ထိုင်ဝမ်မင်းသား လက်ထဲက iPhone 5C

ပို့စ်တင်ချိန် - 8/18/2013 06:15:00 AM


iPhone 5C ကို Apple က တရားဝင် မိတ်မဆက် ရသေးပေမယ့် သူ့ရဲ့  Leak ဖြစ်နေတဲ့ Product က တရုတ်ပြည်မှာတင်ပဲ ထိုင်ဝမ် အထိတောင် ရောက်သွားပါပြီ။

ရောက်သွားတာမှာ သာမန်လူတစ်ယောက်ဆီ မဟုတ်ပဲ ထိုင်ဝမ်က နာမည် ကြီး သရုပ်ဆောင်မင်းသား၊ အဆိုတော် Jimmy Lin ရဲ့  လက်ထဲ ကို ဖြစ် ပါတယ်။ သူ့ရဲ့  Facebook အကောင့်မှာ iPhone 5C ကိုင်ထားတဲ့ပုံ တင်ခဲ့ပြီး တစ်ကမ္ဘာလုံးက iPhone 5C စောင့်ဆိုင်းကြည့်ရှု သူတွေကို အံ့သြစေခဲ့ ပါ တယ်။

လက်တလော ထွက်နေတဲ့ ဓာတ်ပုံတွေ အတိုင်းပါပဲ ပလက်စတစ် ကာဗာ နဲ့ မြင်ရတဲ့ ဈေးသက်သာ iPhone ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ကလည်း iPhone 5 နဲ့ သိပ်ပြီးတော့ သိသိသာသာ ကွာခြား ချက် မရှိပါဘူး။ Specification တော်တော်များများတောင် ထပ်တူနီးပါးရှိကြောင်း ဆိုပါတယ်။

လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ဆိုရင်တော့ Apple ဟာ နောက်ဆုံးထွက် iPhone 5S အပြင် ဈေးသက်သာ iPhone 5C ကိုပါ မိတ်ဆက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Stuff UK
Aung Kham (Stuff Myanmar)