Telenor နှင့် Samsung ပူးပေါင်း


Telenor အနေဖြင့် ၎င်း၏ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချရာတွင် ကမ္ဘာ့ကျော်မိုဘိုင်းဟန်းဆက် Brand တစ်ခုဖြစ်သည့် Samsung နှင့် ပူးတွဲရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။



၎င်းတို့ကုမ္ပဏီနှစ်ခုသည် မိုဘိုင်းဟန်းဆက်များနှင့် မိုဘိုင်းဆင်းမ်ကတ်များ တွဲဖက်ရောင်းချရန် နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့ Telenor ရုံးချုပ်၌ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး တယ်လီကွန်းဈေးကွက်ကို ပူးပေါင်ဝန်ဆောင်မှု ပေးရန်သဘော တူညီခဲ့သည်ဟု သိရသည်။



တယ်လီကွန်းဈေးကွက်အတွင်း အရောင်းမြှင့်တင်မှု လုပ်ငန်းများကို Telenor နှင့် Samsung တို့ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး ဟန်းဆက်နှင့် ဆင်းမ်ကတ်ကို ဈေးနှုန်း သင့်တင့်စွာဖြင့် ပူးတွဲဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း Telenor ကသတင်းထုတ်ပြန်ခဲ့သည်။



ဆက်သွယ်ရေး အော်ပရေတာများသည် ၎င်းတို့၏ဆင်းမ်ကတ်များကို လူသိများပြားသည့် ဟန်းဆက်များနှင့် တွဲဖက်ရောင်းချကြမည် ဖြစ်သော်လည်း အမှန်တကယ် ဟန်းဆက်ဈေးကွက်ကို ဦးဆောင်ရောင်းချသူများမှာ ပြင်ပရှိဟန်းဆက် အရောင်းဆိုင်များသာ ဖြစ်မည်ဟု Telenor ၏ CEO ဖြစ်သူက ပြောဆိုခဲ့ဖူးသည်။



Telenor ၏အဓိကပြိုင်ဘက်ဖြစ်သည့် Ooredoo သည်လည်း Telenor နည်းတူ၎င်းတို့၏ ဆင်းမ်ကတ်များကို ဟန်းဆက်များနှင့် တွဲဖက်ရောင်းချသွားမည်ဟု သိရသည်။



“သုံးစွဲသူ ပြည်သူလူထုထဲမှာ ရေပန်းစားနေတဲ့အပြင် နိုင်ငံတကာမှာလည်း နာမည်ရပြီးသားဖြစ်တဲ့ Brand တွေနဲ့စကားပြော နေပါတယ်။ အနီးကပ်ရင် အသေးစိတ်ကြေညာပေးပါ့မယ်” ဟု Ooredoo ၏ပြောရေးဆိုခွင့်ရှိသူ ဒေါ်သီရိကြာညိုက ပြောသည်။



Samsung သည်ပြည်တွင်း ဈေးကွက်၌ နာမည်ရရှိနေသည့် ကိုရီယားနိုင်ငံအခြေစိုက် ဟန်းဆက် Brand တစ်ခုဖြစ်ပြီး Telenor ၏မိုဘိုင်း ဆင်းမ်ကတ်များနှင့် ပူးတွဲရောင်းချရန် ပထမဦးဆုံး စာချုပ်ချုပ်ဆိုလိုက်သည့် ဟန်းဆက် Brand လည်းဖြစ်သည်။



အော်ပရေတာများသည် ၎င်းတို့၏ ဆင်းမ်ကတ်များကို ဟန်းဆက်များနှင့် တွဲဖက်ရောင်းချရာတွင် ဈေးနှုန်းနိမ့်သည့် ဟန်းဆက်များမှ စတင်၍ဈေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်မြင့်မားသော မော်ဒယ်လ်မြင့် ဟန်းဆက်များလည်း ပါဝင်မည်ဟု သိရသည်။

Internet Journal

ရန်ကုန်မြို့ရှိ အိမ်ငှားဈေးနှုန်းများကို အောက်ခြေအထိဆင်း၍ အခွန်ဌာနမှ ညှိနှိုင်းပေးမည်



ရန်ကုန်

ဇင်သူထွန်း
ရန်ကုန်မြို့ရှိ အိမ်ငှား၊ မြေငှား လုပ်ကိုင်နေသော ဈေးနှုန်းများကို အောက်ခြေအထိ ဆင်း၍ သင့်တော်သော နှုန်းထားဖြင့် အခွန်ဌာနမှ ညှိနှိုင်းပေး သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန မှ သတင်း ရရှိသည်။ ဘေးပတ်ဝန်းကျင်ရဲ့ ပြော စကားကို နားထောင်မယ်။ ပြီးရင် အောက်ခြေအထိ ဆင်းပြီး လျှို့ဝှက် စုံစမ်းမယ်။ နောက်ပိုင်း ပိုင်ရှင်တွေ အခွန်လာဆောင်တဲ့ အခါမှာ နှစ်ဖက် အဆင်ပြေ စေဖို့ သင့်တော်တဲ့  နှုန်းထားကို မြို့နယ်အလိုက်သတ်မှတ်ပေးသွားမယ်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းလွင်စိုးက The Messenger သတင်းစာ သို့ပြောသည်။ ယင်း ကဲ့သို့ ဆောင်ရွက်နိုင်ရန် အတွက် မြို့နယ် အလိုက် အထွေထွေ အုပ်ချုပ်ရေးမှူးများ၊ အခွန်ဘုတ်အဖွဲ့မှ ၀န်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပူးပေါင်းကာ လာမည့်လ မှစတင်၍   ကွင်းဆင်း လေ့လာမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

လက်ရှိတွင် နိုင်ငံတော် အစိုးရမှ ၀န်ထမ်း များ၊ အခြေခံလူတန်းစားများအတွက် အိမ်ရာ ပိုင်ဆိုင်မှု များပြားလာစေရန် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးနေ သော်လည်း အခြေခံ လူတန်းစားများ အိမ်ပိုင် ၀ယ်ယူနိုင်ရန် အလှမ်းဝေးနေသေးသည်။ အစိုးရက ကြားဝင်ပြီး သတ်မှတ် ပေးမယ် ဆိုရင်တော့ အားလုံး အတွက် အဆင်ပြေတယ်။ အခုဟာက အရပ်ပွဲစားတွေရဲ့ စကားနဲ့ တင်ဈေးတွေ အဆမတန်တက် နေတော့ ငှားမယ့် သူလည်း မငှားနိုင်ဘူး။ အိမ်ရှင်တွေ အတွက်လည်း အလုပ်မဖြစ်ဘူး။ အခုလို သတ်မှတ်မယ်ဆိုရင်တော့ အဆင်ပြေသွားတာပေါ့ ဟု ရှမ်းနဂါးအိမ်ခြံမြေ အကျိုးဆောင်မှ ကိုအောင်က The Messenger သတင်းစာသို့ ပြောသည်။

လ.၀.က၏ မြေပြင် သန်းခေါင်စာရင်း ကောက်ယူမှု အရ အဆိုပါ အိမ်ငှား နေထိုင်သူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အရှေ့ပိုင်း ခရိုင်တို့တွင် အများဆုံး တွေ့ရကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သူ လူဦးရေ (၇ ဒသမ ၉) သန်းတွင် ငှားရမ်းနေထိုင်သူ လူဦးရေ တစ်သန် ကျော်ရှိကြောင်း လူဝင်မှုကြီး ကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သိရသည်။ ထို့အပြင် အိမ်ငှား၊ မြေငှား ဈေးနှုန်း များအပေါ် အခွန်ကောက်ခံရာ တွင်လည်း တစ်နှစ်တာ ၀င်ငွေ နှင့် ကုန်ကျစရိတ်ကို တွက်ချက်ပြီး၊ ကျန်ရှိသော ၀င်ငွေမှ ရာခိုင်နှုန်း တွက်ချက်ကာ အခွန်ပေးဆောင် စေရန် ယခုလမှ  စတင် စီစဉ် သွားမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

messenger


ကိုယ်ဝန်ဆောင် နေစဉ်ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသားပျက်စီးနိုင်


အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများပါဝင်သော
အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို
အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးထံမှ သိရသည်။

ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ဓာတုဗေဒပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက်လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇတစ်သျှူးများ ပျက်စီးစေနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီးရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့နွားနို့ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က ပြောသည်။


ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အစားအသောက်ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကာလ အတွင်းဆံပင်ဆေးဆိုးခြင်းသည်လည်းသန္ဓေသားကို အန္တရာယ် ဖြစ်စေသည့်အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

ဆံပင်ဆိုးဆေးတိုင်းတွင် ဓာတုပစ္စည်းများပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန်ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျစမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည် လူ၏အရေပြားမှတစ်ဆင့် သွေးကြောအတွင်းသို့စိမ့်ဝင်လာသည့် အတွက်  သန္ဓေသားအား  အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ် ဒါကိုအမျိုးသမီးတွေက သိပ်သတိမထားကြဘူး အရမ်းဆိုးချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝမဆိုးမိပါစေနဲ့ ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ်ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာက ကိုယ်ဝန်ဆောင်နေစဉ်မှာ လုံးဝမဆိုးတာ အကောင်းဆုံးပါပဲ” ဟု ဒေါက်တာသန်းထိုက်ကဆက်ပြောသည်။

ကိုယ်ဝန်(၃)လအရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိကအင်္ဂါအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။

“ အစားအသောက်ကို ဆင်ခြင်စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင်ထားဘူး။ ဆံပင်ဆိုးတာက ကလေးကိုထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကိုသတိထားမိမှာ မဟုတ်ဘူးသိထားရင် ရှောင်သင့်တာ ရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

spectrum
World Myanmar

ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွခ်ကိစ္စနှင့်ပတ်သက်၍ ဦးရဲထွဋ်လူချင်းတွေ့ဆုံ တောင်းပန်


သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ၎င်း၏ဇနီးသည်မှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် ဓါတ်ပုံပညာဖြင့် ပြုပြင်ထားသော ပုံတပုံ ဖေ့စ်ဘွခ်ပေါ်၌ ရှယ်ခဲ့ခြင်းကို ပြည်ထောင်စုလွှတ်တော်၌ တွေ့ဆုံစဉ် ကာယကံမြောက် တောင်းပန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ "ကိစ္စမရှိပါဘူး" ဟုတုံ့ပြန်ကြောင်း ဦးရဲထွဋ်က သူ၏ဖေ့စ်ဘွခ်တွင် ရေးသားထားသည်။

ယင်းအပေါ် အချို့က ကာယကံရှင်ဖြစ်သော ဦးရဲထွဋ်၏ဇနီး တောင်းပန်သင့်သည်ဟု မှတ်ချက်ပြုကြသည်။

ဓါတ်ပုံ - ဦးရဲထွဋ်ဖေ့စ်ဘွခ်


News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

စန္ဒယားခလုပ်ပြုလုပ်ဖို့အတွက် ဆင်တွေကို သတ်ဖြတ်နေတာတွေရပ်တန့်ရေး ဂီတသမား Billy Joel ဆော်သြ



သူ့ရဲ့အရွယ်ရောက်ပြီးကာလတစ်လျှောက် စန္ဒယားပညာရှင်တစ်ရောက်အဖြစ် ရပ်တည်လာခဲ့သူတစ်ဦး အနေနဲ့ Billy Joel တစ်ယောက် ဆင်စွယ်တွေရဲ့အရည်အသွေးကိုလူတော်တော်များများထက်ပိုသိပါတယ်။ ဒါပေမယ့် မကြာသေးခင်က New York ပြည်နယ်မှာ တရားမ၀င်ဆင်စွယ်ရောင်းဝယ်မှုကို တားမြစ်ရေးထောက်ခံကြောင်း လူသိရှင်ကြားကြေငြာလိုက်တဲ့အတွက် Billy တစ်ယောက်ယောက် ဆင်စွယ်အသုံးပြုမှုမှာ သတိမထားမိဘဲ မြင့်မားလွန်းနေတဲ့ အဖိုးအခရှိတယ်ဆိုတာကို သူနားလည်ပါတယ်။

New York မြို့တော်ဝန် Andrw Cuomo ကစတင်မိတ်ဆက်ပေးတဲ့ ဒီလုပ်ဆောင်မှုကို Joel ကသူ့ တရားဝင် website မှာတင်ထားတဲ့ စာတစ်စောင်နဲ့ထောက်ခံခဲ့တာဖြစ်ပါတယ်။ ‘ကျွန်တော်က စန္ဒယားတီးသူတစ်ယောက်ပါ။ ပြီးတော့ ဆင်စွယ်စန္ဒယားခလုတ်တွေကို အချို့စန္ဒယားသမားတွေ ကြိုက်ကြတယ်ဆိုတာကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆင်စွယ်စန္ဒယားခလုတ်တွေကို နှစ်သက်တာဟာ တစ်နေ့ကို ဆင်အကောင် ၉၆ ကောင်သတ်တာကို မှန်ကန်တယ်လို့ ပြောလို့မရပါဘူး။ စန္ဒယားခလုတ်တွအတွက် အခြားအစားထိုးလို့ရတဲ့ ကုန်ကြမ်းပစ္စည်းတွေရှိပါတယ်။ ဒါပေမယ့် ဒီလိုကြီးကျယ်ခမ်းနားတဲ့ တိရိစ္ဆာန်တွေကိုတော့ ဘယ်တော့မှအစားထိုးလို့မရပါဘူး။

အန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ တိရိစ္ဆာန်မျိုးစိတ်ကိုသတ်ဖြတ်ဖို့ ဂီတက ဘယ်တော့မှ ဆင်ခြေတစ်ခုမဖြစ်ရပါဘူး။ ဂီတဟာ ဘ၀ရဲ့ ဂုဏ်ပြုဆင်နွှဲမှုတစ်ခုဖြစ်သင့်ပါတယ်။ သေဆုံးမှုရဲ့ကရိယာမဖြစ်သင့်ပါဘူး’ လို့ Billy ကဆိုပါတယ်။

Trend Myanmar

ကိုလံဘီယာအသင်းကို လှောင်ပြောင်ခဲ့သည့် UNICEF နှလုံးလှသံတမန် နုတ်ထွက်ခဲ့ရ


ကိုလံဘီယာအသင်းကို လှောင်ပြောင်သည့်ဓာတ်ပုံတစ်ပုံကို ကိုယ်ပိုင် Twitter စာမျက်နှာပေါ်တွင်တင်ခဲ့သည့် UNICEF နှလုံးလှသံတမန်တစ်ဦးဖြစ်သူ ဟော်လန်သရုပ်ဆောင်မင်းသမီး ဗန်ဒမ်သည် ဝေဖန်မှုများနှင့်ကြုံတွေ့ခဲ့ရပြီးနောက် သံတမန်အဖြစ်မှနုတ်ထွက်သွားခဲ့ကြောင်းသိရသည်။

ဗန်ဒမ် ဖော်ပြခဲ့သည့်ပုံတွင် ကွင်းလယ်ဒိုင်တစ်ဦးမှ ရေမြှုပ်မှုတ်ဆေးဖြင့် ကွင်းအတွင်းစည်းတားနေပြီး ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုနှင့် ကွင်းလယ်လူဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့က ရေမြှုပ်များကို ပိုက်ကိုယ်စီဖြင့် ကိုကင်းရှူရှိုက်သည့်ပုံစံဖြင့် ကုန်းရုန်းရှူရှိုက်နေကြခြင်းဖြစ်သည်။

ယင်းအတွက် ကိုလံဘီယာအသင်းက ဗန်ဒမ်ကို UNICEF နှလုံးလှသံတမန်အဖြစ်မှ ထုတ်ပယ်ရန်တောင်းဆိုခဲ့ပြီးမကြာမီပင် ဗန်ဒမ်ကိုယ်တိုင်နုတ်ထွက်ခဲ့ခြင်ဖြစ်သည်။
ဗန်ဒမ်၏ ကိုယ်ပိုင် Twitter စာမျက်နှာတွင်လည်း ကိုလံဘီယာအသင်းကို အလေးအနက် တောင်းပန်ကြောင်းနှင့် တောင်းပန်မှုကိုလက်ခံရန်လည်း မျှော်လင့်မိကြောင်း ရေးသားခဲ့သည်။

(UNICEF နှလုံးလှ သံတမန်အဖြစ်မှ နုတ်ထွက်ခဲ့ရသည့် ဗန်ဒမ် (photo : wikipedia ))

Eleven Media Group

သံဃာ ၅ ပါး အာမခံကြေး သိန်း ၁၀၀၀ ဖြင့် ပြန်လွတ်- ဦးဥတ္တရနှင့် မေးမြန်းချက်


ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။

သံဃာတပါးချင်းဆီကို အာမခံကြေး ကျပ် သိန်း (၂၀၀) စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့ကြရပါတယ်။

ညနေ ၅ နာရီလောက်မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒီကိုယ်တော်တွေဟာ မဟာသန္တိသုခကျောင်းအနီးက သုံးထပ်ကျောင်းမှာ သင်္ကန်းပြန်ဝတ်ခဲ့ကြပါတယ်။

အင်္ဂလန်ဆရာတော် ဦးဥတ္တရကို ကိုအေးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

DVB Burmese

သမ္မတ နောက်ထပ်သက်တမ်း ထမ်းဆောင်ရန် KNU ပြောဆိုမှု ကရင်လူထု၏ အာဘော်မဟုတ်ဟု ဖလုံ-စဝေါ်ပါတီ ပြော

photo credit - KIC


ရန်ကုန်၊ ဇွန် ၁၈

သမ္မတ ဦးသိန်းစိန်အား နောက်ထပ် သက်တမ်း ထပ်မံထမ်းဆောင်ရန် ကရင်အမျိုးသား အစည်းအရုံး (KNU) တာဝန်ရှိသူများက ပြောဆိုခဲ့ခြင်းမှာ ကရင်လူထု တစ်ရပ်လုံး၏ အာဘော်မဟုတ်ဘဲ ယင်းကဲ့သို့ ပြောဆိုမည် ဆိုပါက ကရင်ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူပြီးမှသာ ပြောဆိုသင့်ကြောင်း ကရင်ပြည်နယ် အခြေစိုက် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဇွန် ၁၅ ရက်က ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီနှင့် ဗဟိုကော်မတီတို့ ပြုလုပ်သည့် အစည်းအဝေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်၌လည်း ““နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နောက် သက်တမ်းအတွက် ဆက်လက် အရွေးချယ်ခံရန် ပြောဆိုခဲ့သော KNU ၏ စကားသည် ကရင်လူထု တစ်ရပ်လုံး၏ အာဘော် မဖြစ်နိုင်ကြောင်း””ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

““ကျွန်တော်တို့လည်း အကြိတ်အနယ် ပြန်ပြီးတော့ သုံးသပ်လိုက်တဲ့အခါမှာ ဒီလို ကြီးကျယ်ခိုင်ခံ့တဲ့ စကားမျိုး ပြောဖို့ဆိုရင် ကရင်အမျိုးသားထံမှ ရယူသင့်တယ်””ဟု ကရင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကိုးနေရာ အနိုင်ရရှိ ထားသော ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဆက်လက်ပြီး ဦးမန်းအောင်ပြည်စိုးက ““ထည့်ထားလိုက်ပြီ။ ထည့်လိုက်ပြီဆိုတာက ကျွန်တော်လည်းမသိဘူး။ သိတာက ၀နဲ့ ပလောင် လက်မှတ်ထိုးရအောင် KNU ကစည်းရုံးတယ်။ အခု မန်းငြိမ်းမောင် ရောက်သွားတဲ့ အခါမှာ နောက် သမ္မတသက်တမ်း အဲလို ပေးပါဆိုပြီးတော့ အကြံပြုသလို ပြောတာပေါ့လေ။ အဲဒါ ဘယ်သူ ပြောတာလဲ မေးကြတာပေါ့။ စာစောင်တစ်စောင်တောင်မှ ဘာရေးထားလဲဆိုရင် KNU ရွှေ့လိုက်သော နိုင်ငံရေး ကစားကွက်တစ်ကွက်””ဟု ဆိုသည်။

ဖလုံ-စဝေါ် ပါတီဘက်မှ ယခုကဲ့သို့ ပြောဆိုမှုမှာ KNU နှင့် နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံမှု အကြိမ်ရေ များလာခြင်းအပေါ် တိုင်းရင်းသားများ စိုးရိမ်မှုရှိကြောင်း ထုတ်ဖော် ပြောဆိုချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။

ဇွန် ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် ဖလုံ-စဝေါ် ပါတီ သဘာထား ထုတ်ပြန် ကြေညာချက်၌ အမျိုးသား လွှတ်တော်အတွင်း အချိုးကျ ကိုယ်စားပြု (PR) စနစ်ကျင့်သုံးရန် အဆိုတင်သွင်း ဆွေးနွေး အတည်ပြု ခဲ့ခြင်းသည် တိုင်းရင်းသားပါတီနှင့် ပါတီငယ်များအပေါ် အကျိုးပြုမှု မရှိသည့်အပြင် မဲပေးမှုစနစ်နှင့် မဲရေတွက်ပုံစနစ် ရှုပ်ထွေးခြင်း၊ ပညာရည် နိမ့်ကျသည့် တိုင်းရင်းသား မဲဆန္ဒရှင်များအတွက် အခက်အခဲရှိပြီး ယဉ်ပါးမှု မရှိသေးခြင်းကြောင့် ယင်းစနစ်အား ကန့်ကွက်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။

MH-0025
myanmarthandawsint

သန္တိသုခ ဖမ်းဆီးခံသံဃာများ ဇွန် ၂၀ တွင် မလွတ်လျှင် ရွှေည၀ါဆရာတော်နှင့် ဦးဝီရသူ ဦးဆောင်ဆန္ဒပြမည်


အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံသံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင် ပြန်လွှတ်မပေးပါက ရွှေညဝါ ဆရာတော်၊ မစိုးရိမ် ကျောင်းတိုက်ဆရာတော် ဦးဝီရသူနှင့် ဆရာ တော်ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးပါမောက္ခက မိန့်သည်။

ဆရာတော်ဦးပါမောက္ခနှင့် သံဃာတော်အချို့သည် အင်္ဂလန်ဆရာတော်အပါအ၀င် ဖမ်းဆီးခံသံဃာတော်ငါးပါးအား ဇွန်လ၂၀ ရက်တွင် ပြန်လွှတ်ပေးရန်အတွက် နတ်စင်တစ်ရာကျောင်းတိုက်ဆရာတော်ထံ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့
ကြသည်။ ထိုဆွေးနွေးမှုများ အဖြေမထွက်ပါက အင်္ဂလန်ဆရာတော်နှင့် သံဃာ
လေးပါးအား ရုံးချိန်းထုတ်မည့် ဇွန်လ ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်
ဖြစ်ကြောင်း မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

‘‘ဟိုနေ့ကလည်း တစ်ခါ နတ်စင်တစ်ရာကျောင်းတိုက်မှာ ဆွေးနွေးခဲ့ကြတယ်။
မနက်ဖြန် ညမှာလည်း တစ်ခါဆက်ဆွေးနွေး ဦးမယ်။ ဆွေးနွေးမှာကတော့ ၂၀ ရက်
မှာ သံဃာတော်တွေကို အပြီးပြန်လွှတ်ပေးဖို့ပဲ။ ၂၀ ရက် မှ ပြန်လွှတ်မပေးဘူး
ဆိုရင်တော့ ဆရာတော်ဦးဝီရသူရယ်၊ ရွှေည ၀ါဆရာတော်ရယ်၊ ဦးပဉ္ဇင်းရယ်
ဦးဆောင်ပြီး လုပ်သင့်လုပ်ထိုက် တာတွေလုပ်ပြီး ဆန္ဒပြတောင်းဆို သွားမယ်’’
ဟု ဆရာတော်ဦးပါ မောက္ခက မိန့်သည်။

ဇွန်လ ၁၁ ရက်ညက တိုင်း သံဃနာယက ဆရာတော်များနှင့်သာသနာရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ်၊နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခ
ကျောင်းတိုက်အား ချိပ်ပိတ်ကာ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်နေသော သံဃာတော်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဇွန်လ ၁၃ ရက်တွင်အင်္ဂလန်
ဆရာတော်နှင့် သံဃာလေးပါးအား လူဝတ်လဲကာ တာမွေမြို့နယ် တရားရုံး၌ ရုံးထုတ်၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ သံဃာတော်များအား ဖမ်းဆီးလူဝတ်လဲ ခံရမှုနှင့် ပတ် သက်ပြီး အခြား
သံဃာတော်များ နှင့် ပြည်သူများက တိုင်းသံဃာ နာယက ဆရာတော်များနှင့်
သာသနာရေးဝန်ကြီးဌာနအား အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ ဇွန်လ ၁၆ ရက်
တွင်လည်း အင်္ဂလန်နိုင်ငံ၌ ရောက်ရှိနေသောမြန်မာနိုင်ငံသားများက အင်္ဂလန်
ဆရာတော်နှင့် သံဃာတော်လေးပါးအား ပြန်လွှတ်ပေးရန်အတွက် လန်ဒန်မြို့ရှိ
မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

သတင်း- 7daydaily.

ကိုထင်ကျော် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ


ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို  သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဘာကြောင့်အစစ်ဆေးမခံပဲ သပိတ်မှောက် ဆန္ဒပြရတယ်ဆိုတာ ကိုထင်ကျော်က အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၅ ရက်နေ့က ထောင်သုံးရမာန် ရမာန်ကြီးတစ်ပတ် ၁၄ ရက်ပြည့်ပါတယ်၊ ကျနော့်ကို နောက်ထပ် ၁၄ ရက် မျက်ကွယ်ရမာန်နဲ့ ကျနော့်ကိုထားတဲ့အတွက် ကျနော်ဟာ နိုင်ငံသား တစ်ယောက်ဖြစ်ပြီးတော့မှ အချုပ်မှာကျနော်တာဝန်မဲ့ ၂၈ ရက်နေခဲ့ရပါတယ်၊ မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ ပျက်စီးနေတဲ့ တရားရေးစနစ်ကို ပြုပြင်ခြင်းဖြစ်ပါတယ်၊ ကျနော်က တရားစီရင်ရေးရဲ့ နိုင်ငံသားအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် တရားရုံးအရှေ့မှာ ကျနော် ပက်လက်လန်ပြီးတော့မှ တရားရုံး ရုံးထုတ်ကို သပိတ်မှောက်ကြောင်း ကြေညာတာဖြစ်ပါတယ်"

ကိုထင်ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလက ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ်အပြင် တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်စတဲ့ မြို့နယ်တွေမှာ ပြည်ထောင်စု အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုရင်ဆိုင်နေရပါတယ်။

မြောက်ဥက္ကလာပမြို့ တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုလိုက်ကြောင်း သိရပါတယ်။

RFA Burmese

ဝက်နားရွက်ပြာ ရောဂါကြောင့် ဝက်ကောင်ရေ သုံးထောင်ကျော် သေဆုံး


ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန် ဝက်သားဈေးကွက်သို့ တင်ပို့ရန် ဝက်မွေးမြူရေးလုပ်ငန်း အဓိက လုပ်ကိုင်သော တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် ဇွန်လအတွင်း ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားမှုကြောင့် ဇွန်လ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဝက်ကောင်ရေ သုံးထောင်ခန့် သေဆုံးကြောင်း ဥက္ကာမောင်ဝက် မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က The Voice သို့ ပြောကြားသည်။

ဥက္ကံတွင် ဝက်မွေးမြူရေး ခြံအသီးသီး၌ အသားတိုးဝက်များ၊ မျိုးဝက်မများနှင့် ဝက်ငယ်များ သေဆုံးလျက်ရှိပြီး အချို့ ဝက်မွေးမြူရေး ခြံများတွင် ဝက်ကောင်ရေ ၂၀ ထက်မနည်း သေဆုံးလျက်ရှိရာ ယင်းဝက်သေဆုံးမှုကြောင့် မွေးမြူရေးလုပ်ကိုင်သူများ အခက်အခဲ ကြုံနေရကြောင်း ၎င်းက ရှင်းပြသည်။
“ကာကွယ်ဆေး ထိုးတာတောင် မရဘူး၊ အကုန်သေကုန်တာ၊ တချို့ ဝက်မွေးတဲ့သူတွေဆို ဘဝပါ ပျက်ကြတဲ့အထိ ရှိတယ်” ဟု ၎င်းက ပြောကြားသည်။

ဝက်နားရွက်ပြာ ရောဂါမှာ ကူးစက်လွယ်သော ဗိုင်းရပ်စ်ဖြစ်ပြီး အဆိုပါ ရောဂါကို ကုသရန် ဆေးမရှိကြောင်း၊ ရောဂါကူးစက်ခံရသော ဝက်များမှာ အစာမစားခြင်း၊ နားရွက်များ ညိုပုတ်လာခြင်းမှ တစ်ဆင့် အသက်ဆုံးရှုံးကြောင်း၊ ဝက်မများတွင် ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်ပွားကြောင်း၊ ဝက်နားရွက်ပြာ ရောဂါရှိသော ဝက်များကို စားသုံးပါက ကျန်းမာရေး ထိခိုက်နိုင်ကြောင်း တိုက်ကြီးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဥက္ကံမြို့တွင် ရောဂါကြောင့် သေဆုံးသော ဝက်များကိုမူ စားသုံးမှုအတွက် ရောင်းချရန် အချို့သော ဝက်ကုန်သည်များက ဝယ်ယူလျက်ရှိကြောင်း ဝက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။

“ဝက်ရောဂါ မကူးစက်ဖို့ကို သတ်မှတ် စည်းကမ်းချက်တွေအတိုင်း ဝက်တွေကို သယ်ယူတင်ပို့ဖို့ကို ဝက်မွေးမြူရေး လုပ်ကိုင်သူတွေကို စာနဲ့ အကြောင်းကြားထားတယ်၊ ဝက်နားရွက်ပြာကြောင့် ဝက်တွေသေတယ်လို့ ကြားပေမယ့် စာရင်းကောက်တုန်း” ဟု တိုက်ကြီးမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဥက္ကံမြို့တွင် ဝက်မွေးမြူရေး လုပ်ငန်းကို စနစ်တကျ ဝက်မွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် မွေးမြူသူ အပါအဝင် ဝက်မွေးမြူရေး လုပ်ကိုင်သူ ၅၀၀ ခန့်ရှိပြီး နှစ်စဉ် ရန်ကုန်ဈေးကွက်သို့ ဝက်ကောင်ရေ တစ်သောင်းကျော် တင်ပို့ပေးလျက် ရှိကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရှိရသည်။

“ဝက်သေတွေကို မြုပ်ပစ်တာလည်း ရှိပေမယ့် အချို့ကုန်သည်တွေက ဈေးနိမ့်နဲ့ ဝယ်တယ်။ ဒါကို မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက် ဖော်ထုတ်စေချင်တယ်” ဟု ဥက္ကာမောင် ဝက်မွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားသည်။

ဝက်နားရွက်ပြာရောဂါ ကူးစက်ခံရခြင်းမှာ ဈေးကွက်သို့ တင်ပို့ရာတွင် ဝက်ကုန်သည်များက စနစ်တကျ တင်ဆောင်မှု မရှိခြင်း၊ မွေးမြူသူများက တစ်ခြံနှင့် တစ်ခြံ ကူးသန်းသွားလာပြီး ဝက်ခြံများကို သန့်ရှင်းရေး ဆောင်ရွက်မှု အားနည်းခြင်း၊ ရောဂါကူးစက်ခံရသော ဝက်သားများကို စားသုံးခြင်းတို့ကြောင့် ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရှိရသည်။

တိုက်ကြီးမြို့ ဥက္ကံမြို့နယ်တို့တွင် ၂၀၁၁၊ ၂၀၁၂ ခုနှစ်က ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားခဲ့သောကြောင့် ဝက်ကောင်ရေ ထောင်နှင့်ချီ သေဆုံးကြောင်း ယင်းဒေသခံ ဝက်မွေးမြူရေး လုပ်ကိုင်သူများထံမှ သိရှိရသည်။

(မင်းမင်းအောင်)
The Voice Weekly

ကလေးငယ်တစ်ဦး ဆော့ကစားရာမှ ရေမြောင်းအတွင်းကျပြီး ရေနစ်သေဆုံး


ရန်ကုန်၊ ဇွန် ၁၉

၁၈.၆.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ၁၆၃၀ အချိန်ခန့်က ၎င်းကလေးငယ်၏မိခင်သည် တစ်ရပ်ကွက်တည်းနေ အဒေါ်ဖြစ်သူ၏နေအိမ်သို့ ကလေးငယ်နှင့်အတူသွားရောက်ခဲ့ပြီး လူကြီးများမှာ စကားပြောနေခဲ့ကြောင်း၊ ထိုစဉ် ကလေးငယ်မှာခြံဝင်းအတွင်း၌ဆော့ကစားနေ
ခဲ့ကြောင်း၊ ခဏအကြာတွင် ကလေးငယ်အားမတွေ့ရှိသဖြင့် လိုက်လံရှာဖွေရာမှ ၎င်းနေအိမ်ရှေ့ရှိ အကျယ်(၈)ပေ၊ အနက်(၄)ပေခန့်ရှိသော ရေမြောင်းအတွင်းသို့
ကျနေသည်ကို တွေ့ရှိရ၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့အပ်စဉ်
သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းမိန်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် (၁၃/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police

ဇောတိကကုမ္ပဏီ တရားစွဲ ခံရတော့မှာလား


ဇောတိကသင်္ကန်းတွေကို ထုတ်လုပ်နေတဲ့ ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကို အလုပ်နုတ်ထွက်ခဲ့တဲ့ အမျိုးသမီး အလုပ်သမားသုံးဦးက ကုမ္ပဏီကို တရားစွဲမယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီအလုပ်သမားသုံးဦးရဲ့ ဘွဲ့လက်မှတ်တွေကိုကုမ္ပဏီက ပြန်မပေးဘဲသိမ်းဆည်းထားတဲ့အတွက် အခုလိုစီစဉ်ရတာပါလို့ အစမ်းခန့် Markting Manager အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဒေါ်ခင်သန္တာနီ က ဆိုပါတယ်။

ဘွဲ့လက်မှတ်ကိုလိုချင်ရင် ငွေ ကျပ် တစ်သိန်းခွဲပေးရမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေကပြောတယ်လို့ သူကဆက်ပြောပါတယ်။

ပြီခဲ့တဲ့ ဖေဖော်ဝါရီလကအလုပ်နုတ်ထွက်ခဲ့တဲ့ အလုပ်သမားသုံးဦးရဲ့ အခုဘွဲ့လက်မှတ်ပြန်မရသေးတဲ့ သူတွေကတော့ အလုပ်သင် လုပ်အားပေးစာရင်းကိုင်ဝန်ထမ်း ဖြစ်တဲ့ဒေါ်မေသင်္ကြန်၊ ဒေါ်ဆုမြတ်နိုး၊Markting Managerဒေါ်ခင်သန္တာနီတို့ ဖြစ်ပါတယ်။

စုဆောင်းငွေ တစ်သောင်း၊ ဘွဲ့လက်မှတ် အာမခံကြေးတစ်သိန်းခွဲပေးရမယ်ဆိုလို့ အလုပ်သင် နှစ်ဦးအလုပ် နုတ်ထွက်ခဲ့တာပါ။ ဒေါ်ခင်သန္တာနီတို့ကတော့ ဖခင်နေမကောင်းလို့ ခွင့်ယူတာမရဆိုပြီးအလုပ်ထွက်တာပါလို့ အလုပ်သမားတွေက ဆိုပါတယ်။

နုတ်ထွက်စာကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ အညီမလုပ်လို့ ငွေကျပ် တစ်သိန်းခွဲ ကောက်တာလို့ ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နီဂါးနီကွန်ရက်က သတင်းစာရှင်းပွဲ လုပ်ဖို့ ရှိပါတယ်။

The Voice

အီရတ်ကို အမေရိကန် စစ်ဖက်အကြံပေးများ စေလွှတ်မည်


အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ အိုဘားမား အီရတ်အရေး မိန့်ခွန်းပြော။ (ဇွန် ၁၉၊ ၂၀၁၄)

အီရတ်နိုင်ငံမှာ ဆူနီစစ်သွေးကြွတွေကို အီရတ်အစိုးရ နှိမ်နင်းတိုက်ခိုက်နေရာမှာ ကူညီဖို့အတွက် အမေရိကန် စစ်အကြံပေး ၃၀၀ ကျော်နဲ့ စစ်လက်နက် ပစ္စည်းတွေ ပေးပို့သွားဖို့ ပြင်ဆင်နေတယ်လို့ သမ္မတ အိုဘားမားက ပြောလိုက် ပါတယ်။ ၂၀၀၃ခုနှစ်ကစခဲ့တဲ့ အီရတ်စစ်ပွဲအတွင်းမှာ ကြီးမားတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရှိခဲ့တာမို့၊ သူ့အနေနဲ့ အီရတ်ကို အမေရိကန်မြေပြင် တပ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက မနေ့က အိမ်ဖြူတော်မှာ ပြောဆိုလိုက်ပါတယ် ။

ဒါပေမဲ့လို့လည်း အီရတ်က စစ်သွေးကြွတွေကို အသေအချာပစ်မှတ်ထားတဲ့ စစ်ဆင်ရေးမျိုးတွေအတွက် အသင့်ရှိပြီး၊ လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အီရတ်က ဆူနီသူပုန်တွေဟာ အခုဆိုရင် အီရတ်မြောက်ပိုင်း အဓိကကျတဲ့ မြို့တွေကို သိမ်းယူထားပြီး၊ ဘဂ္ဂဒတ်ကိုလည်း ခြိမ်းခြောက်နေပါတယ်။ အမေရိကန် မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့အတွက်လည်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို အရှေ့အလယ်ပိုင်းနဲ့ ဥရောပတိုက်ဖက်ကို သမ္မတ အိုဘားမားက စေလွှတ် ထားပါတယ်။

အီရတ်နိုင်ငံတွင်း အစုအဖွဲ့အားလုံးကို လေးစားအသိအမှတ်ပြုဖို့ အီရတ်အစိုးရ ဖိအားပေးရာမှာ အမေရိကန်ဦးဆောင်မှုကို လိုက်မယ်ဆိုရင်၊ အီရန်နိုင်ငံအနေနဲ့ အီရတ်အရေးမှာ အပြုသဘောပါဝင်ဆောင်ရွက်တာဖြစ်နိုင်တယ်လို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှီရာမွတ်ဆလင် ဦးဆောင်တဲ့ အီရတ် အစိုးရကို တဖက်သတ်ထောက်ခံပြီး၊ စစ်ရေးအရ ဒီပြဿနာမှာ ၀င်ပါလာမယ်ဆိုရင်တော့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သမ္မတ အိုဘားမားက အီရန်နိုင်ငံကို သတိပေးပါတယ်။

ဒါကြောင့် အီရတ်နိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်လာစေမယ့် ဘာသာရေးအရ အုပ်စု အကွဲအပြဲတွေကို အားပေးတာမျိုး ရှောင်ဖို့ဆိုပြီး အီရန်ကို သတိပေးပြောပါတယ်။ လက်ရှိ အီရတ် အစိုးရမှာ ရှီရာမွတ်ဆလင်တွေက အဓိက ဦးဆောင်နေပြီး၊ တဖက်မှာ ဆူနီစစ်သွေးကြွတွေက အခု သူပုန်ထနေတာပါ။ အီရန်နိုင်ငံဟာ ရှီရာ မွတ်ဆလင်အများစု နိုင်ငံဖြစ်ပါတယ်။

voa burmese

ရန်ကုန်၌ ခုံးကျော်တံတား နှစ်စင်း ထပ်မံတည်ဆောက်မည်

photo credit- RFA


ရန်ကုန်မြို့၌ ခုံးကျော်တံတား နှစ်စင်းကို ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည်
ဖြစ်ကြောင်း သမ္မတရုံး ဒုတိယ၀န်ကြီး ဦးအောင်သိမ်းက ပြောကြားသည်။

"၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်မှာ ရန်ကုန်မြို့အတွင်း ပြည်လမ်းမရှိ မြေနီကုန်းခုံးကျော် တံတားကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ဆောက်လုပ်မှာဖြစ်ပါတယ်။ မြန်မာ့မီးရထား
ကလည်း အင်းစိန်ရထားလမ်း ခုံးကျော်တံတား ထပ်မံတည်ဆောက်မှာဖြစ်ပါတယ်" ဟု ဇွန်လ
၁၇ ရက်က အမျိုးသားလွှတ်တော်တွင် ၎င်းကပြောသည်။

ထို့ပြင် မြို့သစ်များထဲ၌ လူနေထူထပ်ပြီး စည်ကားသော မြို့သစ်များဖြစ်သည့် တောင်ဒဂုံနှင့်
မြောက်ဒဂုံကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကြီးကိုလည်း လက်ရှိလမ်း၏
အရှေ့ဘက်တွင် အရန်သင့်ရှိနေသော မြေနေရာအတိုင်း အသွား၊ အပြန်လမ်း ထပ်မံဖောက်လုပ်
မည်ဖြစ်သည်။

"လောလောဆယ်အားဖြင့် လမ်းမြေတိုင်းတာမှုများ စတင်ဆောင်ရွက်လျက်ရှိပါတယ်" ဟု
ဦးအောင်သိမ်းက ပြောသည်။


The Myanmar Times

လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ


မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။

ဇွန်လ ၁၆ရက်နေ့ မွန်းလွဲ ၁နာရီ အချိန်မှာ ကျူးလွန်သူရဲ့ နေအိမ်ကို အသတ်ခံရတဲ့ မိန်းမလျာ ရောက်ရှိလာပြီး သူနဲ့အတူ အပြင်မှာ အအေးသွားသောက်ဖို့ ခေါ်ဆောင်သွားကြောင်း၊ စစ်ကိုင်းတံတားပေါ် သွားရောက် လည်ပတ်ခဲ့ကြကြောင်း၊ စစ်ကိုင်းတံတားကနေ အပြန် အခင်းဖြစ်ရာ နေရာမှာ သူ့ကို ပေါင်းသင်းဖို့နဲ့ အိမ်ရှိဇနီးဖြစ်သူကို ကွာရှင်းဖို့ ပြောဆိုပြီး အဲဒီလို မပြုလုပ်ရင် နေအိမ်ရှိ ဇနီးနဲ့သားကို ပြုစားပြီး သတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် နှစ်ဦး အငြင်းပွားခဲ့ကြောင်း၊ မိန်းမလျာက အနားမှာရှိတဲ့ ကျောက်ခဲကို ကောက်ကိုင်ပြီး ရန်မူတာကြောင့် ကျုးလွန်သူက လုယူပြီး မျက်နှာကို လေးချက်ခန့်ထုကာ နေအိမ်ကို ပြန်လာခဲ့ကြောင်း ကျူးလွန်သူက ထွက်ဆိုထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့ မှာ သေဆုံးသူရဲ့အလောင်းကို မန္တလေး ကန်ပတ်လမ်း အနောက်ဘက်လမ်းဘေး၊ ယာဉ်တော်ကျေးရွာ၊ ကွင်းအမှတ် (၆၀၆)၊ စစ်ကိုင်း-မန္တလေး လမ်းမှာ နားပြတ်ရှဒဏ်ရာ၊ ဦးခေါင်း ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရပြီး ချမ်းအေးသာစံမြို့နယ်မှာ နေထိုင်တဲ့ မိန်းမလျာတစ်ဦး ဖြစ်တယ်လို့ နယ်မြေရဲတပ်ဖွဲ့ဝင် တွေရဲ့ စုံစမ်းချက်အရ သိရှိရတယ်လို့ အဲဒီ ရဲတပ်ဖွဲ့မှူးရုံးရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။

The Voice Weekly

တရုတ်တွင် မြန်မာသတို့သမီးအား သိန်း ၁၀၀ ထိပေးဝယ်မှုများရှိလာ


တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ၀ယ်ယူပေါင်းသင်းလျက ရှိရာ ယခင်က ကျပ်သိန်း (၅၀)၀န်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ၀န်းကျင် ထိပေး၍ ၀ယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးများ ရှားပါးလာမှုနှင့် အတူ လူကုန်ကူး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ သောကြောင့် ယင်းကဲ့သို့ ဈေးတိုးမြှင့်ပေးဝယ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ ရဲအုပ်မင်းနိုင် ကပြောသည်။

သူတို့က ၀ယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ သူတို့ရဲ့လုပ်ငန်းတွေမှာ စေခိုင်းကြတာပိုများတယ် ဟု ၎င်း ကပြောသည်။ ယခင်နှစ် များက တရုတ်နိုင်ငံတွင် မြန်မာ အမျိုးသမီးများ၏ ပေါက်ဈေးမှာ ယွမ်းနှစ်သောင်းမှ သုံးသောင်းဝန်းကျင်ထိ သာရှိခဲ့ရာမှ ယခု နှစ်ပိုင်းတွင် ယွမ်ငွေ ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် ထိ ပေး၍ ၀ယ်ယူလာကြခြင်း ဖြစ်သည်။ တရုတ်တွေ ကသာ ဈေးကိုအများကြီးပေးတာ။ ကာယကံရှင်တွေက အဲဒီလောက် မရကြဘူး။ ပွဲစားတွေပဲရတာဟုလူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် ပညာပေး ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ဆရာဝင်းနိုင်ထွန်း ကပြောသည်။

ယခု နောက်ပိုင်းတွင် တရုတ် နိုင်ငံသို့ မြန်မာ အမျိုးသမီးများကို ပို့ဆောင်မှုသည် ယခင်ကာလများက ကဲ့သို့ ပွဲစားများက လိမ်လည်၍ ခေါ်ဆောင်ခြင်းမျိုး မဟုတ်တော့ဘဲ ကာယကံရှင်များကို တရုတ် အမျိုးသားများ နှင့်ပေါင်းသင်းရမည်ဟု တရားဝင် ခေါ်ဆောင်မှုများ ရှိလာသည်။ ယင်းကဲ့သို့ ခေါ်ဆောင်ရာ၌ သာမန် အမျိုးသမီးများ ထက် ပြည့်တန်ဆာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အမျိုးသမီးငယ်များကို ပိုမို ရွေးချယ်လာ ကြကြောင်း သိရသည်။

ပွဲစားတွေက တရုတ်မှာ အလုပ်ရမယ်လို့ ပြောပြီး လိမ်ခေါ်လာလို့ တာဝန်ရှိသူတွေ စစ်ရင် အမှုမှန်ပေါ်သွားနိုင်တဲ့အတွက် ပွင့်ပွင့် လင်းလင်း ပြောပြီးခေါ်လာကြတယ်။ ဒါပေမဲ့ ပွဲစားတွေက ပြောတဲ့အတိုင်း အမျိုးသမီးတွေ ခံစားခွင့် မရကြဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ နားမယောင်ကြဖို့လိုတယ်ဟု ရဲအုပ်မင်းနိုင် က ဆက်လက် ပြောကြားသည်။ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး ဗဟို၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံမှ ပြည်ပ သို့ လူကုန်ကူးမှု အများဆုံး ပြုလုပ်လေ့ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇန်န၀ါရီလမှ မေလ အတွင်း ဖြစ်ပေါ်ခဲသော လူကုန်ကူးမှုများမှာလည်း တရုတ် နိုင်ငံသို့ပင် ဦးတည်နေကြောင်း သိရသည်။ ယခုနှစ် တွင်း လူကုန်ကူး မှုပေါင်း(၃၂)မှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ သို့ လူကုန်ကူးမှုမှာ (၂၂) မှု ရှိပြီး၊ ထိုင်းနိုင်ငံသို့ လေးမှု၊ မလေးရှား နိုင်ငံသို့ တစ်မှုနှင့် ပြည်တွင်း ငါးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ (၃၂)မှုတွင် အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၄၆) ဦး လူကုန်ကူးခံခဲ့ရကြောင်း စုံစမ်းသိရသည်။
The Messenger

ထိန်းသိမ်းထားသည့် နိုင်ငံခြားသား ၄၀ ကျော်ကို ဆွန်နီသူပုန် ပြန်လွှတ်


ဓာတ်ပုံ - ရိုက်တာ

အီရတ်နိုင်ငံမြောက်ပိုင်းကို သိမ်းပိုက်ထားတဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်တပ်က သူတို့ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေထဲက အယောက် ၄၀ ကျော်ကို ဇွန် ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။

တူရကီအင်ဂျင်နီယာ ၄ ယောက်၊ တာဒ်မေနစ္စတန်နိုင်ငံက ၂၇ ယောက်နဲ့ နီပေါနိုင်ငံက ၁၀ ယောက်တို့ ဖြစ်ပြီး ကာကွက်မြို့ကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဖမ်းခံခဲ့ရတဲ့ တူရကီအင်ဂျင်နီယာတဦးဟာ ဆမာရာမြို့ကနေ ကာကွက်မြို့ကို အလုပ်ကနေအပြန် စစ်ဆေးရေးဂိတ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး ဓာတ်ပုံတွေ ရိုက်ယူထားပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တူရကီအင်ဂျင်နီယာ နောက်တဦးကလည်း ဖမ်းဆီးခံရတဲ့ ၄ ရက်တာကာလအတွင်း အစားအသောက် ထောက်ပံ့ပေးပေမယ့် အိုင်အက်စ်အိုင်အယ်လ်တပ်တွေက သူတို့ကို သတ်ပစ်မှာကို အမြဲကြောက်လန့်နေရတယ်လို့ ပြောဆိုပါတယ်။

အီရတ်မြောက်ပိုင်းမြို့တွေကို  အိုင်အက်စ်အိုင်အယ်လ်တပ်တွေ သိမ်းပိုက်စဉ်အတွင်း နိုင်ငံခြားသား အများအပြား ဖမ်းဆီးခံထားကြရပါတယ်။

ပြီးခဲ့တဲ့ ၂ ပတ်က မိုဆူးလ်မြို့ကို သိမ်းပိုက်စဉ်အတွင်း တူရကီစစ်သားတွေ၊ သံတမန်တွေ နဲ့ ကလေးတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံသား အယောက် ၄၀ ကျော်လည်း ဖမ်းဆီးခံထားရပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း ခုချိန်ထိ မသိရှိသေးဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန က ဇွန် ၁၈ ရက်နေ့က ပြောဆိုပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်ရေး တိုက်ပွဲဝင်နေတဲ့ အိုင်အက်စ်အိုင်အယ်လ် တပ်တွေဟာ ဘဂ္ဂဒက်မြို့ပြင် တိုင်ဂရစ်မြစ်ဝှမ်းတလျှောက်နားအထိ သိမ်းပိုက်ထားပါတယ်။

DVB Burmese

ရန်ကုန်တက္ကသိုလ် မြန်မာစာသင်တန်း၌ နိုင်ငံခြားသား ၂၄ ဦး တက်ရောက်


မြန်မာနိုင်ငံ၌ ယာယီနေထိုင်နေကြသော နိုင်ငံခြားသားများအတွက် ရန်ကုန်တက္ကသိုလ်က ဖွင့်လှစ်ထားသော မြန်မာစာသင်တန်းကို နိုင်ငံခြားသား ၂၄ ဦး တက်ရောက်ကြောင်း ပါမောက္ခ ဒေါက်တာအောင်မြင့်ဦးက ပြောကြားသည်။

လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဌာန၏ အစီအစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် တောင်ငူဆောင်တွင် ဇွန်လ ၁၇ ရက်နေ့မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးနေပြီး သင်တန်းသား ၂၄ ဦးတွင် ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံသားများ အများဆုံး ပါဝင်ပြီး ဗီယက်နမ်နှင့် အစ္စရေး နိုင်ငံသားများလည်း ပါရှိကြောင်း ဒေါက်တာအောင်မြင့်ဦးက ဆိုသည်။

နိုင်ငံခြားသားများအတွက် မြန်မာစာသင်တန်းကို ၂၀၁၃ ဒီဇင်ဘာတွင် ပထမအကြိမ် သင်ကြားခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် သင်ကြားခြင်း ဖြစ်ကြောင်း၊ သင်တန်းကာလ ၁၄ ပတ် ကြာမြင့်မည် ဖြစ်ပြီး နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ ဖြစ်ပြီး၊ သင်တန်းဝင်ကြေးကို အမေရိကန်ဒေါ်လာ ၁၅၀ သတ်မှတ်ထားကြောင်း ရန်ကုန်တက္ကသိုလ်မှ စုံစမ်းသိရှိရသည်။

“ဆရာတို့က သင်တန်းဖွင့်တာ ငွေကြေးကြောင့် မဟုတ်ပါဘူး။ အဓိက က ကိုယ့်ဘာသာစကား ပြန့်ပွားစေချင်လို့။ ရန်ကုန်တက္ကသိုလ်ရဲ့ activity၊ ကိုယ့်ဌာနရဲ့ activity ဖြစ်စေချင်လို့ လုပ်တာပါ” ဟု သင်တန်းဖွင့်ရခြင်းနှင့် ပတ်သက်၍ ဒေါက်တာအောင်မြင့်ဦးက ပြောကြားခဲ့သည်။

The Voice

ပေါက်တောမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ ကျောင်းခေါင်မိုးလွှင့်ပါသွားပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရ

လေဆင်နှာမောင်းကြောင့် ပြိုပျက်သွားသော ချောင်းနွယ် မူလွန်ကျောင်း ( ဓါတ်ပုံ- နိရဉ္စရာ)

(နိရဉ္စရာ ၂၀ ဇွန်လ ၂၀၁၄)/လင်းမြတ်

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ချောင်းနွယ်ကျေးရွာတွင် ယမန်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့် အတွက် ကျေးရွာမူလွန်စာသင်ကျောင်း၏ ခေါင်မိုးပွင့်ထွက်ပြီး ကျောင်းသားတစ်ဦး ဒဏ်ရာများရရှိသွားကြောင်း သတင်း ရရှိသည်။

ယမန်နေ့က နံနက်(၁၀)နာရီ(၁၀)မိနစ်တွင် ထို့သို့ လေနှာမောင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်စဉ် အလျား(၉၀)ပေ အနံ(၃၀)ပေရှိသော စာသင်ဆောင်ခေါင်းမိုးများ ပွင့်ထွက် သွားပြီး တတိယ တန်းကျောင်းသား မောင်ဥာဏ်ထွန်းတွင်ဦးခေါင်းဒဏ်ရာများ ရရှိသွားကြောင်း ချောင်းနွယ်ရွာ မှ ကျောင်းအုပ်ဆရာကြီး ဦးဘတင် က နိရဉ္စရာသို့  ပြောသည်။

“ကျောင်းတက်ချိန်(၁၀)နာရီ(၁၀)မိနစ်လောက်မှာဖြစ်တာပါ။ကျောင်းကရွာပြင်စမှာလေ။လေဆင်နှာမောင်းက ရုတ်တရက်ဝင်တိုက်ပြီး ကျောင်းခေါင်မိုး ဝုန်းခနဲ ပြုတ်ထွက်သွားတယ်။လွှင့်ပါသွားတဲ့ ခေါင်မိုးသွပ်ပြားက သစ်ပင်မှာ ထိပြီး သုံးတန်းကျောင်းသား မောင်ဥာဏ်ထွန်းကို လာထိတဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာ ရသွားတယ်၊ ရွာဆေးပေးခန်းမှာ ငါးချက် ချုပ်လိုက်ရတယ်” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

shaung-nwe-school-(1)

ယခုအခါ ပျက်စီးသွားသော စာသင်ကျောင်းဆောင်အား ပြန်လည် ပြုပြင်နိုင်ရန် ပေါက်တောမြို့နယ်အာဏာပိုင် များထံ သတင်းပို့ တင်ပြထားကြောင်း ဆရာကြီးက ဆက်လက်ပြောဆိုသည်။

“သက်ဆိုင်ရာ ပညာရေးဌာန၊မြို့နယ် အုပ်ချုပ်ရေးဌာနတွေကို တင်ပြ အကြောင်းကြား ထားပါတယ်။ မြို့နယ်ကတာဝန်ရှိသူတွေ ကျောင်းကို လာရောက် ကွင်းဆင်းစစ်ဆေးဖို့ လုပ်နေတယ်လို့ သတင်းရပါတယ်” ဟု ဆိုသည်။

အဆိုပါ ချောင်းနွယ်ကျေးရွာရှိ မူလွန်ကျောင်းတွင်  သူငယ်တန်းမှ သတ္တမတန်းထိ ကျောင်းသား (၃၀၀) ခန့်  ပညာသင်ကြားနေကြပြီး ဆရာဆရာမအင်အား (၁၂)ဦး ရှိကြောင်း သိရသည်။

Narinjara

၁၅ စက္ကန့် အားသွင်းပြီး မောင်းနှင်နိုင်သည့် လျှပ်စစ်ဘတ်စ်ကားကို ဆွစ်ဇာလန်တွင် စမ်းသပ်နေ



ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် တစ်မူထူးခြားသည့် နည်းလမ်းဖြင့် အားသွင်းနိုင်သည့် လျှပ်စစ်ဘတ်စ်ကားများကို စမ်းသပ်လျက်ရှိသည်။



ခရီးသည် ၁၃၃ ဦး သယ်ဆောင်နိုင်သည့် အဆိုပါ လျှပ်စစ်ဘတ်စ်ကားများ၏ အမိုးပေါ်တွင် ဘက်ထရီကို တပ်ဆင်ထားပြီး ၎င်းကို သက်ဆိုင်ရာ အားသွင်းသည့်နေရာတွင် ရပ်လိုက်သည့်အခါ စက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်သည့် လက်တံတစ်ခုနှင့် ချိတ်ဆက်ပြီး အဆိုပါ လျှပ်စစ်ဘတ်စ်ကားကို အားသွင်းပေးမည် ဖြစ်သည်။ အားသွင်းချိန်သည် ၁၅ စက္ကန့်သာ ကြာမြင့်ပြီး ၎င်းအားသွင်းမှုသည် နောက်ထပ် အားသွင်းသည့်နေရာ တစ်ခုကို ရောက်ချိန်အထိ လုံလောက်ကာ အားသွင်းစက်များကိုလည်း ကားမှတ်တိုင်တိုင်းတွင် တပ်ဆင်ထားကြောင်း ဆိုသည်။



အဆိုပါ လျှပ်စစ်ကားများသည် TOSA (Trolleybus Optimisation Systeme Alimentation) ၏ စီမံကိန်းတစ်ခု ဖြစ်ပြီး ၎င်းစီမံကိန်းကို ခရီးသည်များ သယ်ယူပို့ဆောင်ရေးတွင် ငွေကုန်ကြေးကျ သက်သာစွာဖြင့် ပြုလုပ်ရန် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းစီမံကိန်းကို ဇူးရစ်မြို့ အခြေစိုက် စက်ရုပ်ကဲ့သို့ လှုပ်ရှားနိုင်သည့် နည်းပညာ ကုမ္ပဏီ ABB နှင့် ဆွစ်ဇာလန် နည်းပညာတက္ကသိုလ် École polytechnique fédérale de Lausanne တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။



ဂျနီဗာမြို့သည် ၂၀၁၇ ခုနှစ်တွင် TOSA ဘတ်စ်ကားများကို ပုံမှန် ဝန်ဆောင်မှုအနေဖြင့် အသုံးပြုမည့် ပထမဦးဆုံးမြို့ ဖြစ်လာဖွယ်ရှိသည်။



Ref: CNET
Internet Journal

ကြည့်သူအားလုံး အံ့အားသင့်ခဲ့ရတဲ့ မြွေဟောက်ကိုနမ်းပြီး ပါးစပ်နဲ့ ကိုက်ပြခဲ့သော မြွေအလမ္ပာယ်ဆရာရဲ့ ထိတ်လန့်ဖွယ်ပြကွက်


အေသင်အောင်

မြွေထဲမှာတော့ မြွေဟောက်ဟာ အဆိပ် အပြင်းဆုံး အဖြစ် သတ်မှတ်ထားကြပါတယ်။ မြွေဟောက်ကိုက်ခံရပါက အချိန်မီ ဆေးကုသမခံ ယူလျှင် အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက မြွေအလမ္ပာယ်ဆရာ တစ်ဦးဟာ မြွေဟောက် တစ်ကောင်ကို နမ်းပြခဲ့ခြင်း အပြင် ပါးစပ်နဲ့ ပါကိုက်ပြခဲ့တာမို့ လာရောက် ကြည့်ရှုသူ အားလုံး အံ့အားသင့်သွားခဲ့ပါတယ်။

အ၀ါနဲ့ အနက်စပ်ကြား မြွေဟောက်ကို ပါးစပ်နဲ့ ကိုက်ပြီး လှုပ်မရအောင် ပြုလုပ်တဲ့ ပြကွက်ကို လာကြည့်သူတွေ အားလုံး နှစ်သက်ခဲ့ကြ ပါတယ်။ ဒီလိုထူးခြားတဲ့ပြကွက်ကို ပတ္တရားမြို့မှာ ကျင်းပပြုလုပ်တဲ့ မြွေပြပွဲမှာ ပြသခဲ့တာဖြစ်ပြီး အားပေးတဲ့ ပရိသတ် အများအပြား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြပွဲကိုလာကြည့်တဲ့ စကော့တလန်က ကမ္ဘာ့လှည်ခရီးသွား အီယန်မာကလင်းက မိမိအနေဖြင့် ယခုကဲ့သို့ ပြကွက်မျိုး အများအပြားကြည့်ရှုခွင့်ရခဲ့ ကြောင်း၊ မြွေအလမ္ပာယ်ဆရာများသည်
 မြွေကိုက်မှုကြောင့်သာ သေဆုံးလေ့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

The Messenger

အင်္ဂလန်ကို ကယ်တင်ပြီး ဘုရင်မကြီးထံမှ အနမ်းရယူလိုဟု ဘာလိုတယ်လီဆို


(သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရသည့် ဘာလိုတယ်လီ (Photo: AFP))

အီတလီတိုက်စစ်မှူး ဘာလိုတယ်လီက အင်္ဂလန်အသင်း၏ ကမ္ဘာ့ဖလားအုပ်စုမှတက်ရေး မျှော်လင့်ချက်မကုန်ဆုံးစေရန် ကော်စတာရီကာကို အနိုင်ကစားပြီး ကယ်တင်သွားမည်ဖြစ်ကြောင်းနှင့် ယင်းအတွက် ဗြိတိန်ဘုရင်မကြီးထံမှ အနမ်းရယူလိုကြောင်းပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုပွဲ (၂)ပွဲကစား အမှတ်မရသေးရာ ယနေ့ည(၁၀း၃၀)တွင်ကစားရမည့် အီတလီ-ကော်စတာရီကာပွဲတွင် ကော်စတာရီကာအသင်း အနိမ့်ဆုံး(၁)မှတ်ရခဲ့ပါက အုပ်စုအဆင့်မှအလိုအလျောက်ထွက်ရမည်ဖြစ်ပြီး၊ ကော်စတာရီကာရှုံးနိမ့်ခဲ့ပါက အုပ်စုနောက်ဆုံးပွဲအထိ အုပ်စုမှတက်ရေးမျှော်လင့်ချက်ဆက်ရှိမည်ဖြစ်သည်။

သို့ဖြစ်ရာ ဘာလိုတယ်လီက ပရိသတ်(၂ .၃၆)သန်းကျော်ရှိသည့် သူ၏တရားဝင် Twitter စာမျက်နှာတွင် “ကျွန်တော်တို့ ကော်စတာရီကာကို အနိုင်ရခဲ့မယ်ဆိုရင် ဗြိတိန်ဘုရင်မကြီးဆီက အနမ်းတစ်ပွင့်ရယူလိုပါတယ်။ ကျွန်တော့် ပါးပြင်ပေါ်မှာပေါ့” ဟု အရွှန်းဖောက်ရေးသားခဲ့ခြင်းဖြစ်သည်။

ဘာလိုတယ်လီသည် အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်စီးတီးတွင် (၂)နှစ်ခွဲကြာကစားခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် အင်္ဂလန်ကို အီတလီအနိုင်ရခဲ့စဉ်ကလည်း အီတလီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

Eleven Media Group

ရော်ဘင်၏ ကမ္ဘာ့မြန်နှုန်းစံချိန်ကို ခရိုအေးရှား နောက်ခံလူဆာနာကျော်ဖြတ်ခဲ့


(ကင်မရွန်းကို အနိုင်ရသည့်ပွဲအပြီးတွင် ပရိတ်သတ်ကို နှုတ်ဆက်နေသည့် ခရိုအေးရှားအသင်းခေါင်းဆောင် နောက်ခံလူ ဆာနာ( Photo: AFP))

ခရိုအေးရှားညာအစွန်နောက်ခံလူဆာနာ(၃၂ နှစ်)သည် ဘောလုံးသမားများထဲတွင် မြန်နှုန်းအမြင့်ဆုံးအဖြစ်စံချိန်တင်ထားသည့် ဟော်လန် ကွင်းလယ်လူ ရော်ဘင်၏စံချိန်ကို ကျော်ဖြတ်ခဲ့ကြောင်း ဗြိတိန်ထုတ် DailyMail သတင်း စာက ဖီဖာ၏ပွဲမှတ်တမ်းကို ကိုးကားကာ ဖော်ပြခဲ့သည်။

ခရိုအေးရှားနောက်ခံလူဆာနာသည် ကင်မရွန်းအား (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် တစ်နာရီလျှင် (၂၀ .၅)မိုင်နှုန်းပြေးနိုင်ခဲ့ကြောင်း ဖီဖာ၏ပွဲမှတ်တမ်းတွင်ဖော်ပြခဲ့ရာ လက်ရှိစံချိန်ရှင်ရော်ဘင်၏ တစ်နာရီလျှင်(၁၉ .၃)မိုင်ပြေးနှုန်းကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု DailyMail သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ဖီဖာမှတရားဝင်အသိအမှတ်ပြုထားသည့် အမြန်ဆုံးကစားသမားအဖြစ် ရော်ဘင်သာဆက်လက်ရှိနေသေးပြီး ဆာနာကို အမြန်ဆုံးကစားသမားအဖြစ် DailyMail သတင်းစာမှဖော်ပြခဲ့ခြင်းဖြစ်သည်။

Eleven Media Group

သမ္မတ ခိုင်းတာမလုပ်သဖြင့် ဦးဆန်းဆင့်ကို အရေးယူခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော


စိုးသန်းလင်း၊ မောင်သင်တုန်း
နေပြည်တော်၊ ဇွန် ၂၀

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲခြင်း အရေးယူအပြစ်ပေးနိုင်ရန် စစ်ဆေးဆောင်ရွက် လျက်ရှိခြင်းတို့မှာ သမ္မတခိုင်းစေမှုများကို မလုပ်ခဲ့ခြင်း၊ အချို့ကိစ္စများတွင် သမ္မတကိုကျော်လွန်၍ မိမိသဘောအတိုင်းဆောင်ရွက်ခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မဇ္ဈိမကို ပြောဆိုလိုက်သည်။

“ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်နေသူတွေကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃတွေကြားထဲမှာပါ နာလည်းမှုလွှဲစေ တဲ့အဖြစ် မျိုးတွေဖြစ်လာတယ်။ တချို့ကိစ္စတွေမှာ သမ္မတကြီးကို ကျော်လွန်ပြီးလုပ်လိုက်တာတွေရှိတယ်။ ဒါကြောင့် မလွှဲမရှောင်သာ အရေးယူလိုက်ရတာပါ” ဟု ၎င်းကပြောသည်။

ယင်းအပြင် “သန္တိသုခ ကိစ္စကလည်း အကြောင်းတစ်ခုပါဝင်ပါတယ်။ သန္တိသုခဖြစ်တဲ့ အချိန်ကစပြီး သမ္မတကြီးက ၀န်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ ဟိုဘတ်ဒီဘတ် နှစ်ဖတ်အကြားမှာ ၀န်ကြီးအနေနဲ့ရော ဆရာ ဒကာတွေ အနေနဲ့ရော ၀င်ရောက်ဆောင်ရွက်ဖို့ တာဝန်ပေးခဲ့တယ်” ဟု ဇွန်လ ၂၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး ခေတ္တနားချိန် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်

သမ္မတဦးသိန်းစိန်အနေဖြင့် ဦးဆန်းဆင့်အား ယခင်ကတည်းက အကြိမ်ကြိမ် ပြောဆိုဆုံးမပြုပြင်ပေးခဲ့သည် များရှိပါကြောင်း၊ ယခုအချိန်ကပင် နောက်ဆုံးအကြိမ်ဖြစ်သောကြောင့် အရေးယူလိုက်ရခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ယင်းအပြင် သမ္မတက ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်က အဓိကဆောင်ရွက်ရန် တာဝန်နှစ်ရပ်သတ်မှတ်ပေးခဲ့ကြောင်းလည်း ဦးရဲထွဋ်က ရှင်းပြခဲ့သေးသည်။
ပထမတာဝန်မှာ ဘာသာလေးမျိုးကို တရားဥပဒေနှင့် အညီကူညီစောင့်ရှောက်ရန် ဘာသာများအကြား ညီညွှတ်မျှတအောင် ဆောင်ရွက်ပေးရန်၊ အများစု ကိုယ်ကွယ်နေသည့် ဗုဒ္ဓဘာသာဝင်သံဃတော်များနှင့် သံဃမဟာနယကအဖွဲ့အကြား၊ ပြည်သူများနှင့် သံဃာတော်များအကြား အထင်အမြင်လွှဲမှာမှုများ မဖြစ်ရန်၊ သာသနာတော်ကို ၀ိနည်းတော်နှင့်အညီ အခြေခံဥပဒေက ခွင့်ပြုထားသည့်အတိုင်းအတာနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန်၊ အဆိုရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးအနေဖြင့် သန့်ရှင်းသော အစိုးရဖြစ်ရေး၊ ကောင်းမွန်သော အုပ်ချူပ်ရေးကို ဆောင်ရွက်ရန်ဟူ၍ ဖြစ်ကြောင်း ဦးရဲထွဋ်က ရှင်းပြခဲ့သည်။

“ဒုတိယတာဝန်ကတော့ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ရာမှာ မိမိထင်မြင်ယူဆချက်ကို လွှတ်လပ်စွာပြောဆိုခွင့်ရှိတယ်။ သို့သော် အားလုံးဆုံးဖြတ်ပြီးရင်တော့ အဲဒီမှုဝါဒအတိုင်း ပူပေါင်းဆောင်ရွက်ရ မယ်။ ပြီးခဲ့တဲ့ကာလတွေမှာ ဦးဆန်းဆင့်အနေနဲ့ အဲဒီတာဝန်နှစ်ရပ်ကို လုပ်ဆောင်ရာမှာ ချိုယွင်းအားနည်းချက် တွေ အများကြီးရှိခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ယခုကဲသို့ သာသနာရေးဝန်ကြီးအဖြစ် ဦးဆန်းဆင့်၏ ဆောင်ရွက်မှုများတွင် အားနည်းချို့ယွင်းချက်များ ရှိခဲ့သဖြင့် အရေးယူရသည်ဆိုလျှင် မည်သည့်ကိစ္စတွင် မည်သို့ သမ္မတညွှန်ကြားချက်နှင့် ကွဲလွှဲရကြောင်း မည်သည့်ကိစ္စတွင် သမ္မတအား မည်သို့ ကျော်လွန်ဆောင်ရွက်ခဲ့ကြောင်း စသဖြင့် ပြည်သူတို့အား ပွင့်လင်းမြင်သာစွာ ရှင်းပြသင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်တို့က လိုလားလျက်ရှိကြသည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်ပြီးနောက် အားမခံမရှိသော၊ တစ်သတ်တစ်ကျွန်း အထိ ပြစ်ဒဏ်ကျနိုင်သော အလွဲသုံးမှုဖြင့် အမှုးဖွင့်စစ်ဆေးသည့်ကိစ္စတွင် ၎င်း၏ ကိုယ်ရေးအရာရှိနှင့်အတူ အဆင့်မြင့် အရာရှိကြီးလေးဦးကိုလည်း အပေါင်းအပါအဖြစ် သတ်မှတ်စစ်ဆေးလျက် ရှိကြောင်းသိရသည်။

Mizzima Burmese

ဥပဒေထက် ရင်သားကြီးထွားဖို့က ပိုအရေးကြီးဟုဆိုကာ တရားရုံးမသွားခဲ့တဲ့ အပျော့စား ညစ်ညမ်းရုပ်ရှင်မင်းသမီး


ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။

“ကျွန်မရဲ့ ရင်သားတွေနဲ့ ရုပ်ရည်သွင်ပြင်က ဥပဒေထက် ပိုအရေးကြီးပါတယ်။ ကျွန်မရဲ့ အသက်မွေး အလုပ်က ဒီအပေါ်မှာ မူတည်နေတာပါ”ဟု ဆိုဖီဒဲဇယ်က The Sun သတင်းစာကို ပြောကြားခဲ့သည်။
ဖြစ်စဉ်မှာ သူမသည် ရုံးတော်က ချမှတ်ခဲ့သော အလုပ်တာဝန်များကိုလည်း ကောင်းမွန်စွာ လိုက်နာသူ မဟုတ်ဘဲ ရဲအရာရှိတစ်ဦးအား တိုက်ခိုက်မှုဖြင့် ရရှိသောပြစ်ဒဏ်ဖြစ်သည့် လူမှုရေးအလုပ်ဖြစ်သော အမှိုက်ကောက်သည့်အလုပ်ကိုလည်း ပြီးဆုံးအောင်မလုပ်ခဲ့ပေ။
“ကျွန်မလုပ်နေကျ အလုပ်တွေ ထက်စာရင် ဒီအမှိုက်ကောက်တဲ့ အလုပ်က အချိန်လည်း အရမ်းကြာတယ်။ အရမ်းလည်းပင်ပန်းတယ်လေ”ဟု သူမက ဆိုသည်။
အသက်(၂၀)အရွယ်ရှိသောသူမသည် ၂၀၁၃ ခုနှစ်တွင် စီရင်ချက်ချမှတ်ခံခဲ့ရပြီး လူမှုရေးအလုပ် နာရီ (၄၀၀)လုပ်ရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
သူမသည် ထိုတာဝန်ကိုလည်း ဆက်မလုပ်ခဲ့သည်မှာ ခုနစ်လကြာမြင့်ပြီဖြစ်ပြီး နာရီ ၁၄၀ သာ ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခဲ့သည်။

စာနယ်ဇင်းများက အသက်(၁၈)နှစ်အောက် မကြည့်ရသော ရုပ်ရှင်များကို ရိုက်ကူးသူ အပျော့စား ညစ်ညမ်းရုပ်ရှင်မင်းသမီး ဟုခေါ်ဆိုကြသော ဒဲဇယ်သည် ဇန်န၀ါရီလက ရင်သားခွဲစိတ်မှု ပြု လုပ်နေသောကြောင့် ရက်ချိန်းတစ်ခုကို ပျက်ကွက်မှုအတွက် ရုံးတော်သို့ သွားရောက်ရှင်းလင်း ရမည် ဖြစ် သည်။

သူမကထိုအချိန်တွင် သူမသည် ဘရပ်ဆဲမြို့သို့ သွားရောက်ကာ ရင်သားကြီးထွားစေရန် ခွဲစိတ်ခံနေ သည်ဟု လျှောက်လဲသော အခါတွင် ရုံးတော်က ခွင့်လွှတ်ခဲ့သည်။
New York Daily News သတင်းစာကမူ သူမအား ရင်သားအကြောင်းပြပြီး ပြစ်ဒဏ်မှ ကင်းလွတ်အောင် လုပ်သူဟု ပြောဆိုခဲ့သည်။

Mizzima

အမေရိကန်တွင် လိင်တူချင်းလက်ထပ်မှု ကန့်ကွက်ဆန္ဒပြ


အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က လိင်တူချင်းလက်ထပ်တာကို ဆန့်ကျင်သူတွေ ဆန္ဒပြပွဲ ကျင်းပခဲ့ကြပါတယ်။

လိင်တူချင်းလက်ထပ်တာကို ဆန့်ကျင်တဲ့ အမေရိကန်အဖွဲ့အစည်းတွေနဲ့ တခြားရှေးရိုးစွဲအဖွဲ့အစည်းတွေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ အမျိုးသားနဲ့ အမျိုးသမီးကြား လက်ထပ်တာကိုပဲ အားပေးတဲ့နိုင်ငံ ဖြစ်စေချင်တဲ့ စိတ်တူကိုယ်တူတွေ စုဝေးဖြစ်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောဆိုပါတယ်။

ဆန္ဒပြပွဲကိုတက်ရောက်လာတဲ့ ယခင် လွှတ်တော်အမတ်က ကလေးတွေကို ပြုစုပျိုးထောင်ဖို့ အမျိုးသားနဲ့ အမျိုးသမီးလက်ထပ်ထိမ်းမြားခြင်းကသာ အကောင်းဆုံးလို့ ဆန္ဒပြပွဲ တက်ရောက်လာတဲ့ လူထုကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်တနိုင်ငံလုံးမှာ ကောက်ခံတဲ့လူထုစစ်တမ်းတွေအရ လိင်တူချင်း လက်ထပ်တာကို ထောက်ခံအားပေးသူဦးရေ မြင့်တက်လာချိန်မှာ အခုလို ဆန္ဒပြပွဲ ကျင်းပတာ ဖြစ်ပါတယ်။

ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြည်နယ် ၁၉ ခုက လိင်တူချင်းလက်ထပ်တာကို တရားဝင်ခွင့်ပြုထားပါတယ်။

DVB Burmese

စားသုံးဆီ စစ်၊ မစစ်နှင့် အစားအသောက်ထဲ ဆိုးဆေး ပါ၊ မပါ ငွေပေးစစ်နိုင်ပြီ


ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့ စားသုံးဆီတွေ စားသုံးဖို့ သင့်၊ မသင့်နဲ့ အစားအသောက်တွေမှာ ဆိုးဆေးတွေ ပါ၊ မပါ စတာတွေကို အခကြေးငွေယူပြီး စိစစ်ပေးတော့မယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ကြေညာပါတယ်။

စားသုံးဆီတွေကို ဆီအရည်အသွေးအမျိုးအစားနဲ့ စားသုံးဖို့ သင့်၊ မသင့် စစ်ဆေးဖို့အတွက် ဆီနမူနာ ၂ လီတာ ပေးရမှာ ဖြစ်ပြီး စစ်ဆေးခ ကျပ် ၃ သောင်း ပေးသွင်းပြီး ၇ ရက်အတွင်း အဖြေသိရမယ်လို့ ဆိုပါတယ်။

အစားအသောက်တွေအတွက်ကတော့ ပလတ်စတစ်အိတ်ထဲ သန့်ရှင်းစွာ ထည့်ပြီး ဓာတ်ခွဲခန်းကို ၂ နာရီအတွင်း ပေးပို့ရမှာ ဖြစ်ပြီး စစ်ဆေးခ ကျပ် ၁ သောင်းပေးသွင်းပြီးရင် အဖြေကို ၅ ရက်အတွင်း ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရန်ကုန်စည်ပင်ဟာ ပုဂ္ဂလိကလုပ်ငန်းတွေက ဘတ္တရီလုပ်ငန်း၊ ဆေးမှုတ်လုပ်ငန်း၊ အလှကုန်နဲ့ ဓာတုပစ္စည်းဆိုင်က ၀န်ထမ်းတွေကို ခဲဆိပ် သင့်၊ မသင့်လည်း စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။


DVB Burmese

အနာဂတ်ရဲ့ မျက်နှာကို ဘယ်နာရီပေါ်မှာထား


(တစ်)

မေလအကုန် ဇွန်လအဆန်း မိုးဦးကျစရက်တွေထဲကတစ်ရက်မှာ စာပေနဲ့ ပတ်သက်တဲ့ ပွဲက လေးတစ်ပွဲကို ရောက်သွားဖြစ် သဗျ။ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံကြီးမှာ ကျင်းပခဲ့တဲ့ပွဲ ပါ။ မြန်မာနိုင်ငံစာအုပ်ထုတ်ဝေ သူများနဲ့ ပုံနှိပ်သူများက ဦးစီး ကျင်းပတဲ့ပွဲလို့ပဲဆိုပါတော့။ စာ အုပ်တိုက်တော်တော်များများက စာအုပ်မျိုးစုံရောင်းပါတယ်။ စာ ပေအနုပညာရှင်များက သူ့ရက်နဲ့သူ စာပေဟောပြောပွဲ လုပ်ပါ တယ်။ တက်ရောက်လာကြတဲ့ သူတွေကိုလည်း ကော်ဖီနဲ့ ဧည့် ခံပါတယ်။

တစ်ရက်ကျွန်တော်ရောက် သွားတော့ ကာတွန်းဆရာ ကို အော်ပီကျယ်ဟောနေတာနဲ့ သွား ပြီး တိုက်ဆိုင်နေပါတယ်။ ကိုယ် ၀င်သွားရင် ဟောနေတဲ့အရှိန် တန့်သွားမှာကြောက်တာကြောင့် အ၀င်ဝအပေါက်နားဆီမှာပဲ ဟိုနားမတ်တတ်သည် နားမတ်တတ်လုပ်ကာ ပြီးဆုံးတဲ့အထိ နားထောင်နေခဲ့လိုက်တာပါ။

  ကိုအော်ပီကျယ် ပြောတဲ့ အထဲမှာ လူတွေ အချိန်နာရီကို ဘယ်နည်းဘယ်ပုံအသုံးချနေ ကြသလဲဆိုတာနဲ့ ပတ်သက်လို့ ထည့်ပြောသွားတာကလေး သတိ ထားမိလိုက်ပါတယ်။

သူက Monitor Hour တဲ့။ Page Hour တဲ့။ Monitor Hour ဆိုတာက လက်ကိုင်ဖုန်းမျက်နှာ ပြင်ပေါ်မှာ၊ ကွန်ပျူတာမျက်နှာ ပြင်ပေါ်မှာ၊ ရုပ်မြင်သံကြားပြစက် မျက်နှာပြင်ပေါ်မှာ ကုန်ဆုံးသွား ရတဲ့အချိန် နာရီတွေကို ပြောတာ ပါ။ Page Hour ဆိုတာကတော့ စာမျက်နှာတွေရဲ့ အပေါ်မှာ ကုန် ဆုံးသွားရတဲ့ အချိန်တွေပဲပေါ့။ Monitor Hour များပြီး Page Hour နည်းတဲ့ လူတွေဟာ ဘယ် တော့မှ ဉာဏ်ပညာနဲ့ နှလုံးသား အရာမှာ ရှေ့တန်းကို ရောက်မ လာနိုင်တဲ့အကြောင်း ကိုအော်ပီ ကျယ်ပြောနေခဲ့တာပါ။ သူသည် စကားကို ပြောပြောနေခဲ့တာကြာ ပါပြီ။ လေယာဉ်ပေါ်မှာ၊ မော် တော်ကားပေါ်မှာ၊ ဟောပြောပွဲ စင်မြင့်တွေပေါ်မှာကြားခဲ့ရပေါင်း များလှပါပေါ့။ ဒါပေမဲ့အဲသည့် နေ့ကတော့ နားထဲကို ပိုပြီးဝင်သ လိုပါပဲ။

(နှစ်)

အခုတစ်လောမှာ ပြသွားတဲ့ ရုပ်မြင်သံကြားအစီအစဉ်အချို့ မှာလည်း ကျောင်းသားမိဘတွေနဲ့ ရုပ်မြင်သံကြားဌာနတို့ တွေ့ဆုံ မေးမြန်းတဲ့ အစီအစဉ်တွေမှာ လက်ကိုင်ဖုန်းနဲ့ ပတ်သက်လို့ တော်တော်လေးပြောကြ၊ ဆိုကြ တာတွေကို တွေ့လိုက်ရပါတယ်။ မိဘတိုင်းလိုလိုက ညည်းကြတာ ပဲပေါ့။ ကျောင်းသားတွေကို လက်ကိုင်ဖုန်း ပေးလိုက်သင့်၊ မပေးလိုက်သင့်။

အခုအချိန်မှာ လက်ကိုင် ဖုန်းဈေးက တော်တော့ကို လက် လှမ်းမီတဲ့နှုန်းထားဖြစ်လာခဲ့ပြီမို့ လူတော်တော်များများက ကိုင် နိုင်လာကြပြီဆိုတာ စာဖတ်သူ တွေလည်း အသိပါ။ တချို့ ကျောင်းတွေမှာ ကလေးတိုင်း လို လိုက လက်ကိုင်ဖုန်းတွေပါလာကြပါတယ်။

လက်ကိုင်ဖုန်းရဲ့ စွမ်း ဆောင်ရည်တွေကလည်း များ ပြားလိုက်တာများဆို၊ တယ်လီ ဖုန်းပြောဆိုရုံတင်မကတော့ပါ ဘူး။ စာပို့လို့ရတယ်။ ဓာတ်ပုံပို့ လို့ရတယ်။ သီချင်းနားထောင် လို့ရတယ်။ အင်တာနက်သုံးလို့ရ တယ်။ Facebook သုံးလို့ရတယ်။ Viber တွေရော၊ Zapya တွေရော၊Flash Transfer တွေရော၊ ကင်မ ရာတွေရော၊ ဗီဒီယိုတွေရော ပြောမဆုံးပေါင် တောသုံးထောင် ဆိုပါတော့။ ကိုယ့်ကိုယ်ကိုယ်သာ မထိန်းချုပ်နိုင်လို့ကဖြင့် ၂၄ နာရီ တောင်မှ မလောက်ငနိုင်ပါဘူး။

လူတွေ၊ အထူးသဖြင့် ရင့် ကျက်တည်ငြိမ်မှု မရှိသေးတဲ့ ကျောင်းသား၊ ကျောင်းသူကလေး တွေဟာ သူတို့ရဲ့ သွားလေရာရာ ကပ်ပါနေတဲ့ အဲသည့်လက်ကိုင် ဖုန်းရဲ့ မျက်နှာပြင်ကို အသုံးချ ကာ Monitor Hour တွေထဲမှာ ဘ၀ကို ဖြုန်းတီးပစ်နေလိုက်ကြ တာ။

(သုံး)

ကိုယ်ပိုင်ကျောင်းတချို့က သူတို့ဆီမှာ လာတက်တဲ့ ကျောင်း သူ၊ ကျောင်းသားကလေးတွေကို လက်ကိုင်ဖုန်းယူခွင့်မပေးပါဘူး။ ကျောင်းအိပ်၊ ကျောင်းစားဘော် ဒါလာတက်တဲ့ ကလေးကိုတောင် လက်ကိုင်ဖုန်းကိုင်ခွင့်မပေးပါ ဘူး။ Monitor Hour သုညဖြစ် အောင် လုပ်ပစ်လိုက်တဲ့ သဘော ပါပဲ။

အစိုးရစာသင်ကျောင်းတွေ မှာကတော့ အခုထိ ကိုင်ဆောင်နေကြတုန်းပါပဲ။ တချို့ကျောင်း တွေမှာ တားဆီးဖို့ စိတ်ကူးကြည့် ပေမယ့် မိဘတွေကိုယ်တိုင်က ကျောင်းကြိုတာ၊ ကျောင်းပို့တာ က အစ ဆက်သွယ်ဖို့လိုတယ်လို့ ယူဆတဲ့အတွက် သည်စိတ်ကူး ဟာ အကောင်အထည်ပေါ်လာ ခဲ့ပုံ မရပါဘူး။

တယ်လီဂရပ်(Telegraph) သတင်းတစ်ပုဒ်ထဲမှာ ဆွီဒင်နိုင်ငံ အောက်ဘရိုတက္ကသိုလ်ပါမော က္ခကေဂျယ်လ်မိုင်းလ်က မိုဘိုင်း ဖုန်းကို ဆယ်နှစ်ကျော်ပြောဖူးတဲ့ ကလေးဟာ ဦးနှောက်ကင်ဆာနဲ့ အာရုံကြောအကျိတ်ဖြစ်နိုင်ပါသ တဲ့။

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့ကင်ဆာဗေဒဆိုင်ရာတက္က သိုလ်ကဆိုရင် ၁၉၈၂ မှာစလုပ် ခဲ့တဲ့ သုတေသနအရ မိုဘိုင်းဖုန်း က ထွက်နေတဲ့ လျှပ်စစ်သံလိုက် စက်ကွင်းဟာ ကြာကြာပြောရင် ဒုက္ခဖြစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါ လေသတဲ့။

နောက်တစ်ခါဆွီဒင်ကပါပဲ။ ပါမောက္ခလန်းနာ့တ်ဟာဒယ်နဲ့ အဖွဲ့တဲ့။ မိုဘိုင်းဖုန်းကို သုတေ သနပြုခဲ့ကြတာလေ။ ဆယ်နှစ် အထက်ပြောရင် ဦးနှောက်ထဲမှာ အကျိတ်အဖုတိုးပွားမယ်။ နာရီ ၁၀၀ ပြောပြီးရင် ဦးနှောက်ကင် ဆာဖြစ်ဖို့ ငါးရာခိုင်နှုန်းပိုသေချာ လာတယ်။ မိုဘိုင်းဖုန်းရဲ့ လျှပ် စစ်သံလိုက်စက်ကွင်းဟာ ကလေးရဲ့ ဦးခေါင်းခွံပါးပါးကို ထိုးဖောက် ၀င်ရောက်နိုင်တယ်။ အမျိုးသား တွေမှာ မြုံသွားနိုင်တယ်။ အများ ကြီးပါပဲ။

ကမ္ဘောဒီးယားမှာဆိုရင် ၀န် ကြီးချုပ်ဟွန်ဆန်ရဲ့ကတော်က လက်ကိုင်ဖုန်းကို တားဆီးထားဖို့ တောင် အကြံပြုခဲ့ဖူးပါသေး တယ်။

ထားပါ။ ဒါတွေက ရုပ်ကျန်း မာရေး။ စိတ်ပိုင်းဆိုင်ရာကတဲ့ ရော။ ကျောင်းကားပေါ်မှာပဲ ကြည့်ကြည့်၊ ခြင်ထောင်ထဲက အိပ်ချိန်ကိုပဲ ကြည့်ကြည့်၊ အတန်းအရှေ့က ဆရာ၊ဆရာမစာသင် နေချိန်မှာပဲကြည့်ကြည့်၊ ဘတ်စ် ကားပေါ်မှာပဲကြည့်ကြည့်၊ ဧည့် ခန်းထဲက ကုလားထိုင်ပေါ်မှာပဲ ကြည့်ကြည့်၊ လက်ထဲက ဖုန်းကို အရူးအမူးငုံ့ကြည့်ကာ လက်ညှိုး နဲ့ ထိလိုက်၊ ပွတ်ဆွဲလိုက်၊ လက်မနဲ့ ဖိလိုက်၊ပြုံးလိုက်၊ရယ် လိုက် မျက်စိအပြူးသားဖြစ်သွား  လိုက်၊ ပါးစပ်အ၀ိုင်းသားဖြစ်သွား လိုက် လုပ်နေတဲ့ ကျောင်းသား လူငယ်ကလေးတွေကို တွေ့မိကြ မှာပါ။

လေရူးသုန်သုန်မသိ။ ရွှေ ပြည်တော်မျှော်တိုင်းဝေးမသိ။ ငါးရာ့ငါးဆယ်မသိ။ ဇာတ်ကြီး ဆယ်ဘွဲ့မသိ။ မင်းသုဝဏ်မသိ။ ဇော်ဂျီမသိ။ မဟတ္တမဂန္ဒီမသိ။ ဘီလ်ဂိတ်မသိ။ တိုက်ရေယာဉ် ၁၀၃ မသိ။ မဟာဗုဒ္ဓ၀င် မသိ။ ဒုတိယကမ္ဘာစစ်မသိ။ တစ်ထောင့်တစ်ညပုံပြင်များမသိ။ မာသာထ ရီဆာမသိ။ ကမ္ဘာကျော် အီစွတ် ပုံပြင်များမသိ။ သိပံ္ပမောင်ဝ မသိ။ စုံထောက်ကြီး ဦးစံရှား မသိ။ ကျွန်တော်တို့ ဘယ့်နှယ် လုပ်ကြရပါ့။ ခလုတ်တွေကြားမှာ အူကြောင်ကြောင်ဖြစ်နေတဲ့ မျိုး ဆက်သစ်ကို ကျွန်တော်တို့ ဘယ်လိုကယ်တင်ကြရပါ့။

ကိုအော်ပီကျယ်က ပြောပါ သေးတယ်။ ကမ္ဘာပေါ်မှာ Page Hour များတဲ့ တိုင်းပြည်ကပဲ အရှေ့ကို ရောက်တာပါတဲ့။

ကိုယ့်ကိုယ်ကိုယ်ထိန်းသိမ်းပြီး စိတ်ကို စီမံကွပ်ကဲဖို့ မတတ်သေးတဲ့ ကလေးတွေလက်ထဲကိုဖုန်းတွေထည့်ပေးထားရတာ အချိန် အကန့်အသတ်မရှိကိုင်ခွင့်ပေးထားရတာတွေဟာ Monitor Hour များအောင် လုပ်ပေးထား တာမျိုးနဲ့ တူမနေဘူးလား။ မိဘ တွေရော ဆရာမများပါ စဉ်းစား ကြည့်စေချင်တာပါ။

အင်း . . .စကားမပီသေးတဲ့ ကလေးငယ်ကလေးကတောင် ဟယ်ရိုဆိုပြီး ဖုန်းကို ပွတ်နေ တော့ မခက်ဘူးလား။

မောင်သာချို
7day daily

ကူးတို့ယာဉ် နစ်မြုပ်မှုတွင် အထိနာခဲ့သည့် အထက်တန်းကျောင်းမှ ကျောင်းအုပ် ရာထူးမှဆိုင်းငံ့ခံရ



သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးခဲ့သူများအား ရည်စူးကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားကို တွေ့ရစဉ်
တောင်ကိုရီးယား ကူးတို့ရေယာဉ် နစ်မြုပ်မှုအတွင်း ကျောင်းသူ၊ကျောင်းသား အများအပြား သေဆုံးခဲ့သည့် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကို ရာထူးမှ ဆိုင်းငံ့ထားလိုက်ကြောင်း သတင်းရရှိသည်။

Sewol ကူးတို့ရေယာဉ် နစ်မြုပ်မှုတွင် လေ့လာရေး ထွက်ခဲ့သည့် ကျောင်းသူ၊ကျောင်းသား (၂၄၀)ကျော်လည်း အသက်ဆုံးရှုံးခဲ့သည်။ ယခုအခါ အဆိုပါ အထက်တန်းကျောင်းမှ ကျောင်းအုပ် ချူကျိုယောင်းကို ရေယာဉ်နစ်မြုပ်မှုနှင့် ဆက်စပ်ပြီး လက်ရှိရာထူးမှ ဆိုင်းငံ့ ဖယ်ရှားထားလိုက်ကြောင်း ပညာရေးဌာနမှ အရာရှိ တစ်ဦးက AFPသို့ ပြောကြားခဲ့သည်။

“လောလောဆယ် ကျောင်းအုပ်ကြီးကို ရာထူးကနေ ဖယ်ရှားထားပါတယ်။ ကူးတို့ရေယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်တဲ့ ကိစ္စတွေကြောင့်ပါ”ဟု အဆိုပါ အရာရှိက ဆိုသည်။ သို့သော်လည်း စည်းကမ်းပိုင်း အရေးယူမှု၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောဆိုရန်မူ ၎င်းက ငြင်းဆန်သွားသည်။

ဆိုးလ်မြို့တော် တောင်ပိုင်းရှိ အန်ဆန်းမြို့မှ ဒါဝမ်အထက်တန်းကျောင်းသည် ဧပြီ (၁၆)ရက်က တန်ချိန်(၇၀၀၀)နီးပါးရှိ ရေယာဉ်ကြီး နစ်မြုပ်မှုတွင် အဆုံးအရှုံး အကြီးမားဆုံး ဖြစ်ခဲ့ပြီး ကျောင်းသူ၊ကျောင်းသား (၂၄၀)ကျော်နှင့် ဆရာ၊ဆရာမ (၁၀)ဦးတို့ သေဆုံးခဲ့ရသည်။

ရေယာဉ်နစ်မြုပ်စဉ်က အသက်ရှင် လွတ်မြောက်ခဲ့သည့် ဒုတိယ ကျောင်းအုပ်ကြီးမှာ ဖြစ်ရပ်အပြီး (၃)ရက်အကြာတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ရေယာဉ် နစ်မြုပ်စဉ်က ရာသီဥတု ဆိုးရွားနေချိန်တွင် ကျောင်းသူကျောင်းသားများကို ရေယာဉ်ဖြင့် လိုက်ပါရန် ခွင့်ပြုပေးခဲ့ခြင်းအတွက် မိဘအုပ်ထိန်းသူ အချို့က အထက်တန်းကျောင်း စီမံအုပ်ချုပ်ရေး အဖွဲ့ကို ဝေဖန်ခဲ့ကြသည်။

_Ref: Channelnewsasia
7day daily

သင်အရက်သောက်ပြီး စားတတ်တဲ့ အကြိုက်ဆုံးအစားအစာတွေက ပြောပြနေတဲ့ သင့်အကြောင်း




အရက်လေးသောက်ပြီးသွားတဲ့အချိန် ဒါမှမဟုတ် သောက်နေရင်းစားတတ်တဲ့ သင့်ရဲ့အကြိုက်ဆုံး အစားအစာတွေက သင့်ရဲ့စိတ်နေသဘောထားကို ဖော်ကျူးနေပါတယ်။

၁။ ပီဇာ

ပီဇာနဲ့ မြည်းရတာ ကြိုက်သူတွေဟာ ဘ၀ကို ရောင့်ရဲတင်းတိမ်နေတတ်ပါတယ်။ ရှုပ်ရှုပ်ယှက်ယှက်အရာတွေ စိတ်မ၀င်စားဘူး။ ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်။ တကယ်လို့ ခင်ဗျားသာ “ဟေး – ဘော်ဒါတို့ ၊ ပီဇာမှာရအောင်ဟေ့” လို့ သာပြောကြည့် ၊ သူက ခင်ဗျားကို တန်းလေးစားသွားလိမ့်မယ်။

၂။ ချိစ်ဘာဂါ

ချိစ်ဘာဂါနဲ့ သောက်ရတာကြိုက်တဲ့လူတွေကတော့ အစားကြီးတတ်တယ်။ သူကတော့  ပီဇာကြိုက်သူတွေနဲ့ ဆန့် ကျင်ဘက် ၊ အနီးဆုံး ဘာဂါဆိုင်ကို ဖင်တရွတ်တိုက်ဆွဲသွားမယ်။ လုပ်ပါတော့၊ဆာလှပြီ လို့ ခေါ်နေမယ့် လူမျိုးပေါ့။

၃။ စွပ်ပြုတ်

အိမ်မှာ ညသန်းခေါင်တစ်ယောက်တည်း အရက်လေးဘာလေး ပါးပါးကစ်နေတတ်တဲ့လူမျိုး။ စွပ်ပြုတ်ကြိုက်တဲ့ အတွဲတွေဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အထီးကျန်နေတာကို ပိုသဘောကျတတ်တယ်။ ကြက်သားကို အရက်နဲ့ ချက်တာ ကြိုက်တတ်တဲ့လူမျိုးနဲ့ ချစ်သူဖြစ်တတ်တယ်။

၎။ Nachos ( ဒိန်ခဲပါသော မုန့် ပြားဝိုင်း)

သူတို့ ကတော့ စိတ်မရှည်တတ်ဘူး။ ငွေကြေး၊ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ဘူး။ သူတို့ ရဲ့ အကောင်းဆုံး အရည်အသွေးက ဘာကိုမှဂရုမစိုက်တတ်တာပဲ။

၅။ မနက်စာအစားအစာ

အတိတ်ကို တသသဖြစ်နေတတ်တဲ့လူမျိုး၊ အိမ်မှာကပ်တတ်တဲ့လူမျိုးဖြစ်တဲ့အတွက် မိဘတွေနဲ့ ရင်းရင်းနှီးနှီး ရှိတတ်တယ်။ သူတို့ အတွက်တည်း မင်းက အကောင်းဆုံးအဖော်ဖြစ်နေတတ်တယ်။

၆။ ခေါက်ဆွဲနဲ့ ဒိန်ခဲ ၊ ချိစ်မီးကင်နဲ့ ချိစ်

ဒီလိုအစားအစာမျိုးကြိုက်တဲ့လူကတော့ ရဲရဲတင်းတင်းရှိတတ်တဲ့လူမျိုးပါ။ အရာရာကို ဦးဆောင်တတ်သူပေါ့။

၇။ အာလူးချောင်းကြော်

Nachos ကြိုက်တဲ့လူတွေနဲ့ သူတို့ က ဘော်ဒါတွေ ဖြစ်တတ်တယ်။ လက်တွေ့ ကျကျလုပ်တတ်တဲ့လူမျိုး။ တစ်ခုခုဆို ၀င်ကိုင်လုပ်လိုက်ရမှ ကျေနပ်တတ်တဲ့လူစား။

၉။ Mozzarella ချိစ်ချောင်း

တိတိကျကျသမား။ ကိုယ် ဘာလိုချင်လဲဆိုတာ သိပြီး ရအောင် ဘယ်လိုယူရမလဲသိတဲ့လူမျိုးပေါ့။ အကောင်းဆုံး mozzarella ချိစ်ချောင်းလေးတွေ ရဖို့ အဆင့်ဆင့်လက်ဝင်သလို ဒီလိုလူမျိုး စိတ်ကျေနပ်ဖို့  လည်း တော်တော် အားထုတ်ရလိမ့်မယ်။

၁၀။ ဘာမှ မစားတဲ့လူ

အစားထက် အအိပ်မက်တဲ့လူမျိုးပေါ့။ သောက်ပြီး အိပ်နေရရင်ကို ပြီးပြည့်စုံနေတာ။ သိပ်မကြာခင်မှာ ချိစ်ဘာဂါကြိုက်တဲ့ တစ်ယောက်ယောက်က သင့်ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေမယ်ဆိုရင် သိပ်မအံ့သြပါနဲ့ ။ ဒါက ကောင်းတဲ့အချက်ပါ။

၁၁။ ဘာမဆိုဆွဲတဲ့လူ

အရက်လေးကစ်ပြီးရင် အသေဆွဲတဲ့လူမျိုး ။အစားမက်တာပေါ့။ စိတ်က ဒွိဟ၊ တစ်ခုခုကို စိတ်ရောက်နေရင်လည်း မပြီးတော့ဘူး။ တကယ်လို့ သင့်လိုပဲ အကုန်ကြိုက်တဲ့လူနဲ့ ချစ်ကြိုက်တော့မယ်ဆိုရင် နောက်တစ်ကြိမ်ပြန်စဉ်းစား။ ဒါမှမဟုတ် မကြိုက်နဲ့ ။

Ref: cosmopolitan.com

7day


သုံးထပ်နှင့်အထက် အဆောက်အအုံများ မီးဘေးအန္တရာယ်ကင်းရန် စစ်ဆေးခ အဆ ၃၀ ကျော် တိုးမြှင့်




ရန်ကုန်၊ ဇွန် ၁၉

မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်လျက်ရှိသော သုံးထပ် အပါအဝင် သုံးထပ်နှင့်အထက် အဆောက်အအုံနှင့် အလုပ်ရုံများ၌ မီးဘေးလုံခြုံရေးနှင့် နေထိုင်သူများ၏ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခကို ဇွန်လမှ စတင်ကာ အဆ ၃၀ တိုးမြှင့် ကောက်ခံလျက် ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ စုံးစမ်းသိရှိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် တိုင်းရင်းသား ရင်းနှီးမြှုပ်နှံသူများ၏ ဝန်ဆောင်ခ နှုန်းထားများအတိုင်း တစ်ပြေးညီ ဖြစ်စေရန်၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု ရှိစေရန် တိုးမြှင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေး စစ်ဆေး ဆောင်ရွက်ခြင်း အတွက် ဝန်ဆောင်ခများကို ကြမ်းခင်းဧရိယာပေါ် မူတည်၍ လည်းကောင်း၊ တစ်စတုရန်း မီတာလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် ပြည်နယ်၊ တိုင်းဒေသကြီးရှိ မြို့တွင်းမြို့ပြင်ပေါ် မူတည်၍ လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

ယင်းဝန်ဆောင်ခများကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ပေါ်တွင် ၁ စတုရန်းမီတာလျှင် ၁၀၀၀ ကျပ် ကောက်ခံပြီး မြို့ပြင်နယ်မြေတွင် ၅၀၀ ကျပ်၊ ကျန်တိုင်းဒေသကြီးများတွင် မြို့ပေါ်၌ ၁ စတုရန်း မီတာလျှင် ၅၀၀ ကျပ်၊ မြို့ပြင်တွင် ၂၀၀ ကျပ်၊ ပြည်နယ်များ၌ မြို့ပေါ်၂၀၀ ကျပ်နှင့် မြို့ပြင်တွင် ၁၀၀ ကျပ် ကောက်ခံကြောင်း အဆိုပါဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထို့ပြင် အဆောက်အအုံ အမျိုးအစားကို လိုက်၍ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သော အဆောက်အအုံများကို တစ်စတုရန်းမီတာ ဝန်ဆောင်ခ သတ်မှတ်နှုန်း၏ ၁၀၀ ရာခိုင်နှုန်း၊ အများအသုံးပြုသည့် အဆောက်အအုံများကို ၅၀ ရာခိုင်နှုန်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို ၂၅ ရာခိုင်နှုန်း အသီးသီးကောက်ခံကြောင်း အဆိုပါဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းဝန်ဆောင်ခကို မြန်မာနိုင်ငံတွင် တိုးမြှင့်ကောက်ခံရန် အရှေ့တောင်အာရှ နိုင်ငံများ၏ ဝန်ဆောင်ခ ကောက်ခံမှုများကို လေ့လာ၍ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဝန်ဆောင်ခများကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှတစ်ဆင့် နိုင်ငံတော်သို့ ပေးသွင်းရကြောင်း ယင်းဌာနချုပ်ထံမှ သိရသည်။

“မီးဘေးလုံခြုံရေး အကြံပြု စစ်ဆေးတဲ့ ဆောင်ခတွေ မြင့်တက်သွားတာ အရမ်းများလွန်းတယ်။ အရင်က ကန်ထရိုက် တိုက်တစ်လုံးကို စစ်ဆေးတဲ့ ဝန်ဆောင်ခက ပျမ်းမျှ ၁၅,၀၀၀ ဝန်းကျင်ပဲ အခုတက်သွားတဲ့ နှုန်းအတိုင်း ပေးရမယ် ဆိုရင် ဝန်ဆောင်ခတင် နှစ်သိန်းကျော်၊ သုံးသိန်း ဝန်းကျင်လောက် ဖြစ်သွားနိုင်တယ်၊ ပေးလိုက်ရတဲ့ ဝန်ဆောင်ခကို မီးသတ်လုံခြုံရေး စနစ်တွေ တပ်ဆင်ပြီး၊ မီးသတ်ပစ္စည်းတွေ တပ်ဆင်တာကမှ လူတွေအတွက် ပိုအကျိုးရှိဦးမယ်” ဟု ဝေယံထွန်းလင်း ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးထွန်းထွန်းလင်းက The Voice သို့ ပြောကြားသည်။

မီးဘေးလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အကြံပြု စစ်ဆေးခြင်း ဝန်ဆောင်ခများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ၁၉၉၇ ဇန်နဝါရီတွင် ပြဌာန်းခဲ့သော မီးသတ်တပ်ဖွဲ့ ဥပဒေအရ သုံးထပ်နှင့်အထက် အဆောက်အဦးများကို တစ်စတုရန်း မီတာလျှင် ၅၀ ကျပ်နှုန်းဖြင့် ပြည်တွင်းရှိ အဆောက်အအုံ ဆောက်လုပ်သူများထံမှ ကောက်ခံပြီး နိုင်ငံခြားသား အဆောက်အအုံ ဆောက်လုပ်သူများကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာနှုန်းဖြင့် ကောက်ခံခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ထံမှ သိရှိရသည်။

(ဇင်လင်းထက်)
The Voice Weekly



လူတစ်ယောက်ကို ကူညီတော့မယ်ဆိုရင်



ပိတ်ထားတဲ့ သံဇကာ ကျယ် ပြတင်းပေါက်ထဲကနေ ထွက်ဖို့အတွက် လိပ်ပြာ တို့ ကြိုးစားနေပါတယ်။ ယင်းထဲမှာ တစ်ကောင်က မထွက်နိုင်ပဲ ကျန်နေသေး သတဲ့။ ဒါနဲ့ သူ့ကို အပြင်ထွက်လို့ ရပါစေဆိုတဲ့ စိတ်တဲ့ ကလေးငယ်ဟာ သူ့ရဲ့ ပြန့်ကားနေတဲ့ တောင်ပံကို တစ်ဖက် အနည်းငယ်စီ ညှပ်ထုတ်ပေးလိုက်ပါတယ်။ အပြင်ကို ရောက်အောင်တော့ လိပ်ပြာက ထွက်သွား နိုင်ပါလေရဲ့။ သို့ပေမယ့် မိုးပေါ် မပြန်နိုင်တော့တဲ့ သူ့ခမျာ မြေပေါ်မှာပဲ ယှက်ကန် ယှက်ကန်နဲ့ သွားရ ပါတော့တယ်.

သင်ခန်းစာ ၁

သူတစ်ဖက်သားကို ကူညီတော့မယ်ဆိုရင် ကိုယ့်ရဲ့ ကူညီဖေးမမှုက တစ်ဖက်သား ကို ဒုက္ခရောက်စေခြင်း ရှိမရှိကို သေချာ စူးစမ်းလေ့လာရန် လိုအပ်ပါတယ်။ မဟုတ်ရင် ဆိုးကျိုးသာ ရပါလိမ့်မယ်။

သင်ခန်းစာ ၂

အခြား လိပ်ပြာ အကောင်များ လွတ်ပေမယ့် လိပ်ပြာ တစ်ကောင်တော့ ကျန်ခဲ့တယ်။ သူ ကြိုးစား အားထုတ်မှု လိုနေသေးလို့ ပါပဲ။ ဒီလို ဖြစ်နေတဲ့ သူကို ကိုယ်က ကူညီပေးခြင်းထက် ဆက်လက် ကြိုးစားခွင့် ပေးခြင်း (Chance to struggle) ကသာ အကောင်းဆုံး ကူညီမှု ဖြစ်ပါတယ်။ အခက်ကြုံတိုင်း ကူညီဖြေရှင်းမှုကို လက်ခံနေတဲ့ သူဟာ ဘဝမှာ အခက်တွေကို ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက် ဖြစ်တော့မှာ မဟုတ် ပါဘူး။

အောင်ခမ်း (ရိုးရာလေး)


iPhone ၏ kill switch သည် လုယက်မှုနှင့် ခိုးမှုများကို သိသိသာသာ လျော့နည်းစေနိုင်ကြောင်း သတင်းများအရ သိရ


လွန်ခဲ့သည့် စက်တင်ဘာလက iPhone တွင် ထည့်သွင်းခဲ့သည့် Apple ၏ ရာဇ၀တ်မှု အချက် အလက်များကို ဖော်ပြသည့် kill switch သည် လုယက်မှုနှင့် ခိုးမှုများကို သိသိသာသာ လျော့နည်းစေနိုင် ကြောင်း အာဏာပိုင်များက ပြောကြားလိုက်သည်။ လွန်ခဲ့သည့် တစ်နှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် “Secure Our Smartphones” နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် Google နှင့် Microsoft တို့မှလည်း ၎င်းတို့ smartphone များ၏ နောက် Version များတွင် အဆိုပါ kill switch ကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အမေရိကန်နိုင်ငံရှိ (၉၇%) သော စမတ်ဖုန်းများတွင် Android ၊ iOS နှင့် Window Phone စနစ် (၃) မျိုးကို အသုံးပြုလျက်ရှိသည်။ ယမန်နေ့က ထုတ်ပြန်ခဲ့သော ကိန်းဂဏာန်များအရ kill switch ၏ အံ့မခန်းအကျိုးသက်ရောက်မှုများကို ဖော်ပြထားပြီး၊ Google နှင့် Microsoft အနေဖြင့် သုံးစွဲသူများ၏ လုံခြုံရေးအတွက် အကြီးမားဆုံးခြေလှမ်းများကို လုပ်ဆောင်လျက်ရှိ ကြောင်း ဖော်ပြထားသည်။ နယူးယောက်မြို့တွင် Apple ထုတ်ကုန်များ၏ လုယက်မှုသည် ၁၉% အထိ ကျဆင်းသွားပြီး ခိုးမှုသည် ၂၀၁၄ ခုနှစ် ပထမငါးလမှာပင် ၂၉% အထိ ကျဆင်းသွားကြောင်း သတင်းများအရ သိရသည်။ ဆန်ဖရန်စစ္စကိုတွင် iPhone လုယက်မှုသည် ၃၈% အထိ ကျဆင်းသွားပြီး Samsung လုယက်မှုသည် ၁၂% အထိ တိုးတက်လာကြောင်းနှင့် လန်ဒန်တွင် Apple ခိုးယူမှုသည် ၂၄% အထိ ကျဆင်းသွားပြီး၊ Samsung သည် ၃% တိုးတက်လာကြောင်းလည်း သိရသည်။ နည်းပညာပိုင်းဆိုင်ရာ အဖြေရှာခြင်းသည် ခိုးမှုကို အကာအကွယ်ပေးနိုင်ကြောင်း အဆိုပါ kill switch အကောင်အထည်ဖော် ဆောင်မှုတွင် ပါဝင်သော ဆန်ဖရန်စစ္စကိုခရိုင် ရှေ့နေ George Gascon က ပြောကြားသွားသည်။
(Associated Press writer Terry Collins in San Francisco contributed to report)


MOI Webportal Myanmar

ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရွာသားအမှု ကျေအေးရန် တပ်ရင်းမှူး ကြိုးပမ်း


ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ထဲမှာ အစိုးရတပ်ဖွဲ့ဝင်တဦးလက်ချက်ကြောင့် ရွာသားတဦး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတပ်ရင်းမှူးက ဥပဒေပြင်ပကနေ ကျေအေးဖို့ ကြိုးပမ်းနေတယ်လို့ သက်ဆိုင်ရာ မိသားစုဝင်တွေက ပြောပါတယ်။



သေဆုံးသူ ကချင်အမျိုးသား ဦးဒါရှီဂမ်ဆိုင်းရဲ့ အခင်းဖြစ်ပွားခဲ့သည့် နေအိမ်နှင့် ဆိုင်

မူဆယ်မြို့နဲ့ ၁၂ မိုင်အကွာ နောင်လောဝ်းကျေးရွာအုပ်စု နမ့်စမ့်ဂိုဒေါင်ရွာက အသက် ၄၀ ရွယ် ကချင်အမျိုးသား ဦးဒါရှီဂမ်ဆိုင်း သေဆုံးသွားတာနဲ့ ပတ်သက်ပြီး သူ့ကို သေနတ်နဲ့ ပစ်ခဲ့တဲ့ တပ်မတော်သားကို အရေးမယူဘဲ သက်ဆိုင်ရာ တပ်မမှူးနဲ့ တပ်ရင်းမှူးတွေက ကျေအေးအောင် ကြိုးစားနေတယ်လို့ ယောက်ဖဖြစ်သူ နော်ဂျာ က ပြောပါတယ်။
“မနေ့က နမ့်ခမ်းမှာထိုင်တဲ့ တပ်မ ၈၈ တပ်မမှူးက မိသားစုကို ခေါ်လို့ မိသားစုက သွားတွေ့ပြီးပြီ။ သူကတော့ သူတို့ရဲဘော်ရဲ့စစ်ချက်ကို ပြောပြတယ်။ သူတို့ အရက်အတူတူသောက်ပြီးမှ သေနတ်ထွက်သွားတယ်ပေါ့။ အဲဒီလို ထွက်ဆိုထားတယ် ပြောတယ်။ တကယ်တမ်း ကျနော့်ယောက်ဖက ဘီပိုး စီပိုးရှိတဲ့အတွက် အရက်တို့ ဘီယာတို့ မသောက်ဘူး။ အဲဒီလို လိမ်ထားတာ ရှိတယ်ပေါ့။ သူတို့က အသုဘမှာ သုံးဖို့ ငွေ ၅ သိန်း လာပေးတယ်။ ကျနော်တို့ အိမ်သားတွေအနေနဲ့ လက်မခံဘူး။ သူတို့က အုပ်ချုပ်ရေးညံ့လို့ပါလို့ လာတောင်းပန်တယ်။ တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့ စဉ်းစားထားတယ်။”

ကျူးလွန်သူ တပ်သား ၀င်းလှဟာ အစိုးရတပ် တပ်မ ၈၈ က ခလရ ၁၀ လက်အောက်ခံတပ်က ဖြစ်ပြီး ဦးဒါရှီဂမ်ဆိုင်းကို အသုဘချတဲ့ ဇွန် ၁၇ ရက်နေ့က တပ်ရင်းမှူးကိုယ်တိုင် ရောက်လာကာ သူတို့ အုပ်ချုပ်ရေးညံ့လို့ ဖြစ်ရကြောင်း တောင်းပန်ပြီး ငွေသား ကျပ် ၅ သိန်းပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ကျန်ရစ်သူမိသားစုကတော့ ငွေကို လက်မခံဘဲ တရားဥပဒေအရသာ ဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ဦးဒါရှီဂမ်ဆိုင်းနဲ့ ဇနီးဖြစ်သူ မငယ်တို့ဟာ အဲဒီရွာမှာ အိမ်ဆိုင် ဖွင့်ထားပြီး အခင်းဖြစ်တဲ့ ဇွန် ၁၆ ရက် ညနေပိုင်းက အစိုးရတပ်သား ဦးဝင်းလှဆိုသူဟာ အရက်မူးပြီး ဆိုင်ထဲ ၀င်လာခဲ့ကြောင်း၊ ဆိုင်ထဲမှာ အခြားဈေး ၀ယ်လာသူ အမျိုးသမီးတဦးကို ဆဲဆိုတဲ့အပြင် သူတို့ကို ဆိုင်ပိတ်ခိုင်းတဲ့အတွက် စကားအခြေအတင်များပြီး ၀င်းလှက သေနတ်နဲ့ ပစ်တာကြောင့် ဦးဒါရှီဂမ်ဆိုင်းရဲ့ ရင်ဝကို ထိမှန်သေဆုံးခဲ့တာလို့ နော်ဂျာက ဆက်ပြောပါတယ်။

အခင်းဖြစ်ချိန် သူတို့အိမ်နဲ့ မလှမ်းမကမ်းမှာ တပ်ရင်းမှူးရော အခြားတပ်ဖွဲ့ဝင်တွေပါ ရှိနေပေမယ့် ချက်ချင်း ရောက်မလာကြောင်းနဲ့ တပ်သား ၀င်းလှက ထွက်ပြေးသွားပြီး ၁၀ မိနစ်ကြာမှာ ရောက်လာတယ်လို့ သူကဆက်ပြောပါတယ်။

သူ့ကို ဆွေမျိုးနီးစပ်တွေက မူဆယ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆရာဝန်ဆေးစစ်ခဲ့ကြောင်း၊ တပ်သားဝင်းလှကို အရေးယူပေးဖို့ မူဆယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး ခုထိ ရဲစခန်းက ဘာမှမပြောသေးဘူးလို့ နော်ဂျာက ဆက်ပြောပါတယ်။

မူဆယ်ရဲစခန်းရဲ့ အရေးယူဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

အဲဒီကျေးရွာအုပ်စုထဲမှာဘဲ လွန်ခဲ့တဲ့လကလည်း အမျိုးသမီးနဲ့ အမျိုးသားတဦး ဆိုင်ကယ်စီးလာရာမှာ အစိုးရတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးပြီး အမျိုးသားက ခုထိ တရုတ်ဘက်ခြမ်းဆေးရုံမှာ တက်ရောက် ကုသနေရကြောင်း၊ ရွာသားတွေအဖို့ နေ့စဉ် နေထိုင်သွားလာရတာ မလုံခြုံသလို ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာက အပြစ်ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးပြီး ဥပဒေစိုးမိုးကြောင်း ပြသသင့်တယ်လို့ နော်ဂျာက ပြောသွားပါတယ်။

“ဒါက သူတို့မိသားစုရဲ့ ဆန္ဒဘဲဖြစ်တယ်လေ ကျမတို့က ကြေအေးပါလို့ သွားပြောလို့မရဘူး။ ဒါပေမယ့် ရဲစခန်းမှာတော့ တိုင်ချက်ဖွင့်ထားတာပေါ့။”

မူဆယ် နမ့်ခမ်း ဒေသတ၀ိုက်မှာ အစိုးရတပ်ဖွဲ့တွေ အမြဲလိုသွားလာလှုပ်ရှားနေပြီး ဒီလထဲ သေနတ်ပစ်ခံရလို့ သေဆုံးသူ ၂ ဦး ရှိသွားပြီဖြစ်ကြောင်း၊ စစ်တပ်ရဲ့ လုံခြုံရေး လုပ်ဆောင်ချက်တွေ နားမလည်ပေမယ့် ပြည်သူတွေက နစ်နာနေ ရကြောင်း ဒေါ်နန်းငွေငွေက ဖြည့်စွက်ပြောသွားပါတယ်။



DVB Burmese

မိမိကိုယ်မိမိ အိပ်မက်ပြန်မက်ခြင်းနဲ့ဆက်စပ်နေတဲ့ပါကင်(န်)ဆန်ရောဂါ


ပေါက်ပေါက်

ပါကင်(န်)ဆဲ(န်)ရောဂါဆိုတာ အကြောအားနည်း၍ခြေတုန်လက်တုန် သော နာတာရှည်ရောဂါတစ်မျိုး ပါ။ ထိုရောဂါဟာ အိန္ဒိယနိုင်ငံမှာ ရှေးလွန်ခဲ့သော ဘီစီ ၅ဝဝဝ ဝန်းကျင်ကတည်းက ဖြစ်လာခဲ့ကြပြီး အိန္ဒိယလို '']Kam-pavata ရောဂါ'' လို့ ခေါ်ဆိုခဲ့ကြပေမယ့် ဘာကြောင့် ဒီရောဂါဖြစ်တယ်ဆိုတာကို ဂဃနဏ အဖြေမထုတ်နိုင်ခဲ့ ကြပါဘူး။ ၁၈၁၇ ခုနှစ်ရောက်လာတဲ့အခါမှာတော့ ဗြိ တိသျှလူမျိုး ဒေါက်တာ James Parkinson ဆိုသူက ရောဂါဖြစ်လာရတဲ့ အကြောင်းကိုလေ့လာအဖြေရှာနိုင် ခဲ့တာကြောင့် ထိုဒေါက်တာ၏အမည်ကို အစွဲပြု၍ ဆေး သိပ္ပံနည်းအရ Parkinson's disease(PD) လို့ ရောဂါ အမည်တပ်ခဲ့ပါတယ်။

ရောဂါဖြစ်ရတဲ့အဓိကအကြောင်းရင်းမှာ ဦးနှောက် ထဲရှိ အာရုံခံဆဲလ်တွေသေသွားတာကြောင့် ဦးနှောက်ကို ထိန်းချုပ်ပေးနိုင်တဲ့ dopamine (ခေါ်) ဓာတုပစ္စည်းထွက် ရှိမှုနည်းပါးလာပြီး ခြေလက်လှုပ်ရှားမှု တို့ကို မူမမှန်စေတော့ ပါဘူး။ ဒါကြောင့် PD ရောဂါရင့်လေလေ ဦးနှောက်က ခြေလက်တို့ကို ထိန်းချုပ်နိုင်မှုစွမ်းအားကျသွားလေလေ ဖြစ်ပါတယ်။ လူတစ်ဦးနှင့် တစ်ဦး PD ရောဂါခံစားရပုံ ချင်း မတူညီကြပြန်ပါဘူး။ ပျမ်းမျှအားဖြင့် PD ရောဂါကို (၁) tremor (ခေါ်) လက်ချောင်း၊ လက်မောင်း၊ ခြေထောက်၊ မေးရိုး၊ မျက်နှာတို့ တဆတ်ဆတ်လှုပ်သောရောဂါ၊ (၂) bradykinesia (ခေါ်) လှုပ်ရှားမှုတွေ တစ်စစနှေးကွေးလာ သောရောဂါ၊ (၃) rigidity (ခေါ်) ခြေဆံလက်ဆံများ တောင့်တင်းလာသောရောဂါ၊ (၄) postural instability (ခေါ် မိမိကိုယ်ကိုယ်ဟန်ချက်ညီညီ မထိန်းနိုင်သောရော ဂါဟူ၍ ခွဲခြားသတ်မှတ်ထားပါတယ်။

PD ရောဂါ၏ ရှေ့ပြေးလက္ခဏာများမှာ-

(၁) ခန္ဓာကိုယ်ကြီးလှုပ်ရှားနေချိန်မှာ မသိသာသော်လည်း အနားယူငြိမ်နေတဲ့အခါမှာ လက်ချောင်းများ၊ လက်မ၊ လက်မောင်း၊ မေးစေ့၊ လျှာ၊ နှုတ်ခမ်း၊ ခြေထောက်တို့က တဆတ်ဆတ်လှုပ်နေခြင်း။

(၂) စက္ကူပေါ်စာရေးတဲ့အခါ ပုံမှန်လိုမဟုတ်တော့ဘဲ စာ လုံးအရွယ်အစားကြီးလာခြင်း (သို့မဟုတ်) သေးသွားခြင်း (သို့မဟုတ်) စာလုံးတွေတွန့်စောင်းနေခြင်း (သို့မဟုတ်) စာလုံးများထပ်သွားခြင်း။

(၃) အနံ့ခံအာရုံ သိသိသာသာကျဆင်းသွားခြင်း။

(၄) အိပ်မောကျနေစဉ် ခြေထောက်က တစ်ခုခုကိုကန် ခြင်း (သို့မဟုတ်) လက်သီးဖြင့်ထိုးခြင်း (သို့မဟုတ်) ခုတင် ပေါ်က ပြုတ်ကျခြင်း (သို့မဟုတ်) အိပ်မက်ထဲမှာ မိမိကိုယ် ကိုယ်မိမိ ကွက်ကွက်ကွင်းကွင်းပြန်၍ မြင်မက်ခြင်း။

(၅) ဝမ်းချုပ်ခြင်း။

(၆) ခါး၊ တံတောင်ဆစ်၊ တင်ပါး၊ ဒူးခေါင်းစတြဲ့<ွကက်သား များတောင့်တင်း လာပြီး ¤င်ြး<ွကက်သားတွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အကွေးအဆန့်လှုပ်ရှားမှုတိုင်း မှာ သိသိသာသာ နာကျင်ကိုက်ခဲစွာ ခံစားရခြင်း။

(၇) လမ်းလျှောက်တဲ့အခါ လက်လွှဲ၍မရခြင်း၊ ခြေလှမ်း မမှန်ခြင်း၊ လမ်းစလျှောက်စဉ် (သို့မဟုတ်) ဦးတည်ရာကို ဘယ်/ညာ သို့ကွေ့ခါနီး (သို့မဟုတ်) လမ်းလျှောက်မှုကို ရပ်တန့်စဉ်တို့မှာ ပုံမှန်မဟုတ်တော့ဘဲ ပြဿနာရှိလာခြင်း။

(၈) မိမိက ပုံမှန်လေသံဖြင့်စကားပြောနေသော်ငြား၊ ပတ် ဝန်းကျင်ရှိသူများက မိမိရဲ့စကားပြောသံကို ခပ်တိုးတိုး အုပ်အုပ်လေးသာကြားရခြင်း (သို့မဟုတ်) ဗလုံးဗထွေးအ သံ ကြားနေရခြင်း။

(၉) မျက်တောင်မခတ်ခြင်း၊ တစ်နေရာတည်းကို မျက်လုံး သေဖြင့် စိုက်ကြည့်နေတတ်ခြင်း။

(၁ဝ) သွေးအားနည်းသလိုခံစားရကာ မူးဝေခြင်း၊ အော့ အန်ချင်စိတ်ဖြစ်ခြင်း။

(၁၁) မတ်မတ်မရပ်နိုင်၊ ကောင်းစွာမထိုင်နိုင်ဘဲ ပျော့တိ ပျော့ခွေဖြစ်၍ တစ်ခုခုကို အမှီသဟဲပြုနေရခြင်း။

(၁၂) စိတ်ဓာတ်ကျခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း။

ယနေ့ အမေရိကန်ပြည်ထောင်စုမှာ ထိုရောဂါဖြစ်သူ လူဦးရေ တစ်သန်းနီးပါးမျှခံစားနေကြရပြီး ထိထိရောက် ရောက်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘဲ ရော ဂါတိုး၍မဆိုးရွားလာအောင် ခွဲစိတ်ကုသခြင်း၊ လေ့ကျင့် ခန်းလုပ်ခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့်သာ ကုသပေးလျက် ရှိပါတယ်။ fava beans (ခေါ်) အစိမ်းရောင်ပဲပင်တစ်မျိုး ထဲရှိ ပဲစေ့လေးထဲမှာ ပါရှိသော ဆေးဖက်ဝင်သဘာဝ levodopa ဓာတ်က ဦးနှောက်အာရုံခံဆဲလ်တွေကို ကောင်း ကျိုးပြုတာကြောင့် အိန္ဒိယကျေးလက်ဒေသများမှာ PD ရောဂါကုထုံး အဖြစ် အသုံးပြုနေကြပါတယ်။ ပျမ်းမျှအ သက် ၈ဝ ဝန်းကျင်မှာဖြစ်တတ်ပြီး တချို့က အသက် ၆ဝ၊ တချို့ကတော့ အသက် ၅ဝအရွယ်ကတည်းကစ၍ ရော ဂါလက္ခဏာတွေ နိမိတ်ပြနေကြပါပြီ။ သို့ပါ၍ အထက် ဖော်ပြပါ PD ရောဂါ၏ ရှေ့ပြေးလက္ခဏာများကို လေ့ လာဆန်းစစ်၍ လိုအပ်ပါက သက်ဆိုင်ရာ ဦးနှောက်နှင့် အာရုံကြောဆရာဝန်ဖြင့် ကြိုတင်ဆွေးနွေးတိုင်ပင် ကုသ ထားသင့်ပါကြောင်း။



Yangon Times Journal အတွဲ(၁၀) အမှတ်(၂၃)
Yangon Media Group | #YangonTimesJournal | #FlowerNewsJournal

ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ


နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေအနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်း
ဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က
 သိရပါတယ်။



သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

“ဥတ္တရသီရိရဲစခန်းက အမှုစစ်ကတော့ ပြောလိုက်တယ်။ ဇွန် ၁၉ ရက်နေ့ နေလယ် ၁၂ နာရီက ဦးဆန်းဆင့်ကို ဒီမှာ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ ပြောတယ်။ ကျန်တာတော့ ပြောခွင့်မရှိလို့ မပြောပါဘူးဆိုပြီးတော့ ကျနော့်ကို ပြောတယ်ခင်ဗျ။ မနေ့က ညနေ ၃ နာရီမှာတော့ ပုပ္ဗသီရိမြို့နယ်တရားရုံးမှာ ဦးဆန်းဆင့်ကို ရမန်ယူပြီးတော့ အခု မနက်မှာတော့ ရမည်းသင်းအကျဉ်းထောင်ကို ပို့လိုက်တယ်ခင်ဗျ။ ရမည်းသင်းအကျဉ်းထောင်ပို့ပြီးတော့ စစ်ဆေးနေတယ်လို့လည်း သိရတယ်ခင်ဗျ။ နောက် ဦးဆန်းဆင့်နဲ့ ပတ်သက်တဲ့ မိသားစုတွေကိုလည်း စစ်ဆေးနေတယ်လို့ ပြည်ထဲရေးအသိုင်းအ၀ိုင်းကနေ ကြားရတယ်ခင်ဗျ။”

ဒီစစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဦးဆန်းဆင့်ကို ပြည်ထဲရေးဌာနက အမှုတခုနဲ့ဖွင့်ပြီး စစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။

ဒီဗွီဘီက အတည်မပြုနိုင်ခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ညပိုင်းက သီးခြားရရှိတဲ့သတင်းအရ ဥတ္တရသီရိရဲစခန်းမှာ ဦးဆန်းဆင့်နဲ့ အပေါင်းပါ ၉ ဦးကို ၂၀၁၄ ခုနှစ် ၆ လပိုင်း ၁၉ ရက်နေ့ ဥတ္တရသီရိမြို့နယ်ရဲစခန်းမှာ ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ဥပဒေပုဒ်မ ၄၀၉/၁၀၉နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒီအမှုကို အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဌေးလွင်က အမှုဖွင့်ထားပြီး ဦးဆန်းဆင့်ကို အငြိမ်းစားပေးပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဌေးလွင်ရဲ့ တယ်လီဖုန်း ၀၆၇-၄၃၁၃၇၃ ကို ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဦးဆန်းဆင့်ကို နေပြည်တော်မှာ အမှုဖွင့်ပြီး နောက်တနေ့ ဇွန် ၂၀ ရက်နေ့မှာ သမ္မတက သာသနာရေးဝန်ကြီးတာဝန်ကနေ ရပ်နားကြောင်း လူသိရှင်ကြား ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ သမ္မတရုံး ပြောခွင့်ရ ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူဆောင်ရွက်လိုက်တာဟာ သန္တိသုခနဲ့ပတ်သက်ပြီး အစိုးရနဲ့ သံဃာတွေအကြားမှာ နားလည်မှု လွဲစေတာကြောင့် ဖြစ်တယ်လို့ ဇွန် ၂၀ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိစဉ် သတင်းထောက်တွေကို ပြောပါတယ်။

“၁၉၉၀ ပြည့် သံဃဥပဒေရှိတယ်။ သံဃဥပဒေမှာ သံဃမဟာနာယကအဖွဲ့က တိုင်ကြားလို့ရှိရင် သာသနာရေးဝန်ကြီးဌာနက တာဝန်ယူပြီးတော့ အမှုဖွင့်ပေးရတယ်။ ဒီ သန္တိသုခက ကိတ်စကလည်း အကြောင်းအချက်တခုဖြစ်တယ်။ သန္တိသုခဖြစ်စဉ် စဖြစ်ကတည်းက သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ ဒီကိစ္စမှာ သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင်၊ တဖက်နဲ့ ဟိုဘက် ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော။ ဆရာ၊ ဒကာအနေနဲ့ရော ၀င်ရောက် ဆောင်ရွက်ပေးဖို့ တာဝန်ပေးခဲ့တယ်။

 ဒါပေမယ့် အဲဒီကိစ္စအပါအ၀င် ကျန်တဲ့ကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပါဝင်ပတ်သက်သူတွေအကြားမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်။ နောက်ဆုံး အစိုးရနဲ့ သံဃာတွေအကြားမှာပါ နားလည်မှုလွဲစေတဲ့အဖြစ်မျိုးတွေ ဖြစ်စေတယ်။ တချို့ကဆိုရင် သမ္မတကြီးမှာကြားတဲ့ဟာ တွေကို ကျော်လွန်ပြီးတော့ လုပ်လိုက်တဲ့ သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က မလွဲမရှောင်သာ အရေးယူလိုက်တာ”လို့ ပြောပါတယ်။

DVB (မြန်မာပိုင်း)

ချင်းစိမ်းရေနွေးကြမ်း (ginger tea)၏ ကျန်းမာရေးအကျိုးကျေးဇူးများ



ဆောင်းရာသီတွင် အအေးဒဏ်ကို ချင်းစိမ်းရေနွေးကြမ်းတစ်ခွက် သောက်ခြင်းကဲ့သို့ မည်သည့်အရာကမှ အနိုင်ယူနိုင်မည်မဟုတ်ပေ။ချင်းစိမ်းတွင် ဗီတာမင်စီ၊ မဂ္ဂနီစီယမ်နှင့် အခြားသတ္တုဓာတ်များပါဝင်ပြီး ချင်းစိမ်းအမြစ်မှာ ကျန်းမာရေးအတွက် လွန်စွာအကျိုးရှိသည်။
ချင်းစိမ်းရေနွေးကြမ်းဖျော်ပြီးသည်နှင့် ငရုတ်ကောင်း၊ ပျားရည် (သို့မဟုတ်) သံပရာသီးတို့ကို ချင်းစိမ်းအရသာဖုံးလွှမ်းသွားစေရန် ထည့်သောက်နိုင်သည်။ ချင်းစိမ်းရေနွေးကြမ်းသောက်ခြင်းကြောင့်ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးရှစ်မျိုးကိုဖော်ပြပေးလိုက်ပါသည်။

မူးမော်ခြင်းကို သက်သာစေနိုင်

ခရီးမသွားမီ ချင်းရေနွေးကြမ်းတစ်ခွက်သောက်သုံးခြင်းက ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ဆက်နွှယ်သည့်မူးမော်အော့အန်ခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ မူးမော်ခြင်းပထမဆုံးလက္ခဏာပြလာစဉ်တွင်လည်း သက်သာစေရန် ချင်းစိမ်းရေနွေးကြမ်းတစ်ခွက် သောက်သုံးနိုင်သည်။

အစာအိမ် အစာချေဖျက်မှုကို တိုးတက်စေနိုင်

အစာချေဖျက်မှုကို တိုးတက်စေရန် အသုံးဝင်ပြီး အစာအိမ်၏ အစာစုပ်ယူမှုကိုအားကောင်းစေသည်။ အစားအသောက်များစွာ စားသောက်ပြီးနောက် ချင်းစိမ်းရေနွေးကြမ်းသောက်ပါက အစာမြန်မြန်ကြေစေသည်။

ကိုယ်ခန္ဓာရောင်ရမ်းမှုကို လျော့ကျစေနိုင်

ကြွက်သားများနှင့် ကိုယ်လက်အဆစ်များ ပြဿနာအတွက် အိမ် တွင်ကုသရန် အထူးကောင်းမွန်သည့် ချင်းစိမ်းရေနွေးကြမ်းတွင် ကိုယ် လက်ရောင်ရမ်းမှုကို ကာကွယ်နိုင်သော ပစ္စည်းများပါဝင်သည်။

ရာသီလာချိန် မသက်မသာခံစားရခြင်းများကို သက်သာစေနိုင်

ချင်းစိမ်းရေနွေးကြမ်းက အမျိုးသမီးများ ရာသီသွေးဆင်းချိန်နာ ကျင်သော ဝေဒနာများကို သက်သာစေနိုင်သည်။ ချင်းစိမ်းရေနွေးကြမ်း နွေးနွေးထဲတွင် မျက်နှာသုတ်ပဝါတစ်ထည်ထည့်စိမ်ပြီး ဝမ်းဗိုက်အောက်ပိုင်းကို ကပ်ပေးပါက ကြွက်သားများကို ပြေလျော့စေပြီးနာကျင်မှုဝေဒနာကို သက်သာစေရန် ကူညီပါလိမ့်မည်။  တစ်ချိန်တည်းမှာပင် ချင်းစိမ်းရေနွေးကြမ်းတစ်ခွက်သောက်သုံးပါ။

  —Ref: Internet
7day daily

တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကို ဦးအောင်မင်းတောင်းပန်



သူရဘွဲ့နှင့် သူရဲ ကောင်းမှတ်တမ်းဝင်များပေးစရာ မလို၊ သစ္စာလေးချက်ပြင်ရန်လို အပ်ဟု ပြောမိခဲ့သည့် စကားများ နှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး  ဦးအောင်မင်းက တပ်မတော် သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကိုယ်စားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။

၁၉၇၃ ခုနှစ် တိုက်ပွဲဖြစ် စဉ်တစ်ခုတွင် ကျဆုံးနှင့် ဒဏ်ရာ ရစစ်သားများကို စွန့်စားကယ် တင်နိုင်ခဲ့သည့် ဆောင်ရွက်မှု ကြောင့် သူရဲကောင်းမှတ်တမ်းဝင် အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ဗိုလ်ချုပ်(ဟောင်း)၊ သမ္မတရုံးဝန် ကြီးဦးအောင်မင်းက UMFCCI တွင် ပြုလုပ်ပွဲတစ်ခု၌ ‘‘ကိုယ့်အ ချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအ တွက် သူရဘွဲ့တွေ၊ သီဟသူရဘွဲ့ တွေ ပေးစရာမလိုဘူး’’ဟု ပြော ကြားခဲ့သည်။

အဆိုပါသတင်းကို သတင်း စာစောင်အချို့က ဖော်ပြခဲ့သည့် အတွက် တပ်မတော်သားနှင့် စစ် မှုထမ်းဟောင်းများက ဦးအောင် မင်းအပေါ် အပြင်းအထန် ကန့် ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ သည်။ အဓိကအားဖြင့် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲ ကြသည့် တပ်မတော်သားများစွာ နှင့် စစ်မှုထမ်းဟောင်းကြီးများက ဦးအောင်မင်း၏ ပြောကြားချက် ကို သည်းမခံနိုင်စရာဖြစ်ရပ်တစ်ခု အဖြစ် သတ်မှတ်၍ နေ့စဉ်ရက် ဆက်ထိုးနှက်ဝေဖန်မှုများ ပြင်း ထန်ခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမ္မတ ရုံး ၀န်ကြီးဦးအောင်မင်းက မိမိ၏ ပြောစကားအတွက် တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း များအားလုံးကို တောင်းပန်လိုက် ခြင်းဖြစ်သည်။

ဦးအောင်မင်း ကိုယ်တိုင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ သွားရောက်၍ ဇွန် ၁၇ ရက်တွင် တောင်းပန်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

‘‘အဲဒီနေ့က မီဒီယာတစ်ဦး က မေးတယ်။ သမိုင်းကြောင်း တစ်လျှောက် နှစ်ဖက်ကျဆုံး သွားခဲ့တဲ့ စစ်သည်များ၊ တိုင်းရင်း သားလက်နက်ကိုင်များရဲ့ အရေ အတွက်ကို ကိန်းဂဏန်းနဲ့ ဖော်ပြ ပေးပါလို့ တောင်းဆိုလာပါတယ်။ ဒါကြောင့်ဒီစကားကိုပြောခဲ့ရတာ ပါ။ ဒါ့အပြင်အိန္ဒိယနိုင်ငံ အင်ဖာ မှာရှိတဲ့ သူရဲကောင်းစစ်သည် ဗိမာန်မှာ ကိန်းဂဏန်းတွေမရေး ထားဘဲ စာကြောင်းလေး တစ် ကြောင်း ရေးထားတာကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ မင်းတို့တွေ အိမ်ပြန်သွားကြရင် တစ်ခွန်း သူ့ကိုပြောလိုက်ပါ။ မျိုး ဆက်သစ်တွေအတွက် မနက် ဖြန်တွေရှိနေစေဖို့ ငါတို့တစ်တွေ ဒီနေ့မှာ ပေးဆပ်ခဲ့ပါပြီဆိုတာပါ ပဲ။ ခေတ်စနစ်တွေ ပြောင်းလဲနေ ပါပြီ။ ကျည်တစ်တောင့်မှ မကုန် ဘဲ ငြိမ်းချမ်းရေးရရင် ပိုမကောင်း ဘူးလား’’ဟု ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက အဆိုပါကိစ္စ နှင့် ပတ်သက်၍ 7 Day Daily အားရှင်းပြသည်။

ဦးအောင်မင်းတောင်းပန်မှု အပေါ် တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက ‘‘လူဆိုတာ တော့ ဘယ်သူဖြစ်ဖြစ်မှားတတ် တယ်။ ဒီလိုပြောခဲ့တဲ့အမှားက တပ်မတော်တစ်ရပ်လုံးအတွက် ရင်ထဲမှာ မခံစားစေချင်ဘူး။ ယောက်ျားပီပီ၊ စစ်သားပီပီ ကိုယ့် အမှားကိုယ် ရဲရဲဝံ့ဝံ့ဝန်ခံသွားတဲ့ အတွက် ဘာပဲပြောပြောကျေနပ် တယ်။ နောက်ထပ်လည်း ဒီလို မျိုးထိလွယ်ရှလွယ်ကာလကြီးမှာ တပ်အတွင်းမှာတင်ကို အမြင် စောင်းသွားနိုင်တဲ့ အပြောမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါ တယ်’’ ဟုမှတ်ချက်ပေးသည်။

     အရပ်ဘက်တွင် တာဝန်ထမ်း  ဆောင်နေသည့် တပ်မတော် သားဟောင်း အရာရှိတစ်ဦးက လည်း ‘‘ပြန်ပြီး တောင်းပန်တယ် ဆိုရင်တော့ ကောင်းပါတယ်။ တပ်မတော်သားဆိုတာ ရဲဘော်ရဲဘက်တွေ အချင်းချင်းပိုပြီး ခင်တွယ်ပါတယ်။ ဒါမျိုးရဲဘော်ရဲဘက်ဆက်ဆံရေးက သာမန်သံယောဇဉ် မဟုတ်ပါဘူး။ သစ္စာဆိုတာတွေ၊ စွမ်းရည်ဘွဲ့ပေးတာ တွေရဲ့ နောက်ကွယ်မှာ လေးနက် တဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါ တယ်။ စစ်သားအိုကြီးတွေ ဘယ် တော့မှ မသေဘူး။ တဖြည်းဖြည်း ချင်းသာ မှေးမှိန်ပျောက်ကွယ် သွားလေ့ရှိပါတယ်ဆိုတဲ့ စကား လိုပါပဲ။ ၀န်ကြီးဦးအောင်မင်း အနေနဲ့ ဒီသံယောဇဉ်တွေ၊ ဒီ စိတ်ဓာတ်တွေရှိနေလို့လည်း အခု လိုပြန်ပြီး တောင်းပြန်တာဖြစ်ပါ လိမ့်မယ်။ အဲဒီအတွက်နားလည် နိုင်ပါတယ်’’ဟု ပြောသည်။

ဦးအောင်မင်းက ‘‘ကျွန် တော်တပ်မတော်သားတွေအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ နောက်လည်း ဖောက်မှာမဟုတ် ဘူး။ ကျွန်တော်အခု ဆောင်ရွက် နေတာ စစ်သားတွေ အကျိုးအ ပြတ်မဖြစ်စေဖို့၊ ရဲမေတွေ မုဆိုး မမဖြစ်စေဖို့ လုပ်နေတာပါ။ နိုင်ငံ တော်က တာဝန်ပေးနေတဲ့အချိန် ထိ ကျွန်တော်ဆက်လုပ်နေမှာပါ’’ ဟု ဆက်လက်ဖြေကြားသည်။


ဥက္ကာကိုကို
7day daily

ကားဟောင်းစလစ်ဈေး ကျပ် ၁၀ သိန်းခန့် ပြန်မြင့်လာပြီး ဇုန်ကားဈေး ၇ သိန်းခန့် ပြန်ကျဆင်း



ဖြိုးဝေလင်း| သောကြာနေ့၊ ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်

ပြည်တွင်းထုတ်စက်မှုဇုန်ကားများကို ယာဉ်အိုယာဉ်ဟောင်းအပ်နှံသည့် ပုံစံအတိုင်း ၂၀၁၄ ခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဟု ပြည်သူ့လွှတ်တော်တွင် ကတိပြု ကြေညာခဲ့ပြီး နှစ်ရက်အတွင်းကျပ် ၁၇ သိန်းကျော် ကျဆင်းသွားသည့် စလစ်ဈေးမှာ ဇွန်လတတိယပတ်အတွင်း ကျပ် ၁၀ သိန်းခန့် ပြန်လည်မြင့်တက်လာသည်ဟု စလစ် အရောင်းအ၀ယ်ပြုလုပ်နေသည့် အသိုင်းအ၀ိုင်းထံမှသိရသည်။

“လွှတ်တော်မှာကြေညာခဲ့တာက ၂၀၁၄ အတွင်းမှာ ဇုန်ကားတွေကိုအပ်နှံခွင့်ပြုမယ်လို့ပြောသွားတာ။ ရက်အတိ အကျပြောသွားတာမဟုတ်တော့ ကြေညာတဲ့ရက်ပိုင်းကတော့ စလစ်ဈေးက ထိုးကျသွားတယ်။ ဒါပေမဲ့ စလစ်လိုအပ်ချက်က မြင့်နေတော့ တရိပ်ရိပ်ပြန်တက်လာတယ်” ဟု စလစ်ပွဲစားလုပ်ကိုင်နေသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။

ပြည်တွင်းစလစ်ဈေးနှုန်းမှာ ပြည်သူ့လွှတ်တော်အတွင်း ကြေညာခဲ့သည့် ဇွန်လ ၁၀ ရက် ညနေပိုင်းမှစတင်၍ ပြန်လည်ကျဆင်းလာခဲ့ရာမှ ဇွန်လ ၁၂ ရက် စလစ်ပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ ၀န်း ကျင်သာရှိခဲ့ပြီး ဇွန်လ ၁၉ ရက်တွင် စလစ် တစ်စောင်ကို ကျပ်သိန်း ၁၁၀ အထိ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

“ ဒီနေ့ စလစ်က ၁၁၀ ကိုဝယ်လို့မ ရဘူး။ ဇုန်ကားတွေကို ကြေညာခဲ့တဲ့နောက်ပိုင်းတော့ စလစ်က အ၀ယ်အေးသွားပြီး ဈေးလည်းကျလာတယ်။ အခုအ၀ယ်ပြန် လိုက်လာတယ် ” ဟု မော်တော်ယာဉ် ရောင်းဝယ်သူ ဦးသိန်းထွန်းက ပြောသည်။

ယခုရက်ပိုင်း စက်မှုဇုန်ထုတ်ကားဈေးနှုန်းများမှာလည်း ပြန်လည်ကျဆင်းလာခဲ့ပြီး ကျပ် ၅၂ သိန်းအထိ မြင့်တက်နေသည့် စက်မှုဇုန်ထုတ် ဂျစ်ကားဈေးမှာ ယခု ၄၅ သိန်းသို့ကျဆင်းသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု အစီအစဉ်အရ ထုတ်ပေးသည့် စလစ်ဈေးနှုန်းများသာ မြင့်တက်လာသည် မဟုတ်ဘဲ ယခုနောက်ပိုင်းပြည်ပမှ တင်သွင်းသည့်ကား အများစုမှာ အငှားယာဉ်အဖြစ်အသုံးပြုမည့် ယာဉ်အများစုဖြစ်နေသဖြင့် တက္ကစီစလစ် ဈေးလည်းမြင့်တက်လာသည်ဟု ဦးသိန်းထွန်း ကပြောသည်။

“ တက္ကစီစလစ်တစ်စောင်ကို အရင်က ၅၇ သိန်း၊ ၅၈ သိန်းလောက်ပဲရှိတာ။ အခု ၆၅ သိန်းလောက်ကို ပေါက်နေတယ်။ အခု အငှားယာဉ်သွင်းတဲ့ သူတွေများနေတော့ အနည်းဆုံးလေး၊ ငါးသိန်းလောက်တက်လာတယ် ” ဟု ၎င်းက ဆိုသည်။

Mizzima Burmese