တရားမဝင် ပြောင်းရွှေ့နေထိုင် သူများအား ဖုန်းမှတစ်ဆင့် စာသားမက်ဆေ့ခ်ျ ပေးပို့ခြင်းဖြင့် ဗြိတိန် ပြည်ထဲရေး ဝန်ကြီးဌာန သတိပေး

ပို့စ်တင်ချိန် - 10/21/2013 09:54:00 AM




ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနသည် နိုင်ငံ အတွင်းရှိ တရားမဝင် ပြောင်းရွှေ့ နေထိုင်သူ ၄ဝဝဝဝ နီးပါးခန့်ကို ၎င်းတို့ အနေဖြင့် နိုင်ငံတွင်း၌ ဆက်လက် နေထိုင်ရန် အခွင့်အရေး လုံးဝမရှိ ဟူသော

စာသား မက်ဆေ့ခ်ျများကို ဖုန်းမှတစ်ဆင့် ပေးပို့ခြင်းဖြင့် တရားမဝင် နေထိုင် သူများအား သတိပေးခဲ့ သည်ဟု အောက်တိုဘာ ၁၈ ရက်တွင် ဒေသတွင်း အရာရှိ များ၏ ပြောကြားချက် အရ သိရသည်။ တရားမဝင် နေထိုင်သူများ အနေဖြင့် ဗြိတိန်နိုင်ငံ အတွင်း၌ ဆက်လက် နေထိုင်ခွင့် မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး ဌာနနှင့် လာရောက်ဆက်သွယ် ဆွေးနွေးရန် လိုအပ်သည်ဟု အဆိုပါ မက်ဆေ့ခ်ျ များတွင် ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ စာသားမက်ဆေ့ခ်ျ များကို ၂ဝ၁၂ ခုနှစ် စက်တင်ဘာမှ ၂ဝ၁၃ ခုနှစ် ဇွန်လ အကြားတွင် လူဦးရေ ၃၉ဝဝဝ သို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ မက်ဆေ့ခ်ျများနှင့် အဓိပ္ပာယ် တူသည့် အခြားမက်ဆေ့ခ်ျ များစွာကိုလည်း စာတိုက်ပုံးမှ တစ်ဆင့်သော် လည်းကောင်း၊ email ဖြင့်သော်လည်းကောင်း ပေးပို့ ခဲ့ရကြောင်း ဗြိတိန် ပြည်ထဲရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ