လန်ဒန်အိုလံပစ်မှာ လေထီးခုန်ခဲ့တဲ့ စတန့်သမား အဖြစ်ဆိုးရှာတယ်

ပို့စ်တင်ချိန် - 8/18/2013 06:08:00 AM



လန်ဒန် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာလေထီးခုန်ပြီး ပရိသတ်ကို ဖျော်ဖြေခဲ့တဲ့ စတန့်သမား မာ့ခ်ဆက်တန်ဟာ ဆွစ်ဇာလန်နိုင်ငံ
အဲပ်တောင်တန်းတွေ တစ်ဝိုက်လေထီးခုန်ခဲ့ရာမှာ တောင်နံရံတွေနဲ့ ရိုက်မိတာကြောင့် အသက်ဆုံးပါးသွားရပါတယ်။ မာ့ခ်ဆက်တန်ဟာ လန်ဒန် အိုလံပစ်ဖွင့်ပွဲမှာ ဂျိမ်းစ်ဘွန်းလို ၀တ်ဆင်ပြီး လေထီးခုန်ခဲ့တာကြောင့် လူသိများလာခဲ့ပြီး အကောင်းဆုံး လေထီးခုန်သမားတစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသူပါ။

သူဟာ ပြင်သစ်နိုင်ငံ ချာမိုနစ်မှာ နေထိုင်သူဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၄၂နှစ်သာ ရှိသလို သူ သေဆုံးကြောင်းကို မက်ထရို ရဲတပ်ဖွဲ့ကနေ အတည်ပြုခဲ့ပါတယ်။ ၁၀၈၂၆ပေ အမြင့်ရှိတဲ့ရဟတ်ယာဉ်ပေါ်ကနေ လေထီး
ခုန်ခဲ့တာဖြစ်ပြီး အဲပ်တောင်တန်းစုတွေထဲက လီပျူတီတစ်ဝိုက်မှာ
တောင်စွန်းနဲ့ ခေါင်းရိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဇော်ထွန်း(ရိုးရာလေး)