လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအားအဓမ္မပြုကျင့်သည်ဟုဆို သူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင်အမှု ဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

ပို့စ်တင်ချိန် - 7/03/2014 01:28:00 PM



မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင် တွင် အလုပ်လုပ်နေသော အ မျိုးသမီးငယ်တစ်ဦးကို နေပြည် တော်တွင် ဆိုင်သစ်ဖွင့်ရန်အ တွက်ဟုဆိုကာ ကားဖြင့်တင် ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည် ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင် ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော် မင်းဦးကပြောသည်။

ထိုသို့အမှုဖွင့်ခံရမှုအတွက် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃၀ ရက် ညတွင် ပျဉ်းမနား မြို့မရဲစခန်း အပါအ၀င် မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တာဝန်ရှိသူများ သည် ဦးနေ၀င်း၏နေအိမ်ဖြစ် သော မန္တလေးမြို့အောင်မြေသာ စံမြို့နယ် ၁၈လမ်းနှင့် ၁၉လမ်း ကြား၊ လမ်း ၈၀နှင့် ၈၁လမ်းကြား ရှိနေအိမ်တို့သို့ သွားရောက်စစ် ဆေးခဲ့သည်ဟုဆိုသည်။

သို့သော် ၎င်းတို့ကို နေအိမ် တွင် ရှာဖွေမတွေ့ရှိသည့်အတွက် အိမ်ပြန်ပြီး လာရောက်နေထိုင်ပါ ကရဲစခန်းသို့ ဆက်သွယ်ပေးရန် မှာကြားထားသည်ဟု ဒုတိယရဲမှူး ကြီးဇော်မင်းဦးကပြောသည်။

ဆန်းကဖေးနှင့် နေကဖေး လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော ဗုဒ္ဓဘာသာအ မျိုးသမီးငယ်တစ်ဦးအားဆိုင်ရှင် အစ္စလာမ်ဘာသာဝင်ညီအစ်ကို နှစ်ဦးက အဓမ္မပြုကျင့်သည်ဆို သော သတင်းများ ဇွန်လနောက် ဆုံးပတ်ကတည်းက အင်တာနက် သတင်းများတွင် ပျံ့နှံ့နေပြီး အဆိုပါသတင်းအပေါ် အခြေခံကာဇူလိုင်လ ၁ ရက်ညက မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မပေး သေးဘဲ စစ်ဆေးနေဆဲသာဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့မှာပြန်လည်တည် ငြိမ်နေပြီဖြစ်သော်လည်း လူစုလူ ဝေးများစတင်ဖြစ်ပေါ်ခဲ့ရာ မန္တ လေးမြို့ချမ်းအေးသာစံမြို့နယ် ၈၂လမ်းနှင့် ၂၇လမ်းထောင့်အပါ အ၀င် အနီးအနားနေရာများ ကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အ၀ ရယူထားဆဲဖြစ်ပြီး မန္တလေးမြို့ တည်ငြိမ်အေးချမ်း ရေးနှင့် မှုခင်းများထပ်မံမဖြစ်ပွား စေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင် အား လေးရာကျော်၊ လုံခြုံရေး တပ်ဖွဲ့ခွဲ(မန္တလေးတိုင်းဒေသကြီး)မှ အင်အားသုံးရာခန့်၊ စုစုပေါင်း အင်အား ခုနစ်ရာကျော်ဖြင့် လုံခြုံ ရေးရယူဆောင်ရွက်နေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

7Day News Daily