အေစီမီလန်အသင်းပိုင်ရှင် ဘာလူစကိုနီကို မီလန်တရားရုံးမှ ထောင် ၇နှစ် ချမှတ်

ပို့စ်တင်ချိန် - 6/25/2013 10:23:00 AM



အကျင့်စာရိတ္တ ပျက်ပြားမှု၊ အသက် မပြည့်သေးသည့် ပြည့်တန်ဆာကို လိင်ဆက်ဆံခဲ့ခြင်း တို့ကြောင့် အေစီမီလန်အသင်းပိုင်ရှင် ဘာလူစကိုနီကို ထောင် ၇နှစ် ကျခံရန် မီလန် တရားရုံးမှ သတ်မှတ်ခဲ့သည်။ ဘာလူစကိုနီမှာ ၂၀၁၀ ခုနှစ်တွင် မော်ရိုကိုသူ မာရောက်နှင့် လိင်ဆက်ဆံခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မာရောက်မှာ အသက် ၁၇နှစ်သာ ရှိသေးသောကြောင့် အမှုဖွင့် ခံရခြင်းဖြစ်သည်။

သို့သော်တရားလိုရှေ့နေများမှ ထောင်ဒဏ်၆နှစ်ချမှတ်ရန် လျှောက်ထားခဲ့
ခြင်းဖြစ်သော်လည်း မီလန်တရားရုံးမှ ထောင်ဒဏ် ၇နှစ်ထိ ကျခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ၎င်းကို နိုင်ငံရေးလုပ်ခွင့် ရာသက်ပန်ပိတ်ပင်ခြင်း၊ အယူခံဝင် ဆိုင်းငံ့ထားခြင်းစသည့် နောက်ဆက်တွဲ ပြစ်ဒဏ်များလည်း ချမှတ်ခဲ့သည်။

ဘာလူစကိုနီသည် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီက နှစ်ကြိမ်တိုင် အယူခံဝင်ခဲ့ပြီး လက်ရှိ ချမှတ်လိုက်သည့် ပြစ်ဒဏ်ကိုလည်း ကာလအတန်ကြာမှ စတင်ခံစားရဖွယ်ရှိနေသည်။ အသက် ၇၆နှစ် အရွယ်ရှိ ဘာလူစကိုနီမှာ ပြီးခဲ့သည့်နှစ်က အခွန်ရှောင်တိမ်းမှုဖြင့် တရားစွဲ ဆိုခံခဲ့ရဖူးကာ ၎င်း၏သက်တမ်းတစ်လျှောက် ၇ကြိမ်တိုင် တရားရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။

Myawady News