အုတ်ခဲများဖြင့် ဖုံးအုပ်၍ ကျွန်းသစ်တင်ဆောင်လာသောယာဉ်အားဖမ်းဆီး

ပို့စ်တင်ချိန် - 8/21/2013 04:39:00 PM


ရန်ကုန်၊ သြဂုတ် ၂၁

၂၀.၈.၂၀၁၃ရက်နေ့ ၁၇၄၀ အချိန်တွင် မှော်ဘီမြို့နယ်၊ သစ်တောဦးစီး
ဌာနမှ တောအုပ်ဦးသက်နိုင်နှင့်တောအုပ်ဦးသန်းဇော်ဦးတို့အဖွဲ့သည် သတင်းအရ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်အစပ်
ရွှေမြယာလမ်းဆုံ၌ စောင့်ဆိုင်းနေစဉ် ၁က/----၊ ဟီးနိုးTE ယာဉ်အား
တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးရာ အုတ်ခဲများဖြင့်ဖုံးအုပ်၍သယ်ဆောင်
လာသော တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၁၁၂)ချောင်း၊ (၂.၉၁၆၆)တန်၊ ကာလပေါက်ဈေးတန်ဘိုးငွေကျပ် (၁၃၁၂၄၇၀)အား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ၎င်းယာဉ်ပေါ်ပါ တိုက်ကြီးမြို့နယ်နေသူများ
ဖြစ်သည့် ယာဉ်မောင်း နေလင်းထွန်း (ဘ)ဦးမောင်ရွှင်၊ မျိုးမျိုးထွန်း
(ဘ)ဦးစိန်လင်း၊ သန်းဇော်ဦး (ဘ)ဦးသန်းလှိုင်၊ ဒေါ်နွဲ့နွဲ့ရီ
(ဘ)ဦးအောင်ငြိမ်းတို့(၄)ဦးနှင့် ယာဉ်ပိုင်ရှင်ဦးကြန်သိုး(စုံစမ်းဆဲ)တို့အား အရေးယူပေးရန်တိုင်ကြားခဲ့သဖြင့် မှော်ဘီမြို့မရဲစခန်း(ပ) ၄၈၂/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
Yangon Police