ဆိုင်ကယ် ကယ်ရီလိုက်သွားရာမှ ထူးဆန်းစွာ လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 10/07/2013 12:53:00 PM



2.10.2013 ရက်နေ့ ည ပြည်မြို့ ကိုးသောင်း ရှမ်းစုရပ်ကွက်နေ ကိုတင်ရှိန် (ခ) ကိုချင်းလေးသည် ဆိုင်ကယ်ကယ်ရီလိုက်သွားရာမှ လူသတ်မှုဖြစ် သေဆုံးခဲ့သည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ဝင်းမှ ပြည်သတင်းသို့ ပြောကြားခဲ့သည်မှာ ...

ကိုချင်းလေးသည် 2.10.2013 ရက်နေ့ ည 9 နာရီ 30 မိနစ် အချိန်ခန့်တွင် ဆိုင်ကယ် ကယ်ရီလိုက်သွားသည်ဟု သိရှိရပြီး ည 11 နာရီ 30 အချိန်ခန့်တွင် P.T.U ကျောင်းနှင့် ဇာတ်ငါးရာကြားရှိ ပိုရွာသို့ သွားသောလမ်းမပေါ် ခရီးတ၀က်ခန့်တွင်ရှိသော ဇရပ်၏အနီး ၀ါးနှစ်ပြန်ခန့်အကွာတွင် သေဆုံးသူ၏ အလောင်းကိုတွေ့ရှိရပါသည်။ ထို့အပြင် သေဆုံးသူနှင့်အတူ လည်းကောင်းပိုင်ဆိုင်သော ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကိုလည်းတွေ့ရှိရပြီး ထူးခြားသည်မှာ ဖိနပ်စီးလျှက်အနေအထားနှင့် အနီးပတ်ဝန်းကျင်တွင် သွေးကွက်မရှိခြင်း၊ လုံးထွေးသတ်ပုတ်ထားသည့် အသွင်အပြင်မရှိခြင်း၊ ဆိုင်ကယ်ဦးတည်ရာမှာ လမ်းမကြီးဘက်သို့ ဦးတည်ထားခြင်းတို့ဖြစ်ပါသည်။

အဆိုပါ ကိုတင်ရှိန် (ခ) ကိုချင်းလေး အသတ်ခံရမှုအား ပေါင်းတလည် ရဲစခန်းမှ စခန်းမှုး ဦးနိုင်ဝင်း ဦးဆောင်ပြီး ဒုရဲအုပ် ဦးကျော်ဇင်ထိုက်တို့မှ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အမှုဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ငွေမှ ပြည်သတင်း သို့ ပြောကြားသွားပါသည်။

ပြည်သတင်း