Steve Jobs ကလေးဘ၀ တုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို သမိုင်းဝင် အဆောက်အဦ အဖြစ်ထားရှိဖို့ ကြေညာ

ပို့စ်တင်ချိန် - 10/07/2013 12:47:00 PM


Apple ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့တဲ့ Steve Jobs ကလေးဘ၀ တုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို သမိုင်းဝင် အဆောက်အဦ အဖြစ်ထားရှိဖို့ ကြေညာလိုက်ပါတယ် ။ ၁၉၅၂ ခုနှစ်တုန်းက ဆောက်ခဲ့တဲ့ ဒီအိမ်လေးကို အနာဂတ်မှာ အမှတ်တရ အဖြစ် လေ့လာ ကြည့်ရှု နိုင်အောင် ထိန်းသိမ်းထားဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ် ။ မစ္စတာ Steve Jobs ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး California ပြည်နယ် Los Altos က မြို့ပြ ရေးရာ စီစဉ်သူတွေကတော့ မိသားစုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

BBC Burmese