ကျွန်မရဲ့ နံနံပင်ကို ယုန်လေးက စားခဲ့တယ် အဲ့တော့ သူ့ကို ကျွန်မပြန်စားမယ်…

ပို့စ်တင်ချိန် - 6/20/2014 08:25:00 AM


သန့်ရှင်းလတ်ဆတ်သော သဘာဝသီးနှံအစားအစာတွေကိုသာစားသုံးပြီး အသက်ရှင် နေထိုင်သင့်တယ်လို့ တိုက်တွန်းပြောဆိုတဲ့စာသားများကိုရေးသားခဲ့တဲ့ နိုဗယ်ဆုရှင် စာရေးဆရာမ ဂျီရာနက်တီဝင်တာဆန်က အင်တာနက်စာမျက်နှာမှာ သူမရဲ့ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ဆောင်ပုံ ဓာတ်ပုံအချို့ကို တင်ခဲ့ရာမှ သူမရဲ့စာဖတ်ပရိတ်သတ်အ ချို့ကို အံ့အားသင့်စေခဲ့ပါတယ်။

၁၉၈၅ခုနှစ်ကပုံနှိပ်ထုတ်ဝေခဲတဲ့ ”Oranges Are Not The Only Fruit”  စာအုပ်နဲ့ဆုရခဲ့တဲ့ စာရေးသူ အသက် ၅၄ အရွယ်ရှိတဲ့ သူမက  ယုန်တစ်ကောင်ကို ဖမ်းပြီးသတ်ကာ ချက်စားတဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ဓာတ်ပုံ ရိုက်ပြီးတင်ခဲ့တာဖြစ်ပါတယ်။


Followers စာဖတ်ပရိတ်သတ် သုံးသောင်းနှစ်ထောင်ကျော်ရှိတဲ့ သူမရဲ့တွစ်တာ စာမျက်နှာမှာ ဒီလို ဓာတ်ပုံအချို့ကို တင်ခဲ့တဲ့အတွက် စာဖတ်ပရိတ်သတ်အချို့ရဲ့ မေးခွန်းတွေ၊ ရှုံ့ချမှုတွေ၊ ပြစ်တင်ဝေဖန်မှုတွေ၊ အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ ယုန်ကို ဘယ်လိုမျိုးဖမ်းလိုက်သလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီးတော့ သူမက သူမရဲ့ နံနံပင် ကို လာစားတဲ့အတွက် ဒီလိုဖမ်းဆီးပြီးသတ်ပစ်လိုက်ရတာဖြစ်ပါတယ်။

နံနံပင်ကတော့ ယုန်လေးအတွက် တကယ့်ကို ထောင်ချောက်တစ်ခုပါပဲ။ ယုန်လေးကို နံနံပင်နဲ့မျှားပြီး တော့ ဖမ်းလိုက်တာဖြစ်ပါတယ်လို့ သူမက ဖြေထားပါတယ်။


သူမတင်ထားတဲ့ ဓာတ်ပုံတချို့မှာဆိုရင် ယုန်လေးကို သူမဖမ်းကာ သတ်ပြီးတဲ့ နောက်မှာ အရေခွံချွတ်ကာ အသားကို ပန်းသီးအရက်နဲ့နှပ်ထားပြီး ဟင်းခတ် အမွှေးအကြိုင်များထည့်ကာ အသေအချာ အရသာရှိရှိ ချက်ပြုတ်တဲ့ပုံတွေကို တွေ့ရပါတယ်။ ယုန်ဦးခေါင်းနဲ့တွဲရက်နွှာထားတဲ့ ယုန်အရေခွံကို အရည်အသွေး ကောင်းမွန်တဲ့ သဘာဝလက်အိတ်တစ်စုံပြုလုပ်မယ်လို့လည်း ပြောထားပါသေးတယ်။

အဲ့ဒီနောက်မှာ သူမက ယုန်လေးရဲ့ ကျန်တဲ့အတွင်းကလီစာတွေကို သူမရဲ့အိမ်မွေး ကြောင်ကို ချကျွေးထားတဲ့ပုံကိုလည်းတင်ထားပါတယ်။ ကြောင်က အဲ့ဒီကလီစာအပိုင်း အစတွေကို မြိန်ရိမ်ရှက်ရေစားသောက်နေတာပါ။


ဒီလို တိရစ္ဆာန်သားငါးတွေကို ရက်ရက်စက်စက်သတ်ဖြတ် ချက်ပြုတ်စားသောက် တာနဲ့ပတ်သက်ပြီးတော့ ပရိတ်သတ်ရဲ့ မေးမြန်းချက်တွေကို ဖြေကြားရာမှာ သူမအ နေနဲ့က အစားအသောက်တွေကို သန့်သန့်ရှင်းရှင်း လတ်လတ်ဆတ်ဆတ် စားသုံးရတာကိုပိုမိုကြိုက်နှစ်သက်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း၊ အစားအသောက်နဲ့  ပတ်သက်ပြီးတော့ အလေးထားသူဖြစ်သောကြောင့် အခုလိုလုပ်ဆောင်ရတာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားရေး သားထားပါတယ်။


သူမက ယခင်ကလည်း တိရစ္ဆာန်တွေကို ဒီလိုဖမ်းကာသတ်ဖြတ်စားသောက်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။




World Myanmar News
photo>> theguardian