စင်္ကာပူရောက် မြန်မာမလေးတစ်ယောက် Facebook မှာ မဖွယ်မရာပုံတွေ တင်၍ အိမ်ပြန်ပို့ခံရ


စင်္ကာပူနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ် ကိုင်နေသူ အသက် (၂၂) နှစ်အရွယ် မြန်မာ မိန်းကလေး တစ်ဦးသည် ကိုယ့်ကိုယ်ကို လက်ကိုင်ဖုန်းဖြင့် မဖွယ်မရာ ဓါတ်ပုံများရိုက်ကာ ဖေ့(စ်) ဘွတ်(စ်)တွင် တင်ခဲ့ကြောင်း ချိုင်းနားပရက်(စ်) သတင်းစာတွင် ဖော်ပြခဲ့သည်။

အိမ်ဖော်မလေးသည် အလုပ်ရှင် အိမ် တွင်မရှိခိုက် အလုပ်ရှင်၏ အိပ်ခန်းအတွင်းဝင်ကာ ဘရာစီယာမျှသာ ၀တ်ထားသော ပုံများနှင့် လိင်စိတ်နိုးကြွစေသော ပုံများ ရိုက်ကူးခဲ့သည်ဟု ဆိုသည်။
“သူ့ရဲ့ အပြုအမူကို ကျွန်တော့်ရဲ့ အွန် လိုင်းမိတ်ဆွေတစ်ဦးထံက သိရတော့ ကျွန်တော် အံ့သြတုန်လှုပ်သွားတယ်။ သူဟာ ကျွန်တော့်သား (၁၀ နှစ်) ရဲ့ လက်ကိုင်ဖုန်းနဲ့ ကွန်ပျူတာကို ခွင့်ပြု ချက်မယူဘဲ သုံးခဲ့ရုံသာမက ကျွန်တော်တို့ မိသား စုရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖော်မိန်းကလေးက “သူမသည် တက္ကသိုလ်ကျောင်းသူတစ်ဦး ဖြစ်ပြီး ယခုလို ပွဲဆူအောင် လုပ်ရသည့်ကိစ္စကို ၀ါသနာပါ ကြောင်း” ၀က်(ဘ်)ဆိုဒ်တွင် တင်ထားခဲ့သည်။
သူမ၏ အလုပ်ရှင်လီသည် အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် မြန်မာအိမ်ဖော်မလေးအား အေးဂျင့်ထံ ပြန်ပို့ခဲ့ကြောင်း သတင်းစာတွင် ရေး သား ဖော်ပြခဲ့သည်။

By The Star

အလောင်းရှာမတွေ့သည့် လူသတ်မှု မြိတ်လူထု အထူးစိတ်ဝင်စား


လွန်ခဲ့သော ၁၆ နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ရော်ဘာခြံပိုင်ရှင်တစ်ဦး၏ ရော်ဘာ ခြံတွင် ရော်ဘာခြံ အလုပ်သမား တစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ ထိုအလုပ်သမား ပျောက်ဆုံး သွားခြင်း အတွက် မိခင်ဖြစ်သူက ၂၀၁၃ခုနှစ် မေ ၂၆ ရက်တွင် မြိတ်မြို့နယ် သမုတ်ရဲစခန်းတွင် အရေးယူပေးပါရန် တိုင်ကြား ခဲ့ကြောင်း သိရသည်။

ကြားနာ

အဆိုပါအမှုကို မြိတ်ခရိုင် တရားရုံးမှ ၁၈/၇/၂၀၁၃ ရက်စွဲပါ စာအမှတ် ၅၉/၂၀၁၃ ဖြင့်လက်ခံ၍ ၁၅/၈/၂၀၁၃ ရက်အထိ တရားလိုပြသက်သေ ၁၀ ဦးကို မြိတ်ခရိုင်တရားရုံးရှိ မြိတ်လူထုရှေ့မှောက်တွင် စစ်ဆေးကြားနာခဲ့သည်။ အမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ တို့ဖြင့် လူသတ်မှု အလောင်း ဖျောက်ဖျက်မှုတို့ဖြင့် ရုံးတင် စစ်ဆေးခဲ့သော်လည်း သက်သေများ၏ ထွက်ဆိုချက်များ အရ ရော်ဘာခြံအလုပ်သမား စောဒါးမြဆိုသူ မူးယစ်သောက်စားပြီး ရော်ဘာပင်များအား ဖျက်ဆီးသဖြင့် ရော်ဘာခြံ ၀န်ထမ်းများက ဖမ်းဆီးပြီး ရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးချက်

ပျောက်ဆုံးသွားသော ရော်ဘာခြံ အလုပ်သမား၏ မိခင် ဒေါ်နော်ဘောဝါ (ခ) ဒေါ်ဝါ၏ တရားရုံးတွင် ထွက်ဆိုချက်အရ လွန်ခဲ့သော ၁၆ နှစ်က မတိုင်ကြားခဲ့ခြင်းမှာ နယ်မြေဒေသ မအေးချမ်း၍ ဖြစ်ကြောင်း ယခုမှ တိုင်ကြားခြင်းမှာ တိုင်းဒေသကြီး ၀န်ကြီး တစ်ဦး၏ အမှုဖွင့် တိုင်ကြားရန် ပြောဆို တိုက်တွန်းချက် အရ တိုင်ကြားရခြင်းဖြစ်ကြောင်း တရားရုံး၏ စစ်ဆေးချက်များအရ သိရှိရသည်။ ထို့ပြင် သက်ဆိုင်ရာ တာဝန်ရှိသူများက လူသေအလောင်းမြှုပ်နှံသည်ဟု ယူဆရသော နေရာ နှစ်နေရာကိုလည်း နှစ်ကြိမ်တိုင် သွားရောက် တူးဖော် စစ်ဆေးခဲ့သော်လည်း လူသေအလောင်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆုံးအဖြတ်
ယင်းအမှုနှင့်ပတ်သက်၍ သံသယ တရားခံများ အဖြစ် ရော်ဘာခြံ ၀န်ထမ်းများဖြစ်သော ဦးသန်းခင်၊ ဦးလှိုင်ကြူတို့မှာ ဖမ်းဆီးခြင်း ခံနေရပြီး ရော်ဘာခြံ လုပ်ငန်းရှင် ဦးအောင်လင်းမှာ နိုင်ငံခြားတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတို့ဖြင့် စွပ်စွဲခြင်းခံနေရသော သံသယရှိသူ သုံးဦးအတွက် ထိုသူများ၏ မိသားစုများ ဘ၀တူ အလုပ်သမားများ အမှန်တရားကို လိုလားကြသော မြိတ်မြို့နယ် လူထုများက အဖြစ်မှန်ကို ဖော်ထုတ်၍ တရားရုံးမှ တရားမျှတစွာ အဆုံးအဖြတ်ပေးနိုင်ရန် မျှော်လင့် စောင့်စားနေ ကြကြောင်း သိရသည်။

ကျော်ဇော၊ မြိတ်၊ သြဂုတ် -၁၉

မြိတ်ပုလဲမြေ
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ် အတွဲ (၁)၊ အမှတ် (၁၂၉) ဂျာနယ်မှ ကူးယူဖော်ပြသည်။)

လင်မယားနှစ်ဦး လိင်ဆက်ဆံနေပုံကို ဗီဒီယိုခိုးရိုက်ခဲ့လို့ ဓားထိုးခံရ


သူတစ်ပါးလိင်ကိစ္စအား ချောင်းမြောင်း ကြည့်ရှု တတ်သူတစ်ဦးသည် ၎င်း၏ အိမ်နီးချင်း လင်မယား လိင်ဆက်ဆံနေကြပုံကို ချောင်း မြောင်းကာ ဗီဒီယို ရိုက်ကူးခဲ့ရာ အဆိုပါ အိမ်နီး ချင်းမှ ဒေါသထွက်ကာ ဓားဖြင့် ထိုးသတ်ခဲ့ခြင်းကို ခံခဲ့ရသည်။

အိမ်နီးချင်းလင်မယား လိင်ဆက်ဆံနေ သည့် ဗီဒီယိုအား ထိုအိမ်နီးချင်း၏ သားကိုပင် ပြသခဲ့သည့် အဆိုပါ လိင်ကိစ္စ ချောင်းမြောင်း ကြည့်ရှုသူမှာ La Kampo ဆိုသူ ဖြစ်သည်။ရဲမှ အသက် ၄၄ နှစ်ရှိပြီဖြစ်သော အဆိုပါ အိမ်နီးချင်းအား ဓားထိုးမှုဖြင့် ဖမ်းဆီးခဲ့ပြီး La Kampo ၏ အလောင်းကိုမူ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

  La Kampo သည် ဂျလန်း အူတာရာရှိ ၎င်းတို့ရွာရှိ အိမ်နီးချင်း၏အိမ်သို့ သွားရောက်ခဲ့ပြီး စကား စမြည် ပြောဆိုပြီးနောက် အိမ်နီးချင်းတို့၏ အ၀တ် အစားမပါသော ဗီဒီယိုများ ရိုက်ကူးထားမှု အကြောင်းကို ၁၇ နှစ် အရွယ်ရှိ အိမ်နီးချင်း၏ သားဖြစ်သူအား ပြောပြခဲ့သည်။သားဖြစ်သူ ၎င်းအား မသိကျိုးကျွန်ပြု သောအခါ La Kampo သည် မီတာ ၂၀ ဝေးသော ၎င်း၏အိမ်သို့ ပြန်လာခဲ့သည်။

အိမ်နီးချင်းသည် La Kampo ၏ အိမ် သို့ သွားခဲ့ပြီး ဒေါသအလွန်ထွက်ကာ ဓားဖြင့် ထပ်တလဲလဲ ထိုးခဲ့ဟန်တူသည်။La Kampo သည် အဆင့်ဆင့် ထိုး သွင်းထားသော ဓားဒဏ်ရာများနှင့် သွေးအိုင်ထဲ တွင် သေဆုံးသွားခဲ့သည်။အဆိုပါ အိမ်နီးချင်းသည် လူသတ်မှု ကျူးလွန်ခဲ့သော ဓားကိုယူကာ အခင်းဖြစ်ပြီး နာရီပိုင်းအတွင်း ရဲစခန်းသို့ ထွက်လာခဲ့သည်။ဆန်ဒါကန်းရဲအရာရှိ Rowell Marong မှ ပြောကြားရာတွင် နှစ်ဦးစလုံးမှာ အင်ဒိုနီးရှား လူမျိုးများဖြစ်ပြီး အလုပ်ကြမ်းသမား များဖြစ် သည်ဟု ဆိုသည်။

ရိုးရိုး (သတင်းကွန်ယက်)
Ref: the Star

ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်း ဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍ ရေမြောင်း သန့်ရှင်းရေး တူးဖော်နေကြစဉ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အနက်တစ်ပေခန့် မြေကြီးအတွင်းမှ ပွိုင့်-၃၀၃ ကျည်ဆန် ၂၅၅၀ တောင့်နှင့် ကျည်ဆန်အခွံ ၃၂၅ ခွံတို့ တူးဖော်တွေ့ရှိခဲ့ကြသဖြင့် ကလောမြို့နယ်မှူးရုံးသို့ သွားရောက် သတင်း ပေးပို့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဆွေဦးနှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက် လက်ခံယူခဲ့ကြသည်။

ထို့အတူ ကလောမြို့နယ် ပိန္နဲပင်ကျေးရွာ ပလောင်တောင်လိမ္မော်ခြံနေ စိုင်းကော်ခမ်း(ခ)အိုက်ကော် ဥယျာဉ်ခြံစောင့် လုပ်ကိုင်နေထိုင်သော လိမ္မော်ခြံ တွင် ဩဂုတ် ၁၆ ရက် နံနက် မိနစ် ၃၀ တွင်လည်း ကလောမြို့နယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေခဲ့ကြရာ အမ်-၁၆ဒင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၇ ဒသမ ၆၅ မီလီမီတာ (၃၂)ပစ္စတိုသေနတ် တစ်လက်၊ တစ်လက်မ ၉ မမ ကျည်ဆန် ၄၅ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည် ဆန် ၁၅ တောင့်၊ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန်အတောင့် ၁၃၀၊ ပွိုင့် ၃၀ မမ ကျည်ဆန် အတောင့် ၃၀၊ ပွိုင့်-၁၂ မမ ကျည်ဆန် ၁၄ တောင့်၊ BA- ၉၁ လက်ပစ်ဗုံး စနက်တံ နှစ်ခုနှင့် ကျည်ဆန်အိမ်မျိုးစုံ ၁၁ ခုတို့ ကို ရှာဖွေသိမ်းဆည်းဖမ်းမိခဲ့ကြသည်။ အဆိုပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ် ထားရှိသူ လိမ္မော်ခြံစောင့် စိုင်းကော်ခမ်း(ခ)အိုက်ကော်အား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဆက်လက်ဖော် ထုတ်လျက် ရှိကြောင်း သိရသည်။

(ဇော်သိန်းရီ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

ဖုန်းကိုအဝေးကနေလှမ်းထိန်းချုပ်နိုင်မယ့် Android Device Manager



Android ဖုန်း/Tablet တွေအတွက် Google ကနေ Android Device Manager ကို release လုပ်လိုက်ပါပြီ ။ မိမိဖုန်းဘယ်နားရှိတယ်ဆိုတာရှာဖွေနိုင်မှာဖြစ်ပီး မိမိဖုန်းအား ဒေတာများကို ဖျက်ပစ်ခြင်း နိုတီပေးပို့ခြင်း ဖုန်းring အားအဆက်မပြတ်မြည်စေခြင်းစသဖြင့် မိမိဖုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ် ။ Iphone မှ find my iphone နဲ့သဘောတရားခြင်းအတူတူပါပဲ ။

ဒါကိုအသုံးပြုနိုင်ဖို့အတွက် မိမိဖုန်း setting -security ထဲက device administrator မှာ Android Device Manager ကို activate လုပ်ပေးရပါမယ် ။

အောက်ကပုံကတော့ ကျနော့ဖုန်းကို အစမ်းရှာကြည့်ထားတာဖြစ်ပါတယ် ။

Android Device Manager မရှိသေးတဲ့သူများ ဒီမှာဒေါင်းနိုင်ပါတယ် ။

Android Device Manager အားရယူရန်

Google Drive မှ ဒေါင်းရန်


မိမိကွန်ပူတာကနေ ဒီလိပ်စာထည့်ပီး မိမိအီးမေးပတ်စ၀တ်ရိုက်ထည့်လိုက်ရင် သုံးလို့ရပါပီ ။
https://www.google.com/android/devicemanager

From: Myanmar Mobile App

အုတ်ခဲများဖြင့် ဖုံးအုပ်၍ ကျွန်းသစ်တင်ဆောင်လာသောယာဉ်အားဖမ်းဆီး


ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၃ရက်နေ့ ၁၇၄၀ အချိန်တွင် မှော်ဘီမြို့နယ်၊ သစ်တောဦးစီး
ဌာနမှ တောအုပ်ဦးသက်နိုင်နှင့်တောအုပ်ဦးသန်းဇော်ဦးတို့အဖွဲ့သည် သတင်းအရ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်အစပ်
ရွှေမြယာလမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် ၁က/----၊ ဟီးနိုးTE ယာဉ်အား
တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ အုတ်ခဲများဖြင့်ဖုံးအုပ်၍သယ်ဆောင်
လာသော တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၁၁၂)ချောင်း၊ (၂.၉၁၆၆)တန်၊ ကာလပေါက်ဈေးတန်ဘိုးငွေကျပ် (၁၃၁၂၄၇၀)အား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းယာဉ်ပေါ်ပါ တိုက်ကြီးမြို့နယ်နေသူများ
ဖြစ်သည့် ယာဉ်မောင်း နေလင်းထွန်း (ဘ)ဦးမောင်ရွှင်၊ မျိုးမျိုးထွန်း
(ဘ)ဦးစိန်လင်း၊ သန်းဇော်ဦး (ဘ)ဦးသန်းလှိုင်၊ ဒေါ်နွဲ့နွဲ့ရီ
(ဘ)ဦးအောင်ငြိမ်းတို့(၄)ဦးနှင့် ယာဉ်ပိုင်ရှင်ဦးကြန်သိုး(စုံစမ်းဆဲ)တို့အား အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်း(ပ) ၄၈၂/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ယာဉ်တိုက်၍ ဆိုင်ကယ် မောင်းလာသည့် တပ်မတော်သား ပွဲချင်းပြီး သေဆုံး


တောင်ငူ ၊ သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၈၇/၀နှင့် ၁၈၇/၁ ကြား တောင်နန်ချွန် ကျေးရွာ ဆည်မြောင်းရုံး ရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က တပ်မတော်သား တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ယာဉ်တစ်စီး အနောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ တပ်မတော်သား သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူသည် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းမှူးရုံးမှ မှန်စီကျေးရွာ တပ်ပိုင် လယ်တွင် တာဝန်ကျနေသူ အသက် ၄၇ နှစ်အရွယ် တပ်သား ဝင်းကို ဖြစ်ပြီး ၎င်းကို ဝင်ရောက် တိုက်မိသော မော်တော်ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ထပ်မံ စုံစမ်း စစ်ဆေးလျက် ရှိပြီး မော်တော်ယာဉ် မောင်းနှင် ထွက်ပြေးနိုင် သည့် လမ်းကြောင်းများနှင့် လမ်း အသုံးပြုခ ကောက်ခံသည့် CCTV များမှ တစ်ဆင့် လိုက်လံ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

သေဆုံးသူသည် ၎င်းစီးလာသည့် Kenbo 110.CC အစိမ်းရောင် မော်တော် ဆိုင်ကယ်ဘေးတွင် ဦးခေါင်း၊ အောက်ပိုင်း၊ ဗိုက်ပွင့်ကာ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်း၏ စစ်ဆေးချက်များအရ သိရှိရသည်။

ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ပွဲချင်းပြီး သေ ဆုံးခြင်းဖြစ်ကြောင်းနှင့် ညအချိန် ဖြစ်၍ မျက်မြင်သက်သေလည်း မရှိဘဲ အမှု အမြန် ပေါ်ပေါက်ပါစေဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ ခဲ့သူ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ယင်း ယာဉ်တိုက်ခံရ၍ သေဆုံးမှုကို ယာဉ် (ပ) ၁၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း ရေတာရှည် မြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။
The Voice Weekly

အကြမ်းဖက်သမားတွေ လက်ပိုင်ကြည့်နေရင် ကြီးမားတဲ့ ပဋိပက္ခနဲ့ကြုံတွေ့ရနိုင်


မြန်မာနိုင်ငံအနေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး လှုံ့ဆော်တာတွေကို ကိုင်တွယ်အရေးယူရမှာဖြစ်ပြီး၊ ဘာသာရေး အကြမ်းဖက်တာတွေ အပေါ်လက်ပိုက်ကြည့်နေတတ်တဲ့ အစဉ်အလာကိုလည်း တိုက်ဖျက်ရမှာဖြစ်ကြောင်း၊ ဒီလိုမဟုတ်ရင်တော့ ကြီးမားတဲ့ ကပ်ဘေးအဆင့် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း အမေရိကန် အခြေစိုက် PHR ခေါ် လူ့အခွင့်အရေးအဖွဲ့က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းလက်ရှိအခြေအနေဟာ ငြိမ်သက်နေပုံရပေမယ့် သင့်တော်လုံလောက်တဲ့ စုံစမ်းစစ်ဆေးမှု မရှိတာ၊ ပြဿနာရဲ့အကြောင်းရင်းတွေကို မကိုင်တွယ်တာတွေကြောင့် နောက်ထပ် ပဋိပက္ခတွေပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်၊ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဘေးမဲ့ပေးထားသလို ဖြစ် နေတာကလည်း ဒီ့ထက်ကြီးမားတဲ့ရာဇ၀တ်မှုကြီးတွေ ဆက်လက်ပေါ်ပေါက်အောင် လမ်းခင်းပေးနေတာ ဖြစ် ပါတယ်၊

ဒီအနေအထားတွေကို မပြုပြင်ရင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကပ်ဘေးအဆင့် ပဋိပက္ခ အကြီးစားကြီးတွေ ပေါ်ပေါက်လာနိုင်တယ် လို့ PHR အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လက မိတ္တီလာမြို့မှာ အစ္စလမ်ကျမ်းစာသင်ကျောင်းတစ်ကျောင်းက ကျောင်းသားတွေနဲ့ဆရာတွေ (၂၀) ကျော်အပါအ၀င် မွတ်စလင်အများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ဒီ အကြမ်းဖက် မှုကို လုံခြုံရေးတပ်ဖွဲ့တွေက ဟန့်တားရှင်းလင်းဖို့နှောင့်နှေးနေတာဟာ ဒီဖြစ်ရပ်မှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်နေဖွယ်ရှိတယ်ဆိုတာ ပြသနေတယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

မစ္စတာ Quintana ရဲ့ မှတ်ချက်ကို သမ္မတ ဦးသိန်းစိန် က ငြင်းဆိုခဲ့ပါတယ်။ PHR လူ့အခွင့်အရေးအဖွဲ့ကလည်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ တိုက်ရိုက်အမိန့်ပေးတာတွေ၊ ရန်ပုံငွေ ထောက်ပံ့တာတွေ နဲ့ပတ်သက်ပြီး အထောက်အထား နည်းပါးလှပေမယ့် ပဋိပက္ခတွေအတွင်း ကျူးလွန်ပုံပုံစံ တွေကိုကြည့်ရင် ရဲဘက် နဲ့ စစ်ဘက်ဟာ အမိန့်အတိုင်း လိုက်နာခဲ့ကြတတယ်ဆိုတာ ပြောနိုင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို အပြစ်တဲ့နေရာမှာလည်း ဖမ်းဆီးခံရသူတွေထဲမှာ မွတ်ဆလင် အရေအတွက် ပိုများပြီး၊ သူတို့ကို ချမှတ်တဲ့ ထောင်ဒဏ်တွေကလည်း ပိုပြီးကြီးလေးတယ်လို့ PHR အဖွဲ့ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး William Davis က ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA Burmese

မလေးရှားတွင် မုဒိမ်းကျင့်ခံရသူနှင့် အတူနေသည့် မြန်မာ အမျိုးသမီးများအတွက် လုံခြုံရေး ချထား


ရန်ကုန်၊ သြဂုတ် ၂၀

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်တွင် မုဒိမ်းကျင့်ခံခဲ့ရသည့် မြန်မာ အမျိုးသမီးနှင့် အတူ နေထိုင်သည့် အမျိုးသမီး အလုပ်သမား၂၀၀ ကျော်ကို လုံခြုံသော နေရာသို့ ပြောင်းရွှေ့ပေးရန် အလုပ်ရှင်နှင့် သဘောတူညီမှု ရရှိထားပြီး လက်ရှိ နေထိုင်နေသည့် အဆောင်တွင်လည်း လုံခြုံရေးများ ချပေးထား ကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြား သည်။

ဂျိုဟိုးပြည်နယ်ရှိ Panasonic ဖုန်း ထုတ်လုပ်သည့် Flairis Shd Bhd စက်ရုံ တွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအမျိုးသမီး လုပ်သားများ နေထိုင် သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီး တစ်ဦးကို ဖမ်းခေါ်သွားကာ မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း၊ ယင်းကိစ္စကို အရေးယူပေးရန် အမူဖွင့် ဆောင်ရွက်နေပြီး အမျိုးသမီးများ လုံခြုံရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား အရာရှိက ဆောင်ရွက်ပေးနေကြောင်း ဦးမျိုးအောင်က ဆိုသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း မြန်မာ အလုပ်သမားများထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ယခုနှစ် မေလကုန်နှင့် ဇွန် လဆန်းတို့တွင် မြန်မာ လုပ်သားများကို အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် မြန်မာ ခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အလုပ်သမား စေလွှတ်မှုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့သည်။
The Voice Weekly

ပတ်စ်ပို့စာအုပ်ထဲကဓာတ်ပုံ ရုပ်ဆိုး၍တိုင်ကြားသူများရှိ


ရန်ကုန်၊ သြဂုတ်-၁၉

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ရိုက်ကူးရသည့် ပတ်စ်ပို့ဓာတ်ပုံမှာ ပြင်ပရုပ်ရည်နှင့်ကွာခြားပြီး ရုပ်ဆိုးနေသည့်အတွက် ပတ်စ်ပို့လျှောက်ထားသူများ၏ တိုင်ကြားမှုများရှိနေသော်လည်း အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း (ICAO)၏ သတ်မှတ်ချက်နှင့်အညီ စီစဉ်ရိုက်ကူးရခြင်းကြောင့် ပြင်ပမှရိုက်ကူးလာသော ဓာတ်ပုံများကို လက်ခံနိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံး၊ ဓာတ်ပုံဌာနမှ ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောကြားသည်။

“ဓာတ်ပုံတွေကို ပတ်စ်ပို့စာအုပ်မှာ တစ်ခါတည်းကပ်ပေးနိုင်ဖို့ ရေမစိုမပျက်စီးအောင် လင်မနစ်အုပ်ပေးရတယ်။ အပူပေးရတယ်။ ဓာတ်ပုံစက္ကူနဲ့ ထုတ်တာလည်းမဟုတ်တော့ အပြင်ဓာတ်ပုံနဲ့တော့ကွာတယ်။ ဒါ့အပြင် ICAO ရဲ့ သတ်မှတ်ချက်အရ ဓာတ်ပုံတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ လူရဲ့မျက်နှာကိုယူထားတဲ့အတွက် ဓာတ်ပုံထဲမှာ ပြူးပြူးကြီးနဲ့ မျက်နှာတစ်ခုတည်းဖြစ်နေတာကြောင့် ရုပ်ဆိုးတယ်လို့ ပြောကြတာဖြစ်ပါတယ်”ဟု ဒုတိယရဲမှူးကြီးကျော်ဇေယျကပြောကြားသည်။

ပတ်စ်ပို့လျှောက်ထားသူများကလည်း ဓာတ်ပုံရိုက်ကူးခ ကျပ် ၃၂၀၀ ပေးသွင်းရသည့်အပြင် မိမိသွားလေရာ နိုင်ငံတိုင်းသို့ ယူဆောင်သွားရမည့် နိုင်ငံကူးလက်မှတ်မှာ သက်ဆိုင်ရာနိုင်ငံတိုင်း၏ လေဆိပ်သို့ ဖြတ်သန်းရမည်ဖြစ်ပြီး မိမိရုပ်ရည်ကိုပင် ပြန်လည်မမှတ်မိနိုင်သည်အထိ ပုံထွက်ဆိုးရွားလွန်းသည့်အပေါ် စိတ်တိုင်းမကျမှု များစွာဖြစ်နေကြရသည်။ ထို့ကြောင့် မိမိစိတ်တိုင်းကျ ပြင်ပမှရိုက်ကူးလာသည့် ဓာတ်ပုံများကို လက်ခံပေးစေလိုကြောင်း ပတ်စ်ပို့လျှောက်ထားသူများနှင့် တွေ့ဆုံမေးမြန်းခြင်းမှသိရသည်။

“ကျွန်မခင်ပွန်းဆို ထွက်လာတဲ့ သူ့ဓာတ်ပုံကိုကြည့်ပြီး တော်တော်လေးစိတ်ဆိုးလို့ ဆွဲဖြဲပြီး နောက်ထပ်တစ်ခေါက် ထပ်ရိုက်တယ်။ နောက်တစ်ခေါက်မှာလည်း သိပ်မထူးပါဘူး။ သူလည်း ထွက်ရခါနီးတော့ ဒါကိုအရေးလုပ်မနေနိုင်ဘူး။ စိတ်တိုင်းမကျလည်း ဘယ်လိုလုပ်မလဲ။ အပြင်ဓာတ်ပုံမှ ဒီရုံးကလက်မခံတာ။ ကျွန်မပုံဆိုလည်း မြင်တဲ့အတိုင်းပဲလေ။ တော်တော်ရုပ်ဆိုးနေတာ”ဟု ထိုင်းနိုင်ငံသို့ ခေတ္တအလည်အပတ်သွားရောက်ရန် သြဂုတ် ၁၃ ရက်က ပတ်စ်ပို့လာရောက်လျှောက်ထားသူ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦးကပြောကြားသည်။

ပတ်စ်ပို့ဓာတ်ပုံရိုက်ကူးသည့် ကင်မရာကို ပတ်စ်ပို့စာအုပ်ထုတ်ရန် သီးသန့်ဆော့ဖ်ဝဲ ထည့်သွင်းထားသည့် ကွန်ပျူတာဖြင့် ချိတ်ဆက်ထားပြီး ရိုက်ကူးလိုက်သောဓာတ်ပုံများမှာ ယင်းဆော့ဖ်ဝဲမှတစ်ဆင့် ဓာတ်ပုံကူးစက်ထဲ ရောက်ရှိသွားသည့်အတွက် ပြင်ပဓာတ်ပုံများကို လက်ခံပါက အချိန်ကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်နိုင်ကြောင်း ဒုရဲမှူးကြီးကျော်ဇေယျကပြောသည်။

“ကျွန်တော်တို့က တစ်နေ့တစ်နေ့ လူနှစ်ထောင်လောက်ကို တစ်ယောက်ချင်း ဆော့ဖ်ဝဲနဲ့ရိုက်ပြီး ကူးစက်ထဲတန်းပို့နေရတာ။ စံသတ်မှတ်ချက်နဲ့အညီ ပြင်ပက ဓာတ်ပုံတွေရိုက်လာတယ်ထားဦး၊ အဲဒီလူတစ်ယောက်ချင်းစီရဲ့ပုံတွေကို ကျွန်တော်တို့စက်ထဲထည့်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အာရုံစိုက်တာက ကျွန်တော်တို့ထုတ်ပေးလိုက်တဲ့ ပတ်စ်ပို့ဟာ ဘယ်နိုင်ငံလေဆိပ်ကမှ အငြင်းမခံရရေးပဲ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း(ICAO)၏ ခရီးသွားလမ်းညွှန်စာရွက်စာတမ်းဆိုင်ရာ စံသတ်မှတ်ချက်များထဲတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ ရိုက်ကူးရသည့် ဓာတ်ပုံသည် ကင်မရာကို တည့်တည့်ကြည့်ရခြင်း၊ မျက်လုံးအရောင်အနီမဖြစ်ရခြင်း၊ မျက်နှာကို ဖုံးကွယ်ထားခြင်းများမရှိရခြင်း၊ အရိပ်မထိုးရခြင်း၊ မှောင်လွန်းခြင်း၊ လင်းလွန်းခြင်းမရှိရခြင်း စသည်တို့ပါဝင်သည်။ ရိုက်ကူးပြီးဓာတ်ပုံများကို အလင်းအမှောင်မှအပ မည်သည့်ဆော့ဖ်ဝဲနှင့်မျှ ပြင်ဆင်ခြင်းမပြုလုပ်ရဘဲ အရှိအတိုင်းသာ သုံးစွဲရကြောင်း ဒုတိယရဲမှူးကြီးကျော်ဇေယျက ဆက်လက်ပြောကြားသည်။

ပတ်စ်ပို့ဓာတ်ပုံကို ဓာတ်ပုံဌာနတာဝန်ကျရဲအရာရှိက ပတ်စ်ပို့သီးသန့်ဆော့ဖ်ဝဲ ထည့်သွင်းထားသည့် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော သုံးချောင်းထောက် Canon EOS ပရော်ဖက်ရှင်နယ်ကင်မရာဖြင့် ရိုက်ကူးပေးခြင်းဖြစ်သည်။ ယင်းကင်မရာကိုလည်း ကင်မရာကုမ္ပဏီက လာရောက်ချိန်ညှိတပ်ဆင်ပေးထားပြီး ICAO သတ်မှတ်ချက်နှင့်အညီ ရိုက်ကူးရသည့်အတွက် ပုံထွက်ပြတ်သားကြည်လင်မှုကိုသာ အဓိကထားကြောင်း ၎င်းကပြောကြားသည်။

“စင်ကာပူက မြန်မာသံရုံးမှာ အရင်ကပတ်စ်ပို့သက်တမ်းသွားတိုးရင် အပြင်ကရိုက်ထားတဲ့ ဓာတ်ပုံပေးလို့ရတယ်။ အဲဒီတုန်းက စိတ်ချမ်းသာရတယ်။ အခု အဲဒီသံရုံးကပါ အပြင်ပုံဆို လက်မခံတော့ဘူး။ သူတို့ရိုက်ပေးတဲ့ပုံ သုံးခိုင်းတယ်။ ပိုက်ဆံပေးရလည်း စိတ်ကျေနပ်မှုမရှိဘူး”ဟု စင်ကာပူနိုင်ငံ၌ နေထိုင်အလုပ်လုပ်ကိုင်နေသည့် အသက်(၂၈)နှစ်အရွယ် အီလက်ထရွန်နစ်အင်ဂျင်နီယာတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ ပတ်စ်ပို့လျှောက်ထားရာတွင် ဖြေလျှော့မှုများပြုလုပ်ပြီးသည့်နောက်မှစ၍ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူပေါင်း တစ်ထောင့်ငါးရာဝန်းကျင်ရှိပြီး တနင်္လာ၊ သောကြာနေ့များတွင်မူ နှစ်ထောင်ကျော်ခန့်ရှိကြောင်း အဆိုပါရုံးမှသတင်းရရှိသည်။

နိုင်ငံခြားသားဧည့်သည်များနှင့် ထိတွေ့ဆက်ဆံရသော ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုရန်နိုင်ကလည်း မိမိဧည့်ခံလမ်းညွှန်ရသော နိုင်ငံအများစုမှ ဧည့်သည်များ၏ ပတ်စ်ပို့စာအုပ်များကို တွေ့မြင်ဖူးပြီး မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ပတ်စ်ပို့စာအုပ်ပါ ဓာတ်ပုံများကဲ့သို့ ရုပ်ရည်ဆိုးရွားခြင်းမရှိကြောင်း ပြောကြားသည်။

“အင်္ဂလန်၊ အမေရိကန်၊ စပိန် စတဲ့နိုင်ငံတွေက ဧည့်သည်တွေရဲ့ ပတ်စ်ပို့စာအုပ်တွေ တွေ့ဖူးပါတယ်။ သူတို့ဓာတ်ပုံက ဓာတ်ပုံဆိုင်တွေမှာ ရိုက်ထားတဲ့ပုံတွေအတိုင်းပဲ။ ကျွန်တော်တို့ဆီက ပုံတွေလိုမဆိုးဘူး။ ကျွန်တော်ကိုယ်တိုင် ပတ်စ်ပို့လျှောက်တုန်းကလည်း ကိုယ့်ပုံကိုယ်မမှတ်မိလောက်အောင် ဖြစ်သွားဖူးတယ်။ ဘာကွာလဲတော့မသိပါဘူး”ဟု ကိုရန်နိုင်ကပြောကြားသည်။

မြန်မာနိုင်ငံကူးလက်မှတ်များကို ၂၀၁၀ ဧပြီလမှစ၍ စက်ဖြင့်ဖတ်ရှုစစ်ဆေးထုတ်ပေးသည့်စနစ် (Machine Readable)သို့ ပြောင်းလဲခဲ့ပြီး ယနေ့အထိ သုံးနှစ်နီးပါးအတွင်း နိုင်ငံကူးလက်မှတ်စာအုပ်ပေါင်း တစ်သန်းနှင့်နှစ်သိန်း ထုတ်ပေးထားပြီးဖြစ်သည်။ ဖြေလျှော့မှုများပြုလုပ်ခဲ့သည့် ၂၀၁၃ မတ်လမှစ၍ ယခုသြဂုတ်လအထိ နိုင်ငံကူးလက်မှတ်ပေါင်း ခန့်မှန်းခြေ တစ်သိန်းနှစ်သောင်း ၀န်းကျင်ထုတ်ပေးပြီးဖြစ်ကြောင်း ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောကြားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

ခွေးရူးရောဂါ(သို့မဟုတ်)သေမိန့်


ရေးသားသူ- ရဲနောင်၊နန်းအောင်

သြဂုတ်လလယ် နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်ဆေးရုံကြီးအတွင်း ပေနှစ်ဆယ်ပတ်လည်ခန့်ရှိသော သီးသန့်လူနာများထားရာ အခန်းရှေ့၌ တာဝန်ကျသူနာပြုဆရာမလေးက “မနေ့က သုံးနှစ်အရွယ်ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် ထပ်ရောက်နေပြန်ပြီ”ဟု ကရုဏသက်သောလေသံဖြင့် ခပ်တိုးတိုးလေးပြောသည်။

အဆိုပါအခန်းငယ်လေးသည် ရောက်ရှိလာသော လူနာများ၏ ကျန်းမာရေးသတင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၊ မိတ်ဆွေများအား စိတ်မချမ်းမြေ့ဖွယ်ရာများကိုသာ ပေးလေ့ရှိသည့် ခွေးရူးပြန်ရောဂါကူးစက်ခံသူများကိုသာ သီးသန့်ထားသောအခန်းပင်ဖြစ်သည်။

ရောဂါကူးစက်လျှင် ရာနှုန်းပြည့်သေဆုံးသည်ဟု မကောင်းသည့်ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည့် ခွေးရူးပြန်ရောဂါကြောင့် ဆေးရုံများ၏ သီးသန့်လူနာခန်းများနှင့် ဆေးရုံသို့မရောက်ဘဲ မိမိတို့၏နေအိမ်များ၌ ဘ၀၏နောက်ဆုံးအချိန်ကို ဖြတ်သန်းရသူ ကိန်းဂဏန်းများသည်လည်း မြန်မာနိုင်ငံ၌ မြင့်မားလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ စာရင်းအရ လူဦးရေတစ်သန်းလျှင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ၂၂ ယောက်နှုန်းအထိရှိနေသော မြန်မာနိုင်ငံသည် အဆိုပါရောဂါ အဖြစ်များဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေခြောက်သိန်းခန့်မှာ ခွေးကိုက်ခံနေရသည်ဟု ဖော်ပြထား၏။

ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရန်၊ လျှော့ချပစ်နိုင်ရန် နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးလိုအပ်လျက်ရှိသည်ဟု အဆိုပါရောဂါနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သောပညာရှင်များကပြောသည်။

“အခုလက်ရှိတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ ပြီးတော့ အစိုးရပိုင်းနှင့် ပညာရှင်တွေအားလုံး ပူးပေါင်းဖို့လိုနေပါပြီ”ဟု ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုထိန်းချုပ်ရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့(မန္တလေး)မှ ဒေါက်တာကျော်ထင်ကပြောသည်။

ခွေးများအတွက် မှတ်ပုံတင်ပြုလုပ်၍ စာရင်းအတိအကျပြုစုခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ခွေးကောင်ရေ ထိန်းချုပ်စီမံရေးတို့သည် နိုင်ငံတော်မူဝါဒတစ်ခုအောက်တွင် တညီတညွတ်တည်းဖြင့် တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခွေးရူးပြန်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များတွင် ဖော်ပြနေ၏။

မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ခွေးလေခွေးလွင့်ထိန်းချုပ်ရေးအတွက် အသားလုံးပစ်၍ ရှင်းလင်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ခွေးရူးပြန်ရောဂါကာကွယ်ဆေးထုတ်ပေးခြင်း၊ ပြည်တွင်းအဖွဲ့အစည်းအချို့က တတ်နိုင်သမျှဖြင့် ခွေးလေခွေးလွင့်များအား ကာကွယ်ဆေးထိုးပေးနေခြင်း၊ လူပုဂ္ဂိုလ်အချို့က ပိုင်ရှင်မဲ့ခွေးများအတွက် ထိန်းသိမ်းရေးဂေဟာများ ပြုလုပ်ဆောင်ရွက်နေခြင်းစသည့်တို့ကို ပြုလုပ်နေကြသော်လည်း အားလုံးပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောရန်မှာ အလွန်ခက်ခဲသောအခြေအနေတစ်ခုဖြစ်ပါသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၌ တစ်နှစ်လျှင်လူဦးရေ လေးသိန်းခန့် ခွေးကိုက်ခံနေရသော်လည်း ပျမ်းမျှလူတစ်သန်းတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသူမှာ တစ်ယောက်ပင်မပြည့်ဘဲ အဆိုပါရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ တစ်နှစ်လျှင် ၂၅ ယောက်အောက်ရှိနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စက်တင်ဘာ ၂၈ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့(World Rabies Day) ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာတာဝန်ရှိဌာနများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းတစ်ခုဖြစ်၏။

“ခွေးလေခွေးလွင့်ပြဿနာကို စည်ပင်သားသတ်ဌာနကပဲ ကိုင်တွယ်ဖြေရှင်းနေရတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပူးပေါင်းမှုအားနည်းတယ်။ ခွေးတွေမှတ်ပုံတင်တာ၊ ကာကွယ်ဆေးထိုးတာ စတာတွေအားလုံးက အကုန်လုံးပေါင်းပြီးလုပ်မှရမယ်”ဟု မွေးမြူရေးနှင့်ကုသရေးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးကပြောသည်။

မက္ကဆီကိုနိုင်ငံတွင် ငါးနှစ်စီမံကိန်းဖြင့် နိုင်ငံအတွင်းရှိ ခွေးလေခွေးလွင့်မကျန် ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ခဲ့ရာ ဖြစ်ပွားမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ တစ်နှစ်လျှင် သေဆုံးမှု ၆၀ ကျော်မှ ၂၀ ကျော်အောက်သို့ ရောက်သွားခဲ့ခြင်းသည် ဥပမာကောင်းတစ်ခုဖြစ်သည်။

ခွေးတစ်ကောင်အား ကာကွယ်ဆေးထိုးလျှင် ကျပ်ငွေသုံးထောင်မှ ငါးထောင်ခန့်သာ ကုန်ကျပြီး လူတစ်ဦးလျှင် အဆိုပါရောဂါကာကွယ်ဆေးမှာ ခြောက်သောင်းခန့် ကျသင့်မည်ဖြစ်သည်။ တစ်နှစ်လျှင် ခွေးကိုက်ခံရသူ ခြောက်သိန်းခန့်ရှိသော မြန်မာနိုင်ငံတွင် အကိုက်ခံရသူများအားလုံးကို ကာကွယ်ဆေးထိုးပါက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကုန်ကျမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးအနေနဲ့က ခွေးကောင်ရေအတိအကျ ကောက်ထားတာမရှိပါဘူး။ ဒါပေမယ့် ဘယ်အရာကို အဓိကထားရမလဲဆိုတာ ပေါ်လွင်နေပါတယ်။ ဆေးထိုးရင်နောက်က Registration (မှတ်ပုံတင်)တာတို့၊ ခွေးကောင်ရေထိန်းချုပ်တာတို့ပါ တစ်ဆက်တည်းလုပ်ဖို့လိုတယ်”ဟု အင်းစိန်မြို့နယ် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ရှင်းပြသည်။

မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်က ခွေးလေခွေးလွင့် ၂၁၄၆ ကောင်အား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် အကောင်ရေ ၅၀၀ ထိုးပြီးဖြစ်သည်ဟု တိရစ္ဆာန်ဆေးကုသဆရာဝန်များအဖွဲ့(မန္တလေး)ထံမှ သိရသည်။ သို့သော် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင် သီးသန့်ပြုလုပ်နေသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက ရာနှုန်းပြည့်နည်းပါးနေသည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာခင်မောင်ထွေးကပြောသည်။

ထို့အပြင် ခွေးကောင်ရေထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံအများစုတွင် အကန့်အသတ်များရှိနေပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှုတွင် အားနည်းနေသည်ဟု ကမ္ဘာလုံးဆိုင်ရာ ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေးအဖွဲ့(Global Alliance For Rabies Control)၏ အစီရင်ခံစာက ဖော်ပြနေ၏။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနအနေဖြင့် အမဲသားကို အဆိပ်ခတ်၍ တစ်လလျှင် ခွေးလေခွေးလွင့် ၂၅၀၀ ခန့် ရှင်းလင်းပေးနေရသည်ဟုဆိုသည်။ သို့သော် နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော အဆိုပါနည်းလမ်းဟောင်းသည် အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိခြင်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးတွင် အောင်မြင်မှုအားနည်းစေခြင်းဖြစ်သည်။

“စည်ပင်က အမဲသားပစ်ပြီးရှင်းရင် ခွေးတွေကိုသနားတယ်။ ဒါပေမဲ့ ဈေးထဲမှာက ပိုင်ရှင်မရှိတဲ့ခွေးတွေက အကောင် ၂၀ လောက်ရှိတယ်။ သနားပေမယ့် ခွေးကိုက်ခံရမှာတော့ တော်တော်ကြောက်တယ်”ဟု လှိုင်မြို့နယ် ရပ်ကွက်ဈေးတစ်ခုရှိ အသက် ၅၀ ကျော်အရွယ် ပန်းရောင်းသူအမျိုးသမီးကြီးတစ်ဦးကပြောသည်။

နိုင်ငံသားအများစုကိုးကွယ်သော ဗုဒ္ဓဘာသာအဆုံးအမအချို့ကြောင့် ခွေးလေခွေးလွင့်ထိန်းချုပ်၊ ရှင်းလင်းရေးမှာ ဝေဖန်ခံရမှုရှိနေသော်လည်း ၎င်းတို့မှာတစ်ဆင့် ဖြစ်လာမည့် ခွေးရူးပြန်ရောဂါ၏ ဆိုးရွာမှုကို မည်သူမျှအတိအကျမသိရှိကြပေ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ ခွေးကောင်ရေ၏ ၇၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုးရှိနေသည်။ အဆိုပါရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ၂၀၅ ဦး သေဆုံးပြီး ၂၀၁၂ ခုနှစ်တွင် ၂၄၀ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ သို့သော် ဆေးရုံဆေးခန်းသို့မရောက်ရှိဘဲ သေဆုံးခဲ့သော အရေအတွက်မှာ အဆိုပါကိန်းဂဏန်းများထက် အနည်းဆုံးနှစ်ဆကျော်များနေမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းကြသည်။ ပြီးခဲ့သည့်ဧပြီလအတွင်းက မန္တလေးတိုင်း၌ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရသော အိမ်မွေးခွေးအကိုက်ခံရမှုကြောင့် တစ်နေ့တည်းမှာပင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရသည်။

“အစ်မယောက်ျားဆုံးတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်နေခဲ့တယ်။ မသေခင်တစ်ချက်တစ်ချက် လူစိတ်ဝင်လာတဲ့အခါကျရင် သူ့သားသမီးတွေကို ခွေးတွေနဲ့ ဝေးဝေးနေဆိုတာကိုပဲမှာတယ်”ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက လွန်ခဲ့သောငါးနှစ်ခန့်က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သော ခင်ပွန်း၏ နောက်ဆုံးခရီးစဉ်အကြောင်းကို ပြောပြသည်။

ခွေးရူးပြန်ရောဂါသည် အာရုံကြောဆဲလ်များကို ဖျက်ဆီးသည့် Rabies ဗိုင်းရပ်စ်ကြာင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးရှိသော လူ၊ ခွေး၊ ကြောင်၊ အိမ်မွေးတိရစ္ဆာန်များအကိုက်ခံရခြင်း၊ ခွေးနှင့် ကြောင်၏သွားရည်မှတစ်ဆင့် လူ့အရေပြားပေါ်ရှိ ထိခိုက်ရှနာ၊ ဒဏ်ရာတို့မှတစ်ဆင့် ကူးစက်ခံရနိုင်ပြီး ရောဂါကူးစက်ခံရသူတွင် အဖျားငုပ်နေတတ်ပြီး ခွေးကိုက်ခံရသည့်နေရာ ယားယံနာကျင်ခြင်း၊ ရေကြောက်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် ခွေးကဲ့သို့ကိုက်ခြင်းလက္ခဏာများပြ၍ တစ်ပတ်အတွင်း သေဆုံးနိုင်ကြောင်း၊ ကာကွယ်ဆေးရှိသော်လည်း ရောဂါဖြစ်ပါက သေဆုံးရန်ရာခိုင်နှုန်းအပြည့်ရှိကြောင်း ခွေးရူးရောဂါကာကွယ်ရေး လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ဆင်းရဲသောမိသားစုများ ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးသော ဝေးလံခေါင်သီသော ဒေသများ၌ နေထိုင်သူများနှင့် အသက် ၁၅ နှစ်အောက် ကလေးငယ်များသည် ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်သည့် အခြေအနေပိုများသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စစ်တမ်းပြုစုထားသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ကျန်းမာရေးတက္ကသိုလ်မှ ပြုလုပ်ထားသောစာရင်းများအရ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များသေဆုံးမှုတွင် ခွေးရူးပြန်ရောဂါကြောင့် ဖြစ်ပွားခြင်းသည် အဆင့် ၁၇ နေ ရာတွင် ရှိနေသည်။

တစ်ရက်လျှင် ပျမ်းမျှဝင်ငွေ နှစ်ထောင်ကျော်သာရှိနေသော မြန်မာနိုင်ငံအတွင်းရှိ မိသားစုများအနေဖြင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတစ်ခါထိုးခြင်းသည် မိမိတို့၏ တစ်လလုပ်အားခ ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် အများစုက ဆေးရုံ၊ ဆေးခန်းများထက် မြန်မာနည်း၊ မြန်မာဟန် ဆေးမန်းသည့်နေရာများဆီသို့သာ အားကိုးတကြီးသွားနေကြမြဲဖြစ်သည်။

“ခွေးရူးတကယ်ကိုက်တယ်ဆိုရင် ဘယ်လိုမန်းမန်းမရဘူးလို့ ပြောလိုက်ပါရစေ။ ကာကွယ်ဆေးထိုးမှရမယ်”ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာနေ၀င်းကပြောသည်။

ကမ္ဘာပေါ်တွင် အဆိုပါရောဂါကြောင့် တစ်ရက်လျှင် လူ ၁၅၀ ခန့် သေဆုံးနေမှုများကြားတွင် မြန်မာနိုင်ငံအနေဖြင့် ခွေးအကိုက်ခံရမှ ကာကွယ်ဆေးထိုးကြမည်လား၊ သို့မဟုတ် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခွေးလေခွေးလွင့်ထိန်းချုပ်ရေး၊ မှတ်ပုံတင်စာရင်းပြုစုခြင်း၊ ခွေးများအား ကာကွယ်ဆေးထိုးခြင်းများကို အားလုံးပူးပေါင်းဆောင်ရွက်ကြမည်လားဆိုသည်မှာ မေးခွန်းတစ်ခုအဖြစ်ရှိနေပါပြီ။

ဓာတ်ပုံ- နစ်ကီ
7Day News Journal

ကမ်းနားကွန်ကရစ်လမ်းတွင် ပလက်ဖောင်းနှင့် ရပ်ထားသည့် ယာဉ်(၃)စီးအားတိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်


ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၃ ရက်နေ့ ၂၃၁၅ အချိန် ဆိပ်ကမ်းမြို့နယ်၊ ကွန်ကရစ်လမ်း
အတိုင်း ဗိုလ်တထောင်ဘက်မှအလုံမြို့နယ်ဘက်သို့ ယာဉ်မောင်းစုံစမ်းဆဲ
မောင်းနှင်လာသော ၉ဃ/---- ဟီးနိုး(၈)ဘီးယာဉ်သည်
မော်တင်ဆိပ်(၄)လမ်းနှင့်(၅)လမ်းကြားအရောက် လမ်း၏ယာဘက်
ပလက်ဖောင်းအား တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ ကမ်းနားလမ်းဘေးတွင် ညအိပ်ရပ်ထားသည့် ၆ခ/---- မှန်လုံယာဉ်၊ 4F/---- တိုယိုတာဖစ်၊
၎ဃ/---- နစ်ဆန်း(၁၂)ဘီးယာဉ် တို့အားဆက်လက်တိုက်မိခဲ့ပြီး ကွန်ကရစ်လမ်းဘေး ရေမြောင်းပေါ်သို့တစောင်းအနေအထားဖြင့်
တိမ်းမှောက်ခဲ့ပါသည်။

ယာဉ်မောင်းမှာအခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်
သွားသဖြင့် ယာဉ်အားမဆင်မချင်မောင်းနှင်သူ ၉ဃ/---- ယာဉ်မောင်းအား ဆိပ်ကမ်းမြို့မရဲစခန်း ယာဉ်(ပ) ၁၈/၂၀၁၃၊ ပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်လှစ်အရေးယူကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Miss Supranational ပြိုင်ပွဲဝင် ခင်ဝင့်ဝါ

 




Miss Supranational ပြိုင်ပွဲဝင် ခင်ဝင့်ဝါ နိင်ငံတကာမှအလှမယ်များနှင့်အတူ
မြို့တော်အတွင်းလှည့်လည်ခြင်းအစီအစဉ် ဆင်နွဲ

ဘယ်လာရုစ်-သြဂုတ်၂၁
Miss Supranationalနောက်ဆုံးဖိုင်နယ်ပွဲကိုစက်တင်ဘာ၆ရက်တွင်ပြုလုပ်မည်ဖြစ်ပြီး
နိင်ငံပေါင်း၉၀ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
Miss Supranational ယှဉ်ပြိုင်ရန် မြန်မာနိင်ငံမှ မခင်ဝင့်ဝါသည်
ဘယ်လာရုစ်(Belarus )နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ြပီးနိင်ငံတကာမှအလှမယ်များနှင့်အတူ
မြို့တော်အတွင်းလှည့်လည်ခြင်းအစီအစဉ်တွင် ပါဝင်ဆင်နွဲကြောင်း Miss Supranationalဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားသည်။
Miss Supranational Myanmar မခင်ဝင့်ဝါသည် Belarus နိုင်ငံ Minsk မြို့တော်တွင်ကျင်းပမည့်
၎င်းကမ္ဘာ့ အလှမယ်ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှ သြဂုတ်၁၅ရက်ကထွက်ခွာသွားခြင်းဖြစ်သည်။

တစ်ကမ္ဘာလုံး အင်တာနက်ရရန် Facebook, Nokia, Samsung တို့ ပူးပေါင်းပြီ


တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုလာနိုင်ရေးအတွက် ကြိုးပမ်းမှုကို Samsung, Nokia, Samsung တို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ သူတို့အပြင် အခြားသော ကမ္ဘာ့အကြီးဆုံး နည်းပညာ ကုမ္မဏီများလည်း ပါဝင်ပါသေးတယ်။

ယင်းကုမ္မဏီအားလုံးက ပူးပေါင်းပြီး Internet.org ဆိုတဲ့ဆိုဒ်ကို အရင်စထောင်ပါတယ်။ Facebook တည်ထောင်သူ Mark Zukerberg ကိုယ်တိုင် တရားဝင်ကြေညာပြီး မိတ်ဆက်ပေးလိုက်တဲ့ ယင်း ဝဘ်ဆိုဒ် ဟာ ၎င်းတို့ ကြိုးစားဖန်တီးနေတဲ့ Activity တွေကို အချိန်တိုင်း တင်ပေးနေမှာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုနိုင်သူ ဦးရေ ၂.၅ ဘီလျံ ဝန်းကျင်သာ ရှိသေးသပြီး ပထမစီမံကိန်းအတွက် ၅ ဘီလျံ ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အင်တာနက် အသုံးပြုရန် လွယ်ကူပေမယ့် ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲသော နိုင်ငံတွေမှာ အင်တာနက် ရရှိနိုင်ဖို့ဟာ အင်မတန် ခက်ခဲနေသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် အကုန်အကျ နည်းနည်းနဲ့ ကောင်းကောင်း အသုံးပြုနိုင်မယ့် အင်တာနက် ချိတ်ဆက် နည်းပညာများကို ဖန်တီးပြီး ကမ္ဘာ့အနှံ့ လိုအပ်တဲ့ နေရာတွေဆီ သွားရောက် တပ်ဆင်ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

Nokia ဟာလည်း လူဦးရေ သန်း ၁ထောင်ကျော်ကို ဖုန်းရောင်းချပေးပြီးခဲ့ Connecting People ဆိုတဲ့ ဆောင်ပုဒ် အတိုင်း တာဝန်ကျေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ်ခြေလှမ်းအနေနဲ့ လိုအပ်နေသေးတဲ့ ကမ္ဘာ့ ဆင်းရဲ နိုင်ငံများမှ အင်တာနက် အသုံးပြုနိုင်ရန် Facebook, Samsung တို့နဲ့ အတူ ရင်းနှီးမြှုပ်နှံ လှူဒါန်း သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: Internet.org
Aung Kham (TSJ team)

ကမ္ဘာ့ ဖော်ရွေမှု အရှိဆုံးမြို့ကြီး ၂၀ တွင် မြန်မာမှ မန္တလေးမြို့ပါဝင်လာ


ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့ကြီး၂၀ ကို CNN သတင်းဌာနက ဖော်ပြရာတွင် မြန်မာနိုင်ငံမှ မန္တလေးမြို့မှာ နံပါတ်စဉ် ရှစ်၌ ဖော်ပြခံရကြောင်း CNNနှင့် Xinhua သတင်းဌာနတို့၏ ဖော်ပြချက်အရ ၁၇-၈-၂၀၁၃ ရက်တွင် သတင်းရရှိသည်။ အလားတူပင် ကမ္ဘာ့ဖော်ရွေမှု အကင်းမဲ့ဆုံးမြို့ ၂၀ နှင့် နိုင်ငံတို့ကိုလည်း ဖော်ပြရေးသားခဲ့ပြီး တရုတ်နိုင်ငံမှ မြို့နှစ်မြို့လည်း ပါဝင်နေသည်ဟု ဖော်ပြချက်များမှ သိရသည်။

CNN သတင်းဌာနသည် ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်း (Conde Nest Traveller) ၏ စစ်တမ်းပြုစုမှုအပေါ် ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ကာ ဖတ်ရှုသူ ၄၆၀၀၀ ကျော်ထံမှ သုံးသပ်ချက်များကို အတည်ပြုထားခြင်း ဖြစ်ကြောင်းသိရသည်။ “နယူးယောက်မြို့နားမှာရှိတဲ့ Newark ဟာ အဆိုးဝါးဆုံး ဖော်ရွေမှု မရှိတဲ့ ဒေသထဲမှာ ပါဝင်နေတယ်လို့ စာအုပ်ဖတ်ရှုသူတွေဆီက ပြောကြားချက်တွေမှာ တွေ့ရပါတယ်” ဟု Conde Nest Traveller က ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ကမ္ဘာ့ဖော်ရွေမှုအရှိဆုံး မြို့များမှာ Florianopolis (ဘရားဇီး)၊ Hobart (Tasmania)၊ (Thimpu) (ဘူတန်)၊ Queenstown (နယူးဇီလန်)၊ Charleston (South Carolina)၊ Cork (အိုင်ယာလန်)၊ Paro (ဘူတန်)၊ မန္တလေး (မြန်မာ)၊ Margaret River (သြစတေးလျ)၊ Kilkenny (အိုင်ယာလန်)၊ Ubud Bali (အင်ဒိုနီးရှား)၊ Chaingmai (ထိုင်း)၊ Christchurch (နယူးဇီလန်)၊ Dubblin (အိုင်ယာလန်)၊ Galenal(Illinois)၊ Victoria( British Columbia)၊ Auckland (နယူးဇီလန်)၊ Savannah (ဂျော်ဂျီယာ)၊ Edinburgh (စကော့တလန်)နှင့် Asheville (North Corolina) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားများနှင့် နှစ်သက်မှုရှိသော တိုင်းပြည်တစ်ခုဖြစ်နေပြီး မြန်မာနိုင်ငံကို ရောက်ဖူးသူ အများစုထံမှ ပြောနေကျစကားဖြစ်သည့် “မြန်မာတွေက သဘောကောင်းကြတယ်။ ဖော်ရွေတယ်။ နိုင်ငံခြားသားတွေကို အထင်ကြီးလေးစား အရေးတယူ ရှိကြပုံပါပဲ” ဟူသော အချက်နှင့် ကိုက်ညီစွာပင် ယခုကဲ့သို့ ကမ္ဘာကျော် ခရီးသွားမဂ္ဂဇင်းနှင့် ကမ္ဘာကျော် သတင်းဌာနများက ရေးသား ဖော်ပြလာခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်မြန်မာ

ရင်သားကြီး၍ အမှုနိုင်သွားသူ မိန်းကလေး


ဘီကီနီ မော်ဒယ်မှ သရုပ်ဆောင်ဖြစ်လာသည့် ဂျပန် လှပျိုဖြူ တစ်ဦးဟာ တံခါးကို ချိုးဖျက်၍ ဖြစ်ပေါ်လာသော အပေါက်မှ တိုးဝင်၍ ပြစ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် အမှုတွင် အဆိုပါ အပေါက်တွင် သူမ၏ ဖွံ့ထွားလှသော ရင်သားများ ဝင်ဆံ့နိုင်ခြင်း မရှိဟု သက်သေပြနိုင်
ခဲ့ခြင်းကြောင့် အမှုမှ တရားသေ လွတ်ခဲ့ကြောင်း သိရှိရပါတယ်။

အသက် ၃၈ နှစ်အရွယ်ရှိ Serena Kozakura လို့ အမည်ရတဲ့ မော်ဒယ် မိန်းကလေးဟာ သူမ ချစ်သူ၏ တိုက်ခန်းတွင် အခြား အမျိုးသမီး တစ်ဦးကို တွေ့ရှိ ခဲ့ရခြင်းကြောင့် စကားများကြရာမှ အဆိုပါ တိုက်ခန်း၏ တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်၍ အပေါက်ဖြစ်စေကာ ယင်းအပေါက်မှ အခန်းတွင်းသို့ တိုးဝင်ခဲ့သည်ဟု ဆိုကာ တစ်ပါးသူ၏ ပိုင်ဆိုင်မှုကို ဆန္ဒအလျောက် ဖျက်ဆီးမှုဖြင့် ထောင်ဒဏ် ၁၄ လ ချမှတ် ခံခဲ့ရတဲ့ အတွက် တိုကျို တရားရုံးချုပ်သို့ အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အယူခံကို ကြားနာမှုတွင် သူမရဲ့ ချစ်သူနှင့် အခြား သက်သေ တစ်ဦးတို့က Kozakura ဟာ တံခါးကို ကန်ကျောက်၍ အပေါက် တစ်ပေါက် ဖြစ်စေခဲ့ကာ သူမရဲ့ ကိုယ်ကို ကျုံ့၍ ယင်းအပေါက်မှ တစ်ဆင့် တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထွက်ဆို ခဲ့ကြသည်။

သို့သော်လည်း အဆိုပါ တံခါးပေါ်မှ အပေါက်ကို တိုင်းတာကြည့်သည့်အခါ ၂၈.၃ လက်မ x ၈.၇ လက်မသာ ရှိပြီး Kozakura ရဲ့ နာမည်ကျော် လက်မ ၄၀ ရှိတဲ့ ရင်သားများ ဝင်ဆံ့နိုင်ဖို့အတွက် ကျဉ်းလွန်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုလို တရားစွဲဆို ခံရမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသော်လည်း နောက်ဆုံးတော့ မျှတတဲ့ တရားစီရင်မှုကို ရရှိ ခဲ့ကြောင်း၊ သူမရဲ့ ပိုလျှံနေတဲ့ ခန္ဓာကိုယ် အချိုးအဆက်ကြောင့် စိုးရိမ်မှု ရှိခဲ့သော်လည်း အခုတော့ ယင်းအတွက် ဂုဏ်ယူမိကြောင်း Kozakura က ဝမ်းမြောက်ဝမ်းသာ ပြောပြခဲ့ပါတယ်။

သူမ ချစ်သူရဲ့ ထွက်ဆိုချက်များတွင် သံသယဖြစ်ဖွယ်များ တွေ့ရှိခဲ့တဲ့ အတွက်လည်း ယခုလို ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ကြောင်း စီရင်ချက်ကို ဖတ်ကြားခဲ့သည့် တရားသူကြီး Kunio Harada က ရှင်းပြခဲ့ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သူကိုသာ လှပသူအဖြစ် ရှုမြင်လေ့ ရှိတဲ့ ဂျပန်နိုင်ငံမှာ Kozakura ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်အချိုးအဆက်ဟာ သူမကို တီဗွီ ဈေးဝယ်အစီအစဉ်များတွင် ပါဝင်နေရာမှ ဘီကီနီ မော်ဒယ်တစ်ယောက် ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ Kozakura ကတော့ သူမရဲ့ ရင်သားတွေ ကြောင့်သာ အမှုကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ ပြောမဆုံး ဖြစ်နေခဲ့ ပါတော့တယ်။

Ref: NY By Daily News

ကိုယ်ဝန် ဆောင်ထား မှန်းတောင် မသိလိုက်ဘဲ ကလေး မွေးဖွားခဲ့သူ


အသက် ၂၁ နှစ်အရွယ် လိန်းကာတာ ဆိုသူဟာဝမ်းဗိုက်နာကျင် တာကြောင့် ဆေးရုံသို့ သွားခဲ့ရာမှ ကလေး တစ်ယောက်ကို မွေးဖွား ခဲ့တယ်လို့ သိရပါတယ်။ သူ ကိုယ်ဝန်ရှိစဉ် ကာလတစ်လျှောက်လုံး
ဘာလက္ခ ဏာမှ မပြဘဲ မမွေးခင် တစ်လ အလိုမှာမှလေပွသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ လစဉ်
ဓမ္မတာ လာမြဲ တိုင်း လာနေပြီး ဝမ်းဗိုက်အတွင်းမှသန္ဓေသားရဲ့ လှုပ်ရှားမှုကိုလည်း ဘယ်လိုမှ မခံစားရ
ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ကလေးကို မွေးရမယ့်ရက်ထက် နှစ်ပတ်စော မွေးခဲ့ပြီး ကလေးရဲ့ ကိုယ် အလေးချိန်က ၄ ပေါင် ၁၂ အောင်စရှိတယ်လို့ ဆိုပါတယ်။

သူမနဲ့အတူ သူမရဲ့ ချစ်သူဖြစ်သူ စကော့တ်ကလည်းအလွန်အံ့အားသင့်ပေမယ့် နှစ်ယောက်စလုံးက
မွေးဖွား လာတဲ့ သားလေးအတွက် ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်မှာ လိန်းနဲ့ သူ့သားလေး ဟာ လိန်းရဲ့ မိခင်နဲ့အတူ နေထိုင်နေကြပေမယ့်သူတို့မိသားစု အတူတူ နေထိုင်ဖို့ အိမ်တစ်လုံးကိုရှာဖွေနေ တယ်လို့ သိရပါတယ်။

Kyaw Lin Naing ( MM Social Sky)

သမ္မတပုံ ဂရပ်ဖတီဆွဲသဖြင့် တရားစွဲခံရသူကို ဆီးဂိမ်းအတွက် နေပြည်တော်သို့ ဖိတ်ခေါ်ထား


သမ္မတပုံတူကို ဂရပ်ဖတီဆွဲသဖြင့် တရားစွဲဆိုခံရသည့် ကိုအာကာကျော် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

သမ္မတ ဦးသိန်းစိန်၏ ပုံတူကို ဂရပ်ဖတီ နံရံပန်းချီ ရေးဆွဲခဲ့သဖြင့် တရားစွဲဆို ခံခဲ့ရသူ ကိုအာကာကျော်အား ယခုလာမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းအတွက် နေပြည်တော်ကောင်စီအတွင်း နံရံရေးပန်းချီများ ရေးဆွဲပေးရန် တာဝန်ရှိသူများက ဖိတ်ခေါ် ထားကြောင်း သိရသည်။

“ဖိတ်တာကတော့ နေပြည်တော်က ဆီးဂိမ်းက တာဝန်ရှိသူတွေပဲ ဖိတ်တာပါ။ ဖုန်းလှမ်းဆက်ပြီး ကျနော့်ကိုပြောတာ။ အခုတခါကတော့ ဂရပ်ဖတီဆွဲတဲ့ သက်တမ်းတလျှောက်မှာ တရားဝင် ဆွဲရတဲ့ ပထမဆုံးအကြိမ်ပေါ့” ဟု ကိုအာကာကျော်က ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နေပြည်တော် ကောင်စီနယ်မြေတွင် နံရံရေးပန်းချီများ ရေးဆွဲရန် ယခုလာမည့် စက်တင်ဘာလတွင် နေပြည်တော်သို့ သွားမည်ဖြစ်သော်လည်း မည်သည့်ရုပ်ပုံ ရေးဆွဲရမည်ဆိုသည် ကိုတော့ မပြောလိုကြောင်း ကိုအာကာကျော်က ဧရာဝတီသို့ ပြောသည်။

“ဒီတခါတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပုံတူကို မဆွဲဖြစ်တော့ပါဘူး။ ဘာပုံတွေ ဆွဲမယ် ဆိုတာကို ကြိုပြောလိုက်ရင် ပေါ့သွားမှာစိုးရိမ်လို့ မပြောသေးဘူး။ ပြိုင်ပွဲရောက်မှပဲ ဘာပုံတွေ ဆွဲမယ်ဆိုတာကို ကြည့်ပါတော့” ဟု ၎င်းက ဆက်ပြောသည်။

လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲတွင် ဆီးဂိမ်းနှင့် ပတ်သက်သည့် ဆီးဂိမ်း လာဘ်ကောင်ဖြစ်သော ဇီးကွက်ရုပ် များမှ စ၍ အရုပ်များအားလုံး ရေးဆွဲမည် ဖြစ်သော်လည်း ရေးဆွဲမည့် ရုပ်ပုံအရေအတွက်ကို စဉ်းစားထားခြင်း မရှိကြောင်း၊ ဆီးဂိမ်း အတွက် နံရံရေး ပန်းချီများကို နေပြည်တော် ကောင်စီ နယ်မြေဖြစ်သည့် မြို့မဈေးအနီးတွင် ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် ဆီးဂိမ်းအတွက် နံရံရေး ပန်းချီကို ကိုအာကာကျော် တဦးတည်းကိုသာ ရေးဆွဲပေးရန် ဖိတ်ခေါ်ထားကြောင်း၊ နံရံရေး ပန်းချီ ရေးဆွဲနိုင်မည့် ဘုတ်ပြုလုပ်နေသည်မှာ မပြီးမြောက်သေးသည့် အတွက် စောင့်ဆိုင်း နေရကြောင်း၊ အဆိုပါဘုတ် ပြီးသည်နှင့် ကိုအာကာကျော်အား ခေါ်ယူကာ ရေးဆွဲခိုင်းမည်ဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်သည်များကို ပြုလုပ်နေရသည့် တာဝန်ရှိသူတဦး ဖြစ်သူ ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“အစကတော့ ဆီးဂိမ်းအတွက် ဂရပ်ဖတီ ဆွဲဖို့ အစီအစဉ်မရှိဘူး။ နောက်ပိုင်းမှ မြန်မာနိုင်ငံကို အိုဘားမား လာတုန်းက ပုံတူဆွဲဖူးတဲ့ ကောင်လေး တယောက်ရှိတယ်၊ သူ့ကိုခေါ်ပြီး ပြိုင်ပွဲနဲ့ ပတ်သက်တာလေးတွေ ဆွဲဖို့အကူအညီတောင်းရင် ကောင်းမယ်၊ ဒါမှသာ လူတွေ ပိုစိတ်ဝင်စား လာနိုင်တယ်လို့ ဒီက တယောက်က ဝန်ကြီးကို အကြံပေးခဲ့တယ်။ ဝန်ကြီးက သဘောတူပြီး လက်ခံလို့ အခုလိုတွေ စီစဉ်ရတာပေါ့” ဟု ဦးဌေးအောင်က ရှင်းပြသည်။

လာမည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေး ပန်းချီ ရေးဆွဲခြင်းများ ထည့်သွင်းရန် နေပြည်တော် စည်ပင် သာယာရေး ကော်မတီအား ခွင့်ပြုချက် တင်ထားခဲ့သော်လည်း စည်ပင်သာယာ၏ ခွင့်ပြုမိန့်မှာ မကျလာသေးဘဲ အချိန်ကြာနေခြင်း ကြောင့်သာ ယခုကဲ့သို့ နောက်ကျရခြင်း ဖြစ်ကြောင်း သိရသည်။

“စည်ပင်ရဲ့ ခွင့်ပြုမိန့်မရသေးလို့ ကြာနေတာ။ အခုမှ ခွင့်ပြုမိန့်ရလာလို့ ပုံဆွဲရမယ့် ဘုတ်ကိုလည်း အခုမှ လုပ်ဖြစ်တယ်။ ဘုတ်ကလည်း အခုထိ မပြီးသေးလို့ ပုံဆွဲပေးမယ့်သူကို မခေါ်ထားသေးဘူး။ ဘုတ်ကိုတော့ ဒီ ၁၀ ရက် ၁၅ ရက်အတွင်း ပြီးမယ်လို့ မှန်းထားတယ်။ ဘုတ်ပြီးမှ အာကာကျော်ကို လာဖို့ ခေါ်မှာပါ” ဟု ဦးဌေးအောင်က ပြောသည်။

ယခုလာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲအတွက် နံရံရေးပန်းချီများတွင် ရေးဆွဲရမည့် ပုံများကို ကိုအာကာကျော် စိတ်ကြိုက် ရေးဆွဲခွင့် ပေးမည်မဟုတ်ဘဲ အားကစား ဝန်ကြီးဌာနမှ ဝန်ကြီးက ခွင့်ပြု၍ ရေးဆွဲခိုင်းမည့် ပုံများကိုသာ ရေးဆွဲခွင့် ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဘာပုံတွေ ဆွဲရမယ်လို့တော့ ကျနော်တို့လည်း မသိသေးဘူး။ ဝန်ကြီးက စဉ်းစားတုန်းပဲ ရှိသေးတယ်။ ဒါကျတော့ ကျနော်တို့ အပါအဝင် ကိုအာကာကျော်လည်း စဉ်းစားပိုင်ခွင့်မရှိဘူး။ ဝန်ကြီးရွေးပေးတဲ့ ပုံကိုပဲ ဆွဲရမှာ။ ပုံတွေကတော့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ပိုစတာတွေထဲက ပုံတွေပဲပေါ့” ဟု ဦးဌေးအောင်က ဆိုသည်။

ယခင်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ၊ အများပြည်သူ၏ မြင်ကွင်းများတွင် ဆေးခြယ်ခြင်း၊ စာလုံးများ ရေးသားခြင်း၊ ရုပ်ပုံများ ရေးဆွဲခြင်း ပြုလုပ်သည့် မည်သူမဆို ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ) အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဥပဒေ ထုတ်ပြန်ထားသော်လည်း ယခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် သမ္မတ ဦးသိန်းစိန်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကိုအာကာကျော်က မရမ်းကုန်းမြို့နယ်ရှိ နံရံတခုပေါ်တွင် သမ္မတ၏ ပုံတူ ဂရပ်ဖတီကို ရေးဆွဲ ခဲ့ခြင်းကြောင့် မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ တရားစွဲဆိုခံရကာ ဒဏ်ငွေ တသိန်း ပေးဆောင်ခဲ့ရသည်။

“ဂရပ်ဖတီ မဆွဲရဘူးလို့ ကန့်သတ်ပြီး ဥပဒေချထားတုန်းက ချထားခဲ့တယ်။ အခုကျတော့လည်း ဆွဲပေးပါလို့ လာကမ်းလှမ်းတဲ့ အပေါ်မှာ ဘာမှ ထူးထူးခြားခြား ခံစားချက်တွေ မဖြစ်ပါဘူး။ ကိုယ့်ကို တရားစွဲခဲ့တာက ရန်ကုန်က လူတွေဖြစ်ပြီး အခု လာကမ်းလှမ်းတာက နေပြည်တော်ကလူတွေ ဖြစ်လို့ ဘာ တခြား ခံစားချက်မှ မထားထားဘူး။ ဒါနဲ့ ပတ်သက်လို့ ပြောစရာ လည်း သိပ်မရှိဘူး” ဟု ကိုအာကာကျော်က ဆိုသည်။

ညိမ်းပြည့်စုံ|ဧရာဝတီ

ဒါလေးကတော့ ညီ/ညီမငယ်တွေအတွက်ပါ သိထားသင့်တယ်



လက်ရှိ ကျနော့ပတ်ဝန်းကျင်မှာ အွန်လိုင်းကနေ တွေ့ပြီး အပြင်မှာ တကယ် ညားသွား ကြတဲ့ အတွဲတွေ လက်ချိုးရေလို့ မရအောင် များပြားနေပါပြီ။

မြန်မာပြည်လည်း နောက်ဆိုရင် ဖွံ့ဖြိုးပြီး တိုင်းပြည်တွေလို ဖြစ်လာမလား စဉ်းစားစရာတွေ အင်မတန် များလာ ပါတယ်။ အချို့ က ပြောပါတယ်။ အွန်လိုင်းမှာတွေ့တာ မယုံကြနဲ့။ အားလုံးက အလိမ်အညာတွေ။ အညာခံသွားရ လိမ့်မယ်။ အစရှိသဖြင့်ပေါ့။ ကျနော်လည်း အစက အဲ့လိုပဲ အဆိုးမြင့်တဲ့ ဘက်မှာ ပါခဲ့ ဖူးပါတယ်။ ခုတော့ ပြောင်းလဲသွား ပါပြီ။ ခေတ်ကြီးက ပြောင်းလဲနေတာလေ။ အွန်လိုင်းမှာ တွေ့ပြီး အပြင်မှာ မချိန်းပါနဲ့လို့ ကလေးတွေကိုလည်း သွားတားလို့ မရဘူးလေ။ ခက်တာက ကလေးတွေတင် မကပဲ လူလတ်ပိုင်း၊ လူကြီးတွေအတွက်ထိပါ Online Dating က အရေးပါလာပါတယ်။ ဒီတော့ မြန်မာပြည်မှာ အွန်လိုင်းကနေတွေ့ပြီး အပြင်မှာ ချိန်းတွေတာကို သာမန် Dating တစ်ခုလို့ပဲ မြင်မိပါတော့တယ်။

သို့ပေမယ့် ဆင်ခြင်ရမယ့် အပိုင်းတွေ အများကြီး ရှိပါတယ်။ မတွေ့ခင်ကတည်းက တစ်ယောက် အကြောင်း တစ်ယောက်သိဖို့ အပြန်လှန်မေးထားဖို့ လိုပါတယ်။ အွန်လိုင်း မှာကတည်းက ပြောဆိုဆက် ဆံတာ အဆင်မပြေရင် အပြင်မှာ တွေ့ဖို့ဆိုတာ ဝေလာဝေးလေ။ ဒီတော့ အွန်လိုင်း မှာကတည်းက တစ်ယောက်နဲ့ တစ်ယောက် စကားပြော ပြေပြစ်မှု ရှိမရှိကို အရင်သုံးသပ်ရပါမယ်။


Chatting တွင် စကားပြောပါ

Chatting မှာ စကားပြောတာတော့ သင်ပေးစရာမလိုဘူးလေ။ လူတိုင်းပြောတတ်နေတာပဲ။ တစ်ယောက် နဲ့ တစ်ယောက် ပြောပုံဆို ပုံ၊ ပြုမှုဆက်ဆံပုံက မတူတော့ ဘယ်လိုပြေပါ။ ဘာညတော့ ပြောလို့မရ ပါဘူး။ သို့ပေမယ့် ပြောဆိုမှုထဲမှာ အမည်၊ အသက်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ လက်ရှိနေရပ်၊ အိမ်ထောင် ရေး အရှုပ်အရှင်း၊ အချစ်ရေး အရှုပ်အရှင်း ရှိမရှိ အစရှိတဲ့ အရေးကြီး အချက်များကို မေးမြန်းဖို့လို ပါတယ်။ မေးမြန်း ပြောဆိုချက်များအရ Single ဖြစ်မယ်။ အရှုပ်အရှင်းကင်းမယ်ဆိုရင် Chatting level မှာ အောင်မြင်ပါပြီ။

Profile စစ်ဆေးပါ

နောက်တစ်ဆင့်ကတော့ Profile စစ်ဆေးတဲ့ အဆင့်ပါ။ ဒီခေတ်က Facebook ခေတ်လေ။ Facebook ဝင်ကြည့်ရင် အကုန်သိတယ်။ Timeline ကို ဒီနေ့ကစလို့ အကောင့်စဖွင့်တဲ့နေ့အထိ တောက်လျှောက်စစ်ဆေး။ Info မှာ သူ့ရဲ့  အလုပ်အကိုင်၊ ပညာအရည်အချင်း တွေကို ပြောထားတဲ့ အတိုင်းထည့်ထားလား၊ သို့မဟုတ် ဘာမထည့်ထားဘူးလား။ ထည့်ထားတာ နဲ့ ပြောတာနဲ့  လွဲနေလား အားလုံး စစ်ဆေးဖို့ လိုပါတယ်။ Chatting နဲ့ Profile Check နှစ်ခုလုံးက Virtual world မှာပါ။ ဒီနှစ်ဆင့်လုံး မှာ ပြောစရာမရှိအောင် အပြစ်ကင်းနေရင် နောက်တစ်ဆင့် အနေနဲ့ Real World ကိုတက်နိုင်ပါပြီ။


ဖုန်းပြောပါ

အွန်လိုင်းမှာ စကားပြောလို့က အဆင်ပြေသွားပြီ စိုပါဆို့။ နောက်တစ်ဆင့်က ဖုန်းဆက်တာပေါ့။ လူကို ဓာတ်ပုံထဲမှာသာ မြင်ဖူးပြီး စကားအပြောအဆို ဘယ်လိုရှိမယ်ဆိုတာ မသိဘူးလေ။ ဒီတော့ ဒုတိယ အဆင့် လုပ်ရမှာပါ။ အွန်လိုင်းမှာ သိထားတဲ့ အချက်အလက်၊ Chat ထဲက ပြောဆိုမှု နဲ့ အပြင်မှာ တကယ် ဖုန်းပြော ရတာနဲ့က ကွဲနိုင်ပါတယ်။ အသံနေအထားကို မူတည်ပြီးတော့ ဒီလူ လိမ်နေတာလား၊ အတည်လား ဆိုတာကို အခြေခံအားဖြင့် လူကဲခတ်လေးတော့ တတ်ဖို့လိုပါမယ်။ ဒါလည်း အားလုံး သိမှာပါ။ ဖုန်းဆက်လို့ အဆင်ပြေသွားပြီဆိုရင် နောက်တစ်ဆင့် ကတော့ တွေ့ဆုံရန် ချိန်းဆိုခြင်း ဖြစ်ပါတယ်။

အပြင်မှာ တွေ့ပါ

အွန်လိုင်းမှာကတော့ ပြောလို့အဆင်ပြေနေပါပြီ။ အပြင်မှာတွေ့ဖို့ ချိန်းကြတော့မယ်ဆိုပါစို့။ Public Place တွေကိုပဲ ရွေးရမှာပါ။ သတိထားရမှာတစ်ခုက မိမိရဲ့ နေရပ်လိပ်စာအနီးအနားကို မခေါ်မိစေဖို့ပါပဲ။ ဒါက အမျိုးသမီးများရဲ့ Personal Safety အတွက် စိုးရိမ်ရနိုင်ပါတယ်။ ဒါကြောင့် လူမြင်ကွင်း၊ လူသိများ စားသောက် ဆိုင်တို့ အအေးဆိုင်တို့လို နေရာမှာ ချိန်းရမှာ ဖြစ်ပါတယ်။

စောင့်ကြည့်စစ်ဆေးပါ

အပြင်မှာတွေ့တဲ့အခါလည်း ပြောဆိုဆက်ဆံရတာ အဆင်ပြေတယ်။ ဓာတ်ပုံတွေလည်း အင်တနက် ပေါ်က အတိုင်းပဲ ဆိုပါစို့။ ဒါနဲ့ပဲ အဆင်ပြေပြီလို့ မမှတ်လိုက်ပါနဲ့။ ပထမဆုံး တွေ့ဆုံမှုက ဖူးစာရှင်လို့ မှတ်ယူရင် မှားသွား နိုင်ပါတယ်။ ပထမဆုံး တွေ့ဆုံမှုက ရှေးရေစက်ကြောင့်မို့ တွေ့ရတယ်လို့ မှတ်ယူပြီး နောက်ပိုင်း အကြိမ်ကြိမ် အခါခါတွေ့ဖို့လိုပါမယ်။ ဒါကျတော့ Real World မှာလေ။ Real World မှာ ကောင်လေး တစ်ယောက် အနေနဲ့၊ ကောင်မလေး တစ်ယောက်နဲ့ တစ်ခါတွေ့ပြီးရင်၊ ဖုန်းနံပါတ်တွေလည်း ရှိသွားပြီ ဆိုရင် ဘယ်လို စစ်ဆေး၊အကဲခတ်၊ လေ့လာရမယ်ဆိုတာ လူတိုင်းသိမှာပါ။ ခုက လူငယ်တွေတောင် မဟုတ်တော့ ပါဘူး။ လူကြီးတွေအတွက်လည်း၊ အလုပ်များတာကြောင့် Romantic ဆန်ဖို့အတွက် အချိန် မပေးနိုင်သူ များက အွန်လိုင်းကတော့ ဘဝလက်တွဲဖော်များ တွေ့လေမလားလို့ ရှာလာတတ်ကြပါတယ်။

အနှစ်ချုပ်
အချို့ တွေများ အမှန်အကန်နဲ့တွေ့သွားတာ ရှိပေမယ့် အချို့ အညာမိသွားတဲ့ ဇာတ်လမ်းတွေလည်း အများကြီးမှ အများကြီးပါ။ အိမ်ထောင်ရှိလျက်နဲ့ အပျို၊လူပျို ဇာတ်ခင်းပြီး ကွဲကွဲပြဲပြဲ ဖြစ်သွားတဲ့ အချစ်ဇာတ်လမ်း တွေ လည်း မြင်တွေ့နေရပါတယ်။ သူတို့ အဓိက လွဲသွားတဲ့ အဆင့်ကတော့ စောင့်ကြည့် စစ်ဆေးတဲ့ အချိန်ကာလမှာ ပါ။ အွန်လိုင်း မှာတွေ့ပြီး အပြင်မှာတွေ့တာက တစ်လတောင် မရှိသေးဘူး။ အိမ်ထောင်ပြု လိုက် တာမျိုးကျ လွန်တယ်လေ။ Online Dating လုပ်တယ်ဆိုတာက ရည်းစားဖြစ်ကြပါ၊ အိမ်ထောင်ပြကြပါဆိုတာမျိုး မဟုတ်ပါဘူး။ အပြင် မှာ တွေ့ဆုံပြီး ကိုယ်နဲ့ မိတ်ဆွေဖြစ်ဖို့ သင့်မသင့် စတင် စစ်ဆေးတဲ့ Stage မှာပဲ ရှိပါသေးတယ်။ အွန်လိုင်းမှာတုန်းက ပြောထားတဲ့ အချက်တွေ အားလုံးက ဟုတ်နေပြီ။ အပြင်မှာ ရုပ်လေး တွေ့ပြီး ဆုံးဖြတ်လို့ရ ပြီးရော ဆိုရင်တော့ ဒုက္ခရောက်သွား နိုင်ပါတယ်။ အလုပ်အရမ်းများပြီး ဘဝအတွက် လက်တွဲဖော် ရှာဖို့ အချိန်ပေးနိုင်သူများအတွက် ရည်ရွယ် ပါတယ်။

.
အောင်ခမ်း (TSJ team)

တားဆေးမသောက်ချင်သော အမျိုးသမီးများအတွက်


ချစ်သူ နှစ်ဦးပေါင်းဖက်လို. အိမ်ထောင်တစ် ခုထူထောင်ကြ ရာမှာ ကလေးယူမယ်. အချိန်ဟာ နှစ်ယောက် လုံး သဘောတူ ထားတဲ.အချိန်ဖြစ်သင့် သလိုကြို တင်ပြင်ဆင်ပြီး မှရတဲ.ကိုယ်ဝန်ဖြစ်ဖို.လဲ လိုပါတယ်။သမီးရည်းစားဘ၀မှာ ဘယ်လိုပဲ တစ်ယောက် အကြောင်း တစ်ယောက် သိစေကာမူ အတူနေ
လင်မ ယား ဘ၀လောက် ထဲထဲ ၀င်ဝင် သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်ထပ် ပြီး ကလေး မယူ တာဟာ တစ်ယောက်အကြောင်း တစ်ယောက်လေ့လာဖို့ တစ်ယောက်ရဲ့ အားနည်းချက်ကိုတစ်ယောက်က အလိုက် သိဖြည်.ဆည်းပေး နိုင်ဖို့၊ တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ဖော်ထုတ်ချီးကျူးပေး
နိုင်ဖို့ အချိန် ကာလ တစ်ခုကို ရစေပါတယ်။

၁။လူကြိုက်များလာတဲ.နည်းလမ်းသစ်

ဒါကြောင့် ကိုယ်ဝန် တားနည်းတွေထဲ ကတစ်ခုခု သုံးဖို့ လိုအပ် လာပါပြီ။ လက်မောင်းထဲ ကိုယ်ဝန်တားတဲ့ ပစ္စည်း(အပ်)ထည့် တာဟာ အခုနောက်ပိုင် ခောတ်စား လာသလိုမြန်မာပြည်မှာ တောင်လုပ်လို.ရနေပါပြီ။အရင်ကနည်းတွေထက်စာရင်သူ.မှာအားသာချက်တွေရှိပါတယ်။ဥပမာ-ထိုးဆေးလို(၃)လတစ်ခါ ဆရာဝန်ဆီ သွားပြီး ထိုးစရာ မလိုပါဘူး။ သားအိမ် ထဲပစ္စည်းထည်.သလို(IUCD, Intrauterine Contraceptive Device) မိန်းမကိုယ်ကိုအပေါက်ချဲ.ပြီးမှထည်.စရာမလိုပါဘူး။သားအိမ်ထဲ ပစ္စည်းထည့် တာမျိုး ကို ကလေးတစ်ယောက်မှမမွေးဘူးတဲ့ အိမ်ထောင် ကျခါ စအမျိုး သမီးတွေ မလုပ်ချင်ကြ ပါဘူး

၁-၁။ ဘာကို လက်မောင်းထဲ ထည့်ရမှာလဲ
ကိုယ်ဝန်တား အချောင်းလေး

ပရိုဂျက်စတင်(progestin) ဆိုတဲ့ အမျိုး သမီးဟော်မုန်း ပါတဲ့ မီးချစ်ဆံ အရွယ် လောက်ရှိတဲ့ အချောင်း လး (Implanon) ကိုလက်မောင်းအရေပြားအောက်
ထည်.သွင်းတာဖြစ်ပါတယ်။တစ်ခါထည်.ထားရင် သုံးနှစ်လောက်ကိုယ်ဝန်
တားနိုင်ပါတယ်။အီစထရိုဂျင် (Estrogen)ဟော်မုန်းပါတဲ.ကိုယ်ဝန်တားဆေး
(သောက်ဆေး)တွေနဲ.မတည်.တဲ.သူတွေအတွက် အထူးသင်.တော်ပါတယ်။

၁-၂။ထည်.ပြီးရင်ဘယ်လိုနေမှာလဲ

လက်မောင်းထဲထည်.ပြီးတာကိုကြည်.ရုံနဲ.မသိနိုင်ပါဘူး။ဒါပေမယ်.စမ်းကြည်.
လို.တော.ရပါတယ်။သတိပြုဖို.ကတော. လေ.ကျင်.သင်ကြားထားတဲ.ကျွမ်း
ကျင်သူတွေနဲ.သာထည်.သင်.၊ထုတ်သင်. ပါတယ်။ထည်.ဖို.လက်မောင်းကို
ဓားနဲ.လှီးစရာမလိုပဲ တစ်မိနစ်အတွင်းအပြီးထည်.နိုင်သလိုနာကျင်မှုလဲမရှိ
ပါဘူး။ပြန်ထုတ်မယ်ဆိုရင်လဲ သုံးမိနစ်လောက်ပဲကြာပါတယ်။

၁-၃။ဘယ်လောက်စိတ်ချရလဲ

ဒီနည်းကထိရောက်မှုအလွန်ရှိပါတယ်။ထည်.ပြီးကိုယ်ဝန်ရှိသူ ၀.၀၅% ပဲရှိ
ပါတယ်။

၁-၄။ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲ

သုံးလခံထိုးဆေးနဲ.ပါဝင်တဲ.ဟော်မုန်းတူပေမယ်. ဒီနည်းကိုရေရှည်သုံးစွဲလို.
သွေးပြန်ကြောတွင်း သွေးခဲခြင်း၊အရိုးသိပ်သည်းဆလျော.နည်းသွားခြင်းတွေ
မဖြစ်နိုင်ဘူးလို. သုတေသန တွေကဆိုပါတယ်။

၁-၅။ဘေးထွက်ဆိုးကျိုးဘာတွေရှိနိုင်မလဲ

တခြားပရိုဂျက်စတင် ပါတဲ.ကိုယ်ဝန်တားဆေးတွေလိုပဲ ဒီနည်းသုံးရင် မီးယပ်
ငုပ်တာ၊မီးယပ်မမှန်တာဖြစ်တတ်ပါတယ်။

-မီးယပ်အများကြီးဆင်းတာမဟုတ်ပဲ တစ်စက်၊နှစ်စက်နဲ.
ပြတယ်ဆိုရုံပဲပြတတ်ပါတယ်။ထည်.ခါစမှာအမျိုးသမီးတစ်ဝက်လောက်
ဖြစ်တတ်ပေမယ်. ခြောက်လအကြာမှာတော.သုံးပုံတစ်ပုံလောက်ပဲ
ဖြစ်ပါတော.တယ်။

-အမျိုးသမီး ၂၀%လောက်ကတော.မီးယပ်လုံးဝငုတ်သွားတတ်ပါတယ်။

-မီးယပ်ဆင်းတဲ.ရက်တွေများလာတတ်ပါတယ်။(၂၀% လောက်မှာဖြစ်လေ.
ရှိပြီး ၃လ အကြာမှာတော. ၁၀% လောက် ပဲဖြစ်ပါတော.တယ်။)

-မီးယပ်လာမယ်.ရက်ကိုတွက်လို.မရပဲဖြစ်တတ်ပါတယ်။

-အထက်ပါမီးယပ်သွေးဆင်းမှုမမှန်တာတွေဖြစ်လို. ဗိုက်ထဲမှာသွေးခဲ၊သွေး
လုံးဖြစ်တာ စပျစ်သီးသန္ဒေတည်.မှာတို.ကိုတော.စိုးရိမ်စရာမလိုပါဘူး။

၂။ ကိုယ်ဝန်တားပလာစတာ

ကိုယ်ဝန်တားပလာစတာဆိုတာ အမျိုးသမီးရဲ.ဗိုက်၊တင်ပါး၊လက်မောင်းရဲ.
ပေါ်ပိုင်းအပြင်ဖက် ၊ရင်သားအပါအ၀င် ရင်သားအပေါ်ပိုင်းတို.ရဲ.အရေပြား
ပေါ်မှာကပ်ပြီးသုံးရတာပါ။သူ.မှာဟော်မုန်းနှစ်မျိုးပေါင်းစပ်ပါဝင်ပါတယ်။ပလာ
စတာကို ခုနှစ်ရက်တစ်ခါအသစ်လဲကပ်ရပါမယ်။သုံးပတ်ဆက်တိုက်ကပ်ရပြီး
တစ်ပတ်တိတိမကပ်ပဲနေရပါမယ်။

၂-၁။ဘယ်လိုသုံးရမလဲ

ကပ်ထားတုန်းကွာကျသွားရင်ချက်ချင်းပြန်ကပ်နိုင်အောင်ကိုယ်ဝန်တားပလာစတာအသစ်တစ်ခုကိုအမြဲဆောင်ထားသင်.ပါတယ်။လေ.ကျင်.ခန်းလုပ်နေ
ချိန်၊ရေချိုးချိန်၊ရေကူးချိန်တွေမှာလဲ ကပ်ထားလို.ရပါတယ်။ပူနေလို.၊စိုထိုင်း
နေလို.၊လေ.ကျင်.ခန်းလုပ်လို. ပလာစတာကွာကျတာမျိုးမရှိပါဘူး။

၂-၂။ထိရောက်မှုကဘယ်လောက်ရှိလဲ

အလွန်ထိရောက်မှုရှိပါတယ်။တစ်ရက်တစ်လုံးသောက်ရတဲ.ဟော်မုန်းနှစ်မျိုး
ပေါင်းကိုယ်ဝန်တားဆေးနဲ.တန်းတူလိုက်ပါတယ်။သေချာသုံးမယ်ဆိုရင်လွဲ
ချော်မှုနှုန်းက ၀.၃% ပဲရှိပါတယ်။ကိုယ်အလေးချိန် ၁၉၈ ပေါင်အထက်ရှိသူ
အမျိုးသမီးတွေသုံးရင်ထိရောက်မှုအနည်းငယ်ကျတယ်ဆိုပေမယ်.ပြောပ
လောက်အောင်မဟုတ်ပါဘူး။သူတို.တွေသုံးမယ်ဆိုရင်တော.အခြားနည်းတွေ
နဲ.အကျိုးအပြစ်တွေနှိုင်းယှဉ်ပြီးရွေးချယ်နိုင်ပါတယ်။

၂-၃။ဘေးထွက်ဆိုးကျိုး

တစ်ခြားဟ်ာမုန်းနှစ်မျိုးပေါင်းကိုယ်ဝန်တားဆေးတွေလိုပဲ ဒီပလာစတာ
ကြောင်.သွေးအနည်းငယ်ဆင်းတာ၊ကိုယ်အလေးချိန်အတက်အကျဖြစ်တာ၊
အသားအရည်ပြောင်းလဲတာ၊ရင်သားနာကျင်ကိုက်ခဲတာတွေဖြစ်တတ်ပါတယ်
ပလာစတာကပ်ထားတဲ.အရေပြားတစ်ဝိုက်မှာယားယံတာမျိုးကြုံတဲ.သူလဲရှိပါတယ်။

၂-၄။ကောင်းကွက်များ

ပလာစတာကို ခုနှစ်ရက်တစ်ခါအသစ်လဲပေးဖို.လိုတယ်ဆိုပေမယ်.သူ.ရဲ.အာ
နိသင်က ကိုးရက်လောက်အထိခံလို. မေ.ပြီးအသစ်မလဲမိလဲနှစ်ရက်လောက်
အပိုဆောင်းပြီး ကိုယ်ဝန်တားပေးနိုင်ပါတယ်။တစ်လမှာပလာစတာသုံးခု
လောက်ပဲကပ်ပေးဖို.လိုတဲ.အတွက် အချိန်မှန်သုံးပေးဖို. မခဲယဉ်းပါဘူး။

၂-၅။ချို.ယွင်းချက်များ

ကိုယ်ပလာစတာကပ်ထားတာကို အမျိုးသားအဖော်ကသိနိုင်ပါတယ်။လက်
မောင်းမှာကပ်ထားရင်တစ်ခြားသူစိမ်းတွေပါသိနိုင်ပါတယ်။အရေပြားနဲ.ဓာတ်
မတည်.တာ၊ကပ်ထားရင်းကွာကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နှစ်မျိုးပေါင်း
ကိုယ်ဝန်တားဆေးလိုပဲ သွေးခဲစေမှုဖြစ်နိုင်ခြေကိုအနည်းငယ် မြှင်.တတ်စေ
ပါတယ်။

၂-၆။သတိပြုစရာများ

-ပလာစတာကို သန်.ရှင်းပြီးခြောက်သွေ.တဲ. ဗိုက်၊တင်ပါး၊လက်မောင်းအပေါ်
အပြင်ဘက်၊ရင်ဘတ်အပေါ်ပိုင်းကအရေပြားပေါ်မှာပဲကပ်သင်.ပါတယ်။ပွတ်တိုက်မှုများတဲ.နေရာမျိုးမှာတော.မကပ်သင်.ပါဘူး။ဥပမာ-ဘရာစီရာကြိုး
ရဲ.အောက်မှာပေါ.။

-ပလာစတာကို ခုနှစ်ရက်တစ်ခါပြောင်းကပ်ရပါမယ်။

-ပလာစတာကိုခုနှစ်ရက်ပြည်.လို.ခွာပြီးရင် ဟော်မုန်းတွေတစ်ခြားပြန်.မသွား
အောင် ခေါက်ပြီးမှအမှိုက်ပုန်းထဲထည်.ရပါမယ်။မြေကြီးထဲနဲ. ရေမြောင်းရေ
တွင်းတွေဆီ ဟော်မုန်းပျံနှံ.မသွားအောင် အိမ်သာထဲကို မစွန်.ပစ်သင်.ပါဘူး။

-ရာသီသွေးစလာတဲ.ပထမဆုံးရက်မှာ ပလာစတာစကပ်ရင် ကွန်ဒုံးပါတွဲသုံး
စရာမလိုပါဘူး။

-ပလာစတာကွာသွားရင်ချက်ချင်းကပ်ပေးဖို.လိုပါတယ်။ ၂၄ နာရီကျော်မှပြန်
ကပ်နိုင်ရင်တော.တစ်ခြားတားဆေးတစ်နည်းနည်း ဥပမာ-ကွန်းဒုံးကိုခုနှစ်
ရက်လောက်တွဲသုံးဖို.လိုပါတယ်။

-ဒီပလာစတာသုံးတာကကိုယ်ဝန်တားနိုင်ပေမယ်.ကာလသားရောဂါတွေကို
တော.မကာကွယ်နိုင်ပါဘူး။

ကိုယ်ဝန်တားဆေးသောက်စရာမလိုတဲ.တစ်ခြားနည်းလမ်းတွေကိုဆက်လက်
ဖော်ပြပေးပါမယ်။

ဒေါက်တာဥာဏ်ပေါ်

အရှင်ဆန္ဒာဓိကအား ကင်တာနား ဘာလျှောက်ထားခဲ့သလဲ


မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာဟာ ခရီးစဉ်တခုအတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် လေယာဉ်တစီးတည်း စီးဖြစ်ခဲ့ပြီး ဆရာတော်အား ကင်တာနာက ဘာပြောခဲ့သလဲ ဆိုတာ ရန်ကုန် UN ရုံး သတင်းပြန်ကြားရေး ဌာနက အခုလို ဖော်ပြထားပါတယ်။


ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ကင်တာနာ၊ ဓာတ်ပုံ- United Nations Information Centre Yangon
 
ခရီးသွား ရင်း Mr. Quintana သည် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား ဖူးမျှော်ဂါရ၀ပြုခွင့်ရခဲ့သည်။

“ယခင်စစ်အစိုးရ ခေတ် အောက် ဖိနှိပ်မှု တွေရှိတုန်းက သံဃာတော်တွေကို ကျွန်တော် စတင် သိခဲ့ရတယ်။ သံဃာတော်တွေနဲ့တွေ့ရတဲ့ အခွင့်အရေး တွေကို ကျွန်တော် တန်ဘိုးထားတယ်။ သံဃာတော်တွေ မိန့်တာတွေကို ကျွန်တော်သေချာစွာ နားထောင်တယ်” ဟု ၄င်း ကပြောသည်။

လို့ ဖော်ပြထားပါတယ်။  

အိမ့်သံစဉ် ~
ဧရာဝတီ

ဒီရက်ပိုင်း အွန်လိုင်းကို အပိုင်စားရနေသူ


အွန်လိုင်း အင်တာနက် လူမှု ကွန်ယက်တခုဖြစ်တဲ့ ဖေ့စ်ဘုတ် လောကမှာ တချို့ရက်တွေမှာ အပိုင်စား ရတဲ့ သူတွေ ရှိပါတယ်။ ဆိုလိုတာက အဲဒီရက်တချို့မှာ တစုံ တယောက်သော သူနဲ့ပတ်သက်လာတဲ့
ဖော်ပြမှု၊ ရေးသားမှုတွေ အများဆုံး ဖြစ်တာတာပါ။

ဒီ ရက်ပိုင်းတွေအတွက် မြန်မာဘာသာနဲ့ ဖေ့စ်ဘုတ်စာမျက်နှာများကို သိမ်းပိုက်ထားသူကတော့အင်ပါယာ
နေ့စဉ် သတင်းစာတိုက် အကြီးအကဲလည်းဖြစ် မြန်မာအမျိုးသား ကွန်ဂရက် ပါတီ ဥက္ကဋ္ဌလည်း ဖြစ် သူ ဦးကောင်းမြတ်ထွဋ် ဖြစ်ပါတယ်။

စာဖတ်သူ ပရိတ်သတ်များ သိကြတဲ့အတိုင်း ဦးကောင်းမြတ်ထွဋ်က သူ့ရဲ့ သတင်းစာတိုက် ၀န်ထမ်းတွေကို လွန်ခဲ့တဲ့ ဇူလိုင် လတုန်းက ပြောဆိုခဲ့တဲ့ အသံဖိုင်က အင်တာနက် လူမှု ကွန်ယက် စာမျက်နှာတွေပေါ်မှာ အတော် ပျံ့နှံ့နေတာပါ။

ဝေဖန်သံတွေ ပွဲ အဆူဆုံးဖြစ်စေခဲ့တဲ့ အသံဖိုင်တခုလည်းဖြစ်ပါတယ်။

နာမည်ကြီး စာရေး ဆရာ ဖေမြင့်ကို လည်း အချိန်မရွေး ကြိုက်တဲ့နေရာ စစ်ထိုးပြီး ယှဉ်ပြောမယ်ဆိုတာ လည်း ပါရဲ့။

ဒေါ်အောင်ဆန်းစုကြည်ကို ၄၅ မိနစ်တာ လက်ချာ ရိုက်တာ အပါအ၀င် ၀ါရင့် နိုင်ငံရေး သမားကြီး ဦးသုဝေ ကို ငယ် ငယ် တုန်းက သူ့ရည်းစားတွေက ကိုကိုညွှန့်လို့ ခေါ်တယ်လို့ ပြော တာလည်း ပါရဲ့။

နောက် အခု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကိုလည်း ၁၉၈၈ ခုနှစ်တုန်းက သူခိုးကြီးများ သမဂ္ဂ
ထောင်တာ မင်းတို့ သိလားဆိုတာလည်းပါသလို ဘယ်နိုင်ငံရေး သမားတွေကိုမှ အထင်မကြီးကြောင်း လည်း ဦးကောင်းမြတ်ထွဋ်ရဲ့ အသံဖိုင်ထဲမှာ ပါဝင်ပါတယ်။

နိုင်ငံရေး သမားတွေနဲ့ပတ်သက်ပြီး သူက .............

"မင်းတို့ ကျွတ်ကျဲစရာ တခုမှ မရှိဘူးနော်၊ မင်းတို့ ခေါင်းထဲမှာ တခါတည်း နားလည်ထားဖို့က အဲကောင်
တွေ တကောင်မှေ-ာက်သုံးမကျဘူး။ အဲဒါ မင်းနားလည်ထား၊ေ-ာက်သုံးမကျလို့ တိုင်းပြည်ကြီး လည်း ဒီလိုအခြေအနေဖြစ်နေတာ" ဆိုတာလည်း အသံဖိုင်မှာ ပါဝင်ပါတယ်။

ဒီအသံဖိုင် ပေါ်ထွက်လာလို့ Hot News ဂျာနယ်က ဆက်သွယ် မေးမြန်းလိုက်တော့ ဦ်းကောင်းမြတ်ထွဋ် ရဲ့ ထပ်မံ အ တည်ပြု ဖြေကြားချက်တွေကြောင့် ပွဲက ပိုဆူသွားတယ်။

သူ့အသံဖိုင်ကို နားထောင်ချင်သူများ အတွက်လည်း ပြန်လည်မျှဝေလိုက်ပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ


ကင်တားနားခရီးစဉ်ကြောင့် ချင်းပြည်နယ် ပြောင်းလဲမှုရှိမည်မဟုတ်ဟု ချင်းလူမှုရေးဝန်ကြီးဆို

ကလေး၊ သြဂုတ် ၁၉

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်ကြောင့် ချင်းပြည်နယ် အတွက် ထူးခြားသည့် ပြောင်းလဲမှုမျိုး ရှိလိမ့်မည် မဟုတ်ဟု သုံးသပ်မိကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က The Voice သို့ ပြောကြားသည်။

“အစိုးရသစ် တက်ပြီးတဲ့နောက်ပိုင်းချင်းမှာ ဘာသာရေးပြဿနာ မရှိပါဘူး။ ရှိခဲ့ရင်လည်း ဖြေရှင်းပေးနိုင်ပါတယ်။ သူကအရင်က ဖြစ်ခဲ့တာတွေကို ထောက်ပြပါတယ်။ လူကြီးဖြစ်ပြီးတဲ့နောက် ကလေးအင်္ကျီကို ပြန်ဝတ်ချင်ရင် အချိုးမပြေနိုင်ဘူးလို့ ကျွန်တော် ပြောလိုက်ပါတယ်” ဟု ၎င်းကဆိုသည်။

ကင်တားနားသည် မြန်မာနိုင်ငံကို တတိယခရီးစဉ်အဖြစ် ချင်းပြည်နယ်သို့ သြဂုတ်လ ၁၆၊ ၁၇ ရက်များတွင် ရောက်ရှိခဲ့ပြီး မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့ကာ ဒေသတွင်း လူ့အခွင့်အရေးနှင့် ဘာသာရေးဆိုင်ရာ ပြဿနာများရှိ မရှိ၊ ယခင်အစိုးရလက်ထက် တွင်ဖြစ်ပေါ်ခဲ့သော လက်ဝါးကပ်တိုင် ဖြိုချခံရခြင်း အကြောင်း ဒေသခံများကို မေးမြန်းခဲ့ကြောင်း၊ ဘာသာရေး ပဋိပက္ခများ ယခင်က မရှိခဲ့သကဲ့သို့ ယခုလည်း မရှိကြောင်း၊ နောက်လည်း ရှိလာမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားခဲ့ကြောင်း ၎င်းက ပြန်လည် ပြောကြားသည်။

“သူက ဟိုတုန်းက ဖြစ်ခဲ့တာတွေ ပြန်ဖွချင်တယ်။ ပြဿနာဖြစ်လို့ ဖြေရှင်းပေးဖို့လာတာ ဆိုရင်တော့ ကြိုဆိုပါတယ်၊ သူဟာ အဆိုးမြင်ဝါဒ၊ အဆိုးမြင် ရှုထောင့်နဲ့ ချင်းပြည်နယ်ကို ရောက်လာတယ်လို့ မြင် တယ်” ဟု ဝန်ကြီးက သုံးသပ်ပြောဆိုသည်။

မစ္စတာကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းပြည်နယ်နှင့် မိတ္ထီလာမြို့တို့သို့ သွားရောက်မည်ဖြစ်ပြီး ရခိုင်ခရီးစဉ်အတွင်း ဆန္ဒပြမှုနှင့် ကြုံတွေ့ရကာ ကချင်ခရီးစဉ်အတွင်း လိုင်ဇာဒေသသို့ သွားရောက်ခွင့် မရခြင်းတို့နှင့် ကြုံတွေ့ရကြောင်း ပြည်တွင်း၊ ပြည်ပမီဒီယာများတွင် ဖော်ပြထားသည်။
The Voice Weekly

ကြည့်မြင်တိုင်မြို့နယ်၌ သစ်ကိုင်းပဲ့ကျသဖြင့် လူ(၂)ဦးဒဏ်ရာရရှိပြီး ဓါတ်တိုင်များပျက်စီး


ရန်ကုန်၊ သြဂုတ် ၂၀

၂၀.၈.၂၀၁၃ ရက်နေ့ ၁၇၂၀ အချိန်ကြည့်မြင်တိုင်မြို့နယ်၊
အိုးဘိုရပ်ကွက်၊ ဗိုလ်သူရလမ်း၊ မြို့နယ်စာတိုက်ရှေ့ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးမှ လမ်းမပေါ်သို့ထွက်နေသည့် လုံးပတ်(၂)ပေ ခန့်ရှိ သစ်ကိုင်းပဲ့ကျခဲ့ရာ လမ်းဘေးတွင်သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ပေါ်သို့ကျခဲ့သဖြင့် ကွန်ကရစ်ဓါတ်တိုင်(၆)တိုင်နှင့် ၎င်းဓါတ်တိုင်များသို့ သွယ်တန်းထားသော အိုးဘိုရပ်ကွက်ရှိ ထရန်စဖော်မာ(၁)လုံးပြိုလဲခဲ့ပါသည်။

ထို့အပြင် အပင်အောက်တွင် ရပ်ထားသော ၃ဃ/----- ချယ်ရီဝက်ဂွန် အငှားယာဉ်ပေါ်သို့ကျခဲ့သဖြင့် ယာဉ်အမိုးအနည်းငယ်ပိန်ချိုင့်ပျက်စီးခဲ့ပြီး ၎င်းနေရာအနီးတွင် ထီရောင်းချနေသော ကြည့်မြင်တိုင်မြို့ နယ်နေသူများ
ဖြစ်သည့် ဦးမြင့်စိုး(ဘ)ဦးသောင်းစိန် နှင့် ၎င်း၏သမီးဖြစ်သူ မယွန်းပိုးအိတို့(၂)ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့၍ ရန်ကုန်အနောက်ပိုင်း
ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။

သစ်ကိုင်းပဲ့ကျမှုကြောင့် စုစုပေါင်းတန်ဘိုးငွေကျပ်(၂၆)သိန်းခန့်ပျက်စီး
ဆုံးရှုံးခဲ့ကြောင်းနှင့်အဆိုပါ နေရာသို့ ကြည့်မြင်တိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်
တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်လျှပ်စစ်မှ
တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိ ဖယ်ရှားရှင်းလင်းလျက် ပြန်လည်ပြုပြင်ရေးများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

စိုက်ခင်းသွားတောင်သူတဦး ဓါးပြတိုက် သတ်ဖြတ်ခံရ


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ငရုပ်စိုက်ခင်းသွားသည့်ဒေသခံ ရွာသူ တဦး အမည်မသိအဖွဲ့တဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၇ ရက် ညနေ ၆ က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက် (တမ်ဖတ်ခ်) အုပ်စုအတွင်းရှိ နောင်ခုံးရွာသူ ဒေါ်နန်းဖဲ (အသက် ၄၃) နှစ်အား မျက်နှာဖုံးစွပ်ထားသည့် လူဆိုး ၂ ယောက်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆီဆိုင်ဒေသခံ ဦးခမ်းက ပြောပါသည်။

“ပါ့နန်းဖဲက ဝမ့်နောင်ခမ်းရွာမြောက်ဘက်မှာရှိတဲ့ သူ့ခြံ ကိုအသွား လမ်းမှာ M 16 ကိုယ်စီကိုင်ထားတဲ့ လူဆိုး ၂ ယောက်က ကတားပြီး ဓါးပြတိုက်တာ။ သူ့အော်သံကို အဲဒီနားမှာ ခြံလုပ်နေတဲ့ အိုက်တူးက ကြားပြီး ကူဖို့ပြေးသွားတာ လူဆိုး ၂ ယောက်က သေနတ်ချိန်ပြီး “ ဟေ့ကောင် မင်းမိုက်ရင်ရှေ့ဆက်တိုးလိုက်” လို့ ဗမာလိုပြောတယ်။ အိုက်တူးလဲ နောင်ခုံးရွာကိုအမြန်ပြန်လာပြီး ရွာသား တွေ ကိုပြောတော့ ရွာသားတွေ ည ၁၁ နာရီကျော်အထိ လိုက်ရှာတာ လူဆိုးရော ပါ့နန်းဖဲကိုရော မတွေ့ရတော့ ဘူး” ဟု ဦးခမ်းက ပြောပါသည်။

၁၈ ရက်နေ့နံနက်ပိုင်း ရွာသားများက ထပ်မံလိုက်ရှာရာ နောင်ခုံးရွာ မြောက်ဘက် တောစပ်တွင် ပါ့နန်းဖဲ၏ အလောင်းကို တွေ့ရကြောင်း ၊ နဖူးနှင့် ငယ်ထိပ်၌ ပွင့်ထွက်သည့်ဒဏ်ရာကြောင့် သေနတ်ဖြင့် ပစ်သတ်သည်ဟု ထင်ရကြောင်း၊ သေသူ၏ နားကပ်ကိုလည်း လူဆိုးများ ဖြုတ်ယူ သွားကြောင်း အမျိုးတော်စပ်သူတဦးကလည်း အတည်ပြုပြောဆိုပါသည်။

ယခုအခါ လူသတ်တရားခံ လူဆိုးများအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်းလည်း ဦးခမ်းကပြောပါသည်။

by သျှမ်းသံတော်ဆင့်

ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့တွင် ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး အပါအ၀င် ဘင်္ဂါလီ ၅၂ ဦး ဖမ်းမိ


ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ နံသာပုကျေးရွာ ဂေါ်ယံဂျီကျွန်း အနီးတွင် သြဂုတ် ၁၉ ရက်က ဘင်္ဂလားပင်လယ်အော်မှ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးအပါအ၀င် ဘင်္ဂါလီ ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သတင်းများအရ သိရသည်။
သြဂုတ် ၁၉ ရက် ညနေငါးနာရီခန့်တွင် ဂေါ်ယံဂျီကျွန်းမှ ကိုက်ငါးဆယ်ခန့် အကွာတွင်ရှိသော ကုလားမခြံအနီး ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းကို တွေ့ရှိရသဖြင့် ငရုတ်ကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးမှ ၀န်ထမ်းသုံးဦးနှင့် အဖွဲ့သည် စက်လှေအနီးသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထို့သို့ကြည့်ရှုနေစဉ် အဆိုပါစက်လှေပေါ်မှ ဘင်္ဂါလီများက ရေထဲသို့ခုန်ချပြီး ကမ်းပေါ်သို့ တက်ပြေးခဲ့ကြောင်း၊ ကျန်ရှိသေးသော ဘင်္ဂါလီလူမျိုးများ ပါဝင်သော စက်လှေသည် ဘင်္ဂလား ပင်လယ်အော်ဘက်သို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။
ကမ်းပေါ်သို့ တက်ပြေးလာသော ဘင်္ဂါလီ လူမျိုးများမှာ ၅၁ ဦးဖြစ်ပြီး ၎င်းတို့အား နံသာပုကျေးရွာ စာကြည့်တိုက်သို့ ခေါ်ဆောင်ပြီး စိစစ်ရာ ဘင်္ဂါလီလူမျိုး ၁၆ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦးတို့သည်  ကုလားမခြံအနီး ရေထဲသို့ ခုန်ချပြီး ကမ်းပေါ်သို့ တက်ရောက်လာကြောင်း၊ ကျန်ဘင်္ဂါလီများနှင့် စက်လှေမှာ ပြန်လည်ထွက်ခွာသွားကြောင်း ဖမ်းဆီးခံရသူများက ပြောကြားကြောင်း ကနဦး သတင်းများအရ သိရသည်။ အဆိုပါနေ့ ည ၈ နာရီခွဲခန့်တွင် ကမ်းပေါ်သို့ ရောက်ရှိလာသော ဘင်္ဂါလီလူမျိုးထဲမှ တစ်ဦးကို ထပ်မံတွေ့ရှိသဖြင့်၊ ဘင်္ဂါလီလူမျိုး ၁၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊ စုစုပေါင်း ၅၂ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ငပုတောမြို့နယ်ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဘင်္ဂါလီများ တွေ့ရှိရသော နေရာသို့ သွားရောက်စစ်ဆေးနေကြောင်း ဖြေကြားသည်။
ယခုဖြစ်စဉ်အရ ဘင်္ဂါလီဟုဆိုကာ ခိုးဝင်လာသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ပထမဦးဆုံး ဖမ်းဆီးရမိခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသားဖြစ်လို၍ ရိုဟင်ဂျာ၊ ဘင်္ဂါလီဟု အမည်များတပ်ကာ ခိုးဝင်လျက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ ခိုးဝင်လာသူများနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံရန် နိုင်ငံတကာမှ ဖိအားပေးမှု အချို့လည်းရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ လာသည်ဆိုသော ဘင်္ဂါလီများတွင်လည်း ဆယ်ရာခိုင်နှုန်းခန့်ကသာ မြန်မာစကား ပြောနိုင်သူများဖြစ်ကြောင်း သိရသည်။
Eleven Media Group

နိုင်ငံရေးပါတီတွေ အဆင့်မြှင့်ဖို့ ဒေါ်အောင်ဆန်းစုကြည် နှိုးဆော်


နိုင်ငံရေးပါတီတွေအနေနဲ့ အဆင့်မြှင့်ဖို့လိုအပ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စဉ်းစားတတ်ဖို့ လိုအပ်ကြောင်း၊ စေတနာတစ်ခုတည်းနဲ့ နိုင်ငံအတွက် လုပ်လို့မရသလို နိုင်ငံအတွက် အကျိုးပြုနိုင်မယ့် အရည်အချင်းတွေရှိလာအောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်ကို သွားရောက်လေ့လာတဲ့ ထန်းတပင်မြို့နယ်က NLD ပါတီဝင်တွေနဲ့ လွှတ်တော်အစည်းအဝေးအပြီး တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

“တကယ်တော့ ဒီမိုကရေစီ နိုင်ငံရေးလုပ်ဖို့ဆိုတာ နိုင်ငံရေးပါတီတွေလိုကိုလိုတယ်၊ အဲတော့ ပါတီတွေကတော့ အဆင့်မြှင့်ဖို့လိုတာပေါ့၊ အဆင့်မြှင့်ဖို့ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် စဉ်းစားနိုင်ဖို့လိုတယ်၊ စဉ်းစားတတ်ဖို့လိုတယ်၊ စေတနာတစ်ခုတည်းနဲ့ မပြီးဘူး၊ ကျွမ်းကျင်မှုလည်းလိုတယ်၊ စေတနာတစ်ခုတည်းနဲ့ နိုင်ငံအတွက်လုပ်လို့မရဘူး၊ ကိုယ့်မှာအရည်အချင်းပြည့်စုံအောင် ကြိုးစားရမှာ၊ အဲတော့ အဲဒီဟာကိုအားလုံးကြိုးစားကြပါ၊ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ အရည်အချင်းတွေ ပိုပြီးတော့ဖွံ့ဖြိုးလာအောင်တော့ကြိုးစားရမယ်”

ဒါ့အပြင် သူက ပါတီဝင်တွေအနေနဲ့ လွှတ်တော်ကို လေ့လာတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း လေ့လာဖို့လိုကြောင်း၊ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ ဆက်စပ်မှုတွေကိုလည်း သိရှိဖို့လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
RFA Burmese