ဗင်နီဇွဲလားမှ အမေရိကန်သံတမန်သုံးဦးနှင်ထုတ်

ပို့စ်တင်ချိန် - 2/18/2014 08:43:00 AM


ဗင်နီဇွဲလားအစိုးရအား ဖြုတ်ချရန်ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲကာ တနင်္ဂနွေနေ့တွင် ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ်မဒူရိုက အမေရိကန်သံအရာရှိ ၃ ဦးကို တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပျက်နေသည့်အခြအနေများကို
စိုးရိမ်ကြောင်းကြေငြာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဗင်နီဇွဲလားကလည်း အမေရိကန်သံတမန်များကို နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်က ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရဘတ်စ်မြို့ အဓိကရုဏ်း၌ အစိုးရဆန့်ကျင်ဆန္ဒပြသူ ၃ ဦးသေဆုံးပြီးနောက် အတိုက်အခံခေါင်းဆောင်တစ်ဦးကို အစိုးရဖြုတ်ချရန် ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်ဆက်နွယ်လူသတ်မှုများဖြင့် စွဲချက်တင်ကာ ဗင်နီဇွဲလားအစိုးရက ဖမ်းဝရမ်းထုတ်ခဲ့သည်။ ဖေဖော်ဝါရီ ၁၂
ရက်နေ့ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် အတိုက်အခံခေါင်းဆောင် လီယိုပိုလ်ဒိုလိုပဇ် ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော
နိုင်ငံရေးတင်းမာမှုများအပေါ် မိမိတို့လေးနက်စွာ စိုးရိမ်မိကြောင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီဟဖ်က စနေနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများသေဆုံးခဲ့မှုအပေါ် တာဝန်ရှိသူများကိုစစ်ဆေး၍ တရားစွဲဆိုပေးရန်တောင်းဆိုပြီး အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုံ့ချရန်
အမေရိကန်အစိုးရများအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် ပူးတွဲဆောင်ရွက်သည်ကို US နိုင်ငံခြားရေးက ဆက်လက်ပြောကြားသည်။ သို့သော် ဇင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးသည် အိုဘားမားအစိုးရကို ပြန်လှန်ကန့်ကွက်တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုလုပ်ဆောင်ခဲ့သူများကို အတိုက်အခံခေါင်းဆောင် လီယိုပိုလ်ဒိုလိုပဇ် မှ ဦးဆောင်ခဲ့သော လုံလောက်သည့် သက်သေအထောက်အထားများရှိသည်ကို ကမ္ဘာကသိရမည်ဟု ဗင်နီဇွဲလားနိုင်ငံရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။

Popular Myanmar News Good Health Journal