ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
ချက်သမ္မတ နိုင်ငံ ပရာ့ဂ်မြို့မှာ စက်တင်ဘာလ ၁၅ ရက်နေ့က ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ ပရာ့ဂ်မြို့မှာ ကျင်းပတဲ့ ၁၇ ကြိမ်မြောက် Forum 2000 ပွဲကို တက်ရောက်ဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - Jeremy Russell/OHHDL)
The Irrawaddy (Burmese Version)
ကော့သောင်း ထောင် ရုန်းရင်းဆန်ခတ်မှု ၁ ဦး သေဆုံး
ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသော ကော့သောင်းမြို့ နယ်စပ် တံတား (ဓာတ်ပုံ – wikimedia.org)
တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ အကျဉ်းထောင်၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည့် အတွက် အကျဉ်းသား ၁ ဦး သေ ဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအမှုနှင့်ဆက်စပ်၍ ထောင်တွင်းရှိ အကျဉ်းသားများသည် ယနေ့တွင်လည်း အသံတိတ် ဆန္ဒပြနေကြကြောင်း၊ အကျဉ်း သား တချို့မှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြကြောင်း၊ ထောင်ထဲတွင် အကျဉ်းသား ၇၀၀ ၀န်းကျင် ရှိကြောင်း အကျဉ်း သားများအား ကူညီပေးနေသူနှင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) ၏ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းက ဧရာဝတီ ကို ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညတွင် အကျဉ်းသား ညီအစ်ကို နှစ်ဦး အချင်းများရာမှ စတင်ခဲ့သော ထောင်တွင်း ပဋိပက္ခ ကြောင့် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့က ပစ်ခတ်လူစုခွဲရာ ကိုဌေးငယ် ဆိုသူ သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ၍ ဆေးရုံ တင် ထားရကြောင်း ကော့သောင်းမြို့ခံလည်း ဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
ထောင်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ထောင်သားများ ထောင်ဖောက်၍ ထွက်ပြေးရန် ကြိုးပမ်းမှုကြောင့် သက်ဆိုင် ရာက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ သတင်း ထုတ်လွှင့်ခဲ့ကြောင်း၊ ထိုသတင်းကို မကျေ နပ်သည့်အတွက် ယမန်နေ့က စတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ထောင်ပိုင်လူသတ်သမား အလိုမရှိ၊ လူသတ်သမား ချက်ချင်း အရေးယူပေး၊ မြန်မာ့ ရုပ်မြင်သံကြားက သတင်းမှား ထုတ် လွှင့်ပေးတာကို ဖြေရှင်းပေးဖို့ ထောင်တွင်းသို့ သတင်းမီဒီယာတွေ ချက်ချင်း ခေါ်သွင်းပေး ဆိုပြီးတော့ မနေ့က ကြွေးကြော် ဆန္ဒပြတယ်၊ ဒီနေ့တော့ အသံတိတ်ပြကြတာပါ”ဟု ဦးသန်းထွန်း က ဆိုသည်။
ထောင်သားများ ထောင်ဖောက်ထွက်ရန် ကြိုးပမ်းသည်ဟု အာဏာပိုင်များက သတင်းလွှင့်ခြင်းသည် မဟုတ်မှန်
ကြောင်း လည်း ၎င်းက ပြောသည်။
အကျဉ်းသား ကိုရဲကိုလှိုင်နှင့် ကိုညီညီလှိုင် ဆိုသူ ညီအစ်ကို နှစ်ဦး စကားများရန်ဖြစ်ကြရာ ထောင်တန်းစီး ဦးထွန်းထွန်း က တားဆီးဟန့်တားသည့်တိုင် တားမရ၍ ထောင်ပြင်သို့ ခေါ်ထုတ်ပြီး ထောင် အာဏာပိုင်တို့က ရိုက်နှက် ထိုးကြိတ် ကြောင်း၊ ထို့ကြောင့် ကိုရဲကိုလှိုင်တွင် လက်တဖက် ဒဏ်ရာ ရသွားကြောင်း သိရသည်။
“ညီအစ်ကို နှစ်ယောက်ကို ထောင်အာဏာပိုင် လေး ငါး ဆယ်ယောက် လောက် ၀ိုင်းရိုက်တာ၊ ကန်ကျောက် တာတွေ ကို ထောင်သားတွေက မြင်တော့ မခံမရပ်နိုင်ဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်၊ ဒါကို ပစ်ခတ် လူစုခွဲတော့ ကိုဌေးငယ် ဆိုတဲ့ တယောက်က သေဆုံးတယ်”ဟု ဦးသန်းထွန်း က ပြောသည်။
ယမန်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြရာတွင် ထောင်တွင်းရှိ အကျဉ်းသားများသည် ထောင်ဖောက်၍ ထွက်ပြေးရန် ကြိုးပမ်းမှုတခု ဖြစ်ပွား၍ တဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိကြောင်း ရေးသားထားသည်။
အကျဉ်းသား ရဲကိုလှိုင်နှင့် ညီညီလှိုင်တို့ ညီအစ်ကို နှစ်ဦး စကားများရန်ဖြစ်ရာမှ အစပြုခဲ့သော ရုန်းရင်း ဆန်ခတ်မှုကို အခွင့် ကောင်းယူ၍ အိပ်ဆောင် ၁ မှ အကျဉ်းသားများက ဆူပူမှု ဖြစ်စေရန် ဖန်တီးခဲ့ကြောင်း၊ ဆူပူမှု မဖြစ်ရေး တာဝန်ရှိသူများ က အသံချဲ့စက်ဖြင့် အသိပေး ထိန်းသိမ်းကြောင်းလည်း သတင်းစာက ဖော်ပြသည်။
အကျဉ်းသားများသည် အိပ်ဆောင် အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှို့ခြင်း၊ လျှပ်စစ်မီး ဆလိုက်များအား ခဲဖြင့်ပစ် ပေါက်ခြင်းတို့ ပြုလုပ်ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ ထောင်တွင်းဆူပူမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးစားခဲ့ကြ ကြောင်းနှင့် ထိုဆူပူမှုကို ထိန်းသိမ်းရန် ပွိုင့် ၃၀၃ ရိုင်ဖယ်နှင့် ဘီအေ ၅၂ တို့ဖြင့် သတိပေး ပစ်ခတ်ခဲ့ကြောင်း အစိုးရ သတင်းစာ က ဆိုသည်။
ဒဏ်ရာ ရရှိထားသူများအား ကော့သောင်း ဆေးရုံကြီး၌ ဆေးဝါး ကုသပေးထားကြောင်း၊ ထောင်ဆူပူမှု ဖြစ်စေရန် ဖန်တီးပြီး ထောင်ဖောက်ထွက်ရန် ကြိုးစားသူများကို ဖော်ထုတ်၍ ဆက်လက်အရေးယူ အပြစ်ပေး သွားမည်ဖြစ်ကြောင်းလည်း သတင်းစာ များက ဖော်ပြထားသည်။
ဒဏ်ရာရသူ ၇ ဦး အနက် ၃ ဦးသည် ဒဏ်ရာပြင်းထန်၍ မြိတ်မြို့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း ကော့ သောင်း ဒေသခံတချို့က ဧရာဝတီ ကို ပြောပြသည်။
irrawaddy
အီသီယိုးပီးယား နိုင်ငံတွင် အသက် ၁၆ဝ နှစ်အရွယ်ရှိဟု ယူဆရသော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦး ရှာဖွေတွေ့ရှိ
အီသီယိုးပီးယားနိုင်ငံမှ၁၆ဝအရွယ်ရှိသည်ဟုယူဆရသောကမ္ဘာ့အသက်အကြီးဆုံး လယ်သမားကြီးတစ်ဦးအား ရှာဖွေတွေ့ရှိခဲ့သည်ဟုဒေသတွင်း မီဒီယာ များက ပြောကြားထားကြောင်း သိရသည်။
၁၈၅ဝ ပြည့်လွန် နှစ်များတွင် မွေးဖွားခဲ့သည်ဟု ယူဆရသော အဆိုပါ အမျိုးသားကြီး ဒါကာဘိုအက်ဘာသည် မိနစ် ၃ဝ ကြာ လူတွေ့မေးမြန်းမှု တစ်ခုတွင် ၎င်း၏ဆွေစဉ်မျိုးဆက်နှင့် သမိုင်းဝင် အဖြစ်ပျက်များကို အတိအကျ မှတ်မိနေကြောင်း နိုင်ငံပိုင် TV Oramiya က ပြောကြားခဲ့သည်။
အက်ဘာကဲ့သို့ အီသီယိုးပီးယား နိုင်ငံမှ ကျေးလက်ဒေသ အများစုသည် ယခုအချိန်အထိ မွေးစာရင်းပြုလုပ်ခြင်း မရှိသဖြင့် ၎င်း၏မွေးဖွားချိန်ကို အတိအကျ အတည်ပြုနိုင်ရန် အတွက် ၎င်းဘဝဇာတ်ကြောင်း ၏ နောက်ကြောင်းကို ဖော်ဆောင်မည့် အနေဖြင့် အနည်းဆုံး ၁၆ဝ နှစ် အတွင်း အဆင့်ဆင့်ပြောင်းလဲ အုပ်ချုပ်နေသော ခေါင်းဆောင် များ ဖော်ထုတ်စေခြင်းဖြင့် အတည်ပြု နိုင်မည်ဖြစ်ကြောင်း English LanguageOpride.comဝက်ဘ်ဆိုက်တွင်Mr.Ebba၏ဘဝဇာတ်ကြောင်းကိုဘာသာပြန်ဆိုခဲ့သောသတင်းစာဆရာမိုဟာမက်အေဒီမိုကအကြံပေး
ပြောကြားခဲ့သည်။
Myawady News
မြန်မာအမျိုးသမီးအသင်း ၃ဂိုးဖြင့်ဦးဆောင်နေ
ရန်ကုန်-စက်တင်ဘာ၁၆
AFF Women's AYA Bank Championship 2013
Group (B) ပြိုင်ပွဲံကို ယနေ့ ကျင်းပလျှက်ရှိရာ
ယခုအချိန်အထိမြန်မာအမျိုးသမီးအသင်းက
၃ဂိုးဖြင် အင်ဒိုအသင်းကိုဦးဆောင်နေသည်။
ဂိုးများကိုခင်သန်းဝေ (၁၆) မိနစ်၊ စန်းစန်းမော် (၂၀)၊
မာဂရက် မေရီ (၂၂) မိနစ်သွင်းယူခဲ့သည်။
အာဆီယံ ချန်ပီယံရှစ် AFF Women's AYA Bank Championship 2013 အုပ်စု (ခ)ပွဲစဉ်ကို
သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင် ကစားလျက်ရှိရာ
Channel 7 မှာတိုက်ရိုက်ထုတ်လွှင့်နေသည်။
Popular Myanmar News Journal
ရန်ကုန်-ကျိုက်ထို အဲကွန်းအမြန်ရထားလက်မှတ် နိုင်ငံခြားသားများနှစ်ပတ်ကြိုဝယ်နိုင်ပြီ
[သော်ဇင်ထက် ၊ ရန်ကုန် ၊ စက်တင်ဘာ ၁၅ ]
ရန် ကုန်-ကျိုက်ထို အဲကွန်းအထူး အမြန်ရထားခရီးစဉ်ကို နိုင်ငံ ခြားသားများအတွက် နှစ်ပတ်ကြို တင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ သည်။
ယင်းသို့ ကြိုတင်ဝယ်ယူ ခွင့်ပေးရခြင်းမှာ အဆိုပါခရီးစဉ် ကို ခရီးသွားကုမ္ပဏီများမှအထူး စိတ်ဝင်စားပြီး နိုင်ငံခြားသားများ အနေဖြင့်လည်း သွားလာရန် စိတ် ဝင်စားလျက်ရှိသဖြင့် ခရီးသွား ကုမ္ပဏီများမှ တောင်းဆိုခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြန် မာ့မီးရထား တိုင်းအမှတ်(၇)မှ လက်ထောက် အထွေထွေမန်နေ ဂျာဦးကျော်ကျော်မျိုးက ''ကျွန် တော်တို့ ရထားခရီးစဉ်ကို ခရီး သွားကုမ္ပဏီတွေက စိတ်ဝင်စား ကြတဲ့အတွက် လက်မှတ်ဝယ်ယူမှု ပိုင်းမှာ အဆင်ပြေအောင်လို့ ဘယ်လို ဆောင်ရွက်ရင်ကောင်း မလဲဆိုတော့ သူတို့က နှစ်ပတ် ကြိုတင်စာရင်းပေးရင် အဆင် ပြေမယ်ဆိုပြီး ပြောပါတယ်။
ဒါ ကို စီစဉ်ပေးလို့ရပါတယ်။ ဒါ ပေမဲ့ Reserve တော့ လုပ်ရမှာ ပေါ့''ဟု ပြောသည်။ခရီးသွားကုမ္ပဏီများအ နေဖြင့် အဲကွန်းတပ်ဆင်ထား သော ရန်ကုန်-ကျိုက်ထိုအထူး အမြန်ရထားခရီးစဉ်ကို နှစ်ပတ် ကြိုတင် စာရင်းပေးသွင်းမှသာ အဆင်ပြေနိုင်သည်ဟု ဆိုသည့် အတွက် မြန်မာ့မီးရထားမှခွင့်ပြု လိုက်ခြင်းဖြစ်သော်လည်း ကျန် ခရီးသည်များအတွက်ပါ လက် မှတ်ဝယ်ယူမှု အဆင်ပြေစေရန် ဆောင်ရွက်မည့် အပိုင်းများလည်း ရှိကြောင်း သိရသည်။
ဆက်လက်၍ ဦးကျော် ကျော်မျိုးက ''ရန်ကုန်-ကျိုက် ထို-ရန်ကုန် အဲကွန်းပါအထူးအ မြန်ရထားခရီးစဉ်ကို ပြည်တွင်း ခရီးသွားကုမ္ပဏီ ၁၈ခုနဲ့ ချိတ် ဆက်ခဲ့ပြီး ခရီးစဉ်စတင်ပြေးဆွဲ တဲ့နေ့မှာပဲ နိုင်ငံခြားသားခရီး သည် စီးနင်းမှုရှိခဲ့ပါတယ်''ဟု ပြော သည်။လက်ရှိအချိန်တွင် အဆိုပါ ခရီးစဉ်အား စနေ၊ တနင်္ဂနွေ နှစ်ရက်တည်းသာ ပြေးဆွဲပေးနေ သေးသည့်အတွက် နိုင်ငံခြား သားများမှာ နှစ်ပတ်ကြိုတင်သော် လည်း ရက်ကြုံကြိုက်မှသာ သွား လာနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
''နှစ်ပတ်ကြိုတင်တာ အ ဆင်ပြေတယ်ဆိုပေမယ့် ဒီခရီး စဉ်က စနေ၊ တနင်္ဂနွေပဲရှိတာဆို တော့ ကြုံဖို့ကလဲလိုသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းခရီးသည်များ လာရင်တော့ သူတို့ဘက်ကလဲ ရက်တိုးပြီး ပြေးဆွဲပေးမယ်လို့ တော့ ပြောပါတယ်''ဟု ခရီးသွား လုပ်ငန်းရှင်များအသင်းမှ ကိုဖြိုး ဝေရာဇာက ပြောသည်။
''ဒီခရီးစဉ်က ပွင့်လင်းရာ သီရောက်ရင် ပြည်တွင်းရော၊ နိုင်ငံခြားခရီးသည်တွေရော အ များကြီးသွားကြမှာ။ ကျိုက်ထီး ရိုးရာသီလဲ ရောက်ပြီဆိုတော့ နောက်ပိုင်းမှာ အခုသွားနေတဲ့ တွဲဆိုင်းတစ်တွဲထက် တွဲတွေပို ပြေးဆွဲပေးသင့်တယ်။ သီတင်း ကျွတ်လိုရာသီမျိုးမှာဆိုရင် ဘုရား ဖူးကားတွေ တစ်နေ့ကို အစီး ၅၀ လောက် သွားကြတာဆိုတော့ ရထားဆိုရင်လဲ လုံလောက်မှုရှိရင် စီးကြမှာပဲ''ဟု Star Grand Land ခရီးသွားကုမ္ပဏီမှ ဦးအောင် ကြည်စိုးမြင့်က ပြောသည်။
Yangon Media Group
အရက်ကို ခွန်အားဖြည့်အချိုရည်နှင့် ရောစပ်ပြီး သောက်ခြင်းက ထင်ထားသည်ထက် ပို၍အန္တရာယ်ကြီး
ပို၍သောက်ကောင်းစေရန် အရက်ကို ခွန်အားဖြည့်အချိုရည် များနှင့် ရောစပ်သောက်ခြင်း က လောလောဆယ် သုတေသနက ပြောကြားထားသည်များထက် ပို ၍အန္တရာယ်ကြီးကြောင်း ကျော် ကြားသည့် စိတ်ပညာရှင်တစ်ဦး က အခိုင်အမာပြောကြားလိုက် သည်။
လွန်စွာလူကြိုက်များသည့် Red Bull ကဲ့သို့ အချိုရည်များ နှင့် ဗော့ဒ်ကာအရက်အား ရော၍ အားရပါးရ မော့သောက်နေသူ များကို အစစ်အမှန်ထင်ဟပ်ခြင်း မရှိသော ဓာတ်ခွဲခန်း လေ့လာမှု များက လွဲမှားစွာနှစ်သိမ့်ခြင်းဖြစ် နိုင်ကြောင်း ပါမောက္ခ ပီတာမီလာ က ပြောကြားခဲ့သည်။
ဒီအရက်ကို ခွန်အားဖြည့် အချိုရည်နှင့် ရောစပ်သောက် ခြင်းက အချိန်ကြာကြာ သောက် မိခြင်းအပြင် မူးယစ်မှုအဆင့်ပမာ ဏများစွာ မြင့်မားစေသည့်အ တွက် အန္တရာယ်မြင့်မားလာခြင်း မှာ စိုးရိမ်နေရပြီဟု ၎င်းကပြော ကြားခဲ့သည်။ အမေရိကန်နှင့် ဥ ရောပမှ ကောလိပ်ကျောင်းသား လေးဦးလျှင် သုံးဦးခန့်မှာ ယင်းကဲ့ သို့ ရောစပ်သောက်သုံးနေကြောင်း စစ်တမ်းများက ပြသလျက်ရှိသည်။ သို့သော်လည်း ခွန်အားဖြည့်အ ချိုရည်များ၏ အခန်းကဏ္ဍမှာ သု တေသနပြုလုပ်ဆဲသာဖြစ်ပြီး အ ချိုရည်တစ်မျိုးနှင့် အရက်ပမာဏ နည်းပါးစွာ ရောစပ်ခြင်း အာနိသင် များကို လေ့လာမှု အများအပြား ပြုလုပ်ထားပြီဟု ဩစတြေးလျ နိုင်ငံ Deakin University မှ တွဲ ဖက်စိတ်ပညာပါမောက္ခမီလာက ပြောကြားခဲ့သည်။
အန္တရာယ်ကို မစိုးရိမ်သင့် ကြောင်း သုတေသီတချို့က သုံး သပ်ခဲ့သော်လည်း ၎င်းတို့ထဲမှ သု တေသီအများအပြားကို Red Bull ထုတ်လုပ်သူများက ငွေကြေးအ ထောက်အပံ့ ပေးထားသည်ဟု ယင်းကပြောသည်။
အပျော်မယားဖြစ်ခဲ့ရသည့်အမျိုးသမီးများ
ခရစ်နှစ် ၁၈၉၈ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာ အက်ဥပဒေတွင် အမှုသည်များသည် ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ၊ မဟောမေဒင်ဖြစ်လျှင် မဟာမေဒင် တရားဥပဒေ၊ ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေအရ အဆုံးအဖြတ်ပေးရမည်ဟု ပြဌာန်းထားသော်လည်း အမှုသည်များသည် ဗုဒ္ဓဘာသာနှင့် မဟာမေဒင်၊ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူစသည်ဖြင့် ဖြစ်လာပါက မည်ကဲ့သို့ ဆုံးဖြတ်ရမည်ကိုကား မပါဝင်ခဲ့ပေ။
မြန်မာ့ဓလေ့ထုံးတမ်းနှင့် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော မြန်မာအမျိုးသမီးများသည် လူမျိုးခြားများ၏ ဓလေ့ထုံးတမ်းများကို နားမလည်ကြချေ။ လူမျိုးခြားယောက်ျားနှင့် လက်ထပ်ထိမ်းမြားပြီး အကြင်လင်မယားအဖြစ် နေထိုင်လာခဲ့ကြသဖြင့် မိမိတို့သည် တရားဝင်လင်မယားအဖြစ်သာ နားလည်ကြသည်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ လင်နှင့်မယားသည် တန်းတူအခွင့်အရေး ရရှိကြသည်။ လင်သေမယား၊ မယားသေလင် အမွေဆက်ခံခွင့်သည် တရားတစ်ထုံးစွဲဆိုတောင်းခံရသည့်အခွင်းအရေးမျိုးမဟုတ်ချေ။မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်ထိမ်းမြားရေးတွင် ဘာသာ အယူဝါဒ မတူညီမှု အတားအဆီး၊ လူမျိုးအနွယ် ဇာတ်မတူညီမှု အကန့်အသတ်၊ လက်ထပ်ထိမ်းမြားပွဲကို မင်္ဂလာအခမ်းအနားနှင့် ပြုလုပ်ရမည်ဟူသော သတ်မှတ်ချက်မရှိသဖြင့် လူမျိုးခြား ယောက်ျားများကို တရားဝင် လင်ယောက်ျားဟူ၍ပင် နားလည်ကြသည်။
သို့ရာတွင် အရေးကိစ္စ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့သော် မြန်မာအမျိုးသမီးများသည် တရားဝင် လင်မယားဖြစ်ကြောင်းကိုပင် မနည်းခုခံနေရသည်။ မိမိတို့၏ ပုဂ္ဂလိကအခွင့်အရေးများ ဆုံးရှုံးရသောအခါ ဥပဒေ၏ အကူအညီကို ယူရသောအခါ ဘာသာခြား၊ လူမျိုးခြား၊ လင်ယောက်ျား၏ တရားဥပဒေအပေါ်မှာ လုံးဝတည်သွားတော့သည်။ ဘာသာခြား၊ လူမျိုးခြားယောက်ျား၏ တရားဥပဒေက ဤနည်းဤပုံဖြင့် လက်ထပ်ထိမ်းမြားခြင်းကို အသိအမှတ်မပြု။ လက်ထပ်ထိမ်းမြားလျှင် ဤနည်းလမ်း ဤစည်းကမ်းများကို မလိုက်နာပါက တရားမဝင်ဟု ပြဌာန်းထားလျှင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်နေမှုကို ထည့်သွင်းစဉ်းစားခြင်း မရှိတော့ဘဲ လက်ထပ်ထိမ်းမြားခြင်း တရားမဝင်ဟုပင် ဆုံးဖြတ်ခံရသည်။ ထိုအခါ နှစ်ဦးသား အကြင်လင်မယားအဖြစ် ပေါင်းသင်းကြစဉ်က မွေးဖွားလာသော သားသမီးများသည်ပင် တရားမဝင်သော သားသမီးများအဖြစ် မျက်နှာငယ်ဘဝရောက်ရလေတော့သည်။ မြန်မာအမျိုးသမီးများ အနေနှင့် သားကိုသခင်၊ လင်ကိုဘုရားဟူသော အယူအဆ၊ အိမ်ဦးနတ်ဟူသော အတွေးအခေါ်များဖြင့် ရိုသေလေးစားစွာ ပြုစုလုပ်ကျွေးခဲ့ရသည်များပင် အရာမထင်တော့ဘဲ အပျော်မယားအဆင့်အတန်းသို့ပင် ရောက်ခဲ့ရသည်။ မြန်မာ့ဓလေ့ ထုံးတမ်းအရ ဤသို့ကာမဂုဏ်ကိစ္စမျိုးတွင် “အပျော်” ဟူ၍ သတ်မှတ်ခံရခြင်းသည် အမျိုးသမီး၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေသည်။ ဤသို့သော အခြေအနေများကြောင့် ဘာသာခြား လူမျိုးခြား ယောက်ျားများနှင့် အိမ်ထောင်ဖက်မိရသော မြန်မာအမျိုးသမီး၏ အနာဂတ်ဘဝ အာမခံချက်များသည် ရေရေရာရာ မရှိတော့ဘဲ ရင်နင့်စဖွယ် အဖြစ်ဆိုးများသာ ကြုံတွေ့ခဲ့ရသည်။ ထိုသို့သော အဖြစ်ဆိုးများမှ ကင်းလွတ်စေရန် ရည်သန်လျက် အမျိုးစောင့်ဥပဒေကို မျိုးချစ်ဆရာတော်များနှင့် ဥပဒေကျွမ်းကျင်သူမျိုးချစ်ပြည်သူများမှ ဖြစ်ပေါ်လာစေရန်၊ ပြဌာန်းပေးစေရန် ကြိုးစားဆောင်ရွတ်နေကြခြင်းဖြစ်၏။ မျိုးမချစ်၊ မျိုးမစစ်များကတော့ အခုထိ ကန့်လန့်တိုက်ဆဲဖြစ်သလို ဆက်လက်ပြီးတော့လည်း ကန့်လန့်တိုက်နေဦးမည်သာ ဖြစ်ပါတော့သည်။
(ဦးအေးချို-မဟာဝိဇ္ဇာ)
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Myawady News
ဒေါ်အောင်ဆန်းစုကြည်နှင့် ချက် သမ္မတ တွေ့ဆုံ ဆွေးနွေး
ချက်နိုင်ငံ ပရက်မြို့၌ ကျင်းပသော ဖိုရမ် ၂၀၀၀ ဖွင့်ပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Forum 2000)
ချက် သမ္မတ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ချက် သမ္မတ မစ္စတာ Milos Zeman နှင့် ယနေ့ နံနက် ပိုင်းက သီးခြား တွေ့ဆုံ၍ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဆွေးနွေးကြကြောင်း သတင်း ရရှိသည်။
“ဒီနေ့ မနက် ၁၁ နာရီက ချက်က ရဲတိုက်ကြီးမှာရှိတဲ့ သမ္မတအိမ်တော်မှာ ချက် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ပြီး ပါပြီ။ နာရီ ၀က်လောက် ကြာတယ် သိရပါတယ်”ဟု ချက်သမ္မတ နိုင်ငံ ပရက်မြို့အခြေစိုက် ဘားမား စင်တာ ပရက်(Burma Centre Prague) ဒါရိုက်တာ ဒေါ်စပယ်စိုးက ဧရာဝတီကို ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ကျင်းပနေဆဲဖြစ်သည့် ဖိုရမ် ၂၀၀၀ ညီလာခံသို့ တက်ရောက်နေကြောင်း သူက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတ နိုင်ငံ ပရက်မြို့၌ ၁၇ ကြိမ်မြောက် ဖိုရမ် ၂၀၀၀ ညီလာခံ ဒုတိယနေ့တွင် “ကောင်းမွန်သော အုပ်ချုပ်မှု စနစ်ဆီသို့”(The Road to Good Governance) ခေါင်းစဉ်ဖြင့် ဒေသစံတော်ချိန် ညနေ ၃ နာရီ တွင် ဟောပြောမည် ဖြစ်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ကျင်းပခဲ့သော ဖိုရမ် ၂၀၀၀ ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင်လည်း ကွယ်လွန်သူ ချက် သမ္မတဟောင်း မစ္စတာ ဗားကလဗ် ဟာဗဲလ်နှင့် ချက်နိုင်ငံသားများကို ကျေးဇူးတင်စကား ဆိုပြီး မြန်မာ့ ပြုပြင်ပြောင်းလဲမှုအပေါ် အလွန်အကျွံ အကောင်းမြင်လွန်းခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကား ပြောကြား ခဲ့သည်။
“သိပ် အကောင်းမြင်တာတွေနဲ့ ပတ်သက်ပြီး ကျမ ခဏခဏ ပြောခဲ့ပါတယ်။ ဒါဟာ ကျမတို့ သွားနေတဲ့လမ်း ပျောက်သွားစေ နိုင်ပါတယ်။ ဒီ ခရီးလမ်းမှာ အခက်အခဲတွေ ရှိတယ်ဆိုတာ သိရမယ်၊ မျက်စိမှိတ် အကောင်းမြင်တတ်တာမျိုး သူ (ချက် သမ္မတဟောင်း ဗားကလဗ် ဟာဗဲလ်) လည်း သဘောတူမယ် မထင်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “အခုချိန်ဟာ ကျမတို့အတွက် စိန်ခေါ်မှု အများဆုံး ကာလပါ။ ကျမတို့ အခု ရနေ တဲ့ အခွင့်အရေးကို မှန်မှန်ကန်ကန် အသုံး မချတတ်ရင်တော့ ဒါမျိုး ပြန်ရဖို့ နောက်ထပ် နှစ်တွေ အများကြီး ပြန်စောင့်ရနိုင် တယ်။ အသွင်ကူးပြောင်းရေး ကာလအတွက် အရေးအကြီးဆုံးက မှန်ကန်တဲ့ ရွေးချယ်လုပ်ကိုင်မှု ဖြစ်ပါတယ်”ဟု ဆိုသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဆိုင်ရာ ညီလာခံသို့ ကမ္ဘာတ၀န်းမှ ထင်ရှားသူများလည်း တက်ရောက်ကြရာ ညီလာခံ တက်ရောက်ဟောပြောပို့ချသူ တဦးဖြစ်သည့် တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြား တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချက်သမ္မတ နိုင်ငံကို လာရောက်သည့်အတွက် ၂ နိုင်ငံရင်းနှီးမှုသည် မြင်သာ ထင်ရှားလာပြီ ဖြစ်ကြောင်း ဒေါ်စပယ်စိုးက ပြောသည်။
“အရင်က လူကိုယ်တိုင် မတွေ့ခဲ့ရပေမယ့် ခင်မင်လေးစားခဲ့တဲ့ သမ္မတကြီး ဟာဗဲလ်ရဲ့ကျေးဇူးနဲ့ပဲ ချက်နဲ့ မြန်မာနိုင်ငံ အတွင်း မှာ မမြင်ရတဲ့ မိတ်ဆွေဖြစ်နေတဲ့ အရာတွေက အခု ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါကျတော့ မြင်သာလာတယ်” ဟု သူက ဆိုသည်။
ချက်နိုင်ငံသည်လည်း အပြောင်းအလဲကို ဖြတ်သန်းခဲ့ရသည့်အတွက် မြန်မာ့ အပြောင်းအလဲ ကာလအပေါ် ကိုယ်ချင်းစာမှုရှိကြောင်း၊ ချက်နိုင်ငံ၏ အတွေ့အကြုံများ ဖလှယ်နိုင်သောကြောင့် မြန်မာနိုင်ငံအတွက် အကျိုးများနိုင်ကြောင်း သူက ဆက်ပြော သည်။
ဖိုရမ် ၂၀၀၀ ဖောင်ဒေးရှင်းကို ကွယ်လွန်သူ ချက် သမ္မတဟောင်း မစ္စတာ ဗားကလဗ် ဟာဗဲလ်၊ ဂျပန် နိပွန် ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ Yohei Sasakawa နှင့် ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် Elie Wiesel တို့က ၁၉၉၆ ခုနှစ်က စတင်ကာ ထူထောင်ခဲ့ကြ သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ကွယ်လွန်သူ ချက် သမ္မတဟောင်း ဗားကလဗ် ဟာဗဲလ်၏ ဂူသို့ သွားရောက် ဂါရ၀ ပြုပြီး ဗားကလဗ် ဟာဗဲလ် ၏ ဇနီးကိုလည်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ မှ စတင်ကာ ဖိုရမ် ၂၀၀၀ နိုင်ငံတကာ အကြံပေးဘုတ် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ဒုတိယမြောက် ဥရောပ ခရီးစဉ်ကို စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ခဲ့ပြီး ပိုလန်နိုင်ငံ ၀ါဆောမြို့သို့ စက်တင်ဘာလ ၁၁ ရက်နေ့က ရောက်သည်။
၂ ရက်တာ ပိုလန်ခရီးစဉ်အတွင်း ပိုလန်လွှတ်တော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ဟန်ဂေရီနိုင်ငံ သို့ ဆက်လက် ထွက်ခွာလာပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟန်ဂေရီ သမ္မတ မစ္စတာ Janos Ader နှင့် တွေ့ဆုံခဲ့သည်။
ဟန်ဂေရီ လွှတ်တော် အကြီးအကဲများနှင့်လည်း တွေ့ဆုံပြီးနောက် ဟန်ဂေရီ တက္ကသိုလ် ဘူဒါပက်စ်တွင် တော်လှန်ရေးမှ သည် ပြန်လည် တည်ဆောက်ရေးသို့ ဟူသည့် ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပို့ချခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖိုရမ် ၂၀၀၀ ညီလာခံနောက်ဆုံးနေ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် “Burma’s Transition: The Need for New Approaches by the International Community” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောဆိုမည်ဖြစ်သည်။
irrawaddy
ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်
မန္တလေးတိုင်း အင်းဝမြို့အနီး ဈေးချိုရွာတွင် မြစ်ရေကြီးမှု မြင်ကွင်း (ဓာတ်ပုံ-တေဇလှိုင် / ဧရာဝတီ)
ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌ၀တီမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ရေဘေးသင့် ဒေသများတွင် အစားအသောက်နှင့် အကူအညီ လိုအပ်နေကြောင်း သိရသည်။
ဒုဋ္ဌ၀တီမြစ်ရေသည် မြစ်ငယ်မြို့တွင် စက်တင်ဘာလ ၉ရက်နေ့ ည ၇ နာရီခွဲစတင်ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း စိုးရိမ်ရေအမှတ်မှ ယနေ့အချိန်အထိ ဆက်လက်တည်ရှိနေပြီး မိုးဇလ၏ တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် အထက် ၇၃ စင်တီမီတာ (၂ ဒသမ ၄ ပေခန့်) ကျော်လွန်နေကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်ကို စတင်ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ နာရီတွင် ညောင်ဦးမြို့၏ စိုးရိမ်ရေအမှတ်ထက် ၂၅ စင်တီမီတာအထိ ကျော်လွန်ခဲ့ကြောင်း တိုင်းဒေသကြီး မိုးဇလက၏ ထုတ်ပြန်ချက်က ဆိုသည်။
၂၀၀၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေသည် ၁၀ ရက်ခန့် တန့်နေပြီး မြစ်ရေများ မန္တလေးမြို့တွင်းသို့ ၀င်ရောက်ကာ တမြို့လုံးနီးပါး ဆိုးဝါးစွာ ရေကြီးဖူးကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များတွင် ဧရာဝတီမြစ်ရေ တက်မှုကြောင့် ကျေးရွာအချို့ ရေနစ်မြှုပ်လျက်ရှိကြောင်း၊ ဒုဋ္ဌ၀တီမြစ်ရေ တက်မှုကြောင့် အမရပူရမြို့နယ်ရှိ ကျေးရွာများလည်း ရေနစ်မြှုပ်ကာ အစားအသောက်နှင့် သောက်သုံးရေ အခက်အခဲရှိကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ကောက်ထားသော စာရင်းများအရ ဧရာဝတီမြစ်ရေ တက်မှုကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ်ရှိ အိမ်ခြေ ၁၀၈ အိမ်၊ ကြအိုကျေးရွာရှိ အိမ်ခြေ ၂၃၄ အိမ်၊ စဥ့်ကူအုပ်စု ကျွန်းမကြီးရွာတွင် အိမ်ခြေ ၉၁ အိမ်၊ ရှမ်းကလေးကျွန်း အိမ်ထောင်စု ၈၃ စု ရေလွှမ်းခံနေရကြောင်း သိရသည်။
မန္တလေးခရိုင် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ် ရပ်ကွက်ရှိ အိမ်ထောင်စု ၂၇ စု၊ ရွှေဂွမ်းထုပ်ရပ်ကွက်ရှိ အိမ်ထောင်စု ၉၂ စုတို့ ရေဘေးသင့်ခံနေရပြီး နီးစပ်ရာနေရာများနှင့် ဆွေမျိုးများထံသို့ သွားရောက် ခိုလှုံနေရသည်။
တောင်သမန် ကျေးရွာလည်း ရေနစ်မြှုပ်လျက်ရှိပြီး ရတနာပုံ တက္ကသိုလ်မှာ အောက်ခြေ ၃ ပေကျော် ရေနစ်မြှုပ်လျက် ရှိကြောင်း၊ တက္ကသိုလ် ရေနစ်မြှုပ်နေသော်လည်း စာမေးပွဲကို ဆက်လက်ကျင်းပလျက် ရှိကြောင်း သိရသည်။
“တက္ကသိုလ်က ရေမြှုပ်နေပေမဲ့လည်း စာမေးပွဲရက်ကို နောက်ဆုတ်မပေးပါဘူး။ အခုကျမတို့ ရေတောထဲမှာ စာမေးပွဲ ဖြေရတာပါ။ စာမေးပွဲဖြေဖို့အတွက် ရေနစ်နေတဲ့လမ်းတွေကို လမ်းလျှောက်ပြီး လာခဲ့ရတာပါ” ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
ထို့အတူ တံတားဦးမြို့နယ်တွင်လည်း မြစ်ရေကြီးမှုကြောင့် မြစ်ရိုးတလျှောက်ရှိ ကျေးရွာများမှ မူလတန်းကျောင်းများ ခေတ္တပိတ်ထားရသည်။
ဒုဋ္ဌ၀တီမြစ်ရေသည် ရဲရွာ ရေကာတာတမံ တည်ဆောက်ထားမှုကြောင့် ဒေသခံများအတွက် အထူးစိုးရိမ်စရာ ဖြစ်နေကြောင်း၊ မြစ်ရေတက်ရာတွင် တခြားမြစ်များနှင့် မတူဘဲ ရေထိန်းတမံကြောင့် မြစ်ရေ ဒလဟော ထိုးတက်လာခြင်း၊ ရေများကျသွားခြင်း မရှိဘဲ ရက်ပေါင်းများစွာ တင်ကျန်နေခြင်းတို့ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ဒုက္ခရောက်လျှက် ရှိကြောင်း သိရသည်။
မြစ်ရေကြီးသည့် နေရာများသို့ လူမှုရေးအဖွဲ့စည်းများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သွားရောက်ကာ ထမင်းထုပ်များ၊ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ ပေးဝေလျက် ရှိပြီး လိုအပ်သည့် ဆေးဝါးများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိသည်။
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသောကြောင့် မန္တလေးမြို့တော် စည်ပင်မှ ၀န်ထမ်းများ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်ဘေး တာပေါင်တလျှောက် လိုအပ်သည့်နေရာများတွင် သဲအိတ်များ စုပုံထားကာ ရေ၀င်ရောက်မှုကို ကာကွယ်လျက်ရှိသည်။ သဲအိတ်များကို ဧရာဝတီမြစ် ကျွဲစွန်းဆိပ်ကမ်း မြောက်ဘက် ကမ်းနားလမ်း တလျှောက်တွင် လည်ကောင်း၊ ရွှေကြက်ယက်ကျေးရွာ ရတနာပုံတံတား အ၀င်လမ်း တလျှောက်တွင် လည်ကောင်း ချထားလျက် ရှိသည်။
ပြည်မြို့တွင်လည်း မြစ်ရေတက်လာမှုကြောင့် မြို့မြောက်ဘက်ပိုင်းရှိ အနိမ့်ပိုင်း အိမ်ခြေများ ရေမြှုပ်လျက်ရှိကြောင်း၊ ယမန်နေ့ တိုင်းတက်ချက်များအရ ယခုနှစ်ထဲတွင် အမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း သိရသည်။
တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည်
၁၆.၉.၂၀၁၃ တနင်္လာနေ့
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်ပြီး လာမည့် အောက်တိုဘာလမှာ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးဖို့ ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ် အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအ၀င် ဖွဲ့စည်းပုံ ပြန်လည် ရေးဆွဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC က အလုပ်အမှုဆောင် ခေါင်းဆောင်တွေ စက်တင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလို သတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့ UNFC အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က RFA ကို အခုလို ပြောပါတယ်။
UNFC ခေါင်းဆောင်တွေအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အရေးပေါ် အစည်းအဝေးကျင်းပရတာဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရေးကြီးတဲ့ အချိန်ရောက်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ UNFC ကခေါင်းဆောင်တွေကို ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC ကနေပြီး ဒီလက်မှတ် ထိုးဖို့ ကိစ္စခေါ်ယူဆွေးနွေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့က ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ချိန်ကလည်း ဝန်ကြီး ဦးအောင်မင်း က နေပြည်တော်မှာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်မှတ်လာမထိုးတဲ့ တိုင်းရင်းသား အဖွဲ့တွေကိုတော့ နောက်တဆင့် ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ပါနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောခဲ့ကြောင်းလဲ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီNMSP၊ ပအို့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ်PNLO၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ်ပါတီLDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
Ref......RFA
သွေးအားကောင်းစေရန် အစားလည်းဆေး ဆေးလည်းအစာ စားပေးပါ
သွေးအားကောင်းအောင် သို့ တည်းမဟုတ် ဟေမိုဂလိုဗင် အားကောင်းအောင် စားသောက်သင့်သည့်အစားအစာများဘယ်လို့ စားသုံးသင့်သလဲဆိုရင် အဓိကတော့ သံဓာတ်ပါဝင်သည့် အစားသောက်များကို စားသုံးပေဖို့ ဘဲ ဖြစ်ပါတယ် ။
အသည်းတို့ အသားတို့ ဟာ သံဓာတ်အားကောင်းသည့် အစားအစာဖြစ်ပေမဲ့ အသီးအနှံဘဲစားချင်တယ် ကြိုက်တယ်ဆိုရင် ပဲအမျိုးမျိုးများကို စားသုံးပေးပါ ၊ အသီးအနှံတွေဖြစ်သည့် ထောပတ်သီး ၊ ဌက်ပျောသီး ၊ သခွား ၊ စတော်ဘယ်ရီ ၊ စပျစ် စသည့်အသီးနှံများကို စားပေးပါ ။
အစားသောက်အစုံစားတက်သူ့ အတွက်က တိုရ ခေါ် ပဲပင်ပေါက်ကို များများ ထည့်စားပေးပါ ။
လိမ္မော်သီး ၊ ကဗ္ဗလာအသီးတို့ ကို အရည်ဖျော်သောက်ပေးခြင်းနှင့် အစိတ်အပိုင်းများကို တွဲပြီးစားသောက်ပေးသင့်ပါတယ် ။
နို့ ထွက်ပစ္စည်းများကိုလည်း စားသောက်ပေးပါ ။
အသီးအရွက်ကိုစားချင်တယ်ဆိုရင် ကိုက်လန့်  ၊ ခရမ်းချဉ်သီး ၊ ဟင်းနုနွယ် ၊ မုန့် လာဥ ၊အာလူး ၊ ပြောင်းဖူး နှင့် ကန် စွန်းဥ များကို များများ စားသုံးပေးခြင်းဖြင့်လည်း သံဓာတ်အားကောင်းစေပြီး သွေးအားကောင်းစေပါတယ် ။
အဖန်ဓာတ်ပါသော အရည်များ သောက်သုံးခြင်းကို ရှောင်ရှားပေးပါ ။
အမျိုးသမီးများဓမ္မတာ လာသည့်အခါတွင် သွေးအားနည်းတက်သည့်အတွက် အသီးအနှံ နှင့် ပဲအမျိုးမျိုးဖြင့် ချက်လုပ်ထားသည့် ဟင်းများကို စားသောက်ပေးပါလို့  ရေးသားရင်း အသက်ရာကျော် ရှည်ပါစေ ။
Mg Mandalay
ရဲများ အမှုစစ်ဆေးပုံများကို အများပြည်သူ မြင်သာနိုင်တော့မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့မ ရဲစခန်းများတွင် အမှုစစ်ခန်းတွင်း၌ CCTV ကင်မရာတပ်ဆင်ခြင်းများပြုလုပ်နေပြီဖြစ်ကြောင်း၊ယင်းမှတစ်ဆင့် အမှုစစ်ဆေးပုံများကို အများပြည်သူ မြင်သာနိုင်တော့မည်ဖြစ်ကြောင့် သတင်းရရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ခေါင်းကိုက်ခြင်း အတွက် သဘာဝ ကုထုံး နဲ့ ကုမယ်
ငါးမိနစ် အတွင်းမှာပဲ သင့်ခံစားနေရတဲ့ ခေါင်းကိုက်ဝေဒနာဟာ သက်သာ သွားပါလိမ့်မယ်။
လွယ်ကူတဲ့ နည်းလမ်းလေးလည်း ဖြစ်ပြီး ဘာမှ ကုန်ကျမှု မရှိပါဘူး။
ဒါက အိန္ဒိယက ကုထုံး တစ်ခု ဖြစ်တယ်လို့ လည်း ဆိုပါတယ်။
သင် အသက်ရှုတဲ့ နှာခေါင်း ပေါက် နှစ်ပေါက်မှာ ညာဘက် အပေါက်က
နေကို ကိုယ်စားပြုပြီး ဘယ်ဘက် ကတော့ လ ကို ကိုယ်စားပြုတယ်လို့  ဆိုပါတယ်။
ခေါင်းကိုက်နေတဲ့ အတောအတွင်းမှာ ညာဘက်အပေါက်ကို ဖိပြီး လက်ဖြင့်ပိတ်လိုက်ပါ။ ပြီးတော့ ဘယ်ဘက် အပေါက်ကနေသာ
လေကို ရှုထုတ်လုပ်ပေးပါ။ ငါးမိနစ် ကြာတဲ့ အတောအတွင်းမှာပဲ သင့်ရဲ့ ခေါင်းကိုက် ဝေဒနာဟာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်လို့  ပင်ပန်းနေတယ်လို့  ခံစားနေရရင် တော့ သူနဲ့ ပြောင်းပြန်ပါပဲ ။ ဘယ်ဘက် အပေါက်ကို ပိတ်ပြီး ညာဘက်ကနေ လေရှုလေထုတ် လုပ်ပေးပါ ။
မကြာခင်မှာပဲ ပင်ပန်းတာတွေ ပြေပျောက်ပြီး စိတ်လန်းဆန်းမှု ရရှိလာမှာ ဖြစ်ပါတယ်။
ညာဘက် နှာခေါင်းပေါက်ဟာ အပူ ကို ဖြစ်ပေါ်စေတဲ့ အတွက် ပူနွေးမှုကို ချက်ချင်း ဖြစ်ပေါ်စေပြီး ၊ ဘယ်ဘက် ကတော့ အအေးကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အမျိုးသမီး အများစုဟာ ဘယ်ဘက်နဲ့ အသက်ရှုတာ ဖြစ်ပါတယ်။ ဒါကြောင့် အအေးကို ပို ခံစားရပါတယ်။ အမျိုးသားများကတော့ ညာဘက် နဲ့  အသက်ရှုတာ များကြတဲ့အတွက် အပူဓာတ်ဖြစ်စေပြီး အလုပ်ပိုလုပ်နိုင် ပါတယ်။
သင် နိုးထနေတဲ့ အခါ နှာခေါင်းရဲ့ ဘယ်အပိုင်းက နေ ပိုပြီး အသက်ရှူသလဲဆိုတာ သတိထားကြည့်ပါ။
ဘယ်ဘက်က အသက်ရှုရတာ ပိုကောင်းတယ်ဆိုရင် ပင်ပန်းမှုကို ခံစားစေနိုင်ပါတယ်။ ဒီတော့ ဘယ်ဘက် ပိုင်းကို လက်နဲ့ ခဏပိတ်ထားပြီး ညာဘက်နဲ့ အသက်ရှုကြည့်ပါ။အဲ့ဒီအချိန် မကြာခင်မှာဘဲ လန်းဆန်းမှုကို ရရှိမှာ ဖြစ်ပါတယ်။
အကယ်လို့  ခေါင်းကိုက်ဝေဒနာကို မကြာခဏ ခံစားနေရတယ် ဆိုရင် ဒီလေ့ကျင့်ခန်းကို တစ်လလောက် ပုံမှန်လုပ်ပေးရင် လုံးဝ ပျောက်ကင်း
စေမှာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးဝါး သုံးစွဲရန် မလိုတဲ့ သဘာဝ နည်းလမ်း လေးပဲ ဖြစ်ပါတယ်။
Credit : Medical Facts
သုမနကျောမှာ ဒါဏ်ရာတွေနဲ့
ကျနော့်သူငယ်ချင်းတစ်ယောက် နေပြည်တော်က ဖုန်းလှမ်းဆက်တယ်။ မြန်မာမီနီ သိန်းခြောက်ဆယ် နဲ့ စက်မှုဝန်ကြီးဌာနက သူတို့ အရာထမ်းတွေကို ရောင်းပေးမယ် ဝယ်လိုက်ရင် ဘယ်လိုနေမလဲပေါ့။
ကျနော်လည်း သတင်းစာမှာ ဖတ်လိုက်ရတယ်ပေါ့။ အသိတစ်ယောက် ချယ်ရီတစ်စင်း ၅၅ - သိန်းလောက်နဲ့ ပြန်ထုတ်ခြင်တာ ဝယ်သူမရှိပါဘူးလို့။
ခင်ဗျားတို့ စဉ်းစားကြည့်လေ... အစိုးရက ဝန်ထမ်းတွေ ကားပိုင်ဖြစ်ဖို့ လုပ်ငန်းလုပ်စားနိုင်ဖို့ သက်သာချောင်ချိဖို့ စေတနာထားတယ်ဆိုရင် အပြင်ပေါက်ဈေးထက် နိမ့်တဲ့ ဈေးနဲ့ ရောင်းမပေးသင့်ဘူးလား? သူရောင်းမှာက မြန်မာမီနီနော်... ချယ်ရီတောင်မဟုတ်ဘူး။ နဲနဲကွာသေးတာ ခင်ဗျားတို့ သိပါတယ်။
နောက် အပြင်မှာ ဖင်ထောင် ဖင်ကောက် ၃/က ၄/က တစ်စီး သိန်း ၇၀ - ၈၀ နဲ့ ရနေတာ အားလုံးအသိ။ ဂျပန်ကားနဲ့ တရုပ်ကား ဘယ်ဟာစီးမလဲလို့။ ခင်ဗျားတို့ အသိပါ။ ကျနော်တို့ နိုင်ငံမှာ ဂျပန်ကားတစ်စီး အနှစ် နှစ်ဆယ် သုံးဆယ်စီးကြတာ။ စလစ်ပြန်ရောင်းလည်း မရှုံးဘူးလို့။ တရုပ်ကားက ဘယ်နေ့ ဂျုန်းဂျုန်းကျ မယ်သိတာမဟုတ်။ ဒီခေတ်ကြီးထဲမှာ ကိုးရီးယားက လူစီးကားတွေတောင် စီးသူ ခပ်ရှားရှား။ တရုပ်ဆို စဉ်းစားကြည့်ပေါ့။
အင်း... ခက်တာက ကျနော်တို့ တစ်တွေအတွက်က ကားစီးနိုင်ဖို့ ဆိုတာ အနှစ်နှစ် အလလက မက်ခဲ့တဲ့ အိပ်မက်ပေါ့။ တစ်လုံး တစ်ခဲထဲ ကလည်း မဝယ်နိုင်။ အရစ်ကျစနစ်တွေ ပေါ်လာတော့ အိမ်မက်တွေ ခပ်ရေးရေး အကောင်အထည် ပေါ်လာသလိုပေါ့။
ကျနော့်သူငယ်ချင်းက သူ့ယောက်ခမကြီးကို တက္ကစီလုပ်ပေးချင်တယ်ပေါ့။ တစ်နေ့ တစ်သောင်းလောက် စုသွင်းနိုင်ရင် လနှစ်ဆယ်ဆို ကားပိုင်ဖြစ်မယ်ပေါ့။ အင်း... အရာအားလုံးက စာရွက်ပေါ်ချတွက်သလို အစဉ်ပြေရင်တော့ ကောင်းတာပေါ့။
ကျနော်လည်း ကျနော့် အဒေါ်တစ်ယောက် အကြောင်း ပြောပြလိုက်တယ်။ ကျနော့်အဒေါ် ယောက်ကျားက အလုပ်က ပင်စင်ယူကာစ။ မြန်မာမီနီတွေ ချယ်ရီတွေကလည်း ခေတ်စားနေချိန်။ ယောက်ကျားကလည်း ထိုင်မနေချင်။ တက္ကစီမောင်းမယ်ဆိုပြီး ချယ်ရီ(QQ) တစ်စီး သိန်း တစ်ရာ့ သုံးဆယ်နဲ့ ဝယ်လိုက်တယ်။ တက္ကစီဆွဲတာပေါ့။ မဆိုးပါဘူး။ အစပိုင်းတော့ တစ်နေ့ တစ်သောင်းနဲ့ နှစ်သောင်းကြား ကျန်ပါတယ်။ အုံနာကြေးမှ မပေးရတာ။ မကြာပါဘူး။ အစိုးရက ကုမ္ပဏီတွေ တက္ကစီတွေ သွင်းခွင့်ပြု။ စည်းမျဉ်းစဉ်းတွေလျော့ပေး။ ကားတွေများလာ။ တက္ကစီဆွဲရတာလည်း အရင်ကထက် ကြပ်လာ။ နောက်ဆုံးပြန်ရောင်းတော့ သိန်းခြောက်ဆယ်ပဲ ရတယ်လို့။ လူလည်းပင်ပမ်းသေး ငွေလည်းရှုံးသေး။ ထိုင်နေအကောင်းသားလို့။ အခုတော့ မင်းသားဖြစ်မှ တီးလုံးဆန်းပေါ်။ ကိုယ်ရင်ဝတ်တဲ့နှစ်မှ ဝါကြီးထပ်။ အခုလည်း နောက် သုံးလေးလကြာရင် ခင်ဗျား မီနီ သိန်းသုံးလေးဆယ် မဖြစ်ပါဘူး ပြောနိုင်မလားပေါ့။
သူနဲ့ သူ့မိန်းမကတော့ စိတ်အားထက်သန်နေတယ်။ ကျနော်လည်း စဉ်းစားပါဦးပေါ့။ တော်ကြာ ခြောက်လလောက်ရှာလို့ရတဲ့ငွေ ကျသွားတဲ့ ဈေးမမှီလို့ ဟုတ်ပေ့ ဖြစ်နေမှ။ နောက် သူ့ယောက်ခမက နေ့စဉ် ကျန်းကျန်းမာမာ အဆင်ပြေပြေရှာနိုင်မှ။ မသုံးမိအောင်စုနိုင်မှ။ ဒီလိုမဟုတ်လို့ အိပ်ထဲက စိုက်ရင် လင်မယားနှစ်ယောက် ရတဲ့လခက နှစ်သိန်းခွဲမပြည့်။ ပြောရရင် ဘေးပေါက်လည်းရတာမဟုတ်။ ဒုက္ခရောက်နေမှ။ စားဖို့မရှိ လျော်ဘို့ရှိ။ အပြင်လူက ဒူးဖက်တောင်းပန်ရင်ရတယ်။ အစိုးရအကြွေးက မဆပ်နိုင်ရင် ပုဒ်မပိုကြီးတယ်။
ခက်တာက တက္ကစီသမားတွေ လတ်တလော ဘာဖြစ်နေတယ်ဆိုတာ သူမသိတာဘဲ။ တစ်မိုးလုံး ဖျောက်ဆိပ် ဆိုသလို ရန်ကုန်တစ်မြို့လုံး နေ့ရော ညရော တက္ကစီတွေ ဖြစ်နေပြီလေ။ နောက်ပြီး ကားသမားတွေမှာ ကျင့်ဝတ်မရှိတော့ဘူး။ တက္ကစီတစ်စီး တားလို့ ထိုးရပ်လိုက်ရင် နောက်မှာ အကျစောင့်နေတာက နှစ်စီး သုံးစီး။ စီးသူကလည်း သူပြောတဲ့ဈေး မရရင် တာ့တာ။ နင်မလိုက်နောက်တစ်စီး။ အပေါဆုံးက တက္ကစီ။ ဒီတော့ကာ... ကားသမားတွေခမျာ ရတဲ့ဈေးနဲ့ လိုက်နေရရှာတာ။ တက္ကစီအငှား မောင်းသမားတစ်ယောက်အဖို့ နံပါတ်တစ်က ဆီဖိုးရဖို့။ နံပါတ်နှစ်က အုံနာကြေး။ ငွေနှစ်သောင်းလောက် ရမှ အရင်းတိုက်။ သက်ပြင်းလေးချ။ ကိုယ်တွက်ထပ်ရှာ။ အဆင်မပြေတဲ့နေ့ အိပ်စိုက်။ မိသားစုက ကိုယ့်ကို လုံးလုံးမှီခိုနေတဲ့သူဆို ပိုဆိုးသေး။ ဒီလိုနဲ့ တက္ကစီသမား တော်တော်များများ ကုမ္ပဏီတွေ ပြောင်း လုပ်ကုန်ရော။ လကုန်ရင် လစာသေချာပေါက် ရတယ်လေ။ ယာဉ်တိုက်မှုမဖြစ် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မဖေါက်ရင် စိတ်ချမ်းသာရတယ်။ ဖိအားနည်းတယ်။
အခုတော့ အစိုးရ (စက်မှုဝန်ကြီးဌာန) လုပ်ပုံကလည်းမဟုတ်သေးဘူး။ ရောင်းရင်လည်း ဈေးလျော့ပေးပေါ့။ အခုတော့ ဝယ်သူမရှိတဲ့ တရုပ်ကား လက်ထဲ ပိုက်ဘောမိနေတာ။ ကြံရာမရတော့ ဝန်ထမ်းတွေထိုးရောင်း။ ဒါတောင် အကန့် အသတ်နဲ့။ အရာထမ်းတွေမှ ရောင်းပေးမတဲ့။ ခင်ဗျားတို့စဉ်းစားကြည့်လေ။ ဦးစီးမှုးတစ်ယောက်လစာ တစ်သိန်းကျော်ကျော်။ လက်ညွှန်တစ်ယောက်မှ တစ်သိန်းခွဲလောက်ရတာ။ အောက်ဆိုက်ရတဲ့ ဌာနတော့ မပြောပါဘူး။ အရာရှိမဟုတ်လည်း ကားစီးနေတာကြာပေါ့။ အောက်ဆိုဒ်မရရင် သေပြီလေ။ တစ်လနဲ့ တစ်လ အလျင်မီအောင်မနည်း။ ဒီကြားထဲ မိန်းမက ရှင်မွေးလွန်းဆို သေရော။ အော်... ကလေးများရင်ပြောတာပါ။ အခုတော့ အားလုံးလည်ကုန်ပါပြီ။ နှစ်ယောက်ထက်ပိုမမွေးရဲပါဘူး။ ဆိုတော့ကာ... တစ်ချို့ ဘဝတွေက ဘက်ဂရောင်းမရှိရင် အမှားမခံဘူး။
နောက်တစ်ခု.... အစိုးရလုပ်ပုံ ပြောပါတယ်။ တယ်လီဖုန်းတုန်းကလည်းကြည့်လေ။ နှစ်သိန်းတန်ဖုန်း ရောင်းမထွက်တော့ ဝန်ထမ်းတွေ အရစ်ကျနဲ့ ရောင်းတယ်လေ။ အပေါ်ယံကြည့်ရင် ဝန်ထမ်းတွေအပေါ် စေတနာ ထားသယောင်ယောင်။ တစ်ကယ်တော့ တတ်နိုင်တဲ့ ဝန်ထမ်းက ဆယ်လူလာခေတ် ဂျီအက်စ်အမ် သိန်းအစိတ် သုံးဆယ်ခေတ်ကတိုင် ကိုင်နေတာ။ တကယ်ကျန်နေတာ တကယ်မတတ်နိုင်သူတွေလေ။ ဒီလိုနဲ့ ရောင်းမကုန်သေးတော့ ဆင်းရဲသားတွေဘက်လှည့်ပြန်ရော။ သူတို့မှာ ဘာ Plan မှမရှိရင် မပြောပါဘူး။ အခုတော့ စီမံချက်တွေဆွဲပြီးမှ ပြည်သူတွေအပေါ် ရသလောက်ရိုက်တာ။ ရတုန်း ဆော်လိုက်ဦးမဟဆို ပြီး လက်တဆုံးနှိုက်တာ။ အရစ်ကျ ဆပ်နေတုန်း ကျေကာနီးလည်း ကျရော ဆင်းကဒ်တစ်ခု တစ်ထောင့်ငါးရာတဲ့။ ဒါတောင် ဝန်ကြီးဟောင်းက မရောင်းနိုင်ပါဘူး ဘာညာနဲ့။ နောက်ဆုံး သမ္မတက ပွဲဝင်ကြမ်းမှပြတ်သွားတာ။
အေးပါ... ခင်ဗျားတို့ကတော့ သူများတွေ သိန်အစိတ် သုံးဆယ်နဲ့ ကိုင်ရတဲ့ဖုန်း နှစ်သိန်းနဲ့ ကိုင်ရတော့ အဟုတ်မှတ် ပျော်နေ။ ခင်ဗျားတို့တွက်မိရဲ့လား? တွက်ကြည့်ဖူးလား?
ကျနော်ပြောပြမယ်... မင်းကွန်းဆရာတော်ဘုရားကြီးဟာ သာသနာ့တက္ကသိုလ်ကြီး တည်ဆောက်ဖို့အတွက် ဘယ်လို စိတ်ကူးစရတယ်မှတ်လဲ။ သူ့ အနေနဲ့ ဒီနိုင်ငံမှာ သာသနာ့ တက္ကသိုလ်တစ်ခုတော့ ရှိသင့်တယ်ပေါ့။ အဲဒီတော့ အလှူငွေရအောင်ဘယ်လို လုပ်ရမလဲပေါ့။ စဉ်းစားတော့... အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူဦးရေ သန်းလေးဆယ်လောက်ရှိပါသတဲ့။ ငါအလှူထွက်ခံလို့ တစ်ယောက်တစ်ကျပ်ထည့်ဦး။ သန်းလေးဆယ်လောက်ရင် ဆောက်လို့ရတယ်ပေါ့။ ဒီလိုနဲ့ ဆရာတော်ဘုရားကြီးဟာ ရထားလမ်း ကားလမ်းတစ်လျောက် အလှူခံထွက်လိုက်တာ ကျနော်တို့ ကလေးဘဝ တစ်နိုင်ငံလုံး လှူလိုက်ကြတာ ဝက်ဝက်ကွဲ။
အင်း.... နှိုင်းယှဉ်ပြောရတာ ငရဲတောင်ကြီးမလားမသိ။ အခုလည်း ခင်ဗျားတို့ တစ်ယောက်ခြင်း ပေးရတာ နှစ်သိန်းလေ။ ဆင်းမ်ကဒ် တစ်သန်းရောင်းရင် ဘယ်လောက်ရမလဲ? နှစ်သန်းရောင်းရင် ဘယ်လောက်ရမလဲ။ တွက်ကြည့်လေ။ နှစ်သန်းဆို ကျပ်သန်းပေါင်း လေးသိန်း။ သိန်းပေါင်းလေးသန်းဗျ။ ဘယ်လောက်အဆင်ပြေလဲ။ ဟော... အခုလည်းကျရော တစ်ထောင့်ငါးရာတဲ့။ အဲဒါလည်း စေတနာရှိလို့မမှတ်ပါနဲ့။ ဟိုမောင်က တစ်ကဒ် ငါးထောင်နဲ့ ဘယ်နှစ်လအတွင်း အကောင်အထည် ဖေါ်နိုင်ပါတယ် ထလုပ်လို့။ ဒါတောင် အရူးကွက်နင်းသေးတာ။ သူ့အဖေက ဘယ်ကဝန်ထမ်းပါ။ ဒီကောင်ကလည်း ဘာမှအခြေအမြစ်မရှိပါဘူး။ မဖြစ်နိုင်တာတွေ လျှောက်ပြောတာပါနဲ့။ ခင်ဗျားတို့ လည်းသိလိုက်ပါတယ်။ အချိုးမပြေပုံပြောပါတယ်။ ဆင်းရဲတဲ့မိဘ သာမန်ဝန်ထမ်းမိဘက မွေးလာရင်ပဲ ကြီးပွါးချမ်းသာခွင့် မရှိသလိုလို။ အလုပ်ကြီးအကိုင်ကြီး မလုပ်နိုင်သလိုလို။ သူတို့တစ်တွေကပဲ ရွှေဇွန်းကိုက် မွေးလာသလိုလို။ ဘာပဲပြောပြော ကျနော်ကတော့ အဲဒီပုဂ္ဂိုလ်ကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်သဗျ။
အခုလည်းကြည့်လေ... အချဉ်ရွေးစရာရှားလို့။ ဝန်ထမ်းတွေမှ မျက်စေ့ကျရတယ်လို့။ 2015 - AFTA ကျရင် ကားဈေးကဘာဖြစ်မယ်မသိ။ ဘယ်မှ ရောင်းမထွက် ဘယ်သူမှမစီးတော့တဲ့ မြန်မာမီနီကို။ သိန်းခြောက်ဆယ်တဲ့။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာကလည်း "လူအ"တွေက အများသား။ အမဲသားတုံး ပစ်ကျွေးတာ ကျေးဇူးတင်နေ။ အထဲမှာ အဆိပ်ထည့်ထားတာ မသိဘူး။ အခုလည်း ဝယ်တဲ့သူက ဝယ်ကြဦးမှာပါ။ ကမ္ဘာပေါ်မှာ လိမ်လို့ အကောင်းဆုံး အယုံလွယ်ဆုံးက ကျနော်တို့ လူမျိုးများလားမသိ။
ကျနော်ကတော့ အစိုးရလူကြီးမင်းများကို တောင်းပန်ပါရဲ့။ လူကြီးမင်းတို့နှိပ်စက်ချင်ရင် ပိုက်ဆံရှိတဲ့ သူဌေးတွေ နှိပ်စက်ပါ။ ဘာမှမဟုတ်တဲ့ သာမန်ဝန်ထမ်းတွေ မနှိပ်စက်ပါနဲ့လို့။ ဆင်းရဲသား အောက်ခြေလူတန်းစား ပြည်သူတွေခမျာလည်း ခင်ဗျားတို့ ထင်ရာစိုင်းတာ အနှစ်လေးငါးဆယ် ခံရပြီးပါပြီ။ ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူးပါပြီ။ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးပါပြီ။ ချေးစော်နံလို့လည်း ပြန်ခဲ့ဖူးပါပြီ။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲချင်ကြပါနဲ့တော့။ ရေနစ်သူ ဝါးကူမထိုးကြပါနဲ့။ မြေနိမ့်ရာ လှံမစိုက်ကြပါနဲ့တော့။ သုမန ကျောမှာ ဒါဏ်ရာတွေနဲ့ပါ။ နာလွန်း ပူလွန်းလို့ ငှက်ပျောဖက်ခင်း အိပ်နေရကြောင်းပါလို့....
ချမ်းငြိမ်းအေး
15-09-2013
Maung Aye
အင်းစိန် အကျဉ်းဦးစီး အမျိုးသမီးဆောင် ညအချိန်မတော် အမျိုးသားတစ်ဦး ဝင်ရောက်
ရန်ကုန်၊ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အမျိုးသမီး အဆောင်ပေါ်သို့ ညအချိန်မတော် အမျိုးသားတစ်ဦး တက်ရောက်ကာ အမျိုးသမီး တပ်သားတစ်ဦး၏ ခြေထောက်ကို ကိုင်တွယ်ခဲ့သောကြောင့် ဖမ်းဆီး အရေးယူထားကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရွာမအရှေ့ရပ်ကွက်၊ အေးသိဒ္ဓိ (၂) လမ်းတွင်နေသူ အသက် ၂၃ နှစ်အရွယ်ရှိ ကိုမျိုးသူ ဆိုသူသည် စက်တင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်တွင် အင်းစိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းအိမ်ရာ အတွင်းရှိ အင်ကြင်းလိုင်း အမျိုးသမီး အပျိုဆောင်ပေါ်သို့ တက်ရောက်လာကာ အမျိုးသမီး တပ်သား၏ ခြေထောက်ကို ကိုင်တွယ်သောကြောင့် နိုးကာ လန့်အော်သဖြင့် ယင်းအဆောင်နေ အမျိုးသမီးအပျို ဝန်ထမ်းများက ဝိုင်းဖမ်းဆီးကာ အင်းစိန်ဗဟို အကျဉ်းထောင် ဒုကြီးကြပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
အင်းစိန် အကျဉ်းဦးစီးဌာနပိုင်ဝင်းကို အုတ်တံတိုင်း ခြံစည်းရိုးများ ကာရံထားပြီး အဆိုပါ အမျိုးသမီး အပျိုဆောင် အတွင်းသို့ ညအချိန်မတော် ကျော်နင်း ဝင်ရောက်မှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း အင်းစိန်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အကျဉ်းဦးစီးဌာနမှ အမျိုးသမီးတပ်သား၏ ခြေထောက် ကိုင်တွယ်ခဲ့သူကို အင်းစိန်မြို့နယ်မြို့မ ရဲစခန်းမှ (ပ) ၉၉၂/၁၃၊ ပုဒ်မ ၄၅၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
လူပျောက် ကြော်ငြာ
ပဲခူးတိုင်း ဝေါး မြို့နယ်နေ
အဖ ဦးနေဝင်း အမိ ဒေါ်ခင်စန်းဝင်း တို၏ သမီးဖြစ်သူ မစုစုလှိုင် သည်
မဲဆောက်မှ ဘန်ကောက် သို့တက်သွားပြီး
မိဘ များ နှင့်အဆက်အသွယ်ပြတ်သွားပြီး
ယခု သူ၏မိဘများ မကျန်းမာပါသဖြင့် မိဘထံ ( သို့မဟုတ် )
အောက်ပါ ဖုန်း နံပါတ် သို့ အမြန်ဆုံးဆက်သွယ်ပါရန်
( 0813944757 ) ( 0873625969)
မန္တလေးမှာ ကလေးတွေ စာမေးပွဲဖြေဖို့ ကြုံနေရတဲ့ ဒုက္ခ
ကလေးတွေ စာမေးပွဲဖြေဖို့ အချိန်မှီဖို့အတွက်
စက်မှုထိပ်လောက်ကနေ ကားတွေ ဆိုင်ကယ်တွေထားပြီး
ကျောင်းအထိ ခြေကျင်သွားကြရပါတယ်။
နေကပူ ရေထဲကဖြတ်ရနဲ့ တချို့ဆို ၉နာရီခွဲနေတာတောင်
ကျောင်းထဲ မရောက်ကြသေးပါ။
မိုးတိမ်
ကေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရအရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း
၁။ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စုတစ်စုသည် မချမ်းဘောမြို့ဝန်းကျင် အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေ စိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ထမ်းဆောင်ရန် အတွက် သြဂုတ်လ၂၈ ရက်နေ့တွင် မလွတ်ဒမ်း ကျေးရွာမှ ထွက်ခွာလာခဲ့ရာ ကေအိုင်အေ (ကချင်) လက်နက် ကိုင်အဖွဲ့ အင်အား ၂ဝ ဦးခန့်မှ အသင့်စောင့်ကြို တိုက်ခိုက်မှု(၂)ကြိမ် ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦး လူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့တွင် စစ်သည်အား ပြန်လည် ရှာဖွေတွေ့ ရှိခဲ့ပါသည်။
၂။ပျောက်ဆုံးအရာရှိအား ဆက်လက် ရှာဖွေခဲ့စဉ် မြေပြင်သတင်းစိစစ်ဖော် ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ် ဦးစီးအင်အား ၂ဝ ဦး ခန့်သည် သြဂုတ်လ ၂၇ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး၂၈ ရက်နေ့တွင် တပ်အားအသင့် စောင့်ကြို (၂)ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း၊ ၃ဝ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘယ်ဘက်လက်မောင်းတွင် လက်နက်ငယ် ဒဏ်ရာဖြင့် အင်ခန်ဂါး ကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ်ရှိသူ တစ်ဦးမှ သွားရောက်သတင်းပို့ခဲ့ သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။ ဖမ်းဆီးခံ အရာရှိအား ပြန်လည် ရရှိရေး ဆောင် ရွက်နေစဉ် စက်တင်ဘာလ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ် သူ မောင်ဖုန်ဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့ တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက် အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ (၁ဝဝဝ)ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက် (၁ဝဝဝ)ခန့်ရှိ တောင်စောင်းနေရာ တွင် မြေပုံတစ်ခု အား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိ ခဲ့ရပါသည်။
၃။တပ်မတော်အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ် ဆောင်လျက်ရှိပြီး တွေ့ကြုံရသည့် အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့် ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျက် ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင် ရွက်လျက်ရှိသော်လည်း ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့်အရာရှိအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ဖမ်းဆီးထားသော အရာရှိအား ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသည့် လူသတ်မှု ကျူးလွန်သူ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့် အပေါင်းအပါ ၂ဝ ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် သက်ဆိုင် ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။
Myawady News
ငါးလောင်းပြိုင်လူသတ်မှု နောက်ကွယ်မှ အဖြစ်ပျက်အစုံကို ဖွင့်ချခြင်း
(သတင်းအစ)
မတ်လ ၃ ၂၀၀၈ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။
ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။
မဇ္ဈိမသတင်းဌာန။
------------------------------------------------------
"ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်"
ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်။
၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော... ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။
ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။
ယခုအခါ စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပေသည်။
ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏ အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်" ဟုဆိုရပေချိမ့်မည်။
စာရှုသူ ပရိသတ်ကြီး မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-"စိန်စီသောည" ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာတို့ပေတည်း။
ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။
၎င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။
ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။
ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။
သို့ငှားရမ်းပြီး မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။
မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။
ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပေသည်။
သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။ ထိုသို့ဖြစ်ပြီး များမကြာမီပင် ၄င်းငါးလောင်းပြိုင် လူသတ်မှုကြီး အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။
ထိုစိန်စီသောညမှ ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပေသည်။
ယခုအပေါင်းပါတစ်ဦးဖြစ်သော မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။ တကယ်အမှု မှန်နိုင်ပါမည်လော... စောင့်ကြည့်ရန်သာရှိသည်။
ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။
တလောက မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ် အမှန်အတိုင်းဖော်မည်လော....စောင့်ကြည့်ရမည့် သတင်းများပါပေ။
တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။
ယောမင်းလေး။
To Download as PDF file, Click the following link;
http://www.scribd.com/doc/17459010/Blood-Diamond-of-Burma
http://bigbbrown.blogspot.com/2009_07_12_archive.html !မှတဆင့်ဖေါ်ပြသည်။
------------------------------------------------------
ငါးလောင်းပြိုင် လူသတ်မှု နောက်ကွယ်မှ ကြိုးကိုင်သူ
လွန်ခဲ့တဲ့ မတ်လ ၂ ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ်က နာမည်ကြီး မိုးကုတ်အဆက် အိမ်တစ်အိမ်၌ ဖြစ်ပွားခဲ့တဲ့ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူး ခေါင်းဆောင် သန်းရွှေရဲ့ မိန်းမဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ်လို့ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စ နဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့် ရဲ့ အသိုင်းအ၀ိုင်းကနေ ထွက်ပေါ်လာခဲ့ပါတယ်။
မိုးကုတ်သူဋ္ဌေး ဦးမြမောင် နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြ နဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သားအစရှိတဲ့ နအဖ စစ်ဗိုလ်ချုပ် သားသမီးတွေ အပါအ၀င် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။
အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်။
ယခု မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ ကိစ္စကို အရေးယူ ဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖေါ်ထုတ်မယ်လို့ ပြန်လည် ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့် နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအ၀ိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။
ယခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဗိုလ်ချူပ်တွေအတွင်း ရာထူးအပြောင်းအလဲ အခြေအနေတွေ၊ လူသတ်မှု ကျူးလွန်စဉ်က သုံးစွဲခဲ့တဲ့ လက်နက်အမျိုးအစားတွေ နဲ့ တစ်ဦးတည်း ရှင်ကျန်ခဲ့တဲ့ ဦးသုဇော် အစရှိတာတွေကို ထောက်ချင့်ရင် ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါကြောင်း ….
ကိုထိုက်ဘလောက်မှ။
------------------------------------------------------
စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ
[By Yangon Press International] Facebook
ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၄င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။
သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။
လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။
အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။
၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။
နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။
အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။
လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။
အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။
လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်
တကယ်တော့နအဖအစိုးရမဖေါ်ထုတ်ရဲခဲ့ပါ။
ဦးသိန်းစိန်အစိုးရကတော့ထိုအမှုကိုဖေါ်ထုတ်လိမ့်မည်ဟု........
------------------------------------------------------
နောက်ဆက်တွဲ
[By Yangon Press International] Facebook မှ
ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၄င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။
သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။
လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။
ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူကပြောသည်။
အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။
၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။
နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။
အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။
လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။
အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။
လူသတ်မှု ဖြစ်ပွားပြီး ၃နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သမ္မတဦးသိန်းစိန် နှင့် လက်တွဲမည်ဟု ၈၈ ပြော
သမ္မတဦးသိန်းစိန်နှင့် ၈၈ ကျောင်းသားများ နေပြည်တော်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ – 88 Generation Peace and Open Society)
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်အနေဖြင့် သမ္မတ ဦးသိန်းစိန် ကို ပြုပြင် ပြောင်းလဲရေး သမားတဦးဟု ယုံကြည်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် သမ္မတ ဦးသိန်းစိန် နှင့် လက်တွဲ သွားမည်ဟု ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ၃ နာရီ ကြာ တွေ့ဆုံခဲ့ပြီးနောက် ၈၈ ကျောင်းသား ခေါင်းဆောင်များက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံစဉ် ဦးသိန်းစိန်က ၈၈ မျိုးဆက် ကျောင်းသား များ လုပ်ဆောင် နေသော နိုင်ငံရေး၊ လူမှုရေး လုပ်ဆောင်ချက်များကို ထောက်ခံအားပေးသည်ဟု ပြောဆိုကြောင်း သိရှိ ရသည်။
“သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမား အဖြစ် ကျနော် တို့ ယုံကြည်မှု ရှိပါတယ်။ သူက ပြုပြင် ပြောင်းလဲရေး အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ ပုဂ္ဂိုလ်ပါ ။ သမ္မတက ကျနော် တို့ကို ပါတီ ထောင်ခိုင်းတာမျိုး မရှိပါဘူး။ ကျနော်တို့ ယုံကြည်ရာကို ရပ်တည်ဖို့ အားပေး ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ”ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဦးဂျင်မီက ဧရာဝတီသို့ ပြောသည်။
လတ်တလော အစိုးရနှင့် လွှတ်တော်အကြား ပွတ်တိုက်မှု ရှိနေခြင်းသည် အာဏာခွဲဝေ ကျင့်သုံးရေးတွင် ကျင့်သား မရှိသေးမှု ကြောင့် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံရေး ပြဿနာ တချို့ရှိနေကြောင်း၊ သို့ရာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် သမ္မတမှ စ၍ အောက်ခြေ ၀န်ထမ်း အထိ စိတ်ဆန္ဒရှိသူ မည်သူနှင့် မဆို လက်တွဲသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ဆိုသည်။
” သမ္မတကြီး လည်း ပြီးခဲ့တဲ့ ကာလတွေမှာ မှားယွင်းတဲ့ အုပ်ချုပ်ရေးပုံစံတွေ လုပ်ခဲ့တယ်ဆိုတာ သဘောပေါက်ပုံရတယ်။ သူ့အနေနဲ့ ပြည်သူတွေကို အာမခံချက်ရှိတဲ့ မျှော်လင့်ချက်ရှိတဲ့ အနာဂတ် ဖြစ်အောင် လုပ်ဖို့လိုအပ်တယ်ဆိုတာလည်း သိပုံရတယ်။ တကယ့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဟာ ၂၀၁၅ နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်။ ၂၀၁၅ မတိုင်ခင်မှာ နိုင်ငံရေး အခြေခံကောင်း တွေ ရအောင် လုပ်ပေးခဲ့မယ် ဆိုတဲ့ ပုံစံကို သမ္မတက ပြောပါတယ် ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သူ ဦးဌေးကြွယ်ကဆိုသည်။
သမ္မတနှင့် တွေ့ဆုံပွဲတွင် သဘောတူညီချက် တချို့ရရှိခဲ့ပြီး တိုင်းပြည် ပြန်လည် တည်ဆောက်ရေးတွင် အားလုံး ပါဝင်နိုင်ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် မတူညီသော အယူအဆများကို စေ့စပ်ညှိနှိုင်းသော နည်းဖြင့်သာ အဖြေရှာရန် ဟူသော အချက် ၂ ချက်ကို သမ္မတဦးသိန်းစိန်နှင့် သဘောတူညီခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ထံမှ သိရှိရသည်။
”အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်မှာ သက်ဆိုင်တဲ့သူ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်ဖို့
ပြောတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာလည်း နိုင်ငံရေးယဉ်ကျေးမှု ဖြစ်တဲ့ တူတာတွေ တွဲလုပ်ပြီး မတူတာတွေကို စေ့စပ် ညှိနှိုင်း အဖြေရှာသွားရေး ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ခိုင်မာအားကောင်းရေးပေါ့။ အဲဒီ ၂ ချက် မှာ ကျနော်တို့ သဘော တူညီချက် ရခဲ့တယ် ”ဟု ဦးဂျင်မီက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တွင် လွှတ်တော်၊ အစိုးရ အဖွဲ့၊ လွှတ်တော် ပြင်ပရှိ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရေး ၊ အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းရေး၊ အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နှင့်
အရပ်ဘက် အဖွဲ့အစည်းများ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရေးတို့ကို လည်း သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
” ၈ လေးလုံးငွေရတု အခမ်းအနားမှာ ကျနော်တို့ ချမှတ်ခဲ့တဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိပါတယ်။ အဲဒီကိစ္စတွေကို အကောင် အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့ ပြောပြတဲ့အခါ သမ္မတက ဘာပြောလဲဆိုတော့ ကိုယ့်ရဲ့ ရပ်တည်ချက် တွေနဲ့ ကိုယ်ရှိကြတယ်။ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် ကို သူလည်း သွားချင်ပါတယ်လို့ ခိုင်ခိုင်မာမာ ပြောတယ်” ဟု ဦးဌေးကြွယ်က ပြောသည်။
ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အကြား နိုင်ငံရေး အားပြိုင်မှုများ ပေါ်ပေါက်နေချိန်တွင် သမ္မတဦးသိန်းစိန် အနေဖြင့် အားကောင်းသော ပြင်ပနိုင်ငံရေး အင်အားစု တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခြင်း သည် စိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အောက်တိုဘာလ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နီးကပ်လာချိန်တွင် ပြင်ပနိုင်ငံရေး အင်အားစုများ တွေ့ဆုံခြင်းဖြင့် သမ္မတဦးသိန်းစိန် သည် နိုင်ငံရေး ချိန်ခွင်လျှာ ညှိသော လုပ်ရပ်ဖြစ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ် ပြောဆိုသည်။
irrawaddy
၅၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာ ပြိုင်ပွဲဝင် စေလွှတ်မည်
စက်တင်ဘာ ၁၂ ရက်နေ့က ကန်တော်ကြီးဟိုတယ်မှာ မယ်စကြဝဠာ ပြိုင်ပွဲ ဝင်ရောက်ဖို့ ဆန်ကာတင်အဆင့် အတွက် ယှဉ်ပြိုင်နေသူများ (ဓာတ်ပုံ – Myanmar Celebrities facebook မှ)
ကမ္ဘာ့အကြီးကျယ်ဆုံး မယ်ရွေးပွဲတွေထဲက တခုဖြစ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး ပြန်လည် ဝင်ပြိုင်ဖို့ မြန်မာနိုင်ငံ ကိုယ်စားပြု မယ်တယောက်ကို ရွေးချယ်ဖို့ စီစဉ်နေပြီ ဖြစ်ကာ စက်တင်ဘာ ၁၂ ရက်နေ့ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုမယ် ပဏာမအဆင့် ရွေးချယ်မှု ပြီးသွားပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ မယ်စကြဝဠာပြိုင်ပွဲမှာ ဝင်မပြိုင်ဖြစ်တော့တာ ၁၉၆၂ ခုနှစ်ကတည်းက ဖြစ်တာကြောင့် ၅၂ နှစ် ကြာခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၂ ခုနှစ်ကတော့ အားကစားဝန်ကြီး ဌာနက ယှဉ်ပြိုင်ဖို့ ခွင့်ပြုချက် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့ Crocus City Hall မှာလုပ်မယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် မယ်တယောက် ဝင်ပြိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ ယှဉ်ပြိုင်ဖို့ ဆန်ခါတင် ရွေးချယ်မှု တွေလုပ်နေတယ်လို့ တာဝန်ယူ စီစဉ်နေတဲ့ Hello Madam Media Group ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစိုးယုဝေက ဧရာဝတီကို ပြောပါတယ်။
“ကျမတို့က ၂၀၁၄ ခုနှစ်ရောက်မှ ကိုယ့်နိုင်ငံက တယောက် လွှတ်မယ်လို့ စီစဉ်ထားပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်းကလည်း ဖိတ်ခေါ်တယ်၊ မြန်မာနိုင်ငံက ၂၀၁၃ အတွက် တယောက် လွှတ်ပေးပါလို့ ပြောလာတာကြောင့် ခပ်မြန်မြန်ပဲ လုပ်ဖြစ်သွားတာပါ။ နောက်နှစ်တွေမှာလည်း မြန်မာနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက်ကို ကျမတို့ကပဲ ဦးဆောင် လုပ်သွားမှာပါ။ အခုလည်း အကောင်းဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ မစိုးယုဝေက ရှင်းပြပါတယ်။
၂၀၁၃ မယ်စကြဝဠာ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုမယ် တယောက် ဝင်ပြိုင်ဖို့အတွက် စက်တင်ဘာ ၁၂ ရက်နေ့က ကန်တော်ကြီး ဟိုတယ်မှာ ယှဉ်ပြိုင်သူ ၄၀ ထဲက ဆန်ခါတင် ၂၀ ဦးကို ရွေးချယ်ခဲ့တာပါ။ အဲဒီ ဆန်ခါတင် ၂၀ အထဲကမှ
တဦးကိုတော့ လာမယ့် အောက်တိုဘာ ၃ ရက်မှာ ကျင်းပမယ့် မယ်စကြဝဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု မယ်အဖြစ် ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြု မယ်အဖြစ် ရွေးချယ်ခံရသူ အနေနဲ့ ဆုကြေး ကျပ်သိန်း ၁၀၀၊ ဟွန်ဒါဖစ် ကားတစီးနဲ့ ၁၅ သိန်းတန် သရဖူ အပြင် တခြား ခံစားခွင့်တွေလည်း ရရှိမှာဖြစ်ပါတယ်။ နိုင်ငံ ကိုယ်စားပြု ရွေးချယ်ခံရသူ အနေနဲ့ကတော့ လာမယ့် အောက်တိုဘာ ၁၇ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တဆင့် ရုရှားနိုင်ငံ မော်စကိုမြို့ကို အောက်တိုဘာ ၂၀ ရက်နေ့ အရောက် သွားရမှာဖြစ်ပြီး အဲဒီ ၂၀ ရက်နေ့က စလို့ မယ်စကြဝဠာပြိုင်ပွဲ စတင်မယ့် နိုဝင်ဘာ ၉ ရက်နေ့ အထိ စခန်းသွင်း လေ့ကျင့်မှုတွေ ဆက်တိုက် လုပ်နေရမှာ ဖြစ်တယ်လို့ မစိုးယုဝေက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့က ကန်တော်ကြီးဟိုတယ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အကြိုရွေးချယ်ပွဲမှာ ဆန်ခါတင် ၂၀ ဦး စာရင်းဝင်ခဲ့တဲ့ မော်ဒယ်လ် နှင်းယမုံဦးကတော့ “ကျမ အခုအချိန်က စပြီး အစစအရာရာ ပိုပြီး ပြင်ဆင်ဖို့ ကြိုးစားဖို့ လိုနေပြီ ဆိုတော့ ဗဟုသုတပိုင်း အတွက် စာတွေ ဖတ်ဖြစ်တယ်၊ လမ်းလျှောက် တာကိုလည်း ပြန်ပြီး လေ့ကျင့် နေတယ်၊ ဒီကိစ္စအပေါ် မှာပဲ စိတ်ရောလူရော နှစ်ပြီးတော့ လုပ်နေတာကြောင့် တခြား အနုပညာ လုပ်ငန်းတွေတောင် မလုပ်သေးဘဲ ခဏနားထားတယ်” လို့ ဆိုပါတယ်။
ဆန်ခါတင် ၂၀ ဦး စာရင်းထဲမှာ ပါတဲ့ နှင်းယမုံဦးဟာ အဝေးသင် တက္ကသိုလ် တက်နေဆဲ အသက် ၂၀ အရွယ်ရှိတဲ့ မော်ဒယ်လ် တဦး ဖြစ်ပါတယ်၊ သူက ပြီးခဲ့တဲ့ Miss Now How (2013) နဲ့ Miss Crown တွေလည်း ရရှိထားသူပါ။
“ကျမ အနေနဲ့ကတော့ အနောက်နိုင်ငံကို သွားမယ်ဆိုရရင် ဘာသာစကား လိုအပ်နိုင်တာကြောင့် အင်္ဂလိပ်စာကို ပြန်ပြီး လေ့လာနေတယ်၊ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးက အစ အားလုံး သိအောင် လေ့လာသွားမှာပါ။ နိုင်ငံတကာကို ထိုးဖောက်မယ် ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုကို ဖော်ညွှန်းထားတဲ့ ဝတ်စုံလည်း လိုအပ်မယ်လို့ ထင်ပါတယ်” လို့
ဆန်ခါတင် စာရင်းဝင် မော်ဒယ်လ် ပိုးကြာဖြူက ပြောပါတယ်။
အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မော်ဒယ်လ် ပိုးကြာဖြူက ပညာအရည်အချင်း အနေနဲ့ BA.English နဲ့ ဘွဲ့ရထားပြီး စီးပွားရေး ဘာသာရပ်ကိုလည်း ဆက်လက်လေ့လာ သင်ကြားနေသူတဦး ဖြစ်ပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဓာတ်ပုံ သရုပ်ဆောင် လုပ်ရင်းနဲ့ တခြား အနုပညာလှုပ်ရှားမှုတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံကနေ မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၉ ခုနှစ်တုန်းက ဒေါ်သန်းသန်းအေး၊ ၁၉၆၀ ခုနှစ်က ဒေါ်မြင့်မြင့်မေနဲ့ ၁၉၆၁ ခုနှစ်မှာ ဒေါ်မြင့်မြင့်ခင်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒေါ်မြင့်မြင့်မေ ကတော့ Miss Congeniality ဆုရရှိခဲ့ ဖူးပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက မယ်စကြဝဠာပြိုင်ပွဲကို လုံးဝဝင်ရောက် မပြိုင်ဖြစ်တော့တာ ၂၀၁၂ ခုနှစ် အထိပါပဲ။
မြန်မာနိုင်ငံအနေနဲ့ Miss Myanmar Pageant 2013ကို ရွေးချယ်ဖို့ လျှောက်လွှာခေါ်ယူခဲ့ ရာမှာတော့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေဖြစ်တဲ့ အရပ်အမြင့်၊ ရုပ်ရည်ရူပကာ၊ ဉာဏ်ရည်ဉာဏ်သွေး ၊ အိမ်ထောင်မရှိဖူးသူ အပျို၊ ဂုဏ်ကျက်သရေ ရှိတဲ့ နောက်ကြောင်း ရာဇဝင်ရှိတဲ့ ပုဂ္ဂိုလ်တဦး စတဲ့ အချက်တွေကို အဓိကထား ခေါ်ယူခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ပြိုင်ပွဲဝင်သူဟာ ခေါ်ယူတဲ့ အဖွဲ့အစည်း ခွင့်ပြုချက်မရှိဘဲ မီဒီယာတွေမှာ ထုတ်လွှင့်ပြသတာ၊ စကားပြောဆိုတာ၊ ထင်မြင်ယူဆချက် ပေးတာ၊ ကုမ္ပဏီ၊ ပုဂ္ဂိုလ်စတဲ့ နေရာတွေက ထုတ်လုပ်တဲ့ အစီအစဉ်တွေမှာ စာချူပ်ချူပ်ဆိုတာ၊ ပါဝင် ဆောင်ရွက်တာ၊ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ပြု လုပ်ခြင်း စတဲ့အချက်အလက်တွေကို ရှောင်ကြဉ်ဖို့ အတွက်လည်း စည်းကမ်းချက်တွေ ထုတ်ထားပါတယ်။
၂၀၁၃ ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့အကြီးဆုံး မယ်ပြိုင်ပွဲ တခုဖြစ်တဲ့ မယ်စကြဝဠာ ပြိုင်ပွဲကိုတော့ ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ Crocus City Hallမှာ နိုဝင်ဘာ ၅ ရက်မှာ ဆန်ခါတင် လူရွေးပွဲ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာ ပြိုင်ပွဲကြီး ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း Miss Universeရဲ့ ဝက်ဘ်ဆိုက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲကို လွန်ခဲ့တဲ့ ၁၉၅၃ ခုနှစ်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ စတင်ခဲ့တာ ဖြစ်တယ်လို့ ဝီကီပီဒီယာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ မယ်စကြဝဠာ ပြိုင်ပွဲတွေမှာတော့ အာရှ ဒေသက ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေက မယ်စကြဝဠာ ဆုတွေကို ရရှိခဲ့ဖူးတာ တွေ့ရပါတယ်။
irrawaddy
မုံရွာ ရဲစခန်းအတွင်း အရပ်သားတဦး သေဆုံးမှုနဲ့ ရဲများ ပြန်အစစ်ခံနေရ
စက်ဘီးများဖြင့် ကင်းလှည့်နေသာ ရဲတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ် (ဓာတ်ပုံ – myanmarpoliceforce.org)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အလုံ ရဲစခန်းမှာ သံသယရှိသူ အရပ်သားတဦး စစ်ဆေးနေဆဲ ကာလအတွင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး တာဝန်ကျ ရဲတွေကို သေမှုသေခင်းဖွင့်ကာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မုံရွာရဲတပ်ဖွဲ့က ပြောပါတယ်။
မုံရွာမြို့ ပန်းဘဲတန်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုအောင်ဆန်းလင်းကို မိုဘိုင်းဖုန်း တလုံး ပျောက်ဆုံးမှုမှာ မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး စစ်ဆေးနေဆဲ ကာလအတွင်း အချုပ်ခန်းထဲမှာ သေဆုံးသွားတဲ့ အတွက် တာဝန်ကျ ရဲဝန်ထမ်းတွေ အခုလို ပြန်ပြီး စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
မိုဘိုင်းဖုန်း ပျောက်ဆုံးမှု သံသယနဲ့ သွားရောက်ဖမ်းဆီးတဲ့ အချိန်မှာ ကိုအောင်ဆန်းလင်း အိမ်မှာ မရှိတဲ့အတွက် ရဲတွေက ဇနီးဖြစ်သူနဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးကိုပါ စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးသူ ကိုအောင်ဆန်းလင်းရဲ့ ဇနီး မတင်နွဲ့က “(စက်တင်ဘာ) ၁၃ ရက်နေ့ ညနေ ၆ နာရီလောက်ကျတော့ အလုံရဲစခန်း ရဲအရာရှိတဦးက ကျမအိမ်သားကို ပြန်လွှတ်မယ်ဆိုပြီး လာခေါ်ပါတယ်။ လိုက်သွားပြီး ဟိုရောက်တော့ ကိုအောင်ဆန်းလင်းက အချုပ်ခန်းထဲမှာ ဆုံးနေပြီ။ ရဲစခန်းကတော့ သူအရက်သောက် များပြီး အသည်းက ဝါပြီးကြီးနေတာလို့ ပြောပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဆန်းလင်းဟာ အရက်သောက်တတ်သူ ဖြစ်ပေမယ့် ရောဂါ ကြီးကြီးမားမား ကြုံတွေ့ဖူးခြင်းတော့ မရှိသေးကြောင်း၊ အခုသူသေဆုံးမှုနဲ့ ပတ်သက်ပြီးတော့လည်း ကျန်ရစ်သူ မိသားစုအနေနဲ့ မသိ နားမလည်တဲ့အတွက် တိုင်တန်းတာတွေလည်း မလုပ်ကြောင်း သိရပါတယ်။
မုံရွာမြို့ အမှတ် (၁) ရဲစခန်း ရဲအရာရှိတဦးက “သေသွားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ သေမှုသေခင်းနဲ့ အဲဒီနေ့က တာဝန်ကျတဲ့ ရဲရော၊ အဲဒီမှာ ကင်းကျတဲ့ အဖွဲ့ရောကို စစ်နေတာ” လို့ ဧရာဝတီကို ပြောပါတယ်။ ကိုအောင်ဆန်းလင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာဆေးရုံကြီးရဲ့ ဆေးစစ်ချက်ကိုလည်း တောင်းခံထားတယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့ မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၇/၂၀၁၃ ဖွင့်လှစ်ထားပြီး အလုံ ရဲစခန်းမှူး မိုးကျော်အောင်က တရားလိုအဖြစ်ပြုလုပ်ကာ မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်က အမှုစစ်အဖြစ် ဆောင်ရွက်နေကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အလုံရဲစခန်းကို တိုက်ရိုက် ဆက်သွယ်ခဲ့ရာမှာ ကိုအောင်ဆန်းလင်း အလုံ အချုပ်ခန်းထဲမှာ သေဆုံးမှု မှန်ကန်ကြောင်း ပြောဆိုခဲ့ပေမယ့် ဖြစ်စဉ်အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုပါတယ်။
မသင်္ကာမှုနဲ့ ဖမ်းဆီးပြီး ရဲစခန်းကို ခေါ်ယူ စစ်ဆေးရင်းနဲ့ သေဆုံးသွားမှုဟာ သံသယဖြစ်စရာ ကောင်းတယ်လို့ Equality Myanmar လူ့အခွင့်အရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောပါတယ်။
“လူတယောက်က သက်သေ အထောက်အထား ခိုင်လုံမှု မရှိမချင်း အဲဒီလူက အပြစ်မရှိဘူးလို့ ကျနော် ပြောလေ့ရှိပါတယ်၊ ဒါကလည်း အခြေခံလူ့အခွင့်အရေးထဲမှာ ပါပြီးသားပဲ။ အဲလိုမျိုး လူတယောက်ကို ရဲစခန်းထဲမှာ စစ်ဆေးရင်းနဲ့ သေဆုံးသွားတော့ ဆိုးရွားတဲ့အဆင့်တခုပေါ့” လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး သွေးရိုးသားရိုး သေဆုံးခြင်း ဒါမှမဟုတ် နှိပ်စက်ခံရပြီး သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို အမြန်ဆုံး တရားရုံးတင်ပြီး သေမှုသေခင်း ဖွင့်သင့်သလို ဆရာဝန်ရဲ့ ဆေးစာ ထွက်ဆိုချက်ကိုလည်း စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောပါတယ်။
ကိုအောင်ဆန်းလင်းနဲ့ တရက်ကွက်ထဲ နေထိုင်သူ တဦးက “ရက်ကွက်ထဲမှာ မှတ်ကြီးက သူ့ဖုန်းပျောက်တယ် ဆိုပြီးတော့ ရဲကိုတိုင်တော့ ရဲကလာဖမ်းတာ။ ခိုးတာက ဘယ်သူမှန်း မသိဘူး၊ ရဲက ကလေးတွေကအစ ဖမ်းခေါ်သွားပြီး စစ်တာ။ နောက်ဆုံး အောင်ဆန်းလင်းကို လာဖမ်းတုန်းကလည်း ထုထောင်းပြီး ဖမ်းသွားတာ” လို့ ဧရာဝတီကို ပြောပါတယ်။
ကိုအောင်ဆန်းလင်း သေဆုံးချိန်မှာ ကလေး ၅ ယောက်နဲ့ ဇနီးဖြစ်သူ မတင်နွဲ့တို့ ကျန်ခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး အပြစ်မရှိတဲ့ မိသားစုနဲ့ ကလေးတွေကိုပါ ရဲတွေအနေနဲ့ ဖမ်းဆီးစစ်ဆေးတာဟာ လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို မြန်မာနိုင်ငံရဲ့ ကလေးအခွင့်အရေး ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
“တရားခံဖြစ်နေဦးတော့ သူနဲ့ပတ်သက်နေတဲ့ မဆိုင်တဲ့ မိသားစု၊ အထူးသဖြင့် ကလေးတွေကို တခါတည်း ဖမ်းတယ်ဆိုတာကတော့ ဘယ်လိုမှ မလုပ်သင့်တဲ့ အရာဖြစ်တယ်။ ဒါက အပြစ်မရှိတဲ့သူတွေကိုပါ ထိခိုက်စေတဲ့ အရာမျိုးဖြစ်တယ်။ ကလေးတွေကို ဒီလိုမျိုးကိစ္စတွေမှာ ဖမ်းဆီး ခေါ်ဆောင်သွားတယ် ဆိုတာက မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်ပါတယ်” လို့ ရှင်းပြပါတယ်။
irrawaddy
အဲပုဂံရဲ့ ရန်ကုန်-ချင်းမိုင်ခရီးစဉ် ခေတ္တရပ်နားမယ်
ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ပြေးဆွဲနေတဲ့ မြန်မာ့လေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ Air Bagan လေကြောင်းလိုင်းဟာ ပြီး ခဲ့တဲ့ စင်တင်ဘာလ ၁၅ ရက်နေ့က နောက်ဆုံး ပြေးဆွဲပြီး  ခဏတာ ရပ် ထားမယ်လို့ သိရပါတယ်။
(photo - Air Bagan)
ချင်းမိုင်- ရန်ကုန် တိုက်ရိုက် ပြေးဆွဲမှုအပြီး ထိန်းသိမ်းပြုပြင်မှုတွေ လုပ်ဖို့ အတွက် ယာယီ ရပ်ထား မယ်လို့ သိရပါတယ်။
" ၂ ပတ် နားထား တာပါ။ မနေ့က ဆွဲခဲ့ပါတယ်။ လာမယ့် အောက်တိုဘာ ၆ ရက်နေ့ ပြန်စမယ်ရှင့်" လို့  ချင်းမိုင်အခြေစိုက် အဲပုဂံ တာဝန်ရှိသူတဦးက ဧရာဝတီကိုပြောပါတယ်။
တချိန်ကလည်း ချင်းမိုင်-ရန်ကုန်ကို ပြေးဆွဲခဲ့တဲ့ မြန်မာ လေကြောင်း လိုင်းဖြစ်တဲ့ Air Mandalay ကလည်း ခဏတာ ရပ်နားမယ် လို့ ပြောပြီးနောက် ထပ် ပုံမှန် မပြေးဆွဲတော့တာ ယနေ့ အချိန်ထိဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Air Bangan မှ အစားထိုးဝင်ရောက်ပြေးဆွဲခဲ့တာ ယခုနှစ် စက်တင်ဘာလဆန်းပိုင်း အချိန်ထိ ဖြစ် ခဲ့ပါတယ်။ Air Bagan လေကြောင်းလိုင်းဟာဆိုရင် မြန်မာ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဦးတေဇပိုင် လေကြောင်းလိုင်း တစ်ခုဖြစ်ပါတယ်။
တလောကတော့ နောက်ထပ် မြန်မာလေကြောင်းလိုင်း တခုဖြစ်တဲ့ ၀င်းအဲ (Win Air) လေကြောင်းလိုင်းကလည်း အောက်တိုဘာလဆန်းလောက်မှာ ရန်ကုန်-ချင်းမိုင် တိုက်ရိုက်ပြေးဆွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခု ထိတော့ သေချာတဲ့ ကြေညာချက်မျိုး မထွက်သေးပါဘူး။
အိမ့်သံစဉ်~
ဘောလုံး လောကရဲ့ လုပ်ခ အမြင့်ဆုံး ကစားသမား ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို
ရီးရဲလ်မက်ဒရစ် စတား ခရစ္စတီယာနိုသည် အသင်းဖြင့် ၂၀၁၈ ခုနှစ် အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို တိုးမြှင့် ချုပ်ဆိုလိုက်သည်။
 အဆိုပါ စာချုပ်ကြောင် ခရစ္စတီယာနိုသည် ဘောလုံးလောက၏ လုပ်ခ လစာ အမြင့်မားဆုံး ရရှိသော ကစားသမား တစ်ဦး ဖြစ်လာခဲ့သည်။ စပိန် သတင်းစာများ၏ ဖော်ပြချက် အရ ခရစ္စတီယာနိုသည် စာချုပ်သစ်ပါ အချက် အလက်အရ တစ်နှစ်လုပ်ခ အသားတင် ယူရို (၁၇) သန်းအထိ ရရှိ ခံစား ခွင့်ရမည် ဖြစ်သည်။
 အဆိုပါ ပမာဏမှာ လက်ရှိ အမြင့်ဆုံး လုပ်ခ လစာကို ခံစားနေသော အသင်းဖော် ဂါရတ် ဘေးလ်နှင့် ဘာစီလိုနာ စတား မက်ဆီတို့ထက် မြင့်မားသော လုပ်ခ လစာ ဖြစ်သည်။ ခရစ္စတီယာနိုက - "ရီးရဲလ်မက်ဒရစ် အတွက် နောက်ထပ် နှစ်ပေါင်းများစွာ ကစားခွင့် ရတော့မယ့် အခွင့် အရေးဟာ ကျွန်တော့် အတွက် တကယ့် မဟာအခွင့် အရေးပါ၊ ကျွန်တော် အရမ်းပျော်ပါတယ်၊ ဒီဂျာစီအတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ် သွားပ့ါမယ်၊ အသင်းကို ကျွန်တော် ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သက်သေပြသွားချင်တယ်၊ အသင်း ပရိတ်သတ်တွေ၊ အသင်းဖော်တွေ၊ ဥက္ကဌနဲ့ အားကစား ဒါရိုက်တာ အားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ သူတို့ကြောင့် စာချုပ်သက်တမ်း တိုးမယ့် ဆုံးဖြတ်ချက်ကို ကျွန်တော် လွယ်လွယ်ကူကူ ချမှတ် နိုင်ခဲ့တာပါ" ဟု ပြောကြား သွားခဲ့သည်။
 ဥက္ကဌ ပီရက်ဇ်က - "ခရစ္စတီယာနိုဟာ ကျွန်တော်တို့ရဲ့ ကစားသမား အဖြစ်နဲ့ နောက်ထပ် (၅)နှစ် တိတိ ဘာနေဗျူးမှာ ဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်" ဟု တရားဝင် ကြေငြာသွားခဲ့သည်။
Ref: Goal.com
အောင်ဇော်လတ် (မိုးနဲ)
 Football Café
တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်နှင့် ဘင်္ဂါလီ မပါဝင်ကြောင်းနှင့် သန်းခေါင် စာရင်း ကောက်ယူရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက် ယူ သွားမည်
ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ ပြောကြားနေစဉ်
  တိုင်းရင်းသား ၁၃၅ မျိုးတွင် တရုတ်၊ ဘင်္ဂါလီနှင့် ပါကစ္စတန် မပါ ၀င်ကြောင်းနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာ၌ ၎င်းတို့ကို အခြားတွင် ထည့်သွင်းကောက်ယူ သွားမည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဆိုသည်။
 စက်တင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ရုံး၊ မင်္ဂလာ ခန်းမ တွင် ပြုလုပ်သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဆိုင် ရာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
 ဆက်လက်၍ ၀န်ကြီးက လက်ရှိတွင် နိုင်ငံသားကတ် ကိုင်ဆောင် ထားသော တရုတ်၊ ဘင်္ဂါလီများနှင့် ပက်သက်၍ "နိုင်ငံသား ဆိုတာ နိုင်ငံသားဖြစ်နေတာကို အသိအမှတ်ပြုတာ။ နိုင်ငံသားက နှစ်မျိုးရှိ တယ်။ မွေးရာပါ နိုင်ငံသားနဲ့ ဥပဒေအရ နိုင်ငံသားဆိုပြီး ရှိတယ်။ မွေးရာပါ နိုင်ငံ သားကို ဘယ်သူမှ ချေဖျက်လို့ မရဘူး။ တချို့က မွေးရာပါနိုင်ငံသား မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ အချက်နဲ့ ညီတယ်။ သူလည်း နိုင်ငံသားဖြစ်ခွင့် ရှိတယ်။ အဲဒါသည် ဥပဒေအရ နိုင်ငံသားပါ။ တရုတ်၊ ကုလားလည်း ဖြစ်နိုင်တာပေါ့" ဟု ပြောကြားသည်။
 ယခုကောက်ယူမည့် သန်းခေါင်စာရင်းသည် နိုင်ငံသားကတ် ကိုင်ဆောင် ထားခြင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ထပ်မံပြောကြားသည်။
"သန်းခေါင်စာရင်း ကောက်ယူရေးဟာ နိုင်ငံရေး၊ လူမျိုးရေး၊ လူမှုရေး ဘာနဲ့မှမဆိုင်ဘူး။ တိုင်းရင်းသားလူမျိုး ၁၃၅ လူမျိုးထဲ မပါရင် တခြားထဲမှာ ပါမယ်။ လူမျိုးပျောက် မသွားဘူး" ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြော ကြားသည်။
 ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို သန်းခေါင်စာရင်း ကောက်ယူရေးအတွက် Third Party အဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများက ကြားခံပြီး ပြောဆိုမှု များ ပြုလုပ်နေကြောင်းနှင့် UNFPA ၏ အကူအညီဖြင့်လည်း ဆောင် ရွက်နေကြောင်း ၀န်ကြီးက ထပ်မံပြောကြားသည်။
 ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ် မတ် ၃၀ ရက် ညသန်းခေါင်အချိန်မှစ၍ ဧပြီ ၁၄ ရက်ထိ ကောက်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
 Eleven Media Group
ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် ကျောင်းသူ သုံးဦး သေဆုံး ပြီး ၂၀ ကျော် ဆေးရုံတက်ခဲ့ရ
မိုးကြိုးပစ်ခံရပြီးနောက် စာသင်ခန်း တစ်ခန်းကို တွေ့ရစဉ်
ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာ စာသင်ကျောင်းမကြီးအား စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်က မိုးကြိုးပစ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးခန့် နောင်ပိုအောင်ကျေး ရွာ ဆေးရုံ၌ ဆေးကုသခဲ့ရသည်ဟု သိရသည်။
"မိုးကြိုးအပစ်ခံရတဲ့ ကလေးတွေက နားမော်ရွာက ငါးတန်းကျောင်းသူတစ်ယောက်၊ ခြောက်တန်းကျောင်းသူတစ်ယောက်၊ နောင်ကံကောင်းကျေးရွာမှ ငါးတန်းကျောင်းသူတစ်ဦး စုစုပေါင်း သုံးဦးပါ။ တခြားကလေးတွေက အကြောတွ နာကျင်တယ်ဆိုပြီး ဆေးရုံတက်ရောက် ခဲ့ကြတာပါ။ ဆေးရုံတက်တဲ့ ကလေးတွေက အကုန်သက်သာကြပါတယ်။ ကလေးတွေ တော်တော်ကြောက်သွားတယ်" ဟု နောင်ပိုအောင်ဆေးရုံသို့ သွားရောက်ခဲ့သူ ကိုအောင်စိုးက ပြောကြားသည်။
 အဆိုပါ အခင်းဖြစ်ပွားရာသို့ မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ပညာရေးမှူးများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ သွားရောက်ကူညီ ပေးခဲ့သည်ဟု သိရသည်။ "အဲဒီကျောင်းမှာ အရင်နှစ်ကလည်း ကျောင်းအိမ်သာကို မိုးကြိုးပစ်တာ ရှိခဲ့ဖူးတယ်။ ကျောင်းကို မိုးကြိုးလွှဲတပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဒီနယ်မှာရှိတဲ့ တခြားကျောင်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကပြောကြားသည်။
 အဆိုပါ နှစ်ထပ်ကျောင်းဆောင် ပတ်ဝန်းကျင်တွင် အပင်ကြီးများ မရှိဘဲ ကျောင်းမှာ လွင်တီးခေါင်တွင် ရှိနေပြီး ကျောင်း၏၀ရန်တာကို စတင်မိုးကြိုးပစ်ရာမှ ရေသောက်နေသော ကျောင်းသူတစ်ဦး မိုးကြိုးထိမှန်ပြီး စာသင်ခန်းအတွင်းသို့ မိုးကြိုးဝင်ရောက်ခဲ့ကာ မိုးကြိုးပစ်ချိန်တွင် မိုးရွာသွန်းခြင်း မရှိဟု သိရသည်။
"ဒီဒေသမှာ မကြာခဏ မိုးကြိုးပစ်တာ ခဏခဏ ကြုံရပေမယ့် ကျွန်တော်တို့နေခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုပါ။ မနေ့ညနေပိုင်းက နောင်ပိုအောင် ဆေးရုံမှာ နားမော်ရွာကလူတွေ အကူအညီ ပေးတဲ့သူတွေ အပြည့်ပဲ။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကျောင်းမှာ ဒီနေ့ သူတို့ကျောင်းရဲ့ ပွဲတစ်ပွဲရှိတယ်။ အခုတော့ စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့ခဲ့ရပြီပါ့။ မိုးကြိုးအန္တရာယ်အကြောင်း အသိပညာ ပေးသင့်နေပါပြီ" ဟု နောင်ပိုအောင်ကျေးရွာမှ ကိုမျိုးဇော်က ပြောကြားသည်။ နားမော်ကျေးရွာသည် ဟုမ္မလင်းမြို့နယ် မာန်ဟုန်အုပ်စုအတွင်းတွင် တည်ရှိပြီး နောင်ပိုအောင်ကျေးရွာမှ မိနစ် ၂၀ ခန့် ဆိုင်ကယ်စီး၍ သွားရကာ လူနာများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းမှကားဖြင့် နောင်ပိုအောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
 Eleven Media Group
အီသီယိုးပီးယား နိုင်ငံတွင် အသက် ၁၆ဝ နှစ်အရွယ်ရှိဟု ယူဆရသော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသားတစ်ဦး ရှာဖွေတွေ့ရှိ
အီသီယိုးပီးယားနိုင်ငံမှ ၁၆ဝ အရွယ်ရှိသည်ဟုယူဆရသော ကမ္ဘာ့အသက်အကြီးဆုံး လယ်သမားကြီးတစ်ဦးအား ရှာဖွေတွေ့ရှိခဲ့သည်ဟုဒေသတွင်း မီဒီယာ များက ပြောကြားထားကြောင်း သိရသည်။
၁၈၅ဝ ပြည့်လွန် နှစ်များတွင် မွေးဖွားခဲ့သည်ဟု ယူဆရသော အဆိုပါ အမျိုးသားကြီး ဒါကာဘိုအက်ဘာသည် မိနစ် ၃ဝ ကြာ လူတွေ့မေးမြန်းမှု တစ်ခုတွင် ၎င်း၏ဆွေစဉ်မျိုးဆက်နှင့် သမိုင်းဝင် အဖြစ်ပျက်များကို အတိအကျ မှတ်မိနေကြောင်း နိုင်ငံပိုင် TV Oramiya က ပြောကြားခဲ့သည်။ အက်ဘာကဲ့သို့ အီသီယိုးပီးယား နိုင်ငံမှ ကျေးလက်ဒေသ အများစုသည် ယခုအချိန်အထိ မွေးစာရင်းပြုလုပ်ခြင်း မရှိသဖြင့် ၎င်း၏မွေးဖွားချိန်ကို အတိအကျ အတည်ပြုနိုင်ရန် အတွက် ၎င်းဘဝဇာတ်ကြောင်း၏ နောက်ကြောင်းကို ဖော်ဆောင်မည့် အနေဖြင့် အနည်းဆုံး ၁၆ဝ နှစ် အတွင်း အဆင့်ဆင့်ပြောင်းလဲ အုပ်ချုပ်နေသော ခေါင်းဆောင်များ ဖော်ထုတ်စေခြင်းဖြင့် အတည်ပြု နိုင်မည်ဖြစ်ကြောင်း English Language Opride.com ဝက်ဘ်ဆိုက်တွင် Mr.Ebba ၏ ဘဝဇာတ်ကြောင်းကို ဘာသာပြန်ဆိုခဲ့သော သတင်းစာဆရာ မိုဟာမက်အေဒီမိုက အကြံပေး ပြောကြားခဲ့သည်။
ရခိုင်အမျိုးသားများနှင့်ပတ်သတ်ပြီးတောင်းပန်ဝန်ခံကတိပြုခြင်း သဘောထားထုတ်ပြန်
ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့ မှာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
က“ဂျောင်း”ဗီဒီယိုဇာတ်ကားနှင့်ပတ်သတ်ပြီးသက်ဆိုင်ရာဇာတ်ကား
ရိုက်ကူးထုတ်လုပ်သူ ဂျော်လီဆွေနှင့်သားများဗီဒီယိုထုတ်လုပ်ရေး၊ဇာတ်ညွန်းဆရာ၊ဒါရိုက်တာနေပိုင်၊သရုပ်ဆောင်မြင့်မြတ်တို့ နှင့်
တွေ့ ဆုံဆွေးနွေးကာရခိုင်အမျိုးသားများနှင့်ပတ်သတ်ပြီးတောင်းပန် ဝန်ခံကတိပြုခြင်းသဘောထားထုတ်ပြန်ခဲ့ကြောင်းသိရပါသည်။
(လတ်တလောမှာ“ဂျောင်း”ဗီဒီယိုဇာတ်ကားနှင့်ပတ်သတ်ပြီး
ရခိုင်အမျိုးသားများ ကွန်ရက်ကပြင်းထန်စွာသတိပေးခြင်း ထုတ်ပြန်ကြေညာခဲ့သလို အွန်လိုင်းစာမျက်နှာများထက်တွင်
လည်း ရခိုင်တိုင်းရင်သားများအပါအ၀င်တိုင်းရင်းသားလူမျိုး
တစ်မျိုး၏ ဂုဏ်သိက္ခာနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အလေးအနက်ရှေ့ ရှုကာဝေဖန်ပြောကြားရေးသားမှုများရှိခဲ့သည့်
အတွက်ယခုကဲ့သို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်အတူ
“ဂျောင်း”ဗီဒီယိုဇာတ်ကားနှင့်ပတ်သတ်ပြီးသက်ဆိုင်သူများက
တာဝန်သိစွာတောင်းပန် ဝန်ခံကတိပြုခြင်းသဘောထားထုတ်ပြန်
တာဝန်ယူခြင်းအပေါ်အစဉ်အလာကောင်းတစ်ခုအဖြစ်ပေါ်ပြူလာ
ဂျာနယ်ကဂုဏ်ယူအသိအမှတ်ပြုပါသည်။-အယ်ဒီတာအဖွဲ့ )
photo credit-ဧရာဝတီ လူမင်း
Popular Journal
နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိသေး၊
နာမည်ကြီး ကုမ္ပဏီများ ထိပ်တန်းအခွန်စာရင်း၌ ပါဝင်လာခြင်း မရှိသေး၊ ရွှေသံလွင်၊ ဒဂုံအင်တာနေရှင်နယ်၊ တော်ဝင်၊ Naing Group၊ Father Land၊ Mother Land၊ Shine ကဲ့သို့သော ကုမ္ပဏီများ အခွန်ထမ်း ၅၀၀ ဦး စာရင်း၌ပင် မပါဝင်
၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၅၀၀ ဦးနှင့် ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ၅၀၀ ဦး စာရင်းများကို ထုတ်ပြန်ရာ၌ နာမည်ကျော် ကုမ္ပဏီများ ပါဝင်လာခြင်း မရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
Sky Net ရုပ်သံလိုင်း အပါအ၀င် လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ တော်ဝင်စင်တာ အပါအ၀င် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်နေသည့် Taw Win Family၊ သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းကြီးများ လုပ်ကိုင်နေသော Dagon International၊ ရန်ကုန်မြို့၏ လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်းများစွာကို တည်ဆောက်ရောင်းချခြင်းအပြင် ကျပ်သိန်းပေါင်း သောင်းသိန်းချီတန်သော မြေကွက်များကိုပင် အရောင်းအ၀ယ် ပြုလုပ်နေသော Father Land၊ Mother Land၊ Shine Construction၊ Naing Group အမည်ရှိသော ကုမ္ပဏီများမှာ ၀င်ငွေခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်း၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သူ ၁၀၀ ဦးစာရင်းအပြင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန် ထိပ်ဆုံးပေးဆောင်သူ ၅၀၀ ဦး စာရင်း၌ပင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
အဆိုပါ ကုမ္ပဏီများအပြင် အခြားပေးဆောင်သင့် ပေးဆောင်ထိုက်သော နာမည်ကျော် ကုမ္ပဏီများလည်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး၊ ၀င်ငွေခွန် အများဆုံး ပေးဆောင်သည့် ထိပ်ဆုံး ၅၀၀ ဦး စာရင်းတွင် မပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထိုသို့ ငွေကျပ်သိန်းပေါင်းများစွာဖြင့် လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီများ၊ အမြတ်အစွန်းရှိသော သစ်လုပ်ငန်းကဲ့သို့ လုပ်ငန်းများ၊ ယနေ့ခေတ် ရန်ကုန်မြို့မြေဈေး ခေါင်ခိုက်ချိန်တွင် မြေကွက်၊ လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒိုများစွာ အရောင်းအ၀ယ် ပြုလုပ်နေသည့် ကုမ္ပဏီများမှာ ထိပ်တန်းအခွန် ပေးဆောင်သည့် ၁၀၀ ဦးစာရင်းအပြင် ၅၀၀ ဦး စာရင်း၌ပါ ပါဝင်လာခြင်း မရှိသည်မှာ အမှန်တကယ် အခွန်ပေးဆောင်နိုင်စွမ်း မရှိခြင်းကြောင့်လား၊ သို့တည်းမဟုတ် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိသည့် ခုနှိမ်ခွင့်၊ အရှုံးပြခွင့် စသည့်အခွင့်အရေးများအရ အခွန်ပေးဆောင်ရမှု မရှိခြင်းလား၊ သို့တည်းမဟုတ် ကင်းလွတ်ခွင့် ရထားခြင်းများကြောင့်လား၊ သို့တည်းမဟုတ် မျက်ကွယ်ပြုထားခြင်းလားဟု ထိပ်ဆုံးအခွန်ထမ်း ၅၀၀ ဦးစာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင်အချို့က မေးခွန်းထုတ်ခဲ့ ကြပါသည်။
လက်ရှိ အခွန်ဥပဒေအရ ခုနှိမ်ခွင့်၊ လုပ်ငန်းအရှုံးပြခွင့်များ ရှိနေရာ လုပ်ငန်းရှင် အချို့မှာ နှစ်စဉ်လုပ်ငန်းအရှုံးပြကာ အခွန်ရှောင်တိမ်း၍ရခြင်း၊ အချို့မှာ ၀င်ငွေခွန် ကြေညာလွှာပင် မတင်ခြင်းများ ရှိခဲ့သည်အထိ အခွန်ပေးဆောင်ရန် ပျက်ကွက်ခြင်းမှာ အစိုးရသစ် လက်ထက်တိုင် ရှိနေဆဲဖြစ်သည်။
အခွန်ထမ်း ၅၀၀ ဦး စာရင်းတွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးက "မြန်မာ့စီးပွားရေးဦးပိုင်၊ နောက်ခရိုနီကုမ္ပဏီ တချို့တောင် အခွန်ကို သင့်တင့်သလောက် ပေးလာတဲ့အချိန်မှာ အခုအထိ အခွန်ကင်းလွတ်ခွင့် ရထားသယောင်ယောင်၊ လုပ်ငန်းရှုံးသလိုလိုနဲ့ အခွန်မပေးတဲ့သူတွေ အများကြီး ကျန်သေးတယ်။ အထူးသဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီတွေ ကျန်နေတယ်။ အခွန်ဥပဒေကလည်း တကယ်ရှုံးလို့ အရှုံးပြတာတော့ထား၊ မရှုံးလည်း အရှုံးပြလို့ ရနေတယ်။ လက်ဖက်ရည်ဆိုင် သေးသေးလေးကအစ လမ်းဘေးဈေးသည်အဆုံး အခွန်ပေးနေရတဲ့ အချိန်မှာ ကျပ်သန်းပေါင်းများစွာနဲ့ လုပ်ငန်းကြီးတွေ လုပ်နေတဲ့ သူတွေက ရှုံးတာတို့ ကင်းလွတ်ခွင့် ရတာတို့ ဆိုရင်တော့ မတရားတဲ့ စနစ်ပဲ။ အရှုံးပြတာပဲ ဖြစ်ဖြစ်၊ ကြေညာလွှာ မတင်တာဘဲ ဖြစ်ဖြစ် အဲဒီလိုကုမ္ပဏီကို သေချာစစ်သင့်တယ်။ နှစ်တိုင်း အခွန်မှန်မှန်ပေးတဲ့ သူတွေကပေး။ အဲဒီလူတွေ အပေါ်မှာပဲ တိုးကောက်တဲ့ ပုံစံမျိုး၊ တစ်ဖက်မှာကျတော့ မျက်ကွယ်များ ပြုထားသလား အောက်မေ့ရတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီ အများစုက မနှစ်က ထိပ်တန်းအခွန်ထမ်း ၁၀၀ မှာလဲ မပါဘူး။ ဒီတော့ တကယ်မဆောင်နိုင်တာလား၊ တကယ်ရှုံးတာလား၊ ကင်းလွတ်ခွင့် ရထားတာလား သေချာပြန်စစ်သင့်တယ်" ဟု ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်းမှာ ၂၀၁၃ ခုနှစ် သြဂုတ်အထိ ၃၇၀၀၀ ကျော် ရှိသော်လည်း အမှန်တကယ် အမြတ်ပြ အခွန်ဆောင်သည့် ကုမ္ပဏီမှာ ၁၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အခွန်အရပ်ရပ်သည် ကျပ်ဘီလျံ ၁၅၀၀ ၀န်းကျင်သာ ရရှိခဲ့သည်။ ဒုတိယနှစ် လက်ထက်တွင်မူ ကျပ်ဘီလျံ ၂၅၀၀ အထိ တိုး၍ရရှိခဲ့ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်နေသည့် ကုမ္ပဏီများကို စိစစ်ခြင်း၊ အခွန်စနစ် ပြင်ဆင်ခြင်းများ ပြုလုပ်ပါက အခွန်ငွေမှာ ယခုထက် အနည်းဆုံး ငါးဆနှင့်အထက် ပိုမိုရရှိမည် ဖြစ်သည်ဟုလည်း ခန့်မှန်းတွက်ချက် ထားကြသည်။
ထိပ်ဆုံးအခွန်ထမ်း ၃၀၀ ဦး စာရင်းတွင် ပါဝင်သူ လုပ်ငန်းရှင် တစ်ဦးက "အခု တီဗီကြော်ငြာ၊ သတင်းစာကြော်ငြာ၊ ရန်ကုန်မြို့ လမ်းတစ်လျှောက် ကြော်ငြာတွေမှာ အဲဒီကုမ္ပဏီတွေချည်းပဲ။ ဒီလောက်လုပ်ငန်း လုပ်ပြီးမှတော့ အခွန်မဆောင်နိုင်တာတော့ မဟုတ်ဘူး။ ဥပဒေအရ ရှောင်လို့ရနေတာနဲ့ သေချာမစစ်ဘဲ မျက်ကွယ်ပြုထားသလို ဖြစ်နေတာ နှစ်မျိုးပဲ ဖြစ်လိမ့်မယ်။ မြေနီကုန်းက မခင်အေး စတိုးဆိုင်တောင် နံပါတ် ၃၀၀ ကျော်လောက်မှာ ပါလာတယ်။ ဒီကုမ္ပဏီ နာမည်တွေ မတွေ့ဘူး။ အမှန်ဆောင်တဲ့သူနဲ့ သူတို့နဲ့ ယှဉ်လိုက်ရင် အမှန်ဆောင်တဲ့သူတွေ ဘယ်လောက်နာသွားလဲ။ ဆင်းရဲချမ်းသာရော ဘယ်လောက်ကွာသွားမလဲ။ အခွန်ဥပဒေမှာ ကာလစည်းကမ်းသတ်ဆိုတာ ရှိတယ်။ သုံးနှစ်ကျော်သွားရင် အခွန်ပြန်စည်းကြပ်လို့ မရဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်း အခွန်ရှောင်ချင်လို့ မဟုတ်ဘဲ အခက်အခဲကြောင့်ဆိုရင် အဲဒီဥပဒေအရ အကျုံးဝင်တယ်။ ဒါပေမဲ့ တမင်အခွန်ရှောင်ဖို့ လုပ်ခဲ့တာလို့ အခွန်ကောက်တဲ့သူက ယူဆရင်တော့ နှစ်ဘယ်လောက်ကြာကြာ အခွန်ပြန်ကောက်လို့ ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ PMG နဲ့ အခြား အရက်ကုမ္ပဏီကြီး တစ်ခုကို အဲဒီလို ပြန်ကောက်တာလေ။ အကုန်ပြန်ဆောင်ခိုင်းတာ။ အခုလည်း ဒီလောက်အရှုံးပြတဲ့ သူတွေကို ဘုတ်အဖွဲ့အနေနဲ့ ပြန်စစ်ပြီး မမှန်ရင် အကုန်ပြန်ဆောင် ခိုင်းသင့်တယ်။ အမှန်အတိုင်း ပေးဆောင်နေတဲ့သူတွေ အရမ်းနစ်လာသလို နိုင်ငံတော်လည်း အခွန်မရလို့ နာတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိတွင် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သော်လည်း အခွန်တိမ်းရှောင်မှုများ၊ ဥပဒေအရဟု ဆိုသော်လည်း နှစ်စဉ်အရှုံးပြနေသည့် ကုမ္ပဏီကြီးများအား ထိရောက်စွာ စိစစ်ကြပ်မတ်မှုထက် အခွန်ပေးဆောင်မှုများ အပေါ်တွင် ပိုမိုရရှိ စေရန်ကိုသာ လုပ်ဆောင်ထားနိုင်သေးသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း အခွန်ကိစ္စရပ်၊ အခွန်ဥပဒေ၊ အခွန်ကောက်ခံမှုများမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ပြင်ဆင်ရန်လိုအပ်ကြောင်း ပြောကြားထားခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုတွက်လဲ၊ ဘယ်လိုချက်လဲဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင် ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ်သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီးရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ။ ၃၀ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်းအပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်" ဟု ပြောကြားထားခဲ့ပြီးလည်း ဖြစ်သည်။
အခွန်ရှောင်တိမ်းနေသူများ၊ လာဘ်လာဘများဖြင့် ကြွယ်ဝနေသူများ၊ ငွေမည်းငွေဖြူ လုပ်နေသူများအား စိစစ်ကြပ်မတ်ခြင်း မရှိသေးဘဲ ပုံမှန်အခွန် ထမ်းဆောင်နေသူ၊ အခွန်စာရင်း ပေါက်ပြီးသား လူလတ်တန်းစား ကုမ္ပဏီများထံမှသာ အခွန်ပိုမို ရရှိရေးကို စိစစ်ကောက်ခံ နေသည့်အတွက် ဆင်းရဲချမ်းသာ ကွာဟမှုမှာလည်း ပိုမိုကြီးထွားလာခြင်း၊ အခွန်ကင်းလွတ်ခွင့် သက်သာခွင့် လျှောက်ထားမှုများအပေါ် အများပြည်သူမှ နားမလည်ခြင်း၊ နားလည်ရန် ခက်ခဲခြင်းများကြောင့်လည်း စိစစ်ခြင်းအပြင် အခွန်ဥပဒေကိုပင် ပြင်ဆင်သင့်ပြီ ဖြစ်သည်။
ဒီမိုကရေစီ အစိုးရဖြစ်သည့်အတွက် အခွန်ကို အားထားရချိန်၊ ၀န်ထမ်း၊ လမ်းဘေးဈေးသည်မှအစ အခွန်အရပ်ရပ်အား ပေးဆောင်နေချိန်၊ လူလတ်တန်းစား ကုမ္ပဏီများမှ ရှုံးသည်ဖြစ်စေ မြတ်သည်ဖြစ်စေ ပေးဆောင်ရန် သတ်မှတ်သည့် အခွန်ကို မညည်းမညူ ပေးဆောင်နေချိန်၊ အခွန်ရှောင်မှုများအား ထိရောက်စွာ စိစစ်နိုင်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်းထားရှိ ပြီးချိန်တွင် ယခုကဲ့သို့ အခွန်ဆောင်စာရင်းတွင် မပါဝင်သည့် ကုမ္ပဏီကြီးများအား အမှန်တကယ် ပေးဆောင်နိုင်ခြင်း မရှိ၍လား၊ ရှောင်တိမ်းနေခြင်းလား ဆိုသည်ကို ထိရောက်စွာ စိစစ်သင့်ပြီ ဖြစ်သည်။
Eleven Media Group