ရန်ကုန်တိုင်းဒေသကြီး သင်္ယန်းကျွန်းမြို့နယ် အတွင်းရှိစိုက်ပျိုးမွေးမြူရေး ပြုလုပ်နေသည့် အိမ်ထောင်စု ၁၁၈ ခုကိုလူဦးရေခြောက်ရာခန့်ဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့

ပို့စ်တင်ချိန် - 6/14/2013 12:00:00 PM



ရန်ကုန်တိုင်းဒေသကြီး သင်္ယန်းကျွန်းမြို့နယ် အတွင်းရှိ မိကျောင်းကန် အပိုင်း ၁၊၂၊၃ ရပ်ကွက်များတွင်စိုက်ပျိုးမွေးမြူရေး ပြုလုပ်နေသည့် အိမ်ထောင်စု ၁၁၈ ခုကို ယနေ့ နံနက်ခြောက်နာရီခန့်က လူဦးရေခြောက်ရာခန့်ဖြင့် ၀င်ရောက်ဖျက်ဆီးခဲ့ပြီး ထိုမြေပေါ်ရှိ အိမ်ထောင်စုများအား ၁၄ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးရန် တပ်မြို့စည်ပင်ကြီးကြပ်ရေးမှူး ဦးစိုးမင်းဝင်းက သတင်းမီဒီယာများအားပြောကြားသည်။ အဆိုပါမြေသဆောက်လုပ်ရေးဝန်ကြီးဌာန မှ ကာကွယ်ရေးဝန်ကြီးဌာန သို့ ၁၉၉၂ခုနှစ် ကတည်းကလွှဲပြောင်ပေးခဲ့သည့်မြေဖြစ်ပြီး ထိုသို့မဖျက်ဆီးမီ ယင်းနေရာမှထွက်ခွာပေးရန် ခြောက်ကြိမ်သတိပေးခဲ့ကြောင်းယင်းတာဝန်ရှီသူကပြောကြားသည်။
"ကိုယ်တွေကိုဒီလိုလုပ်မယ်လို့မထင်ထားတာ မိုးလည်းမြိုင်မြိုင်ကျနေပြီ ကလေးတွေလည်းကျောင်းတက်နေပြီဆိုတော့ မလုပ်သေးဘူးမှတ်တာ ခုတော့ စိုက်ခင်းတွေ ပျက်စီးသွားပြီ လယ်ကိုပြောင်းရမှန်းလည်းမသိဘူး"ဟု မိကျောင်းကန်ရပ်ကွက်နေ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။


Messenger News