ပေါ်တူဂီအသင်းအတွက် ဒဏ်ရာရနေရင်းနဲ့ ကမ္ဘာ့ ဖလားပွဲ ဆက်ကစားမယ်ဆိုရင် ရော်နယ်ဒို ကစားသမားဘ၀ကပါ စောစောစီးစီး အနားယူရနိုင်

ပို့စ်တင်ချိန် - 6/20/2014 08:23:00 AM


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆရာဝန်ရဲ့ အကြံပေးချက်ကို နားမထောင်ဘဲ လာမယ့် ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် အမေရိကန်နဲ့ ပွဲမှာ ၀င်ကစားဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ လေ့ကျင့်ရေးမှာ ဆိုးရွားတဲ့ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် ရော်နယ်ဒိုဟာ ဘရာဇီးကမ္ဘာ့ဖလားပွဲစဉ်တစ်လျှောက်လုံး ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဆေးဝန်ထမ်းတွေက ပြောကြားခဲ့ပါသေးတယ်။

ဒါပေမယ့် ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့်ဟာ ဂျာမနီကို ဂိုးပြတ်ရှုံးနိမ်ခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါပွဲစဉ်ကို နာကျင်မှုပျောက်တဲ့ဆေးတွေ ထိုးသွင်းပြီး ၀င်ကစားခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ရော်နယ်ဒိုရဲ့ ပင်တိုင်ဆရာဝန် က တကယ်လို့ လာမယ့်ပွဲစဉ်တွေမှာ ၀င်ကစားဖို့ လုပ်ခဲ့မယ်ဆိုရင် နောက်ထပ် ဘောလုံးမကစားရဖို့ အထိ ဖြစ်လာနိုင်ကြောင်း ရော်နယ်ဒိုက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ခွဲစိတ်ဆရာဝန် Jose Carlos Noronha က ကမ္ဘာ့ဖလားပွဲစဉ်မှာ ရော်နယ်ဒိုသာ ၀င်ကစားခဲ့မယ်ဆိုရင် သူ့ ရဲ့ ကြွက်သားတစ်သျှူးတွေ ပြန်မကောင်းလာနိုင်တော့တဲ့ အထိ ထိခိုက်စေနိုင်တယ်လို့ သတိပေးထားခဲ့တာပါ။

ဒါပေမယ့် သတင်းရင်းမြစ်တစ်ခုရဲ့ စပိန်သတင်းစာကို ပြောပြချက်အရ ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ မှာ အမေရိကန်ကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ်တိကျတဲ့သတင်းတွေမကြာမီ ထပ်သိရဖို့ ရှိပါတယ်။ ဆရာဝန်တွေကတော့  အသက် ၂၈ နှစ်အရွယ် ကြယ်ပွင့်ကို အနားယူအောင် ဖျောင်းဖျရဖို့ ရှိနေပါတယ်။

Ref: Metro.co.uk
Trend Myanmar