မန္တလေးမှာ ထပ်မံဆူပူ ၊ လူ ၂ ဦးသေဆုံး


မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ မနေ့ညက အဓိကရုဏ်းထပ် မံဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံးကာ တချို့ဒဏ်ရာ ရရှိခဲ့ပါ တယ်။ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။ မန္တလေးမြို့ခံ NLD အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်ဝင်း က မနေ့ည သန်းကောင်ကျော်မှာ ဆိုင်ကယ်စီးလာသူတွေက မွတ်စလင် ဘာသာဝင်အိမ်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ဖျက်ဆီးနေကြောင်း RFA ကို ခုလိုပြောပါတယ်။ "၈၁ လမ်းနဲ့ ၈၂ လမ်းမှာ ဆိုင်ကယ်အစီး ၄၀၊ ၅၀ လောက်ဆူပူနေကြပါတယ်ခင်ဗျ၊ လူငယ်တွေပါပဲဗျ၊ တခြားဘာသာဝင်တွေ မမြင်ရဘူးပေါ့၊ ခဲတွေနဲ့ထုတာ ဘာညာအဲ့လိုတော့ လုပ်ပါတယ်" မနေညက မူစလင်ရပ်ကွက်တွေအတွင်း ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးစားမှုတချို့ရှိခဲ့ကြောင်း ကြားသိရတယ်လို့လည်း ဦးအေးက ပြောပါတယ်။ "ကျနော်တို့ အဲ့အရှေ့ကိုးရိုးဗလီမှာတော့ ၇ ဦး၊ ရမ်းကားတဲ့လူ ၇ ဦးဝင်လာတယ်လို့ ကြားရတယ်၊ ၇ ဦး ရမ်းကားတဲ့လူ ဝင်လာတာကို ကျနော်တို့ ရပ်ကွက်လုံခြုံရေးတွေ၊ ကျနော်တို့ မွတ်စလင်အားလုံး ဝိုင်းဝန်းဖမ်းဆီးတဲ့အခါမှာ ၆ ဦးက လူလွတ်သွားပြီးတော့ ဆိုင်ကယ်နှစ်စီး ကျန်ခဲ့တယ်လို့လည်း ကြားပါတယ်၊ ဆိုင်ကယ်နှစ်စီးနဲ့ လူတစ်ယောက် ဖမ်းမိ တယ်လို့ ဖမ်းမိတယ်ဆိုတော့ အဲ့ဥစ္စာကို ဘယ်လိုဆက်ပြီး စီစဉ်မလဲဆိုတာကိုတော့ ကျနော်မသိရပါဘူး၊ နောက် တစ်နေရာမှာ အမြောက်သန်းကြီးမှာတော့ ကျနော်တို့ တစ်ယောက်ဖမ်းမိတယ်လို့ ကျနော်တို့ သိရတယ်၊ အဲ့ဒီဖမ်းမိတဲ့ တစ်ယောက်ကိုတော့ အိုဘီဒီရောက်တယ်လို့တော့ သတင်းကြားတယ်၊ ဒီ့အရင်တစ်ရက်က ကိစ္စကတော့ ကျနော်တို့ မွတ်စလင်ဘက်နှစ်ယောက် သေနတ်မှန်တယ်ခင်ဗျ၊ သေနတ်မှန်တယ်ဆိုတာ သူတို့ရာဘာကျဉ်လို့ ပြောသံကြားတယ်၊ မသေဘူးလို့သိရတယ်" လက်ရှိမှာ လုံခြုံရေးတပ်ဖွဲတွေက သူတို့ကိုရပ်ကွက်ကနေ အပြင်ကိုထွက်ခွင့်မပေးတဲ့အတွက် အကျဉ်းစခန်းမှာ နေထိုင် ရသလိုခံစားနေကြရပြီး လာရောက်အကြမ်းဖက်မယ်ဆိုတဲ့ ကောလဟလတွေ ဆက်တိုက်ဆိုသလို ကြားနေရတဲ့ အတွက် သူတို့မူစလင်အားလုံး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့လည်း ဦးအေးက RFA ကို ပြောပါတယ်။ အခင်းဖြစ်ပွားရာ ချမ်းအေးသာဇံမြို့နယ်မှာ သက်ဆိုင်ရာက လုံခြုံရေးအင်အား အများအပြားချထားတဲ့ကြားက ဆူပူမှုတွေအခုလိုထပ်မံဖြစ်ပွားတဲ့အတွက် မြို့ခံလူထုက အစိုးရကို ပြစ်တင်ပြောဆိုနေကြပါတယ်။ ဒီအတောအတွင်း ဂဠန်နီဆရာတော်နဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မြို့လုံးအနှံ့ လိုက်လံဟောပြောနေကြတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့ မနေ့ညက ထပ်မံဖြစ်ပွားတဲ့ ဆူပူမှုတွေနဲ့ ပတ်သက်ပြီး မန္တလေး NLD တိုင်းစည်း အတွင်းရေးမှူး ဦးမျိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။ မန္တလေးမြို့ရှိ RFA သတင်းထောက် ကိုဆက်ပိုင်တိုးနဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

RFA Burmese

ဦးမင်းကိုနိုင် အဖွင့်စကားပြောမည့် အစီအစဉ် ပါနေ၍ စီးပွားရေးတက္ကသိုလ် လူ့အခွင့်အရေးရုပ်ရှင်ပွဲတော် ပွဲပျက်



ရန်ကုန်စီးပွားရေးတက္ကသိုလ်ထဲတွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော်၌ အဖွင့် အမှာစကား ပြောကြားမည့် ဦးမင်းကိုနိုင်ကို ကျောင်းတာဝန်ရှိသူများဘက်က ကန့်ကွက်ခဲ့သောကြောင့် အဆိုပါ ရုပ်ရှင်ပွဲတော်ကို ဖျက်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘ရုပ်ရှင်ပွဲတော်ကျင်းပဖို့ကို ခွင့်ပြုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နောင်တော်မျိုးဆက်ဖြစ်တဲ့ ကိုမင်းကိုနိုင်က အဖွင့်အမှာစကားပြောမှာကို ခွင့်မပြုပေးဘူးဆိုတော့ ရုပ်ရှင်ပွဲတော်ရဲ့ တာဝန်ရှိတဲ့သူတွေအနေနဲ့ရော၊ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေအနေနဲ့ရော ဒီပွဲဆက်ကျင်းပဖို့ အခက်အခဲရှိတယ်။ ခန်းမပြည့် လာကြတဲ့ကျောင်းသားထုတွေ၊ သတင်း မီဒီယာတွေရဲ့ရှေ့မှာပဲ ဖျက်သိမ်းလိုက်ရမယ့် အကြောင်းကို ကြေညာပြီး ဒီပွဲကိုဖျက်သိမ်းလိုက်တာ ပါ’’ ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုစည်သူမောင်က ပြောသည်။

တက္ကသိုလ်များတွင် ရုပ်ရှင်ပွဲတော် ကျင်းပခွင့် ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဖွင့်ပွဲတွင် ယခုကဲ့သို့ ကြုံတွေ့ရသောကြောင့် အခြားတက္ကသိုလ်များတွင် ကျင်းပခွင့်ရရှိရန် ခက်ခဲမှုများ ရှိနိုင်သော်လည်း ကျင်းပခွင့်ရရန် ကြိုးစားသွားမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘တက္ကသိုလ်ထဲမှာ ပြင်ပက ပညာရှင်တွေကို စကားပြောခွင့် တွေပြုနေတာပဲလေ။ ဒါပေမဲ့ ကိုမင်းကိုနိုင်ကျမှ အဖွင့်စကား လေးပြောဖို့ ခွင့်မပြုဘူးဆိုတော့ တစ်မျိုးဖြစ်သွားတယ်။ ကိုမင်းကို နိုင်ရဲ့ ဂုဏ်သိက္ခာရှိသလို ကိုယ် တို့ရုပ်ရှင်ပွဲတော်ရဲ့ ဂုဏ်သိက္ခာ လည်းရှိတယ်ဆိုတော့ ရုပ်ရှင်ပွဲ တော် ကျင်းပလို့မရတော့ဘူးဆို ပြီး စိတ်မကောင်းစွာနဲ့ဖျက်သိမ်း လိုက်ရတာပါ’’ ဟု ၎င်းက ပြော ကြားသည်။

ဦးမင်းကိုနိုင်သည် လူ့အခွင့်အရေးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ ကြိုးစားခဲ့သူတစ်ဦး ဖြစ်သကဲ့သို့ ရုပ်ရှင်ပွဲတော်တွင်လည်း ၎င်း၏အမည်ဖြင့် ဆုသတ်မှတ်ပေးအပ်ထားသောကြောင့် ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေး လှုပ်ရှားသူများက အဖွင့်အမှာစကားပြောကြားရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်ကို ကြည့်ရှုရန် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ကိုးရာခန့် လာရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘ဒီပွဲမဖြစ်ပေမယ့် ကိုယ်တို့ကို ကမ်းလှမ်းထားတဲ့ အင်းစိန်က Myanmar Institute of Theology(MIT)မှာတော့ ရုပ်ရှင်ပွဲတော် လုပ်ဖြစ်မယ်ထင်တယ်’’ဟု ဒါရိုက်တာမင်းထင်ကိုကိုကြီးက ပြောသည်။

7day daily


ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရန်ကုန်ရှိ လူဦးရေ ၆ သန်းခွဲတွင် လက်မှတ် ၇ သိန်းကျော်သာရ၍ ရရှိထားတဲ့ အရေအတွက်က ဘာမှမဟုတ်တော့ဘူး ဟု NLD တိုင်းဥက္ကဋ္ဌ ၀န်ခံ


ဇူလိုင် ၁ ရက်က ရန်ကုန်မြို့၌ပြုလုပ်သော NLD ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်များ


ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ရှစ်သိန်းနီးပါး ရှိနေပြီဖြစ်သော်လည်း မဲပေးနိုင်သူ ဦးရေနှင့် နှိုင်းယှဉ်ပါက နည်းနေသေး၍ ဆန္ဒမဲ ပိုမိုရရှိရေး ဆောင်ရွက်ရန် ဇူလိုင် ၁ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အလုပ်အမှုဆောင်များ စုံညီတွေ့ဆုံ ညှိနှိုင်းအစည်းအဝေးတွင် NLD ရန်ကုန်တိုင်းဥက္ကဌ ဦးမြင့်ဌေးက တိုက်တွန်းပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်း၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ ၇၉ဝဝဝဝ ကျော်ရှိရာ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၂၃ဝဝဝဝ ကျော်၊ ရန်ကုန်အနောက်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၁၂ဝဝဝဝ ကျော်၊ ရန်ကုန်တောင်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၁၁ဝဝဝဝ ကျော်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တွင် လက်မှတ်ရေးထိုးသူ ၃၂ဝဝဝဝ ကျော်ရှိကြောင်း သိရသည်။

“ဒီအရေအတွက်နဲ့ ကြည့်မယ်ဆိုရင်တော့ အများကြီး ရနေပြီ။ ရှစ်သိန်းပြည့်ခါနီးပြီဆိုတဲ့ နားထောင်ကောင်းတဲ့ အနေအထား ရှိတယ်။ သို့သော်လည်း ရန်ကုန်တိုင်းမှာ ခန့်မှန်းခြေ လူဦးရေက ခြောက်သန်းခွဲလောက်ရှိတယ်။ မဲပေးနိုင်တဲ့ အရေအတွက်က လေးသန်းလောက် ရှိတယ်။ အဲဒီအရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ရရှိထားတဲ့ အရေအတွက်က ဘာမှမဟုတ်တော့ဘူး” ဟု ဦးမြင့်ဌေးက ပြောကြားသည်။

“အနိမ့်ဆုံးအဆင့် ကျွန်တော်တို့ ရန်ကုန်တိုင်းဟာ မဲပေးနိုင်တဲ့ အရေအတွက်နဲ့ ဆိုလို့ရှိရင် တကယ်ရသင့်တာက နှစ်သန်းလောက်ရသင့်တဲ့ အနေအထားပါ။ အခု ကျွန်တော်တို့ ရန်ကုန်တိုင်းက တစ်သန်းတောင် မပြည့်သေးပါဘူး။ တော်တော်ကြိုးစားရမယ့် အနေအထားပါ။ တစ်နိုင်ငံလုံးဆိုရင် ၁၆ သန်းကျော်လောက်ရမှ ကျွန်တော်တို့လိုချင်တဲ့ အနေအထားကို လွှတ်တော်ထဲမှာ ထည်ထည်ဝါဝါ ဒီကိစ္စကိုပြုပြင်ဖို့အတွက် တင်သွင်းနိုင်တဲ့ အနေအထားမျိုး ပိုပြီးတော့ ကောင်းလာပါလိမ့်မယ်။ ဒီအရေအတွက်ကို မပြည့်မီရင်တောင် တတ်နိုင်သမျှ ကျွန်တော်တို့ ဝိုင်းဝန်းကြိုးပမ်း အားထုတ်ကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဦးမြင့်ဌေးက ဆိုသည်။

NLD နာယက ဦးတင်ဦးကလည်း လက်မှတ်ရေးထိုးသူဦးရေ ပိုများအောင် ဆောင်ရွက်ရန် ပါတီဝင်များအား တိုက်တွန်းခဲ့ပြီး “ဒီနေ့ချမှတ်တဲ့ ရည်မှန်းချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ သည် ပိတ်ဆို့ထားတာ ဖြစ်တဲ့အတွက် ဒါမပွင့်သမျှ ကာလပတ်လုံး အထဲကဟာတွေက ဘာမှဒီမိုကရေစီနည်းကျ လုပ်လို့မရဘူးဆိုတာ သိတာကြောင့်မို့လို့ ဒါကြီးပွင့်အောင် လုပ်ရမယ်” ဟု ပြောကြားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက် ပိုများလာရေးအတွက် NLD လူငယ်အဖွဲ့ဝင်များ ဝိုင်းဝန်းကူညီဆောင်ရွက်ရေး ညွှန်ကြားရန် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည့်အတွက် NLD ဗဟိုလူငယ် ညီလာခံကော်မရှင်က သက်ဆိုင်ရာ တိုင်း၊ ခရိုင်အသီးသီးမှ လူငယ်များအား ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် သက်ဆိုင်ရာ အမှုဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု ဦးမြင့်ဌေးက ပြောကြားသည်။

NLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ညီလာခံကို ဇူလိုင် ၅ ရက်နှင့် ၆ ရက်များတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ရာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုတွင် လက်မှတ်ရေးထိုးသူ သုံးသန်းကျော် ရှိပြီဖြစ်ကြောင်းနှင့် ယင်းသုံးသန်းကျော်ဆိုသည်မှာ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် နှိုင်းယှဉ်လျှင်
အလွန်နည်းသည့် စာရင်းသာဖြစ်ကြောင်း သိရသည်။

Eleven Media Group


ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန်အသင်း၏ အားထုတ်မှုကို သမ္မတအိုဘားမား ဂုဏ်ပြု

ဓာတ်ပုံ- အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ တက်တက်ကြွကြွ အားပေးနေသည့် အိုဘားမား (Daily Mail)




ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ရှုံးနိမ့်ထွက်ခွာခဲ့သော်လည်း အကောင်းဆုံး ကစားခဲ့သည့် အမေရိကန် အသင်းကို သမ္မတ ဘာရတ်အိုဘားမားက ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ဘယ်လ်ဂျီယံကို အချိန်ပိုတွင် (၂-၁)ဖြင့် အရေးနိမ့်ပြီး ကမ္ဘာ့ဖလား (၁၆)သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရသော်လည်း အမေရိကန် တစ်နိုင်ငံလုံးက မိမိတို့၏ လက်ရွေးစင်အသင်း လုပ်ဆောင်နိုင်ခဲ့သမျှအတွက် ဂုဏ်ယူ အားပေးခဲ့ကြသည်။ဇူလိုင်လ (၂)ရက်နေ့က အိမ်ဖြူတော်၏ သတင်းပြန်ကြားရေး ဌာနက အမေရိကန်၏ ဝါရင့် ကစားသမားကြီး နှစ်ဦးဖြစ်သော ကွင်းလယ်လူ ကလင့်ဒမ့်ဆေးနှင့် ဂိုးသမား တင်ဟောင်းဝပ်တို့ အပါအဝင် အသင်းသားများကို သမ္မတက ဂုဏ်ပြုခဲ့ကြောင်း ဖော်ပြခဲ့သည်။
အိမ်ဖြူတော်၏ Facebook စာမျက်နှာတွင်လည်း သမ္မတက အမေရိကန် အသင်းထံ ဖုန်းခေါ်ပြီး “ငါ့လူတို့ရေ။ မင်းတို့က ငါတို့အားလုံး ဂုဏ်ယူရလောက်အောင် စွမ်းဆောင်ပြခဲ့တယ် ဆိုတာကို ပြောချင်လို့ ဖုန်းခေါ်လိုက်တာပါ”ဟု အစချီပြီး ချီးကျူးဂုဏ်ပြုစကား ပြောဆိုနေသော ဗီဒီယိုကို လွှင့်တင်ထားခဲ့သည်။

ဘယ်လ်ဂျီယံနှင့်ပွဲတွင် အထူးတလည် လက်စွမ်းပြပြီး ပြိုင်ဘက်၏ ဂိုးသွင်းရန် အားထုတ်မှု (၁၅)ကြိမ်ကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့သည့် ဂိုးသမား ဟောင်းဝပ်ကို ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်ကလည်း သီးခြားဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောခဲ့သည်။ ဟောင်းဝပ်သည် ကာကွယ်မှုများ ကောင်းမွန်လွန်းသဖြင့် ဟေဂယ်လ်၏ ကာကွယ်ရေးဝန်ကြီး နေရာကို ရယူသင့်သူအဖြစ် အမေရိကန် ပရိသတ်များက ချစ်စနိုး ချီးကျူးပြောဆိုခြင်း ခံနေရသူ ဖြစ်သည်။

သမ္မတ အိုဘားမားသည် အမေရိကန်နှင့် ဘယ်လ်ဂျီယံပွဲကို အိမ်ဖြူတော် ဝန်ထမ်းများနှင့်အတူ TVမှတစ်ဆင့် စောင့်ကြည့်ပြီး အူလှိုက်သည်းလှိုက် အားပေးခဲ့သေးကြောင်းလည်း သိရှိရသည်။

_The Boston Globe
Myanmar Online News

ဈေးချိုပြန်ဖွင့်သော်လည်း ဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိ

ဇူလိုင် ၂ ရက် နံနက်က မန္တလေးဈေးချိုတစ်ဝိုက် သွားလာနေကြသူများကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)



 ကောလာဟလများ ထွက်ပေါ်ခဲ့သော မန္တလေး ဈေးချိုတော်သည် ဇူလိုင် ၂ ရက်တွင် ပုံမှန်ဖွင့်လှစ်ရောင်းချခဲ့ သော်လည်းဆိုင်ခန်းအချို့မှာ ဖွင့်လှစ် ခြင်းမရှိသေးကြောင်း သတင်းရရှိ သည်။

ဇွန်လ ၁ ရက်ညက မန္တလေး ဈေးချိုတော်ဝန်းကျင်တွင် လူစု လူဝေးများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂ ရက် နံနက် ၈ နာရီဈေး ဖွင့်ပြီးမကြာမီ အဆင့်မြင့်ဈေးချို တော် (A)ရုံ၌ ဗုံးတွေ့ရှိသည်ဟု ကောလာဟလများ ထွက်ပေါ် ခဲ့သည်။ တာဝန်ရှိသူများ သွား ရောက်စစ်ဆေးရာတွင် ဗုံးမဟုတ် ဘဲ အမှိုက်များထည့်ထားသည့် အထုပ်တစ်ခုသာ ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော် ဈေး အကျိုးတော်ဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမြကျော်ဦးကပြောသည်။

ပြင်ပတွင် ဈေးချိုတော်ပိတ် သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အတိုင်းဖွင့်လှစ်ရောင်းခဲ့ကြောင်း၊ သို့သော်အဆင့်မြင့်ဈေးချိုတော် တောင်ဘက်တိုက်တန်းနှင့်ဈေး ချိုမန်းမြန်မာပလာဇာရှိ မွတ်စလင်ဆိုင်အများစုမှာ ဖွင့်လှစ်ရောင်းချမှုမရှိကြောင်း ဈေးချိုတော်မှဆိုင်ရှင်အချို့ကပြောသည်။  လာ ရောက်ဖွင့်လှစ်ခဲ့သည့်ဆိုင်အချို့မှာလည်း ပုံမှန် ညနေ ၄ နာရီခန့်ထိ ဖွင့်လေ့ရှိသော်လည်း ယနေ့တွင် မွန်းလွဲ ၂နာရီဝန်းကျင်ကတည်းက ပိတ်သိမ်းစပြုနေသည်။

‘‘တချို့ဆိုင်တွေကတော့ ပိတ်ထားကြတယ်။ ဈေးချိုက တော့ လုံးဝမပိတ်ပါဘူး။ ပုံမှန် အတိုင်းပဲ ဖွင့်လှစ်ရောင်းချသွား မှာပါ။ ဈေးသူဈေးသားတွေက လည်း ဈေးပိတ်တာမလိုချင်ကြ ဘူး’’ ဟု ဒုဥက္ကဋ္ဌက ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း မန္တ လေးဈေးချိုတော်တွင် ဝါဝင်ခါနီး ဖြစ်၍ အရောင်းအဝယ် ပါးနေ ကြောင်း ဆိုင်ရှင်အချို့က ပြော ကြားသည်။

‘‘ဝါဝင်ခါနီးလို့ ပါးရတဲ့အထဲ အခုလိုဖြစ်တော့ ပိုပါးသွားတာ ပေါ့။ နယ်ကလူတွေကျတော့ ဖြစ် တာထက်ပိုပြီး ကြီးတဲ့သတင်းတွေ ကိုကြားတတ်ကြတယ်။ ဒါကြောင့်ဈေးဝယ်လည်းမလာတော့ဘူး။ ဥပုသ်ထွက်လောက်မှပဲ ဈေးက ပြန်စည်နိုင်တော့မယ်’’ ဟု မန္တ လေး ဈေးချိုတော် မြေညီထပ်မှ ဆိုင်ခန်းရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဈေးချိုတော် ဆိုင်ခန်းများ အပြင် ဈေးချိုတော်ဝန်းကျင်ရှိ မွတ်စလင် ဘာသာဝင်အချို့၏ အရောင်းဆိုင်များလည်း ပိတ် သိမ်းထားကြောင်း သတင်းရရှိ သည်။

7day daily

ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)



မေး။    ။ ပြည်တွင်းပြည်ပ ခရီးသွားလာတဲ့ သူတွေဟာ အေအိုင်ဒီအက်စ် ရောဂါဖြစ်မှာကို ပူပန်သင့်ပါသလား။
ဖြေ။    ။ ဒီနေ့ဒီအချိန်အခါမှာ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိလို့ နေပါပြီ။ ဒါကြောင့် ခရီသွားများဟာ အေအိုင်ဒီအက်စ် အကြောင်းသိထားသင့်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးမကူးဆိုတာ နေရာဒေသနဲ့ မဆိုင်ပါဘူး။ လူတစ်ယောက်ရဲ့ အပြုအမူပေါ်မှာပဲ ဆိုပါတယ်။ ခရီးသွားသွား၊ ကိုယ့်အိမ်မှာပဲနေနေ၊ အေအိုင်ဒီအက်စ်ရော၈ါ မဖြစ်အောင် ရှောင်ရမယ့် အပြုအမူကတော့ အတူတူပဲ ဖြစ်ပါတယ်။ ရောဂါရနိုင်တဲ့ အပြုအမူတွေကို မရှောင်နိုင်သူတွေကတော့ ရောဂါရမှာပါပဲ။
မေး။    ။ ခရီးသွား တစ်ယောက်ဟာ အေအိုင်ဒီအက်စ် အဖြစ်များတဲ့ ဒေသကို ရောက်ဖူးရုံနဲ့ ရောဂါပိုး ကူးစက်လာနိုင်ပါသလား။
ဖြေ။    ။ မကူးစက်နိုင်ပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုးဟာ သာမန်လှုပ်ရှားသွားလာတာကနေ မကူးနိုင်ပါဘူး။ အစားအစာ၊ ရေ၊ လေ၊ ပိုးမွှားများ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကနေတဆင့် မကူးစက်နိုင်ပါဘူး။
မေး။    ။ ခရီးသွားတစ်ယောက်ဟာ ဘယ်လို နည်းနဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရနိုင်ပါသလဲ။
ဖြေ။    ။ ခရီးသွား တစ်ယောက်ဟာ ကိုယ်ရောက်တဲ့ နေရာဒေသ အသစ်မှာ ရောဂါပိုး ရနိုင်တဲ့ အပြုအမှုတွေ လုပ်ရင် ရောဂါပိုး ကူးစက်လာမှာ ဖြစ်ပါတယ်။ ကဓိကကတော့ ရောဂါပိုး ရှိတဲ့ သူတစ်ယောက်နဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာက ကူးကြတာပါ။ ခရီးသွားလို့ နေရာအသစ် ရောက်တဲ့ အခါ လူမှုရေး အထိန်းအကွပ်တွေ မရှိတော့ပါဘူး။ ပတ်ဝန်းကျင်မှာလည်း မျက်နှာစိမ်းတွေချည်းပဲ။ စိတ်လက်ပေါ့ပါး လွတ်လပ်ပြီး သောက်စားပျော်ပါးတတ်ကြ ပါတယ်။ ကိုယ့်အရပ်ဒေသမှာ လူသိမှာစိုးလို့ မလုပ်ဖြစ်တဲ့ အပြုအမှုတွေကို လွယ်လွယ်လုပ်ဖြစ်သွားတယ်။ ကိုယ့်လုပ်ရပ်ကြောင့် ရောဂါပိုး ကူးလာတာပါ။ ဒါကြောင့် ခရီးသွားလာတဲ့ သူတွေ အချို့ဟာ ပြန်လာရင် ရောဂါပိုးပါ လက်ဆောင်ပါလာတတ်ကြပါတယ်။ ခရီးသွားတိုင်း ရောဂါရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်ရဲ့ အပြုအမူပေါ်မှာ မူတည်ပါတယ်။
မေး။    ။ ခရီးသွားလာရင်း လိင်ဆက်ဆံရာကနေတဆင့် အိတ်ခ်ျအိုင်ဗွီပိုး မကူးအောင် ဘယ်လို ကာကွယ်ရပါမလဲ။
ဖြေ။    ။ လိင်ဆက်ဆံရာကနေ တဆင့် ရောဂါပိုး မကူးအောင် ကာကွယ်ရမယ့် နည်းလမ်းတွေကို သိလည်း သိ၊ လိုက်လည်း လိုက်နာမယ်ဆိုရင် ရောဂါကို ကာကွယ်နိုင်ပါပြီ။ ခရီးသွားတွေမှာ ဘာဖြစ်တတ်သလဲဆိုတော့ ရောဂါကူးနိုမယ့် နည်းလမ်းတွေ ကြာဖူးတယ်။ သိတယ်။ နားလည်တယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ အပြုအမူကို ရော၈ါရနိုင်မယ့် အပြုအမူလို့ မထင်ကြပါဘူး။ ဥပမာ ပြောရရင် အပျော်အပါး လိုက်စားရင်း ရောဂါကူးမယ်ဆိုတာ သိကြပါတယ်။ ခရီးထွက်လို့ ကြုံတုန်းကြိုက်တုန်း ပျော်ပါးမိတာကို အပျော်အပါး လိုက်စားတာလို့ မသတ်မှတ်ကြပါဘူး။ တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များသူ၊ လိင်အဖော်များတဲ့ သူမှာပဲ ရောဂါကူးတာ၊ တို့က တစ်ယောက်တည်းနဲ့ပဲ ဆက်ဆံတာမို့ ရောဂါ မကူးနိုင်ဘူးလို့ ယူဆကြပါတယ်။
အမှန်တော့ တစ်နှစ်မှ တစ်ခါဆက်ဆံလည်း အန္တရာယ်ရှိတာပါပဲ။ တစ်ခါတလေ ဆက်ဆံလည်း အန္တရယ်ရှိတာပါပဲ။ တစ်သက်မှ တစ်ခါ အကြောင်း မသိတဲ့သူတစ်ယောက်နဲ့ ကွန်ဒုံးမသုံးဘဲ ဆက်ဆံမိရင်တောင် ကူးဖို့ အလားအလာ ရှိတယ်ဆိုတာ ခရီးသွားတွေ သိထားသင့်ပါတယ်။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီး အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ မသိနိုင်ဘူးဆိုတဲ့ အချက်ကို အမြဲသတိရဖို့ လိုပါတယ်။ ဒါကြောင့် ခရီးသွားတွေအနေနဲ့ ဘယ်နေရာ ဘယ်အချိန်အခါမှာမဆို ဖြစ်နိုင်ရင် လိင်မပျော်ပါးပါနဲ့။ ပျော်ပါးမယ်ဆိုရင်လည်း ကွန်ဒုံးကို စနစ်တကျ သုံးစွဲပါ။
မေး။    ။ နိုင်ငံခြား ပြန်တွေမှာ အိတ်ခ်ျအိုင်ဗွီပိုး ပါတတ်တယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။ နိုင်ငံခြားပြန် ယောက်ျားကတဆင့် သူတို့ ဇနီးသည်တွေဆီကို ကူးစက်ပါမယ်။ နိုင်ငံခြားကပြန်လာတဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေ ဆီကနေ အခြားယောက်ျားတွေကို ကူးစက်ပါမယ်။ ခုအချိန်မှာ နိုင်ငံခြားပြန်မှ မဟုတ်တော့ပါဘူး။ ကိုယ့်အရပ်ကိုယ့်ဒေသမှာလည်း အိတ်ခ်ျအိုင်ဗွီပိုး ရောက်ရှိနေပြီး သာမန်အရပ်သား အချင်းချင်း ကူးစက်နေကြပါပြီ။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

HIM

လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးအားအဓမ္မပြုကျင့်သည်ဟုဆို သူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းတွင်အမှု ဖွင့်ထားကြောင်း မန္တလေးတိုင်း ဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။



မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇လမ်းနှင့် ၈၂လမ်း ထောင့်ရှိ ဆန်းကဖေးလက်ဖက် ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦး သည် ၎င်းတို့လက်ဖက်ရည်ဆိုင် တွင် အလုပ်လုပ်နေသော အ မျိုးသမီးငယ်တစ်ဦးကို နေပြည် တော်တွင် ဆိုင်သစ်ဖွင့်ရန်အ တွက်ဟုဆိုကာ ကားဖြင့်တင် ဆောင်ခေါ်ယူလာပြီး ပျဉ်းမနား မြို့အနီး၌ အဓမ္မပြုကျင့်ခဲ့သည် ဟု စွပ်စွဲခံထားရသည်။ ၎င်းတို့ နှစ်ဦးကို အရေးယူရန် ဇွန်လ၂၈ ရက်တွင် အမျိုးသမီးငယ်က တိုင် ကြားထားပြီး ပျဉ်းမနား မြို့မရဲစခန်း၌ ပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် ထားသည်ဟု မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော် မင်းဦးကပြောသည်။

ထိုသို့အမှုဖွင့်ခံရမှုအတွက် စုံစမ်းစစ်ဆေးရန် ဇွန်လ ၃၀ ရက် ညတွင် ပျဉ်းမနား မြို့မရဲစခန်း အပါအ၀င် မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ တာဝန်ရှိသူများ သည် ဦးနေ၀င်း၏နေအိမ်ဖြစ် သော မန္တလေးမြို့အောင်မြေသာ စံမြို့နယ် ၁၈လမ်းနှင့် ၁၉လမ်း ကြား၊ လမ်း ၈၀နှင့် ၈၁လမ်းကြား ရှိနေအိမ်တို့သို့ သွားရောက်စစ် ဆေးခဲ့သည်ဟုဆိုသည်။

သို့သော် ၎င်းတို့ကို နေအိမ် တွင် ရှာဖွေမတွေ့ရှိသည့်အတွက် အိမ်ပြန်ပြီး လာရောက်နေထိုင်ပါ ကရဲစခန်းသို့ ဆက်သွယ်ပေးရန် မှာကြားထားသည်ဟု ဒုတိယရဲမှူး ကြီးဇော်မင်းဦးကပြောသည်။

ဆန်းကဖေးနှင့် နေကဖေး လက်ဖက်ရည်ဆိုင်တွင် အလုပ် လုပ်ကိုင်နေသော ဗုဒ္ဓဘာသာအ မျိုးသမီးငယ်တစ်ဦးအားဆိုင်ရှင် အစ္စလာမ်ဘာသာဝင်ညီအစ်ကို နှစ်ဦးက အဓမ္မပြုကျင့်သည်ဆို သော သတင်းများ ဇွန်လနောက် ဆုံးပတ်ကတည်းက အင်တာနက် သတင်းများတွင် ပျံ့နှံ့နေပြီး အဆိုပါသတင်းအပေါ် အခြေခံကာဇူလိုင်လ ၁ ရက်ညက မန္တလေးမြို့တွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခအသွင်အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မပေး သေးဘဲ စစ်ဆေးနေဆဲသာဖြစ် ကြောင်း သိရသည်။

မန္တလေးမြို့မှာပြန်လည်တည် ငြိမ်နေပြီဖြစ်သော်လည်း လူစုလူ ဝေးများစတင်ဖြစ်ပေါ်ခဲ့ရာ မန္တ လေးမြို့ချမ်းအေးသာစံမြို့နယ် ၈၂လမ်းနှင့် ၂၇လမ်းထောင့်အပါ အ၀င် အနီးအနားနေရာများ ကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်အ၀ ရယူထားဆဲဖြစ်ပြီး မန္တလေးမြို့ တည်ငြိမ်အေးချမ်း ရေးနှင့် မှုခင်းများထပ်မံမဖြစ်ပွား စေရေးအတွက် ရဲတပ်ဖွဲ့ဝင်အင် အား လေးရာကျော်၊ လုံခြုံရေး တပ်ဖွဲ့ခွဲ(မန္တလေးတိုင်းဒေသကြီး)မှ အင်အားသုံးရာခန့်၊ စုစုပေါင်း အင်အား ခုနစ်ရာကျော်ဖြင့် လုံခြုံ ရေးရယူဆောင်ရွက်နေသည်ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောသည်။

7Day News Daily

ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာတော့ အံ့အားဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အကြောင်းအရာကတော့ ဖြတ်သန်းသွားတဲ့ ရထားအောက်ကနေ အသက်ရှင်လျှက် ပြန်ထွက်လာသူ ကိုယ်ဝန်ဆောင်သည်ကို မျက်မြင်ကြုံခဲ့ရသူများ အံ့အားသင့်ခဲ့ရပါတယ်။



တရုတ်သတင်းစာ တစ်စောင်ဖြစ်တဲ့ QQ News အရ ဇူလိုင်လ ၁ ရက်နေ့ အင်္ဂါနေ့ မနက်မှာ ကိုယ်ဝန်ဆောင်သည် တစ်ဦးဟာ ရထားစင်္ကြန်ပေါ်ကနေ အမှတ်တမဲ့ ရထားသံလမ်းပေါ် ပြုတ်ကျခဲ့ပြီး အဲဒီအချိန်မှာပဲ ရထားတစ်စင်းဟာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာခဲ့ပြီး ဘူတာစင်္ကြန်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရထားမောင်းသူဟာ ကိုယ်ဝန်သည် ပြုတ်ကျတဲ့ နေရာအရောက်မှာတော့ အရေးပေါ် ဘရိတ်အုပ်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာအနာတရ မရှိဘဲ ရထားအောက်ကနေ တွားသွားပြီး  ပြန်ထွက်လာခဲ့ပါတယ်။  မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်အရ အဆိုပါ ကိုယ်ဝန်သည်ဟာ ဒဏ်ရာ တစ်စုံတစ်ရာ မရပေမယ့် ဆေးရုံပို့ပြီး စမ်းသပ်စစ်ဆေးမှုတွေ  ပြုလုပ်ဖို့အတွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ref: singaporeseen.stomp.com

World Myanmar (world-myanmar.com)

အလှမယ် မေမြတ်နိုး၏ သရဖူ ကိုရီးယား ပြန်သိမ်းမည်မဟုတ်



ရန်ကုန်၊ ဇူလိုင်-၂

Miss Asia Pacific World အလှမယ် မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်မ သိမ်းရန် မြန်မာနိုင်ငံ ဆိုင်ရာ ဒါရိုက် တာကိုယ်တိုင် တောင်းပန်ထားခြင်း ကြောင့် သရဖူ ပြန်သိမ်းဖြစ်တော့
မည် မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ မလှနုထွန်းက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာ အလှမယ်မေမြတ်နိုး၏ သရဖူကို ကိုရီးယားအဖွဲ့အစည်းမှ ပြန်လည် သိမ်းယူတော့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ၎င်း၏တောင်းပန် မှုကြောင့် ပြန်လည်သိမ်း ယူတော့မည် မဟုတ်ကြောင်း မလှနုထွန်းက ပြောသည်။

မြန်မာအလှမယ်သည် သရဖူပိုင်ဆိုင်ထားပြီးသော်လည်း စာနယ်ဇင်းများနှင့် လုပ်ကိုင်ဆက်ဆံရာ တွင် မောက်မာခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံ ရိုက်ရက်များကို ငွေကြေးမရပါက ဖျက်သိမ်းခြင်း စသည့်များအပြင် သရဖူပိုင်ဆိုင်ထားသည့်အလှမယ်တစ်ယောက်အနေဖြင့် Professional မပီသခြင်းများကြောင့် သရဖူ၏ဂုဏ်သိက္ခာနှင့် အလှမယ်အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကျ ဆင်းခြင်း တို့ကြောင့် ယခုကဲ့သို့ သရဖူပေးအပ်သည့် ကိုရီးယားအဖွဲ့အစည်းက ပြန်လည် ရုပ်သိမ်းရန် ကြေညာ လိုက်ခြင်း ဖြစ်ကြောင်း မလှနုထွန်းမှ တစ်ဆင့်သိရသည်။

” အစ်မကပြန်မသိမ်းဖို့ တောင်းပန်ထားပါတယ်။ ဒါ့ကြောင့်လည်း ကိုရီးယား အဖွဲ့အစည်းက ပြန်မသိမ်းဖြစ်တော့ပါ ဘူး။ လောလောဆယ်တော့ အစ်မတို့ ကြားမှာဘာညှိနှိုင်းဆောင်ရွက်မှုမှ မရှိပါဘူး။ စပွန်ဆာတွေဘက်ကို သူပျက်ကွက်မှုတွေများလို့ အစ်မလိုက်တောင်းပန်နေ ရတယ်။ အခု တစ်ရက်၊ နှစ်ရက်အတွင်း သူ အစ်မဆီ ပြန်လာပြီး ညှိညှိနှိုင်းနှိုင်း မဆောင်ရွက်ရင်တော့ အစ်မသူနဲ့လက်တွဲဖြုတ်လိုက်ရုံပါပဲ”ဟု မလှနုထွန်းက ပြောသည်။

လက်ရှိအချိန်တွင် အလှမယ် မေမြတ်နိုးနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ဖက်ရှင်ဒီဇိုင်နာ၊ မိတ်ကပ်ဖန်တီးရှင်၊ ဂျာနယ်မဂ္ဂဇင်းများတွင် ပျက်ကွက် မှုရှိပါက၎င်းထံတိုက်ရိုက်ဆက်သွယ်ပြောဆို ပေးရန် တောင်းဆိုကြောင်း မလှနုထွန်းကပြောသည်။

” ညီမအနေနဲ့တော့ ကိုယ့်ရဲ့ဆရာလည်းဖြစ်တယ်၊ ကျေးဇူးရှင်လည်းဖြစ်တဲ့ အတွက် ဘာမှဝေဖန်ပြောဆိုချင်တာမျိုး မရှိပါဘူး။ သရဖူကိုပြန်သိမ်းဖို့ ဆိုတာလည်း လုံးဝဖြစ်လာနိုင်မှာ မဟုတ်သလို ဘာအကြောင်းကြောင့်နဲ့မှလည်း ပြန်သိမ်း ဖြစ်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လောလောဆယ်မှာ ဘယ်ကောလာဟလသတင်းတွေကိုမှ ပြန်ဖြေရှင်းတာမျိုး မလုပ်ချင်သေးပါဘူး။ မကြာခင်မီဒီယာတွေက တစ်ဆင့်အများပြည်သူရှေ့ကို အမှန်အတိုင်း ဖွင့်ချပြောဆိုပေးသွားပါ့မယ်” ဟု Miss Asia Pacific World အလှမယ် မေမြတ်နိုးက စံတော်ချိန်သို့ ပြောဆိုခဲ့သည်။

အလှမယ်မေမြတ်နိုးနှင့် ၎င်း၏အကြားတွင် မည်သည့် စာချုပ်သဘော တူညီချက်မှ ချုပ်ဆိုထားခြင်းမရှိဘဲ ဇွန် ၁၅ ရက်က ချုပ်ဆိုရန် စီစဉ်ခဲ့ သော်လည်း ပျက်ကွက်ခဲ့ခြင်း ရှိကြောင်း သိရသည်။

အလှမယ်မေမြတ်နိုးသည် သရဖူရရှိသည့်အတွက် ဆုကြေးငွေ၏ ၃၀ရာခိုင်နှုန်းကိုလည်း မြန်မာနိုင်ငံ ဆိုင်ရာ အဖွဲ့အစည်း ဒါရိုက်တာသို့ ပေးအပ်ရမည် ဖြစ်သော်လည်း ၎င်းင်းအနေဖြင့် လက်ခံရ ရှိခြင်းမရှိသေးကြောင်း မလှနုထွန်းက ဖြည့်စွက် ပြောကြားသည်။

Miss Asia Pacific World ၂၀၁၄ အလှမယ် မေမြတ်နိုးသည် ကိုရီးယား နိုင်ငံဆိုးလ်မြို့တွင် မေ ၃၁ ရက်က ကျင်းပခဲ့သည့် ပြိုင်ပွဲသို့ ပထမဆုံး အကြိမ် သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးအကြိမ်သရဖူရရှိခဲ့သည့် အလှမယ်တစ်ဦးဖြစ် ကြောင်း သိရသည်။

မေစနိုး
စံတော်ချိန် နေ့စဉ်သတင်းစာ



ဘင်္ဂါလီသယ်ဆောင်သည့် အငြိမ်းစားရဲမှူး သား သမီးများ အမျိုးသားရေး သစ္စာဖောက်ဟု ရခိုင်ဝန်ကြီး ချုပ်သစ်ပြောဆို


ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဲပဒုံဂိတ်၌ ဇွန်၂၇ ရက်က ဘင်္ဂါလီကိုးဦး သယ်ဆောင်လာ
သည့် အငြိမ်းစား ရဲမှူးကြီး၏ သားသမီးမျာသည် အမျိုးသားရေး သစ္စာဖောက်များ ဖြစ်
သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ဇူလိုင် ၂ ရက်တွင် ပြောကြားသည့် ပထမဆုံး မိန့်ခွန်း၌ ထည့်သွင်း ပြောဆို ခဲ့သည်။

မြောက်ဦးမြို့နယ်သို့ ဘုရားဖူး လာရောက်သော အငြိမ်းစားရဲမှူးကြီး၏ သားသမီးများ ဖြစ်ကြသော မျိုးထက်စိုးနှင့် မွန်မွန်ချိုတို့သည် ကျောက်တော်မြို့ လက်ဆောင်ကောက်ရွာအနီး ကားလမ်းဘေးတွင် စောင့်ဆိုင်းနေသော ဘင်္ဂါလီ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို သယ်ဆောင်လာစဉ် အမ်းမြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဇွန် ၂၇ ရက်၌ ဖမ်းဆီးမိခဲ့သည်။

" အမ်းမြို့က ကိစ္စဆိုရင် ဒါအမျိုးသားရေး သစ္စာဖောက်ပဲ။ ထိထိ ရောက်ရောက် အရေးယူရမယ်။လုပ်တဲ့သူတွေက အမျိုးသားရေး သစ္စာဖောက်တွေ။ ဒါကလည်း အငြိမ်းစားရဲမှူး၊ အမှုထမ်း
အကြီးအကဲတွေရဲ့ သားသမီးတွေလို့ သိရ တယ်}ဟု ၀န်ကြီးချုပ်က ပြောဆိုသည်။

မိဘများ သည်မည်သို့ပင် ကောင်းကောင်း သားသမီးများက ယခုကဲ့သို့ ဖြစ်နေခြင်းကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရမည် ဖြစ်ပြီး ထိုသို့သော ကိစ္စမျိုးသည် လုံးဝမဖြစ်သင့်ကြောင်း၊ ထိုကိစ္စများကို မည်သည့် တိုင်းရင်းသားမဆို လက်ခံနိုင်မည်မဟုတ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

" နိုင်ငံသား ဖြစ်သင့်တဲ့သူကို နိုင်ငံသား ပေးတာ ကိစ္စမရှိဘူး။ မဖြစ်သင့်တဲ့ သူကိုပေးလိုက်ရင် ဒါနိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိတယ်ဆိုရင်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ တွေ့ဆုံပြီး ရှင်းလိုက်ရင်လည်း ရှင်းလင်းသွား
မှာပါ " ဟု ၎င်းက မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ဦးမောင်မောင်အုန်းကို နိုင်ငံတော်သမ္မတက ဇူလိုင် ၁ ရက် နေ့စွဲဖြင့် လက်မှတ်ထိုး အတည်ပြုခန့်အပ်ခဲ့ပြီး ရခိုင် ပြည်နယ်အရေးပေါ် အစည်းအဝေး တတိယနေ့ ဖြစ်သော ဇူလိုင် ၂ ရက်တွင် လွှတ်တော်၌ ကတိသစ္စာ ပြုခဲ့ပြီး ပြည်နယ်လွှတ်တော်တွင် ပထမဆုံးသော
မိန့်ခွန်းကို ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ဦးမောင်မောင်အုန်း ပြည်နယ်လွှတ်တော်တွင် ကတိသစ္စာ ပြုသည့်နေ့တွင် ယခင် ၀န်ကြီးချုပ် ဟောင်း ဖြစ်သူ အမ်းမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှမောင်တင်သည် လွှတ်တော်တက်ရောက် ခဲ့ခြင်းမရှိချေ။

 ထိုက်သူဇော်
 စံတော်ချိန် နေ့စဉ်သတင်းစာ

မန္တလေးလုံခြုံရေးအခြေအနေ မြို့ခံတွေစိုးရိမ်


အင်္ဂါနေ့ညက အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့သတင်းတခုကနေ မန္တလေးမြို့ လမ်း ၈၀ နဲ့ ၈၁
 ကြား၊ ၂၆ နဲ့ ၂၇ လမ်းဝန်းကျင်မှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတခု စတင်ဖြစ်ပွား
ခဲ့ပြီးတဲ့နောက် မနေ့ညအထိ နှစ်ဘက်အသိုင်းအ၀ိုင်းကြား ထိပ်တိုက်ရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၄၊ ၅ ဦးထိရှိခဲ့ပြီး မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူ ရဲအရာရှိက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ မန္တလေးမြို့ခံတွေကတော့ အခြေအနေတွေကို စိုးရိမ်ထိတ်လန့်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ -

“အခုကတော့ ဗမာတွေကလည်း ကုလားဗလီတွေကို ဟိုဟာလိုက်လုပ်ချင်၊ ဒီဟာလိုက်လုပ်ချင်ပေါ့။ တဘက်နဲ့တဘက်က ရန်ဆောင်နေတဲ့ အနေအထား ဖြစ်တာပေါ့နော်။ အဲတော့ ကျနော်တို့ ရဲတွေကတော့ မပြတ်ပေါ့ လိုက်ပြီး စောင့်ရှောက်ပေးနေပါတယ်။”

မေး။             ။ အခုက အမှတ် (၇) ရဲစခန်းနားမှာ မီးလောင်တယ်ဆိုတဲ့သတင်းကရော ခရိုင်မှူးတို့ ရလားရှင့်။

ဖြေ။              ။ ဒီလမ်းထဲက ဗလီတခုကို လူကတော့ မတွေ့ဘူးပေါ့နော် မီးလောင်တယ်၊ ကျနော်တို့လည်းရောက်သွားရော ဒါက ငြိမ်းပြီးသွားပါပြီ။

မေး။             ။ ဗလီကို မီးရှို့တဲ့သဘောပေါ့။

ဖြေ။              ။ ဗလီကတော့ နောက်မှာပေါ့။ ရှေ့မှာက ဆိုင်ခန်းလေးပဲပေါ့။

မေး။             ။ နောက်ပြီးတော့ ဓားခုတ်ခံရတယ်တို့၊ ဒဏ်ရာရတယ်တို့ သတင်းတွေမှာရော ခရိုင်မှူးတို့ အဲ့ဒါရော ဘယ်လိုကြားပါသလဲ။

ဖြေ။              ။ ကျနော်တို့ကတော့ ပထမကတော့ ၃၅ လမ်းပေါ်မှာ ရန်ဖြစ်တယ်ဆိုပြီး သတင်းကြားတော့ သွားတော့ အဲ့ဒီမှာတော့ ဒဏ်ရာရတဲ့သူ ၄၊ ၅ ယောက်လောက်တော့ ဆေးရုံပို့ပေးလိုက်တာ။ ဘယ်သူလုပ်သွားတယ်ဆိုတာတော့ သေချာမသိရသေးဘူး။ အဲ့ဒါတွေကို ကျနော်တို့ အမှုဖွင့်ပြီးတော့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လုပ်သွားမှာပါ။

မေး။             ။ ၂၆ ဘီလမ်းဘက်မှာ အရိုက်ခံရတယ်ဆိုတဲ့သတင်းကျတော့ရော အဲ့ဒီသတင်းက မှန်သလားရှင့်။

ဖြေ။              ။ ၂၆ ဘီလမ်းဘက်မှာ လောလောဆယ် ကျနော်တို့က သတင်းတော့ကြားတယ်ဗျ။ ဒီဥစ္စာ ဒဏ်ရာရတယ်၊ ဒီဥစ္စာ အမှုဖွင့်ဖို့ပေါ့နော် ဆောင်ရွက်နေတာရှိပါတယ်။

မေး။             ။ ဟုတ်ကဲ့ အခု ဒီအနေအထားနဲ့ပတ်သက်ပြီးတော့ ခရိုင်မှူးတို့အနေနဲ့ပေါ့နော် မန္တလေးလုံခြုံရေးကို ဘယ်လိုများဆောင်ရွက်နေလဲဆိုတာ ပြောပြလို့ရမလားရှင့်။

ဖြေ။              ။ အခုကတော့ ကျနော်တို့က တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ရယ်၊ မြို့နယ်ရဲတပ်ဖွဲ့ရယ် နောက်တခါ ရဲတပ်ရင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ မန္တလေးမြို့ ဒီညဘက် ပတ်ပြီးတော့ လုံခြုံရေးကို လိုက်ဆောင်ရွက်နေပါတယ်။ အခု တောက်လျှောက်ပေါ့နော် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်အတွက်ကို လူစုလူဝေးမဖြစ်အောင်၊ ဘုန်းကြီးဘက်နဲ့ ဒီဘက် အစ္စလာမ်ဘက်နဲ့ မဖြစ်အောင်တော့ ကျနော်တို့ တောက်လျှောက် လိုက်ကြည့်ထိန်းနေပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစိန်ထွန်း ပြောသွားတာပါ။ မနေ့ညက ဆူပူတာတွေဖြစ်နေတဲ့ နေရာတွေကို လိုက်လံသတင်းယူတဲ့ မန္တလေးမြို့ခံ သတင်းထောက်တွေကတော့ သတင်းယူနေချိန်မှာ အကြမ်းဖက် လူအုပ်တွေလို့ယူဆရတဲ့ လူစုလူဝေးတွေကြောင့် သူတို့ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့မနက် ၂ နာရီကျော်တဲ့အချိန်ထိ အခြေအနေတွေကို လိုက်လံသတင်းယူနေတဲ့ မန္တလေးမြို့ခံ သတင်းသမားတဦးကို  ဗွီအိုအေက  ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူက အခုလို စပြောပါတယ်။

“မြို့ရဲ့ လုံခြုံရေးအနေအထားကတော့ မနေ့ကဖြစ်ခဲ့တဲ့နေရာတွေမှာတော့ ရဲလုံခြုံရေးကတော့ မနေ့ကထက်ကို အားအပြည့်ချထားပါတယ်။ သို့သော်လည်းပဲ ဒီလမ်းပေါ်တွေမှာ ကျနော်တို့ အခါတိုင်းလို မန္တလေးက ဒီညပိုင်းတွေမှာဆိုရင် ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကြည့်ကြမယ်၊ ညဘက်လက်ဘက်ရည်ဆိုင်ထိုင်တာတွေ၊ ဒါတွေ ဘာမှမရှိတော့ဘူးလေ။ မရှိတော့ဘူးဆိုတော့ လမ်းတွေက အကုန်လုံးက ခြောက်ကပ်နေတယ်။ နောက်ပြီးတော့ မီးတွေကလည်း မှောင်မဲနေတယ်။ အဲ့တော့ မီဒီယာသမားတွေ တဦးချင်း သွားဖို့ကကို လုံခြုံရေးက ဘယ်လိုမှ စိတ်မချရတော့ဘူး။ လမ်းတွေက မှောင်မဲနေတာ။ လမ်း ၉၀ အနောက်ထဲ ဆင်းလိုက်ကာရှိသေးတယ်၊ အဲ့ဒီမှာ လူအုပ်ကြီး မှောင်ထဲမှာကြီးဆိုတော့ ဒုတ်တွေနဲ့ဆိုတော့ တခါတည်း အကုန်လုံး ပြန်ထွက်ပြေးလာကြတာ။”

မေး။             ။ အဲ့ဒီလူအုပ်က အဲဒီနားမှာ စုဝေးနေတာလား။

ဖြေ။              ။ “ကျနော်တို့ အဲ့လိုတော့ မသိနိုင်ဘူးဗျ။ ရုတ်တရက်တွေ့၊ ရုတ်တရက်ပဲ ကျနော်တို့ ပြန်သွားတာ။ သေချာတာကတော့ ဒီအချိန်မျိုးကြီးမှာ သွားလာလုပ်ကိုင် စားသောက်နေတာတော့ မဟုတ်လောက်ဘူး။”

မေး။             ။ အဲတော့ မြို့ခံသတင်းသမားတဦးအနေနဲ့ရော အခုလက်ရှိ လုံခြုံရေးယူထားတဲ့ ရဲတွေရဲ့ ကိုင်တွယ်ပုံ ဘယ်လိုတွေ့ရသလဲရှင့်။

ဖြေ။              ။ “ရဲတပ်ဖွဲ့ကို အပြစ်ပြောလိုတာတော့ မဟုတ်ဘူး။ သူတို့ကိုင်တွယ်ပုံက ကျနော်တို့ ဒီမှာ တွေ့ရသလောက်တော့ ခုနပြောသလို မြို့သူမြို့သားတွေက အားမရကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိစ္စပြီးမှ လိုက်ဖြေရှင်းတာမျိုးဖြစ်နေတယ်။”

အင်္ဂါနေ့ညက မန္တလေးမြို့ ၈၂ လမ်းနဲ့ ၂၇ လမ်းထောင့်မှာရှိတဲ့ လက်ဘက်ရည်ဆိုင်တခုနဲ့ ပတ်သက်နေတဲ့ အတည်မပြုနိုင်သေးတဲ့ အင်တာနက်သတင်းတခုကြောင့် အဲဒီဝန်းကျင်မှာ သန်းခေါင်ကျော်ချိန် လူတွေ စုဝေးရောက်ရှိပြီး မတည်မငြိမ် စတင်ဖြစ်ပွားခဲ့တာပါ။

အသံဖိုင်
VOA (မြန်မာပိုင်း)

ရန်ကုန်ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီးထားသူသုံးဦးကို စွဲချက်တင်မည့်ပုဒ်မအမိန့်ချ


ကုန်သည်ကြီးများဟို တယ်နှင့် အလုံမြို့ နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများ အတွက် ဖမ်းဆီးရမိသောသံသယ ရှိသူအမျိုး သားသုံးဦးကို ဇူလိုင် ၂ ရက်က အနောက်ပိုင်း ခရိုင်တရား ရုံးမှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့်စွဲချက်တင် ခဲ့ကြောင်းသတင်းရရှိသည်။

၂၀၁၃ ခုနှစ်အတွင်းက ကုန် သည်ကြီးများဟိုတယ်နှင့် အလုံ မြို့နယ်ရှိ Western Park Ruby စားသောက်ဆိုင်တို့တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ အမေရိကန်နိုင် ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ သံသယရှိသူအမျိုးသား သုံးဦးကိုဖမ်းဆီးခဲ့ပြီး ပေါက်ကွဲ စေတတ်သော  ဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ပြီး တရားရုံးတွင် စွဲချက်တင်ခဲ့သည်။

 ထို့နောက်အနောက်ပိုင်း ခရိုင်တရားရုံးမှ တွဲဖက်တရားသူ ကြီး (၂)က ပေါက်ကွဲစေတတ် သောဝတ္ထုပစ္စည်းများဥပဒေပုဒ်မ ၃ ဖြင့် စွဲချက်တင်၍ချမှတ်ခဲ့သည်။

ယင်းပုဒ်မဖြင့် စွဲချက်တင်ချ မှတ်ပြီးနောက် သံသယရှိ၍ စွပ်စွဲ ခံထားရသော စောမြင့်လွင်၊ ဇော် လတ်မော်နှင့် ဦးမြဖူးတို့ကို အ ပြစ်ရှိလားဟုမေးမြန်းခဲ့ရာ ၎င်းတို့ က အပြစ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

‘‘အခုစွဲချက်တင်ခံထားရသူ တွေဟာ စွဲချက်ကိုမကျေနပ်ရင် အဆင့်မြင့်ရုံးကို တင်ပြပြီးစွဲချက်ကိုပယ်ဖျက်ပေးပါလို့ပြောလို့ရတယ်’’ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားရုံးမှ ဆက်လက်စစ်ဆေးရန် ပြန်ခေါ်သက်သေများဖြစ်သူ ဒုရဲ မှူးဝင်းနိုင်၊ ရဲအုပ်အောင်ကိုကိုနှင့် ယင်းစားသောက်ဆိုင်မှ ဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

7Day News daily

ကွင်းအတွင်း ကစားသမားထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ ဒိုင်လူကြီး သေဆုံး


ဘောလုံးဒိုင်လူကြီးတစ်ဦးဟာ ဘောလုံးသမား တစ်ဦးက ခေါင်းကို ထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် John Bieniewicz ဟာ Michigan ပြည်နယ်၊ Livonia မြို့ က ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ John ဟာ ကစားသမားတစ်ဦးကို ကွင်းကနေ ထုတ်ပယ်ဖို့  ပြစ်ဒဏ်သတ်မှတ်လိုက်တဲ့အခါမှာ အဆိုပါကစားသမားက John ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးသွားခဲ့ပါတယ်။

John ဟာ အထိုးခံရပြီးနောက် နှစ်ရက်အကြာ၊ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

John ကို ထိုးခဲ့သူ အသက် ၃၆ နှစ်အရွယ် ကစားသမား Bassel Abdul-Amir Saad ကို ကစားပွဲအပြီး ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ်အနာတရဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုနဲ့  အမှုစွဲထားပြီး တနလာင်္နေ့  က ရုံးတော်ကို ဆင့်ခေါ်ခဲ့ပါတယ်။

အစိုးရရှေ့ နေတွေကတော့ Mr.John ရဲ့ သေဆုံးမှုကြောင့် စွဲချက်ကို ပြန်လည် ပြင်ဆင် လျှောက်ထား သွားမယ်လို့ ဆိုခဲ့ပါတယ်။

ကစားသမားက ဒိုင်ကို ထိုးလိုက်တာကို လူတော်တော်များများ မြင်လိုက်ရကြောင်းလည်း ရဲတွေက ထွက်ဆို ထားပါတယ်။

Bassel ဘက်က အမှုလိုက်ပေးနေသူ ရှေ့ နေ Brian Berry ကတော့ စွဲချက်တွေအတွက် အပြစ်ဒဏ်ကို မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကစားပွဲက အထုတ်ခံလိုက်ရတဲ့အတွက် လက်တုံ့ ပြန်တာ တော့ မဟုတ်ဘူးလို့ သိရပါလိမ့်မယ်လို့ Berry က ဆိုခဲ့ပါတယ်။

Ref: Mirror.co.uk
Trend Myanmar

ဘီကီနီ မ၀တ်ရဲလို့ နိုင်ငံတကာအလှမယ်ပြိုင်ပွဲ ၀င်မပြိုင်တာဆိုတဲ့ သန္တာဗို




ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံတကာ အလှမယ် ရွေးချယ်ပွဲများ ၀င်ရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားသော်လည်း ဘီကီနီ မ၀တ်ရဲသောကြောင့်  ၀င်ပြိုင်ဖြစ်မည်မဟုတ်ကြောင်း သန္တာဗိုက ပြောသည်။

‘‘နိုင်ငံတကာ    အလှမယ် ပြိုင်ပွဲတွေမှာဝင်ပြီး ပြိုင်ချင် တယ်။ သူများတွေကိုကြည့်ပြီး တော့ အားလည်းကျတယ်။ Miss Universe ဆိုလည်း အရမ်းပြိုင် ချင်တယ်။ တစ်ခုပဲ Two Piece မ၀တ်ရဲလို့’’ဟု ၎င်းကပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် မော်ဒယ်ရှိုး များ လျှောက်ဖြစ်သကဲ့သို့ တစ်ကိုယ်တော်ခွေ ‘နားလည်ပေးပါ ကို’ တေးစီးရီး အမ်တီဗီရိုက် ကူးနေကြောင်း သန္တာဗိုက ပြောသည်။

‘‘အမ်တီဗီက တစ်ဝက် လောက်တော့ပြီးပြီ။ အောက်တို ဘာလောက်မှာ ထွက်နိုင်အောင် တော့ ကြိုးစားနေတယ်။ လော လောဆယ်မိုးတွေ အရမ်းရွာနေ တော့ ရိုက်လို့ အဆင်မပြေဘူး ဖြစ်နေတယ်’’ ဟု ၎င်းကပြော သည်။ အမ်တီဗီတွင် ကိုယ်တိုင် သရုပ်ဆောင်ထားသည့် သီချင်း အများစုပါဝင်မည်ဖြစ်ပြီး ပရိ သတ်အားပေးမှု ရရှိခဲ့သော ‘‘နား လည်ပေးပါကို’’သီချင်းတွင် ထွန်း ကိုကို၊   မယ်လိုဒီတို့နှင့် ရိုက်ကူး ထားသည်ဟုဆိုသည်။

‘‘ကိုစိုင်းနဲ့    ၀တ်မှုံရွှေရည် ကိုလည်း ရိုက်ပေးဖို့ ချိတ်ထား တယ်။ သီချင်းတော့ မတူဘူး။ တစ်ပုဒ်စီပါ’’ ဟု သန္တာဗိုက ပြော သည်။

7day daily

နစ္စတယ်ရွိုင်းနဲ့ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ အောန်ဆိုင်း




နာမည်ကြီး ဘောလုံးအ သင်းမန်ယူ၊ ရီရဲလ်မက်ဒရစ် စသည့် အသင်းများတွင် ကစားခဲ့သော ဘောလုံးသမား နစ္စတယ်ရွိုင်းကို ဘရားဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ နာမည်အကြီးဆုံးစား သောက်ဆိုင် Marius Crustaceosတွင် အမှတ်မထင်တွေ့ဆုံခဲ့ပြီး ဓာတ်ပုံတွဲရိုက်ခဲ့ကြောင်း မော်ဒယ်အောန်ဆိုင်းက ပြောသည်။

‘‘ဒီစားသောက်ဆိုင်က နာ မည်ကြီးတော့ အောန်ဆိုင်းတို့၊ဒီဆိုင်သွားဖို့ တစ်ရက်ဘွတ်ကင်လုပ်ရတယ်။ အဲ့ဒီဆိုင်ကို ရောက်တဲ့အချိန်မှာ သူနဲ့ဘေးချင်းကပ်ရက်ဖြစ်နေတာ။ အစကတော့ စစ တွေ့တဲ့အချိန် ထင်တော့ထင် တယ်။ ရုပ်ဆင်တာလားပေါ့။ သေချာကြည့်ပြီးမှ ဓာတ်ပုံတွဲရိုက်ဖြစ် တယ်။ အဲ့ဒီအချိန်မှာ အောန်ဆိုင်း က အာဂျင်တီးနားဝတ်စုံဝတ်ထား တော့ အာဂျင်တီးနားကလား ပေါ့။ မထင်ထားဘဲ တွေ့ရတော့ အမှတ်တရပါပဲ’’ဟု အောန်ဆိုင်း ကပြောသည်။

နယ်သာလန်နိုင်ငံသား ဘောလုံးသမား နစ္စတယ်ရွိုင်းနှင့် မတွေ့မီတစ်ရက်အလိုက နယ် သာလန်နှင့် သြစတြေးလျနိုင်ငံ တို့ ကစားပွဲကို ကြည့်ခဲ့ပြီး ယင်းပွဲ တွင် နယ်သာလန်ပရိသတ်များက လက်ရှိကစားသမားများ၏ အား ကစားဝတ်စုံထက် နစ္စတယ်ရွိုင်း ၏ အင်္ကျီကိုသာပိုမိုဝတ်ဆင်ကြ သည်ကို တွေ့ခဲ့ရပြီး ထိုကစား သမားကို ပရိသတ်များက တန်ဖိုး ထားဆဲဟု မြင်မိကြောင်း အောန် ဆိုင်းကပြောသည်။

‘‘သူက အောန်ဆိုင်းအ ကြိုက်ဆုံးထဲကတော့ မဟုတ်ဘူး။သူက မန်ယူရဲ့ ဂန္ထ၀င်ကစား သမား။ သူကစားတဲ့အချိန်က အောန်ဆိုင်းကကျောင်းတက်တဲ့အချိန်ဆိုတော့ ဘောလုံးပွဲကြည့် ခွင့်မရတော့ သူကိုအကြိုက်ဆုံး တော့ မဟုတ်ခဲ့ဘူး။ တကယ်လို့သာ တောက်လျှောက်သူ့ပွဲကြည့် ဖြစ်ခဲ့ရင် အောန်ဆိုင်းရဲ့ အကြိုက် ဆုံးကစားသမားဖြစ်ရင် ဖြစ်မှာ ပေါ့’’ဟု အောန်ဆိုင်းက ပြော သည်။

ကမ္ဘာ့ဖလားကျင်းပရာ ဘရာဇီးသို့ ၁၅ ရက်ကျော်ကြာ သွားရောက်ခဲ့ပြီး ဘရာဇီးမြို့ လေးမြို့တွင် သူငယ်ချင်းဖြစ်သူ မိုးစက်ဝိုင်၊ မော်ဒယ်စိုင်းစည် တွမ်ခန်းနှင့် သူငယ်ချင်း နှစ်ဦးအပါအ၀င် ငါးဦးအတူ လှည့်ပတ်ခဲ့ကာ ဇွန်လ၂၈ရက်က ပြန်ရောက်သည်။

အောန်ဆိုင်းနှင့် မိုးစက်ဝိုင် တို့နှစ်ဦးသည် ပရဟိတများအတူ တွဲလုပ်ဆောင်ပြီး ပွဲတော်တော် များများတွင်လည်း အတူတွဲကာ အမြဲတွေ့နေရသည်။

‘‘မိုးစက်နဲ့ သိတာ ခုနစ်နှစ် လောက်ရှိပြီ။ သူနဲ့ ပတ်သက်တဲ့ သူငယ်ချင်းတွေကလည်း အောန် ဆိုင်းသူငယ်ချင်းတွေပဲ။ အရင် တုန်းကတွဲတာ လူသိပ်မသိကြ ဘူး။ သူ Miss ဖြစ်ပြီးမှ ပိုသိသွား တာ။ ကိုစိုင်းစည်နဲ့ကျတော့ တိုင်း ရင်းသားအချင်းချင်းဆိုတော့ ပို ရင်းနှီးဖြစ်တယ်ပေါ့’’ဟု အောန် ဆိုင်းကပြောသည်။

ဘရာဇီးနိုင်ငံမှ ပြန်ရောက် ရောက်ချင်း အင်္ကျီကြော်ငြာတစ်ခု ရိုက်ထားကာ နေ့နှင့် ညမှား၍ နေမကောင်းချင်ဖြစ်နေပြီး ကမ္ဘာ့ဖလားရာသီတွင် ပရိသတ်များလည်း ကျန်းမာရေးဂရုစိုက်ကြ ပါဟု အမှာစကားပါးလိုက်သေး သည်။
7Day Daily

အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလားအလာတွေ ရှိနေ


မိုးရာသီကာလအတွင်း အောက်မြန်မာပြည်မှာ ရေဖုံးလွမ်းမယ့် အလားအလာတွေ ရှိနေတယ်လို့ မိုးလေ၀သပညာရှင်က ခန့်မှန်းထားပါတယ်။

မိုးကောင်းတဲ့ နှစ်မ ဟုတ်ပေမယ့် လည်း မြစ်ကြောင်း ရေဝေ ရေ လဲတလျှောက် နေ့စဉ် ရက်ဆက် နည်းနည်းချင်းရွာသွန်းနေတဲ့ မိုးဟာ မြစ်အောက်ပိုင်းမှာ လာရောက်စုနေတဲ့ အတွက် ရေ အမြင့်တွေ မြင့် တက်လာတာလို့ မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ရှင်းပြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေဟာ ရေဖုံးလွမ်းမယ့် အလားအလာရှိနေသလို လက်ရှိအနေနဲ့ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ သူက ပြောပါတယ်။

ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးရွာသွန်းမှုက ပုံမှန်ထက် ၄၅၊ ၅၀ ရာခိုင်နှုန်း လောက် ပိုမယ်လို့ အမေရိကန်က ခန့်မှန်းချက်ထုတ်ပြန်ထားတဲ့အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ယူဆတဲ့ အကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ပြောပါတယ်။

ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်း မွန်ပြည်နယ်၊ သထုံမြို့ရဲ့ အနောက်တောင်ဘက် ၆၂ ကီလို အကွာမှာ အမြင့်ဆုံး တိုင်းလို့ရတဲ့ ရေအနက်ဟာ ၂၀ လက်မ (၁ ပေ ၈ လက်မ) ရှိနေပြီဖြစ်တယ်လို့လည်း သူရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံမှာ မိုးရာသီအချိန်ရောက်တိုင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်း ဒေသကြီးက မြေနိမ်ပိုင်း၊ မြေနိမ့်ပိုင်းမှာရှိတဲ့ လူနေရပ်ကွက်တွေဟာ ရေဖုံးတဲ့ ဒဏ်ကို ခံစားနေရပါတယ်။

By ကို​ထွေး​ (ဒီဗွီဘီ)

ကရင်မိန်းကလေးငယ်ကို နှိပ်စက်သူအလုပ်ရှင် ဒဏ်ငွေ ဘတ် ၄၆ သိန်းကျော် ချမှတ်ခံရ


လွန်ခဲ့တဲ့ နှစ်နှစ်က အသက် ၇ နှစ်ရွယ် အိမ်ဖော်ကရင်မိန်းကလေး နောင့်အဲကို ရေနွေးပူလောင်းပြီး နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင်လင်မယား ၂ ဦးကို ကမ်ဖိုင်ဖစ်ခရိုင်တရားရုံးက ဒဏ်ငွေ ဘတ်သိန်းပေါင်း ၄၀ ကျော် ချမှတ်လိုက်ပါတယ်။

နှိပ်စက်ခံရသူ နောင့်အဲ ရဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းနဲ့ မျိုးပွားအင်္ဂါပျက်စီးစေမှု၊ အလှအပပျက်ယွင်းစေ မှုတို့အတွက် ထိုင်းအလုပ်ရှင် လင်မယား နိုင်းနထိ ဒဲန်းအွန် နဲ့ နန်းဆောင် ပီယ ဝေါလ်ထမ်း တို့ကို လျော်ကြေးငွေ စုစုပေါင်း ၄,၆၀၃,၂၃၃ ဘတ် (၄၆ သိန်းကျော်) ပေးလျော်ဖို့ ကမ်ဖိုင်ဖစ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ တရားမမှုအတွက် လျော်ကြေးသာဖြစ်ပြီး နောက်ထပ် ရာဇ၀တ်မှုတွေအတွက်လည်း ကျခံရဦးမယ်လို့ နောင့်အဲရဲ့ မိဘကိုယ်စား တရားလိုအဖြစ် လိုက်ပါတောင်းဆိုပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တွဲဖက်အတွင်းရေးမှူးး ခွန်ပရီဒါ ထောင်းန်ချူမ်းနုမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒါက တရားမမှုဖြစ်ပါတယ်။ သူ့ရဲ့ဆေးကုသစရိတ်တွေ၊ နောင်နှစ်ပေါင်း ၅၀ ထိ အလုပ်မလုပ်နိုင်တဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ၊ ရုပ်ရည်ပျက်ယွင်းမှုတွေအတွက် ကျမတို့အဖွဲ့အစည်းက သူ့မိဘ ကိုယ်စား တရားလိုလုပ်တောင်းဆိုပေးခဲ့တာပါ။ မနှစ် စက်တင်ဘာလက စတင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အခုတရားရုံးက အမိန့်ချမှတ်ပြီးတဲ့နောက် လျော်ကြေးရဖို့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး သူ့အလုပ်ရှင် ပိုင်ဆိုင်မှု၊ ဘဏ်စာရင်း၊ အိမ်ခြံမြေတွေအားလုံး ဆက်လက်စစ်ဆေး သိမ်းဆည်းသွားဖို့ဖြစ်ပါတယ်။ ရာဇ၀တ်မှုပိုင်းမှာတော့ ခရိုင်ရဲစခန်းက ဆက်လက်ဆောင် ရွက်နေပါတယ်။”

နောင့်အဲရဲ့ ခွဲစိတ်သမှုနဲ့ ကျန်းမာရေးကုန်ကျစရိတ်အ၀၀ကို အစိုးရက တာဝန်ယူပြီးဖြစ်တဲ့အတွက် ပြန်ဆပ်စရာမလိုပေမယ့် တခြားသောဒုက္ခရောက်သူတွေကို ဆက်လက် ကူညီနိုင်ဖို့ လျော်ကြေးငွေ တချို့ကို ဆေးရုံနဲ့ ကယ်ဆယ်ရေးဂေဟာကို ပြန်လှူပေးဖို့ရှိပြီး ကျန်တာတွေကို နောင့်အဲလက်ထဲ ပေးအပ်မယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ နော်မူးဝါးသိန်းက “တကယ်တော့ သမီးက အရင်ဆုံးခံခဲ့ရပြီးပြီမဟုတ်လား။ သမီးက ငွေထက်အရေးကြီးတယ်။ ရွှေတွေငွေတွေမရှိလည်း ဘာမှမဖြစ်ပါဘူး။ မစားရမသောက်ရလည်း အဖေရယ်၊ အမေရယ်၊ သမီးရယ် တူတူနေရရင် စိတ်ချမ်းသာတယ်။ ကိုယ့်ရှေ့မှာ ကလေးအတွက် မပူရဘူးပေါ့။

ခုလည်း သမီးနဲ့တူတူမနေရသေးပါဘူး။ သူ့ကို အိမ်တွင်းမှုကျောင်းမှာထားထားတယ်။ နောက်တခါဆေးရုံသွားရဦးမယ်ပြောတယ်။ ကျမလည်း နေမကောင်းလှပါဘူး” လို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ဦးကျော်အောင်က “သမီးဆေးရုံသွားစရာမလိုတော့ဘူးဆိုရင် ကျနော်တို့ မြန်မာပြည် ပြန်နေတော့မယ်။ ဒီမှာက မလွတ်လပ်ဘူး။ လက်မှတ်လုပ်ရတာလည်း ပိုက်ဆံတအားကုန်တယ်။ ကိုယ့်ရွာမှာပဲ လယ်ပြန်လုပ်မယ်။ နောင့်အဲကို ထိုင်းမှာမွေးပေမယ့် မြန်မာနိုင်ငံသားပဲ ပြန်လုပ်မှာပါ” လို့ ပြောပါတယ်။

နောင့်အဲရဲ့ မိဘတွေဟာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကြက်တူရွေးရွာကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်တာ ဆယ်နှစ်ကျော်ပြီဖြစ်ပါတယ်။ လက်ရှိ ကမ်ဖိုင်ဖစ်မြို့နယ်က ကြံခင်းမှာ အလုပ်လုပ်နေကြတာပါ။ သူတို့သမီးအတွက် ရရှိထားတဲ့ အလှူငွေတွေကိုတော့ ကယ်ဆယ်ရေးဂေဟာက ဘဏ်မှာစာရင်းဖွင့်ပေးထားပြီး အမှုကိစ္စပြီးပြတ်မှ ထုတ်လို့ရမယ်လို့ ဆိုပါတယ်။

ကမ်ဖိုင်ဖစ်ခရိုင်ရဲစခန်းကို မေးမြန်းရာမှာတော့ တရားခံလင်မယားဟာ အာမခံငွေ ၁ သိန်းနဲ့ ထွက်ပြေးနေဆဲဖြစ်ပြီး အိမ်နီးချင်းလောနိုင်ငံဘက်မှာလို့ သတင်းရထားပေမယ့် ဖမ်းလို့ မမိသေးကြောင်း၊ မမိမချင်း နှစ်ပေါင်း ၂၀ ထိ ၀ရမ်းပြေးဖြစ်နေမယ်လို့ ပြောပါတယ်။

နောင့်အဲရဲ့ ဘယ်ဘက်လက်မောင်းနဲ့ ချိုင်းကြားကပ်သွားတဲ့ ဒဏ်ရာကိုတော့ ခွဲစိတ်ကုသပြီးစီးပြီး လက်ကိုပုံမှန် လှုပ်ရှားနိုင်ပေမယ် ရင်သားထိပ် အစားထိုးခွဲစိတ်ဖို့ ကျန်ရှိနေကြောင်း၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေပြီး ဗိဆနုလုတ်မြို့နယ် ဘန့်ဆောင်ခွဲ စောင့်ရှောက်ရေးနဲ့ သက်မွေးဝမ်းကျောင်းမှာ ပန်းထိုးအတတ်ကို သင်ယူနေတယ်လို့ ကမ်ဖိုင်ဖစ် မိသားစုနဲ့ကလေးကယ် ဆယ်ရေးဂေဟာ တာဝန်ကျဝန်ထမ်း ခွန်ကုန့် ဒုန်းအမွန်း က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အသက် ၁၅ နှစ်ရွယ် နောင့်အဲဆိုသူ မိန်းကလေးဟာ အသက် ၇ နှစ်ရွယ်က မြန်မာရွှေ့ပြောင်းအလုပ်သမားမိဘတွေနဲ့ အတူနေထိုင်စဉ် အလုပ်ရှင်ရဲ့ သမီးနဲ့ သားမက်ဖြစ်သူရဲ့ ဖြားယောင်းခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။

သူဟာ ကျွန်လိုခိုင်းစေခံရပြီး ခွေးလှောင်အိမ်ထဲထည့်ကာ
ရေနွေးပူနဲ့လောင်းချခံရတဲ့အတွက် အိမ်နီးချင်းတွေက ကယ်ဆယ်ရေးဂေဟာကို ပို့ဆောင်ပေးလို့ ၅ နှစ်ကြာမှ မိဘတွေနဲ့ပြန်တွေ့ရတာပါ။

သူ့ကို နှိပ်စက်ခဲ့တဲ့ ထိုင်းအလုပ်ရှင်လင်မယား ၂ ဦးဟာ တပါးသူနာကျင်စေအောင် နှိပ်စက်ညှဉ်းပန်းမှု၊ လူကုန်ကူးမှု၊ တရားမ၀င်အလုပ်သမားငှားရမ်းမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု စတဲ့အမှုတွေနဲ့ ထွက်ပြေးလွတ်မြောက်နေပါတယ်။

နန်းမြနဒီ
DVB TV News

မန္တလေးဖြစ်ရပ်NLD ပါတီရဲ့ ကြေညာချက်စာတမ်းကိုအတုပြုလုပ်ရေးသားပြီး အောက်တန်းကျကျတိုက်ခိုက်


မနက်ကတင်ပဲ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက် ကြေညာချက် အမှတ်၅/၀၇ရ၁၄ကို ဦးကြည်တိုးထံမှ ရရှိတဲ့အတွက် တင်ပေးခဲ့ပါတယ် ။

အဲဒီကြေညာချက်ကို
မန္တလေးဖြစ်ရပ်ကြေညာချက်ကို စာသားများပြောင်းပြီး အွန်လိုင်းမှာတင်ထားတာတွေ့ရပါတယ်။
အလွန်အောက်တန်းကျကျ တိုက်ခိုက်ချင်တဲ့ စိတ် နဲ့ ပြုလုပ်တယ်ဆိုတာ ထင်ရှားလှပါတယ် ။

မန္တလေးဖြစ်ရပ်ကို ဘယ်သူတွေက မီးမွှေးတယ် ၊ ဘယ်သူတွေက ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ကြီးမားလာစေချင်ပြီး တိုင်းပြည်ကို ဘယ်လို ချောက်ထဲဆွဲချချင်တယ် ။ ဘယ်သူက ကယ်တင်ရှင်လုပ်ချင်တယ် ဆိုတာ စဉ်းစားဆင်ခြင်တတ်သူ နိုင်ငံသားတိုင်း အသိဖြစ်ပါတယ်

အဲဒီသူတွေဟာ သူတို့ရည်ရွယ်ထားသလို ပဋိပက္ခတွေ အကြီးအကျယ် မဖြစ်အောင် မန္တလေးက မြို့သူမြို့သားစစ်စစ်တွေ တက်ညီလက်ညီ ၀ိုင်းဝန်းဟန့်တားခဲ့တာ
ဒေသအသီးသီးက အသိညဏ်ရှိသူတွေက ၀ိုင်းဝန်း အသိပေးခဲ့ ဟန့်တားခဲ့ကြတာတွေကြောင့်
အကျယ်အကျယ်မဖြစ်ခဲ့ရတာကို ကြိတ်မနိုင်ခဲမရဖြစ်သွားပုံရပါတယ်

NLD ကို အောက်လမ်းနည်းနဲ့ ပေါ်ပေါ်ထင်ထင် အောက်တန်းကျကျ တိုက်ခိုက်တာကတော့ အရှင်းသားကြီးပါ

ပြည်သူများကို သတိပေးချင်တာကတော့ ခင်ဗျား တို့ ကျနော်တို့အတွက် ဒါတွေက အဆုံးမဟုတ်သေးပါဘူး ၊အာဏာကို လက်မလွှတ်ချင်တဲ့သူတွေက အမျိုးမျိုး ကောက်ကျစ်ဦးမှာပါ ၊ အာဏာရှင်တွေရဲ့ ပေးစာကမ်းစာကို စားနေတဲ့ သူတွေကလည်း အဖုံဖုံယုတ်မာဦးမှာပါ

အဲဒီအချက်ကို အမြဲသတိရှိကြလို့ တိုက်တွန်းလိုက်ပါတယ် ။ ကြေညာချက် အတုနဲ့ အစစ်ကိုလည်း ပူးတွဲတင်ပေးလိုက်ပါတယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပတ်သက်၍ အရေးကြီးအကြောင်းအချက်များကို ပာရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား

၁။ ဦးဥာဏ်ဝင်း ၀၉-၅၁၇၉ ၂၄၇
၂။ ဦးဝင်းမြင့် ၀၉-၄၃၁၄ ၀၉၈၀

ထင် လင်း ဦး

Dawnmanhon

မန္တလေးဆူပူမှု အာဏာပိုင်တွေရှင်းလင်း



မနေ့ညက ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ကြားဝင်ထိန်းသိမ်းခဲ့ပြီးနောက် ဒီကနေ့မှာတော့ အခြေအနေတွေ ပြန်လည် တည်ငြိမ်စပြုလာနေပြီလို့ ဒေသခံအာဏာပိုင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့လည်း မန္တလေးမြို့တွင်းက အဓိကလမ်းတချို့နဲ့ ဈေးဆိုင်တချို့ကတော့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေကြောင့် ဒီကနေ့အထိ ပိတ်ထားကြဆဲပါ။ မန္တလေးမြို့ရဲ့ နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

ဖေ့ဘုတ်တွေကနေ ပျံ့နှံ့ခဲ့တဲ့ သတင်းပေါ်အခြေခံပြီး မန္တလေးမြို့မှာ မနေ့ညဦးပိုင်းက လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ဖြစ်ပွားခဲ့ရာက နောက်ပိုင်းမှာ ဒါးတွေ တုတ်တွေ ကိုင်ဆောင်ပြီး အကြမ်းဖက်အသွင်ဆောင်လာတဲ့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အခြေအနေတွေကို ထိန်းသိမ်းနိုင်ပြီလို့ မန္တလေးရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အားလုံးက အေးအေးချမ်းချမ်းပါပဲ။ အဓိက ဟိုဘက်ဒီဘက်လေ ပြဿနာ သိပ်မဖြစ်အောင်ပေါ့ ဒီက အကုန်လုံး ၀ိုင်းထိန်းပေးလိုက်ကြတယ်။ လူကြီးတွေက အားလုံး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင်ပေါ့။ အချိန်မီထိန်းလိုက်တဲ့အတွက် ဘာတွေ အခြေအနေ ထွေထွေထူးထူး ကြီးကြီးမားမား မရှိဘူး။ မဖြစ်ဘူးပေါ့။ ဒီအတိုင်းပဲ သူ့ဟာသူ ပြီးသွားကြတာပေါ့။”

မန္တလေးမြို့ခံတဦးကတော့ မနေ့က အခင်းဖြစ်ပွားတဲ့ နေရာဒေသတ၀ိုက်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို ချထားတာကြောင့် အခြေအနေဟာ တည်ငြိမ်လာပြီလို့ ပြောပါတယ်။

“မနက်ကတော့ ဘာမှတော့ မဖြစ်တော့ဘူး။ အားလုံးသူကလေ လုံထိန်းတပ်တွေကတော့ ဖြစ်တဲ့နေရာဝန်းကျင်တွေမှာပေါ့နော် အကုန် သူတို့ ချထားပေးလိုက်နိုင်တယ်။ နောက်ပြီးတော့ သူတို့ မီးလောင်ထားတဲ့ မီးရှို့ထားတဲ့ကားတို့၊ ဖျက်ထားတဲ့ ကားတွေဘာတွေကတော့ အဲမနက်ခင်းပိုင်းပေါ့ သူတို့ သယ်သွားလိုက်တယ်ပေါ့နော်။ ဆိုင်တွေကတော့ မဖွင့်သေးဘူး။ ဆိုင်တွေကတော့ တော်တော်များများ ပိတ်ထားတယ်။ ဈေးထဲမှာလည်း ရုံတွေထဲမှာရှိတဲ့ မူဆလင်ဆိုင်တွေလည်း ဆိုင်မဖွင့်ကြဘူးပေါ့။ ဒါပေမဲ့ ကျန်တာတွေကတော့ ဘာမှမဖြစ်ဘူး။”

ဒီကနေ့မနက်မှာပဲ ၂၆ ဘီလမ်းနဲ့ လမ်း ၈၀ ကျုံးထောင့်၊ ၈၂ နဲ့ ၈၄ လမ်းထောင့် နာရီစင်တ၀ိုက်တွေမှာ ရဲတပ်ဖွဲ့က အဓိက လုံခြုံရေးချထားသလို ၈၂ လမ်းမှာဆိုရင် ၂၆ လမ်းကနေ ၂၉ လမ်းအထိ လမ်းတွေပိတ်ထားပြီး မြို့လယ် အချက်အခြာကျတဲ့ နေရာတွေမှာ လူသွားလူလာ နည်းပါးနေတယ်လို့ ပြောပါတယ်။ အခြေအနေက တည်ငြိမ်နေတယ်လို့ဆိုပေမဲ့ တယ်လီဖုန်းကတဆင့် ကောလဟာလ သတင်းပေးပို့တာတွေတော့ ရှိနေတယ်လို့ ဆက်ပြောပါတယ်။

“ဖုန်းတွေနဲ့ပေါ့နော် သူတို့က သတင်းတွေဖြန့်တာပေါ့။ ကျနော်တို့ ဘယ်နားလေးမှာ ဘာဖြစ်နေပြီ။ ဟိုနားက ဘာဖြစ်နေပြီ။ တယောက်နဲ့တယောက် အချိတ်အဆက် မမိနိုင်တဲ့ နေရာတွေပေါ့။ သဘောကတော့ ကျနော်တို့ အရှေ့ပိုင်းမှာနေတဲ့သူဆိုရင် အနောက်ပိုင်းမှာ ဘာဖြစ်နေပြီတို့၊ အဲ့ဒီလို ဖုန်းတွေနဲ့ အဲဒီလို သတင်းတွေ ပို့တာပေါ့နော်။ ဒါ အရင်တုန်းကလည်း ဒီလိုအရေးအခင်းတွေမှာလည်း ဒီလိုပုံစံတွေနဲ့ပဲ လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။ ဒါမျိုးပဲ ဒီနေ့တော့ တွေ့ရတယ်။ ကျန်တာကတော့ ဘာမှ မကြားဘူး။”

ဒီအခြေအနေတွေကြောင့် မြို့ခံတွေဟာ ညအချိန်အမှောင်ထုကို အကာအကွယ်ယူပြီး အကြမ်းဖက်တာတွေ ထပ်မံ ဖြစ်ပွားမှာကို စိုးရိမ်နေကြပါတယ်။ မန္တလေးမြို့ အစ္စလာမ်ကောင်စီက အမှုဆောင်တဦးကတော့ မနေ့ညက ထိခိုက်ပျက်ဆီးတာတွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီ ၂၆ ဘီလမ်းက မြသစ္စာဆိုင် အဆောက်အဦးကို ခဲတွေနဲ့ထု ဘာညာလုပ်တော့ မှန်တွေကွဲသွားတာပေါ့ဗျာ။ နောက်တခါ ၂၆ လမ်းနဲ့ ၈၃ လမ်းထောင့်က ဆိုင်ကိုလည်း ခဲနဲ့ထုတယ်။ ရိုက်တာ ချိုးတာတွေရှိတာပေါ့။ လမ်း ၈၀ နဲ့ ၂၆ ဘီလမ်းထောင့်နားမှာရှိတဲ့ ဗလီကိုလည်း ဗဟိုဗလီပေါ့နော် အဲ့ဒီဗလီကိုလည်း ခဲတွေဘာတွေနဲ့ ထုသွားတယ်။ နောက် ဈေးချိုနာရီစင်နားမှာရှိတဲ့ ဗလီကိုလည်း တံခါးတွေကိုပေါ့နော် သူကတော့ ၀င်းအတွင်းမှာရှိတဲ့ ဗလီဆိုတော့ ဗလီပင်မတော့ မထိဘူး။ အပြင်က ၀င်းတံခါးတွေကို ရိုက်တာ၊ နှက်တာတွေ၊ ထုတာတွေ ရှိတယ်။ နောက် တခြားအိမ်တွေကိုလည်း ထုတာ နှက်တာတွေရှိတယ်။”

အစ္စလာမ် ဘာသာဝင်တချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့ ကြားရပေမဲ့ အခုထိတော့ အတည်ပြုလို့ မရသေးဘူးလို့ ပြောပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းမှာတော့ မနေ့ညအစောပိုင်းက လူစုလူဝေးဖြစ်ချိန်မှာ လုံခြုံရေးတပ်ဖွဲ့က ရာဘာကျည်ဆန်တွေ အသုံးပြုပြီး လူစုခွဲထိန်းသိမ်းခဲ့ရကြောင်း ဒီကနေ့မနက် ၂ နာရီလောက်မှာ လူအင်အား ၄၅၀ လောက်က ၈၃ လမ်းနဲ့ ၈၄ လမ်းကြားမှာ ဒုတ်၊ ဓားတွေကိုင်ဆောင်ပြီး အော်ဟစ်ဆူပူတာကြောင့် လုံခြုံရေးအဖွဲ့က ထပ်မံ လူစုခွဲရကြောင်းနဲ့ မနက် ၂ နာရီလောက်မှာ ၂၆ လမ်း ၈၃ နဲ့ ၈၈ လမ်းကြားမှာ ရပ်ထားတဲ့ ဟိုင်းလပ်စ်မော်တော်ယာဉ်တစင်းကို မီးရှို့ခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့က ငြိမ်းသတ်ခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားပြီး အခြေအနေကို ထိန်းသိမ်းထားကြောင်း သတင်းထုတ်ပြန်ပါတယ်။

ကိုမိုးဇော်
VOA Burmese

စက်တင်ဘာလတွင် စင်ကာပူသို့ သွားရောက်ဖျော်ဖြေမည့် ဂျနီဖာလိုပက်ဇ်


အမေရိကန် အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်သည် စက်တင်ဘာလတွင် စင်ကာပူနိုင်ငံ၌ သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရှိရသည်။

စင်ကာပူလေကြောင်းလိုင်းက စပွန်ဆာအဖြစ် တာဝန်ယူသည့် စင်ကာပူ ဖော်မြူလာဝမ်း ကားပြိုင်ပွဲ ကျင်းပမည့် စက်တင်ဘာ (၂၁)ရက်တွင် ဂျေလိုက ဖျော်ဖြေရေး အစီအစဉ်၌ ပါဝင်တာဝန်ယူမည် ဖြစ်သည်။

ဂျေလိုသည် မကြာသေးမီက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် Rap အဆိုတော် Pitbull နှင့် တွဲဖက်ပြီး ဘရာဇီးနိုင်ငံ၌ ဖျော်ဖြေခဲ့သေးသည်။

American Idol အစီအစဉ်မှူးလည်းဖြစ်သည့် အသက်(၄၄)နှစ်အရွယ် ဂျေလိုသည် (၂၀၁၂)ခုနှစ်ကလည်း စင်ကာပူသို့ သွားရောက် ဖျော်ဖြေခဲ့ဖူးသည်။

Love Don’t Cost A Thing၊ Waiting For Tonight နှင့် One The Floor သီချင်းများဖြင့် နာမည်ကြီးခဲ့သော ၄င်းအဆိုတော်သည် ဗြိတိန်အဆိုတော် ရော်ဘီဝီလျံနှင့်အတူ စင်ကာပူ ဖော်မြူလာဝမ်း ပြိုင်ပွဲ၌ ပူးပေါင်းမည် ဖြစ်သည်။ ဝီလျံသည်လည်း ညပိုင်းတွင် ယှဉ်ပြိုင်မည့် ကားပြိုင်ပွဲ၌ ဖျော်ဖြေရေး တာဝန်ယူမည်ဟု အတည်ပြုထားသည်။

အဆိုပါ အစီအစဉ်တွင် ထိုင်ဝမ်မှ Rock ဂီတအဖွဲ့ Mayday၊ ဂျွန်လီဂန်၊ Pet Shop Boys၊ ဇစ်ဂီမာလေ အစရှိသည့် အနုပညာရှင်များလည်း အားဖြည့်ပါဝင်ကြမည် ဖြစ်သည်။



_Ref: Channelnewsasia

7DayDaily

ဘောလိဝုဒ်မင်းသား ရှရွတ်ခန်း ပြင်သစ်၏ ဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီးမြှင့်ခံရ



ထူးချွန်သော အနုပညာ အရည်အသွေးများအတွက် အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်းကို ပြင်သစ်နိုင်ငံက အဆင့်အမြင့်ဆုံး ဂုဏ်ထူးဆောင် နိုင်ငံသားဆုဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ ဘောလိဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အတောက်ပဆုံး ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နေသည့် ခန်းသည် ဇူလိုင်က (၁)ရက်နေ့က Knight of the Legion of Honour ဆုကို လက်ခံရရှိခဲ့သည်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး လောရင့်ဖေဘီယက်စ်က အိန္ဒိယ၏ ဖျော်ဖြေရေးမြို့တော်ဟု တင်စားခံရသည့် မွမ်ဘိုင်းရှိ တာ့ဂ်ျမဟာနန်းတော် ဟိုတယ်တွင် ခန်းကို ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

“ဘဝမှာ အတွေ့အကြုံ အမျိုးမျိုးကို ဖြတ်သန်းရတဲ့ အခိုက်အတန့်တွေ အများကြီး ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ်လျှောက်ခဲ့တဲ့လမ်းဟာ မှန်ကန်တယ်လို့ ခံစားမိတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ဒီတစ်ကြိမ် အပါအဝင်ပေါ့လေ”ဟု အသက်(၄၈)နှစ်ရှိ ခန်းက ပြောကြားခဲ့သည်။

ဖေဘီယက်စ်က ပြင်သစ်ပြည်သူများသည် ခန်း၏ အနုပညာ အရည်အသွေးနှင့် စေတနာတရား ထက်သန်မှုတို့ကို ချီးကျူးလေးစားကြောင်းလည်း ပြောကြားခဲ့သည်။

“ခန်းဟာ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ပရိသတ်တွေ အများကြီး ရရှိထားသူပါ။ သူဟာ ယဉ်ကျေးမှုနဲ့ သမိုင်းဆိုင်ရာ ကွဲပြားခြားနားတဲ့ အမြင်တွေကို ကျော်လွှားပြီး လူတွေအားလုံးကို သူ့ရဲ့ ရုပ်ရှင်တွေနဲ့ စုစည်းစေနိုင်ခဲ့သူ ဖြစ်ပါတယ်”ဟုလည်း ခန်းကို ဖေဘီယက်စ်က ချီးကျူးဂုဏ်ပြုခဲ့သည်။

ခန်းသည် အနုပညာသက်တမ်း နှစ်ပေါင်း(၃၀)ကျော် ကျင်လည်ခဲ့ပြီးဖြစ်သလို ဘောလိဝုဒ် ရုပ်ရှင်လောကတွင် သူရဲကောင်း တစ်ဦးသဖွယ် လေးစားခံရသူ ဖြစ်သည်။ ခန်းကဲ့သို့ပင် အိန္ဒိယ ရုပ်ရှင်မင်းသားကြီး အမီတာဘတ်ချန်သည်လည်း ပြင်သစ်နိုင်ငံ၏ အလားတူ ဂုဏ်ပြုဆုကို (၂၀၀၇)ခုနှစ်က ရရှိခဲ့ဖူးသည်။



_Ref: Channelnewsasia

7Day Daily

Apple ဖခင်ကြီး Steve Jobs မုန်းခဲ့တဲ့ လူတစ်ယောက်



အခန်း (၁)

“ လဲသေလိုက် လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” လို့
စတိဗ် ဂျော့ဘ် က အင်တာဗျူး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် …
စာဖတ်နေတဲ့လူ အံ့သြသွားလိမ့်မယ်။
အခန်း (၂)

ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။
အဲဒီလို အချိန်မျိုးမှာ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။
ကျွန်တော်တို့ ခင်ဗျားတို့ သိတဲ့အတိုင်း စတိဗ်ဂျော့ဘ် ဆိုတာ နူးညံ့သိမ်မွေ့တဲ့လူ ၊ ကွန်ပျူတာသမား ဆိုတာထက် အနုပညာသမား လို့ ပြောနိုင်ရင်လဲ ရနိုင်တဲ့ လူ၊ ကမ္ဘာလောကတခုလုံး ကို ပြောင်းလဲစေနိုင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက် ၊ …။
ဒီလို လူတယောက်ရဲ့ အရှက်တရား ကို ထိန်းချုပ်မှုကင်းမဲ့သွားရလောက်အောင် ဘယ်လို အကျိုးတရား က စေ့ဆော်ခဲ့တာများလဲ ..။

အခန်း (၃)

ဖြစ်ချင်တော့ ..
ခုန စတိဗ်ဂျော့ဘ် ပြောတဲ့ လူက သူနဲ့ ရုပ်ချင်းဆင်တယ်။ ကျစ်လစ်တဲ့ ခန္ဓာကိုယ် ရှိတာချင်း တူသလို မျက်မှန်တပ်တာချင်းလည်း တူပါတယ်။ အကျီအနက်ရောင် ကြိုက်တာချင်း တူသလို ယုတ်စွအဆုံး .. ပြောရရင် ထိပ်ပြောင်တာချင်း က အစ တူပါတယ်။
ဒါပေမဲ့ အဲဒီလူ ဟာ ..
စတိဗ်ဂျော့ဘ် ရဲ့ ညီအကိုတော်သူ မဟုတ်ပါဘူး။
ဆွေမျိုးသားချင်း မဟုတ်သလို သူငယ်ချင်း အပေါင်းအသင်း လဲ မဟုတ်ပါဘူး။
တကယ်တမ်းပြောရရင် ..
တိတိကျကျ ဖွင့်မပြောခဲ့ပေမဲ့ စတိဗ်ဂျော့ဘ် အလွန် မုန်းတီးခဲ့တဲ့ လူတယောက်ပါ။
တိတိကျကျ ပြောရရင် သူဟာ .. Android OS ကို ရေးသားခဲ့တဲ့ လူတယောက် ပါ။
သူ့ အမည် က …အန်ဒီရူဘင် တဲ့ ။

အခန်း (၄)

ငယ်ငယ်ကလေးတည်းကစပြီး အခုအချိန်အထိ မူပိုင်ခွင့် တဆယ့်ခုနှစ် ခု လောက်ကို ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အန်ဒီရူဘင် (Andy Rubin) ကို နယူးယောက်မြို့ရဲ့ မထင်မရှား ဆင်ခြေဖုံး ရပ်ကွက် တခုမှာ မွေးဖွားခဲ့တာပါ။
သူ့အဖေက ပထမတော့ စိတ်ပညာရှင် အနေနဲ့ အသက်မွေးပါတယ်။ နောက်ပိုင်းမှာ စီးပွားရေးပိုင်း အခြေအနေ သိတ်မကောင်းလို့ ကုမ္ပဏီ တခုမှာ ဥပဒေ အကြံပေး ၀င်လုပ်ပါတယ်။ အန်ဒီရူဘင် ကို ငယ်ငယ်ကလေးကတည်း က တီထွင်ချင်တဲ့ စိတ်ရှိလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေထဲမှာ သူ့အဖေ ရော၊ ကုမ္ပဏီ ပါ ထိပ်ဆုံးက ကျေးဇူးရှိနေပါတယ်။ သူ့အဖေ ဟာ ကုမ္ပဏီ က ထုတ်လုပ်တဲ့ အီလက်ထရောနစ် ဂက်ဂျက် ကလေးတွေရဲ့ ဓါတ်ပုံတွေကို တနင်္ဂနွေအားရက်တိုင်း သားဖြစ်သူဆီကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။
ကျောင်းနေတော့ စာသင်ခန်းထဲမှာ သတိထားမိအောင် သိတ်ပြီး လက်စွမ်းပြတာမျိုး မရှိခဲ့သလို ကျောင်းအားချိန်မှာ ခုံအလွတ်တခုပေါ်မှာ စဉ်းစားနေတာ ဟာ အန်ဒီရူဘင့် ရဲ့ အကျင့်တခု ဖြစ်လာပါတယ်။

အခန်း (၅)

၂၀၀၃ ခုနှစ်၊ နွေနှောင်းရာသီ ရဲ့ ရက် တရက် မှာ Linux Kernel ကို အခြေခံထားတဲ့ Opertion System တခု ကို တည်ထောင်ဖို့ T-Mobile က သူငယ်ချင်းတယောက်ရယ်၊ ဒီဇိုင်း ကုမ္ပဏီ က သူငယ်ချင်းတစ်ယောက်ရယ်၊ ဆက်သွယ်ရေးလောက က သူငယ်ချင်းတယောက် ရယ်၊ နည်းပညာ ပြင်ပ ကာလဖိုးနီးယားနယ် က စီးပွားရေး သမားတယောက် ရယ် ပူးပေါင်းပြီး ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
အဲဒီ OS ဟာ ပရိုဂရမ်သမားတွေ ဘက် က ကြည့်ရင် လွယ်ကူတဲ့ ပရိုဂရမ်မင်း ဖြစ်တဲ့ C++ ကို သုံးစွဲထားသလို ရှုပ်ရှုပ်ထွေးထွေး တွေ အရမ်းကြီးပါဝင်တာ လဲ မရှိတဲ့အတွက် ဆက်သွယ်ရေး လိုင်း ကို အကောင်းဆုံး ဖြစ်စေတဲ့ အထောက်အပံ့ တွေ လဲ ပါရှိပါတယ်။ ဒီဇိုင်းသမားတွေ အကြိုက် GUI စနစ် ကို အပြည့်အ၀ လိုက်နာပါတယ်။ ပြီးတော့ ဈေးကွက် ကို ချပြနိုင်စေဖို့ အတွက် လူတကာ သုံးစွဲရလည်း လွယ်ကူစေပါတယ်။
ကုမ္ပဏီ ကိုလဲ Android Inc. လို့ ခေါ်ခဲ့ သလို အဲဒီ စက်လည်ပတ်ရေး စနစ်ကို Android OS လို့ ခေါ်ဆို သမုတ်ခဲ့ပါတယ်။
အဲဒီ အစုအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အန်ဒီရူဘင် တယောက် သိတ်မကြာခင်မှာပဲ ထူးထူးခြားခြား အသံတွေ ကြားလိုက်ခဲ့ရပါတယ်။
တခြားအသံ တော့ မဟုတ်ပါ။
……………………………………
သူရဲကောင်း ခရာ တွေ ပြိုင်တူ ဟစ်ကြွေးလာနေတဲ့ စစ်ချီသံတွေပါ။
အခန်း (၆)

Andriod OS ကို လွှင့်ထုတ်ခဲ့ပြီး သိတ်မကြာခင်မှာပဲ မိုဘိုင်း စစ်မြေပြင်မှာ တိုက်ပွဲကိုယ်စီ ၀င်ကြတော့မဲ့ သူရဲကောင်းတွေရဲ့ စစ်ချီခရာသံတွေ နဲ့ စစ်မြေပြင် ရဲ့ ရနံ့၊ ရှုခင်းတွေနဲ့ ခက်ထန်တဲ့ သင်္ကေတတွေကို သူ ခံစားလိုက်မိတဲ့ အကြောင်း ကို နောက်ပိုင်းမှာ အင်တာဗျူးတခု မှာ အန်ဒီရူဘင် က အခုလို ပြောကြားသွားခဲ့ပါတယ်။
“ ကျွန်တော် အခု နှစ်ခု တွဲကိုင်ထားရပါတယ်။ တခု က အနာဂတ်မှာ ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေတဲ့ ရိုဘော့နည်းပညာ၊ နောက်တခု ကတော့ အခု လတ်တလော ဘ၀ ထဲက Google Chrome, Google Phone တွေနဲ့ ပတ်သက်တဲ့ Project တွေ ပါ။ အခု လက်ရှိဘ၀ မိုဘိုင်း လောက ကတော့ ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ .။ ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ မနေ့တနေ့ကမှ စထောင်တဲ့ ကုမ္ပဏီ ငယ်ကလေး က နေ့ချင်း သူဌေးဖြစ်သွားနိုင်သလို နှစ်ရှည်လများ တည်ဆောက်ခဲ့တဲ့ ကုမ္ပဏီကြီး တခု ကလဲ ချက်ချင်းလဲ ပြိုကွဲသွားနိုင်ပါတယ်။ အဲဒီအထဲမှာ စစ်မြေပြင်မှာ စစ်သည်တော်တွေ အသိထားသလိုမျိုး အမြဲသတိရှိဖို့ လိုပေမဲ့ ပြိုင်ဆိုင်မှုကိုတော့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုရမှာပဲ မဟုတ်လား။ ပြိုင်ဆိုင်မှု ဆိုတာ ကိုက ကျွန်တော့် တို့ ဒီနေ့ခေတ်အတွက် စိန်ခေါ်မှု ပဲလေ.။ “
CNet အယ်ဒီတာတွေ က ၂၀၀၉ ခုနှစ်မှာ အန်ဒီရူဘင် ကို အင်တာဗျူးပြီးတဲ့အချိန်အထိ သူ့ကို ဘယ်သူမှန်း မသိသေးပါဘူး။ Android ကို လက်ခံရကောင်းမှန်း နဲ့ ကြိုက်ရကောင်းမှန်းလဲ မသိကြသေးပါဘူး.။
တဖြည်းဖြည်း နဲ့ အချိန်တွေ ကုန်လွန်ခဲ့ပါပြီ။
ဆယ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာ အတွင်းမှာ Android က စတင် ဖူးပွင့်ခဲ့ပါပြီ။ ကွန်ပျူတာလောက မှာ လုံးလုံးနေရာမရခဲ့ပေမဲ့ ခေတ်လွန်ပလက်ဖောင်းမှာတော့ Andriod ရှဲု့ ချိုသာတဲ့ ဈေးကွက် ဖြစ်ထွန်းခဲ့ပါတယ်။ အစပိုင်းမှာ လူတောမတိုးလှပေမဲ့ တတိယကမ္ဘာ့ နိုင်ငံတွေရဲ့ အားပေးမှုတွေက ပေါင်မုန့် တစ်လုံးကို ခဏလေးနဲ့ တ၀က်ကျော်ကျော် သယ်မသွားနိုင်တဲ့ ပုရွက်ဆိတ်ကလေးတွေလိုပါပဲ. ။
အဲဒီအချိန်အထိ အန်ဒီရူဘင် ကိုေ၀၀ါးနေကြဆဲပါပဲ ..။
အခန်း (၇)

၂၀၁၃ ခုနှစ် မှာတော့ ဆီလီကွန် တောင်ကြားတခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့တဲ့ စကားတခွန်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီ စကားကို ထုတ်ဝေခဲ့တဲ့ business insider မဂ္ဂဇင်း တခု ထည့်သွင်းခဲ့တာပါ.။ ပြီးတော့ ကျွန်တော့်တိုရဲ့ ချစ်လှစွာသော စတိဗ်ဂျော့ဘ် က ပြောခဲ့ပါတယ်။
“ အဲဒီကောင် က .. ၀ မရှိပဲ ၀ိ လုပ်နေတဲ့ကောင် “ (မူရင်းမှာတော့ .. big arrogant လို့ သုံးပါတယ်။)

ဒီ စကားကတော့ နည်းနည်းတော့ များတယ် လို့ ဆိုရမှာပါ။
ဆီလီကွန်တောင်ကြားမှာ လုပ်နေတဲ့ လူအချင်းချင်း အဲဒီလောက် ရည်ရွယ်ပြီး မပြောသင့်ဘူး လို့ ကျွန်တော် ထင်မိပါတယ်။ နောက်ပြီးတော့ ဘယ်သူမို့လို့ အဲဒီလောက် သူ ပြောရတာလဲ ..။ ဘီလ်ဂိတ် နဲ့များ ပြန်ပြီး ရန်ဖြစ်နေပြန်ပြီလား ..လို့ အားလုံး စိတ်ထဲ က ယူဆပြီး လေ့လာလိုက်တဲ့အခါ မှာတော့ လူတိုင်းအံ့သြသွားစေနိုင်တဲ့ လူတယောက် ကို ရှုာဖွေ တွေ့ရှိသွားပါတယ်။
အန်ဒီရူဘင် ဟာ Google 45 ထဲမှာ မပါဝင်ပါဘူး.။ Google 45 ဆိုတာ က Google ရဲ့ အကောင်းဆုံး ပရိုဂရမ်မာ ၄၅ ယောက်ပါ။ အဲဒီအထဲမှာ ကျွန်တော်တို့ နှစ်ခြိုက်တဲ့ လက်ရှိ သုံးစွဲနေတဲ့ Gmail ကို ဖန်တီးခဲ့တဲ့ လူ တောင် ပါဝင်ပါသေးတယ်။ လူတော်တော်များများ က အန်ဒီရူဘင် ကို မသိကြပေမဲ့ Google ကတော့ သူတို့ရဲ့ တီထွင်ပါရဂူ ကို ဂူးဂဲလ်ရူဘင် (Google’s Rubin) လို့ ခေါ်ဆိုပြီး ချီးမြှောက်ခဲ့ပါတယ်။
နည်းပညာလောက ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တယ် ဆိုပေမဲ့ စတိဗ် ဂျော့ဘ် ရဲ့ စကားကို ကြားပြီးတဲ့အချိန်မှာတော့ အံ့သြစရာကောင်းလှပြီး အရမ်းပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ အရင် ဆယ်စုနှစ်တွေ က မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အာဆင်နယ် အသင်း နဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ မိုက်ခရိုဆော့ဖ် နဲ့ အက်ပဲလ် နဲ့ ပြိုင်ဆိုင်ခဲ့သလိုမျိုး၊ အဲဒီ လိုမျိုး ဘက်နှစ်ဖက် ကွဲပြားသွားခဲ့ပါတယ်။
တချို့ က သူတို့ရဲ့ Apple iOS ဘက်မှာ ရပ်တည်ခဲ့ပြီး တချို့ကတော့ Google Android ဘက်မှာ ရပ်တည်ခဲ့ပါတယ်။
အခြေအနေတခု ကို ရုတ်ချည်း နှစ်ခြမ်းကွဲသွားအောင် ဘယ်သူကမှ ပြုမူခဲ့တာ မဟုတ်ပေမဲ့ ပစ္စက္ခလောကမှာတော့ အငြိုးကြီးမားတဲ့ ရန်သူတွေလို ရင်ဆိုင်ခဲ့ကြရပါပြီ။ business insider စာအုပ်ထဲမှာ ပါတဲ့ နောက်ထပ် လူသိနည်းတဲ့ အချက်တချက်ကတော့ Google Android ဟာ Apple iOS ရဲ့ နည်းပညာပိုင်း ကို တထပ်ထည်းကျအောင် လိုက်ပြီး တုပထားပြီး kernel သုံးစွဲမှုတွေက အစ ထပ်တူညီတယ် လို့ စတိဗ်ဂျော့ဘ် က စွပ်စွဲထားတဲ့ အချက်ပါပဲ။ စတိဗ်ဂျော့ဘ် ဟာ ဖြစ်တောင့်ဖြစ်ခဲ ဒေါသတရားတွေကို Android ပေါ်ကို စုစည်းစေခဲ့ပါတယ်။ စာထဲမှာ ဖော်ပြဖို့ မသင့်တော်လှတဲ့ ညစ်ညမ်း စကားလုံး နဲ့ ဆဲဆိုမိတဲ့ အထိပါပဲ။
“ Andriod က iOS ကို တော်တော့် ကို ခိုးချထားတာပဲ .။ အရာရာအားလုံးကို သောက် ….ပဲ “ လို့ ဆဲဆိုခဲ့ကြောင်း business insider မှာ ပါဝင်ခဲ့ပေမဲ့ အန်ဒီရူဘင် က ဘာတခု မှ မတုံ့ပြန်ခဲ့ပါဘူး။ စတိဗ်ဂျော့ဘ် ပေါက်ကွဲမယ်ဆိုရင်လဲ ပေါက်ကွဲချင်စရာပါ။. ဘာလို့လဲ ဆိုတော့ AndyRubin ဟာ ကမ္ဘာကျော် Apple Inc. ကုမ္ပဏီကြီးမှာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ အင်ဂျင်နီယာ အလုပ်နဲ့ တာဝန်ယူဖူးတဲ့ အတွက်ပါပဲ ..။ “ အဲဒီ မပြေးသော် ကန်ရာရှိ “ နေတဲ့ အချက်ကို လေ့လာသူတွေ ထပ်ပြီးတွေ့ခဲ့ကြပါတယ်။
အခုအချိန်မှာ Google ကနေ ရိုဘော့တက္ကစီတွေ ထုတ်လုပ်မဲ့ စီမံကိန်း ရှိနေပါတယ်။ လူတွေရဲ့ နေအိမ်တွေကို အင်တာနက် အခမဲ့ စီမံကိန်းလဲ ရှိနေသလို အဲဒီအိမ်တွေမှာ သုံးစွဲမဲ့ နည်းပညာတွေကိုလဲ ရိုဘော့နည်းပညာတွေကို သုံးစွဲဖို့ နဲ့ ရိုဘော့တွေကိုယ်တိုင် လူတွေကို ကူညီမဲ့ အစီအစဉ်တွေအတွက် အသေးစိတ် သတ်မှတ်ချက်တွေ လျာထားနေပါပြီ။
အဲဒီ project တွေဟာ အန်ဒီရူဘင် ရဲ့ စိတ်ကူး အပိုင်းအစတွေကနေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတာပါ။ သူကိုယ်တိုင် လဲ ဦးဆောင်နေပါတယ်။ အဲဒီအတွက် လုံလောက်တဲ့ အတွေ့အကြုံတွေ ရှိထားပါတယ် လို့လဲ အန်ဒီရူဘင် က ၀န်ခံခဲ့ပါတယ်။
ဒါပေမဲ့ စီမံကိန်း တော်တော်များများ ဟာ Apple ရဲ့ Secret Projects တွေနဲ့ တိုက်ဆိုင်နေလေ့ရှိပါတယ်။ အခု ၂၀၁၄ ခုနှစ် မှာ မော်တော်ကားတွေပေါ်မှာ သုံးစွဲမဲ့ နည်းပညာတွေနဲ့ ပတ်သက်ပြီး Apple နဲ့ Google Android တို့ ထိပ်တိုက်တွေ့စရာ အကြောင်း ရှိနေပါတယ်။
အင်း .. ပြောရမယ် ဆိုရင် ..
အန်ဒီရူဘင် နဲ့ စတိဗ်ဂျော့ဘ် ၀ိညာဉ် တို့ နောက်ထပ် နယ်ပယ် တခုမှာ
ထပ်ပြီး တိုက်ခိုက်ကြဦးမယ် ထင်ပါရဲ့ ။

အခန်း (၈)

ဒါကြောင့် …ဒီတခါမှာတော့
“ ကျုပ်ကတော့ ကမ္ဘာမြေဆုံးသွားတဲ့ အထိ၊ ကျုပ်သေတဲ့ အထိ ခွင့်လွှတ်မှာ မဟုတ်ဘူး .. ”
…. လို့

မီးစာကုန်၊ ဆီခမ်းတဲ့အချိန် … စတိဗ် ဂျော့ဘ် သေခါနီးအထိ စစ်ကြေငြာခဲ့တယ် လို့ ပြောလာခဲ့မယ် ဆိုရင် …
ကျွန်တော် အံ့သြသွားမှာ မဟုတ်တော့ပါဘူး။

TechSpace Journal

အိမ်မပူတဲ့ မိန်းမမျိုးကိုပဲ လိုချင်တယ်လို့ ဖွင့်ဟလိုက်တဲ့ မြင့်မြတ်ရဲ့ အချစ်ရေး



ပျိုမေတွေ အသည်းစွဲ သရုပ်ဆောင်မြင့်မြတ်ဟာ သရုပ်ဆောင်ပီပြင်ရုံသာမက မြန်မာနိုင်ငံ ဗီဒီယိုဈေးကွက်ရဲ့တန်းဝင်မင်းသားတွေထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။ မြင့်မြတ်နဲ့တွေ့ဆုံခိုက် သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တဲ့အခါမှာတော့ “အခုလက်ရှိ ကျွန်တော့်ရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးသာသာ ယာယာပါပဲ။ အိမ်ထောင်ပြုဖို့ကလည်း လိုပါသေးတယ်။ အခုအချိန်မှာ ကျွန်တော် လက်မထပ်သေးတာဟာ ကျွန်တော်လိုချင်တဲ့ အနေအထား အတိုင်းအတာ တစ်ခုရဖို့ အများကြီး ကြိုးစားနေရတဲ့အချိန်၊ ကြိုးစားနေရတုန်းပဲဆိုတော့ အိမ်ထောင်ပြုဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ခုချိန်မှာ ကျွန်တော့်ကို အောင်မြင်နေတဲ့ မင်းသားလို့ လူတိုင်းက သတ်မှတ်ချင်လည်း သတ်မှတ်မယ်၊ မသတ်မှတ်ချင်လည်း မသတ်မှတ်ဘူးပေါ့ဗျာ။ ဒါကိုကိုယ့်ရဲ့ စိတ်ထဲမှာ ဖီးဖြစ်နေဖို့မလိုဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး ဖြစ်နိုင်ဖို့လိုတယ်။

အိမ်ထောင်ပြုတယ် ဆိုတာလည်း အောင်မြင်မှုနဲ့တော့ မဆိုင်ပါဘူး။ အဓိကက စိတ်နဲ့ပဲဆိုင်တာပါ။ ကျွန်တော်ကတော့ ကိုယ့်ရဲ့မိန်းကလေးကို ဆင်းရဲတာ၊ချမ်းသာတာတွေထက် နားလည်မှု ရှိဖို့ကပိုပြီးအရေးကြီးပါတယ်။ နားလည်မှုဆိုတာက ပြောတော့သာ လွယ်တာ။ နားလည်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောင်းအရာတွေက အများကြီးရှိတယ်။ အဓိကကတော့ တစ်ယောက် မကြိုက်တာကို တစ်ယောက်မလုပ်မိဖို့ပဲ အရေးကြီးတာပါ။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပြေလေး ဖြစ်နေစေချင်တယ်။ နားလည်မှုလေးတွေ ပေးစေချင်တယ်။ နောက်ကျွန်တော့်ရဲ့ အလုပ်ကိုလည်း support လုပ်ပေးစေချင်တာပေါ့ဗျာ။ လိုချင်တဲ့အရာတွေကတော့ အများကြီးပေါ့။ ကျွန်တော်ကတော့ အေးအေးချမ်းချမ်းလေးနဲ့ သောကကင်းတဲ့မိသားစုဘဝမျိုးလေး ဖန်တီးချင်တယ်။ အဲဒီ့အတွက် အေးအေးဆေးဆေးလေးနဲ့ ကျွန်တော့်ကိုနားလည်ပေးတဲ့၊ ပြောရမယ်ဆိုရင်တော့ အိမ်မပူတဲ့ မိန်းမမျိုးပဲ ကျွန်တော်လိုချင်ပါတယ်။”လို့ သူက ဖွင့်ဟသွားပါတယ်။

Trend Myanmar

ဆံပင်ပုံစံကို ၈ စင်တီမီတာလောက်ရှိတဲ့ အတုံးကြီးတစ်တုံး လုပ်ထားတဲ့ လူတစ်ယောက်အကြောင်းကို ထိုင်ဝမ် တီဗီသတင်းဌာနတစ်ခုက ဖော်ပြခဲ့ပါတယ်။



CRI.CN ရဲ့အဆိုအရWu Guo Ren လို့ခေါ်တဲ့ ဒီအမျိုးသားဟာ ထိုင်ဝမ်တက္ကသိုလ်တစ်ခုက ဆေးရုံတစ်ခုမှာ အလုပ်လုပ်သူ ဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ငြင်းဆိုခြင်းကို ခံခဲ့ရချိန်ကစပြီး ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Wu ဟာ ဒီဆံပင်ပုံစံကို ထားခဲ့တာ လို့ဆိုပါတယ်။

ဒီဆံပင်ပုံစံကို ထိန်းထားဖို့ အချိန်သာမက ပိုက်ဆံလည်း ကုန်ပါတယ်။
တစ်ခါပြင်တိုင်း ဆံပင်ဖြန်းဆေးနှစ်ဗူးကုန်ပြီး ဒီလို တောင့်တောင့်မတ်မတ်ဖြစ်နေဖို့ အချိန် ၂ နာရီလောက် ယူရတယ် လို့ဆိုပါတယ်။

ရင်ဆိုင်ရတဲ့ အခက်အခဲတစ်ခုကတော့ ၈ စင်တီမီတာအမြင့်နဲ့ ၉၀ ဒီဂရီကျကျ ထောင်နေစေဖို့ ပြုလုပ်ရတာဖြစ်ပါတယ်။
Wu ဟာ လက်ရှိအချိန်ထိ တစ်ကိုယ်တည်းရပ်တည် နေတယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။

photo ref: scmp
phothutaw

ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ၂၄ နာရီအတွင်း ခင်ပွန်းဖြစ်သူသေဆုံးသွား


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်ဇင်စံပြကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်
က ဇနီးဖြစ်သူ ဖမ်းဆီးခံရပြီးနောက် ၂၄ နာရီအတွင်း ခင်ပွန်းဖြစ်သူမှသေဆုံးသွားသည့်
 ဖြစ်စဉ်တစ်ရပ်ပေါ်


 ပေါက်ခဲ့ကြောင်း လယ်ဇင်စံပြကျေးရွာနေ ဒေသခံပြည်သူများထံမှ သိရသည်။

“ ဖမ်းဆီးခံရသူက မ၀ိုင်းကြည် ဆိုသူဖြစ်ပါတယ်..။ မနေ့က (ဇူလိုင်လ ၁ ရက်နေ့) မနက်ပိုင်းမှာ မုံရွာမြို့မရဲ စခန်းက နယ်ထိန်းခေါင်းဆောင်(အသစ်) ဒုရဲအုပ် လှကြိုင်နဲ့အဖွဲ့က မ၀ိုင်းကြည်ကို လာပြီးဖမ်းသွားတယ်။ ချဲ လောင်ကစားမှုလို့ပြောတယ်။ မ၀ိုင်းကြည် အဖမ်းခံရပြီး ၂၄ နာရီအတွင်းမှာ ခင်ပွန်းဖြစ်သူ ကိုဝင်းဆွေ နေ အိမ်မှာတင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်..။ သားသမီး(၄)ယောက်ကျန်ခဲ့တဲ့ မိသားစုလေးဖြစ်ပါတယ်..” ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးမှ ပြောပြသည်။

အဆိုပါ လောင်းကစားဖမ်းဆီးရေးအဖွဲ့သည် ထိုနေ့မနက်ပိုင်းက မ၀င်းကြည်၏ နေအိမ်ရှေ့တွင်ရပ်ထား သည့် ဂျာလင်းအမျိုးအစား စူပါကပ်ဆိုင်ကယ် ထိုင်ခုံရှေ့ရှိ ကယ်ရီယာတွင်ညှပ်၍ထားသော ချဲထီလောင်းက စားရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ပိုက်ဆံ(၇၉၁၅၀)ကျပ်အား
 တွေ့ရှိခဲ့ရသဖြင့် အိမ်ရှင်ဖြစ် သူ မ၀င်းကြည် ဆိုသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မုံရွာမြို့မရဲစခန်း(ပ)၃၂၅/ ၂၀၁၄ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က)အရ အမှုဖွင့်ချုပ် နှောင်ထားလျက်ရှိကြောင်း သိရသည်။

“ မနေ့ကမှ မိန်းမဖြစ်သူက အဖမ်းခံထားရပြီး၊ ဒီကနေ့မှာဘဲ ယောင်္ကျားဖြစ်သူက ဆုံးသွားတယ်..။ အသုချ မဲ့အချိန်ကိုရောက်တော့ အချုပ်ခန်းထဲက မ၀င်းကြည်ကို ရဲတွေက ကားနဲ့ရွာကိုလာပို့ပေးတယ်..။ လင်တော် မောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်ပေးတဲ့ မုံရွာမြို့မရဲစခန်းက ရဲတွေကို ရွာကလူတွေက ကျေး ဇူးတင်နေကြပါတယ်..” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်း၏ မိသားစုမှ ပြောပြသည်။

အဆိုပါ လယ်ဇင်စံပြကျေးရွာကြီးသည် ၂၀၁၄ ခုနှစ်အတွက် နိုင်ငံတော်မှ ရွေးချယ်ချီးမြှင့်ပေးသော စံပြ ကျေးရွာဆု(ဒုတိယဆု)အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ရရှိထားသော စံပြကျေးရွာကြီးဖြစ်ကြောင်း သိရသည်။

မုံရွာမြို့ပေါ်တွင် ၂၀၁၃/၂၀၁၄ ခုနှစ်၏ ယာဉ်တိုက်မှု ဖြစ်စဉ် စာရင်းဇယားများအရ ယာဉ်တိုက် မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်းသွားသည့် တိုက်ပြေးယာဉ်တိုက်မှုပေါင်း(၅၈)မှု ဖော်ထုတ်အရေး ယူရန် အမှုလက်ကျန် အကြွေးများရှိနေသည့် အချိန်ကာလတွင် ထိုကဲသို့ ချဲထီလောင်းကစားမှုကြီးအား မုံရွာမြို့မရဲစခန်း၏ နယ်ထိန်းခေါင်းဆောင်(အသစ်) ဒုရဲအုပ် လှကြိုင်နဲ့အဖွဲ့က စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်း ဆီးနိုင်လိုက်ခြင်းဖြစ်သည်ဟု အမှုစစ် ရဲအရာရှိတစ်ဦးထံမှ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး

မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇ၀င်


 ၁၉၉၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်သည်၊ ၁၉ နှစ်ဆိုတော့ လွန်ခဲ့ပြီးသော အတိတ်ဟုလည်း ပြောနိုင်သည်။ မန္တလေး နန်းမြို့အတွင်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်း တပ်မမှူးကို ဖြုတ်ပစ်တော့ မလိုလို လေသံ လွှင့်ပြီးမှ မဖြုတ်ရုံမျှမက တိုင်းမှူး အဖြစ် ရာထူးတိုးမြှင့်ပေးကာ စီးပွားရှာ၍ အကောင်းဆုံးဖြစ်သော မန္တလေးသို့ ပို့လိုက်သည့် ကျေးဇူးရှင်အပေါ် သူမတူအောင် ထူးခြားသည့် ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်ရန် စဉ်းစားနေသည်။

မဟုတ်သည့် အကြံအစည်ဆိုလျှင် ချက်ချင်းထွက်လေ့ရှိသည့် အတိုင်း တိုင်းမှူးကတော် ဆရာဝန်မကြီးတွင် ထခုန်ချင်စိတ်ပေါက်လောက်အောင် ကောင်းမွန်လှသည့် အကြံအစည် တစ်ရပ်က ချက်ချင်း ပေါ်လာသည်။ သို့ဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမှ တပ်မှူးကတော်များကို အရေးပေါ် အထူးအစည်းအဝေး ခေါ်လိုက်သည်။ ယခု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေး ခန်းမထဲတွင် တိုင်းမှူးကတော်၏ ရှေ့တွင်တော့ လက်အောက်ခံ တပ်မှူးကတော်များက တိုင်းမှူးကတော်၏ အရေးပေါ် အစည်းအဝေးမှ နှုတ်မြွက်စကားကို နာခံရန် စောင့်ဆိုင်းနေကြသည်။ သို့ဖြင့် “ညည်းတို့ကို အရေးကြီး ပြောစရာ တစ်ခုရှိတယ်။ နောက်သုံးရက်ဆိုရင် တပ်ချုပ်ကြီး မိသားစု လာမယ်။ တကယ်ပြောရရင် ငါတို့ နိုင်ငံတော် အကြီးအကဲဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်ပဲ။ သူ့သားသမီးတွေဟာ မင်းသား၊ မင်းသမီးတွေပဲ။ ဒါကြောင့် ဒီတစ်ခေါက်ကစပြီး တပ်ချုပ်ကြီး သမီးတွေကို အရင်ကလို မမလို့ မခေါ်ရတော့ဘူး။ သမီးတော်လို့ ခေါ်ရမယ်ကြားလား”ဟူသည့် ခေတ်သစ် မြန်မာနိုင်ငံသမိုင်း၏ သမီးတော် ရာဇ၀င်ကို စလိုက်တော့သည်။ နားထောင်နေသည့် တပ်မှူးကတော်များကား တိုင်းမှူး ကတော်ကြီး၏ အဖားလွန်နေပုံကို စိတ်ထဲမှ ရယ်ချင်နေကြသော်လည်း မျက်နှာသေလေးများဖြင့်သာ နားထောင်နေကြရသည်။ သူတို့ ပါးစပ်မှ သမီးတော်ဟု ခေါ်ရမည်ကို နှုတ်ထွက်မရဲကြ။

ဤသည်ကို ရိပ်စားမိသော တိုင်းမှူးကတော်ကြီးက “ကဲကဲ...ညည်းတို့က သူတို့လာမှဆိုရင် ပါးစပ်က မထွက် ဖြစ်နေဦးမယ်။ အခုအရင် လေ့ကျင့်လိုက်ရအောင် ငါ့ပါးစပ်က ရှေ့ကဆိုပြမယ်။ နင်တို့က စိတ်ပါ လက်ပါ လိုက်ဆိုကြ... သမီးတော်” ဟု တိုင်းမှူးကတော်ကြီးက တိုင်ပေးလိုက်သည်နှင့် သမီးတော် ဆိုသည့် အသံကြီးက တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမကြီးထဲတွင် ဟိန်းထွက်လာသည်။ တိုင်းမှူး ကတော်ကြီးကား ပီတိသောမနုဿ ဖြစ်သွားသည်။ ထို့နောက်မှာကြား စရာရှိသည်များကို မှာကြားကာ တပ်မှူးကတော်များထဲမှ ဆရာဝန်မများကို ချန်လှပ်ပြီး ကျန်သူများကို တန်းဖြုတ် ပေးလိုက်သည်။ တပ်မှူးကတော် ဆရာဝန်မများသာ ကျန်သည့်အခါ တိုင်းမှူးကတော် ဆရာဝန်မကြီက “ညည်းတို့ကို တမင်ချန်ထားတာ ညည်းတို့ကလည်း ဆရာဝန် ငါကလည်း ဆရာဝန်ဆိုတော့ ငါတို့က သူများထက် ပိုရင်းပြီးသား၊ ဒီတော့ ညည်းတို့ကို အထူးတာဝန်ပေးဖို့ ချန်ထားတာ။ တပ်ချုပ်ကြီး သမီးတွေ ဆောရီး ဆောရီး ငါက စမှား ပြန်ပြီ။ သမီးတော်တွေ လာရင် ညည်းတို့က သမီးတော် တစ်ယောက်ချင်းအတွက် တာဝန်ယူရမယ်။ ဒါမှသာ ကျန်းမာရေးကို အနီးကပ် ဂရုစိုက်နိုင်မှာ ဖြစ်သလို ညည်းတို့က အိုင်ကျူမြင့်တော့ လိုတာကို ချက်ချင်းဆောင်ရွက်ပေး နိုင်လိမ့်မယ်။ ညည်းတို့ ယောက်ျားတွေ အတွက်လည်း တက်လမ်းပွင့်တာပေါ့။ နားလည်တယ်နော်” ဟုဆိုကာ အနီးကပ်မှာကြားပြီး ပွဲကို အဆုံးသတ်လိုက်သည်။

တိုင်းမှူးကတော်အတွက် တပ်ချုပ်ကြီး၏ ကောင်းချီးမင်္ဂလာကို ရယူရန် အချက်သုံးချက်ရှိသည်။ ပထမ အချက်မှာ သူမ၏ခင်ပွန်းက လုပ်ရည်ကိုင်ရည် မရှိသောကြောင့် ဖြစ်သလို သမီးတစ်ဦးက လူမျိုးခြား၊ ဘာသာခြားဖြင့် လူရှေ့ သူရှေ့ မရှောင်တွဲနေသည့် ဓာတ်ပုံများကလည်း ပျံ့နှံ့နေသည်။ ထိုထက်ဆိုးသည်မှာ သားဖြစ်သူက မူးယစ် ဆေးစွဲနေခြင်းပင် ဖြစ်သည်။ ထောက်လှမ်းရေး တန်ခိုးထွားနေသော အချိန်သမယတွင် သူ့ခင်ပွန်း တိုင်းမှူးကလည်း မန္တလေး ထောက်လှမ်းရေး ၁၆တပ်မှူးဖြစ်သူနှင့် လုံးဝမတည့်။ ထောက်လှမ်းရေး တပ်မှူးက သူ့ခင်ပွန်း၏ တယ်လီဖုန်းများကို ကြားဖြတ်နားထောင် နေသည်ဟုလည်း သတင်းများ ထွက်နေသည်။ ထို့အတွက် သူ၏ အားကိုးရာမှာ တစ်နိုင်ငံလုံးက ပြားပြားဝပ် ကြောက်ရသော တပ်ချုပ်ကြီး မိသားစုတစ်စုသာ ရှိတော့သည်။

နန်းတွင်းသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် တပ်ချုပ်ကြီး မိသားစု ရောက်ရှိလာချေပြီ။ နန်းတွင်းမှ ရဟတ်ယာဉ် ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေသော တန်ဖိုးကြီး ကားများ၊ ၀တ်စုံပြည့် တပ်ထိန်းများ၊ လာရောက်ကြိုဆိုနေသော စစ်ဖက်နယ်စပ်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီး တစ်ခုသဖွယ် စည်ကားနေသည်။ ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီး မိသားစုကို ရေပူရေချမ်း ကမ်းလှမ်းပြီး တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော် ဆရာဝန်မလေးများကို သမီးတော် တစ်ဦးချင်းစီ အတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်။ မှာကြားချက်အတိုင်း တိုင်းမှူးကတော်များထဲမှ ဆရာဝန်မလေးများက သမီးတော် တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း၊ အနီးကပ် စောင့်ရှောက်ခြင်းများဖြင့် မျက်နှာ မညိုရအောင် ပြုစုနေရသည်။ အစိုးရ အဆက်ဆက် တည်းခိုခဲ့သော ရတနာပုံ ဧည့်ရိပ်သာကို ဟောင်းနေပြီဟုဆိုကာ အာဏာရှင် လက်ထက်တွင်မှ အသစ် ဆောက်လိုက်သော ရန်ကြီးအောင် ဧည့်ရိပ်သာကြီးထဲတွင် သမီးတော်များ အပါအ၀င် တပ်ချုပ်ကြီး မိသားစုက တည်းခိုနေ သည်။ ညဖက် ထမင်းစားအပြီး တွင် သမီးတော် တစ်ဦးက သူ့ အခန်းထဲမှ အပြင်ကို လှမ်းအော်သည်။ “အပြင်မှာ ဘယ်သူရှိသလဲ၊ ၀င်ခဲ့စမ်း”ဟု အပြင်တွင် စောင့်နေသော တပ်မှူးကတော် ဆရာဝန်မလေးက ပြာပြာသလဲဖြင့် “ရှိပါတယ်သမီးတော်”ဟု အသံပေးရင်း အခန်းထဲ ၀င်လိုက်သည်။ တပ်မှူးကတော်ထက် အသက်များစွာငယ်သော သမီးတော်က “ငါ အခုရေချိုးမလို့၊ ငါ့ အိတ်ကိုဖွင့်ပြီး အထဲက အပြာရောင် ည၀တ်အင်္ကျီကို ထုတ်ထား”ဟု မိန့်ကြားသည်။ ဆရာဝန်မလေးက “ဟုတ်ကဲ့ သမီးတော်”ဟု ပြောရင်း ခရီးဆောင် သေတ္တာကို ယူလိုက်သည်။ သမီးတော်ကား ရေချိုးခန်းထဲ ၀င်သွားချေပြီ။ ပြဿနာက ထိုသေတ္တာကို ဆရာဝန်မလေးက မဖွင့်တတ်ပါ။ မည်သည့်နေရာမှ မည်ပုံဖွင့်ရမည်ကို မသိလောက်အောင် ခရီးဆောင် သေတ္တာက အရည်အသွေး မြင့်မားတန်ဘိုးကြီး လွန်းလှသည်။ ဟုတ်နိုးနိုးဖြင့် ဖွင့်နေသော်လည်း သေတ္တာက ပွင့်မလာဘဲ ဇောချွေးများသာ ပြန်လာသည်။ တစ်ကိုယ်လုံးလည်း ကြောက်စိတ်ဖြင့် တုန်ရီနေချေပြီ။ ထိုအချိန်တွင် ရေချိုးခန်းတံခါး ပွင့်လာသည်။ သေတ္တာ ယခုထိ ဖွင့်မထားရသေးသည်ကို မြင်သည်နှင့် သမီးတော်ကား ဒေါသအမျက် ချောင်းချောင်း ထွက်လေပြီ။

ဒီသေတ္တာလောက်မှ မဖွင့်တတ်ဘူးလားဟု ကျားဟိန်းသံပေးကာ သူ့သေတ္တာကို သူ့ဟာသူ ဖွင့်သည်။ အ၀တ်အစား ထုတ်ဝတ်ပြီးသော် “နင်က သိပ်ညံ့တယ်။ ဒီတော့ နင့်ကို ဒဏ်ပေးရမယ်။ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်ရပ်နေ”ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်။ ဆရာဝန်မလေးမှာ ညစာလည်း မစားရသေး။ အိမ်တွင်လည်း လူမမယ် သမီးလေးက ကျန်သေးသည်။ သို့သော်လည်း အာဏာရှင်၏ သမီးတော် ချမှတ်သည့် ပြစ်ဒဏ်ကို အယူခံခွင့်မရှိပါ။ သမီးတော်က ထပ်မံပြီး “အခန်း ထဲကမီးတွေ အားလုံးပိတ်လိုက်၊ ရေခဲသေတ္တာ တံခါးဖွင့်ထား၊ အဲဒီ မီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေ မနေကို ငါတစ်ရေးနိုးတိုင်း ကြည့်မယ်”ဟု အမိန့်ထပ်မံ ချမှတ်လိုက်သည်။ အဆိုပါ ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ် နေရတော့သည်။ သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်းကပ်ကြီးခြုံကာ တစ်ခေါခေါနှင့် ဟောက်သံပေးရင်း အိပ်ပျော်သွားချေပြီ။ တပ်မှူး ကတော်လေးသာ အနွေးထည်လည်းမပါ၊ ထမင်းကလည်း မစားရသေး။ နာရီပေါင်းများစွာကြာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်းစိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွမ်းနေသော်လည်း မလှုပ်ဝံ့ပါ။ မနက် လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ “ပြန်တော့” ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အခန်းပြင် ထွက်ရတော့သည်။ အပြင်တွင် စိုးရိမ်တစ်ကြီး စောင့်နေသော ခင်ပွန်းကို တွေ့သည်နှင့် မျက်ရည်များက ကျလာသည်။ သို့သော် ဘုရင့်တော်ဝင် မိသားစု အိပ်နေချိန်တွင် ရှိုက်ကြီးတစ်ငင် ငိုလိုက်ပါက ထပ်မံပြီး ကြီးလေးသည့် ပြစ်ဒဏ်ကျခံရ ပေဦးမည်။

သို့ဖြင့်အိမ်ရောက်မှ ခင်ပွန်းဖြစ်သူကို လက်ညှိုးငေါက်ငေါက် ထိုးရင်း “ရှင့်လို စစ်ဗိုလ်ကို ယူခဲ့မိလို့ ကျွန်မ အစော်ကားခံရတာ၊ ကျွန်မက ပညာမတတ်တဲ့ စာရိတ္တ မကောင်းတဲ့ ကလေကချေ လမ်းဘေးက အောက်တန်းစား မဟုတ်ဘူး။ ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်နဲ့ နေတဲ့သူ၊ အခုလို ကျွန်မ အစော်ကားခံရတော့ ရှင်က ဘာများဝင်ကယ် ပေးနိုင်လို့လဲ၊ လူရှေ့သူရှေ့မှာသာ တပ်မှူးဆိုပြီး ဟန်တစ်လုံး ပန်တစ်လုံး နေနိုင်ပေမယ့် ရှင်က ကိုယ့်မိန်းမ ဒုက္ခရောက်တာကျတော့ တစ်ခွန်းတောင် ၀င်ပြောရဲလို့လား”ဟု သည်းကြီးအူလှိုက် ငိုပြီးရင်ဖွင့်ရင်း ရန်တွေ့တော့သည်။ ခင်ပွန်းဖြစ်သူကား ဇနီးဖြစ်သူကိုလည်း သနား၊ သူမ ပြောကြား နေသည်များမှာလည်း မှန်နေသဖြင့် တစ်ခွန်းမှ မတုံ့ပြန်နိုင်ဘဲ အံကြိတ်ရုံမှလွဲပြီး ဘာများတတ်နိုင် ပါမည်နည်း။ ယခုတော့ အဆိုပါ တပ်မှူးမှာ စစ်တိုင်းမှူး ဖြစ်နေပြီဟု သတင်းရသည်။ လက်ရှိတိုင်းမှူး ကတော် ဆရာဝန်မ အနေဖြင့် သူ့ဘ၀၏ ခါးသီးသော ဖြစ်ရပ်များကိုတော့ ယခုဘ၀တွင် မေ့နိုင်လိမ့် မည်မထင်။

အဆိုပါ အဖြစ်အပျက်များကို ပြောပြနေသော ခရိုနီ လက်ဟောင်းကြီးက “ကျွန်တော်နဲ့ အဲဒီ တပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့ အချိန်က ဒီအဖြစ်အပျက်တွေကို သူက ပြန်ပြောပြတာ။ ပြန်ပြောပြနေတဲ့ အချိန်မှာတောင် အဲဒီတပ်မှူးရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ သနားစိတ်တွေကြောင့် ၀ဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ”ဟု ပြောပြီး စကားကို အဆုံးသတ်သွားသည်။

- လက်စောင်းထက်

Tomorrow

နိုင်ငံတော်သမ္မတကြီး ဘုရားပေါ် ဖိနပ်စီးသည်ဟု ဖြန့်ချိနေခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်


● ဇွန် ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟေနန် ပြည်နယ် လော့ယန်မြို့ မြင်းဖြူကျောင်းတော်မှာရှိတဲ့ မဟာစိနပဘာ ရွှေတိဂုံပုံတူ စေတီတော် ရွှေထီးတော်တင် မဟာမင်္ဂလာအခမ်းအနားနဲ့ သာသနိက အဆောက်အအုံများ ဖွင့်ပွဲ အခမ်းအနားများကို ကျင်းပခဲ့ရာမှာ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေ တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံ ပုံတူစေတီတော်ကို ၂၀၁၂ခုနစ် ဧပြီ (၁၀)ရက်မှာ မြင်းဖြူကျောင်းတော် ပရဝဏ်အတွင်းမှာရှိတဲ့ မြေ (၁ ဒသမ ၇၃) ဧကပေါ်မှာ စတင် တည်ထားခဲ့တာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ ဉာဏ်တော်အမြင့်မှာ (၁၀၈) ပေရှိပြီး တည်ဆောက်ရေး လုပ်ငန်းများကို နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်တွေက စုပေါင်းတည်ထားခဲ့ကြတာ ဖြစ်ပါတယ်။ စေတနာ ထက်သန်တဲ့ နှစ်နိုင်ငံအလှူရှင်များရဲ့ ထည့်ဝင် လှူဒါန်းငွေတွေနဲ့ တည်ထားတော်မူခဲ့တာ ဖြစ်ပါတယ်။

● မဟာစိနပဘာ ရွှေတိဂုံပုံတူစေတီတော် ပရိဝုဏ်ပတ်လည် အုတ်တံတိုင်းကို နန်းမြို့ရိုး ပုံဖော်ထားတဲ့ မုခ်ဦးလေးခု၊ နဂါးရုံဘုရား၊ ကျိုက်ထီးရိုးစေတီပုံတူတွေ တည်ထားပြီး မြန်မာ့မှုလက်ရာ သာသနိက အဆောက်အအုံများကိုလည်း တည်ဆောက်ထားပါတယ်။

●ပြောရရင်တော့ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအတွက် အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူစေတီတော်ထီးတင်ပွဲကို ပြည်ပမှာ ကျင်းပပြုလုပ်ခဲ့ရာမှာ နိုင်ငံတော် အဆင့်အကြီးအကဲ အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ပူဇော်ခဲ့တာ ပထမဦးဆုံး ဖြစ်ပါတယ်။

● နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်တွေ စေတီတော် အထွတ်မှာ တင်လှူ ပူဇော်မယ့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နဲ့ ဌာပနာတော်တို့ကို ပင့်ဆောင်ပြီး စေတီတော်ကို လက်ယာရစ် လှည့်လည် ပူဇော်ခဲ့ကြတဲ့ ဓါတ်ပုံကို ယခုပို့စ်မှာ ဖော်ပြထားပါတယ်။ ဒီဓါတ်ပုံက စေတီတော်ပေါ်မှာ လှည့်လည်စဉ် ရိုက်ကူးထားတဲ့ ပုံပါ။ ယခု အချို့ ဝေဖန်တိုက်ခိုက်နေတဲ့ ပုံက အများသူငါ ဖိနပ်စီးပြီး သွားလာကြတဲ့ မြေနေရာပါ။ မတူပါပါဘူး။

● ပူးတွဲဖော်ပြထားတဲ့ စေတီတော်နေရာ ဖော်ပြထားတဲ့ ပုံမှာ ဘုရားပေါ်တက်တဲ့ အုတ် လှေကား (၄) ခု ရှိပါတယ်။ သမ္မတကြီးဟာ ဖိနပ်ချွတ် လှေကားမှာ ဖိနပ်ချွတ်ပြီးမှ စေတီတော်ပေါ် တက်ရောက်ခဲ့တာ ဖြစ်ပြီးတော့ ပြန်ဆင်းလာတဲ့အခါ လှေကားရင်း ဖိနပ်ချွတ်မှာ ပြန်ပြီး စီးခဲ့တာ ဖြစ်ပါတယ်။ လှေကားရင်းကနေ မင်္ဂလာ ရထားပျံရှိရာနေရာအထိ ဖိနပ်စီးပြီး လမ်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနေရာက အများပြည်သူ ဖိနပ်စီးပြီး သွားလာတဲ့ နေရာပါ။ သမ္မတကြီးနဲ့ အခမ်းအနားအတွက် ကော်ဇောနီခင်းထားတာကတော့ ထုံးစံအတိုင်း ဖြစ်ပါတယ်။

● သို့သော်လည်းပဲ ဒီကိစ္စမှာ သတင်းစာပါ ဓါတ်ပုံကို ကြည့်ပြီး နိုင်ငံရေးရည်ရွယ်ချက် ရှိရှိ ဝေဖန် ကြတာကိုလည်း စိတ်မကောင်းစရာ တွေ့မြင်ရပါတယ်။ ဒီအခမ်းအနား ကျင်းပပုံ ရုပ်သံသတင်းကို ကြည့်လိုက်ရတဲ့သူတွေအနေနဲ့ ဒါကို သတိထားမိပါလိမ့်မယ်။ အခုလည်းပဲ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်နဲ့ MRTV Facebook မှာ လွှင့်တင်ထားတဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုဖိုင်ကို ပြန်ပြီးကြည့်ရင် ရှင်းသွားမှာပါ။

●ဒီစေတီတော်ကြီး တည်ထားကိုးကွယ်ခဲ့တာဟာလည်း နှစ်နိုင်ငံ သာသနာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်တစ်ခု အဖြစ်သာမက ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်စေတီတော်ကြီးရဲ့ ပုံစံတူကို ပြည်ပမှာ ဖူးမျှော်နိုင်စေဖို့၊ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေဖို့ အစရှိတဲ့ ရည်ရွယ်ချက် များစွာနဲ့ တည်ထားခဲ့တာ ဖြစ်ပါတယ်။

●နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပြည်တွင်းခရီးစဉ်တွေ သွားရောက်ခဲ့ရာမှာ ဘယ်အရပ်ဘယ်ဒေသပဲ ရောက်ရောက် ဘုရားဝတ်ပြုပြီး ဦးခိုက်လေ့ ရှိပါတယ်။ မိရိုးဖလာထက် သာလွန်တဲ့ ဘာသာတရား အပေါ်မှာ ကြည်ညိုဆည်းကပ်မှု ရှိသူ တစ်ယောက်ပါ။ အကြောင်းရင်း အပြည့်အစုံ မသိကြသူတွေ အနေနဲ့လည်း ဝေဖန်ကြ၊ ပြောဆိုကြနဲ့ တွေ့မြင်ရတာကိုလည်း အပြစ်မမြင်ပါဘူး။ စိတ်မကောင်းပဲ ဖြစ်မိပါတယ်။ ဒါကြောင့်မို့ ဖြစ်စဉ်ဖြစ်ရပ် အတိအကျကို မသိသေးသူများ သိရှိနိုင်စေဖို့ လေးစားစွာဖြင့် တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

Hmuu Zaw (Facebook)


ဟောင်ကောင်မှာ ဆန္ဒပြသူ ၅၀၀ ကျော် ဖမ်းဆီးခံရ


 ဒီမိုကရေစီ လိုလားတဲ့ အကြီးအကျယ် ဆန္ဒပြပွဲအပြီး တညလုံးထိုင်ပြီး ဆန္ဒပြတဲ့သူ အယောက် ၅၀၀ ကျော်ကို ဟောင်ကောင်ရဲက ဖမ်းဆီးလိုက်ပါတယ်။ မနက် ၈ နာရီအထိ မြို့ရဲ့ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်မှာ ထိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဆန္ဒပြသူတွေဟာ တရားမဝင်စုရုံးမှု၊ ရဲ ဝတ္တရား နှောင့်ယှက်မှုတွေနဲ့ စွဲဆိုခြင်းခံနေရပါတယ်။

ဆန္ဒပြသူ အများစုကတော့ ရုန်းကန်ခြင်း မရှိကြပါဘူး။ တချို့ ကန်ကျောက်၊ အော်ဟစ်သူတွေကိုတော့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ရပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့က Mabel Au ကတော့ ဒီလိုဖမ်းဆီးတာဟာ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက တရားမဝင်တာ ဘာမှ မလုပ်ပါဘူးလို့ ပြောသွားပါတယ်။ နောက်ပြီး ဖမ်းဆီးခံရသူတွေ သူတို့ရဲ့ ရှေ့နေတွေကို တွေ့ခွင့်မရတာကို လုံးဝ လက်မခံနိုင်ပါဘူးလို့လည်း ပြောသွားပါတယ်။


ဗြိတိန်ရဲ့ ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်နဲ့ ပြန်လည် ပေါင်းစည်းတဲ့ ဒီ ၁၇ နှစ် ပြည့် အခမ်းအနားမှာ လုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို လူ ၅ သိန်း ၁ သောင်း တက်ရောက်တယ်လို့ စီစဉ်သူတွေက ပြောပေမဲ့ ရဲတွေကတော့ လူ ၁ သိန်းအောက်လောက်ပဲ တက်ရောက်တယ်လို့ ဆိုပါတယ်။

ဟောင်ကောင် နေထိုင်သူတွေ သူတို့ခေါင်းဆောင် သူတို့ ရွေးခွင့်ရှိဖို့ တရုတ်အစိုးရကို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေထဲက ဒီနှစ်စဉ် ဆန္ဒပြမှုဟာ ဒီနှစ်မှာ ထူးထူးခြားခြား ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီပေးဖို့ တောင်းဆိုတဲ့ ဆိုင်းပုဒ်တွေ၊ တရုတ်ဆန့်ကျင်ရေး ဆောင်ပုဒ်တွေ ကြွေးကြော်တဲ့ ဆန္ဒပြသူတွေဟာ Victoria ပန်းခြံကနေ ငွေကြေးဈေးကွက်ရှိတဲ့ ရပ်ကွက်ကို ချီတက်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကြက်သားစိမ်း ဆေးခြင်းက အစာအဆိပ်သင့်နိုင်ခြေကို မြင့်တက်စေ



ကြက်သားကို မချက်ပြုတ်ခင်မှာ ဆေးကြောခြင်းကို လူအတော် များများ ပြုလုပ်ကြ ပါတယ်။ သို့သော်လည်း သုတေသီ များဟာ ဆေးကြောခြင်း အလေ့ အထက အစာအဆိပ် သင့်နိုင်ခြေကို မြင့်တက်စေကြောင်း တွေ့ရှိထား ပါတယ်။

UK Food Standards Agency ကပြောကြား ထားတာကတော့ ကြက်သား အစိမ်းကို ဆေးကြောခြင်းဟာ Campylobacter ဗက်တီးရီးယားကို ပျံ့နှံ့စေပါ တယ်။ စားဖိုမှူးရဲ့ လက်၊ အဝတ်အစားနဲ့ ပတ်ဝန်းကျင်သာမက ရေစက်များက တစ်ဆင့် ဗက်တီးရီးယားတွေက ပျံ့နှံ့နိုင်ပါတယ်။

Campylobacter ဗက်တီးရီးယားဟာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။lmitable Vowel Syndrome သာမက ပြင်းထန်သော အရိုးအဆစ် ရောင်ရောဂါကို ဖြစ်စေပါတယ်။ အချို့သော လူများတွင် ခြေ၊လက်များကို ဖြတ်ပစ် ရသည်အထိ အခြေအနေ ဆိုးဝါးနိုင်ကြောင်း သုတေသနပြ ချက်များ အရ သိရှိရပါတယ်။

မကြာသေးခင်က သုတေသန ပြုချက် စစ်တမ်းများ အရ ဆိုရင် လေ့လာခံများရဲ့ ၄၄ ရာခိုင်နှုန်းဟာ ဟင်းမချက်ခင် ကြက်သားများကို အမြဲဆေးကြောလေ့ ရှိကြောင်း၊ ၂၈ ရာခိုင်နှုန်းက ထိုဗက်တီးရီယား ပိုး၏ အမည်ကို ကြားဖူးကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ထိုဗက်တီးရီးယားပိုး ကူးစက်ခံရမှု၏ ၈၀ ရာခိုင်နှုန်းဟာ မသန့် ရှင်းသော ကြက်သားကြောင့် ဖြစ်ရတယ်လို့ တွေ့ရှိခဲ့ကြ ပါတယ်။

Health Digest

အမေရိကန်ကို တိုက်ရိုက်ပျံသန်းတဲ့ ခရီးစဉ်တွေအပေါ် လုံခြုံရေးတင်းကျပ်


 အမေရိကန် ပြည်ထောင်စုဆီ တိုက်ရိုက် လေယာဉ် ခရီးစဉ်တွေ ပျံသန်းတဲ့ နိုင်ငံခြား လေဆိပ်တချို့မှာ လုံခြုံရေးကို တိုးမြှင့်မယ်လို့ အမိမြေ လုံခြုံရေးဝန်ကြီး Jeh Johnson က ပြောပါတယ်။ အမိမြေ လုံခြုံရေးဌာနက ကမ္ဘာကြီးမှာ ရှိနေတဲ့ အန္တရာယ်တွေကို အဆက်မပြတ် သုံးသပ်နေသလို၊ လေဆိပ်တွေ လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်သင့်သလဲဆိုတာကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ ဝန်ကြီး Johnson က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဘာကြောင့် နိုင်ငံခြား လေဆိပ်တချို့ရဲ့ လုံခြုံရေးကို တင်းကျပ်ရသလဲ၊ ဘယ်လေဆိပ်တွေပါလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။ al-Qaida အဖွဲ့ဟာ လေယာဉ်ပေါ်ကို ခိုးသယ်နိုင်မယ့် ဗုံးတွေကို တီထွင်ကောင်း တီထွင်နေနိုင်တဲ့ အပေါ် စိုးရိမ်တဲ့အတွက် နိုင်ငံခြားက တချို့လေဆိပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်တယ်လို့ အိုဘားမားအစိုးရ တာဝန်ရှိသူတွေက အနောက်တိုင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ပြောပြရင် ဒေါပွမှာလား


အရိုင်းနှင့် နေဇော်နိုင်တင်ဆက်သည့် ဒီဗီဘီ အစီစဉ်သစ် ( ၁ ဇူလိုင် ၂၀၁၄)

DVB TV New