်ကားရဲ့ စိတ်ကူးစိတ်သန်း အားလုံးကို ကျွန်တော် သဘောကျတယ်။ အချစ်နဲ့ ဇာတ်မြူးဆန်ဆန် ရောစပ်မှုလေးက ချစ်စရာကောင်းတယ်လေ"ဟု ဆိုသည်။ အဆိုပါ ဇာတ်ကားတွင် အိန္ဒိယ တောင်ပိုင်း ဒေသမှ ရိုက်ကွင်းများကို အဓိက အခြေခံထားသည်။ Chennai Express ဇာတ်ကား အောင်မြင်မှုနှင့်အတူ အခြား တမီးလ်ဟန်လွှမ်းသည့် ဇာတ်ကားသစ် တစ်ခုပါ အောင်မြင်ရန်လည်း မျှော်လင့်လျှက် ရှိသည်။ Madras Cafe ဇာတ်ကားသည် မူဝါဒရေးရာဆန်ဆန် အတွေးအမြင်မျိုး ပါရှိနေပြီး ဩဂုတ်လကုန်တွင် ရုံတင်ပြသရန် မျှော်လင့်ထားကြောင်း သိရှိရသည်။
Planet Myanmar Network